Unicode
" အခု ဘာဖြစ်လို့တဲ့လဲ"
လော့ဝမ့်ကျိုး ကျောပြင်တွင် ချွေးများစိုရွှဲလာသည်။
" နေ.. နေပါဦး... မင်း ဘယ်သွားမလို့လဲ"
" အင်္ကျီလဲမလို့လေ"
ဖေးတုက သူ့ကိုကျောခိုင်း၍ ဒုတိယထပ်သို့ တက်သွား၏။
လော့ဝမ့်ကျိုးမှာ အဆိုပါစကားလုံးများ၏ ရိုက်ခတ်မှုကြောင့် မျက်လုံးများ အရောင်မှိန်ကျသွားသည်။ ဖေးတုအနောက်မှ သူ လိုက်မသွားနိုင်ခင် အသံပိတ်ထားသော ဖုန်းထဲမှ အချက်ပြမီးလင်းလာသည်ကို တွေ့လိုက်ရသည်။
" ဝမ့်ကျိုး.. ငါပါ"
ပထမဆုံး သူ့ကို ဆက်သွယ်၍ ရခဲ့သူက ထောက်ရန်ဖြစ်၏။ ထောက်ရန်က ချက်ချင်း ပြန်ပြောသည်။
" ရှစ်နျန်ကို အခုထိ အရေးပေါ်ကုသမှု ပေးထားရတုန်းပဲ.. ဒါပေမဲ့ စုံစမ်းရေးအဖွဲ့ကလူတွေ ရောက်လာကြတယ်.. ဘာတွေဖြစ်နေတာလဲ.. ယန်ရှင်းကရော ဘာဖြစ်သွားတာလဲ.. သူ့သတင်း ရသေးလား"
" ငါ.."
လော့ဝမ့်ကျိုး ပါးစပ်ဟရုံရှိသေး နောက်ထပ်ဖုန်းဝင်နေသော အချက်ပြမီး ပေါ်လာပြန်သည်။ ဖုန်းခေါ်သူအမည်က လန်ချောင်းဖြစ်နေသည့်အတွက် ထောက်ရန်ကို ပြန်ပြောလိုက်သည်။
" ခဏနော်.. ဟဲလို ရှောင်ချောင်း"
" ဘုရားရေ... အခုမှပဲ ဆရာဖုန်းကိုင်တော့တယ်"
လန်ချောင်းက တုန်ယင်စွာနှင့် ပြောလာသည်။
" မျက်မှန်လေးက ဆရာနဲ့ အဆက်အသွယ်မရဘူးပြောလို့လေ.. ဆရာ့ကို အရေးကြီးစကားပြောစရာရှိလို့.. မှတ်ပုံတင်အတုနဲ့ လူတွေကို ကျွန်မတို့ အကြမ်းဖျင်း သတ်မှတ်လို့ရပြီ . သူတို့တွေအားလုံးက Picture Album ပရောဂျက်ရဲ့ မပြီးပြတ်သေးတဲ့အမှုတွေထဲက နစ်နာသူတွေရဲ့ ဆွေမျိုးသားချင်းတွေပါ... ပြီး.. ပြီးတော့ အခုပဲ ဒါရိုက်တာချန်းကို ဖမ်းသွားကြတယ်.. CCTV တပ်ဆင်တဲ့ကုမ္ပဏီက ပြဿနာရှိနေလို့တဲ့... သူတို့ပြောတာက ဒါရိုက်တာချန်းက အတည်ပြုပေးထားလို့တဲ့... ပြီးတော့ သူတို့က ကျွန်မကို လက်ရှိစုံစမ်းရေးအကြောင်း အသေးစိတ် တင်ပြချက်ရေးရမယ်တဲ့.. ဆရာ ကျွန်မ ဘယ်လိုရေးရမှာလဲ"
" ကိစ္စမရှိဘူး.. မကြောက်နဲ့"
လော့ဝမ့်ကျိုးက ဖြည်းဖြည်းချင်း အသက်ပြင်းပြင်းရှူလိုက်သည်။
" ငါ ပြန်လာတဲ့အထိ စောင့်နေ.. မင်း ဘာရေးရမယ်ဆိုတာ ငါ ပြော...."
