အပိုင်း(၅၁.၁) အနာဂတ်မှာ ငါလျှော်ကြေး ရဖို့မျှော်လင့်တယ် (၁)
အေးစက်သောလက်က သူ၏လက်ဖမိုးအပေါ် အုပ်မိုးလာသည်။ သူ၏မာဖလာမှ အမွေးအမျှင်လေးများက တစ်ဖက်သို့ ရောက်သွားချိန်တွင် ရှီချီက သူမထံမှ သက်သောင့်သက်သာရှိစွာ သက်ပြင်းချသံကို ခပ်ဖျော့ဖျော့ကြား လိုက်ရသေးသည်။
တကယ်ကို သူခိုးလေးလို ပြုမူနေတာပဲ။
နင်မုန့်က သူမ၏ပတ်ဝန်းကျင်ကို လျှို့ဝှက်စွာ ချက်ချင်းကြည့်လိုက်ပြီးနောက် မည်သူကမှ သူတို့၏ဘက်သို့ အာရုံစိုက် မနေကြောင်း မြင်လိုက်ရသောအခါ သူမ၏ စိုးရိမ်ပူပန်မှုများက ပျောက်ကွယ် သွားသည်။
အတန်းပိုင်ဆရာက ထိုင်ခုံ ပြောင်းထိုင်ခိုင်းမည်ဟု ပြောဖူးသော်လည်း အဆုံးတွင်မူ သူတို့က ထိုင်ခုံ မပြောင်းခဲ့ကြချေ။ သို့ရာတွင် သူတို့၏အတန်းက နဂိုကတည်းက ကျဉ်းနေကာ ဒါကလဲ သူမ၏ အခြေအနေနှင့် ကိုက်ညီနေလေသည်။ အတန်းထဲတွင် လူအယောက်(၃၀)သာလျှင် ရှိနေလေရာ သူမအနေဖြင့် နောက်ဆုံးမှပင် white boardကို ကောင်းကောင်း မြင်နိုင်လေသည်။
သူ၏လက်မှတစ်ဆင့် အပူစွမ်းအင်က ဆက်တိုက်စီးဝင်ကာ သူမ၏ကိုယ်ထဲသို့ ရောက်လာလေပြီး နင်မုန့်ကို အရိုးထိတိုင် ကျောချမ်းစေသော ထိုလေထုများကလဲ ဖြည်းညင်းလျော့ပါးစွာဖြင့် အနည်းငယ် ပျောက်ကွယ်သွားသည်။
သူမက ခေါင်းကိုလှည့်လျက် ရှီချီကို ကြည့်သည်။
"နင့်ကို တစ်ခဏလောက် ကိုင်ခွင့်ပေးထားပါဦး"
ရှီချီက မျက်နှာကို တစ်ဖက်သို့ တစ်ခဏခန့် လှည့်ပြီးသွားမှသာ ပြန်လှည့်ကြည့်လာသည်။ သူ၏နှုတ်ခမ်း ထောင့်စွန်းများက အပေါ်သို့ ကော့တက်သွားသည်။
"မင်းကလက်ထုတ်ပြီး ကို်ငပြီးသွားပြီလေ"
"သူလက်ဆွဲထုတ်လို့တောင် ရပါတော့မလား"
သူ၏စကားကြောင့် နင်မုန့်၏မျက်နှာက ပူနွေးသွားသည်။ သို့ရာတွင် သူမ၏မာနက သူမ၏ သက်တောင့်သက်သာရှိမှု ထက်ပို၍ အရေးကြီးစရာအကြောင်း မရှိချေ။ ထို့အပြင် သူ၏စကားလုံးများကြောင့်လည်း သူမက နာကျင်ရမည် မဟုတ်ချေ။
ပို၍ဆိုးသည်မှာ သူ၏နွေးထွေးမှုနှင့် ဆိုလျှင်သူမ၏ ခံစားချက်က ပို၍ကောင်းသွားသည်။
အရိုးထဲထိ ရောက်နေသော ထိုအေးစိမ့်မှုက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။ ထိုခဏတွင် သူမကလက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ထိုအခါ တစ်ဖန် ပြန်အေးသွားပြန်သည်။ သူ့ကို ပြန်ထိလိုက်သောအခါ နွေးထွေးမှုက ပြန်ရောက်လာသည်။
"ဒီမြေးရဲ့ခန္ဓာကိုယ် တည်ဆောက်ပုံက တကယ်ကောင်းတာပဲ။ ရိုးရိုးရှင်းရှင်းနဲ့ သူ့ရဲ့လက်ကကို နွေးနေတာ"
နင်မုန့်က စနစ်ကို မေးသည်။
"ငါ ဒီဆောင်းတွင်း ကျော်သွားရင် ဆက်ပြီး အေးနေအုံးမှာလား ဒါမှမဟုတ် သေတဲ့အထိ အခုလို ဆက်တိုက် အေးစက်သွားမှာလား"
စနစ်ကပြန်ဖြေသည်။
"အခုလက်ရှိက ဆောင်းတွင်းမလို့ မင်းအေးနေတာပါ နွေရာသီ ရောက်လာတဲ့အခါ ခံစားချက် ပိုကောင်းသွားလိမ့်မယ် ဘာပဲဖြစ်ဖြစ် သာမာန်လူထက်တော့ ပိုအေးနေအုံးမှာဘဲ မင်းရဲ့ကိုယ်ထဲက ယင်စွမ်းအင်တွေက သိပ်သည်းနေတဲ့ အချိန်မျိုးမှာ အရမ်းအေးတယ်လို့ ခံစားနေရလိမ့်မယ်"
နင်မုန့်က တစ်ခဏခန့် တွေးတေားပြီးနောက် မေးလိုက်သည်။
"ဒါက ကုလို့မရတော့ဘူးလား"
စနစ်ကပြန်ဖြေသည်။
"မရဘူး ယင်လေထုက ကိုယ်ထဲဝင်ပြီးသွားတာနဲ့ အရိုးထဲကို တိုက်ရိုက် တိုးဝင်းသွားပြီး ခန္ဓာကိုယ်နဲ့ တစ်သားတည်း ဖြစ်သွားပြီ"
နင်မုန့် "..."
