ချစ််ရပါတယ် မနှင်းဆီ

By Shar5211

527K 26.1K 805

မနှင်းဆီရေ မိုက်မဲလွန်းတဲ့ အမရာ က ဆူးတွေပြည့်နေတဲ့ မနှင်းဆီကိုမှ နှလုံးသားထဲ ထည့်ချစ်မိသည်တဲ့လေ ဆူးတွေ ဆူးန... More

part 1
part 2
Part 3
part 4
Part 5
Part 7
Part 8
Part 9
Part 10
Part 11
Part 12 - A
Part 12 - B
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
part 21
Part 22
Part 23
Part 24
Part 25
Part 26
27
Paet 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50 End
Announcements
extra one
Announcement two
To the Book
extra Two
extra three

Part 6

8.6K 475 4
By Shar5211

"ဆေးဝယ်ခိုင်းလိုက်တာလား မောင်"

"ဟုတ်တယ် မမ"
နှင်းဆီက အားနာသည်ထင်သည် ချက်ချင်းကိုပင်

"ဆေးဖိုး မမပေးမယ်နော်"

"တစ်စိမ်းဆန်တဲ့စကားတွေ မပြောပါနဲ့ မမရယ်
ဆေးကနည်းနည်းလေးပါ မောင့်အတွက်အပမ်းမကြီးပါဘူးနော် "

"ဒါနဲ့ မောင်က ဆေးဘက်မှာကျွမ်းကျင်တာလား"

မေးမှ မေးပါ့မလားတွေးနေခဲ့သည့်မေးခွန်း အမရာက ဆရာဝန်လောင်းတစ်ယောက်ပါလို့ သူမကိုဂုဏ်ယူစွာဖြေချင်ခဲ့သည်လေ

"ကျွမ်းမှာပေါ့ မောင်က.."

"မမလေး ဖုန်းလာနေတယ်"

မိန်းကလေးတစ်ယောက်ဖုန်းကိုင်ပြီး ထွက်လာတာမို့ အမရာပြောချင်သည့်စကားစ ပြတ်သွညးရပြန်သည်
(ကောင်းပြီဆို ဖြတ်ပြီ)

"ပေး စန္ဒီ ဖုန်းပေး"

သူမပြောနေတာလေးငြိမ်ပြီး နားထောင်နေမိသည် အလုပ်ကိစ္စများပြောနေခြင်း​ဖြစ်သည်
ခြံအကြောင်း ပစ္စည်းချမည့်အကြောင်း စုံလိုပင်

အလုပ်ကိစ္စပြောနေတော့လဲ တည်ကြည်လှသည်
(ခက်ပါပြီ
အခုလိုလေးလဲ ချစ်ဖို့ကောင်းနေတာပဲ)

"လူလေးဆေးရပြီ"

ထိုအိမ်မှ ယာဥ်မောင်းဦးလေးကြီးက ဆေးဝယ်ပြီးလာပေးသည်
အမရာဆေးထုတ်ကိုယူလိုက်ပြီး နှင်းဆီခြေထောက်နားပြန်ထိုင်လိုက်တော့ နှင်းဆီဖုန်းပြောနေရင်း တုံ့ကနဲဖြစ်သွားသည်

အမရာ့ကို ဆေးအတင်းထိုးမဲ့ ဆရာဝန်ဆိုးဆိုးတစ်ယောက်လို အ​ကြည့်နဲ့ ကြည့်နေသည်သာ

အမရာတို့ ဆေးကျောင်းသားတိုင်း လေ့လာရတဲ့ဘာသာရပ်တွေထဲမှာ ဘာသာရပ်နှစ်မျိုးကို အစွမ်းကုန်ကျွမ်းကျင်ကြသည်

အဲ့တာတွေက...
မျက်နှာရိပ် မျက်နှာကဲ(Facial Expression) နဲ့ အပြုအမူ(Behaviour) ဖတ်တာဆိုတဲ့ ဒီနှစ်ခုကို အဓိကကျွမ်းကျင်ကြသည်

အမရာ့ရှေ့က ဒီလူနာလှလှလေးက အမရာ့ကို ကလေးတစ်ယောက်လို အကူအညီတောင်းသည့်ပုံနဲ့ကြည့်နေသည်

အမရာ ခြေကျင်းဝတ်ကို လိမ်ဆေး​အေးအေးလေး စိမ့်ဝင်နေအောင်လိမ်းပေးသည်
ဖုန်းချသွားသော်လည်း သူမကတော့အမရာ့ကို ငြိမ်၍သာကြည့်နေသည်

ဆေးလိမ်းပြီး ခြေထောက်မလှုပ်နိုင်အောင်စည်းပေးရမည်မို့ ဂွမ်းနဲ့အနေအထားမှန်အောင် ထိန်းကာ ပတ်တီးစည်းပေးလိုက်သည်
အမရာလုပ်သမျှကိုငြိမ်ပြီးကြည့်နေသည်က ဖွားဖွား
နာလို့ ငြိမ်နေသည်က နှင်းဆီပင်
တစ်ချက်တစ်ချက်နာလျှင် ပုခုံးလေးကျုံ့သွားတတ်​​သေးသည်

"ကဲ ပြီးပြီ
ခြေထောက်ကို မသုံးပဲထားရမယ်
မနင်းရဘူး သူကနင်းလေယောင်လေဖြစ်မှာ "

"အင်း... မနင်းတော့ဘူး
မနင်းရင် မြန်မြန်ပျောက်မှာမှတ်လား"

"အင်း"
တကယ့် ကလေးပေါက်စလေးလိုပင် ချစ်ဖို့ကောင်းလှသည်

အမရာ့ဖုန်းက ringtone သံမြည်လာတာကြောင့် အမရာကြည့်လိုက်သည်
မမနန်း မို့ အမရာကိုင်လိုက်သည်

~ဟလို မမ

အမရာ့ဘက်က ဖုန်းကိုင်ပြီး မမ လို့ဆိုလိုက်တော့ နှင်းဆီက စိတ်ဝင်စားသလိုကြည့်သည်

~အိမ်မှာရှိလား

~မောင် အိမ်မှာမရှိဘူးမမရယ်
မနက်ထဲက အပြင်ရောက်နေတာ အသိအစ်မတစ်ယောက်ရဲ့အိမ်မှာ

~မောင်ကြိုက်တဲ့ အုန်းနို့ခေါက်ဆွဲချက်ထားတာ လာပို့မလို့

~ဟင် အုန်းနို့ခေါက်ဆွဲလား
မမ စောစောပြောရင် မောင်မနက်ကဝင်စားတာပေါ့
ဒီလိုလုပ်မယ်လေ အုန်းနို့ခေါက်ဆွဲတော့ အလွတ်မပေးနိုင်ဘူး
မောင် ညနေ ဝင်စားမယ် မမအိမ်မှာပဲစောင့်နေနော်

(မမတွေက များလိုက်တာ
သူကအုန်းနို့ခေါက်ဆွဲကြိုက်တာလား
အိမ်အဝင်အထွက်လုပ်တာဆိုတော့ ..)

နှင်းဆီ ဖုန်းကိုတမင်ခိုးနားထောင်နေခြင်းမဟုတ်ပင်မဲ့ နားထောင်နေမိသည်
ဒီကလေးမလေးကို သံယောဇဥ်ဖြစ်မိသည်မှာအမှန်ပင်
ပြောရရင် ငယ်စဥ်ထဲက မောင်နှမ မရှိ အမေမရှိကြီးပြင်းခဲ့ပြီး
အရွယ်ရောက်တော့ နှင်းဆီအလှကြောင့် ကပ်ကြသောသူများသာ
မေတ္တာစစ် မေတ္တာမှန်ဆိုတာမရှိ နှင်းဆီရဲ့ အလှကို မက်မောကြသည်
လူကိုလိုချင်​လို့သာ အလိုလိုက်အကြိုက်ဆောင်တတ်ကြသော ဘီလူးများသာ ဘေးနားရှိနေတတ်သည်မို့ ဘယ်သူ့ကိုမှနှင်းဆီအထင်မကြီးတော့

အမရာမောင်ဆိုတဲ့ ဒီကလေးကိုတော့ သံယောဇဥ်တွယ်မိသည်
တီတီတာတာလေးပြောတတ်သလို နှင်းဆီကိုဂရုစိုက်သည်

