My Annoying Ex(Ongoing)
By Van1eJerry
269K 26.6K 2.6K
ငါ့ရဲ့စိတ်ရှုတ်စရာကောင်းတဲ့ရည်းစားဟောင်းက ငါ့ကိုမချစ်ဘဲထပ်ကစားချင်နေတယ်...... Jungkook X Taehyung Start Date... More
Intro
Ex 1
Ex 2
Ex 3
Ex 4
Ex 5
Ex 6
Ex 7
Ex 8
Ex 9
Ex 10
Ex 11
Ex 12
Ex 13
Ex 14
Ex 15
Ex 16
Ex 17
Ex 18
Ex 19
Ex 20
Ex 21
Ex 22
Ex 23
Ex 24
Ex 25
Ex 26
Ex 27
Ex 28
Ex 29
Ex 30
Ex 32
Ex 33
Ex 34
Ex 35
Ex 36
Ex 37
Ex 38
Ex 39
Ex 40
Ex 41
Ex 42
Ex 31
4.3K 505 81
By Van1eJerry
ရိုက်ကွင်းတွင်...
"Jimin ငါ့ဖုန်းမလာဘူးပေါ့"
Taehyung ဖုန်းscreenကိုကြည့်နေရင်း သူမျှော်နေတဲ့သူဆီက Message ရော ဖုန်းcallပါ မတွေ့တာမို့ Jimin ကိုထပ်မေးလိုက်ခြင်းပင်။
"အင်းမလာဘူး.. CEO Jeon ကိုမျှော်နေတာမလား သူအလုပ်များနေလို့နေမှာပါ.. Min လူကြီးမနေ့ညကပြောတာတော့ သူတို့နည်းနည်းဝေးတဲ့ဒေသကို ထပ်သွားရဦးမယ်တဲ့"
"အွန်း..." ဟုသာ Taehyung ပြောလိုက်ပေမယ့် ဖုန်းကိုအကြည့်မပျက်...မနေ့ညက သူတို့အလွမ်းဖြေနေတာနဲ့ပဲ Jungkook အလုပ်ကိစ္စကို သေချာမမေးဖြစ်လိုက်တာ သူအခုမှ နောင်တရလာသည်။
ထားပါ မေးလိုက်တော့ရော သူကူညီနိုင်တာ ရှိမှာမှ မဟုတ်တာ..
တကယ်တော့ Taehyung လည်း ဒီနေ့တနေကုန်နီးပါး အလုပ်မအားပေ။ အခုက လက်ဝတ်ရတနာ Brand တစ်ခုအတွက် Photo နဲ့ Video ရိုက်ကူးရေးလုပ်နေတာဖြစ်သည်။ ဒါပြီးရင် နောက်လက်ခံထားတဲ့ ဇာတ်ကားအတွက် Meeting လည်းသွားရဦးမည်။ သို့ပေမယ့် ဒီကြားထဲ နားချိန်လေးမှာတော့ Jungkook နဲ့အလွမ်းပြေ Message ပို့တာဖြစ်ဖြစ် ဖုန်းပြောတာဖြစ်ဖြစ် လုပ်ချင်မိသည်။
အခု သူ့ဘက်ကဖုန်းခေါ်ချင်ပေမယ့် တဖက်လူမအားတာသိတော့ Taehyung ချီတုန်ချီချဖြစ်နေသည်။မဟုတ်ရင် တမနက်ခင်းလုံး Jungkookက ဖုန်းမဆက်ဘဲ နေမှာမဟုတ်ဘူးလေ။ နောက်ဆုံး သူသက်ပြင်းချလိုက်ပြီး Message ပဲပို့ထားလိုက်တော့သည်။
[Jungkook အလုပ်ကိစ္စ အဆင်ပြေရဲ့လား.. Jimin ပြောတာ မင်းတို့အလုပ်များနေတယ်တဲ့.. ညကျရင်ဖုန်းခေါ်မှာမလား ငါစောင့်နေမယ်နော်]
ပို့ပြီးတာနဲ့ Taehyung ဖုန်းကို Jimin ဆီပြန်ပေးထားလိုက်သည်။
ခနကြာတော့ Shootingအတွက် နောက်ထပ် ပုံစံတစ်မျိုးပြင်ဆင်ပြီးသွားတာကြောင့် Taehyung အလုပ်ပြန်စရသည်။