သူက တစ်စုံတစ်ရာကို ကျိန်ဆဲချင်သော်လည်း အရင်ကတည်းက သူမက မကိုင်သင့်သော အရာကိုသာ ထိကိုင်မိခဲ့ခြင်းဟု တွေးရတော့ပေမည်။ လက်ရှိအချိန်တွင် နောင်တနှင့် သူမ ယခုရနေသော အေးစိမ့်မှု ကြားတွင်သာ လွန်ဆဲနေရတော့သည်။
"ဟူး.. ငါ ဘာလို့ အရမ်းသနားစရာ ကောင်းနေတာလဲ"
တစ်တန်းလုံး သူမက လှုပ်လှုပ်ရှားရှား အဖြစ်ဆုံးဖြစ်သည်။
သူမက သူ၏ လက်ခုံကို လုံလောက်အောင် ထိပြီးသည်ဟု ခံစားရသည့်အချိန်တိုင်း ရှီချီ၏လက်ကို လှန်လိုက်ပြီး သူမ၏ လက်သီးကို သူ၏ လက်ဖဝါးအတွင်းသို့ ထိုးထည့်လေ့ရှိသည်။ ရှီချီကမူ သူမက လာဖက်ရန် ကြိုးစားနေသလိုပင် ခံစားလိုက်ရသည်။ သို့ရာတွင် သူက ဘာစကားမှ မဆိုချေ။ သူမက အအေးကြောင့် ဘောလုံးတစ်လုံးလို ကွေးနေကြောင်းကို မြင်နေရသောအခါ သူမ လုပ်ချင်သည့်အတိုင်း လုပ်ခွင့် ပြုထားလိုက်သည်။
အင်္ဂလိပ်တန်း၏ ဒုတိယအတန်းချိန်တွင် နင်မုန့်က အအေးဒဏ်ကို ဆက်လက်ပြီး တောင့်မခံထားနိုင်တော့ချေ။
အတန်းထဲရှိ နောက်ဆုံးကျန်ရစ်သော အပူက တဖြည်းဖြည်းချင်း လျော့ပါးပျောက်ကွယ် သွားလေပြီး သူမကလဲ ရှီချီထံ လက်တစ်ဖက်ကိုသာ ထုတ်ကာ ကိုင်ထားလိုက်ရသည်။ အခြားတစ်ဖက်ကလဲ အလျဉ်းမသင့်ပြန်ချေ။
ထိုသို့ဖြင့် သူ၏လက်ကို လျှို့ဝှက်စွာဖြင့် သူမ၏ဘက်သို့ ဆွဲယူလာလိုက်သည်။
နင်မုန့်က မျက်လုံးထောင့်မှ ကြည့်လိုက်ပြီး တွေးလိုက်သည်။
"သူ သတိမထားမိဘူး မဟုတ်လား။ သူက အတန်းမှာ အရမ်းအာရုံ စိုက်ထားတာ။ သူ့လက်ဆွဲယူ ခံရတာကို သတိထားမိပါ့မလား"
သို့ရာတွင် ထိုကိစ္စက ကိစ္စကြီး မဟုတ်သေးချေ။ အကြောင်းမူကာ ညအချိန် ရောက်လျှင် သူမက အိမ်သို့ တစ်ယောက်တည်း ပြန်ရမည်ဖြစ်သည်။ ရှီချီကိုလဲ သူမ၏ကိုယ်ပိုင် အိပ်ယာပေါ်သို့ ဆွဲခေါ်သွား၍လည်း မရချေ။
သူမက တစ်ညလုံး အအေးဒဏ်ကို ခံစားရတော့မည်မှာ သေချာသည်။ ထို့နောက် နောက်တစ်နေ့ မနက်ခင်းတွင် လှပသောရေခဲရုပ်ထုအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။
နင်မုန့်က သူမ၏ စိတ်ကူးယဉ်မှုကို သဘောကျသွားပြီး မျက်နှာကို မာဖလာထဲ အုပ်ထားကာ လက်ကမူ သူ၏လက်ကို လျှို့ဝှက်စွာဖြင့် ပွတ်နေလိုက်သည်။ အတန်းထဲတွင် အနည်းငယ်မျှပင် အာရုံမစိုက်သေးချေ။
"အား..နွေးလိုက်တာ"
သူမက ထိုသို့စိတ်ကူးယဉ် အိမ်မက်ထဲ ရောက်နေသည့်အချိန်တွင် အင်္ဂလိပ်ဆရာက တစ်စုံတစ်ရာကို ပြောလိုက်ပြီး ကျောင်းသားကျောင်းသူများက ညည်းသံပြုကြသည် နင်မုန့်က ကြောင်တောင်တောင် မျက်နှာထားနှင့် သူမနှင့်မျက်စောင်းထိုး နေရာတွင်ထိုင်နေသော ချုံခယ့်ခယ့်ကို ကြည့်လိုက်သည်။
ရှီချီကသူမကို ခပ်ယောင်ယောင်ကြည့်လာသည်။
"မေးခွန်းစာရွက် စာမျက်နှာနံပါတ်(၂) စာပိုဒ်နံပါတ်(၂)ကို ဖတ်နေတာ"
သူမကနောက်ဆုံးတွင် မေးခွန်းစာရွက်ကို ထုတ်လိုက်ပြီးနောက် အင်္ဂလိပ်ဆရာက စင်မြင့်အောက်သို့ ဆင်းကာဆွေးနွေးနေသော အကြောင်းအရာကို ကြည့်နေလိုက်သည် အင်္ဂလိပ်ဆရာက တစ်ဖြေးဖြေးချင်း သူမတို့ရှိရာ ဘက်သို့လာနေသည်။
သူမအနေဖြင့် ညာဘက်လက်ကို လွှတ်ကာစာစရေး ရတော့မည်ဖြစ်သည်။
နင်မုန့်က ရှီချီ၏လက်ကို တစ်ချက်တွန့်ဆုတ်စွာ ကြည့်လိုက်ပြီးမှသာ ယဉ်ကျေးစွာဖြင့် ပြန်ထားပေးလိုက်သည် သူမ၏စိတ်ထဲတွင်မူ ယူကျုံးမရ ဖြစ်နေသည်။
"ကျေးဇူးတင်ပါတယ်"
ရှီချီ "..."
