ဘူဆန်မြို့တစ်နေရာ...
"ဂျောင်ဂု၊ သား ထတော့လေ
ဒီနေ့ စောစောသွားရမှာဆို"
"အစောကြီးရှိသေးတယ်လေဗျာ ဝှားးး"
"ဘယ်နှယ့်စောရမှာတုန်း
ရှစ်နာရီထိုးနေပြီ နှိုးစက်မပေးထားဘူးလား"
"ဟမ်...! ရှစ်နာရီ?"
(နေပါအုံး ငါညက ခြောက်နာရီalarmပေးထားတာပါ)
ပြာပြာသလဲထကာ ဖုန်းကိုကြည့်လိုက်တော့
(အားး သေပါရော...! Pmနဲ့ Amမှားထားမိတာပဲ..)
~~~~~~~~~~~~~
"မေမေ့! သား သွားပြီနော်...
အဖေ့ကိုလည်းပြောပေးအုံး"
ဒီနေ့ ဂျောင်ဂုတို့
ရှေးဟောင်းသုတေသနတစ်ဌာနလုံး
ဘူဆန် မြောက်ပိုင်းတစ်နေရာသို့ လေ့လာရေးခရီးသွားရမည့်နေ့
အချိန်လည်းအတော်လေးနောက်ကျနေပြီမို့
အထုတ်ကြီးငယ်နှင့်
လှေကားထစ်ဘယ်နှစ်ဆင့်မှန်းမသိ
ကျော်ခွဆင်းလာကာ
အမေဖြစ်သူကိုပါ
တိုက်မိလုနီးပါးတွေ ဖြစ်ကုန်၏။
"သား နေအုံး မနက်စာစားသွားအုံးလေ...
ဟဲ့ အော် ဒီကောင်လေးနှယ့်
ပျာယာကိုခက်နေတော့တာပဲ"
"ဟိုရောက်မှ ဝယ်စားလိုက်တော့မယ်မေမေ
အချိန်မရတော့လို့"
"ရော့ ရော့ ပေါင်မုန့်ဖြစ်ဖြစ်ယူသွား
ခရီးကဝေးတယ်
တော်ကြာဗိုက်အောင့်နေမှဖြင့်
စားဖြစ်အောင်စားနော်...
ဓာတ်မီးတို့၊ အရေးကြုံရင်လိုရမယ်ရ မီးမွှေးဖို့ မီးခြစ်တို့ရောပါပြီလား...
ပလာစတာတို့လိမ်းဆေးတို့ရော၊
ပြီးတော့အားဆေးလည်း ထည့်သွားအုံး"
"ဟုတ်ဟုတ်"
သူ့အိတ်တွေနှင့်
အခြားလိုလောက်မည့်အရာတွေကို
ပြန်စစ်နေရင်း တိုတိုတုတ်တုတ်ပြန်ဖြေကာ အလောတကြီး ပြေးထွက်သွားလေသည်။
"ဟိုရောက်ရင်လည်းဖုန်းလှမ်းဆက်အုံး
ကြားလား သား!!"
သို့သော် ပြန်ဖြေသံမကြားရတော့
(ဟော ဒီကလေး ခဏလေးရှိသေး
လမ်းထိပ်နားထိများ ရောက်သွားလေသလား)
"မိန်းမရာ အရမ်းလည်းစိတ်ပူမနေပါနဲ့
သားက ငယ်တော့တဲ့အရွယ်လည်းမဟုတ်ဘူး၊
သူ့ဘော်ဒါတွေနဲ့ မေဂျာဆရာ/ဆရာမတွေ
ရော,ပါနေတာကို"
"ဟုတ်မှာပေါ့ ရှင်က
အသဲနှလုံးမှမရှိတာ ဘယ်စိတ်ပူတတ်မလဲ"
"ဟောဗျာ ကိုယ့်မှာအသဲနှလုံးသာမရှိရင်
မိန်းမလည်း အပျိုကြီးဖြစ်နေလောက်ပြီ ဟားး"
"ရော့ မြန်မြန်စားပြီး သွားတော့ အလုပ်ကို"
"အောင်မလေးဗျာ ဒီကောက်စိန်လေးကတော့"
~~~~~~~~~~~~~
"သားတို့သမီးတို့ လူစုံပြီလား?၊
စုံရင်သွားကြမယ်"
"Sam နေပါအုံး မောလိုက်တာ ဟူးးး
ကျွန်တော်ကျန်သေးတယ်လေဗျာ"
ဟူဒီအနက်၊
ဘောင်းဘီအနက်၊ ဦးထုပ်အနက်၊
ကျောပိုးအိတ်အနက်၊ ဖိနပ်အနက်နှင့်
ခရီးဆောင်အိတ်ကလည်းအနက်ဖြင့်
တစ်ကိုယ်လုံး နက်ဆွေးလာသူကို
sam ဆော့ဂျင် မြင်တာနှင့်
ဂျောင်ဂုမှန်း တန်းသိလိုက်ပါ၏။
Maskအနက်က အစစ်ပါသေး....