အမရာဖုန်းပြောလို့ ပြီးသွားတော့

"မောင့်အစ်မလား"

"ကျောင်းက စီနီယာအစ်မပါ မမရဲ့
နာမည်လေးကလဲ လှတယ် နန်းရွှေရည်နွယ်တဲ့
လူကလဲလှပါတယ် ရှမ်းမလေး
မမနန်းက မောင့်ကို သိပ်ချစ်တာ"

ဖုန်းသံကြားရင်သိနိုင်ပါသည်
ထိုမိန်းကလေးက အမရာ့ကိုဘယ်လောက်ထိဂရုစိုက်သလဲဆိုတာ ဒါပေမဲ့ အမရာပြန်ပြောသည့် '' သိပ်ချစ်တာ'' ဆိုတဲ့စကားကိုတော့ နှင်းဆီစိတ်ထဲ ဘဝင်မကျ

"မောင်ကအုန်းနို့ခေါက်ဆွဲ ကြိုက်တော့ အမြဲချက်ကျွေးနေကျလေ အခုလဲ ချက်ထားတယ်တဲ့
အဲ့တာ အပြန်မှ မောင် အိမ်ဝင်စားတော့မယ်ပြောလိုက်တယ် "

"နန်းရွှေရည်နွယ်
လူတော့မသိပေမဲ့ နာမည်လေးကတော့လှပါတယ်
ဒါပေမဲ့တို့နာမည်ကအလှဆုံးလို့ထင်တာပဲ နှင်းဆီ လေ"

လေသံက J ဝင်နေတဲ့အသံမို့ ပြန်ချော့ရသည်

"အဲ့တာတော့ မှန်တယ်
နှင်းဆီဆိုတဲ့နာမည်လေးက အလှဆုံးပဲ"

လူကိုချော့တတ် မြှောက်တတ်တဲ့အမရာကို နှင်းဆီမလေးစားပဲ မနေနိုင် မျက်နှာရိပ်မျက်နှာကဲကလဲ သိလိုက်တာလွန်သည်

"မောင် ရှင်လေးကလေ တကယ်ထမင်းမငတ်ဖူးသိလား"

"ဘာလို့လဲမမရဲ့"

အဖွားက ဘေးကနေမနေနိုင်ပဲ ဝင်ပြောသည်

"လူတွေကို ဘယ်လိုပေါင်းသင်းရမလဲ
ဘယ်လိုချော့ရမလဲ ဘယ်လို​မြှောက်ပြောရမလဲ သိတယ်လေ
နေတတ်ထိုင်တတ်တယ်
ဖွားမြေးနဲ့တော့ ကွာပါ့တော်ရေ
ဒေါ်ဘုကလန့် "

အဖွား ပေးလိုက်တဲ့နာမည်ကြောင့် အားလုံးကရယ်မောကုန်သည်

"ကဲထမင်းစားလို့ရပြီနော်"

"အာ မမသွဲ့တောင် ချက်ပြီးပြီလား
မောင်ကလာကူမလို့ပါနော် ဒီမှာဆေးကုပေးနေတော့ နဲနဲကြာသွားလို့"

"ဟောကြည့် ရှင် ညာစားပြန်ပြီ"
နှင်းဆီထပ်ရယ်မိပြန်ပါသည်

ဒီလိုနဲ့ သွဲ့အိမ်ကို သွားသည့်ပထမရက်လေးက အောင်မြင်သွားသည် နှင်းဆီကလဲကြည်ဖြူသလို ဖွားဖွားကလဲအမရာ့ကိုချစ်သည်

(မောင် အမှတ်ပြည့်ရမှာပါနော်)
နေ့တိုင်းဆေးလာထည့်ပေး ပတ်တီးစီးပေးမည်ဟုဆိုကာ နေ့တိုင်းထိုအိမ်လေးကိုခြေဦးလှည့်ဖို့ပြင်ထားသည်

ခြေထောက်ပြန်ကောင်းလျှင် အိမ်အလည်ခေါ်မည်ဟုလဲ ကတိပေးထားရသည်
ခုတော့ မမနန်းဆီ အုန်းနို့ခေါက်ဆွဲသွားစားရပါဦးမည် ဗိုက်တင်းနေပေမဲ့ အမရာ့အတွက်ရည်ရွယ်ကာချက်ထားသည်မို့ မဖြစ်မနေသွားစားရပါမည်

"မမ"

"မောင်ရောက်လာပြီလား
လာ ခနနားဦး မမဟင်းရည်ပြန်နွှေးခိုင်းလိုက်မယ်"

အစာကြေဆေး ကြိုစားထားသည်က နဲနဲအဆင်ပြေသွားသည်

"ဟုတ် မောင် စာဖတ်ခန်းခနသွားဦးမယ် စာအုပ်လေးတွေငှားဦးနော်"

"ပြောစရာလိုလို့လားမောင်ရယ်
သွားသွား မမအဆင်သင့်ဖြစ်ရင်လာခေါ်မယ်"

အမရာ နန်းရဲ့စာဖတ်ခန်းထဲဝင်ကာ စာအုပ်များမွေနှောက်သည်
အမရာလဲ ထိုသို့ စာကြည့်ခန်းလေးပိုင်ဆိုင်ချင်သည်
ဆေးနဲ့ပတ်သတ်တဲ့စာအုပ်တွေက စျေးကြီးသည်
အမရာ မေမေ့ကို အခက်အခဲမဖြစ်စေချင်တာကြောင့်
စာအုပ်တိုင်းကို မဝယ်ဖြစ် အရေးကြီးသော စာအုပ်ဆိုမှ ဝယ်ဖြစ်သည်

~wow

အမရာ စာအုပ်တွေပြည့်နေတဲ့အခန်းလေးထဲက လေကို တစ်ဝကြီးရှူရှိုက်လိုက်​ပြီး

"အနံ့လေးကိုက ဆွဲမက်စရာအနံ့လေး
ဒီနေ့ ကောင်းတာတွေပဲ ဖြစ်လာတာပဲ
မမအနားမှာနေရတယ် အခု စာအုပ်တွေနားရောက်နေပြန်ပြီ"

အမရာ ဖတ်ချင်တဲ့ Medical နဲ့ပတ်သတ်တဲ့စာအုပ်တချို့ရွေးလိုက်သည် ပြီးရင် အိမ်မှာဖတ်ဖို့ယူသွားရဦးမည်လေ

"မောင်
ကလေးရေ စားလို့ရပြီ"

"ဟုတ်မမ လာပြီ"

အမရာ ဗိုက်ချောင်ပြီမို့ ချက်ထားသည်များကို ၃ ၄ပွဲလောက် စားပစ်လိုက်သည်
အမရာစားသည်ကိုကြည့်ပြီး နန်းကတော့ ပျော်နေသည်

"ဖြေးဖြေးစားပါ မောင်ရယ်"

"မမလက်ရာကရှယ်ပဲလေ
မောင်အရမ်းကြိုက်တာ သိလား"

"ဟုတ်ပါပြီ ..
မောင်တို့ final အဖွဲ့တွေ ဘာမှမလုပ်ကြဘူးလား"

"လုပ်တော့ လုပ်နေကြတာပဲ
မောင်သေချာမဆက်သွယ်ရသေးဘူး
ဟိုနှစ်ကောင်ကိုတော့ ဘာဖြစ်ဖြစ် ဘာလုပ်လုပ် မောင့်နာမည်ထည့်ထားလို့ပြောထားတယ် "

"စာတွေ မပြတ်စေနဲ့နော်မောင်
စာမေးပွဲက ကျန်သေးတယ်
ပြီးတော့ တစ်သတ်လုံးမေ့ပစ်လို့မရတဲ့စာတွေ"

"ဟုတ်ကဲ့ပါ မောင်ဂရုစိုက်ပါ့မယ်
မမ မောင်လေ ကားတစ်စီး နှစ်စီးလောက်ရောင်းလိုက်မလားလို့
မမလို စာကြည့်ခန်းလေးလုပ်ချင်တယ် စာအုပ်တွေဝယ်ချင်တယ်
ပြီးတော့ ကျောင်းကအဖွဲ့တွေနဲ့ သွားလာမယ်ဆိုရင်လဲ ငွေလိုဦးမယ်
မေမေ့ကိုလဲ အားနာလို့လေ
အဲ့တာ ကားတွေ ရောင်းလိုက်မလို့
အိမ်မှာလဲကားတွေက ၄ စီးတောင်လေ
မောင်ရောင်းလိုက်ရင် ဝဏ္ဏကို စော်ကားရာရောက်မလား"