"သူမ၏လေသံ မသိရင်ငါကဘဲ လက်ကိုခုတ်ဖြတ်ပြီး ခဏလောက် ပေးလိုက်သလိုမျိုးဘဲ"
နားထောင်ပြီးနောက် တစ်ခါတည်းနားလည် သဘောပေါက်သော အကြောင်းကိုပြန်ရေးရသည့် အကြောင်းအရာ တစ်ဝက်ခန့် ပြီးသွားသောအခါ နင်မုန့်ကဆက်လက် တောင့်မခံနိုင်တော့ချေ အခန်းထဲရှိ လေအေးကအညိုရောင် မျက်လုံးရှိနေသလိုမျိုး သူမ၏လည်ပင်းကို စိုက်ကြည့်လာသလို ခံစားရပြီး ထိုနေရာကပင် တစ်စိမ့်စိမ့် အေးတက်လာသည် အထူးသဖြင့် သူမက ပြတင်းပေါက်ဘက်တွင် ထိုင်နေခြင်းဖြစ်သည် ထို့ကြောင့်အတွင်းနှင့် အပြင်ကဆက်တိုက် အေးနေတော့သည် သူမ၏သွားကလဲ သွားချင်းရိုက်သံ ထွက်ပေါ်နေပြီး ဆူညံသံများကလဲ ထွက်ပေါ်လာနေသည်။
ဘေးဘက်မှရှီချီက အရာအားလုံးကို ရှင်းရှင်းလင်းလင်း ကြားနေရသည့်အတွက် ခေါင်းအနည်းငယ် လှည့်ကြည့်လိုက်သည် သူမ၏နှုတ်ခမ်းက တစ်ဆက်ဆက် တုန်ရီနေပြီး မျက်တောင်ကလဲ တစ်ဖျတ်ဖျတ် ဖြစ်နေသည် တစ်ကိုယ်လုံးက တုန်ယင်နေခြင်း ဖြစ်သည်။
"တကယ်ကို ပုံမှန်မဟုတ်တာဘဲ"
ပို၍ဆိုးသည်မှာ လူငယ်တစ်ယောက်၏ ပုံပန်းသွင်ပြင်နှင့် တစ်ခိုက်ခိုက်တုန်နေသော ခန္ဓာကိုယ်က လိုက်ဖက်ညီနေခြင်း မရှိသောကြောင့်ဖြစ်သည်။
သူကမျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်ပြီးနောက် သူမ၏အခြေအနေက ဆိုးရွားသည်ထက် ဆိုးရွားလာကြောင်း မြင်လိုက်ရသည် သူမ၏မာဖလာက မျက်နှာတစ်ဝက်ခန့်အထိ အုပ်နေလေရာ သူကသူမ၏ မျက်နှာနားသို့ ကပ်လိုက်သည်။
နင်မုန့်က ရုတ်တရက်ခေါင်းလှည့်ကာ ကြည့်လိုက်သည်။
ထိုအချိန်တွင် နင်မုန့်၏မျက်လုံးက ပြူးသွားပြီးသူက ဆန့်ထုတ်ပေးလိုက်သော လက်ကိုဖမ်းကို်င လိုက်သည်။
"ဒီတစ်ကြိမ်နင်ကဘဲ လက်ဆန့်လာတာ ဟုတ်ပြီလား"
သူမကအရမ်း ခုခံမှုအား ကြီးနေတဲ့အတွက် သူကအပြစ်တင်လို့တော့ မရဘူးသူမက အရမ်းကိုအေးနေလို့ သူကစတင်လာတာပါ။
ထိုစကားကို ကြားသော်လည်း ရှီချီ၏နှုတ်ခမ်းက လှုပ်သွားသည့်တိုင်အောင် ဘာစကားမှ မပြောလိုက်ချေ သူကလက်ကိုလည်း ပြန်မရုတ်သလို ဒီတို်ငးသာ မေးခွန်းစာရွက်ကို ဖြေနေလိုက်သည်။
နင်မုန့်က အလွန်ပျော်သွားသည် သူမ၏နှလုံးသားထဲတွင် မီးပန်းများကပင် ပေါက်သွားသည် သူ၏လက်က နွေးထွေးမူ့က အလွန်ကောင်းလွန်းသည် ထို့နောက်သူမကလဲ အင်္ဂလိပ်ဆရာက သူတို့၏ဘေးနားတွင် ရပ်နေကြောင်းကို မြင်လိုက်ရသည်။
ထိုသို့ဖြင့် လက်ပူးလက်ကြပ် အမိခံလိုက်ရသောအခါ အင်္ဂလိပ်ဆရာက မျက်လုံးတစ်ဖက် မှိတ်ပြပြီး တိတ်ဆိတ်စွာဖြင့် သူတို့နှစ်ယောက်ကို ကြည့်ကာလေသံ တိုးတိုးဖြင့်ပြောလာသည်။
"မင်းကအအေးကြောက်တာလား"
သူ၏တရုတ်စကားသံက ထူးဆန်းသော လေသံဖြစ်နေသည်။
နင်မုန့်က ဆန်ကောက်သော ကြက်ကလေးကဲ့သို့ တစ်ဆက်ဆက် ခေါင်းငြိမ့်ပြလိုက်သော်လည်း အပြစ်မကင်းသလို ခံစားနေရသေးသည် သူမကအတန်းထဲတွင် ဒီလိုအရာမျိုးတွေ လုပ်နေသော်လည်း ဆရာကမူ သူမကိုဒေါသ မထွက်ချေ။
အင်္ဂလိပ်ဆရာက ခပ်မတ်မတ်ရပ်ပြီး နောက်တွင်စက္ကန့် အနည်းငယ်တွေးတောကာ ပြုံးလိုက်သည် ထို့နောက်ရှီချီကို ကြည့်သည်။
"မင်းကအအေး အရမ်းကြောက်မှတော့ မင်းရဲ့ခန္ဓာကိုယ်ကို ကောင်းကောင်းဂရု စိုက်သင့်တယ်"
နင်မုန့်က ကြောင်တောင်တောင် ဖြစ်သွားသည်။
"ဒါကိုဆရာက ဘာလို့ငါ့ကို မပြောဘဲသူ့ကို သွားပြောနေတာလဲ"
ရှီချီ၏အမူအယာက ရုတ်တရက်အေးခဲ သွားပြီးနောက်တွင် ဆရာထံမှတစ်ဆင့် အကြည့်ကနောက်မှ သူ၏အတန်းဖော်ထံသို့ ရောက်သွားကာ နှုတ်ခမ်းကကော့တက်သွားသည် သို့သော်တိတ်ဆိတ် နေသေးသည်။
အင်္ဂလိပ်ဆရာက သူတို့၏အနားမှ ထွက်သွားပြီးနောက် စင်မြင့်ပေါ်တွင် ပြန်တက်ထိုင်သည် စာအုပ်ကို ဆက်ဖတ်နေတော့သည် တစ်တန်းလုံးကလဲ တိတ်ဆိတ်သွားသည်။
ချုံခယ့်ခယ့်က ရုတ်တရက် နောက်လှည့်လာသည်။
"အင်္ဂလိပ်ဆရာက ဘာကိုဆိုလိုတာလဲ"
နင်မုန့်ကလည်း သူမ၏နားသို့ ကပ်သွားပြီးနောက် ခပ်တိုးတိုး ပြန်ပြောသည်။
"ငါလဲမသိဘူး ငါ့ကို ဒီတိုင်း တွေ့သွားတာဘဲ"
ချုံခယ့်ခယ့်က မေးတော့မည့် အချိန်တွင် သူမ၏အကြည့်က အေးခဲသွားသည်။
နင်မုန့်၏ ကျောင်းအင်္ကျီယူနီဖောင်းပေါ်ရှိ မာဖလာက တစ်စုံတစ်ရာကိုဖုံးရန် ကာထားသလို ဖြစ်နေသည်။ သို့သော် အဟကြားမှတစ်ဆင့် သူမက ဖြူဖျော့သောလက်ကို လှမ်းမြင်လိုက်ရသည်။
ထို့အပြင် နောက်ထပ် အရွယ်အစား ပို၍ကြီးသော လက်တစ်ဖက်ကိုလဲ မြင်လိုက်ရသေးသည်။
ချုံခယ့်ခယ့်က အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် အကြည့်ကို ပြန်ရုတ်သွားသည်။
အင်္ဂလိပ်ဆရာ ဒါကို မြင်သွားတာပဲ ဖြစ်လောက်တယ်။ သူ ရပ်သွားတဲ့ နေရာကဆို ဒါကို သူ ရှင်းရှင်းလင်းလင်း မြင်နိုင်တယ် ဒါဆို သူဆိုလိုတာက..