နေလည်ခင်းမှာ Shooting ပြီးသွားသည်။
Taehyung ဖုန်းပြန်စစ်လိုက်ပေမယ့် Jungkook ကသူပို့ထားတဲ့ messageကိုတောင် မဖတ်ရသေး။
Jimin နဲ့အတူ နေ့လည်စာစားပြီးသွားတော့ တစ်နာရီထိုးနေပြီမို့ Taehyung ခနသာနားရပြီး နောက်ဇာတ်ကားအတွက် ဇာတ်ညွှန်းဖတ်ပွဲ Meeting နေရာကို ထပ်သွားရပြန်သည်။
Taehyung အခုလက်ခံထားတဲ့ ဇာတ်လမ်းက ရုပ်ချောတဲ့ လူသတ်သမားဇာတ်ကောင် ဖြစ်သည်။ Villain နေရာဆိုပေမယ့် အဓိကဇာတ်ကောင်အပိုင်းမှာ ပါဝင်သည်။ အဓိကမင်းသားက မင်းသမီးနဲ့ Romance အခန်းအနည်းငယ်သာ ပိုပါပြီး Taehyung ပါဝင်မယ့် အခန်းကလည်း မနည်းပေ။
ပရိတ်သတ်တွေရဲ့ အမုန်းခံရမယ့် ဇာတ်ရုပ်ဆိုတော့ အစပိုင်း Taehyung စိုးရိမ်ခဲ့သေးသည်။သို့ပေမယ့် ကံကောင်းရင် သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ တစ်ဖက်ခြမ်းကို ထုတ်ပြနိုင်တယ်လို့ Jimin ကအားပေးလာမှ သူ့စိုးရိမ်မှုက အနည်းငယ် သက်သာသွားခဲ့တာဖြစ်သည်။ ပြီးတော့ Jimin ကပြောသေးတယ် 'အခုနောက်ပိုင်း Villain တွေကို ပိုကြိုက်လာကြတယ်' တဲ့။
ဇာတ်ညွှန်းဖတ်ပွဲနေရာကို ရောက်တော့ Taehyung လူတိုင်းကို လိုက်နှုတ်ဆက်လိုက်သည်။Jimin ကတော့တခြားလက်ထောက်တွေနည်းတူ အပြင်မှာ ကျန်နေခဲ့သည်။
လူတိုင်းစီစဥ်ထားတဲ့ နေရာအသီးသီးမှာ ထိုင်ပြီးတာနဲ့ ဇာတ်လမ်းနဲ့ပတ်သတ်ပြီး စတင်ဆွေးနွေးကြသည်။ ထို့နောက် သရုပ်ဆောင်တွေက ကိုယ့်Role အလိုက် ပါဝင်တဲ့ ဇာတ်ဝင်ခန်းတချို့ကိုပြောပြီး အပြန်အလှန်သရုပ်ဆောင်ကြည့်ကြသည်။
Taehyung သရုပ်ဆောင်တာကိုမြင်ပြီး ခနအကြာမှာပဲ ဒါရိုက်တာကြီးရဲ့မျက်နှာမှာ အပြုံးအကြီးကြီးပေါ်လာခဲ့သည်။
အစတုန်းကတော့ ဒါရိုက်တာကြီးက ရင်းနှီး​မြုပ်နှံသူရဲ့သဘောထားကြောင့်သာ Kim Taehyung အားဒီဇာတ်လမ်းမှာ လက်ခံခဲ့တာဖြစ်သည်။ ဒီခေတ်ကသိတဲ့အတိုင်းပဲလေ နာမည်ကြီးလာတာနဲ့ သရုပ်ဆောင်သိပ်မကောင်းရင်တောင် ခေါ်ရိုက်ချင်ကြတဲ့သူတွေချည်းပဲ။ထို့ကြောင့် Kim Taehyung ကနာမည်ကြီးတယ်ဆိုပေမယ့် ဒါရိုက်တာကြီးအတွက်ကျ သရုပ်ဆောင်အသစ်လေးတစ်ယောက်သာသာပင်။
သို့ပေမယ့် ဇာတ်လမ်းအတွက် ဒီအတိုင်းတော့ လက်ခံခဲ့တာမဟုတ်.. Kim Taehyung သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကိုကြည့်ပြီးမှ ထင်သလောက်မဆိုးတာကြောင့် 'ဒီလောက်သရုပ်ဆောင်တတ်ရင် ရပါတယ်' ဆိုပြီး ဆုံးဖြတ်ခဲ့တာဖြစ်သည်။
