Unicode
အပိုင်း - ၂၈
⏰ မနက် ၆ နာရီထိုးသည်နှင့်
ခတ် ဖရိုဖရဲဖြင့်အိပ်ရာမှထဖို့ပြင်၏။
"ဒါကဘယ်သွားမလို့လဲ"
"အခန်းပြန်မလို့။အန်တီမြိုင်မနိုးခင်ပြန်ရမှာ"
"ဘာဖြစ်လို့လဲ"
"သိသွားမှာစိုးလို့ပေါ့ရှင်"
"သိတော့ ဘာဖြစ်လဲ"
သူကတော့ ဇိမ်ပြေနပြေနဲ့ကို မေးနေတာ။ခတ်မှာဖြင့် သူ့ကိုဖြေရတာ စိတ်မရှည်နိုင်တော့ပေ။
"တော်ပြီ ရှင်နဲ့ပြောနေဖို့ အချိန်မရှိဘူး။ဖယ်....."
"မင်းက ဒီပုံစံနဲ့ပြန်မှာပေါ့"
သူမေ့ငေါ့ပြရင်း ပြောလိုက်သည်။
ခတ်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အင်္ကျီဆိုလို့သူ့ရှပ်အင်္ကျီတစ်ထည်တည်းသာရှိ၏။အဲ့ဒါကလည်း ကြယ်သီးကအပေါ်တစ်လုံး အောက်တစ်လုံးပြုတ်နေပြန်သည်။
"ခတ်အဝတ်အစားတွေ ပြန်ဝတ်သွားမှာ"
"ကိုယ်ပြောတာ အဲ့ဒါမဟုတ်ဘူး။
လာ-----ပြမယ်"
သူ့ထက်ခန့်ငြား ခတ်ကိုဆွဲခေါ်၍ မှန်ရှေ့မှာရပ်ပြသည်။
"အိုး ရင်ဘတ်တွေ လည်ပင်းတွေမှာအနီကွက်တွေ "
"မြင်လား ။အဲ့ဒါ ကိုယ်ပေးခဲ့တဲ့ အချစ်တံဆိပ်လေးတွေ"
"Mr. ရှင် တအားဆိုးတာပဲ။ဒီပုံစံနဲ့
ခတ် ဘယ်လိုပြန်ရတော့မှာလဲ"
"ကိုယ်စီစဉ်ပေးမယ်။ခဏစောင့်"
သူ ဖုန်းထုတ်လိုက်ပြီး
"Hello ဒေါ်မြိုင် နိုးပြီလား"
"-------------------"
ခန့်ငြား ဒေါ်မြိုင့်ဆီ ဖုန်းဆက်ပြီး ကလေးကိုမူကြိုလိုက်ပို့ဖို့ ပြောလိုက်လေသည်။
"ကဲ ပြီးပြီ။သူတို့ထွက်သွားမှ စာအုပ်လေးက အဝတ်အစားပြန်လဲ သန့်ရှင်းရေးလုပ်ပေါ့"
"အင်းအဲ့ဒီလိုပဲကောင်းပါတယ်။
သမီးလေးကတော့ ခတ်ကို မတွေ့
ရလို့ စိတ်မကောင်းဖြစ်နေမှာပဲ"
"အဲ့ဒါဆို ဖုန်းပြောမလား"
"တော်ပါပြီ Mr.ရယ်။ညနေမှ ချော့လိုက်တော့မယ်"
"ကိုယ်တို့ အချိန်နည်းနည်းရသေးတယ်။ခဏလောက်ပြန်ကွေးရအောင်"
"မကွေးချင်ပါဘူး။ခတ် ရေချိုးမလို့။ဒီမှာ ချွေးတွေက စေးကပ်ကပ်နဲ့"
"မချိုးနဲ့ဦး။ခဏနေလည်း ချွေးပြန်ထွက်မှာပဲကို"
သူကခတ်ကိုဆွဲ ၊ခတ်ကရုန်းနဲ့ နှစ်ယောက်သား ခုတင်ပေါ်ကို တစ်ခါပြန်ရောက်သွားကြပြန်၏။
"Mr. နော် ရှင်သိပ်မကဲနဲ့"
"ခဏပဲကွာ။ ၁၀ မိနစ်"
"တော်ပြီ။ရှင့်ရဲ့ ခဏဆိုတာကြီးကို ကြောက်တယ်"
"ရှူး တိုးတိုးနေ"
"တော်ပြီ ----လို့"
💮💮💮💮💮💮💮💮💮💮💮💮
Edward Group*
ခတ် နေ့လယ်စာထမင်းစားပြီး ရုံး Canteen မှအပြန် Mr. နဲ့ MD အပြင်ကပြန်လာသည်နှင့် ဆုံမိ၏။
“မင်္ဂလာပါ MD”
“မင်္ဂလာပါ Mr.”
