အပိုင်း(၅၁.၂) အနာဂတ်မှာ မင်းဆီက လျှော်ကြေးရဖို့ မျှော်လင့်တယ်။ (၁)
နင်မုန့်က သူမကို ခေါင်းလှည့်ပြီးကြည့်ကာ နားမလည်သလိုဖြင့် မေးလိုက်သည်။
"ဘာကိုလဲ။ ဘယ်လိုဖြစ်ပြီး ရှီချီက ပါလာတာလဲ"
သူမ၏စကားကို ကြားသောအခါ ချုံခယ့်ခယ့်က ရုတ်တရက် နှင်းလုံးကို လွှင့်ပစ်လိုက်သည်။
"နင့်ရဲ့နောက်ဆုံးစကားက ငါ့ကို..."
"ငါအခု ထင်လိုက်သလိုမျိုး မင်းက ချစ်စရာ မကောင်းဘူးပဲ"
နင်မုန့်က သူမ၏ခေါင်းကို မာဖလာအတွင်း မြှုပ်လိုက်ပြီးနောက် အင်္ကျီဂျာကင်မှ ကော်လံအထောင်လေးကိုလည်း ထောင်လိုက်သည်။ သူမ၏လေသံက အထဲမှ ဝေဝါးစွာသာ ထွက်လာသည်။
"ကောင်းပြီ ကောင်းပြီ စကားကို ကောင်းကောင်းမွန်မွန် ပြောမယ်။ ရှီချီနဲ့ ဘာဆိုင်လို့လဲ"
ချုံခယ့်ခယ့်က သူ၏နောက်ပိုင်းစကားကို ဆက်ပြောလာသည်။
"အတန်းတုန်းက ပြောသွားတဲ့ ဆရာရဲ့စကားအဓိပ္ပာယ်ကို ငါမေးချင်တာ"
"ဪ.. နင် အဲဒီတုန်းက ပြောသွားတဲ့ စကားကလည်း..."
နင်မုန့်က ပြန်တွေးလိုက်မိပြီး ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
"ငါက အအေးကြောက်တယ် ဆိုတော့ ငါ့ခန္ဓာကိုယ်ကို ကောင်းကောင်း ဂရုစိုက်ဖို့ သတိပေးတာ ဖြစ်လောက်တယ်"
ချုံခယ့်ခယ့်က သူမ၏ သနားစဖွယ် အားနည်းသော ပုံပန်းသွင်ပြင်လေးကို ကြည့်ပြီးနောက် ဆက်မမေးဖြစ်တော့ချေ။ နှစ်ယောက်က ကျောင်းထိပ်တွင် လမ်းခွဲလိုက်သည်။
...
ညနေတွင် ရှီချီက ပိုပြီး နားလည်မှုရှိလာသည်။ နင်မုန့်က မနက်ပိုင်းမှ ကိစ္စကြောင့် အလွန်ရှက်နေခဲ့သည်။ ထို့ကြောင့် သူကသာ တက်တက်ကြွကြွဖြင့် လက်ကို အရင်ကမ်းပေးလာကြောင်း မြင်သောအခါ သူမက လျှို့ဝှက်စွာဖြင့် ပျော်သွားသည်။ ရှီချီ၏မျက်နှာကမူ ထူးထူးခြားခြား မျက်နှာထား ပြောင်းလဲနေခြင်း မရှိချေ။
သူက ပြောသည်။
"ကျောင်းပြီးရင် ငါ့ကို ခဏစောင့်"
နင်မုန့်က အံ့ဩသွားသည်။
"ဘာလို့လဲ"
အပြင်မှာ တအားအေးတာ သူ့ကို မစောင့်ချင်ပါဘူး။ အိမ်ကို မြန်မြန်ပြန်ပြီး စောင်အောက်မှာ ခြုံပြီးပဲ ကွေးချင်တာပါ။
ရှီချီ၏ အားနေသော လက်က လက်ညှိုးလေးကို ကွေးသော အမူအရာလုပ်လိုက်ပြီးနောက် သူမ၏ခုံကို အနည်းငယ် ကုပ်လာလျက် ကျွတ်ဆတ်သော အသံမျိုးကို ထွက်လာစေသည်။ သူကမူ တည်ငြိမ်စွာသာ ပြောသည်။
"ဒီနေ့ ကိစ္စမှာ မင်း ငါ့ကို အများကြီး အကြွေးတင်.."
သူ့စကား မဆုံးခင်မှာ နင်မုန့်က ချက်ချင်း ပြောလိုက်သည်။
"ငါ စောင့်မယ်၊ ငါစောင့်မယ်.. ငါစောင့်မယ်.."
သူမက သူ့ကို စိုက်ကြည့်လိုက်သည်။ ဘယ်လောက်တောင် ကပ်စေးနည်းလိုက်သလဲ။
သူ့ရဲ့လက်ငှားပေးတဲ့ အကြိမ်အရေအတွက်ကိုတောင် တွက်ထားသေးတာလား။ ဟွန့်.. ကိုယ့်ရဲ့အဘွားကိုတောင် သဒ္ဓါဘူး။
ရှီချီကမူ မထူးခြားနားသလို ခေါင်းကိုသာ ပြန်လှည့်သွားသည်။ နင်မုန့်က တွေးလိုက်သည်။ သူမက သူနှင့်မငြင်းခုန်ချင်တော့ချေ။ မည်သို့ပင်ဆိုစေ သူမက သူ့ကို မှီခိုရန် လိုအပ်နေသေးပြီး သူကလည်း နောက်ပိုင်းတွင် သူ၏နွေးထွေးမှုကို လှူဒါန်းရန် လိုအပ်နေသေးသည်။
ကျောင်းပြီးသွားသောအခါ သူမက ထိုင်ခုံတွင် ဆက်ထိုင်နေလိုက်သည်။
ဆက်ရှိနေသေးသော လူတစ်ယောက်နှစ်ယောက်လည်း ရှိနေသေးပြီး ပြန်လည်သုံးသပ်မှု လုပ်ချင်နေကြသေးလေသည်။ မည်သို့ပင်ဆိုစေ ဤနေရာတွင် အပူပေးစက် ရှိနေရုံသာ မကလေဘဲ ကောလိပ်ဝင်ခွင့် စာမေးပွဲကလည်း နောက်စာသင်နှစ်တွင် ဆက်လက်ရှိလာတော့မည် ဖြစ်သည့်အပြင် အချိန်က ငွေဖြစ်လာသည်။
ရှီချီက သူ၏စာအုပ်ကို လွယ်အိတ်ထဲသို့ ထည့်လိုက်ပြီး မတ်တပ်ထရပ်ကာ ပြောသည်။
"သွားစို့.."
