Unicode 🍊
''Min(မင်မ်)ရဲ့...ဆေးရုံနှစ်ပတ်လည်ပွဲကို အသေးကောင်လေး မလာဘူးလား"
ဝင်ပေါက်ကို တစ်မျှော်မျှော် တစ်ခေါ်ခေါ် ကြည့်ရင်း မြို့အုပ်မင်းဟာ Min(မင်မ်)ကို မေးနေလေသည်......
်"လာမှာပါ မြို့အုပ်မင်း ရယ်...Khaotungလေးက သူ့ရဲ့မိတ်ဆွေတစ်ယောက်နဲ့ အတူ လာမှာလေ..."
''ဘယ်သူနဲ့လာ......"
မေးခွန်းတောင် မဆုံးသေး ဝင်ပေါက်မှာ အမျိုးသမီးတစ်ဦး၏လက်ကို တွဲချိတ်လို့ဝင်လာတဲ့ အသေးကောင်လေးကြောင့် မြို့အုပ်မင်းတော့ နှလုံးရောဂါရပြီထင်ပါရဲ့.....
''မြို့အုပ်မင်း... အဆင်ပြေရဲ့လား"
ရင်ဘတ်ကို ဖိလို့ မောဟိုက်နေဟန်ရှိသည့် မြို့အုပ်မင်းကို အတွင်းသိအဆင်းသိ Pat(ပတ်ပ်)ကမေးလာတော့....
"ကျုပ်ကမြို့အုပ်မင်းပါ.... ဒီလောက်ကတော့ ဘာမှမဖြစ်ဘူး...ကျုပ်တော့ဖြင့်လေ အသေးကောင်လေးရဲ့ဘေးက အမျိုးသမီးကို အမြင်မကြည်ချင်ဘူး....''
မချစ်ဖူးသူကြီး သဝန်တိုနေပုံဟာ...ထိုနေရာမှာပင် လူထသတ်တော့မည့်အကြည့်နှင့်...........
"အော်..ညီမကို အစ်ကိုမိတ်ဆက်ပေးရဦးမယ်...ဒါက ဒီမြို့ရဲ့ မြို့အုပ်မင်းလေ...နာမည်က First Kanaphan Puitrakulတဲ့...."
''ဟုတ်ကဲ့.... တွေ့ရတာဝမ်းသာပါတယ် မြို့အုပ်မင်း.... ကျွန်မနာမည်က Pan Thitawinပါရှင့်''
အမျိုးသမီးတစ်ယောက်မှာရှိသင့်သည့် အလှအပတွေနှင့်ပြည့်စုံလွန်းတဲ့ ထိုအမျိုးသမီးဟာ..တလေးတစား မိတ်ဆက်လာပင်မဲ့...သူဟာ မြို့အုပ်မင်းရဲ့ မိတ်ဆွေမှ မဟုတ်ပဲ....
"ကျုပ်ကတော့ တွေ့ရတာ အင်မတန့် အင်မတန်ကို ဝမ်းနည်းပါတယ်..ဒီက Pan Thitawinခင်ဗျ"
ထိုအမျိုးသမီးကို လက်ဆွဲနှုတ်ဆက်ဖို့ရာလည်း အဆင်မပြေလှသည်မလို့...လက်ကိုပိုက်ထားရင်း မြို့အုပ်မင်းဟာ ခပ်တမ်းတမ်းပင် ပြောလိုက်သည်....
"အလိုလေးရှင်...ဘယ်လိုတောင် ရိုင်းစိုင်းရမ်းကားလိုက်တဲ့လူပါလိမ့်..ဟုတ်မှာပေါ့လေရှင်...နယ်ချဲ့လက်ပါးစေဆိုတော့လဲ...သူ့သခင်တွေလို ရိုင်းတာ မဆန်းပါဘူးလေ"
မြို့အုပ်မင်းကို ခွေးနှင့်ပင် နှိုင်းပြောနေသော်လည်း မြို့အုပ်မင်းဟာ ခပ်ဟဟသာ ရယ်တော့သည်...ဘယ်သူက ရိုင်းသလဲ အသေးကောင်လေးသာ တွေးကြည့်ပေတော့....