လော့ဝမ့်ကျိုး၏ စကားများကို နောက်ထပ်ဖုန်းဝင်လာသော အချက်ပြပြီးက ကြားဖြတ်သွားပြန်သည်။ အသက်တစ်ချက်ရှူထုတ်လိုက်သည်။ ဒီဖုန်းကိုလဲ သူ မကိုင်၍မရ။ နောက်ထပ်ခေါင်းတစ်လုံးအပို မရှိသည်ကို အတော်လေးနောင်တရသွား၏။ သို့သော် ကံမကောင်းသည်က ခန္ဓာကိုယ်အစိတ်အပိုင်းများကို အချိန်ပိုင်း ငှားထားလို့ မရခြင်းပင်။
" ဝမ့်ကျိုး"
တတိယမြောက် ခေါ်ဆိုသူက ဒါရိုက်တာကျန်းကို စစ်ဆေးနေစဉ် သူ့ကို စောင့်ကြည့်ခန်းထဲ နားထောင်ခိုင်းသည့် စုံစမ်းရေးမှူးဖြစ်၏။ သူ့အဖေနှင့် ရင်းနှီးသော မိတ်ဆွေဖြစ်သောကြောင့် လော့ဝမ့်ကျိုးနှင့် အဆက်အသွယ်ရှိသည်ဟု ပြောလို့ရသည်။ သို့သော် အများကြီးမဟုတ်။ ဖုန်းခေါ်၍ အသိပေးရုံလောက်သာ။
" မင်းကို ငါ မေးစရာရှိတယ်.. မင်းရဲ့အဲ့ဒီ့ဖေးတုဆိုတဲ့ကောင်လေးနဲ့ ဘယ်လိုပတ်သက်လဲ"
လော့ဝမ့်ကျိုးက ဒုတိယထပ်ရှိ တိတ်ဆိတ်နေသော အိပ်ခန်းကို တစ်ချက်မော့ကြည့်သည်။ ထို့နောက် လည်ချောင်းများလှုပ်ရှားလာကာ တိုးတိတ်စွာ ပြန်ဖြေ၏။
" ဦးလေးတို့ စိတ်ထင်တဲ့ ပတ်သက်မှုမျိုးပါပဲ"
စုံစမ်းရေးမှူးမှာ ဒီနေ့ခေတ်လူငယ်တွေ လမ်းလွဲကို သွားနေကြတာတောင်မှ ဖုံးကွယ်မထားပဲ ပွင့်ပွင့်လင်းလင်းပြောကြမည်ဟု မမျှော်လင့်ထား။ ခဏတာမျှ နင်သွားပြီးနောက် သက်ပြင်းချသည်။ ထို့နောက် အနည်းငယ် အေးစက်မာကြောသော လေသံနှင့် ပြောလိုက်သည်။
" အဲ့ဒါဆို ငါ အပိုတွေ ထပ်မပြောတော့ဘူး... လက်ထဲမှာ ရှိသမျှ အရာအားလုံး ငါတို့ဆီလွှဲပေးပြီး အမှုကနေ နောက်ဆုတ်လိုက်ပါ... သံသယကင်းအောင်"
လော့ဝမ့်ကျိုးက ' ကျွန်တော့်ကိုပါ တစ်ခါထဲ ခေါ်စစ်လိုက်ပါလား' ဟု ပြန်မေးချင်စိတ်ကို မျိုချလိုက်ရသည်။ နောက်ဆုံးတော့လဲ လမ်းမပေါ်မှာ အန်တီကြီးများကို အော်ဟစ်ဆဲဆိုကာ အလုပ်ကတ်ပြားကို အမှိုက်ပုံးထဲ ပစ်တတ်သည့်အရွယ်မှ မဟုတ်တော့ပဲလေ။
" သေချာတာပေါ့"
လော့ဝမ့်ကျိုးက သက်ပြင်းတစ်ချက်ရှိုက်ကာ ယဉ်ယဉ်ကျေးကျေးပြောလိုက်သည်။
" ဦးလေးတို့ စီစဉ်တာကို ကျွန်တော် လိုက်နာမှာပါ ... ကျွန်တော် ကူညီနိုင်တာမရှိရင် ဦးလေးတို့လမ်းထဲ ဝင်မရှုပ်မိအောင် နေပါ့မယ်.. တစ်ခုပဲ.. ကျွန်တော့်စိတ်ထဲပြင်ဆင်ထားလို့ရအောင်လို့ သဲလွနိစလေး ပြောပေးလို့မရဘူးလား"
စုံစမ်းရေးမှူးက တွေဝေနေသည်။
" အဲ့ဒါက လွန်ခဲ့တဲ့၁၅နှစ်က ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်နေလား"
လော့ဝမ့်ကျိုးက သူ့လေသံကို အတတ်နိုင်ဆုံး နူးညံ့စေရန် ကြိုးစားနေသည်။
" လွန်ခဲ့တဲ့ ၁၅နှစ်က သူ ၇နှစ် ၈နှစ်လောက်ပဲ ရှိဦးမှာ... သူ ဘာမှတောင် သိခဲ့မှာမဟုတ်ဘူး. အဲ့ဒါက ဘာလို့ သူနဲ့ ပတ်သက်..."