နင်မုန့်က မနေနိုင်ဘဲ မေးလိုက်သည်။
"နင်က စာအုပ်တစ်အုပ်တည်း ပါတာကို ငါ့ထက်တောင် ပစ္စည်းသိမ်းတာ နှေးနေသေးတယ်။ မဟုတ်သေးပါဘူး"
ရှီချီက သူမကို ကြည့်လိုက်ပြီးနောက် တိတ်ဆိတ်နေသည်။ နှစ်ယောက်က အခန်းထဲမှ ထွက်လာသည်။ ရှီချီက အစွန်ဘက်မှ လျှောက်လာပြီး သူ၏လက်က ဘေးဘက်တွင် ချထားသည်။ နင်မုန့်က သူ့ကို ခိုးကြည့်လိုက်ပြီးနောက်တွင် သူ၏အနားသို့ ကပ်သွားကာ သူ၏လက်ကို လျှို့ဝှက်စွာ ဆွဲလိုက်ပြီး ဖျစ်ညှစ်လိုက်သည်။
"ဟီး ဟီးဟီး"
ရှီချီက သူမကို ပေါ့ပါးစွာသာ တစ်ချက် ကြည့်လာလျက် သူမ၏လက်ကို ယူကာ သူ၏အင်္ကျီအိတ်ကပ်ထဲသို့ ထည့်ပေးလိုက်သည်။
သူ၏အရပ်က ရှည်သဖြင့် သူ၏ကျောင်းအင်္ကျီက သူမထက်ပို၍ ကြီးပြီး သဘာဝအလျောက်ပင် အင်္ကျီအိတ်ကပ်ကလည်း ပိုကြီးလေသည်။ လက်နှစ်ဖက်ကို အထဲသို့ ထည့်လိုက်သော်လည်း နေရာက လုံလောက်စွာ ရှိနေသေးသည်။
နင်မုန့်က စိတ်ကျေနပ်စွာ သက်ပြင်းချလိုက်သည်။
ဘာလို့ လူတွေကြားမှာ အကွာအဝေးခြားဖို့က လိုအပ်နေရတာလဲ။
နေ့ခင်းတွင် နှင်းက အကျရပ်သွားသည်။ ယခုမူ နှင်းက ပြန်ကျနေပြန်နေပြီ။
နှင်းများက ကျောင်းတွင် အချပ်လိုက် ရှိနေပြီး သန့်ရှင်းရေးသမားများက သန့်ရှင်းပေးထားသည့်တိုင်အောင် ကျောက်စရစ်ခဲများပေါ်သို့ မကြာခဏ ဆက်ကျနေသေးသည်။ ထို့အပြင် ထိုနှင်းမှုန်များက ရေများအဖြစ်ပြောင်းပြီး ဖိနပ်ထဲသို့ ဝင်သည်။
ကျောင်းထိပ်က သူတို့၏ရှေ့တွင် ရောက်ရှိနေပြီဖြစ်သည်။
နင်မုန့်က ခေါင်းကို မော့ကာ သူ့ကို ကြည့်သည်။
"ဒါဆိုရင် ငါ အိမ်ပြန်တော့မယ်"
ရှီချီက နားလည်သလို အသံပေးလိုက်သည်။ သူ၏လေသံကမူ အဓိပ္ပာယ်ဖော်ပြရန် ခက်ခဲသည်။ သူက ပုံမှန်အတိုင်း ခြေထောက်ကို မြောက်ကာ ဆက်လျှောက်လာနေသေးပြီး ခြေလှမ်းအနည်းငယ်တည်းနှင့် လျန်ဖုန်းမိန်၏ ဆိုင်ရှေ့သို့ ရောက်လာသည်။ သူက ဂျာကင်အင်္ကျီဝတ်လျက် အပြည့်အဝ လုံလုံခြုံခြုံရှိနေသော လူကို ကြည့်လျက် ပေါ့ပါးစွာ ပြောသည်။
"ကောင်းပြီ"
နင်မုန့်က အလွန်အမင်း ခံစားသွားရသည်။
"ကျေးဇူးတင်ပါတယ် ရှီချီ"
သို့သော် ရှီချီထံမှ ထွက်လာသော စကားများက သူမ၏ကျေးဇူးတင်စိတ်ကို ပျက်စီးသွားစေမည်ဟု မမျှော်လင့်ထားမိချေ။
"မနက်ဖြန်... အနာဂတ်မှာ ငါမင်းဆီက လျော်ကြေးရဖို့ မျှော်လင့်တယ်"
နင်မုန့်က သူ့ကို ကန်လိုက်ချင်သည်။ သို့သော် သူမက နောက်သာ လှည့်လိုက်ပြီး ဆိုင်ထဲသို့ ဝင်သွားသည်။
"နှုတ်ဆက်ပါတယ်"
တံခါးက ဝုန်းခနဲ ပိတ်သွားပြီး နှင်းမှုန်များက ဘေးဘက်သို့ ကျသွားသေးသည်။
ရှီချီက ထိုနေရာတွင် တစ်ခဏခန့် နေပြီးမှသာ ပခုံးကို တစ်ချက်တွန့်လျက် ဆိုင်ဝင်ပေါက်မှ ထွက်ခွာသွားလိုက်သည်။ လမ်းဘေးတွင် ကားက စောင့်နေပြီဖြစ်သည်။
လျန်ဖုန်းမိန်က နောက်ဖက်တံခါးမှ ထွက်လာပြီး သူမကလည်း ဆူညံသံကို ကြားလိုက်ရသည်။
"ဘာဖြစ်တာလဲ။ နင် တံခါးကို ဖျက်ဆီးတော့မလို့လား ဟမ်.. နောက်တစ်ကြိမ်ဆိုရင် ဒီလောက်အား အများကြီး မသုံးနဲ့.."