"ကျုပ်က ယဥ်ကျေးပါတယ်...ခင်ဗျားမလို့ကို ရိုင်းပြနေရတာ...ကျုပ် ယဥ်ကျေးပြူငှာတာကို မြင်ချင်ရင်တော့...အသေးကောင်လေးရဲ့အနားကို မကပ်နဲ့ပေါ့...အဲ့ဒီလိုဆို..ကျုပ်က ကန်တော့ပွဲတွေနဲ့ကို တန်းစီပြီးလာတောင်းပန်ဦးမယ် ရိုင်းပြမိတဲ့အတွက်..."
''အစ်ကို...ဒီမြို့အုပ်မင်းက တကယ်ပဲ...ဘာလဲ"
နားမလည်နိုင်သည့်အကြည့်တွေနှင့် ထိုမိန်းကလေးဟာ အသေးကောင်လေးကို မေးတော့..အသေးကောင်လေးဟာ စကားလမ်းကြောင်းလွှဲလို့ ထိုမိန်းကလေးနှင့် တခြားနေရာသို့ ထွက်သွားလေတော့သည်...
"ကျုပ်အသဲတွေတော့ ကွဲကုန်တော့မှာပဲ..အသေးကောင်လေးရယ်..."
လက်ထဲက ဝီစကီကို ခမ်ကြမ်းကြမ်းမော့သောက်လို့ မြို့အုပ်မင်းမှာ ခပ်တိုးတိုးရေရွတ်လိုက်သည်.......
အပါးတော်မြဲကြီးကတော့ ပုခုံးကို ပုတ်လို့ နှစ်သိမ့်ပေးပါရဲ့...နာတာက ဟော့ဒီ့ ရင်ဘတ်ထဲက နှလုံးသားလေး လေ သို့သော် ကုပေးနိုင်တာကလည်း အသေးကောင်လေး တစ်ယောက်ထဲရယ်...ကျုပ်မယ် နေရခက်လိုက်လေခြင်း အသေးကောင်လေးရယ်...
x x x x x x x x x x x x x x x x x
"ဒါဘာလုပ်တာလဲ..ကျွန်တော့်ရဲ့လက်ကို လွှတ်ပါ..မြို့အုပ်မင်း.... "
အခမ်းနားလုပ်နေသည့် နေရာနှင့်ခပ်လှမ်းလှမ်းမှာ ရှိသည့် အဆောက်အဦးတစ်ခု အနား မြို့အုပ်မင်းက ဆွဲခေါ်လာသည်မလို့...Khaotung စိတ်မရှည်စွာ အော်လိုက်တော့မှ...လက်ကို လွှတ်လာတဲ့ မြို့အုပ်မင်း...... မျက်လုံးတွေကလည်း ရဲတွတ်နေသည်.....။
ဘယ်လောက်တောင် သောက်စားထားပါလိမ့်.......
"ကျုပ်ကိုလေ..မရှိသည့်လူတစ်ယောက်လို ပစ်ပယ်ထားတာတော့ မလုပ်သင့်ဘူးမလားဟင်..အသေးကောင်လေးရယ်.."
အခမ်းနားမှာရှိသည့် လူအားလုံးဟာ မြို့အုပ်မင်းကို အလုအယက် အပြိုင်အဆိုင် လာပြောကြသော်ငြား...အသေးကောင်လေးဆိုတဲ့...
အသဲသက်ညှာလေးကတော့ တစ်ချက်တောင် ပြန်၍လှည့်မကြည့်ပဲ...လျစ်လျူရှု ထားသည်မလို့ စိတ်ဆိုးနေသည်နှင့်တူပါရဲ့......
"အိုဗျာ...ခင်ဗျားနဲ့ကျွန်တော် ထူးထူးထွေထွေပြောစရာ စကားမှမရှိပဲနဲ့...ဒါကြောင့်မလို့ပါဗျာ....."
အနည်းငယ်နီရဲသွားသည့် လက်ကောက်ဝတ်ကလေးကို ပွတ်သတ်လို့ အသေးကောင်လေးက ပြောသည်.....
"ကျုပ်က အသေးကောင်လေးလာမယ်လို့ ပြောလို့...ဒီပွဲကိုလာတက်တာ...ကျုပ်ကလေ နာရေးသာ မသာရှင်သွားလုပ်ရင်လုပ်မယ်...သွားကူရင်သွားကူမယ်...ဒီလို သာရေး ကိစ္စတွေမှာဆို..တော်ရုံလာတာမဟုတ်ဘူးအသေးကောင်လေးရဲ့...ကျုပ်ကလေ မအားတဲ့ကြားထဲက အသေးကောင်လေးဆိုသည့် နာမလေး တစ်ခုကြောင့် ကျုပ်ကအားလုံးကို ပစ်ထားပြီးတော့ကို လာခဲ့တာတော့..သိစေချင်ပါတယ်.........