ခတ်မှာ ကိုယ့်အထက်လူကြီးဖြစ်နေ၍ နှုတ်ဆက်လိုက်ပါသည်။
"မင်းက ဘယ်အချိန်ကြည့်ကြည့် အမြဲဖိုသီဖက်သီပဲနော်"
"ခတ်ရဲ့ uniform ကဘာဖြစ်နေလို့ပါလဲ MD."
"Uniform ကြောင့်မဟုတ်ပါဘူး။
လူကိုက အရှိန်အဝါမရှိတာ"
တကယ်တော့ ခတ်ကသူပြောသလောက် မဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်သိပါ၏။ခတ်ကို Mr. ရှေ့မှာ နှိမ်ချင်၍တမင်ပြောနေမှန်း ရိပ်မိသည်။
"MD က ဒီရုံးမှာ အကြီးအကဲဆိုတော့ ခတ်ထက်တော့ အရှိန်အဝါကြီးပါတယ်ရှင်။ဒါပေမဲ့ ခတ်ကတော့ အရှိန်အဝါမလိုပါဘူး။အကြည်ဓာတ်လေးရဖို့ပဲ လိုတာပါ"
"ခတ် ကိုယ် မနေ့ကမှာထားတဲ့ သွင်းကုန်ထုတ်ကုန် report လေး ပြန်စစ်ပေးပါဦး"
"ဟုတ်ကဲ့ Mr."
ခန့်ငြား ခတ်ကို ပ ထုတ်လိုက်သည်။
💮💮💮💮💮💮💮💮💮💮💮💮
ရုံးခန်းထဲကိုရောက်တဲ့အခါ
"ဝတ်လွှာ မင်းက သူများကိုတော့ အပြစ်ရှာတတ်တယ်နော်။မင်းမျက်နှာလည်း မင်းပြန်ကြည့်ပါဦး။ နှုတ်ခမ်းနီတွေ ပေပွနေတာ"
သူ ပြောလို့မသင့်တော်မှန်းသိပေမဲ့ တမင်ကို ဖဲ့ချပစ်သည်။
"ဟင် ဟုတ်လား"
ဝတ်လွှာ မှန်ထုတ်ပြီး အလျှင်အမြန်ကြည့်လိုက်၏။
(ဟုတ်သားပဲ။ဒါကို ဟိုကောင်မလေးမြင်သွားလောက်မယ် ထင်တယ်။တောက်…….ဒင်းကငါ့ကိုစိတ်ထဲကနေလှောင်နေတော့မှာပဲ)
💮💮💮💮💮💮💮💮💮💮💮💮
"ဝတ်လွှာ မင်းကို ငါပြောစရာရှိလို့။
မင်းက ငါတို့ Company မှာ MD ရာထူးကို ယူထားတဲ့သူ။
Mr. ဟန်ရှင်းရန်ကြောင့် မင်းကိုငါ တော်တော်လေး သည်းခံထားတယ်။
အေး.. ငါချစ်ရတဲ့သူ၊ငါ မြတ်နိုးရတဲ့သူကို လာထိလို့ကတော့ ဘယ်သူက ဘာကောင်ကြီးပဲဖြစ်နေနေ ငါ ဂရုမစိုက်ဘူးနော်"
"ရှင် ဘာတွေ လာပြောနေတာလဲ။
မိန်းမချင်း အဝတ်အစားကိစ္စပြောတာလေးကို အဲ့ဒီလောက် နာစရာလိုလို့လား"
"ငါပြောတာ ဒါ-- 📱"
ခန့်ငြား ဟိုတစ်နေ့က ခတ်ကိုနှောင့်ယှက်သည့်ကောင်ရဲ့ ဖုန်းကိုထုတ်ပြသည်။