"လွယ်လွယ်လေးကိုကလေးရယ်
ဝဏ္ဏကိုအရင်ပြောပြလိုက်ပေါ့ ကလေးရဲ့
သူလိုရင်လဲ သူပြန်ဝယ်မှာပေါ့"

"အဲ့လိုလဲရသားပဲနော် မောင်သူနဲ့တွေ့ကြည့်လိုက်မယ်
အခုတော့ မမဆီကပဲ စာအုပ်ငှားဖတ်ဦးမယ်"

~~~~ ~~~~ ~~~~
Next day...

"ဝဏ္ဏ ငါတိုင်ပင်စရာရှိလို့ကွာ ဘယ်မှာလဲ ငါလာခဲ့မယ်"

"ငါ့ဆိုင်မှာပဲ လာခဲ့လေကွာ
ငါဧည့်ခံပါ့မယ်"

အမရာ ဝဏ္ဏဖွင့်ထားတဲ့ Bar ကိုဦးတည်သွားလိုက်သည်
အမရာ ဆိုင်ရောက်တော့ ဝဏ္ဏစောင့်နေသည်

"ထိုင်ကွာ တစ်ခွက်လောက်တော့ချသွားဦး "

"တော်ပြီကွ ငါ ကားမောင်းရဦးမှာ သွားစရာလေးလဲရှိသေးလို့
အအေးလေးပဲလုပ်ပေး အကြော်လေးတစ်ခုခုနဲ့ပေါ့ကွာ"

ဝဏ္ဏက waiter တစ်ယောက်ကိုလက်ပြလိုက်သည် ထိုလူငယ်ရောက်လာတော့

"blueberry soda တစ်ခွက် ပုဇွန်တန်ပူရာ အကောင်လှလှလေးတွေကြော်ပေးလို့ ပြီးတော့ အာလူးချောင်းကြော်လေး"

"ဟုတ်ကဲ့ ဆရာ"

waiter ကောင်လေး ထွက်သွားတော့ အမရာ့ဘက်လှည့်လာသည်

"ပြောပါဦးကွ ဘာတွေတိုင်ပင်ဖို့လဲ မင်းကတိုင်ပင်မယ်ဆိုတော့ ငါ့ကိုယ်ငါတောင်အထင်ကြီးသွားတာ"

"ငါ့ ကျောင်းအသုံးစရိတ်ရော ငါလိုတာတွေဝယ်ချင် လုပ်ချင်တယ်ကွာ အဲ့တာ မင်းဆီကရထားတဲ့ကားတွေထဲက
နှစ်စီးလောက် ငါရောင်းချင်တယ် "

"ဟော မောင်ရာ မင်းကလဲ ငါကဘာများလဲလို့
အဲ့တာ​​တွေက ငါကျေကျေနပ်နပ်ကြီး ရှုံးထားတာတွေလေ
မင်းပိုင်တာတွေဖြစ်နေပြီကို မင်းစိတ်ကြိုက်လုပ်ပါကွ
နေဦး ရောင်းမယ်ဆိုရင်တော့ ငါစပ်ပေးမယ်ကွ W ဆိုတော့ မင်းကိုစျေးနှိမ်ကြလိမ့်မယ် "

"ok ကျေးဇူး အဲ့တာဆို မင်းပဲကူညီပေးတော့
လိုအပ်တယ်ဆို ကားလာယူနော်"

"ရတယ် ဝယ်လက်ရတာနဲ့ ငါ့တပည့်တွေလွှတ်လိုက်မယ်
မင်းသာ သောကြာနေ့လာနော်
ငါမှာငယ်ငယ်ထဲက ပြိုင်ဘက်ဆိုလို့ ငါနဲ့အရည်အချင်းယှဥ်လို့ရတဲ့မင်းပဲရှိတာ ငါလဲမင်းကို သံယောဇဥ်ဖြစ်နေပြီ
မင်းကို နိုင်ဖူးတာဆိုလို့ ရေကူးတာလေးပဲရှိတယ်
ဒါနဲ့ တစ်ခေါက်လောက်တော့ အရှုံးပေးဦးကွ"

"အဲ့တာတော့ မဖြစ်လို့ပါကွာ"

~~ ဟားး ဟားး

အမရာနဲ့ ဝဏ္ဏတို့ရဲ့ရယ်သံတွေ ထိုဆိုင်လေးထဲဖုံးလွှမ်းလို့သွားသည်

ပြိုင်ဘက်ဆိုတဲ့ အတားအဆီးနဲ့ ငယ်စဥ်ကတည်းက ယှဥ်ပြိုင်ခဲ့ပေမဲ့ အချင်းချင်းတော့ သံယောဇဥ်ဖြစ်နေကြသည်

အမရာ ပြိုင်ချင်စိတ်နဲ့နိုင်အောင်ပြိုင်ခဲ့ပေမဲ့ အခုလိုငွေရှာနိုင်လိမ့်မယ် မတွေးမိခဲ့ပေ

"ငါပြန်ဦးမယ်ကွာ
ဝင်စရာလေးရှိသေးလို့ "

"ကျောင်းပိတ်ထားတာကိုမင်းကလဲ အေးဆေးနေပါဦး
ဘာလဲ မင်းရဲ့မမနန်းဆီသွားမလို့လား"

"မဟုတ်ရပါဘူးကွာ
ငါ့လူနာတစ်ယောက်ရှိတယ်ကွ အနီးကပ်ပြုစုရမှာ"

အမရာ နှင်းဆီကိုပြောခြင်းသာ နေ့တိုင်းဆေးလာစီးပေးမည်ဟု သေချာပြောထားခဲ့သည်

"အေးပါကွာ ဒါဆိုလဲ သွား
သြော် ခနလေးလေတော့စောင့်ဦး
ငါ မင်းအတွက် ပါဆယ်ပြောထားသေးတယ်
ဒါလေးတော့ယူသွား ​ပြိုင်ဖော်ပြိုင်ဖက်ကြီးမို့ ကျွေးတာကွ"

"လုပ်ပြီ...အေးပါကွာ ငါယူသွားပါ့မယ်"

တကယ်ကို စားစရာမျိုးစုံကို ပါဆယ်ထည့်ပေးလိုက်သည်
"အများကြီးပဲ ...
ကျေးဇူးပါကွာ ငါသေချာစားပါ့မယ်"

အမရာ့အတွေးထဲတော့
(အိမ်က ညနေမှပြန်မှာဆိုတော့ မမတို့အိမ်မှာပဲ စားလိုက်တာပေါ့)

ချစ်ရတဲ့ မနှင်းဆီလေးရေ
အမရာမောင်​လေး လာပြီနော်

အမရာ့ကား ခြံထဲဝင်လာတော့ နှင်းဆီရဲ့ လက်တိုလက်တောင်းလေး စန္ဒီက လာကြိုရှာသည်
အင်းလေ နှင်းဆီကိုလမ်းမလျှောက်ဖို့သူမကိုယ်တိုင် ပြောခဲ့သည်မို့လား

"စန္ဒီ မုန့်ထုတ်တွေ ယူသွားပေးနော်"

"ဟုတ် ဒါနဲ့ မမက စန္ဒီ့ နာမည်ဘယ်လိုသိတာလဲ"

"​သြော်မနေ့က လာတော့ မမခေါ်နေတာကြားလိုက်လို့လေ"

စန္ဒီက ထိုသို့အတုံးလေးပါ ထို့ကြောင့်လဲ နှင်းဆီအော်သမျှခံရသည်
အမရာ အိမ် အထဲဝင်သွားတော့

"ဧည့်ခန်းထဲရှိနေတာပဲ
ဘယ်လိုလဲ ခြေထောက်နာသေးလား
ညအိပ်တုန်းကရော ကိုက်သေးလား
ဆေးရောသောက်လား"

"မမ ဘယ်မေးခွန်းအရင်ဖြေရမလဲ မောင်ရယ်
သိပ်မနာတော့ဘူး ညကလဲ မကိုက်ဘူး
ဆေးကသောက်တယ် ဒါပေမဲ့ ဘဝင်မကျတာလေး တစ်ခုတော့ရှိတယ် မောင်ပြောတယ်လေ ဆေးကချိုမှာဆို