နင်မုန့်က တုန်သွားသည်။
"ဟုတ်ကဲ့ပါ"
သူမက ညလယ်စာစားပြီးနောက် အခန်းထဲသို့ ပြန်သည်။
ဒီနေ့ အိမ်စာပေးလိုက်သော်လည်း မများသဖြင့် အဆင်ပြေနေသည်။ အကြောင်းမူကား သူတို့၏စာမေးပွဲကို လွန်ခဲ့သော နှစ်ရက်ခန့်ကမှ ဖြေထားသောကြောင့် ဖြစ်နိုင်သည်။
အခန်းထဲတွင် လူပုလေးတစ်ယောက်လိုမျိုး လျှောက်ပြေးနေသော အစိမ်းရောင်ဝတ်စုံနှင့် စက္ကူရုပ်လေးကို မြင်နိုင်သေးသည်။ ထိုစက္ကူလေးက လူထွားကြီးများ လောကထဲသို့ ဝင်လာသည့်အလား ထင်ရကာ အရာအားလုံးကို သိချင်စိတ် ပြင်းပြစွာဖြင့် လိုက်ကြည့်နေသည်။ သူက သည်နေရာတွင် နေသည်မှာ စာသင်နှစ်တစ်ခု ကြာပြီဖြစ်သော်လည်း မပင်ပန်းသေးချေ။
သူမက စက္ကူရုပ်လေးကို ခုံထဲသို့ ထည့်ပြီးနောက် တစ်ခဏကြာ ကစားသည်။ သူ၏ဝတ်စုံလေးတွင်ပင် ဆေးရေးခြယ်သည့် ပုံစံမျိုးဖြင့် ကစားလေ့ ရှိသေးသည်။ ထို့နောက် ထိုအကောင်လေးက နာခံစွာဖြင့် သွား၍ အိပ်စက်သည်။
အပြင်က အလွန်အေးသဖြင့် နေရောင်အောက်တွင် နေလုံချင်စိတ် ပေါက်လာသည်။ သူမက အခန်း၏ အပူပေးစက်ကို အမြင့်ဆုံးအထိ ချိတ်ထားလိုက်ပြီး သူမ၏အနွေးရတနာနှင့် ရေနွေးအိတ်ကိုလည်း သူမနှင့်အတူ သယ်ထားသည့်အတွက် သည်နေ့က ပုံမှန်ထက် အခြေအနေ ပိုကောင်းသည်ဟု ဆို၍ ရသည်။
သူမက ယခင်နှစ်ရက်တွင် ကောင်းကောင်း မအိပ်စက်နိုင်ခဲ့ချေ။ ထို့ကြောင့် ထိုည လျင်မြန်စွာဖြင့် အိပ်မောကျသွားသည်။
မိနစ်တိုင်း စက္ကန့်တိုင်းက လျင်မြန်စွာဖြင့် ကုန်ဆုံးနေခဲ့သည်။ ရုတ်တရက် ပြတင်းက တွန်းဖွင့်ခံရသည်။
တိုးဝင်လာသော လေက ကျနေသော လိုက်ကာများကို တဖျပ်ဖျပ် ဖြစ်သွားစေပြီး ညအမှောင်ပေါ်လာသည့်အခါ အကောင်းဆုံး ကြိုးစားကာ ဝင်ရန် လုပ်နေသည့် အရုပ်လေးတစ်ရုပ်ကို လရောင်အောက်တွင် ထင်ရှားစွာ မြင်လိုက်ရလေသည်။
ပြတင်းပေါက်ကို ဟအောင် လုပ်လိုက်ပြီးနောက် သူက မြေပြင်ပေါ်သို့ ခုန်ချလာသည်။ ပေါ့ပါးစွာဖြင့် အသံတစ်စ မထွက်အောင် လုပ်ပြီးနောက် ထိုဝတုတ်နေသော ပါးရဲရဲလေး နှစ်ဖက်ပါသည့် အရုပ်လေးက မျက်လုံးလေး ဝိုင်းလာပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။
သူ အမှောင်ထဲတွင် လူကို လိုက်ရှာနေသည့်အလား ထင်ရသည်။ သူက ပစ်မှတ်ကို ရှာတွေ့သွားသောအခါ နှေးကွေးသော ပုံစံမျိုးဖြင့် အိပ်ရာထဲ လျှောက်လာသည်။ စောင်အောက်တွင် ကျုံ့နေသော လူကို မြင်သောအခါ သူ၏ခပ်တိုတို လည်ပင်းလေးကို ဆန့်လျက် တစ်ခဏကြာ စိုက်ကြည့်နေလိုက်သည်။ ထို့နောက် စောင်ကို ဖွင့်လိုက်သည်။
စောင်အောက်မှလူက အနည်းငယ် တုန်သွားပြီးနောက် ဝေဝါးဝါး စကားများ ပြောသော်လည်း နိုးမလာခဲ့ချေ။
ထိုအရုပ်လေးက မည်သည့်နေရာကမှန်းမသိ စာရွက်တစ်ရွက်ကို ထုတ်ပြီးနောက်တွင် သူမ၏ကိုယ်ထဲသို့ ထည့်ပြီး စောင်ပြန်ခြုံပေးသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက်..
အရုပ်လေးက ခုတင်ပေါ်မှ ပြန်ခုန်ချပြန်ကာ ပြတင်းပေါက်သို့ ပြန်သွားပြီး ပြန်ကုန်းတက်ကာ အဟကြားမှ ထွက်ပြန်သည်။ ထို့နောက် ပြတင်းတံခါးက ပြန်ပိတ်သွားပြီး လိုက်ကာများကလည်း နဂိုအတိုင်း ပြန်ဖြစ်သွားသည်။ အခန်းက ပြန်လည်တိတ်ဆိတ်သွားသည်။ ခပ်ဖျော့ဖျော့ အသက်ရှုသံနှင့် ခုံပေါ်တွင် ရှေ့သွားနောက်ပြန် လုပ်နေသော စက္ကူရုပ်၏အသံကသာ ထွက်လာတော့သည်။
...