ဒါပေမဲ့လေ အသေးကောင်လေးကတော့ အဲ့လိုမဟုတ်ပါဘူး..ဟိုမြို့ကလာတဲ့ အမျိုးသမီးကိုသာ အလေးပေးနေတာ...ကျုပ်ကို နည်းနည်းကလေးမှကို အသေးကောင်လေးက မချစ်ဘူးထင်ပါရဲ့ဗျာ...အချစ်ဦးဖြစ်တဲ့အသေးကောင်လေးက ချစ်ရကျိုးမနပ်လိုက်တာ.....
ကျုပ်ပြန်မယ် အသေးကောင်လေး...နှုတ်ဆက်ချင်လွန်းလို့သာ အသေးကောင်လေးကို အခုလိုဆွဲခေါ်လာတာ...ဟို အမျိုးသမီး ပြောသလို ကျုပ်က ရိုင်းရင်ရိုင်းမယ် အသေးကောင်လေးရဲ့...ဒါပေမဲ့ ကျုပ်က အဲ့ဒီ့ အမျိုးသမီး အသေးကောင်လေး ရဲ့အပေါ်ကို ချစ်နိုင်တာထက် ပိုချစ်တယ်....."
လှည့်မကြည့်တမ်း ထွက်သွား တဲ့...မြို့အုပ်မင်းကို တားချိန်တောင် မရလိုက်....မြို့အုပ်မင်းဟာလေ..တကယ်မသိရှာပါဘူး..Khaotung ရင်ထဲမှာ ဘယ်သူရှိတယ်ဆိုတာ.......
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
''မြို့အုပ်မင်း... မြို့အုပ်မင်းလို့..."
ဈေးတန်းမှာ ေဈးသည်တွေနဲ့ စကားလက်ဆုံကြနေတဲ့ မြို့အုပ်မင်း ခမျာ အသေးကောင်လေးရဲ့ ခေါ်သံကြားတာနှင့်..စကားလက်စကိုဖြတ်လို့ ခြေလှမ်းခပ်သွက်သွက်နဲ့ ပြေးလေတော့သည်။
"ဟို ကောင်လေးက လိုက်လာတယ်နော်... မြို့အုပ်မင်း... "
''ကျုပ်မှာ သူ့ကိုရင်ဆိုင်ဖို့ အားမရှိဘူး...အိုက်Pat(ပတ်ပ်)ရယ်....သူ့ကို မြင်ရင်ကျုပ်ရင်တွေခုန်တယ်...ဒီမနူးမနပ်စိတ်တွေကို ကျုပ်အနိုင်မယူနိုင်သေးဘူး... ဒါပေမဲ့ ရည်ရွယ်သူရှိပြီးသား ကောင်လေးတစ်ယောက်ကိုလည်း... ကျုပ်မမျှော်မှန်းချင်ဘူး... အဲ့ဒီ့တော့ ကျုပ်က အသေးကောင်လေးနဲ့ မပတ်သတ်ပဲ ခပ်ဝေးဝေးနေတာပဲ ကောင်းတယ် မဟုတ်လား။ "
"ကျွန်တော် ခေါ်နေတယ်လေ..မြို့အုပ်မင်း.. ရပ်လိုက်ပါ"
ခပ်ဝေးဝေးနေပါ့မယ် မပတ်သတ်ချင်တော့ဘူးဆိုသူက အသေးကောင်လေး ရပ်ခိုင်းလိုက်တာနဲ့...တုံ့ခနဲ ခြေလှမ်းတို့ဟာ ရပ်တန့်ကုန်သည်....ေနာက်ကနေလိုက်လာတဲ့ အသေးကောင်လေးရဲ့ ဆွဲငင်အားကို မြို့အုပ်မင်း ရဲ့ ခြေထောက်တွေက မလွန်ဆန်နိုင်တော့ဘူး ထင်ပါရဲ့ကွယ်......
''ဘာများပြောစရာရှိလို့လဲ အသေးကောင်လေး...ထွေထွေထူးထူး မဟုတ်ရင် ကျုပ်အလုပ်ရှိလို့ သွားလိုက်ပါဦးမယ်...."