အခုကျ အကုန်ခါးနေရော"

အမရာ ဆေးအခါးတွေချည်းတိုက်လို့ ဘဝင်မကျသည်တဲ့လေ
ထိုကလေးပေါက်စလေးကို ပိုပိုချစ်မိလာသည်

"မနေ့က ဦးလေးကိုမှာလိုက်ပါတယ်
ဦးလေးကရှာမတွေ့လို့ မဝယ်လာတာ
ဒီနေ့တော့ မောင်ရအောင်ဝယ်လာပါတယ်နော်"
အမရာ ဆေးထုတ်လေးကို မ ကာပြလိုက်သည်

"ဟင် တကယ်လား ဆေးချိုချိုလေးက တကယ်ရှိတာပေါ့
ဒါနဲ့ စောစောက ဘာတွေဝယ်လာတာလဲ စန္ဒီသယ်သွားတာ အများကြီးနော်"

"မောင် ဒီကိုမလာခင်သူငယ်ချင်းတစ်ယောက်နဲ့တွေ့နေတာ
သူက Bar ဖွင့်ထားတာလေ အဲ့တာ သူ့ဆီကအပြန် မမတို့ဆီလာမှာလို့ပြောတော့ အဲ့သူငယ်ချင်းက မမတို့နဲ့ အတူစားဖို့တဲ့
မုန့်တွေထည့်ပေးလိုက်တာ "

"အားနာစရာကြီး .. ဒါနဲ့ အဲ့လိုအများကြီးပေးရလောက်တဲ့ထိ ရင်းနှီးတာလား ယောက်ျားလေးလား မိန်းကလေးလား"

သူမ ဘာသဘောနဲ့မေးလဲ မသိပေမဲ့ အမရာအမှန်တိုင်းသာဖြေလိုက်သည်

"ယောက်ျားလေး"

သူမ မျက်နှာတစ်ချက်ပျက်သွားသည်ကို အမရာတွေ့ဖြစ်အောင်တွေ့လိုက်ပါသေးသည် အမရာ့အတွက်တော့ ထိုသို့အပြုအမူလေးတွေက တန်ဖိုးရှိလှသည်လေ

"သြော်...
ပိုးပန်းလို့ပေးတာတော့မဟုတ်ဖူးမှတ်လား"

"သူကအဲ့လိုမဟုတ်ပါဘူး မမရဲ့
ဟိုးငယ်ငယ်လေးထဲက ကျောင်းတူတူတက်တာ
ငယ်သူငယ်ချင်းပေါ့"

သူမမျက်နှာလေးက တမျိုးပြောင်းလဲသွားသည်

"အင်းပါ"

ထုံးစံအတိုင်း အမရာ အောက်ဆင်းထိုင်ရင်းပတ်တီးကို အခြေအနေကြည့်လိုက်သည်

"ပတ်တီးက နည်းနည်းတော့ လျော့သွားတယ်
အသစ်ထပ်စီးပေးမယ်နော်"

ပတ်တီးကိုဖြေချလိုက်ပြီး လိမ်းဆေးလိမ်းပေးသည်
အမရာ့လက်ချောင်းလေးတွေနဲ့ သူမခြေဖဝါးနုနုလေးကိုထိနေရသည်ကိုပင် ပျော်ရွှင်မှုလို့ ခံစားနေရသည်

ချစ်သည်...
အမရာဆိုတဲ့ ကောင်မလေးက နှင်းဆီဆိုတဲ့မိန်းမလှလေးကို နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာကနေ ချစ်ပါသည်
သူမရဲ့ ခြေဖဝါးနုနုလေးက အစချစ်ပါသည်

အမရာ ဆေးလိမ်းနေစဥ် သွဲ့ကရောက်လာသည်

"ဟင် မောင်ရောက်နေတာလား
မမ မသိလိုက်ဘူး"

"သိပ်မကြာ​သေးဘူး မမသွဲ့"

"မောင် ဘာစားထားလဲ ထမင်းစားချိန်တောင်ရောက်နေပြီ ခနနေ မမတို့ထမင်းစားမှာ တစ်ခါထဲတူတူစားကြမယ်နော်"

"ဟုတ်"

အမရာ ပတ်တီးသေချာပြန်စီးပေးပြီး

"ခနလေးနော် မောင်လက်ဆေးလိုက်ဦးမယ်"

အမရာ အမြန်လက်ဆေးလိုက်ပြီး ပြန်ထွက်လာတော့ ကားဆီကို တန်းတန်းသွားသည်

ကားထဲမှာ တစ်ခုခုကျန်နေခဲ့သည်လေ
ကျန်နေခဲ့သည့်အရာလေးကတော့...
နှင်းဆီပန်း နီနီလေးတစ်ပွင့်သာ

တော်သေးသည် သတင်းစာရေစိုလေးနဲ့ ကိုင်းကိုအုပ်ထားတာမို့ နှင်းဆီပန်းလေးက ညှိုးမသွားခဲ့

အမရာ နှင်းဆီပွင့်လေးကိုင်လာတာကို သူမမြင်သည်မို့ အပြုံးနဲ့စီးကာကြိုနေသည်

"ဒီနေ့ နှင်းဆီပန်းလေး မပန်ရသေးဘူးမှတ်လား"

အမရာက အလိုက်သိစွာပဲ လုပ်ပေးနေကျအတိုင်း နှင်းဆီပန်လို့ရသည့်အနေအထားလောက်ကို ချိုးပေးသည်
အမရာ ကိုယ်တိုင်ပန်ပေးမှာကို သိနေတဲ့ သူမက ဘယ်ဘက်နားအပေါ်မှ ဆံနွယ်လေးများကို သပ်တင်ကာ သူမပန်းလေးပန်ဖို့ အသင့်ဖြစ်နေပါပြီလို့ ပြောနေသည့်နှယ် အသင့်အနေအထားနဲ့ စောင့်နေသည်

အမရာလဲ အဆင်သင့်ဖြစ်နေတဲ့ နှင်းဆီပန်းလေးကို သူမဘယ်ဘက်နား​လေးအထက်မှာ ပန်ဆင်ပေးလိုက်သည်

ပန်းပန်နေချိန်မှာ သူမနှုတ်ခမ်းလေးကို ခိုးကြည့်မိသည်
အမရာစိတ်တို့ထိန်းမရ
ထိုနှုတ်ခမ်းလေးကို စားသုံးချင်နေသလို ဆာလောင်နေသလိုပင်

ဘာတွေတောင့်တနေမိသလဲ အမရာသိသည်

လှသည် လှသည် မနှင်းဆီ
ထိုကြောင့် ခက်ပါသည်
အမရာ ပိုင်ဆိုင်ချင်သည် ပိုင်ဆိုင်ချင်ပါသည်

Zawgyi

"ေဆးဝယ္ခိုင္းလိုက္တာလား ေမာင္"

"ဟုတ္တယ္ မမ"
ႏွင္းဆီက အားနာသည္ထင္သည္ ခ်က္ခ်င္းကိုပင္

"ေဆးဖိုး မမေပးမယ္ေနာ္"

"တစ္စိမ္းဆန္တဲ့စကားေတြ မေျပာပါနဲ႕ မမရယ္
ေဆးကနည္းနည္းေလးပါ ေမာင့္အတြက္အပမ္းမႀကီးပါဘူးေနာ္ "

"ဒါနဲ႕ ေမာင္က ေဆးဘက္မွာကြၽမ္းက်င္တာလား"

ေမးမွ ေမးပါ့မလားေတြးေနခဲ့သည့္ေမးခြန္း အမရာက ဆရာဝန္ေလာင္းတစ္ေယာက္ပါလို႔ သူမကိုဂုဏ္ယူစြာေျဖခ်င္ခဲ့သည္ေလ