နောက်တစ်နေ့ နံနက်ခင်းတွင် လျန်ဖုန်းမိန်က သူမကို လာနိုးသည်။
နင်မုန့်က မျက်လုံးကို ပွတ်ပြီးနောက် စောင်အောက်မှ ထွက်လာသည်။ သူမ၏အဝတ်ကို အလျင်စလို ဝတ်ပြီးနောက်ပြောသည်။
"အမေ မနေ့ညက သမီးရဲ့အခန်းကို လာသေးလား"
လျန်ဖုန်းမိန်က ပြတင်းပေါက်ကို ဆွဲဖွင့်ပေးသည်။
"ရူးနေလား ဘာလို့ ငါက အိပ်ပျော်နေတဲ့အချိန်မှာ ဝင်လာရမှာလဲ။ မြန်မြန်သာ ထပြီး မနက်စာစားပါ။ ကျောင်းနောက်ကျလိမ့်မယ်"
"ကောင်းပါပြီ။ ကောင်းပါပြီ"
သူမက ထပ်မမေးတော့ဘဲ သွားကို အမြန်တိုက်သည့်အချိန်တွင် မနေ့ညက တစ်စုံတစ်ရာ ဖြစ်သွားသလို ခံစားချက်ကို ပြန်ရလိုက်သည်။ ပို၍ဆိုးသည်မှာ သူမက ယနေ့အအေးဒဏ်ကြောင့် နိုးမလာခဲ့ချေ။ ဘာဖြစ်သွားမှန်းလည်း မသိသေးချေ။
ယင်စွမ်းအင်က အားနည်းသွားလို့လား။
သို့ရာတွင် ယခု နိုးလာသောအခါ အေးနေသည်မှာလည်း ပုံမှန်သာလျှင် ဖြစ်နေပြန်သည်။
သူမက အချိန်အတန်ကြာ တွေးတောနေပြီး ဘာကိုမှ မစဉ်းစားနိုင်ခဲ့ချေ။ ပဲနို့ကို သောက်ပြီး မနက်စာ ပေါင်မုန့်ချောင်းကြော်ကို ဆန်ပြုတ်တစ်ခွက်နှင့် စားပြီးနောက်တွင် ကျောင်းလွယ်အိတ်ကို ဆွဲကာ အတန်းသို့ ထွက်လာခဲ့တော့သည်။
ရှီချီက သူ၏ထိုင်ခုံတွင် ရောက်နေပြီး စာအုပ်ကို ဖတ်နေသည်။
နင်မုန့်က ဘေးတွင် ဝင်ထိုင်လိုက်ပြီးနောက်တွင် သူ၏လက်ကို ယူရန် လက်ဆန့်လိုက်သည်။
ထို့နောက် သူ၏လက်ဖဝါးကို ဖြန့်ကာ ဖောက်ထွင်းမြင်ရမတတ် ရောင်စုံအခွံပါသော သကြားလုံးတစ်ထုပ်ကို ထည့်ပေးလိုက်ပြီး ပြောသည်။
"နင့်အတွက် သကြားလုံး ယူလာတယ်"
ရှီချီက တစ်ခဏခန့် ကြောင်သွားပြီးနောက် အစိမ်းရောင်သကြားလုံးတစ်လုံးကို ထုတ်လိုက်သည်။
သူမက လျှို့ဝှက်စွာဖြင့် သူ၏လက်ချောင်းကို ဆုပ်နေသည်။
"ဒါကို လောလောဆယ် ပေးဆပ်တယ်လို့ပဲ သဘောထားလိုက်ပါ။ ဒါ့အပြင် နင့်ရဲ့လက်ကို ထိတာကလွဲပြီး ငါ တခြား ဘာမှလည်း မလုပ်ဘူးလေ"
သကြားလုံးတစ်လုံးကို ပါးစပ်ထဲ ပစ်ထည့်ပြီးနောက် သူမက ထိုစကားများကို ပြောလိုက်သည်။
ရှီချီက သူ၏အိတ်ထဲသို့ သကြားလုံးများကို ထည့်လိုက်ပြီးနောက် ပြန်ပြောသည်။
"အခုအတွက်ပေါ့"
နင်မုန့်က ခေါင်းညိတ်သည်။
ဘာပဲဖြစ်ဖြစ် ငါက သိပ်မကြာခင် သေရတော့မှာပဲ။ အခု လျော်ကြေးယူယူ၊ အနာဂတ်မှာ လျော်ကြေးယူယူ ကိစ္စမရှိတော့ဘူး။ အနည်းဆုံး အနာဂတ်မှာလည်း သူ လိုက်မရှာနိုင်ဘူးလေ။
သူမက တွေးလေလေ အနာဂတ်က ပြီးပြည့်စုံလာလေလေဟု ခံစားရလာလေလေ ဖြစ်သွားသည်။ မနက်ပိုင်း စာဖတ်ချိန် အတောအတွင်းတွင် သူမက တခစ်ခစ် ရယ်နေသေးသည်။
...
ငါ သကြားလုံး နည်းနည်း ရထားတယ်။
ဘာမှမရှိတာထက် စာရင် ကောင်းတာပဲ။
ရှီချီရဲ့လျှို့ဝှက်ဒိုင်ယာရီ။
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။
Zawgyi
အပိုင္း(၅၁.၂) အနာဂတ္မွာ မင္းဆီက ေလွ်ာ္ေၾကးရဖို႔ ေမွ်ာ္လင့္တယ္။ (၁)
နင္မုန႔္က သူမကို ေခါင္းလွည့္ၿပီးၾကည့္ကာ နားမလည္သလိုျဖင့္ ေမးလိုက္သည္။
"ဘာကိုလဲ။ ဘယ္လိုျဖစ္ၿပီး ရွီခ်ီက ပါလာတာလဲ"
သူမ၏စကားကို ၾကားေသာအခါ ခ်ဳံခယ့္ခယ့္က ႐ုတ္တရက္ ႏွင္းလုံးကို လႊင့္ပစ္လိုက္သည္။
"နင့္ရဲ႕ေနာက္ဆုံးစကားက ငါ့ကို..."
"ငါအခု ထင္လိုက္သလိုမ်ိဳး မင္းက ခ်စ္စရာ မေကာင္းဘူးပဲ"
နင္မုန႔္က သူမ၏ေခါင္းကို မာဖလာအတြင္း ျမႇဳပ္လိုက္ၿပီးေနာက္ အက်ႌဂ်ာကင္မွ ေကာ္လံအေထာင္ေလးကိုလည္း ေထာင္လိုက္သည္။ သူမ၏ေလသံက အထဲမွ ေဝဝါးစြာသာ ထြက္လာသည္။
"ေကာင္းၿပီ ေကာင္းၿပီ စကားကို ေကာင္းေကာင္းမြန္မြန္ ေျပာမယ္။ ရွီခ်ီနဲ႔ ဘာဆိုင္လို႔လဲ"
ခ်ဳံခယ့္ခယ့္က သူ၏ေနာက္ပိုင္းစကားကို ဆက္ေျပာလာသည္။
"အတန္းတုန္းက ေျပာသြားတဲ့ ဆရာရဲ႕စကားအဓိပၸာယ္ကို ငါေမးခ်င္တာ"
"ဪ.. နင္ အဲဒီတုန္းက ေျပာသြားတဲ့ စကားကလည္း..."