(သူ မနေ့က ဖုန်းကိုစစ်ကြည့်မိတဲ့အခါ ဝတ်လွှာရဲ့ဖုန်းနံပါတ်ကို တွေ့ထားခဲ့မိ၏။)
ဝတ်လွှာ မျက်နှာပျက်သွားသည်။ဒါပေမဲ့ ချက်ချင်း ဟန်ဆောင်ပြီး
"အဲ့ဒီဖုန်းက ဘာလဲ ။လွှာမသိပါဘူး"
"အိပ်ချင်ယောင်ဆောင်နေတဲ့ကျားက နှိုးရခက်တယ် ဝတ်လွှာ။ဒီကိစ္စ ဒီမှာတင်ရပ်မယ်။ဒါပေမဲ့ မင်းသိအောင် ပြောလိုက်မယ်။
ရင်ခတ်ပန်းဆိုတာ မင်းနဲ့ ကောလိပ်မှာ မတွေ့ခင်ကတည်းက ငါ့ရင်ထဲကတစ်ဦးတည်းသော မိန်းကလေးပဲ”
လွှာ တိတ်တဆိတ်သာ နေလိုက်၏။
စိတ်ထဲမှာတော့
(နောက်ဆုံးမှာ ဘယ်သူကရှင့်အနားကျန်နေခဲ့မှာလဲဆိုတာ ရှင် စောင့်ကြည့် ခန့်ငြား )
To be continued
💙💙💙💙💙💙💙💙💙💙💙
Zawgyi
အပိုင္း - ၂၈
⏰ မနက္ ၆ နာရီထိုးသည္ႏွင့္
ခတ္ ဖ႐ိုဖရဲျဖင့္အိပ္ရာမွထဖို႔ျပင္၏။
"ဒါကဘယ္သြားမလို႔လဲ"
"အခန္းျပန္မလို႔။အန္တီၿမိဳင္မႏိုးခင္ျပန္ရမွာ"
"ဘာျဖစ္လို႔လဲ"
"သိသြားမွာစိုးလို႔ေပါ့ရွင္"
"သိေတာ့ ဘာျဖစ္လဲ"
သူကေတာ့ ဇိမ္ေျပနေျပနဲ႔ကို ေမးေနတာ။ခတ္မွာျဖင့္ သူ႔ကိုေျဖရတာ စိတ္မရွည္ႏိုင္ေတာ့ေပ။
"ေတာ္ၿပီ ရွင္နဲ႔ေျပာေနဖို႔ အခ်ိန္မရွိဘူး။ဖယ္....."
"မင္းက ဒီပုံစံနဲ႔ျပန္မွာေပါ့"
သူေမ့ေငါ့ျပရင္း ေျပာလိုက္သည္။
ခတ္ရဲ႕ ခႏၶာကိုယ္ေပၚမွာ အက်ႌဆိုလို႔သူ႔ရွပ္အက်ႌတစ္ထည္တည္းသာရွိ၏။အဲ့ဒါကလည္း ၾကယ္သီးကအေပၚတစ္လုံး ေအာက္တစ္လုံးျပဳတ္ေနျပန္သည္။
"ခတ္အဝတ္အစားေတြ ျပန္ဝတ္သြားမွာ"
"ကိုယ္ေျပာတာ အဲ့ဒါမဟုတ္ဘူး။
လာ-----ျပမယ္"
သူ႔ထက္ခန႔္ျငား ခတ္ကိုဆြဲေခၚ၍ မွန္ေရွ႕မွာရပ္ျပသည္။
"အိုး ရင္ဘတ္ေတြ လည္ပင္းေတြမွာအနီကြက္ေတြ "
"ျမင္လား ။အဲ့ဒါ ကိုယ္ေပးခဲ့တဲ့ အခ်စ္တံဆိပ္ေလးေတြ"
"Mr. ရွင္ တအားဆိုးတာပဲ။ဒီပုံစံနဲ႔
ခတ္ ဘယ္လိုျပန္ရေတာ့မွာလဲ"
"ကိုယ္စီစဥ္ေပးမယ္။ခဏေစာင့္"
သူ ဖုန္းထုတ္လိုက္ၿပီး
"Hello ေဒၚၿမိဳင္ ႏိုးၿပီလား"
