"မင်းသားလေး အရမ်းမပြေးပါနဲ့
ကျွန်တော်မျိုးတို့လည်း မောလှပါပြီ"
"မောရင်မလိုက်နဲ့ပေါ့"
ဂျိုဆွန်းမင်းဆက်
လက်ထက်ခန့်လောက်ကဖြစ်မည်၊
အသက်နှစ်ဆယ်ပြည့်ခါစအရွယ်
မင်းသားငယ်လေးတစ်ဦး
အခြွေအရံတွေ
လိုက်ဖမ်း၍မမှီနိုင်အောင်ပင်
လွတ်လပ်စွာ ပြေးလွှားဆော့ကစားနေစဲ
ဥယျာဉ်တော်ထဲ
အတန်ကြာပြေးပြီးသောအခါဝယ်...၊
"ကိုင်း ငါကိုယ်တော် မောသွားပြီ
ရေတော်ဆက်သ,စေ"
မင်းသားလေးက
အေးမြသည်ကို ပို၍နှစ်ခြိုက်ကြောင်းသိသဖြင့်
ယနေ့မနက်
ဥယျာဉ်တော်သွားခါနီးကတည်းက
စိမ့်အိုးထဲမှရေကို
ဝါးကျည်တောက်ထဲထည့်ကာ
တစ်ပါတည်း ယူလာခဲ့လိုက်သည်။
ထိုဝါးကျည်တောက်ထဲမှ ရေကို
ကြွေဖန်ခွက်ကလေးထဲတဆင့် ငှဲ့ပေးလိုက်၏။
"အသင့်ရှိကြောင်းပါ မင်းသားလေး"
"ခစ် ခစ်..."
အလိုက်သိလွန်းသော
ကိုယ်ရံတော်ကင်မ်တစ်ဖြစ် ယောင်း ကို
တစ်ချက်ကြည့်ကာ
သူ့အတွေးနှင့်သူ သဘောကျလျက်
ချစ်စဖွယ် တခစ်ခစ်ရီနေပြန်သည်။
ကိုယ်ရံတော်ကင်မ်လည်း ပြုံးကြည့်နေလျက်..။
ထိုစဉ်
"မင်းသားလေး..
ခမည်းတော်အရှင်မင်းကြီးက
အခေါ်တော်လွှတ်လိုက်ကြောင်းပါ"
(နေ့လယ်ဘက် မခေါ်စဖူး..)
"ကောင်းပြီ များမကြာမီရောက်မည်ဟု
လျှောက်တင်တော်မူ၊
မောင်မင်းတို့အလုံးစုံ ပြန်ကြနှင့် "
"မှန်လှပါ မင်းသားလေး"
ကိုယ်ရံတော်ကင်မ်ကလွဲလို့
ဖခမည်းတော်စေလိုက်သော
အခေါ်တော်များနှင့်
ရှိရင်းစွဲအခြွေအရံများအလုံးစုံ
ပြန်လွှတ်လိုက်လေသည်။
မျက်စိနောက်လွန်း၍.....
"ယောင်း သွားကြမယ်"
"မှန်လှပါ မင်းသား
ကျွန်တော်မျိုး ဒီအရာတွေ
သိမ်းဆည်းခဲ့လိုက်ပါ့မယ်"
"အရမ်းကြီးယဉ်ကျေး
ပြောဖို့မလိုပါဘူး ယောင်း၊
ငါတို့က ငယ်ပေါင်းမိတ်ဆွေတွေပဲလေ၊
အသက်လည်း အလွန်ကွာတာမှမဟုတ်တာ"
မင်းသားလေးက
ထိုသို့ဆိုကာ
မျက်လုံးလေးတွေမှိတ်သည်အထိ
နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြ၏။
"မှန်လှ အဲ.... ကောင်းပါ...ပြီ မင်"
ယောင်းလည်း အလိုလိုပြုံးမိလျက်
မင်းသားလေးအလိုကျပြောလိုက်ကာ
အတိတ်အဖြစ်အပျက်အချို့
ပြန်တွေးမိ၏...၊
~~~~~~~~~~~~~~
ငယ်ရွယ်မှုတို့ဖူးပွင့်ကာစ,အချိန်ဝယ်...