"ကြၽမ္းမွာေပါ့ ေမာင္က.."

"မမေလး ဖုန္းလာေနတယ္"

မိန္းကေလးတစ္ေယာက္ဖုန္းကိုင္ၿပီး ထြက္လာတာမို႔ အမရာေျပာခ်င္သည့္စကားစ ျပတ္သြညးရျပန္သည္
(ေကာင္းၿပီဆို ျဖတ္ၿပီ)

"ေပး စႏၵီ ဖုန္းေပး"

သူမေျပာေနတာေလးၿငိမ္ၿပီး နားေထာင္ေနမိသည္ အလုပ္ကိစၥမ်ားေျပာေနျခင္းျဖစ္သည္
ၿခံအေၾကာင္း ပစၥည္းခ်မည့္အေၾကာင္း စုံလိုပင္

အလုပ္ကိစၥေျပာေနေတာ့လဲ တည္ၾကည္လွသည္
(ခက္ပါၿပီ
အခုလိုေလးလဲ ခ်စ္ဖို႔ေကာင္းေနတာပဲ)

"လူေလးေဆးရၿပီ"

ထိုအိမ္မွ ယာဥ္ေမာင္းဦးေလးႀကီးက ေဆးဝယ္ၿပီးလာေပးသည္
အမရာေဆးထုတ္ကိုယူလိုက္ၿပီး ႏွင္းဆီေျခေထာက္နားျပန္ထိုင္လိုက္ေတာ့ ႏွင္းဆီဖုန္းေျပာေနရင္း တုံ႕ကနဲျဖစ္သြားသည္

အမရာ့ကို ေဆးအတင္းထိုးမဲ့ ဆရာဝန္ဆိုးဆိုးတစ္ေယာက္လို အၾကည့္နဲ႕ ၾကည့္ေနသည္သာ

အမရာတို႔ ေဆးေက်ာင္းသားတိုင္း ေလ့လာရတဲ့ဘာသာရပ္ေတြထဲမွာ ဘာသာရပ္ႏွစ္မ်ိဳးကို အစြမ္းကုန္ကြၽမ္းက်င္ၾကသည္

အဲ့တာေတြက...
မ်က္ႏွာရိပ္ မ်က္ႏွာကဲ(Facial Expression) နဲ႕ အျပဳအမူ(Behaviour) ဖတ္တာဆိုတဲ့ ဒီႏွစ္ခုကို အဓိကကြၽမ္းက်င္ၾကသည္

အမရာ့ေရွ႕က ဒီလူနာလွလွေလးက အမရာ့ကို ကေလးတစ္ေယာက္လို အကူအညီေတာင္းသည့္ပုံနဲ႕ၾကည့္ေနသည္

အမရာ ေျခက်င္းဝတ္ကို လိမ္ေဆးေအးေအးေလး စိမ့္ဝင္ေနေအာင္လိမ္းေပးသည္
ဖုန္းခ်သြားေသာ္လည္း သူမကေတာ့အမရာ့ကို ၿငိမ္၍သာၾကည့္ေနသည္

ေဆးလိမ္းၿပီး ေျခေထာက္မလႈပ္နိုင္ေအာင္စည္းေပးရမည္မို႔ ဂြမ္းနဲ႕အေနအထားမွန္ေအာင္ ထိန္းကာ ပတ္တီးစည္းေပးလိုက္သည္
အမရာလုပ္သမွ်ကိုၿငိမ္ၿပီးၾကည့္ေနသည္က ဖြားဖြား
နာလို႔ ၿငိမ္ေနသည္က ႏွင္းဆီပင္
တစ္ခ်က္တစ္ခ်က္နာလွ်င္ ပုခုံးေလးက်ဳံ႕သြားတတ္ေသးသည္

"ကဲ ၿပီးၿပီ
ေျခေထာက္ကို မသုံးပဲထားရမယ္
မနင္းရဘူး သူကနင္းေလေယာင္ေလျဖစ္မွာ "

"အင္း... မနင္းေတာ့ဘူး
မနင္းရင္ ျမန္ျမန္ေပ်ာက္မွာမွတ္လား"

"အင္း"
တကယ့္ ကေလးေပါက္စေလးလိုပင္ ခ်စ္ဖို႔ေကာင္းလွသည္

အမရာ့ဖုန္းက ringtone သံျမည္လာတာေၾကာင့္ အမရာၾကည့္လိုက္သည္
မမနန္း မို႔ အမရာကိုင္လိုက္သည္

~ဟလို မမ

အမရာ့ဘက္က ဖုန္းကိုင္ၿပီး မမ လို႔ဆိုလိုက္ေတာ့ ႏွင္းဆီက စိတ္ဝင္စားသလိုၾကည့္သည္

~အိမ္မွာရွိလား

~ေမာင္ အိမ္မွာမရွိဘူးမမရယ္
မနက္ထဲက အျပင္ေရာက္ေနတာ အသိအစ္မတစ္ေယာက္ရဲ႕အိမ္မွာ

~ေမာင္ႀကိဳက္တဲ့ အုန္းနို႔ေခါက္ဆြဲခ်က္ထားတာ လာပို႔မလို႔

~ဟင္ အုန္းနို႔ေခါက္ဆြဲလား
မမ ေစာေစာေျပာရင္ ေမာင္မနက္ကဝင္စားတာေပါ့
ဒီလိုလုပ္မယ္ေလ အုန္းနို႔ေခါက္ဆြဲေတာ့ အလြတ္မေပးနိုင္ဘူး
ေမာင္ ညေန ဝင္စားမယ္ မမအိမ္မွာပဲေစာင့္ေနေနာ္

(မမေတြက မ်ားလိုက္တာ
သူကအုန္းနို႔ေခါက္ဆြဲႀကိဳက္တာလား
အိမ္အဝင္အထြက္လုပ္တာဆိုေတာ့ ..)

ႏွင္းဆီ ဖုန္းကိုတမင္ခိုးနားေထာင္ေနျခင္းမဟုတ္ပင္မဲ့ နားေထာင္ေနမိသည္
ဒီကေလးမေလးကို သံေယာဇဥ္ျဖစ္မိသည္မွာအမွန္ပင္
ေျပာရရင္ ငယ္စဥ္ထဲက ေမာင္ႏွမ မရွိ အေမမရွိႀကီးျပင္းခဲ့ၿပီး
အ႐ြယ္ေရာက္ေတာ့ ႏွင္းဆီအလွေၾကာင့္ ကပ္ၾကေသာသူမ်ားသာ
ေမတၱာစစ္ ေမတၱာမွန္ဆိုတာမရွိ ႏွင္းဆီရဲ႕ အလွကို မက္ေမာၾကသည္
လူကိုလိုခ်င္လို႔သာ အလိုလိုက္အႀကိဳက္ေဆာင္တတ္ၾကေသာ ဘီလူးမ်ားသာ ေဘးနားရွိေနတတ္သည္မို႔ ဘယ္သူ႕ကိုမွႏွင္းဆီအထင္မႀကီးေတာ့

အမရာေမာင္ဆိုတဲ့ ဒီကေလးကိုေတာ့ သံေယာဇဥ္တြယ္မိသည္
တီတီတာတာေလးေျပာတတ္သလို ႏွင္းဆီကိုဂ႐ုစိုက္သည္

အမရာဖုန္းေျပာလို႔ ၿပီးသြားေတာ့

"ေမာင့္အစ္မလား"

"ေက်ာင္းက စီနီယာအစ္မပါ မမရဲ႕
နာမည္ေလးကလဲ လွတယ္ နန္းေ႐ႊရည္ႏြယ္တဲ့
လူကလဲလွပါတယ္ ရွမ္းမေလး
မမနန္းက ေမာင့္ကို သိပ္ခ်စ္တာ"

ဖုန္းသံၾကားရင္သိနိုင္ပါသည္
ထိုမိန္းကေလးက အမရာ့ကိုဘယ္ေလာက္ထိဂ႐ုစိုက္သလဲဆိုတာ ဒါေပမဲ့ အမရာျပန္ေျပာသည့္ '' သိပ္ခ်စ္တာ'' ဆိုတဲ့စကားကိုေတာ့ ႏွင္းဆီစိတ္ထဲ ဘဝင္မက်

"ေမာင္ကအုန္းနို႔ေခါက္ဆြဲ ႀကိဳက္ေတာ့ အၿမဲခ်က္ေကြၽးေနက်ေလ အခုလဲ ခ်က္ထားတယ္တဲ့