တစ်ချိန်လုံး ဘာမှမပြောပဲ ဆိုက်ကြည့်နေတဲ့ အသေးကောင်လေးကို မြို့အုပ်မင်း ကပြောလိုက်တော့ မြို့အုပ်မင်းလက်ကိုဆွဲလို့.....
"အစ်ကိုPat(ပတ်ပ်)ရယ်...ဒီနေ့တော့ ကျွန်တော် မြို့အုပ်မင်းကို တစ်နေရာခေါ်သွားမှာမလို့..သူ့အလုပ်တွေကို ကိုယ်စားလုပ်ပေးနိုင်သလောက် လုပ်ပေးထားပါ...ကျွန်တော် ့ရဲ့အစ်မမျက်နှာကိုထောက်ပြီး တော့ပဲ ဖြစ်ဖြစ် ကျွန်တော့်ကို ကူညီပေးပါ...."
× × × × × × × × × × × × × × × × × × × × × × × × ×
Chapter-10 The End
အရင်ရက်တွေက မအပ်မိလို့တောင်းပန်ပါတယ် ပေါင်ပေ့တို့ရေ 🖤
𝓚𝓲𝓶 𝓛𝔀𝓲𝓷𝓷𝓲𝓮 🐭🌴
\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\
Zawgyi 🍊
"Min(မင္မ္)ရဲ႕...ေဆး႐ုံႏွစ္ပတ္လည္ပြဲကို အေသးေကာင္ေလး မလာဘူးလား"
ဝင္ေပါက္ကို တစ္ေမွ်ာ္ေမွ်ာ္ တစ္ေခၚေခၚ ၾကည့္ရင္း ၿမိဳ႕အုပ္မင္းဟာ Min(မင္မ္)ကို ေမးေနေလသည္......
္"လာမွာပါ ၿမိဳ႕အုပ္မင္း ရယ္...Khaotungေလးက သူ႕ရဲ႕မိတ္ေဆြတစ္ေယာက္နဲ႕ အတူ လာမွာေလ..."
''ဘယ္သူနဲ႕လာ......"
ေမးခြန္းေတာင္ မဆုံးေသး ဝင္ေပါက္မွာ အမ်ိဳးသမီးတစ္ဦး၏လက္ကို တြဲခ်ိတ္လို႔ဝင္လာတဲ့ အေသးေကာင္ေလးေၾကာင့္ ၿမိဳ႕အုပ္မင္းေတာ့ ႏွလုံးေရာဂါရၿပီထင္ပါရဲ႕.....
''ၿမိဳ႕အုပ္မင္း... အဆင္ေျပရဲ႕လား"
ရင္ဘတ္ကို ဖိလို႔ ေမာဟိုက္ေနဟန္ရွိသည့္ ၿမိဳ႕အုပ္မင္းကို အတြင္းသိအဆင္းသိ Pat(ပတ္ပ္)ကေမးလာေတာ့....
"က်ဳပ္ကၿမိဳ႕အုပ္မင္းပါ.... ဒီေလာက္ကေတာ့ ဘာမွမျဖစ္ဘူး...က်ဳပ္ေတာ့ျဖင့္ေလ အေသးေကာင္ေလးရဲ႕ေဘးက အမ်ိဳးသမီးကို အျမင္မၾကည္ခ်င္ဘူး....''
မခ်စ္ဖူးသူႀကီး သဝန္တိုေနပုံဟာ...ထိုေနရာမွာပင္ လူထသတ္ေတာ့မည့္အၾကည့္ႏွင့္...........
"ေအာ္..ညီမကို အစ္ကိုမိတ္ဆက္ေပးရဦးမယ္...ဒါက ဒီၿမိဳ႕ရဲ႕ ၿမိဳ႕အုပ္မင္းေလ...နာမည္က First Kanaphan Puitrakulတဲ့...."
''ဟုတ္ကဲ့.... ေတြ႕ရတာဝမ္းသာပါတယ္ ၿမိဳ႕အုပ္မင္း.... ကြၽန္မနာမည္က Pan Thitawinပါရွင့္''
အမ်ိဳးသမီးတစ္ေယာက္မွာရွိသင့္သည့္ အလွအပေတြႏွင့္ျပည့္စုံလြန္းတဲ့ ထိုအမ်ိဳးသမီးဟာ..တေလးတစား မိတ္ဆက္လာပင္မဲ့...သူဟာ ၿမိဳ႕အုပ္မင္းရဲ႕ မိတ္ေဆြမွ မဟုတ္ပဲ....