သူမနှင့်ရှီချီက အတန်းဖော် ဖြစ်ခဲ့သည်မှာ နှစ်နှစ်ကြာပြီ ဖြစ်သည်။ သူ၏ဘဝက မည်သူကမှ သူ့ကို ဝင်နှောင့်ယှက်ရန် သတ္တိမရှိသောကြောင့် အမြဲတစေ သာမာန်ဖြစ်နေခဲ့သည်။ သူကလဲ ကျောင်းကိစ္စများကို အာရုံစိုက်ခဲသည်။ သို့ရာတွင် ဒီစာသင်နှစ်တွင်မူ သူက စကား အတော်များလာသည်။ ပို၍ဆိုးသည်မှာ သူမက သူ့ကို မကြာခဏဆိုသလို ...
ချုံခယ့်ခယ့်က အတွေးရေယဉ်ကြောကို ချက်ချင်း ဖြတ်တောက်ပြီးနောက် စာကိုသာ ပြန်၍ အာရုံစိုက်လိုက်သည်။ သို့ရာတွင် သူမ၏အတွေးများက ယောက်ယပ်ခတ်နေသည်ကို မတားဆီးနိုင်ချေ။
ငါ လျှို့ဝှက်ချက်ကို ရှာတွေ့လိုက်ရတာလား။
အတန်းဆုံးသွားသောအခါ ကျောင်းက ဆင်းရတော့မည်ဖြစ်သည်။ ချုံခယ့်ခယ့်က ပစ္စည်းများကို ကြိုတင်သိမ်းပြီး နောက်လှည့်ကာ စကားပြောလာသည်။
"နင်နင် သွားကြစို့"
နင်မုန့်က ခေါင်းညိတ်ကာ ပြန်တုံ့ပြန်သည်။
"ကောင်းပြီ"
ရှီချီ၏လက်ကို လွှတ်လိုက်ပြီးနောက် အချိန်အတန်ကြာသည့်အထိ အကြည့်မလွှဲဘဲ စိုက်ကြည့်မိသွားသည်။ ထို့နောက် စိတ်ထဲတွင် သက်ပြင်းချလိုက်သည် သူမက ချုံခယ့်ခယ့်နှင့်အတူ ထွက်သွားလိုက်တော့သည်။
အပြင်တွင် နှင်းကျနေသော်လည်း မြောက်ပိုင်းကလူများက များများစားစား မတွေးကြချေ။
နင်မုန့်က တောင်ပိုင်းဘက်တွင် ကြီးပြင်းလာခဲ့ခြင်းဖြစ်ပြီး ဆောင်းတွင်းက အလွန်းအေးသည့်အပြင် နှင်းကျလာသည့်အခါ ထီးဖွင့်ရန်နှင့်ဖိနပ်အရှည်များကိုပင် စီးရန် လိုအပ်လာကြသည်။ ထို့ကြောင့် မြောက်ပိုင်းတွင် ကျောင်းလာတက်သောအခါ သူမက မတူသော အေးသည့်ပုံစံတစ်မျိုးကို ခံစားလိုက်ရသည်။
ချုံခယ့်ခယ့်က မြေပြင်မှနှင်းလုံးတစ်လုံးကိုပင် လုပ်ပြီး ကစားနေသည်။ အချိန်အတန်ကြာ တုန့်ဆိုင်းပြီးနောက် သူမကလဲ ခေါင်းလှည့်ကာ ဘေးမှ လူကိုကြည့်လိုက်သည်။
နင်နင်က သူမနှင်ယှဉ်သော် ပို၍ပင် သေးကွေးပြီး ချစ်စရာကောင်းသည်။ ထို့အပြင် သူမက ဖြူဖျော့ကာ နူးညံ့ပုံလေး ဖြစ်နေလေသည်။ ထို့ကြောင့်အတန်းတွင် သူမက ထူးထူးခြားခြား ဖြစ်နေသည်။ သူမက ခပ်တိုးတိုး ပြောလိုက်သည်။
"နင်နဲ့ရှီချီ..."