နင္မုန႔္က ျပန္ေတြးလိုက္မိၿပီး ေခါင္းညိတ္ကာ ျပန္ေျဖလိုက္သည္။
"ငါက အေအးေၾကာက္တယ္ ဆိုေတာ့ ငါ့ခႏၶာကိုယ္ကို ေကာင္းေကာင္း ဂ႐ုစိုက္ဖို႔ သတိေပးတာ ျဖစ္ေလာက္တယ္"
ခ်ဳံခယ့္ခယ့္က သူမ၏ သနားစဖြယ္ အားနည္းေသာ ပုံပန္းသြင္ျပင္ေလးကို ၾကည့္ၿပီးေနာက္ ဆက္မေမးျဖစ္ေတာ့ေခ်။ ႏွစ္ေယာက္က ေက်ာင္းထိပ္တြင္ လမ္းခြဲလိုက္သည္။
...
ညေနတြင္ ရွီခ်ီက ပိုၿပီး နားလည္မႈရွိလာသည္။ နင္မုန႔္က မနက္ပိုင္းမွ ကိစၥေၾကာင့္ အလြန္ရွက္ေနခဲ့သည္။ ထို႔ေၾကာင့္ သူကသာ တက္တက္ႂကြႂကြျဖင့္ လက္ကို အရင္ကမ္းေပးလာေၾကာင္း ျမင္ေသာအခါ သူမက လွ်ိဳ႕ဝွက္စြာျဖင့္ ေပ်ာ္သြားသည္။ ရွီခ်ီ၏မ်က္ႏွာကမူ ထူးထူးျခားျခား မ်က္ႏွာထား ေျပာင္းလဲေနျခင္း မရွိေခ်။
သူက ေျပာသည္။
"ေက်ာင္းၿပီးရင္ ငါ့ကို ခဏေစာင့္"
နင္မုန႔္က အံ့ဩသြားသည္။
"ဘာလို႔လဲ"
အျပင္မွာ တအားေအးတာ သူ႔ကို မေစာင့္ခ်င္ပါဘူး။ အိမ္ကို ျမန္ျမန္ျပန္ၿပီး ေစာင္ေအာက္မွာ ၿခဳံၿပီးပဲ ေကြးခ်င္တာပါ။
ရွီခ်ီ၏ အားေနေသာ လက္က လက္ညႇိဳးေလးကို ေကြးေသာ အမူအရာလုပ္လိုက္ၿပီးေနာက္ သူမ၏ခုံကို အနည္းငယ္ ကုပ္လာလ်က္ ကြၽတ္ဆတ္ေသာ အသံမ်ိဳးကို ထြက္လာေစသည္။ သူကမူ တည္ၿငိမ္စြာသာ ေျပာသည္။
"ဒီေန႔ ကိစၥမွာ မင္း ငါ့ကို အမ်ားႀကီး အေႂကြးတင္.."
သူ႔စကား မဆုံးခင္မွာ နင္မုန႔္က ခ်က္ခ်င္း ေျပာလိုက္သည္။
"ငါ ေစာင့္မယ္၊ ငါေစာင့္မယ္.. ငါေစာင့္မယ္.."
သူမက သူ႔ကို စိုက္ၾကည့္လိုက္သည္။ ဘယ္ေလာက္ေတာင္ ကပ္ေစးနည္းလိုက္သလဲ။
သူ႔ရဲ႕လက္ငွားေပးတဲ့ အႀကိမ္အေရအတြက္ကိုေတာင္ တြက္ထားေသးတာလား။ ဟြန႔္.. ကိုယ့္ရဲ႕အဘြားကိုေတာင္ သဒၶါဘူး။
ရွီခ်ီကမူ မထူးျခားနားသလို ေခါင္းကိုသာ ျပန္လွည့္သြားသည္။ နင္မုန႔္က ေတြးလိုက္သည္။ သူမက သူႏွင့္မျငင္းခုန္ခ်င္ေတာ့ေခ်။ မည္သို႔ပင္ဆိုေစ သူမက သူ႔ကို မွီခိုရန္ လိုအပ္ေနေသးၿပီး သူကလည္း ေနာက္ပိုင္းတြင္ သူ၏ေႏြးေထြးမႈကို လႉဒါန္းရန္ လိုအပ္ေနေသးသည္။
ေက်ာင္းၿပီးသြားေသာအခါ သူမက ထိုင္ခုံတြင္ ဆက္ထိုင္ေနလိုက္သည္။
ဆက္ရွိေနေသးေသာ လူတစ္ေယာက္ႏွစ္ေယာက္လည္း ရွိေနေသးၿပီး ျပန္လည္သုံးသပ္မႈ လုပ္ခ်င္ေနၾကေသးေလသည္။ မည္သို႔ပင္ဆိုေစ ဤေနရာတြင္ အပူေပးစက္ ရွိေန႐ုံသာ မကေလဘဲ ေကာလိပ္ဝင္ခြင့္ စာေမးပြဲကလည္း ေနာက္စာသင္ႏွစ္တြင္ ဆက္လက္ရွိလာေတာ့မည္ ျဖစ္သည့္အျပင္ အခ်ိန္က ေငြျဖစ္လာသည္။
ရွီခ်ီက သူ၏စာအုပ္ကို လြယ္အိတ္ထဲသို႔ ထည့္လိုက္ၿပီး မတ္တပ္ထရပ္ကာ ေျပာသည္။
"သြားစို႔.."