"က်ဳပ္ကေတာ့ ေတြ႕ရတာ အင္မတန့္ အင္မတန္ကို ဝမ္းနည္းပါတယ္..ဒီက Pan Thitawinခင္ဗ်"
ထိုအမ်ိဳးသမီးကို လက္ဆြဲႏႈတ္ဆက္ဖို႔ရာလည္း အဆင္မေျပလွသည္မလို႔...လက္ကိုပိုက္ထားရင္း ၿမိဳ႕အုပ္မင္းဟာ ခပ္တမ္းတမ္းပင္ ေျပာလိုက္သည္....
"အလိုေလးရွင္...ဘယ္လိုေတာင္ ရိုင္းစိုင္းရမ္းကားလိုက္တဲ့လူပါလိမ့္..ဟုတ္မွာေပါ့ေလရွင္...နယ္ခ်ဲ့လက္ပါးေစဆိုေတာ့လဲ...သူ႕သခင္ေတြလို ရိုင္းတာ မဆန္းပါဘူးေလ"
ၿမိဳ႕အုပ္မင္းကို ေခြးႏွင့္ပင္ ႏွိုင္းေျပာေနေသာ္လည္း ၿမိဳ႕အုပ္မင္းဟာ ခပ္ဟဟသာ ရယ္ေတာ့သည္...ဘယ္သူက ရိုင္းသလဲ အေသးေကာင္ေလးသာ ေတြးၾကည့္ေပေတာ့....
"က်ဳပ္က ယဥ္ေက်းပါတယ္...ခင္ဗ်ားမလို႔ကို ရိုင္းျပေနရတာ...က်ဳပ္ ယဥ္ေက်းျပဴငွာတာကို ျမင္ခ်င္ရင္ေတာ့...အေသးေကာင္ေလးရဲ႕အနားကို မကပ္နဲ႕ေပါ့...အဲ့ဒီလိုဆို..က်ဳပ္က ကန္ေတာ့ပြဲေတြနဲ႕ကို တန္းစီၿပီးလာေတာင္းပန္ဦးမယ္ ရိုင္းျပမိတဲ့အတြက္..."
''အစ္ကို...ဒီၿမိဳ႕အုပ္မင္းက တကယ္ပဲ...ဘာလဲ"
နားမလည္နိုင္သည့္အၾကည့္ေတြႏွင့္ ထိုမိန္းကေလးဟာ အေသးေကာင္ေလးကို ေမးေတာ့..အေသးေကာင္ေလးဟာ စကားလမ္းေၾကာင္းလႊဲလို႔ ထိုမိန္းကေလးႏွင့္ တျခားေနရာသို႔ ထြက္သြားေလေတာ့သည္...
"က်ဳပ္အသဲေတြေတာ့ ကြဲကုန္ေတာ့မွာပဲ..အေသးေကာင္ေလးရယ္..."
လက္ထဲက ဝီစကီကို ခမ္ၾကမ္းၾကမ္းေမာ့ေသာက္လို႔ ၿမိဳ႕အုပ္မင္းမွာ ခပ္တိုးတိုးေရ႐ြတ္လိုက္သည္.......
အပါးေတာ္ၿမဲႀကီးကေတာ့ ပုခုံးကို ပုတ္လို႔ ႏွစ္သိမ့္ေပးပါရဲ႕...နာတာက ေဟာ့ဒီ့ ရင္ဘတ္ထဲက ႏွလုံးသားေလး ေလ သို႔ေသာ္ ကုေပးနိုင္တာကလည္း အေသးေကာင္ေလး တစ္ေယာက္ထဲရယ္...က်ဳပ္မယ္ ေနရခက္လိုက္ေလျခင္း အေသးေကာင္ေလးရယ္...
x x x x x x x x x x x x x x x x x
"ဒါဘာလုပ္တာလဲ..ကြၽန္ေတာ့္ရဲ႕လက္ကို လႊတ္ပါ..ၿမိဳ႕အုပ္မင္း.... "
အခမ္းနားလုပ္ေနသည့္ ေနရာႏွင့္ခပ္လွမ္းလွမ္းမွာ ရွိသည့္ အေဆာက္အဦးတစ္ခု အနား ၿမိဳ႕အုပ္မင္းက ဆြဲေခၚလာသည္မလို႔...Khaotung စိတ္မရွည္စြာ ေအာ္လိုက္ေတာ့မွ...လက္ကို လႊတ္လာတဲ့ ၿမိဳ႕အုပ္မင္း...... မ်က္လုံးေတြကလည္း ရဲတြတ္ေနသည္.....။
ဘယ္ေလာက္ေတာင္ ေသာက္စားထားပါလိမ့္.......