(နေပါအုံး လေ့လာရေးခရီးလား အသုဘလားပဲ)
"အေး ငါက ထားခဲ့တော့မလို့"
"Sam ကလဲ..."
"တက် မြန်မြန် ဒီကအထွက်နောက်ကျရင်
ဟိုမရောက်ခင် မှောင်နေမယ်"
"ဂျောင်ဂု နေအုံး
မင်းတစ်ကိုယ်လုံး မှောင်မဲနေပြီ
maskဖြစ်ဖြစ် ဘောင်းဘီဖြစ်ဖြစ်ချွတ်ထားစမ်း"
"Maskပဲ ချွတ်လိုက်ပါ့မယ် sam"
~~~~~~~~~~~~~
"မင်းတို့အကုန်လုံးကို
မှာချင်တာလေးရှိတယ်...
ခုသွားမယ့်နေရာက အားလုံးသိတဲ့အတိုင်း
သဘာဝတောတောင်တွေနဲ့ ပြည့်နေတဲ့နေရာ၊
တည်းမယ့်နေရာကလည်း ဟော်တယ်ထက်
မင်းတို့လေ့လာမယ့်
ရှေးဟောင်းရုပ်ထုတွေ ကျောက်စာတွေနဲ့
အနီးဆုံး ဘုန်းကြီးကျောင်းတစ်ခုကို
ရွေးထားတယ်၊
အဲ့မှာတည်းကြမယ်....
ဆိုတော့က
ကိုယ့်ကြောင့်အကုန်လုံး ဒုက္ခမရောက်စေချင်ရင်
ခြေလက်၊ ပါးစပ် မဆော့ဖို့
အဓိက မှာချင်တယ်..
ပြီးတော့ အချင်းချင်းညီညီညွတ်ညွတ်နေကြပါ
တနေရာရာသွားချင်ရင်
samတို့ကိုအရင်အသိပေးပါ
စိတ်လိုက်မာန်ပါ တစ်ယောက်ထဲမသွားပါနဲ့၊
ဟိုရောက်ရင် လည်း
sam တစ်ခါပြန်ပြောပေးမယ်...
ကဲ! အားလုံးပဲ ပျော်ရွှင်စရာခရီးလေးဖြစ်ပါစေ"
Sam ပြောတာနားထောင်ရင်း
ဖုန်းထုတ်ကြည့်မိရာမှ
တခုခုလိုနေတာ သတိထားမိသွားသည်..၊
သွားပြီ....!
ခရီးသွားမည့်နေ့မှ
အိပ်ရာထနောက်ကျမိခြင်းရဲ့
အကျိုးဆက်ကတော့
ဖုန်းအားသွင်းကြိုး မပါလာခြင်း၊
ညက အားသွင်းရင်းနဲ့
မနက်ကျပျာယာပြီး
ထည့်ဖို့ မေ့ကျန်ခဲ့တာဖြစ်မည်...