စကားကို လမ်းတစ်ဝက်တွင် ရပ်လိုက်ပြီးနောက် ချုံခယ့်ခယ့်က မည်သို့ဆက်ပြောရမည်ဖြစ်ကြောင်း မသိတော့ချေ။
Zawgyi
အပိုင္း(၅၁.၁) အနာဂတ္မွာ ငါေလွ်ာ္ေၾကး ရဖို႔ေမွ်ာ္လင့္တယ္ (၁)
ေအးစက္ေသာလက္က သူ၏လက္ဖမိုးအေပၚ အုပ္မိုးလာသည္။ သူ၏မာဖလာမွ အေမြးအမွ်င္ေလးမ်ားက တစ္ဖက္သို႔ ေရာက္သြားခ်ိန္တြင္ ရွီခ်ီက သူမထံမွ သက္ေသာင့္သက္သာရွိစြာ သက္ျပင္းခ်သံကို ခပ္ေဖ်ာ့ေဖ်ာ့ၾကား လိုက္ရေသးသည္။
တကယ္ကို သူခိုးေလးလို ျပဳမူေနတာပဲ။
နင္မုန႔္က သူမ၏ပတ္ဝန္းက်င္ကို လွ်ိဳ႕ဝွက္စြာ ခ်က္ခ်င္းၾကည့္လိုက္ၿပီးေနာက္ မည္သူကမွ သူတို႔၏ဘက္သို႔ အာ႐ုံစိုက္ မေနေၾကာင္း ျမင္လိုက္ရေသာအခါ သူမ၏ စိုးရိမ္ပူပန္မႈမ်ားက ေပ်ာက္ကြယ္ သြားသည္။
အတန္းပိုင္ဆရာက ထိုင္ခုံ ေျပာင္းထိုင္ခိုင္းမည္ဟု ေျပာဖူးေသာ္လည္း အဆုံးတြင္မူ သူတို႔က ထိုင္ခုံ မေျပာင္းခဲ့ၾကေခ်။ သို႔ရာတြင္ သူတို႔၏အတန္းက နဂိုကတည္းက က်ဥ္းေနကာ ဒါကလဲ သူမ၏ အေျခအေနႏွင့္ ကိုက္ညီေနေလသည္။ အတန္းထဲတြင္ လူအေယာက္(၃၀)သာလွ်င္ ရွိေနေလရာ သူမအေနျဖင့္ ေနာက္ဆုံးမွပင္ white boardကို ေကာင္းေကာင္း ျမင္ႏိုင္ေလသည္။
သူ၏လက္မွတစ္ဆင့္ အပူစြမ္းအင္က ဆက္တိုက္စီးဝင္ကာ သူမ၏ကိုယ္ထဲသို႔ ေရာက္လာေလၿပီး နင္မုန႔္ကို အ႐ိုးထိတိုင္ ေက်ာခ်မ္းေစေသာ ထိုေလထုမ်ားကလဲ ျဖည္းညင္းေလ်ာ့ပါးစြာျဖင့္ အနည္းငယ္ ေပ်ာက္ကြယ္သြားသည္။
သူမက ေခါင္းကိုလွည့္လ်က္ ရွီခ်ီကို ၾကည့္သည္။
"နင့္ကို တစ္ခဏေလာက္ ကိုင္ခြင့္ေပးထားပါဦး"
ရွီခ်ီက မ်က္ႏွာကို တစ္ဖက္သို႔ တစ္ခဏခန႔္ လွည့္ၿပီးသြားမွသာ ျပန္လွည့္ၾကည့္လာသည္။ သူ၏ႏႈတ္ခမ္း ေထာင့္စြန္းမ်ားက အေပၚသို႔ ေကာ့တက္သြားသည္။
"မင္းကလက္ထုတ္ၿပီး ကို္ငၿပီးသြားၿပီေလ"
"သူလက္ဆြဲထုတ္လို႔ေတာင္ ရပါေတာ့မလား"
သူ၏စကားေၾကာင့္ နင္မုန႔္၏မ်က္ႏွာက ပူေႏြးသြားသည္။ သို႔ရာတြင္ သူမ၏မာနက သူမ၏ သက္ေတာင့္သက္သာရွိမႈ ထက္ပို၍ အေရးႀကီးစရာအေၾကာင္း မရွိေခ်။ ထို႔အျပင္ သူ၏စကားလုံးမ်ားေၾကာင့္လည္း သူမက နာက်င္ရမည္ မဟုတ္ေခ်။
ပို၍ဆိုးသည္မွာ သူ၏ေႏြးေထြးမႈႏွင့္ ဆိုလွ်င္သူမ၏ ခံစားခ်က္က ပို၍ေကာင္းသြားသည္။
အ႐ိုးထဲထိ ေရာက္ေနေသာ ထိုေအးစိမ့္မႈက ခ်က္ခ်င္းဆိုသလို ေပ်ာက္ကြယ္သြားသည္။ ထိုခဏတြင္ သူမကလက္ကို ျပန္႐ုတ္သိမ္းလိုက္သည္။ ထိုအခါ တစ္ဖန္ ျပန္ေအးသြားျပန္သည္။ သူ႔ကို ျပန္ထိလိုက္ေသာအခါ ေႏြးေထြးမႈက ျပန္ေရာက္လာသည္။
"ဒီေျမးရဲ႕ခႏၶာကိုယ္ တည္ေဆာက္ပုံက တကယ္ေကာင္းတာပဲ။ ႐ိုး႐ိုးရွင္းရွင္းနဲ႔ သူ႔ရဲ႕လက္ကကို ေႏြးေနတာ"
နင္မုန႔္က စနစ္ကို ေမးသည္။
"ငါ ဒီေဆာင္းတြင္း ေက်ာ္သြားရင္ ဆက္ၿပီး ေအးေနအုံးမွာလား ဒါမွမဟုတ္ ေသတဲ့အထိ အခုလို ဆက္တိုက္ ေအးစက္သြားမွာလား"
စနစ္ကျပန္ေျဖသည္။
"အခုလက္ရွိက ေဆာင္းတြင္းမလို႔ မင္းေအးေနတာပါ ေႏြရာသီ ေရာက္လာတဲ့အခါ ခံစားခ်က္ ပိုေကာင္းသြားလိမ့္မယ္ ဘာပဲျဖစ္ျဖစ္ သာမာန္လူထက္ေတာ့ ပိုေအးေနအုံးမွာဘဲ မင္းရဲ႕ကိုယ္ထဲက ယင္စြမ္းအင္ေတြက သိပ္သည္းေနတဲ့ အခ်ိန္မ်ိဳးမွာ အရမ္းေအးတယ္လို႔ ခံစားေနရလိမ့္မယ္"
နင္မုန႔္က တစ္ခဏခန႔္ ေတြးေတားၿပီးေနာက္ ေမးလိုက္သည္။
"ဒါက ကုလို႔မရေတာ့ဘူးလား"
စနစ္ကျပန္ေျဖသည္။
"မရဘူး ယင္ေလထုက ကိုယ္ထဲဝင္ၿပီးသြားတာနဲ႔ အ႐ိုးထဲကို တိုက္႐ိုက္ တိုးဝင္းသြားၿပီး ခႏၶာကိုယ္နဲ႔ တစ္သားတည္း ျဖစ္သြားၿပီ"
နင္မုန႔္ "..."