"မယ်မယ် သားတော်မသွားပါရစေနဲ့"
"ချစ်ရတဲ့သားတော်
မယ်မယ့်အပြောကို နာခံပေးပါ..၊
ခမည်းတော်လည်း
ကောင်းကင်ဘုံနန်းကနေ
သားတော်ကို စောင့်ရှောက်ပေးမှာပါ"
ရှေးခေတ်စစ်ရှုံး,တိုင်းပြည်အချို့တို့
ကြုံလေ့ရှိသည့်အတိုင်း
စစ်နိုင်,တိုင်းပြည်၏
ခေါင်းဆောင်မှုနောက်သို့
လိုက်ပါရတော့မည့်အခြေအနေဖြင့်
ကြုံတွေ့နေရသည့်
စစ်ရှုံး,တိုင်းပြည်မှ
နန်းတွင်းတော်ဝင်မိသားစုတစ်ခုရဲ့
ဝမ်းနည်းဖွယ် ခွဲခွာခြင်းဖြစ်လေသည်...။
"မယ်မယ်လည်း တစ်ပါတည်းလိုက်ခဲ့ပါနော်"
"မယ်မယ်နာမကျန်းတာလည်း
သားတော်သိရက်နဲ့...၊
မယ်မယ်တို့နန်းဆောင်လည်း
အခါမရွေး ဘေးဆိုက်ရောက်နိုင်တာမို့
တစ်ဘက်တိုင်းပြည်ကို
ကုန်သည်ကြီးဝူနဲ့ အကြိုလိုက်သွားပါ၊
နာခံပါ သားတော်"
မိခင်ဖြစ်သူက ထိုသို့ဆိုကာ
မျက်လွှာလေးများချလျက်
မှိန်းနေလေ၏....။
"မင်းသား...၊
အချိန်မဆိုင်းငံ့လင့်ကြောင်းပါ
ရေယာဉ်တော်အသင့်
ဆိုက်ရောက်လျက်ရှိကြောင်းပါ"
"ဟင့်အင်းး!
မယ်မယ်......!!!"
~~~~~~~~~~~~~~
"မင်းသားလေး အလိုကျ
သမုတ် (အမည်-ခေါ်) တော်မူပါ...."
တစ်ဖက်တိုင်းပြည်သို့ခရီးနှင်ရာ
ရေယာဉ်ပေါ်တွင်ဖြစ်သည်။
"ဦးရီးတော်ဝူဟု သမုတ်မယ်၊
အကျွန်ုပ်ကမင်းသားလေးမဟုတ်တော့ပြီမို့...."
တစ်ခဏမျှစဉ်းစားဟန်ပြုလျက်
ခပ်ရေးရေးပြုံးကာ
"တူတော် ဖြစ်ခွင့်ပြုပါ"
"ကောင်းလှပါပြီ မင်းသား...."
မင်းသားလေးကင်မ်မှာ
သက်တော် ဆယ့်သုံးနှစ်မျှသာ
ရှိပေအုံးမည်၊
သို့သော် အရွယ်နှင့်မလိုက်ခဲ့သော
အတွေ့အကြုံတို့ကြောင့်
အချို့အတွေးအခေါ်တို့မှာ ပါးနပ်ကာ
အတော်အတန်ရင့်ကျက်ပြီး ဖြစ်လေသည်။
နှစ်ညတာခရီးအဆုံးတွင်တော့
တစ်ဘက်တိုင်းပြည်သို့
ရေယာဉ်ဆိုက်ရောက်လေရာ
ကုန်သည်ကြီးဝူနှင့်
မင်းသားလေးကင်မ်တို့နှစ်ယောက်
ဦးရီးတော်နှင့်တူတော်
အသွင်ဆောင်ကာ
နယ်မြေစိမ်း ဒေသစိမ်းတွင်
အခြေချရပေတော့မည်..။
ဦးစွာ
စားနှပ်ရိက္ခာနှင့် အခြားလိုအပ်သည်များ
ဝယ်ယူစုဆောင်းရန်
ဈေးအတွင်းပိုင်းတစ်နေရာသို့....