အခုကျတော့ ဒါရိုက်တာကြီးမှာ Kim Taehyung ရဲ့ စိတ်နှစ်ပြီး သရုပ်ဆောင်နေတဲ့ မျက်နှာအမူအယာတွေကြောင့် အံ့သြခဲ့ရသည်။ 'ဒီကလေးက ပါရမီပါတာပဲ' ဆိုပြီး... ဒီတိုင်းထိုင်ဖတ်ပြီး သရုပ်ဆောင်ရုံဆိုပေမယ့် ပြီးပြီးရောမလုပ်ဘဲ သေချာလေးအာရုံစိုက်ပြီး သရုပ်ဆောင်တာကိုလည်း ဒါရိုက်တာကြီးမှာ သဘောကျနေလေသည်။
"Wow တကယ်မိုက်တယ် Taehyung... ငါဝန်ခံပါတယ် အစကတော့ မင်းကိုတအားကြီး မမျှော်လင့်ထားမိဘူး မင်းကဝါရင့်သရုပ်ဆောင်တွေနဲ့ အမှီလိုက်နိုင်သားပဲ ဟမ်.. ဒီကားကတော့ Rating မြင့်ဦးမှာ သေချာတယ်"
"ဒါရိုက်တာကြီးက အရမ်းမြောက်လွန်းနေပါပြီ... ကျတော့်ကို ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ..ပြီးတော့ ကျတော်အခုလို ကောင်းကောင်းလုပ်နိုင်တာ ခနကအကြံဉာဏ်ပေးခဲ့ကြတဲ့ Senior တွေရဲ့အကူအညီကြောင့်လည်း ပါပါတယ် "
"မဟုတ်တာ ကိုယ်တို့ကဒီတိုင်း စကားလေးနည်းနည်းပဲ ထောက်ပေးတာပါ မင်းက တကယ်တော်ပါတယ် Taehyung"
"ဟုတ်တယ် Taehyung မင်းကိုက တော်တာပါ"
အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ Park Bogum နဲ့ Kim Yuna ကပါ ဝင်ထောက်ခံပေးလာတာကြောင့် Taehyung နည်းနည်းရှက်သွားပြီး အပြုံးလေးနှင့်သာ ကျေးဇူးတင်လိုက်လေသည်။
သူတို့တွေ ခနလောက် ဇာတ်လမ်းအတွက် စကားအနည်းငယ်ပြောပြီးတော့ ဒီနေ့ Meeting ကိုအဆုံးသတ်လိုက်ကြသည်။
Taehyung အပြင်ထွက်လာတော့ Jimin ကတခြားသူတွေနဲ့ စကားကောင်းနေပြီး အစားနဲ့ပါးစပ်လည်းမပြတ်ပေ။
"Jimin ပြန်ရအောင်.."
"အာ ပြီးပြီးလား..အွန်း..လာပြီ"
Jiminက စားလက်စမုန့်ကို ပါးစပ်ထဲအကုန်ထည့်ပြီး ကျန်တဲ့သူတွေကို နှုတ်ဆက်ကာ Taehyung နဲ့အတူလိုက်လာခဲ့သည်။
Meetingကအပြန် နှစ်ယောက်သား ညစာဝင်စားပြီးတော့ Jimin က Taehyung ကိုအိမ်လိုက်ပို့ပြီး Yoongi အိမ်ကိုပဲ ပြန်သွားသည်။
Taehyung တိုက်ခန်းထဲရောက်တာနဲ့ ရေတောင်မချိုးနိုင်သေးဘဲ Jungkook ဆီ ဖုန်းခေါ်လိုက်သည်။
ည ၇နာရီတောင်ကျော်ပြီမို့ ဒီအချိန်အလုပ်ပြီးလောက်ပြီမလား?
'Hello'
တနေကုန် လွမ်းနေရတဲ့အသံလေး ကြားလိုက်ရတော့ Taehyung ပင်ပန်းခဲ့တာတွေအကုန် ပြေပျောက်သွားသလို ခံစားလိုက်ရသည်။ သူတော့ တကယ်ကြီးကို အချစ်မှာ ပျော်ဝင်နေပြီပဲ...