ကျောပိုးအိတ်ထဲ
မွှေနှောက်ရှာသော်လည်း မတွေ့တာမို့
မေမေပေးလိုက်သည့်
ပေါင်မုန့်ထုပ်တွေထဲက
တစ်ထုပ်တစ်လေလောက် အဆာပြေစားကာ
မှန်အပြင်ဘက် ဟိုဟိုဒီဒီငေးရင်း
လိုက်ပါလာသည်။
~~~~~~~~~~~~~
"ကဲ ကဲ မင်းတို့ အိတ်တွေ
ဒီအခန်းမှာထားလို့ရတယ်တဲ့"
"ပြီးရင် ဒီနားအနီးတဝိုက်
လှည့်ပတ်ကြည့်ကြမယ်၊
ခရီးပမ်းလို့ ခြေလက်ဆေးပြီး
နားချင်တဲ့သူတွေရှိရင်
Sam နမ်ဂျွန်းကို စာရင်းကြိုပေးထားကြ"
"ဂျွန်း ကိုယ်စိတ်ချမယ်နော်"
အနားကပ်ကာ
တိုးစိတိုးစိပြောပြီး
စိတ်ပူနေပုံလေးကအသဲယားဖွယ်
(စိတ်ရှိတိုင်းသာ
ရမ်းကားပစ်လိုက်ရရင်တော့လေ ဟင်းး)
"စိတ်ချပါ ကလေးရဲ့
ကိုယ်သေချာဂရုစိုက်လိုက်ပါ့မယ်
ကလေးလဲ အရမ်းအဝေးကြီးတွေ မသွားနဲ့အုံး"
"ဟုတ်"
"လိမ်မာနေလိုက်တာကွာ"
အသွားအလာနည်းနည်းရှင်းတုန်းမို့
ကလေးဆံသားလေးတွေကို
ချစ်စနိုးနဲ့ အသာဖွလိုက်ရာ
"ဟာ samတို့နော်
ခြေလက်,မဆော့နဲ့ဆိုပြီး
samတို့က အရင်ဆော့ပြနေတာပဲ"
"ထယ်ယောင်းတို့ကတော့
ကျူတိုအမှတ်လျှော့ခံချင်ပြီနဲ့တူတယ်"
"ဟီးး အဲ့လိုမလုပ်ကောင်းဘူးလေ...
samဂျွန်းက ကူပြောပေးပါအုံး"
"ဟုတ်သားပဲ ဒီတစ်ခါတော့ကလေးက
ခွင့်လွှတ်လိုက်နော်"
"ကလေးတဲ့ ခွီးးးး"
"ရားး!! ကင်မ် ထယ် ယောင်း!!!!"
"ပြေးပြီ sam ရေ...."
~~~~~~~~~~~~~
ကျွန်တော် ခရီးပမ်းနေတာမျိုးတော့
မဟုတ်ပေမယ့် ခြေလက်ဆေးပြီး
နည်းနည်းပါးပါးနားရန်ဆုံးဖြတ်ကာ
sam ဂျွန်းကို စာရင်းအရင်ပေးထားခဲ့သည်။
ပြီးမှ ခြေလက်လည်းဆေးရင်း
ရွှံ့ပေနေသောဖိနပ်ကိုလည်းသန့်ရှင်းရန်
sam ဂျွန်း ညွှန်လိုက်သည့်
ရေချိုးဆောင်ရှိရာသို့ ထွက်လာလိုက်၏။
ဘုန်းကြီးကျောင်းမှာ
ရှေးကျသောဗိသုကာလက်ရာ
ကျောင်းဆောင်များဖြင့် ရုတ်တရက်ကြည့်ပါက
နန်းတွင်းနှင့်ပင် ခပ်ဆင်ဆင်တူနေသေးသည်။
ကျောင်းဝန်းအတော်အတန်ကျယ်သော်လည်း
စာသင်သားအများအပြားမရှိတာမို့
ပတ်ဝန်းကျင်မှာ
အနည်းငယ်တိတ်ဆိတ်နေသယောင်....