အဲ့တာ အျပန္မွ ေမာင္ အိမ္ဝင္စားေတာ့မယ္ေျပာလိုက္တယ္ "

"နန္းေ႐ႊရည္ႏြယ္
လူေတာ့မသိေပမဲ့ နာမည္ေလးကေတာ့လွပါတယ္
ဒါေပမဲ့တို႔နာမည္ကအလွဆုံးလို႔ထင္တာပဲ ႏွင္းဆီ ေလ"

ေလသံက J ဝင္ေနတဲ့အသံမို႔ ျပန္ေခ်ာ့ရသည္

"အဲ့တာေတာ့ မွန္တယ္
ႏွင္းဆီဆိုတဲ့နာမည္ေလးက အလွဆုံးပဲ"

လူကိုေခ်ာ့တတ္ ျမႇောက္တတ္တဲ့အမရာကို ႏွင္းဆီမေလးစားပဲ မေနနိုင္ မ်က္ႏွာရိပ္မ်က္ႏွာကဲကလဲ သိလိုက္တာလြန္သည္

"ေမာင္ ရွင္ေလးကေလ တကယ္ထမင္းမငတ္ဖူးသိလား"

"ဘာလို႔လဲမမရဲ႕"

အဖြားက ေဘးကေနမေနနိုင္ပဲ ဝင္ေျပာသည္

"လူေတြကို ဘယ္လိုေပါင္းသင္းရမလဲ
ဘယ္လိုေခ်ာ့ရမလဲ ဘယ္လိုျမႇောက္ေျပာရမလဲ သိတယ္ေလ
ေနတတ္ထိုင္တတ္တယ္
ဖြားေျမးနဲ႕ေတာ့ ကြာပါ့ေတာ္ေရ
ေဒၚဘုကလန့္ "

အဖြား ေပးလိုက္တဲ့နာမည္ေၾကာင့္ အားလုံးကရယ္ေမာကုန္သည္

"ကဲထမင္းစားလို႔ရၿပီေနာ္"

"အာ မမသြဲ႕ေတာင္ ခ်က္ၿပီးၿပီလား
ေမာင္ကလာကူမလို႔ပါေနာ္ ဒီမွာေဆးကုေပးေနေတာ့ နဲနဲၾကာသြားလို႔"

"ေဟာၾကည့္ ရွင္ ညာစားျပန္ၿပီ"
ႏွင္းဆီထပ္ရယ္မိျပန္ပါသည္

ဒီလိုနဲ႕ သြဲ႕အိမ္ကို သြားသည့္ပထမရက္ေလးက ေအာင္ျမင္သြားသည္ ႏွင္းဆီကလဲၾကည္ျဖဴသလို ဖြားဖြားကလဲအမရာ့ကိုခ်စ္သည္

(ေမာင္ အမွတ္ျပည့္ရမွာပါေနာ္)
ေန႕တိုင္းေဆးလာထည့္ေပး ပတ္တီးစီးေပးမည္ဟုဆိုကာ ေန႕တိုင္းထိုအိမ္ေလးကိုေျခဦးလွည့္ဖို႔ျပင္ထားသည္

ေျခေထာက္ျပန္ေကာင္းလွ်င္ အိမ္အလည္ေခၚမည္ဟုလဲ ကတိေပးထားရသည္
ခုေတာ့ မမနန္းဆီ အုန္းနို႔ေခါက္ဆြဲသြားစားရပါဦးမည္ ဗိုက္တင္းေနေပမဲ့ အမရာ့အတြက္ရည္႐ြယ္ကာခ်က္ထားသည္မို႔ မျဖစ္မေနသြားစားရပါမည္

"မမ"

"ေမာင္ေရာက္လာၿပီလား
လာ ခနနားဦး မမဟင္းရည္ျပန္ႏႊေးခိုင္းလိုက္မယ္"

အစာေၾကေဆး ႀကိဳစားထားသည္က နဲနဲအဆင္ေျပသြားသည္

"ဟုတ္ ေမာင္ စာဖတ္ခန္းခနသြားဦးမယ္ စာအုပ္ေလးေတြငွားဦးေနာ္"

"ေျပာစရာလိုလို႔လားေမာင္ရယ္
သြားသြား မမအဆင္သင့္ျဖစ္ရင္လာေခၚမယ္"

အမရာ နန္းရဲ႕စာဖတ္ခန္းထဲဝင္ကာ စာအုပ္မ်ားေမြႏွောက္သည္
အမရာလဲ ထိုသို႔ စာၾကည့္ခန္းေလးပိုင္ဆိုင္ခ်င္သည္
ေဆးနဲ႕ပတ္သတ္တဲ့စာအုပ္ေတြက ေစ်းႀကီးသည္
အမရာ ေမေမ့ကို အခက္အခဲမျဖစ္ေစခ်င္တာေၾကာင့္
စာအုပ္တိုင္းကို မဝယ္ျဖစ္ အေရးႀကီးေသာ စာအုပ္ဆိုမွ ဝယ္ျဖစ္သည္

~wow

အမရာ စာအုပ္ေတြျပည့္ေနတဲ့အခန္းေလးထဲက ေလကို တစ္ဝႀကီးရႉရွိုက္လိုက္ၿပီး

"အနံ႕ေလးကိုက ဆြဲမက္စရာအနံ႕ေလး
ဒီေန႕ ေကာင္းတာေတြပဲ ျဖစ္လာတာပဲ
မမအနားမွာေနရတယ္ အခု စာအုပ္ေတြနားေရာက္ေနျပန္ၿပီ"

အမရာ ဖတ္ခ်င္တဲ့ Medical နဲ႕ပတ္သတ္တဲ့စာအုပ္တခ်ိဳ႕ေ႐ြးလိုက္သည္ ၿပီးရင္ အိမ္မွာဖတ္ဖို႔ယူသြားရဦးမည္ေလ

"ေမာင္
ကေလးေရ စားလို႔ရၿပီ"

"ဟုတ္မမ လာၿပီ"

အမရာ ဗိုက္ေခ်ာင္ၿပီမို႔ ခ်က္ထားသည္မ်ားကို ၃ ၄ပြဲေလာက္ စားပစ္လိုက္သည္
အမရာစားသည္ကိုၾကည့္ၿပီး နန္းကေတာ့ ေပ်ာ္ေနသည္

"ေျဖးေျဖးစားပါ ေမာင္ရယ္"

"မမလက္ရာကရွယ္ပဲေလ
ေမာင္အရမ္းႀကိဳက္တာ သိလား"

"ဟုတ္ပါၿပီ ..
ေမာင္တို႔ final အဖြဲ႕ေတြ ဘာမွမလုပ္ၾကဘူးလား"

"လုပ္ေတာ့ လုပ္ေနၾကတာပဲ
ေမာင္ေသခ်ာမဆက္သြယ္ရေသးဘူး
ဟိုႏွစ္ေကာင္ကိုေတာ့ ဘာျဖစ္ျဖစ္ ဘာလုပ္လုပ္ ေမာင့္နာမည္ထည့္ထားလို႔ေျပာထားတယ္ "

"စာေတြ မျပတ္ေစနဲ႕ေနာ္ေမာင္
စာေမးပြဲက က်န္ေသးတယ္
ၿပီးေတာ့ တစ္သတ္လုံးေမ့ပစ္လို႔မရတဲ့စာေတြ"

"ဟုတ္ကဲ့ပါ ေမာင္ဂ႐ုစိုက္ပါ့မယ္
မမ ေမာင္ေလ ကားတစ္စီး ႏွစ္စီးေလာက္ေရာင္းလိုက္မလားလို႔
မမလို စာၾကည့္ခန္းေလးလုပ္ခ်င္တယ္ စာအုပ္ေတြဝယ္ခ်င္တယ္
ၿပီးေတာ့ ေက်ာင္းကအဖြဲ႕ေတြနဲ႕ သြားလာမယ္ဆိုရင္လဲ ေငြလိုဦးမယ္
ေမေမ့ကိုလဲ အားနာလို႔ေလ
အဲ့တာ ကားေတြ ေရာင္းလိုက္မလို႔
အိမ္မွာလဲကားေတြက ၄ စီးေတာင္ေလ
ေမာင္ေရာင္းလိုက္ရင္ ဝဏၰကို ေစာ္ကားရာေရာက္မလား"

"လြယ္လြယ္ေလးကိုကေလးရယ္
ဝဏၰကိုအရင္ေျပာျပလိုက္ေပါ့ ကေလးရဲ႕
သူလိုရင္လဲ သူျပန္ဝယ္မွာေပါ့"

"အဲ့လိုလဲရသားပဲေနာ္ ေမာင္သူနဲ႕ေတြ႕ၾကည့္လိုက္မယ္
အခုေတာ့ မမဆီကပဲ စာအုပ္ငွားဖတ္ဦးမယ္"