"မင်းအလုပ်ပြီးပြီလား"
'ရပါတယ် ပြောလေ'
အသံအနေအထားအရ Jungkook အလုပ်ကိစ္စတွေ ပြီးပုံမပေါ်သေး။ အသံကလည်း နည်းနည်းနွမ်းလျှနေသလို ခံစားရတာကြောင့် Taehyung စိတ်ပူမိသွားသည်။
"အခုထိ Hotel မပြန်ရသေးဘူးလား"
'Hotel?'
"အင်းလေ မင်းတည်းတဲ့ Hotel ကိုပြောတာ"
'အာ...အွန်း အခုကလမ်းမှာပဲရှိသေးတာ'
"အလုပ်အရမ်းရှုတ်နေတာလား.. Koreaကို ဘယ်တော့ပြန်လာမှာလဲဟင်"
'ကိုယ်မပြောနိုင်သေးဘူး.. ကိုယ်တို့ဒီနေ့ မြေယာပိုင်ရှင်နဲ့သွားညှိတာ အဆင်မပြေခဲ့ဘူး မနက်ဖြန်ထပ်သွားရဦးမှာ.. သူတို့နေရာက ဆက်သွယ်ရေးသိပ်မကောင်းတော့ ကိုယ့်ဆီခနကမှ Message ရောက်တာ.. ကိုယ်ပြန်ရောက်ရင် ဖုန်းခေါ်မလို့ပဲ '
"အင်းပါ.. သွားတာလာတာ ဂရုစိုက်ဦးနော်.. မနက်ဖြန်သွားမယ့်အချိန်ကျရင်လည်း စာလှမ်းပို့ထားပေး မဟုတ်ရင် ငါစိတ်ပူပြီး တနေကုန် မင်းဆက်သွယ်တာကို မျှော်နေမိမှာ"
'ဟုတ်ပါပြီ.. ကိုယ်စာပို့ထားလိုက်မယ် '
"အွန်း ဒါဆို Hotel ရောက်တဲ့အချိန် ရေမိုးချိုးပြီးမှအိပ်လိုက် ငါ့ကိုဖုန်းမဆက်နဲ့တော့ သေချာနားလိုက် "
'ကိုယ်..... Hotel မှာတည်းတာ မဟုတ်ဘူး'
Jungkook စကားပြောတာ အနည်းငယ် တွန့်ဆုတ်နေသလိုပဲလို့ Taehyung ထင်နေမိသည်။
'အသိတစ်ယောက်အိမ်မှာတည်းတာ.. မင်းစိတ်မဆိုးဘူးမလား'
"ငါ့က ဘာလို့ စိတ်ဆိုးရမှာလဲ.. "
Jungkook ဘက်က ခနမျှတိတ်သွားပြီးမှ...
'ဘာမှမဟုတ်ပါဘူး... ကိုယ်မင်းကိုလွမ်းတယ်လို့ ကိုယ်အလုပ်ကိစ္စ မြန်မြန်အဆင်ပြေအောင်လုပ်ပြီး ပြန်လာခဲ့မယ်.. ကိုယ်မင်းဆီ အပြေးလာချင်နေပြီ'
"ငါရောပဲ မင်းကိုလွမ်းတယ်.. အလုပ်တွေသာမရှိရင် ငါလည်းမင်းဆီလိုက်လာခဲ့မိမှာ "
နှစ်ယောက်သား ခနလောက်အလွှမ်းသယ်ပြီးတော့ ဖုန်းချလိုက်ကြသည်။
မနက်ရောက်တော့ Jungkook က Taehyung မှာထားတဲ့အတိုင်း message လှမ်းပို့ထားသည်။
[ကိုယ်သွားပြီနော် အလုပ်ပြီးတာနဲ့ ဖုန်းဆက်လိုက်မယ်]
ပို့ထားတဲ့အချိန်က မနက်၇နာရီဝန်းကျင်ဖြစ်ပြီး Taehyung ထိုအချိန်က အိပ်ယာမနိုးသေးပေ။ သူညတုန်းက သူ့ဇာတ်ရုပ်နဲ့လိုက်ဖက်မယ့် Villain ပါတဲ့ ဇာတ်ကားတွေကြည့်ရင်း လေ့လာနေတာကြောင့် အိပ်ချိန်နောက်ကျသွားပြီး ၉နာရီကျော်မှ နိုးလာတာဖြစ်သည်။
[အင်း ဂရုစိုက်.. စောင့်နေမယ်] Taehyung စာပြန်ပို့ထားလိုက်သည်။