သူက တစ္စုံတစ္ရာကို က်ိန္ဆဲခ်င္ေသာ္လည္း အရင္ကတည္းက သူမက မကိုင္သင့္ေသာ အရာကိုသာ ထိကိုင္မိခဲ့ျခင္းဟု ေတြးရေတာ့ေပမည္။ လက္ရွိအခ်ိန္တြင္ ေနာင္တႏွင့္ သူမ ယခုရေနေသာ ေအးစိမ့္မႈ ၾကားတြင္သာ လြန္ဆဲေနရေတာ့သည္။
"ဟူး.. ငါ ဘာလို႔ အရမ္းသနားစရာ ေကာင္းေနတာလဲ"
တစ္တန္းလုံး သူမက လႈပ္လႈပ္ရွားရွား အျဖစ္ဆုံးျဖစ္သည္။
သူမက သူ၏ လက္ခုံကို လုံေလာက္ေအာင္ ထိၿပီးသည္ဟု ခံစားရသည့္အခ်ိန္တိုင္း ရွီခ်ီ၏လက္ကို လွန္လိုက္ၿပီး သူမ၏ လက္သီးကို သူ၏ လက္ဖဝါးအတြင္းသို႔ ထိုးထည့္ေလ့ရွိသည္။ ရွီခ်ီကမူ သူမက လာဖက္ရန္ ႀကိဳးစားေနသလိုပင္ ခံစားလိုက္ရသည္။ သို႔ရာတြင္ သူက ဘာစကားမွ မဆိုေခ်။ သူမက အေအးေၾကာင့္ ေဘာလုံးတစ္လုံးလို ေကြးေနေၾကာင္းကို ျမင္ေနရေသာအခါ သူမ လုပ္ခ်င္သည့္အတိုင္း လုပ္ခြင့္ ျပဳထားလိုက္သည္။
အဂၤလိပ္တန္း၏ ဒုတိယအတန္းခ်ိန္တြင္ နင္မုန႔္က အေအးဒဏ္ကို ဆက္လက္ၿပီး ေတာင့္မခံထားႏိုင္ေတာ့ေခ်။
အတန္းထဲရွိ ေနာက္ဆုံးက်န္ရစ္ေသာ အပူက တျဖည္းျဖည္းခ်င္း ေလ်ာ့ပါးေပ်ာက္ကြယ္ သြားေလၿပီး သူမကလဲ ရွီခ်ီထံ လက္တစ္ဖက္ကိုသာ ထုတ္ကာ ကိုင္ထားလိုက္ရသည္။ အျခားတစ္ဖက္ကလဲ အလ်ဥ္းမသင့္ျပန္ေခ်။
ထိုသို႔ျဖင့္ သူ၏လက္ကို လွ်ိဳ႕ဝွက္စြာျဖင့္ သူမ၏ဘက္သို႔ ဆြဲယူလာလိုက္သည္။
နင္မုန႔္က မ်က္လုံးေထာင့္မွ ၾကည့္လိုက္ၿပီး ေတြးလိုက္သည္။
"သူ သတိမထားမိဘူး မဟုတ္လား။ သူက အတန္းမွာ အရမ္းအာ႐ုံ စိုက္ထားတာ။ သူ႔လက္ဆြဲယူ ခံရတာကို သတိထားမိပါ့မလား"
သို႔ရာတြင္ ထိုကိစၥက ကိစၥႀကီး မဟုတ္ေသးေခ်။ အေၾကာင္းမူကာ ညအခ်ိန္ ေရာက္လွ်င္ သူမက အိမ္သို႔ တစ္ေယာက္တည္း ျပန္ရမည္ျဖစ္သည္။ ရွီခ်ီကိုလဲ သူမ၏ကိုယ္ပိုင္ အိပ္ယာေပၚသို႔ ဆြဲေခၚသြား၍လည္း မရေခ်။
သူမက တစ္ညလုံး အေအးဒဏ္ကို ခံစားရေတာ့မည္မွာ ေသခ်ာသည္။ ထို႔ေနာက္ ေနာက္တစ္ေန႔ မနက္ခင္းတြင္ လွပေသာေရခဲ႐ုပ္ထုအျဖစ္ ေျပာင္းလဲသြားမည္ ျဖစ္သည္။
နင္မုန႔္က သူမ၏ စိတ္ကူးယဥ္မႈကို သေဘာက်သြားၿပီး မ်က္ႏွာကို မာဖလာထဲ အုပ္ထားကာ လက္ကမူ သူ၏လက္ကို လွ်ိဳ႕ဝွက္စြာျဖင့္ ပြတ္ေနလိုက္သည္။ အတန္းထဲတြင္ အနည္းငယ္မွ်ပင္ အာ႐ုံမစိုက္ေသးေခ်။
"အား..ေႏြးလိုက္တာ"
သူမက ထိုသို႔စိတ္ကူးယဥ္ အိမ္မက္ထဲ ေရာက္ေနသည့္အခ်ိန္တြင္ အဂၤလိပ္ဆရာက တစ္စုံတစ္ရာကို ေျပာလိုက္ၿပီး ေက်ာင္းသားေက်ာင္းသူမ်ားက ညည္းသံျပဳၾကသည္ နင္မုန႔္က ေၾကာင္ေတာင္ေတာင္ မ်က္ႏွာထားႏွင့္ သူမႏွင့္မ်က္ေစာင္းထိုး ေနရာတြင္ထိုင္ေနေသာ ခ်ဳံခယ့္ခယ့္ကို ၾကည့္လိုက္သည္။
ရွီခ်ီကသူမကို ခပ္ေယာင္ေယာင္ၾကည့္လာသည္။
"ေမးခြန္းစာ႐ြက္ စာမ်က္ႏွာနံပါတ္(၂) စာပိုဒ္နံပါတ္(၂)ကို ဖတ္ေနတာ"
သူမကေနာက္ဆုံးတြင္ ေမးခြန္းစာ႐ြက္ကို ထုတ္လိုက္ၿပီးေနာက္ အဂၤလိပ္ဆရာက စင္ျမင့္ေအာက္သို႔ ဆင္းကာေဆြးေႏြးေနေသာ အေၾကာင္းအရာကို ၾကည့္ေနလိုက္သည္ အဂၤလိပ္ဆရာက တစ္ေျဖးေျဖးခ်င္း သူမတို႔ရွိရာ ဘက္သို႔လာေနသည္။
သူမအေနျဖင့္ ညာဘက္လက္ကို လႊတ္ကာစာစေရး ရေတာ့မည္ျဖစ္သည္။
နင္မုန႔္က ရွီခ်ီ၏လက္ကို တစ္ခ်က္တြန႔္ဆုတ္စြာ ၾကည့္လိုက္ၿပီးမွသာ ယဥ္ေက်းစြာျဖင့္ ျပန္ထားေပးလိုက္သည္ သူမ၏စိတ္ထဲတြင္မူ ယူက်ဳံးမရ ျဖစ္ေနသည္။
"ေက်းဇူးတင္ပါတယ္"
ရွီခ်ီ "..."