~~~~~~~~~~~~~~
"မင်းသားလေး
ဆောင်ကြာမြိုင်ကိုလည်း ကြွခဲ့ပါအုံး
အသစ်အသစ်သော သေရည်တွေ
မနေ့ကပဲ ရောက်တာမို့
မင်းသားလေး မြည်းစမ်းကြည့်ဖို့ရာ
သင့်လျော်လှပါတယ်"
အလွန်အမင်း လူစည်ကားလှသော
ဈေးကြီးအတွင်း
ဆယ့်သုံးနှစ်အရွယ် မင်းသားလေးနှင့်
သူ၏ကိုယ်ရံတော်တို့
ထုံးစံအတိုင်း
ဘေးချင်းကပ်ဆိုင်နှစ်ဆိုင်ကို
တစ်ယောက်တစ်မျိုး
စိတ်ကြိုက်ဝင်ရွေးနေကာ
"ယွီ တိုးတိုးပြောစမ်း
ကိုယ်ရံတော်ဝမ် ကြားသွားမှဖြင့်"
ယွီ ဆိုတာ
သူ,ခိုးခိုးသွားနေကျ
ဆောင်ကြာမြိုင်ရဲ့
အကြီးအကဲတွေထဲကတစ်ယောက်၊
တစ်နည်းအားဖြင့်
ဆောင်ကြာမြိုင် ပိုင်ရှင့်ညီမ
သူတို့ညီအစ်မနှစ်ဦးမှာ
အသက်သုံးဆယ်ဝန်းကျင်လောက်ရှိကာ
စီးပွားရေးလည်း အလွန်သောင်းကြမ်းလွန်း၏။
အစ်မက ဆောင်ကြာမြိုင်ပိုင်ရှင်...၊
ညီမ,ဖြစ်သူကျတော့
နေ့ဘက် ဈေးရောင်း,ရသည့် အသပြာနှင့်
နယ်ခြားရပ်ခြားမှ
သေရည်အစုံအလင်ကို
ဖောက်သည်တွေအား
စုဆောင်းရောင်းချတတ်သေးသည်။
ထိုဖောက်သည်များထဲတွင်တော့
မင်းသားလေးဂျီမင် ထိပ်ဆုံး....
"ဒီလိုဆိုရင်ကော မင်းသားလေး?"
ယွီက ဈေးရောင်းနေရာမှ ရုတ်တရက်
မင်းသားလေးဘက် မသိမသာတိုးလာကာ
ကိုယ်ရံတော်ဝမ်ကို မျက်စပစ်ပြလျက်
"ဒီနေ့ညနေ မင်းသားလေးကိုယ်ရံတော်ကိုပါ
ခေါ်ခဲ့ရင်ရော?"
"အင်းး ဘယ်ဆိုးလို့လဲ
ဒါပေမယ့်....
ဖြစ်ပါ့မလား?"
ကိုယ်ရံတော်ဝမ်ကိုကြည့်နေရင်းမှ
ယွီ ပြောစကားကြောင့်
သူ့ဘက် ပြန်လှည့်ရင်း မေးနေ,ရာ
"မင်းသားလေးဖြစ်ရင် ဖြစ်ပါတယ်...."
ရုတ်တရက်
ကိုယ်ရံတော်ဝမ်ရဲ့ အသံကြီးက
အနီးဆုံးနားမှထွက်လာလေ၏....၊
"ဟင်! ကိုယ်ရံတော်ဝမ်!
ဘယ်တုန်းကတည်းက ရောက်နေတာလဲ?"