Taehyung ရဲ့ ဒီနေ့ရိုက်ကွင်းက V Magazine အတွက် ဓာတ်ပုံရိုက်ကူးရေးလုပ်ရမှာဖြစ်ပြီး 10 နာရီခွဲ အရောက်သွားရမှာဖြစ်သည်။ ထို့ကြောင့် ရေမိုးချိုး ပြင်ဆင်ပြီးတာနဲ့ Jimin ကိုစောင့်နေလိုက်သည်။ ညနေ ကျရင်လည် Show ပွဲတစ်ခုတက်ဖို့ရှိသေးသည်။
၁၀ နာရီထိုးခါနီးတော့ သက်တော်စောင့်တွေနဲ့အတူ Jimin ရောက်လာပြီး ရိုက်ကွင်းနေရာကို သွားလိုက်ကြသည်။
သူတို့ ရိုက်ကွင်းရောက်တော့ အကုန်အဆင်သင့်ဖြစ်ခါနီးနေပြီ.. ထို့ကြောင့် Taehyung မိတ်ကပ်နဲ့ အဝတ်အစားတွေပြင်ဆင်ပြီးတာနဲ့ ချက်ချင်း ဓာတ်ပုံစရိုက်ကြသည်။
Taehyungရဲ့ အပြုအမူနဲ့ လှုပ်ရှားမှုတိုင်းက အနုပညာဆန်လွန်းတာကြောင့် ပုံတိုင်းကနှစ်ခါပြန်ရိုက်စရာမလိုဘဲ တခါတည်းနဲ့ပြီးပြည့်စုံနေသည်။ လျှပ်တပြတ် ရိုက်လိုက်တဲ့ ပုံတွေကတောင် ပယ်ဖျက်ချင်စရာမရှိ... နည်းနည်း Manly ဆန်ချင်တာကြောင့် သူ့ရဲ့ဆံပင်ကို အနက်ရောင်ပြန်ဆိုးထားတာတောင်မှ အလှတရားတို့က ပေါ်လွှင်နေဆဲပင်။
ညနေ Show ပွဲတက်စရာရှိတာကြောင့် Taehyung သိပ်တောင်မနားဘဲ တဆက်တည်းရိုက်လိုက်တာကြောင့် ၄နာရီမထိုးခင်မှာပဲ ရိုက်ကွင်းပြီးသွားခဲ့သည်။
Taehyung မပြန်ခင် ရိုက်ကွင်းက တာဝန်ရှိသူတွေနဲ့အထဲမှာ နှုတ်ဆက်ပြီး ပြန်ထွက်လာတော့ ဝန်ထမ်းတွေက ဟိုစုစုဒီစုစုနှင့် တီးတိုးပြောနေကြသည်။ သူတို့လက်ထဲမှာ ဖုန်းတွေကိုင်ထားကြပြီး Taehyung ကိုလည်းမြင်ရော မနှစ်မြို့စရာအကြည့်တွေနဲ့ ကြည့်လာသည်။ဓာတ်ပုံရိုက်ကူးနေတုန်းက သူ့ကိုကြည့်တဲ့ အကြည့်တွေနဲ့လုံးဝကို ခြားနားနေသည်။
Taehyung ဇဝေဇဝါဖြစ်နေတုန်း သူ့နားကို Jimin စိုးရိမ်တကြီး အပြေးရောက်လာသည်။
"Tae...Taehyung... မကောင်းတော့ဘူး ငါတို့ကားပေါ် အမြန်သွားကြရအောင်"
"ဟမ်...အော"
ကျန်တဲ့သူတွေကို မနှူတ်ဆက်လိုက်ရဘဲ Jimin ဆွဲခေါ်ရာနောက်ကို Taehyung ကြောင်တောင်တောင်လေးပါသွားသည်။
ကားပေါ်ရောက်တာနဲ့ Jimin က သက်တော်စောင့်ကိုအမြန် ကားမောင်းထွက်ခိုင်းလိုက်သည်။
"Jimin ဘာဖြစ်လို့လဲ ငါ့ကိုပြော... "
"Tae...Taehyung"
Jimin ရဲ့ လက်ထဲမှာ ဖုန်းကိုင်ထားပြီး သူ့လက်တွေက တုန်ရင်နေသည်။ Jiminအခုလိုဖြစ်ရတဲ့ တရားခံက Ph ထဲမှာဆိုတာ Taehyung နားလည်သွားတာကြောင့် ဖုန်းကိုဆွဲယူပြီး ကြည့်လိုက်သည်။
Taehyung ဖုန်းကိုကြည့်နေရင်း သူ့မျက်ဝန်းတွေ ရုတ်တရက် ဝေဝါးလာသည်။ တစက်စက်ကျလာတဲ့ ဖုန်း Screen ပေါ်က အရာတွေက Taehyung ရဲ့မျက်ရည်တွေ...