"-------------------"
ခန႔္ျငား ေဒၚၿမိဳင့္ဆီ ဖုန္းဆက္ၿပီး ကေလးကိုမူႀကိဳလိုက္ပို႔ဖို႔ ေျပာလိုက္ေလသည္။
"ကဲ ၿပီးၿပီ။သူတို႔ထြက္သြားမွ စာအုပ္ေလးက အဝတ္အစားျပန္လဲ သန႔္ရွင္းေရးလုပ္ေပါ့"
"အင္းအဲ့ဒီလိုပဲေကာင္းပါတယ္။
သမီးေလးကေတာ့ ခတ္ကို မေတြ႕
ရလို႔ စိတ္မေကာင္းျဖစ္ေနမွာပဲ"
"အဲ့ဒါဆို ဖုန္းေျပာမလား"
"ေတာ္ပါၿပီ Mr.ရယ္။ညေနမွ ေခ်ာ့လိုက္ေတာ့မယ္"
"ကိုယ္တို႔ အခ်ိန္နည္းနည္းရေသးတယ္။ခဏေလာက္ျပန္ေကြးရေအာင္"
"မေကြးခ်င္ပါဘူး။ခတ္ ေရခ်ိဳးမလို႔။ဒီမွာ ေခြၽးေတြက ေစးကပ္ကပ္နဲ႔"
"မခ်ိဳးနဲ႔ဦး။ခဏေနလည္း ေခြၽးျပန္ထြက္မွာပဲကို"
သူကခတ္ကိုဆြဲ ၊ခတ္က႐ုန္းနဲ႔ ႏွစ္ေယာက္သား ခုတင္ေပၚကို တစ္ခါျပန္ေရာက္သြားၾကျပန္၏။
"Mr. ေနာ္ ရွင္သိပ္မကဲနဲ႔"
"ခဏပဲကြာ။ ၁၀ မိနစ္"
"ေတာ္ၿပီ။ရွင့္ရဲ႕ ခဏဆိုတာႀကီးကို ေၾကာက္တယ္"
"ရႉး တိုးတိုးေန"
"ေတာ္ၿပီ ----လို႔"
💮💮💮💮💮💮💮💮💮💮💮💮
Edward Group*
ခတ္ ေန႔လယ္စာထမင္းစားၿပီး ႐ုံး Canteen မွအျပန္ Mr. နဲ႔ MD အျပင္ကျပန္လာသည္ႏွင့္ ဆုံမိ၏။
“မဂၤလာပါ MD”
“မဂၤလာပါ Mr.”
ခတ္မွာ ကိုယ့္အထက္လူႀကီးျဖစ္ေန၍ ႏႈတ္ဆက္လိုက္ပါသည္။
"မင္းက ဘယ္အခ်ိန္ၾကည့္ၾကည့္ အၿမဲဖိုသီဖက္သီပဲေနာ္"
"ခတ္ရဲ႕ uniform ကဘာျဖစ္ေနလို႔ပါလဲ MD."
"Uniform ေၾကာင့္မဟုတ္ပါဘူး။
လူကိုက အရွိန္အဝါမရွိတာ"
တကယ္ေတာ့ ခတ္ကသူေျပာသေလာက္ မဟုတ္ဘူးဆိုတာ ကိုယ့္ကိုယ္ကိုယ္သိပါ၏။ခတ္ကို Mr. ေရွ႕မွာ ႏွိမ္ခ်င္၍တမင္ေျပာေနမွန္း ရိပ္မိသည္။
"MD က ဒီ႐ုံးမွာ အႀကီးအကဲဆိုေတာ့ ခတ္ထက္ေတာ့ အရွိန္အဝါႀကီးပါတယ္ရွင္။ဒါေပမဲ့ ခတ္ကေတာ့ အရွိန္အဝါမလိုပါဘူး။အၾကည္ဓာတ္ေလးရဖို႔ပဲ လိုတာပါ"
"ခတ္ ကိုယ္ မေန႔ကမွာထားတဲ့ သြင္းကုန္ထုတ္ကုန္ report ေလး ျပန္စစ္ေပးပါဦး"
"ဟုတ္ကဲ့ Mr."