"သူမ၏ေလသံ မသိရင္ငါကဘဲ လက္ကိုခုတ္ျဖတ္ၿပီး ခဏေလာက္ ေပးလိုက္သလိုမ်ိဳးဘဲ"
နားေထာင္ၿပီးေနာက္ တစ္ခါတည္းနားလည္ သေဘာေပါက္ေသာ အေၾကာင္းကိုျပန္ေရးရသည့္ အေၾကာင္းအရာ တစ္ဝက္ခန႔္ ၿပီးသြားေသာအခါ နင္မုန႔္ကဆက္လက္ ေတာင့္မခံႏိုင္ေတာ့ေခ် အခန္းထဲရွိ ေလေအးကအညိဳေရာင္ မ်က္လုံးရွိေနသလိုမ်ိဳး သူမ၏လည္ပင္းကို စိုက္ၾကည့္လာသလို ခံစားရၿပီး ထိုေနရာကပင္ တစ္စိမ့္စိမ့္ ေအးတက္လာသည္ အထူးသျဖင့္ သူမက ျပတင္းေပါက္ဘက္တြင္ ထိုင္ေနျခင္းျဖစ္သည္ ထို႔ေၾကာင့္အတြင္းႏွင့္ အျပင္ကဆက္တိုက္ ေအးေနေတာ့သည္ သူမ၏သြားကလဲ သြားခ်င္း႐ိုက္သံ ထြက္ေပၚေနၿပီး ဆူညံသံမ်ားကလဲ ထြက္ေပၚလာေနသည္။
ေဘးဘက္မွရွီခ်ီက အရာအားလုံးကို ရွင္းရွင္းလင္းလင္း ၾကားေနရသည့္အတြက္ ေခါင္းအနည္းငယ္ လွည့္ၾကည့္လိုက္သည္ သူမ၏ႏႈတ္ခမ္းက တစ္ဆက္ဆက္ တုန္ရီေနၿပီး မ်က္ေတာင္ကလဲ တစ္ဖ်တ္ဖ်တ္ ျဖစ္ေနသည္ တစ္ကိုယ္လုံးက တုန္ယင္ေနျခင္း ျဖစ္သည္။
"တကယ္ကို ပုံမွန္မဟုတ္တာဘဲ"
ပို၍ဆိုးသည္မွာ လူငယ္တစ္ေယာက္၏ ပုံပန္းသြင္ျပင္ႏွင့္ တစ္ခိုက္ခိုက္တုန္ေနေသာ ခႏၶာကိုယ္က လိုက္ဖက္ညီေနျခင္း မရွိေသာေၾကာင့္ျဖစ္သည္။
သူကမ်က္လုံးကို အနည္းငယ္ ေမွးက်ဥ္းလိုက္ၿပီးေနာက္ သူမ၏အေျခအေနက ဆိုး႐ြားသည္ထက္ ဆိုး႐ြားလာေၾကာင္း ျမင္လိုက္ရသည္ သူမ၏မာဖလာက မ်က္ႏွာတစ္ဝက္ခန႔္အထိ အုပ္ေနေလရာ သူကသူမ၏ မ်က္ႏွာနားသို႔ ကပ္လိုက္သည္။
နင္မုန႔္က ႐ုတ္တရက္ေခါင္းလွည့္ကာ ၾကည့္လိုက္သည္။
ထိုအခ်ိန္တြင္ နင္မုန႔္၏မ်က္လုံးက ျပဴးသြားၿပီးသူက ဆန႔္ထုတ္ေပးလိုက္ေသာ လက္ကိုဖမ္းကို္င လိုက္သည္။
"ဒီတစ္ႀကိမ္နင္ကဘဲ လက္ဆန႔္လာတာ ဟုတ္ၿပီလား"
သူမကအရမ္း ခုခံမႈအား ႀကီးေနတဲ့အတြက္ သူကအျပစ္တင္လို႔ေတာ့ မရဘူးသူမက အရမ္းကိုေအးေနလို႔ သူကစတင္လာတာပါ။
ထိုစကားကို ၾကားေသာ္လည္း ရွီခ်ီ၏ႏႈတ္ခမ္းက လႈပ္သြားသည့္တိုင္ေအာင္ ဘာစကားမွ မေျပာလိုက္ေခ် သူကလက္ကိုလည္း ျပန္မ႐ုတ္သလို ဒီတို္ငးသာ ေမးခြန္းစာ႐ြက္ကို ေျဖေနလိုက္သည္။
နင္မုန႔္က အလြန္ေပ်ာ္သြားသည္ သူမ၏ႏွလုံးသားထဲတြင္ မီးပန္းမ်ားကပင္ ေပါက္သြားသည္ သူ၏လက္က ေႏြးေထြးမူ႔က အလြန္ေကာင္းလြန္းသည္ ထို႔ေနာက္သူမကလဲ အဂၤလိပ္ဆရာက သူတို႔၏ေဘးနားတြင္ ရပ္ေနေၾကာင္းကို ျမင္လိုက္ရသည္။
ထိုသို႔ျဖင့္ လက္ပူးလက္ၾကပ္ အမိခံလိုက္ရေသာအခါ အဂၤလိပ္ဆရာက မ်က္လုံးတစ္ဖက္ မွိတ္ျပၿပီး တိတ္ဆိတ္စြာျဖင့္ သူတို႔ႏွစ္ေယာက္ကို ၾကည့္ကာေလသံ တိုးတိုးျဖင့္ေျပာလာသည္။
"မင္းကအေအးေၾကာက္တာလား"
သူ၏တ႐ုတ္စကားသံက ထူးဆန္းေသာ ေလသံျဖစ္ေနသည္။
နင္မုန႔္က ဆန္ေကာက္ေသာ ၾကက္ကေလးကဲ့သို႔ တစ္ဆက္ဆက္ ေခါင္းၿငိမ့္ျပလိုက္ေသာ္လည္း အျပစ္မကင္းသလို ခံစားေနရေသးသည္ သူမကအတန္းထဲတြင္ ဒီလိုအရာမ်ိဳးေတြ လုပ္ေနေသာ္လည္း ဆရာကမူ သူမကိုေဒါသ မထြက္ေခ်။
အဂၤလိပ္ဆရာက ခပ္မတ္မတ္ရပ္ၿပီး ေနာက္တြင္စကၠန႔္ အနည္းငယ္ေတြးေတာကာ ၿပဳံးလိုက္သည္ ထို႔ေနာက္ရွီခ်ီကို ၾကည့္သည္။
"မင္းကအေအး အရမ္းေၾကာက္မွေတာ့ မင္းရဲ႕ခႏၶာကိုယ္ကို ေကာင္းေကာင္းဂ႐ု စိုက္သင့္တယ္"
နင္မုန႔္က ေၾကာင္ေတာင္ေတာင္ ျဖစ္သြားသည္။
"ဒါကိုဆရာက ဘာလို႔ငါ့ကို မေျပာဘဲသူ႔ကို သြားေျပာေနတာလဲ"
ရွီခ်ီ၏အမူအယာက ႐ုတ္တရက္ေအးခဲ သြားၿပီးေနာက္တြင္ ဆရာထံမွတစ္ဆင့္ အၾကည့္ကေနာက္မွ သူ၏အတန္းေဖာ္ထံသို႔ ေရာက္သြားကာ ႏႈတ္ခမ္းကေကာ့တက္သြားသည္ သို႔ေသာ္တိတ္ဆိတ္ ေနေသးသည္။
အဂၤလိပ္ဆရာက သူတို႔၏အနားမွ ထြက္သြားၿပီးေနာက္ စင္ျမင့္ေပၚတြင္ ျပန္တက္ထိုင္သည္ စာအုပ္ကို ဆက္ဖတ္ေနေတာ့သည္ တစ္တန္းလုံးကလဲ တိတ္ဆိတ္သြားသည္။
ခ်ဳံခယ့္ခယ့္က ႐ုတ္တရက္ ေနာက္လွည့္လာသည္။
"အဂၤလိပ္ဆရာက ဘာကိုဆိုလိုတာလဲ"
နင္မုန႔္ကလည္း သူမ၏နားသို႔ ကပ္သြားၿပီးေနာက္ ခပ္တိုးတိုး ျပန္ေျပာသည္။
"ငါလဲမသိဘူး ငါ့ကို ဒီတိုင္း ေတြ႕သြားတာဘဲ"
ခ်ဳံခယ့္ခယ့္က ေမးေတာ့မည့္ အခ်ိန္တြင္ သူမ၏အၾကည့္က ေအးခဲသြားသည္။
နင္မုန႔္၏ ေက်ာင္းအက်ႌယူနီေဖာင္းေပၚရွိ မာဖလာက တစ္စုံတစ္ရာကိုဖုံးရန္ ကာထားသလို ျဖစ္ေနသည္။ သို႔ေသာ္ အဟၾကားမွတစ္ဆင့္ သူမက ျဖဴေဖ်ာ့ေသာလက္ကို လွမ္းျမင္လိုက္ရသည္။
ထို႔အျပင္ ေနာက္ထပ္ အ႐ြယ္အစား ပို၍ႀကီးေသာ လက္တစ္ဖက္ကိုလဲ ျမင္လိုက္ရေသးသည္။
ခ်ဳံခယ့္ခယ့္က အသက္ျပင္းျပင္း ရႉလိုက္ၿပီးေနာက္ အၾကည့္ကို ျပန္႐ုတ္သြားသည္။
အဂၤလိပ္ဆရာ ဒါကို ျမင္သြားတာပဲ ျဖစ္ေလာက္တယ္။ သူ ရပ္သြားတဲ့ ေနရာကဆို ဒါကို သူ ရွင္းရွင္းလင္းလင္း ျမင္ႏိုင္တယ္ ဒါဆို သူဆိုလိုတာက..