~~~~ ~~~~ ~~~~
Next day...

"ဝဏၰ ငါတိုင္ပင္စရာရွိလို႔ကြာ ဘယ္မွာလဲ ငါလာခဲ့မယ္"

"ငါ့ဆိုင္မွာပဲ လာခဲ့ေလကြာ
ငါဧည့္ခံပါ့မယ္"

အမရာ ဝဏၰဖြင့္ထားတဲ့ Bar ကိုဦးတည္သြားလိုက္သည္
အမရာ ဆိုင္ေရာက္ေတာ့ ဝဏၰေစာင့္ေနသည္

"ထိုင္ကြာ တစ္ခြက္ေလာက္ေတာ့ခ်သြားဦး "

"ေတာ္ၿပီကြ ငါ ကားေမာင္းရဦးမွာ သြားစရာေလးလဲရွိေသးလို႔
အေအးေလးပဲလုပ္ေပး အေၾကာ္ေလးတစ္ခုခုနဲ႕ေပါ့ကြာ"

ဝဏၰက waiter တစ္ေယာက္ကိုလက္ျပလိုက္သည္ ထိုလူငယ္ေရာက္လာေတာ့

"blueberry soda တစ္ခြက္ ပုဇြန္တန္ပူရာ အေကာင္လွလွေလးေတြေၾကာ္ေပးလို႔ ၿပီးေတာ့ အာလူးေခ်ာင္းေၾကာ္ေလး"

"ဟုတ္ကဲ့ ဆရာ"

waiter ေကာင္ေလး ထြက္သြားေတာ့ အမရာ့ဘက္လွည့္လာသည္

"ေျပာပါဦးကြ ဘာေတြတိုင္ပင္ဖို႔လဲ မင္းကတိုင္ပင္မယ္ဆိုေတာ့ ငါ့ကိုယ္ငါေတာင္အထင္ႀကီးသြားတာ"

"ငါ့ ေက်ာင္းအသုံးစရိတ္ေရာ ငါလိုတာေတြဝယ္ခ်င္ လုပ္ခ်င္တယ္ကြာ အဲ့တာ မင္းဆီကရထားတဲ့ကားေတြထဲက
ႏွစ္စီးေလာက္ ငါေရာင္းခ်င္တယ္ "

"ေဟာ ေမာင္ရာ မင္းကလဲ ငါကဘာမ်ားလဲလို႔
အဲ့တာေတြက ငါေက်ေက်နပ္နပ္ႀကီး ရႈံးထားတာေတြေလ
မင္းပိုင္တာေတြျဖစ္ေနၿပီကို မင္းစိတ္ႀကိဳက္လုပ္ပါကြ
ေနဦး ေရာင္းမယ္ဆိုရင္ေတာ့ ငါစပ္ေပးမယ္ကြ W ဆိုေတာ့ မင္းကိုေစ်းႏွိမ္ၾကလိမ့္မယ္ "

"ok ေက်းဇူး အဲ့တာဆို မင္းပဲကူညီေပးေတာ့
လိုအပ္တယ္ဆို ကားလာယူေနာ္"

"ရတယ္ ဝယ္လက္ရတာနဲ႕ ငါ့တပည့္ေတြလႊတ္လိုက္မယ္
မင္းသာ ေသာၾကာေန႕လာေနာ္
ငါမွာငယ္ငယ္ထဲက ၿပိဳင္ဘက္ဆိုလို႔ ငါနဲ႕အရည္အခ်င္းယွဥ္လို႔ရတဲ့မင္းပဲရွိတာ ငါလဲမင္းကို သံေယာဇဥ္ျဖစ္ေနၿပီ
မင္းကို နိုင္ဖူးတာဆိုလို႔ ေရကူးတာေလးပဲရွိတယ္
ဒါနဲ႕ တစ္ေခါက္ေလာက္ေတာ့ အရႈံးေပးဦးကြ"

"အဲ့တာေတာ့ မျဖစ္လို႔ပါကြာ"

~~ ဟားး ဟားး

အမရာနဲ႕ ဝဏၰတို႔ရဲ႕ရယ္သံေတြ ထိုဆိုင္ေလးထဲဖုံးလႊမ္းလို႔သြားသည္

ၿပိဳင္ဘက္ဆိုတဲ့ အတားအဆီးနဲ႕ ငယ္စဥ္ကတည္းက ယွဥ္ၿပိဳင္ခဲ့ေပမဲ့ အခ်င္းခ်င္းေတာ့ သံေယာဇဥ္ျဖစ္ေနၾကသည္

အမရာ ၿပိဳင္ခ်င္စိတ္နဲ႕နိုင္ေအာင္ၿပိဳင္ခဲ့ေပမဲ့ အခုလိုေငြရွာနိုင္လိမ့္မယ္ မေတြးမိခဲ့ေပ

"ငါျပန္ဦးမယ္ကြာ
ဝင္စရာေလးရွိေသးလို႔ "

"ေက်ာင္းပိတ္ထားတာကိုမင္းကလဲ ေအးေဆးေနပါဦး
ဘာလဲ မင္းရဲ႕မမနန္းဆီသြားမလို႔လား"

"မဟုတ္ရပါဘူးကြာ
ငါ့လူနာတစ္ေယာက္ရွိတယ္ကြ အနီးကပ္ျပဳစုရမွာ"

အမရာ ႏွင္းဆီကိုေျပာျခင္းသာ ေန႕တိုင္းေဆးလာစီးေပးမည္ဟု ေသခ်ာေျပာထားခဲ့သည္

"ေအးပါကြာ ဒါဆိုလဲ သြား
ေၾသာ္ ခနေလးေလေတာ့ေစာင့္ဦး
ငါ မင္းအတြက္ ပါဆယ္ေျပာထားေသးတယ္
ဒါေလးေတာ့ယူသြား ၿပိဳင္ေဖာ္ၿပိဳင္ဖက္ႀကီးမို႔ ေကြၽးတာကြ"

"လုပ္ၿပီ...ေအးပါကြာ ငါယူသြားပါ့မယ္"

တကယ္ကို စားစရာမ်ိဳးစုံကို ပါဆယ္ထည့္ေပးလိုက္သည္
"အမ်ားႀကီးပဲ ...
ေက်းဇူးပါကြာ ငါေသခ်ာစားပါ့မယ္"

အမရာ့အေတြးထဲေတာ့
(အိမ္က ညေနမွျပန္မွာဆိုေတာ့ မမတို႔အိမ္မွာပဲ စားလိုက္တာေပါ့)

ခ်စ္ရတဲ့ မႏွင္းဆီေလးေရ
အမရာေမာင္ေလး လာၿပီေနာ္

အမရာ့ကား ၿခံထဲဝင္လာေတာ့ ႏွင္းဆီရဲ႕ လက္တိုလက္ေတာင္းေလး စႏၵီက လာႀကိဳရွာသည္
အင္းေလ ႏွင္းဆီကိုလမ္းမေလွ်ာက္ဖို႔သူမကိုယ္တိုင္ ေျပာခဲ့သည္မို႔လား

"စႏၵီ မုန့္ထုတ္ေတြ ယူသြားေပးေနာ္"

"ဟုတ္ ဒါနဲ႕ မမက စႏၵီ့ နာမည္ဘယ္လိုသိတာလဲ"

"ေၾသာ္မေန႕က လာေတာ့ မမေခၚေနတာၾကားလိုက္လို႔ေလ"

စႏၵီက ထိုသို႔အတုံးေလးပါ ထို႔ေၾကာင့္လဲ ႏွင္းဆီေအာ္သမွ်ခံရသည္
အမရာ အိမ္ အထဲဝင္သြားေတာ့

"ဧည့္ခန္းထဲရွိေနတာပဲ
ဘယ္လိုလဲ ေျခေထာက္နာေသးလား
ညအိပ္တုန္းကေရာ ကိုက္ေသးလား
ေဆးေရာေသာက္လား"