" ငါ သိပါတယ်... ငါတို့ ဥက္ကဋ္ဌဖေးကို ခေါ်ပြီး စုံစမ်းရေးမှာ ပူးပေါင်းဖို့ ဆက်သွယ်ပြီးပြီ .. မေးစရာနည်းနည်း ရှိရုံပါ"
စုံစမ်းရေးမှူးက ခဏရပ်သွားပြီးနောက် သက်ပြင်းချသည်။
" အခု လက်ရှိမှာတော့ Picture Album ပရောဂျက်ရဲ့ နောက်ကွယ်က တရားခံဟာ မင်းတို့ဌာနချုပ်ကနေ လျှို့ဝှက်ချက်တွေကို ပေါက်ကြားစေခဲ့တယ်ဆိုတဲ့ သက်သေအထိပဲ ငါတို့မှာရှိတယ်.. Picture Album ပရောဂျက်ကို ရပ်ဆိုင်းထားခဲ့တာ ဆယ်စုနှစ်တစ်ခု ကျော်နေပြီ.. အခု တစ်ယောက်ယောက်က ပြန်ဖော်ထုတ်ခဲ့တယ်... သူ့ရဲ့ရည်ရွယ်််ချက်က ဘာလဲ.. ငါ မင်းကို အတိအကျတော့ မပြောနိုင်ဘူး.. ဒါပေမဲ့ ငါပြောလို့ရတာက အဲ့ဒီ့လူက ယန်လုံခြုံရေးတက္ကသိုလ်က ဆိုတာကိုပဲ.. ဖေးတုနဲ့ အနီးကပ်ပတ်သက်မှုရှိတယ်.. တစ်ချိန်ထဲမှာပဲ လျှို့ဝှက်ချက်တွေ ပေါက်ကြားစေခဲ့တဲ့ CCTV ထုတ်လုပ်ရေးစက်ရုံက ဖေးအုပ်စုနဲ့ ဆက်နွယ်နေတာ... အကုန်လုံးက တိုက်ဆိုင်နေတာလို့ပဲ အရင်ထားရအောင်.. ဒါပေမဲ့ သူက အရေးကြီးတဲ့ ဆက်နွယ်ချက်တစ်ခုပဲ... မင်း နားလည်ပေးနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်"
ထိုစကားထဲမှ အဓိကအချက်နှစ်ချက်ကို လော့ဝမ့်ကျိုး လျှင်မြန်စွာ ဆွဲထုတ်လိုက်၏။
ဖေးတုနှင့် အနီးကပ်ပတ်သက်နေသည့် ယန်လုံခြုံရေးတက္ကသိုလ်မှ တစ်ယောက်ယောက်ဆိုသည်မှာ သူ့ဆရာဖန်ယွင်ထန်တစ်ယောက်သာ ဖြစ်နိုင်၏။ စုံစမ်းရေးမှူးပြောနေသည်က Picture Album ပရောဂျက်ကို အစပျိုးခဲ့သူက ဒါရိုက်တာကျန်းဖြစ်နိုင်ပေမဲ့ တကယ်တော့ ဖန်ယွင်ထန်က တိတ်တဆိတ် အားစိုက်ထုတ်ခဲ့တာလား...ဘာလို့လဲ.. သူကရော the Reciter နဲ့ ပတ်သက်နေတာလား...
ဌာနချုပ်မှ CCTV မှတ်တမ်းတွေ ပေါက်ကြားရခြင်းက ဘယ်လိုအပြောင်းအလှည့်တွေကြောင့်လဲတော့မသိ။ ဖေးအုပ်စုမှ ဖြစ်သည်ဟု ဦးတည်လာခဲ့သည်။ ဖေးချန်းယွီ ချန်ထားခဲ့တဲ့ အလုပ်တွေကို သေသေချာချာ မရှင်းလင်းရသေးတာလား.. ဒါမှမဟုတ် တစ်ယောက်ယောက်ကပဲ တမင်အကွက်ဆင်တာလား..