"က်ဳပ္ကိုေလ..မရွိသည့္လူတစ္ေယာက္လို ပစ္ပယ္ထားတာေတာ့ မလုပ္သင့္ဘူးမလားဟင္..အေသးေကာင္ေလးရယ္.."
အခမ္းနားမွာရွိသည့္ လူအားလုံးဟာ ၿမိဳ႕အုပ္မင္းကို အလုအယက္ အၿပိဳင္အဆိုင္ လာေျပာၾကေသာ္ျငား...အေသးေကာင္ေလးဆိုတဲ့...
အသဲသက္ညွာေလးကေတာ့ တစ္ခ်က္ေတာင္ ျပန္၍လွည့္မၾကည့္ပဲ...လ်စ္လ်ဴရႈ ထားသည္မလို႔ စိတ္ဆိုးေနသည္ႏွင့္တူပါရဲ႕......
"အိုဗ်ာ...ခင္ဗ်ားနဲ႕ကြၽန္ေတာ္ ထူးထူးေထြေထြေျပာစရာ စကားမွမရွိပဲနဲ႕...ဒါေၾကာင့္မလို႔ပါဗ်ာ....."
အနည္းငယ္နီရဲသြားသည့္ လက္ေကာက္ဝတ္ကေလးကို ပြတ္သတ္လို႔ အေသးေကာင္ေလးက ေျပာသည္.....
"က်ဳပ္က အေသးေကာင္ေလးလာမယ္လို႔ ေျပာလို႔...ဒီပြဲကိုလာတက္တာ...က်ဳပ္ကေလ နာေရးသာ မသာရွင္သြားလုပ္ရင္လုပ္မယ္...သြားကူရင္သြားကူမယ္...ဒီလို သာေရး ကိစၥေတြမွာဆို..ေတာ္႐ုံလာတာမဟုတ္ဘူးအေသးေကာင္ေလးရဲ႕...က်ဳပ္ကေလ မအားတဲ့ၾကားထဲက အေသးေကာင္ေလးဆိုသည့္ နာမေလး တစ္ခုေၾကာင့္ က်ဳပ္ကအားလုံးကို ပစ္ထားၿပီးေတာ့ကို လာခဲ့တာေတာ့..သိေစခ်င္ပါတယ္.........
ဒါေပမဲ့ေလ အေသးေကာင္ေလးကေတာ့ အဲ့လိုမဟုတ္ပါဘူး..ဟိုၿမိဳ႕ကလာတဲ့ အမ်ိဳးသမီးကိုသာ အေလးေပးေနတာ...က်ဳပ္ကို နည္းနည္းကေလးမွကို အေသးေကာင္ေလးက မခ်စ္ဘူးထင္ပါရဲ႕ဗ်ာ...အခ်စ္ဦးျဖစ္တဲ့အေသးေကာင္ေလးက ခ်စ္ရက်ိဳးမနပ္လိုက္တာ.....
က်ဳပ္ျပန္မယ္ အေသးေကာင္ေလး...ႏႈတ္ဆက္ခ်င္လြန္းလို႔သာ အေသးေကာင္ေလးကို အခုလိုဆြဲေခၚလာတာ...ဟို အမ်ိဳးသမီး ေျပာသလို က်ဳပ္က ရိုင္းရင္ရိုင္းမယ္ အေသးေကာင္ေလးရဲ႕...ဒါေပမဲ့ က်ဳပ္က အဲ့ဒီ့ အမ်ိဳးသမီး အေသးေကာင္ေလး ရဲ႕အေပၚကို ခ်စ္နိုင္တာထက္ ပိုခ်စ္တယ္....."
လွည့္မၾကည့္တမ္း ထြက္သြား တဲ့...ၿမိဳ႕အုပ္မင္းကို တားခ်ိန္ေတာင္ မရလိုက္....ၿမိဳ႕အုပ္မင္းဟာေလ..တကယ္မသိရွာပါဘူး..Khaotung ရင္ထဲမွာ ဘယ္သူရွိတယ္ဆိုတာ.......