"မမ ဘယ္ေမးခြန္းအရင္ေျဖရမလဲ ေမာင္ရယ္
သိပ္မနာေတာ့ဘူး ညကလဲ မကိုက္ဘူး
ေဆးကေသာက္တယ္ ဒါေပမဲ့ ဘဝင္မက်တာေလး တစ္ခုေတာ့ရွိတယ္ ေမာင္ေျပာတယ္ေလ ေဆးကခ်ိဳမွာဆို
အခုက် အကုန္ခါးေနေရာ"

အမရာ ေဆးအခါးေတြခ်ည္းတိုက္လို႔ ဘဝင္မက်သည္တဲ့ေလ
ထိုကေလးေပါက္စေလးကို ပိုပိုခ်စ္မိလာသည္

"မေန႕က ဦးေလးကိုမွာလိုက္ပါတယ္
ဦးေလးကရွာမေတြ႕လို႔ မဝယ္လာတာ
ဒီေန႕ေတာ့ ေမာင္ရေအာင္ဝယ္လာပါတယ္ေနာ္"
အမရာ ေဆးထုတ္ေလးကို မ ကာျပလိုက္သည္

"ဟင္ တကယ္လား ေဆးခ်ိဳခ်ိဳေလးက တကယ္ရွိတာေပါ့
ဒါနဲ႕ ေစာေစာက ဘာေတြဝယ္လာတာလဲ စႏၵီသယ္သြားတာ အမ်ားႀကီးေနာ္"

"ေမာင္ ဒီကိုမလာခင္သူငယ္ခ်င္းတစ္ေယာက္နဲ႕ေတြ႕ေနတာ
သူက Bar ဖြင့္ထားတာေလ အဲ့တာ သူ႕ဆီကအျပန္ မမတို႔ဆီလာမွာလို႔ေျပာေတာ့ အဲ့သူငယ္ခ်င္းက မမတို႔နဲ႕ အတူစားဖို႔တဲ့
မုန့္ေတြထည့္ေပးလိုက္တာ "

"အားနာစရာႀကီး .. ဒါနဲ႕ အဲ့လိုအမ်ားႀကီးေပးရေလာက္တဲ့ထိ ရင္းႏွီးတာလား ေယာက္်ားေလးလား မိန္းကေလးလား"

သူမ ဘာသေဘာနဲ႕ေမးလဲ မသိေပမဲ့ အမရာအမွန္တိုင္းသာေျဖလိုက္သည္

"ေယာက္်ားေလး"

သူမ မ်က္ႏွာတစ္ခ်က္ပ်က္သြားသည္ကို အမရာေတြ႕ျဖစ္ေအာင္ေတြ႕လိုက္ပါေသးသည္ အမရာ့အတြက္ေတာ့ ထိုသို႔အျပဳအမူေလးေတြက တန္ဖိုးရွိလွသည္ေလ

"ေၾသာ္...
ပိုးပန္းလို႔ေပးတာေတာ့မဟုတ္ဖူးမွတ္လား"

"သူကအဲ့လိုမဟုတ္ပါဘူး မမရဲ႕
ဟိုးငယ္ငယ္ေလးထဲက ေက်ာင္းတူတူတက္တာ
ငယ္သူငယ္ခ်င္းေပါ့"

သူမမ်က္ႏွာေလးက တမ်ိဳးေျပာင္းလဲသြားသည္

"အင္းပါ"

ထုံးစံအတိုင္း အမရာ ေအာက္ဆင္းထိုင္ရင္းပတ္တီးကို အေျခအေနၾကည့္လိုက္သည္

"ပတ္တီးက နည္းနည္းေတာ့ ေလ်ာ့သြားတယ္
အသစ္ထပ္စီးေပးမယ္ေနာ္"

ပတ္တီးကိုေျဖခ်လိဳက္ၿပီး လိမ္းေဆးလိမ္းေပးသည္
အမရာ့လက္ေခ်ာင္းေလးေတြနဲ႕ သူမေျခဖဝါးႏုႏုေလးကိုထိေနရသည္ကိုပင္ ေပ်ာ္႐ႊင္မႈလို႔ ခံစားေနရသည္

ခ်စ္သည္...
အမရာဆိုတဲ့ ေကာင္မေလးက ႏွင္းဆီဆိုတဲ့မိန္းမလွေလးကို ႏွလုံးသားရဲ႕ အနက္ရွိုင္းဆုံးေနရာကေန ခ်စ္ပါသည္
သူမရဲ႕ ေျခဖဝါးႏုႏုေလးက အစခ်စ္ပါသည္

အမရာ ေဆးလိမ္းေနစဥ္ သြဲ႕ကေရာက္လာသည္

"ဟင္ ေမာင္ေရာက္ေနတာလား
မမ မသိလိုက္ဘူး"

"သိပ္မၾကာေသးဘူး မမသြဲ႕"

"ေမာင္ ဘာစားထားလဲ ထမင္းစားခ်ိန္ေတာင္ေရာက္ေနၿပီ ခနေန မမတို႔ထမင္းစားမွာ တစ္ခါထဲတူတူစားၾကမယ္ေနာ္"

"ဟုတ္"

အမရာ ပတ္တီးေသခ်ာျပန္စီးေပးၿပီး

"ခနေလးေနာ္ ေမာင္လက္ေဆးလိုက္ဦးမယ္"

အမရာ အျမန္လက္ေဆးလိုက္ၿပီး ျပန္ထြက္လာေတာ့ ကားဆီကို တန္းတန္းသြားသည္

ကားထဲမွာ တစ္ခုခုက်န္ေနခဲ့သည္ေလ
က်န္ေနခဲ့သည့္အရာေလးကေတာ့...
ႏွင္းဆီပန္း နီနီေလးတစ္ပြင့္သာ

ေတာ္ေသးသည္ သတင္းစာေရစိုေလးနဲ႕ ကိုင္းကိုအုပ္ထားတာမို႔ ႏွင္းဆီပန္းေလးက ညွိုးမသြားခဲ့

အမရာ ႏွင္းဆီပြင့္ေလးကိုင္လာတာကို သူမျမင္သည္မို႔ အၿပဳံးနဲ႕စီးကာႀကိဳေနသည္

"ဒီေန႕ ႏွင္းဆီပန္းေလး မပန္ရေသးဘူးမွတ္လား"

အမရာက အလိုက္သိစြာပဲ လုပ္ေပးေနက်အတိုင္း ႏွင္းဆီပန္လို႔ရသည့္အေနအထားေလာက္ကို ခ်ိဳးေပးသည္
အမရာ ကိုယ္တိုင္ပန္ေပးမွာကို သိေနတဲ့ သူမက ဘယ္ဘက္နားအေပၚမွ ဆံႏြယ္ေလးမ်ားကို သပ္တင္ကာ သူမပန္းေလးပန္ဖို႔ အသင့္ျဖစ္ေနပါၿပီလို႔ ေျပာေနသည့္ႏွယ္ အသင့္အေနအထားနဲ႕ ေစာင့္ေနသည္

အမရာလဲ အဆင္သင့္ျဖစ္ေနတဲ့ ႏွင္းဆီပန္းေလးကို သူမဘယ္ဘက္နားေလးအထက္မွာ ပန္ဆင္ေပးလိုက္သည္

ပန္းပန္ေနခ်ိန္မွာ သူမႏႈတ္ခမ္းေလးကို ခိုးၾကည့္မိသည္
အမရာစိတ္တို႔ထိန္းမရ
ထိုႏႈတ္ခမ္းေလးကို စားသုံးခ်င္ေနသလို ဆာေလာင္ေနသလိုပင္

ဘာေတြေတာင့္တေနမိသလဲ အမရာသိသည္

လွသည္ လွသည္ မႏွင္းဆီ
ထိုေၾကာင့္ ခက္ပါသည္
အမရာ ပိုင္ဆိုင္ခ်င္သည္ ပိုင္ဆိုင္ခ်င္ပါသည္

Continue Reading

You'll Also Like

600K 32K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
745K 57.4K 35
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
1.3M 31.3K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
10.8M 250K 60
𝐅𝐫𝐨𝐦 𝐄𝐧𝐞𝐦𝐢𝐞𝐬 𝐭𝐨 𝐋𝐨𝐯𝐞𝐫𝐬 Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...