နင္မုန႔္က မေနႏိုင္ဘဲ ေမးလိုက္သည္။
"နင္က စာအုပ္တစ္အုပ္တည္း ပါတာကို ငါ့ထက္ေတာင္ ပစၥည္းသိမ္းတာ ေႏွးေနေသးတယ္။ မဟုတ္ေသးပါဘူး"
ရွီခ်ီက သူမကို ၾကည့္လိုက္ၿပီးေနာက္ တိတ္ဆိတ္ေနသည္။ ႏွစ္ေယာက္က အခန္းထဲမွ ထြက္လာသည္။ ရွီခ်ီက အစြန္ဘက္မွ ေလွ်ာက္လာၿပီး သူ၏လက္က ေဘးဘက္တြင္ ခ်ထားသည္။ နင္မုန႔္က သူ႔ကို ခိုးၾကည့္လိုက္ၿပီးေနာက္တြင္ သူ၏အနားသို႔ ကပ္သြားကာ သူ၏လက္ကို လွ်ိဳ႕ဝွက္စြာ ဆြဲလိုက္ၿပီး ဖ်စ္ညႇစ္လိုက္သည္။
"ဟီး ဟီးဟီး"
ရွီခ်ီက သူမကို ေပါ့ပါးစြာသာ တစ္ခ်က္ ၾကည့္လာလ်က္ သူမ၏လက္ကို ယူကာ သူ၏အက်ႌအိတ္ကပ္ထဲသို႔ ထည့္ေပးလိုက္သည္။
သူ၏အရပ္က ရွည္သျဖင့္ သူ၏ေက်ာင္းအက်ႌက သူမထက္ပို၍ ႀကီးၿပီး သဘာဝအေလ်ာက္ပင္ အက်ႌအိတ္ကပ္ကလည္း ပိုႀကီးေလသည္။ လက္ႏွစ္ဖက္ကို အထဲသို႔ ထည့္လိုက္ေသာ္လည္း ေနရာက လုံေလာက္စြာ ရွိေနေသးသည္။
နင္မုန႔္က စိတ္ေက်နပ္စြာ သက္ျပင္းခ်လိုက္သည္။
ဘာလို႔ လူေတြၾကားမွာ အကြာအေဝးျခားဖို႔က လိုအပ္ေနရတာလဲ။
ေန႔ခင္းတြင္ ႏွင္းက အက်ရပ္သြားသည္။ ယခုမူ ႏွင္းက ျပန္က်ေနျပန္ေနၿပီ။
ႏွင္းမ်ားက ေက်ာင္းတြင္ အခ်ပ္လိုက္ ရွိေနၿပီး သန႔္ရွင္းေရးသမားမ်ားက သန႔္ရွင္းေပးထားသည့္တိုင္ေအာင္ ေက်ာက္စရစ္ခဲမ်ားေပၚသို႔ မၾကာခဏ ဆက္က်ေနေသးသည္။ ထို႔အျပင္ ထိုႏွင္းမႈန္မ်ားက ေရမ်ားအျဖစ္ေျပာင္းၿပီး ဖိနပ္ထဲသို႔ ဝင္သည္။
ေက်ာင္းထိပ္က သူတို႔၏ေရွ႕တြင္ ေရာက္ရွိေနၿပီျဖစ္သည္။
နင္မုန႔္က ေခါင္းကို ေမာ့ကာ သူ႔ကို ၾကည့္သည္။
"ဒါဆိုရင္ ငါ အိမ္ျပန္ေတာ့မယ္"
ရွီခ်ီက နားလည္သလို အသံေပးလိုက္သည္။ သူ၏ေလသံကမူ အဓိပၸာယ္ေဖာ္ျပရန္ ခက္ခဲသည္။ သူက ပုံမွန္အတိုင္း ေျခေထာက္ကို ေျမာက္ကာ ဆက္ေလွ်ာက္လာေနေသးၿပီး ေျခလွမ္းအနည္းငယ္တည္းႏွင့္ လ်န္ဖုန္းမိန္၏ ဆိုင္ေရွ႕သို႔ ေရာက္လာသည္။ သူက ဂ်ာကင္အက်ႌဝတ္လ်က္ အျပည့္အဝ လုံလုံၿခဳံၿခဳံရွိေနေသာ လူကို ၾကည့္လ်က္ ေပါ့ပါးစြာ ေျပာသည္။
"ေကာင္းၿပီ"
နင္မုန႔္က အလြန္အမင္း ခံစားသြားရသည္။
"ေက်းဇူးတင္ပါတယ္ ရွီခ်ီ"
သို႔ေသာ္ ရွီခ်ီထံမွ ထြက္လာေသာ စကားမ်ားက သူမ၏ေက်းဇူးတင္စိတ္ကို ပ်က္စီးသြားေစမည္ဟု မေမွ်ာ္လင့္ထားမိေခ်။
"မနက္ျဖန္... အနာဂတ္မွာ ငါမင္းဆီက ေလ်ာ္ေၾကးရဖို႔ ေမွ်ာ္လင့္တယ္"
နင္မုန႔္က သူ႔ကို ကန္လိုက္ခ်င္သည္။ သို႔ေသာ္ သူမက ေနာက္သာ လွည့္လိုက္ၿပီး ဆိုင္ထဲသို႔ ဝင္သြားသည္။
"ႏႈတ္ဆက္ပါတယ္"
တံခါးက ဝုန္းခနဲ ပိတ္သြားၿပီး ႏွင္းမႈန္မ်ားက ေဘးဘက္သို႔ က်သြားေသးသည္။
ရွီခ်ီက ထိုေနရာတြင္ တစ္ခဏခန႔္ ေနၿပီးမွသာ ပခုံးကို တစ္ခ်က္တြန႔္လ်က္ ဆိုင္ဝင္ေပါက္မွ ထြက္ခြာသြားလိုက္သည္။ လမ္းေဘးတြင္ ကားက ေစာင့္ေနၿပီျဖစ္သည္။
လ်န္ဖုန္းမိန္က ေနာက္ဖက္တံခါးမွ ထြက္လာၿပီး သူမကလည္း ဆူညံသံကို ၾကားလိုက္ရသည္။
"ဘာျဖစ္တာလဲ။ နင္ တံခါးကို ဖ်က္ဆီးေတာ့မလို႔လား ဟမ္.. ေနာက္တစ္ႀကိမ္ဆိုရင္ ဒီေလာက္အား အမ်ားႀကီး မသုံးနဲ႔.."