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
''ၿမိဳ႕အုပ္မင္း... ၿမိဳ႕အုပ္မင္းလို႔..."
ေဈးတန္းမွာ ေဈးသည်တွေနဲ့ စကားလက္ဆုံၾကေနတဲ့ ၿမိဳ႕အုပ္မင္း ခမ်ာ အေသးေကာင္ေလးရဲ႕ ေခၚသံၾကားတာႏွင့္..စကားလက္စကိုျဖတ္လို႔ ေျခလွမ္းခပ္သြက္သြက္နဲ႕ ေျပးေလေတာ့သည္။
"ဟို ေကာင္ေလးက လိုက္လာတယ္ေနာ္... ၿမိဳ႕အုပ္မင္း... "
''က်ဳပ္မွာ သူ႕ကိုရင္ဆိုင္ဖို႔ အားမရွိဘူး...အိုက္Pat(ပတ္ပ္)ရယ္....သူ႕ကို ျမင္ရင္က်ဳပ္ရင္ေတြခုန္တယ္...ဒီမႏူးမနပ္စိတ္ေတြကို က်ဳပ္အနိုင္မယူနိုင္ေသးဘူး... ဒါေပမဲ့ ရည္႐ြယ္သူရွိၿပီးသား ေကာင္ေလးတစ္ေယာက္ကိုလည္း... က်ဳပ္မေမွ်ာ္မွန္းခ်င္ဘူး... အဲ့ဒီ့ေတာ့ က်ဳပ္က အေသးေကာင္ေလးနဲ႕ မပတ္သတ္ပဲ ခပ္ေဝးေဝးေနတာပဲ ေကာင္းတယ္ မဟုတ္လား။ "
"ကြၽန္ေတာ္ ေခၚေနတယ္ေလ..ၿမိဳ႕အုပ္မင္း.. ရပ္လိုက္ပါ"
ခပ္ေဝးေဝးေနပါ့မယ္ မပတ္သတ္ခ်င္ေတာ့ဘူးဆိုသူက အေသးေကာင္ေလး ရပ္ခိုင္းလိုက္တာနဲ႕...တုံ႕ခနဲ ေျခလွမ္းတို႔ဟာ ရပ္တန့္ကုန္သည္....ေနာက်ကနေလိုက်လာတဲ့ အေသးေကာင္ေလးရဲ႕ ဆြဲငင္အားကို ၿမိဳ႕အုပ္မင္း ရဲ႕ ေျခေထာက္ေတြက မလြန္ဆန္နိုင္ေတာ့ဘူး ထင္ပါရဲ႕ကြယ္......
''ဘာမ်ားေျပာစရာရွိလို႔လဲ အေသးေကာင္ေလး...ေထြေထြထူးထူး မဟုတ္ရင္ က်ဳပ္အလုပ္ရွိလို႔ သြားလိုက္ပါဦးမယ္...."
တစ္ခ်ိန္လုံး ဘာမွမေျပာပဲ ဆိုက္ၾကည့္ေနတဲ့ အေသးေကာင္ေလးကို ၿမိဳ႕အုပ္မင္း ကေျပာလိုက္ေတာ့ ၿမိဳ႕အုပ္မင္းလက္ကိုဆြဲလို႔.....
"အစ္ကိုPat(ပတ္ပ္)ရယ္...ဒီေန႕ေတာ့ ကြၽန္ေတာ္ ၿမိဳ႕အုပ္မင္းကို တစ္ေနရာေခၚသြားမွာမလို႔..သူ႕အလုပ္ေတြကို ကိုယ္စားလုပ္ေပးနိုင္သေလာက္ လုပ္ေပးထားပါ...ကြၽန္ေတာ္ ့ရဲ႕အစ္မမ်က္ႏွာကိုေထာက္ၿပီး ေတာ့ပဲ ျဖစ္ျဖစ္ ကြၽန္ေတာ့္ကို ကူညီေပးပါ...."
\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\
Chapter-10 The End
အရင္ရက္ေတြက မအပ္မိလို႔ေတာင္းပန္ပါတယ္ ေပါင္ေပ့တို႔ေရ 🖤
𝓚𝓲𝓶 𝓛𝔀𝓲𝓷𝓷𝓲𝓮 🐭🌴
\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\