ကိုယ်ရံတော်ဝမ်က နှာတချက်မှုတ်ကာ
"ခုလေးတင်ပါ...၊
မင်းသားလေးသတိမထားမိတာက
ဘယ်သူ့အကြောင်းပြောနေလို့မှန်းမှမသိတာ"
ခမည်းတော်ဘက်တော်သား
ကိုယ်ရံတော်ဝမ်မှာ
မင်းသားလေးဂျီမင်
ဖွားမြင်စ,တည်းက
ကိုယ်ရံတော်အဖြစ်
ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး
ရုပ်ရည်အသင့်အတင့်
ရှိလှသော်လည်း
အခုလို အရွဲ့အစောင်းပညာများဖြင့်
ကလေးဆန်နေသေးတာကြောင့်
လူပျိုကြီးဘ၀က မကျွတ်လွှတ်နိုင်သေး....၊
မင်းသားလေး ဘယ်သွားသွား
ခေါ်ခေါ်မခေါ်ခေါ်
နေရာတကာ လိုက်နေကာ
ခမည်းတော်ထံ ပြန်လျှောက်သေးသည်
သို့ကြောင့် မင်းသားလေးက
အနှီလူပျိုကြီးကို
အဆင်ပြေလောက်မည့်
အပျိုတော်တစ်ယောက်လောက်နှင့်
လက်ဆက်ပေးချင်လှပြီ
ဒါမှ သူ့အလိုလိုက်
အကြိုက်ဆောင်မည့် ကိုယ်ရံတော်
နောက်တစ်ယောက်လောက်ခန့်ရင်း
လွတ်လပ်တော့မှာ....၊
"အဲ့တော့ ကိုယ်ရံတော်ဝမ်က
ဒီနေ့ညနေ လိုက်မယ်ပေါ့?
ခမည်းတော်ကို
ပြန်လျှောက်မယ်လို့တော့မကြံနဲ့နော်"
ပြောလို့မရဘူးလေ
ကြို အစ်ထားမှ
နမို့ဆို ခမည်းတော်
ဘက်တော်သားတွေကို ဘာတိုက်ထားမှန်းမသိ
အလွန် သစ္စာစောင့်သိတတ်လွန်း၍
"မင်းသားလေး မူးရင်သာ
ကျွန်တော်မျိုးကို မရစ်ပါနဲ့
ဒါဆို အရှင်မင်းကြီးဆီ
ပြန်မလျှောက်ဘူး.... စိတ်ချတော်မူ"
ဒီကလေး ဆယ့်သုံးနှစ်နှင့်
သောက်,နိုင်နေပြီ မထင်ပါနှင့်
အလွန်းအမင်းမူးတတ်ကာ
သူ,မမူးကြောင်း ရစ်တတ်သေး၏....၊
မင်းသားလေးမူးရင်
ကျွန်တော်မျိုး နေစရာမရှိ...
"ကောင်းပြီလေ
ဒါဆိုလဲ နန်းဆောင်ဆီ
မြန်မြန်ပြန်ပြီး ရေချိုးအုံးမှ
[ဘယ်လိုသုံးရမှန်း
စဉ်းစားမရတော့လို့
ရေချိုးတယ်လို့ပဲ
ရေးလိုက်ပါတော့မယ် >.<]
တိုင်းပြည်ရဲ့
မင်းသားလေးကို
ဆောင်ကြာမြိုင်လိုနေရာမျိုးမှာ
လူတကာမှတ်မိနေလို့
ဘယ်ဖြစ်မလဲ
ဟုတ်တယ်မလား ကိုယ်ရံတော်ဝမ်?"
နှစ်ယောက်ကြားရုံလေးပြောကာ
မျက်ဝန်းအိမ်ကျဉ်းကျဉ်းလေးနှစ်ဖက်မှာ
တစ်ဖက်ကို အသားကုန်
မှိတ်ပြသွားလျက်
သူ့ကို စ,သွားသေးသည်...၊
ဒီ မလွယ်ကြောလေးက
ပြေး,တောင် သွားလိုက်သေး၏
မင်းသားလေးဖြစ်နေမှန်းလည်း
သိပ်ဂရုမပြုသည့်ပုံ
ငယ်လွန်းသေး၍ ဖြစ်မှာပါလေ.....
"မင်းသားလေး! စောင့်ပါအုံး
အဲ့လိုပြေးသွားလို့ မဖြစ်....!"