နင္မုန႔္က တုန္သြားသည္။
"ဟုတ္ကဲ့ပါ"
သူမက ညလယ္စာစားၿပီးေနာက္ အခန္းထဲသို႔ ျပန္သည္။
ဒီေန႔ အိမ္စာေပးလိုက္ေသာ္လည္း မမ်ားသျဖင့္ အဆင္ေျပေနသည္။ အေၾကာင္းမူကား သူတို႔၏စာေမးပြဲကို လြန္ခဲ့ေသာ ႏွစ္ရက္ခန႔္ကမွ ေျဖထားေသာေၾကာင့္ ျဖစ္ႏိုင္သည္။
အခန္းထဲတြင္ လူပုေလးတစ္ေယာက္လိုမ်ိဳး ေလွ်ာက္ေျပးေနေသာ အစိမ္းေရာင္ဝတ္စုံႏွင့္ စကၠဴ႐ုပ္ေလးကို ျမင္ႏိုင္ေသးသည္။ ထိုစကၠဴေလးက လူထြားႀကီးမ်ား ေလာကထဲသို႔ ဝင္လာသည့္အလား ထင္ရကာ အရာအားလုံးကို သိခ်င္စိတ္ ျပင္းျပစြာျဖင့္ လိုက္ၾကည့္ေနသည္။ သူက သည္ေနရာတြင္ ေနသည္မွာ စာသင္ႏွစ္တစ္ခု ၾကာၿပီျဖစ္ေသာ္လည္း မပင္ပန္းေသးေခ်။
သူမက စကၠဴ႐ုပ္ေလးကို ခုံထဲသို႔ ထည့္ၿပီးေနာက္ တစ္ခဏၾကာ ကစားသည္။ သူ၏ဝတ္စုံေလးတြင္ပင္ ေဆးေရးျခယ္သည့္ ပုံစံမ်ိဳးျဖင့္ ကစားေလ့ ရွိေသးသည္။ ထို႔ေနာက္ ထိုအေကာင္ေလးက နာခံစြာျဖင့္ သြား၍ အိပ္စက္သည္။
အျပင္က အလြန္ေအးသျဖင့္ ေနေရာင္ေအာက္တြင္ ေနလုံခ်င္စိတ္ ေပါက္လာသည္။ သူမက အခန္း၏ အပူေပးစက္ကို အျမင့္ဆုံးအထိ ခ်ိတ္ထားလိုက္ၿပီး သူမ၏အေႏြးရတနာႏွင့္ ေရေႏြးအိတ္ကိုလည္း သူမႏွင့္အတူ သယ္ထားသည့္အတြက္ သည္ေန႔က ပုံမွန္ထက္ အေျခအေန ပိုေကာင္းသည္ဟု ဆို၍ ရသည္။
သူမက ယခင္ႏွစ္ရက္တြင္ ေကာင္းေကာင္း မအိပ္စက္ႏိုင္ခဲ့ေခ်။ ထို႔ေၾကာင့္ ထိုည လ်င္ျမန္စြာျဖင့္ အိပ္ေမာက်သြားသည္။
မိနစ္တိုင္း စကၠန႔္တိုင္းက လ်င္ျမန္စြာျဖင့္ ကုန္ဆုံးေနခဲ့သည္။ ႐ုတ္တရက္ ျပတင္းက တြန္းဖြင့္ခံရသည္။
တိုးဝင္လာေသာ ေလက က်ေနေသာ လိုက္ကာမ်ားကို တဖ်ပ္ဖ်ပ္ ျဖစ္သြားေစၿပီး ညအေမွာင္ေပၚလာသည့္အခါ အေကာင္းဆုံး ႀကိဳးစားကာ ဝင္ရန္ လုပ္ေနသည့္ အ႐ုပ္ေလးတစ္႐ုပ္ကို လေရာင္ေအာက္တြင္ ထင္ရွားစြာ ျမင္လိုက္ရေလသည္။
ျပတင္းေပါက္ကို ဟေအာင္ လုပ္လိုက္ၿပီးေနာက္ သူက ေျမျပင္ေပၚသို႔ ခုန္ခ်လာသည္။ ေပါ့ပါးစြာျဖင့္ အသံတစ္စ မထြက္ေအာင္ လုပ္ၿပီးေနာက္ ထိုဝတုတ္ေနေသာ ပါးရဲရဲေလး ႏွစ္ဖက္ပါသည့္ အ႐ုပ္ေလးက မ်က္လုံးေလး ဝိုင္းလာၿပီး ပတ္ဝန္းက်င္ကို ၾကည့္သည္။
သူ အေမွာင္ထဲတြင္ လူကို လိုက္ရွာေနသည့္အလား ထင္ရသည္။ သူက ပစ္မွတ္ကို ရွာေတြ႕သြားေသာအခါ ေႏွးေကြးေသာ ပုံစံမ်ိဳးျဖင့္ အိပ္ရာထဲ ေလွ်ာက္လာသည္။ ေစာင္ေအာက္တြင္ က်ဳံ႕ေနေသာ လူကို ျမင္ေသာအခါ သူ၏ခပ္တိုတို လည္ပင္းေလးကို ဆန႔္လ်က္ တစ္ခဏၾကာ စိုက္ၾကည့္ေနလိုက္သည္။ ထို႔ေနာက္ ေစာင္ကို ဖြင့္လိုက္သည္။
ေစာင္ေအာက္မွလူက အနည္းငယ္ တုန္သြားၿပီးေနာက္ ေဝဝါးဝါး စကားမ်ား ေျပာေသာ္လည္း ႏိုးမလာခဲ့ေခ်။
ထိုအ႐ုပ္ေလးက မည္သည့္ေနရာကမွန္းမသိ စာ႐ြက္တစ္႐ြက္ကို ထုတ္ၿပီးေနာက္တြင္ သူမ၏ကိုယ္ထဲသို႔ ထည့္ၿပီး ေစာင္ျပန္ၿခဳံေပးသည္။ စကၠန႔္အနည္းငယ္ ၾကာၿပီးေနာက္..
အ႐ုပ္ေလးက ခုတင္ေပၚမွ ျပန္ခုန္ခ်ျပန္ကာ ျပတင္းေပါက္သို႔ ျပန္သြားၿပီး ျပန္ကုန္းတက္ကာ အဟၾကားမွ ထြက္ျပန္သည္။ ထို႔ေနာက္ ျပတင္းတံခါးက ျပန္ပိတ္သြားၿပီး လိုက္ကာမ်ားကလည္း နဂိုအတိုင္း ျပန္ျဖစ္သြားသည္။ အခန္းက ျပန္လည္တိတ္ဆိတ္သြားသည္။ ခပ္ေဖ်ာ့ေဖ်ာ့ အသက္ရႈသံႏွင့္ ခုံေပၚတြင္ ေရွ႕သြားေနာက္ျပန္ လုပ္ေနေသာ စကၠဴ႐ုပ္၏အသံကသာ ထြက္လာေတာ့သည္။
...