" လောင်လော့ရဲ့ အကျင့်စရိုက်နဲ့ သူ့မိသားစုကို ငါ လေးစားပါတယ်.. ဒါပေမဲ့ မင်းတို့လူငယ်တွေက ငါတို့တုန်းကနဲ့ တူတော့တာမဟုတ်ဘူး...မင်းတို့တွေဆီမှာ ခေတ်ရှေ့ပြေးနေတဲ့ အကြံဆိုးတွေ ရှုပ်ထွေးတဲ့အလုပ်တွေ အများကြီး လွှမ်းမိုးနေကြတာ... အပြင်လောကရဲ့ ဆွဲဆောင်မှုတွေကြား နစ်မြုပ်နေကြတာ"
စုံစမ်းရေးမှူးက မကွယ်ဝှက်ပဲ ပြောလိုက်သည်။
" မင်း ငါ့ကို ဦးလေးလို့ ခေါ်ဖူးတာကိုထောက်ပြီး ငါ မင်းကို နည်းနည်း ထပ်ပြောပြမယ်.. ဝမ့်ကျိုး.. မင်း ကလေးလေးမဟုတ်တော့ဘူး.. အခြေအနေတွေ ဘယ်လိုရှိတယ်ဆိုတာ မင်း နားလည်ရမယ်"
သက်လတ်ပိုင်း လူကြီးများဆိုသည်မှာ လူငယ်မျိုးဆက်နှင့် ပတ်သက်လာလျှင် တော်တော်လေးသတိထားကြ၏။ စကားတစ်ခွန်းပြောဖို့ကိုတောင်မှ ဝေ့ဝိုက်ကြရသည် ပညာသားပါပါ ပြောရသည်။ ရိုင်းစိုင်းသော စကားများ မသုံးရဲကြ။ သို့သော် စုံစမ်းရေးမှူး၏ စကားက ယဉ်ကျေးကာ ပညာသားပါသော်လဲ လော့ဝမ့်ကျိုးနားထဲရောက်တော့ နားစည်ပေါက်ကွဲသွားသည့်အလား ခံစားလိုက်ရသည်။
အဆိပ်ရှိသော အပင်တစ်ပင်ကဲ့သို့ ဖေးတုက သူ့စိတ်နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာတွင် အမြစ်တွယ်နေခဲ့ပြီဖြစ်၏။ ညင်သာသော လေပြေလေး ဝှေ့သွားရင်တောင် သူ့အသားတို့စုတ်ပြဲကာ သွေးစိမ်းရှင်ရှင် ထွက်စေသည်။ လော့ဝမ့်ကျိုးက ဖုန်းထဲမှနေ၍ 'စောက်ပိုတွေ.. သူ့ကို ခင်ဗျားတို့ ဘယ်လိုလူမျိုးလို့ ထင်နေတာလဲ" ဟု အသံကုန် အော်ပစ်လိုက်ချင်သည်။
သို့သော် ဒေါသက အရာအားလုံးကို မဖြေရှင်းနိုင်။ အထိကရုံးကိုသာ ဖြစ်စေနိုင်သည်ကို အကြီးအကဲများက သွေးနှင့်ရင်း၍ တချို့ဆို အသက်နှင့်ရင်း၍ သူ့ကို သင်ပြခဲ့ဖူး၏။
လော့ဝမ့်ကျိုးက ဒေါသကြောင့် တဆတ်ဆတ်တုန်နေသည်ကို ထိန်းကာ ကျေးဇူးတင်စကားပြော၍ ဖုန်းချလိုက်သည်။ ထို့နောက်တွင်တော့ ဒုတိယထပ်မှ ဆင်းလာသော ဖေးတုကို မြင်လိုက်ရ၏။
ဖေးတုဝတ်ထားသော မီးခိုးရင့်ရောင် ကုတ်အရှည်မှာ သပ်ရပ်နေကာ အလင်းရောင်နှင့် ပနံသင့်နေသည်။ မာဖလာပျော့ပျော့လေးနှင့် စတီးနာရီကို လက်တွင် ပတ်ထား၏။ မှန်ကိုင်းမပါသော မျက်မှန်တို့က သူ့အကြည့်တို့ကို အလွှာခြားထားပြန်သည်။ အဝတ်လဲလိုက်သည်နှင့်မတူပဲ အေးစက်နေသော အလွှာတစ်လွှာ ထပ်လာသည်ဟုသာ ထင်နေရသည်။
ဖေးတုက သူ့ကို ခေါင်းညိတ်ပြသည်။
" ကျွန်တော် အဲ့ဒီ့ကို သွားလိုက်ဦးမယ်"
လော့ဝမ့်ကျိုးက ဘာမှမပြောနိုင်ပဲ သူ့လက်ကောက်ဝတ်ကို ဖမ်းဆွဲသည်။
" မစိုးရိမ်ပါနဲ့ ... အခုက ကျွန်တော်တွေးထားတာထက် အများကြီး ပိုကောင်းတယ်.. ဖေးချန်းယွီနဲ့ လူသေတစ်ယောက်ကြားမှာ အသက်တစ်ချက်ရှိုက်ရုံလေးပဲ ကွာတော့တာ... သူ့ဟာသူ ထွက်မပြေးသွားနိုင်ဘူးဆိုတာ ၁၂၀ရာခိုင်နှုန်း သေချာတယ်... သူ ပျောက်သွားတာက ကျွန်တော့်အတွက် ကောင်းတဲ့အရာပါ... တစ်ယောက်ယောက်က ကျွန်တော့်ကို ကာကွယ်ပေးနေတယ်ဆိုတဲ့ သဘောပဲ.."