သူမႏွင့္ရွီခ်ီက အတန္းေဖာ္ ျဖစ္ခဲ့သည္မွာ ႏွစ္ႏွစ္ၾကာၿပီ ျဖစ္သည္။ သူ၏ဘဝက မည္သူကမွ သူ႔ကို ဝင္ေႏွာင့္ယွက္ရန္ သတၱိမရွိေသာေၾကာင့္ အၿမဲတေစ သာမာန္ျဖစ္ေနခဲ့သည္။ သူကလဲ ေက်ာင္းကိစၥမ်ားကို အာ႐ုံစိုက္ခဲသည္။ သို႔ရာတြင္ ဒီစာသင္ႏွစ္တြင္မူ သူက စကား အေတာ္မ်ားလာသည္။ ပို၍ဆိုးသည္မွာ သူမက သူ႔ကို မၾကာခဏဆိုသလို ...
ခ်ဳံခယ့္ခယ့္က အေတြးေရယဥ္ေၾကာကို ခ်က္ခ်င္း ျဖတ္ေတာက္ၿပီးေနာက္ စာကိုသာ ျပန္၍ အာ႐ုံစိုက္လိုက္သည္။ သို႔ရာတြင္ သူမ၏အေတြးမ်ားက ေယာက္ယပ္ခတ္ေနသည္ကို မတားဆီးႏိုင္ေခ်။
ငါ လွ်ိဳ႕ဝွက္ခ်က္ကို ရွာေတြ႕လိုက္ရတာလား။
အတန္းဆုံးသြားေသာအခါ ေက်ာင္းက ဆင္းရေတာ့မည္ျဖစ္သည္။ ခ်ဳံခယ့္ခယ့္က ပစၥည္းမ်ားကို ႀကိဳတင္သိမ္းၿပီး ေနာက္လွည့္ကာ စကားေျပာလာသည္။
"နင္နင္ သြားၾကစို႔"
နင္မုန႔္က ေခါင္းညိတ္ကာ ျပန္တုံ႔ျပန္သည္။
"ေကာင္းၿပီ"
ရွီခ်ီ၏လက္ကို လႊတ္လိုက္ၿပီးေနာက္ အခ်ိန္အတန္ၾကာသည့္အထိ အၾကည့္မလႊဲဘဲ စိုက္ၾကည့္မိသြားသည္။ ထို႔ေနာက္ စိတ္ထဲတြင္ သက္ျပင္းခ်လိုက္သည္ သူမက ခ်ဳံခယ့္ခယ့္ႏွင့္အတူ ထြက္သြားလိုက္ေတာ့သည္။
အျပင္တြင္ ႏွင္းက်ေနေသာ္လည္း ေျမာက္ပိုင္းကလူမ်ားက မ်ားမ်ားစားစား မေတြးၾကေခ်။
နင္မုန႔္က ေတာင္ပိုင္းဘက္တြင္ ႀကီးျပင္းလာခဲ့ျခင္းျဖစ္ၿပီး ေဆာင္းတြင္းက အလြန္းေအးသည့္အျပင္ ႏွင္းက်လာသည့္အခါ ထီးဖြင့္ရန္ႏွင့္ဖိနပ္အရွည္မ်ားကိုပင္ စီးရန္ လိုအပ္လာၾကသည္။ ထို႔ေၾကာင့္ ေျမာက္ပိုင္းတြင္ ေက်ာင္းလာတက္ေသာအခါ သူမက မတူေသာ ေအးသည့္ပုံစံတစ္မ်ိဳးကို ခံစားလိုက္ရသည္။
ခ်ဳံခယ့္ခယ့္က ေျမျပင္မွႏွင္းလုံးတစ္လုံးကိုပင္ လုပ္ၿပီး ကစားေနသည္။ အခ်ိန္အတန္ၾကာ တုန႔္ဆိုင္းၿပီးေနာက္ သူမကလဲ ေခါင္းလွည့္ကာ ေဘးမွ လူကိုၾကည့္လိုက္သည္။
နင္နင္က သူမႏွင္ယွဥ္ေသာ္ ပို၍ပင္ ေသးေကြးၿပီး ခ်စ္စရာေကာင္းသည္။ ထို႔အျပင္ သူမက ျဖဴေဖ်ာ့ကာ ႏူးညံ့ပုံေလး ျဖစ္ေနေလသည္။ ထို႔ေၾကာင့္အတန္းတြင္ သူမက ထူးထူးျခားျခား ျဖစ္ေနသည္။ သူမက ခပ္တိုးတိုး ေျပာလိုက္သည္။
"နင္နဲ႔ရွီခ်ီ..."
စကားကို လမ္းတစ္ဝက္တြင္ ရပ္လိုက္ၿပီးေနာက္ ခ်ဳံခယ့္ခယ့္က မည္သို႔ဆက္ေျပာရမည္ျဖစ္ေၾကာင္း မသိေတာ့ေခ်။