"အာ့! ဟင့်...."
ကိုယ်ရံတော်ဝမ်ကို စ,လိုက်ရ၍
အပျော်လွန်ကာ ပြေးခါမှ
အရွယ်မတိမ်းမယိမ်း
ကောင်လေးတစ်ယောက်နှင့်
ဝင်တိုက်မိလေတယ်...
"ရရဲ့လား ဘယ်နားထိသွားသေးလဲ"
လက်မောင်းသားနှစ်ဖက်ပေါ်
ကျရောက်လာသည့်
အနွေးဓာတ်ကြောင့်
အနည်းငယ်ပွန်းသွားသည်ထင်သည့်
လက်ဖဝါးနှစ်ဖက်နှင့် ဒူးတစ်ဖက်ကို
လျစ်လျူရှုကာ
သူ့အားအဆင်ပြေကြောင်းမေးရင်း
ဆွဲထူပေးနေသော
အသံခပ်ဩဩပိုင်ရှင်အား
ချက်ချင်း ခေါင်းမော့ကြည့်မိလိုက်၏
ကြားဖူးသမျှ အသံတွေထဲ
အဆန်းကြယ်ဆုံးပဲ.....
<<<<<<<
နှစ်ယောက်သား
လိုအပ်မည့်အရာတချို့ဝယ်နေရင်း
ဦးရီးတော်ဝူက
အပေါ့စွန့်ချင်သည်ဆို၍
ဈေးရှေ့လမ်းဆုံ
ဘေးနားလောက်တွင်
ခေါက်တုန့်ခေါက်ပြန်
ဖြည်းဖြည်းချင်းလျှောက်ကာ
ဦးရီးတော်အလာ စောင့်နေစဉ်
ရုတ်တရက် ဘယ်က
ထွက်လာမှန်းမသိသော
အဝါနုရောင်နန်းတွင်းဝတ်စုံလေးနှင့်
ကောင်လေးတစ်ယောက်က
အလောတကြီးပြေးလာရင်း
ဝဲဘက်ရင်အုံတည့်တည့်ကို
သူခေါင်းနဲ့ဝင်တိုက်ချမိလေတော့တယ်
အရှိန်ဖြင့်ပြေးလာတာမို့
တိုက်မိသွားသောအခါ
အားလွန်ကာ ဒူးထောက်လဲလေတော့
ကိုယ်တိုင်က မမှားဘဲနှင့်
နာသွားလောက်မည်ထင်၍
လက်မောင်းနှစ်ဖက်ကိုင်ကာ
ဆွဲထူပေးရင်း
အဆင်ပြေ,မပြေမေးလိုက်ပေမယ့်
ချက်ချင်း အရည်လဲ့နေသော
မျက်ဝန်းတွေနှင့်
ခေါင်းမော့ကြည့်လာကာ
ဘာတစ်ခွန်းမှ ပြန်မဖြေဘဲ
မော့ကြည့်နေလေသည်...
ယောက်ျားသားအချင်းချင်းပေမယ့်
မဆိုသလောက်ပုနေသော
အရပ်လေးနှင့်သူ့ကို
လှလွန်း၍ ငေးစိုက်ကြည့်နေမိ၏...၊
ယောက်ျားလေးတန်မဲ့
ဒီလောက်လှတဲ့မျက်နှာမျိုး
ဘယ်တုန်းကမှ မမြင်ဖူးခဲ့ဘူး
သို့နှင့် တစ်ယောက်တစ်ပြန်
စိုက်ကြည့်နေလျက်
ဘေးပတ်ဝန်းကျင်ကိုပင်
မေ့လျော့နေခဲ့ကြသည်အထိ...၊
ဆယ်ကျော်သက်အရွယ် ကောင်လေး
နှစ်ယောက်၏ ပထမဆုံးတွေ့ဆုံမှုသည်
ထိုအချိန်က ခေတ်စားနေသော
ပြဇာတ်တို့ထဲကထက်ပင်
လှပနေခဲ့သေး၏....။
>>>>>>>•<<<<<<<
#Guu