လမ်းတလျှောက်တွင်
ဝါးပင်များက အစုလိုက်အရုံလိုက်
အစီအရီဝန်းရံထားကာ
သစ်ပင်ပန်းပင်အစုံအလင်ဖြင့်
မိုးဦးအစပိုင်း ခပ်အုံ့အုံ့ရာသီဥတုကြောင့်
စိမ်းစိုအုံ့မှိုင်း၍နေလေသည်။
လမ်းလျှောက်ကောင်းကောင်းနဲ့
ဆက်လျှောက်လာလိုက်တာ
(နေပါအုံး
အုတ်တံတိုင်းမရှိတာများလား?
ဒီတိုင်းဆို ဘုန်းကြီးကျောင်းဝန်း
ကျော်လာခဲ့ပြီထင်တယ်)
ဂျောင်ဂုလမ်းလျှောက်နေသည်မှာ
နာရီဝက်နီးပါးလောက် ရှိနေပြီဖြစ်သော်လည်း
ခုထိ ရေချိုးဆောင်မပြောနှင့်
ရေတွင်းနှင့်တူတာပင်မတွေ့သေး....
ရှပ်....ရှပ်........
ရုတ်တရက်
ဝါးရွက်ကြွေတွေပေါ်
တစ်စုံတစ်ခုဖြတ်သွားသံမျိုး ကြားလိုက်၏။
မိုးဦးအစမို့ မြွေတွေဘာတွေ
ဖြတ်သွားဖြတ်လာလုပ်ခြင်းဖြစ်မည်..၊
ရှပ်....ရှပ်........
အသံကတဖြည်းဖြည်းနီးလာသလို..
(ထယ် စ,နေတာများလား)
ရေမြေစိမ်း နေရာစိမ်းလည်းဖြစ်ကာ
မကြာခင်မှောင်တော့မှာ စိုးတာကြောင့်
ရေချိုးဆောင်လည်း
ဆက်ရှာမနေတော့ဘဲ
ခပ်သုတ်သုတ်ပြန်လှည့်မည်ပြုရာ...
"Jeon......"
ဂျောင်ဂုတစ်ယောက်
တစ်ကိုယ်လုံးတောင့်သွားရချေပြီ
အစက ထယ်,လာစ,နေတာဟု
ထင်မိသော်လည်း မဖြစ်နိုင်၊
သူက sam ဆော့ဂျင်တို့နှင့်
လိုက်သွားမည်ဖြစ်ကြောင်း
နေ့လယ်က ပြောထားသေးသည်၊
ပြီးတော့ ထယ့် အသံမဟုတ်မှန်းလည်း
ပြတ်ပြတ်သားသားကြီးကို
ကြားလိုက်ရ၏
ဒီဝါးတောထဲ ဘယ်သူရှိမှာလဲ?
ပြီးတော့ ဘယ်သူကရော သူ့နာမည်သိမှာလဲ?
နောက်လည်းလှည့်မကြည့်ရဲ၊
တောင့်တောင့်ကြီးရပ်ကာ
အသံနားစွင့်နေတုန်း....
"Jeon......!!"
"မေမေ့!!!!!"
ရုတ်တရက် နားနားကပ်ကာ
အော်ခေါ်လိုက်တာကြောင့်
ဂျောင်ဂုတစ်ယောက် အမေတ,ကာ
ပြေးဖို့သတိပြန်ကပ်လေတော့သည်။
ဂျောင်ဂုပြေးသွားပြီးနောက်မှ
ဝါးရုံကြားထဲ တရိပ်ရိပ်ပေါ်လာသော....၊
ပန်းနုရောင်နန်းတွင်းဝတ်စုံဖြင့်
ဖြူနုနုကောင်လေး၏ မျက်နှာထက်တွင်တော့
အလိုမကျမှုတို့ကြောင့် နှုတ်ခမ်းလေးစူကာ
နှာမှုတ်သံတစ်ချက်ပြုလျက်
"အရင်ကဘယ်လောက်အော်အော်
မဖြုံတဲ့သူက....၊ ဘာလဲ?
နှစ်ဆယ့်တစ်,ရာစုရောက်မှ
ကြောက်တတ်သွားတာလား....? ဟွန့်"
>>>>>>>•<<<<<<<
#Guu