ေနာက္တစ္ေန႔ နံနက္ခင္းတြင္ လ်န္ဖုန္းမိန္က သူမကို လာႏိုးသည္။
နင္မုန႔္က မ်က္လုံးကို ပြတ္ၿပီးေနာက္ ေစာင္ေအာက္မွ ထြက္လာသည္။ သူမ၏အဝတ္ကို အလ်င္စလို ဝတ္ၿပီးေနာက္ေျပာသည္။
"အေမ မေန႔ညက သမီးရဲ႕အခန္းကို လာေသးလား"
လ်န္ဖုန္းမိန္က ျပတင္းေပါက္ကို ဆြဲဖြင့္ေပးသည္။
"႐ူးေနလား ဘာလို႔ ငါက အိပ္ေပ်ာ္ေနတဲ့အခ်ိန္မွာ ဝင္လာရမွာလဲ။ ျမန္ျမန္သာ ထၿပီး မနက္စာစားပါ။ ေက်ာင္းေနာက္က်လိမ့္မယ္"
"ေကာင္းပါၿပီ။ ေကာင္းပါၿပီ"
သူမက ထပ္မေမးေတာ့ဘဲ သြားကို အျမန္တိုက္သည့္အခ်ိန္တြင္ မေန႔ညက တစ္စုံတစ္ရာ ျဖစ္သြားသလို ခံစားခ်က္ကို ျပန္ရလိုက္သည္။ ပို၍ဆိုးသည္မွာ သူမက ယေန႔အေအးဒဏ္ေၾကာင့္ ႏိုးမလာခဲ့ေခ်။ ဘာျဖစ္သြားမွန္းလည္း မသိေသးေခ်။
ယင္စြမ္းအင္က အားနည္းသြားလို႔လား။
သို႔ရာတြင္ ယခု ႏိုးလာေသာအခါ ေအးေနသည္မွာလည္း ပုံမွန္သာလွ်င္ ျဖစ္ေနျပန္သည္။
သူမက အခ်ိန္အတန္ၾကာ ေတြးေတာေနၿပီး ဘာကိုမွ မစဥ္းစားႏိုင္ခဲ့ေခ်။ ပဲႏို႔ကို ေသာက္ၿပီး မနက္စာ ေပါင္မုန႔္ေခ်ာင္းေၾကာ္ကို ဆန္ျပဳတ္တစ္ခြက္ႏွင့္ စားၿပီးေနာက္တြင္ ေက်ာင္းလြယ္အိတ္ကို ဆြဲကာ အတန္းသို႔ ထြက္လာခဲ့ေတာ့သည္။
ရွီခ်ီက သူ၏ထိုင္ခုံတြင္ ေရာက္ေနၿပီး စာအုပ္ကို ဖတ္ေနသည္။
နင္မုန႔္က ေဘးတြင္ ဝင္ထိုင္လိုက္ၿပီးေနာက္တြင္ သူ၏လက္ကို ယူရန္ လက္ဆန႔္လိုက္သည္။
ထို႔ေနာက္ သူ၏လက္ဖဝါးကို ျဖန႔္ကာ ေဖာက္ထြင္းျမင္ရမတတ္ ေရာင္စုံအခြံပါေသာ သၾကားလုံးတစ္ထုပ္ကို ထည့္ေပးလိုက္ၿပီး ေျပာသည္။
"နင့္အတြက္ သၾကားလုံး ယူလာတယ္"
ရွီခ်ီက တစ္ခဏခန႔္ ေၾကာင္သြားၿပီးေနာက္ အစိမ္းေရာင္သၾကားလုံးတစ္လုံးကို ထုတ္လိုက္သည္။
သူမက လွ်ိဳ႕ဝွက္စြာျဖင့္ သူ၏လက္ေခ်ာင္းကို ဆုပ္ေနသည္။
"ဒါကို ေလာေလာဆယ္ ေပးဆပ္တယ္လို႔ပဲ သေဘာထားလိုက္ပါ။ ဒါ့အျပင္ နင့္ရဲ႕လက္ကို ထိတာကလြဲၿပီး ငါ တျခား ဘာမွလည္း မလုပ္ဘူးေလ"
သၾကားလုံးတစ္လုံးကို ပါးစပ္ထဲ ပစ္ထည့္ၿပီးေနာက္ သူမက ထိုစကားမ်ားကို ေျပာလိုက္သည္။
ရွီခ်ီက သူ၏အိတ္ထဲသို႔ သၾကားလုံးမ်ားကို ထည့္လိုက္ၿပီးေနာက္ ျပန္ေျပာသည္။
"အခုအတြက္ေပါ့"
နင္မုန႔္က ေခါင္းညိတ္သည္။
ဘာပဲျဖစ္ျဖစ္ ငါက သိပ္မၾကာခင္ ေသရေတာ့မွာပဲ။ အခု ေလ်ာ္ေၾကးယူယူ၊ အနာဂတ္မွာ ေလ်ာ္ေၾကးယူယူ ကိစၥမရွိေတာ့ဘူး။ အနည္းဆုံး အနာဂတ္မွာလည္း သူ လိုက္မရွာႏိုင္ဘူးေလ။
သူမက ေတြးေလေလ အနာဂတ္က ၿပီးျပည့္စုံလာေလေလဟု ခံစားရလာေလေလ ျဖစ္သြားသည္။ မနက္ပိုင္း စာဖတ္ခ်ိန္ အေတာအတြင္းတြင္ သူမက တခစ္ခစ္ ရယ္ေနေသးသည္။
...
ငါ သၾကားလုံး နည္းနည္း ရထားတယ္။
ဘာမွမရွိတာထက္ စာရင္ ေကာင္းတာပဲ။
ရွီခ်ီရဲ႕လွ်ိဳ႕ဝွက္ဒိုင္ယာရီ။
Telegram မွာ အၿပီးအထိ တင္ၿပီးပါၿပီေနာ္။