"Tae...Taehyung မင်းအဆင်ပြေရဲ့လား CEO Jeon ရှင်းပြတာကို စောင့်လိုက်ပါဦး သတင်းတွေက မှန်ချင်မှ မှန်မှာပါ"
Jimin ကနှစ်သိမ့်နေပေမယ့် သတင်းတွေထဲက Jungkook နဲ့အတူတွေ့ရတဲ့ မိန်းကလေးကို Taehyung လုံးဝမှတ်မိနေသည်။ ထိုမိန်းကလေးကြောင့်ပဲ Jungkook နားက သူထွက်သွားခဲ့တာပဲလေ...
ဓာတ်ပုံတွေထဲမှာ ထိုမိန်းကလေးရယ် Jungkook ရယ်...ထပ်ပြီး Jungkook လက်ထဲမှာ ပွေ့ချီထားတဲ့ ၂နှစ်အရွယ် ကလေးလေးရယ်.. သုံးယောက်သား အိမ်တစ်အိမ်ထဲကနေ ထွက်လာတဲ့ပုံတွေ.. ပြီးတော့ Jungkook ကားက ညဘက်မှာ ထိုအိမ်ထဲပဲ ဝင်သွားတဲ့ပုံတွေ...
Taehyung မျက်ရည်တွေကျနေပေမယ့် အော်ပဲရယ်လိုက်ချင်တော့သည်။ သူ့ကိုပြောတုန်းက အသိတစ်ယောက်အိမ်တဲ့လေ.. ဘာလို့ Jungkook သူ့ကိုလိမ်ရတာလဲ.. မနေ့ညတုန်းက Jungkook တွန့်ဆုတ်နေတာ အံ့သြစရာမရှိတော့ပါဘူး။
နောက်ထပ်တစ်ခုက သတင်းတွေထဲမှာ CEO Jeonရဲ့ တိတ်တိတ်ပုန်း ဇနီးနဲ့ကလေးအကြောင်းအပြင် Taehyung ရဲ့အကြောင်းကပါ နာမည်ကြီးနေတာဖြစ်သည်။
ဘယ်သူကစတင်လိုက်လဲမသိ Taehyung နဲ့ Jungkook နမ်းနေတဲ့ပုံတွေ ပွထလာလို့ပင်..ထို့အတူ အတင်းအဖျင်းတွေက တစ်ယောက်စ နှစ်ယောက်စကနေ ထင်ကြေးတွေနဲ့ Taehyung ကို အပုတ်ချထားကြတာဖြစ်သည်။ ခနက ဝန်ထမ်းတွေရဲ့အကြည့်ကလည်း ထိုသတင်းတွေကြောင့်ပဲ ဖြစ်လိမ့်မည်။
End,
ရှည်လို့ ဖြတ်လိုက်တယ်..
မုန်တိုင်းနည်းနည်းတိုက်မယ်နော်...😁
Zawgyi,
ရိုက်ကွင်းတွင်...
"Jimin ပြန်ရအောင်.."
'Hello'
"မင်းအလုပ်ပြီးပြီလား"
'ရပါတယ် ပြောလေ'
'Hotel?'
"ဟမ်...အော"
"Tae...Taehyung"
End,
Continue Reading
You'll Also Like
1.2M 48.5K 53
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
147K 12.4K 74
#1 in twistsandturns on 29/09/23 𝑨𝒀𝑬𝑺𝑯𝑨 𝑨𝑮𝑵𝑰𝑯𝑶𝑻𝑹𝑰 an Advocate. Fierce. Powerful. Intelligent. Beautiful. Gorgeous. Selfless? No, she's...
1M 18.7K 43
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
28.4K 449 41
Korean mythology consists of national legends and folk-tales which come from all over the Korean Peninsula. The origin may be a blend of Korean shama...