ခန႔္ျငား ခတ္ကို ပ ထုတ္လိုက္သည္။
💮💮💮💮💮💮💮💮💮💮💮💮
႐ုံးခန္းထဲကိုေရာက္တဲ့အခါ
"ဝတ္လႊာ မင္းက သူမ်ားကိုေတာ့ အျပစ္ရွာတတ္တယ္ေနာ္။မင္းမ်က္ႏွာလည္း မင္းျပန္ၾကည့္ပါဦး။ ႏႈတ္ခမ္းနီေတြ ေပပြေနတာ"
သူ ေျပာလို႔မသင့္ေတာ္မွန္းသိေပမဲ့ တမင္ကို ဖဲ့ခ်ပစ္သည္။
"ဟင္ ဟုတ္လား"
ဝတ္လႊာ မွန္ထုတ္ၿပီး အလွ်င္အျမန္ၾကည့္လိုက္၏။
(ဟုတ္သားပဲ။ဒါကို ဟိုေကာင္မေလးျမင္သြားေလာက္မယ္ ထင္တယ္။ေတာက္…….ဒင္းကငါ့ကိုစိတ္ထဲကေနေလွာင္ေနေတာ့မွာပဲ)
💮💮💮💮💮💮💮💮💮💮💮💮
"ဝတ္လႊာ မင္းကို ငါေျပာစရာရွိလို႔။
မင္းက ငါတို႔ Company မွာ MD ရာထူးကို ယူထားတဲ့သူ။
Mr. ဟန္ရွင္းရန္ေၾကာင့္ မင္းကိုငါ ေတာ္ေတာ္ေလး သည္းခံထားတယ္။
ေအး.. ငါခ်စ္ရတဲ့သူ၊ငါ ျမတ္ႏိုးရတဲ့သူကို လာထိလို႔ကေတာ့ ဘယ္သူက ဘာေကာင္ႀကီးပဲျဖစ္ေနေန ငါ ဂ႐ုမစိုက္ဘူးေနာ္"
"ရွင္ ဘာေတြ လာေျပာေနတာလဲ။
မိန္းမခ်င္း အဝတ္အစားကိစၥေျပာတာေလးကို အဲ့ဒီေလာက္ နာစရာလိုလို႔လား"
"ငါေျပာတာ ဒါ-- 📱"
ခန႔္ျငား ဟိုတစ္ေန႔က ခတ္ကိုေႏွာင့္ယွက္သည့္ေကာင္ရဲ႕ ဖုန္းကိုထုတ္ျပသည္။
(သူ မေန႔က ဖုန္းကိုစစ္ၾကည့္မိတဲ့အခါ ဝတ္လႊာရဲ႕ဖုန္းနံပါတ္ကို ေတြ႕ထားခဲ့မိ၏။)
ဝတ္လႊာ မ်က္ႏွာပ်က္သြားသည္။ဒါေပမဲ့ ခ်က္ခ်င္း ဟန္ေဆာင္ၿပီး
"အဲ့ဒီဖုန္းက ဘာလဲ ။လႊာမသိပါဘူး"
"အိပ္ခ်င္ေယာင္ေဆာင္ေနတဲ့က်ားက ႏႈိးရခက္တယ္ ဝတ္လႊာ။ဒီကိစၥ ဒီမွာတင္ရပ္မယ္။ဒါေပမဲ့ မင္းသိေအာင္ ေျပာလိုက္မယ္။
ရင္ခတ္ပန္းဆိုတာ မင္းနဲ႔ ေကာလိပ္မွာ မေတြ႕ခင္ကတည္းက ငါ့ရင္ထဲကတစ္ဦးတည္းေသာ မိန္းကေလးပဲ”
လႊာ တိတ္တဆိတ္သာ ေနလိုက္၏။
စိတ္ထဲမွာေတာ့
(ေနာက္ဆုံးမွာ ဘယ္သူကရွင့္အနားက်န္ေနခဲ့မွာလဲဆိုတာ ရွင္ ေစာင့္ၾကည့္ ခန႔္ျငား )
To be continued
💙💙💙💙💙💙💙💙💙💙💙