ဖေးတုက သူ့ကို နှစ်သိမ့်ပေးနေသည်။
" တကယ်လို့ ဖေးချန်းယွီသာ အိပ်ရာထဲမှာ လဲနေတာဆိုရင် အခုချိန် သံသယတရားခံက ကျွန်တော်တစ်ယောက်ပဲ ဖြစ်နေမှာလေ... ဒါပေမဲ့ သူ ဘယ်ကို ရောက်နေလဲ မသိနိုင်ဘူး.. ပြီးတော့ ကျွန်တော်က စုံစမ်းရေးကို ပူးပေါင်းရုံပါပဲ.. တစ်ယောက်ယောက် ကျွန်တော့်ကို လာဖမ်းမှာကိုစောင့်နေတာမှ မဟုတ်တာ"
လော့ဝမ့်ကျိုးက သွေးရောင်လွှမ်းနေသော မျက်လုံးများနှင့် ကြည့်နေသည်။
" ဖေးချန်းယွီနဲ့ ဖန်းစီယွမ်တို့က လွန်ခဲ့တဲ့ ၁၃နှစ်က ပူးပေါင်းပြီး လက်ရှိအခြေအနေကို ဖော်ဆောင်ခဲ့ကြတာ... ဖေးချန်းယွီက အခု မလှုပ်နိုင်တော့ဘူး...ဖန်းစီယွမ်ကလဲ ဘာမှန်းမသိတဲ့ အကြောင်းပြချက်တွေနဲ့ သူ့အစီအစဉ်ကို အတင်းရှေ့တိုးနေတာ... ဟိုအဖွဲ့အစည်းကို ကျန်းခိုင်ဖုန်းနဲ့ ဝေ့ကျန်းဟုန်တို့ကို စွန့်ပစ်အောင် အတင်းအကြပ်ဖိအားပေးတယ်... ကျန်းခိုင်ဖုန်းနဲ့ ဝေ့ကျန်းဟုဆိုတာက သူတို့တည်ရှိမှုအတွက် အကောင်းဆုံးအကာအရံတွေပဲ... အခု သူတို့မရှိတော့ အဖွဲ့အစည်းက အဝတ်အစားမပါပဲ လူတစ်ယောက်လို ဖြစ်နေပြီ... နောက်ဓားတစ်ချက်ဆိုရင် သူတို့အသားကို အလှီးခံရတော့မှာ.. သူတို့ ပြန်တိုက်မှ ရတော့မယ်... ပြန်မတိုက်ဘူးဆိုရင် သူတို့ထွက်ပြေးနိုင်ဖို့အတွက် နောက်ဆုံးအကာအရံတစ်ခုကို ရဲတွေလက်ထဲ ထိုးကျွေးရမှာ.. အဲ့ဒီ့အကာအရံက ကျွန်တော်ပဲ"
" ငါထင်တာက မင်းကို အခု အမှုဆင်နေတဲ့သူက the Reciter မဟုတ်ဘူး"
လော့ဝမ့်ကျိုးက ခက်ခဲစွာနှင့် စကားစသည်။
" ဖေးချန်းယွီရဲ့ ကားတိုက်မှုက လွန်ခဲ့တဲ့ သုံးနှစ်က ဖြစ်ခဲ့တာ.. ပြီးတော့ လောင်ယန်ရဲ့ သေဆုံးမှုက သံသယဝင်စရာပဲ... အဲ့ဒီ့တော့ ဖြစ်နိုင်တာက... ဖြစ်နိုင်တာက အဖွဲ့အစည်းထဲမှာ ပုန်းအောင်းနေတဲ့ the Reciter ရဲ့ လူတွေကို ပေါ်ကုန်လို့လား"
" ဒါပေမဲ့ the Reciter ရဲ့ လူတွေက ဟိုးအတွင်းထဲထိ ထိုးစိုက်နေကြတာ.. သူတို့ကို ဆွဲထုတ်ဖို့ဆိုတာ မလွယ်လောက်ဘူး"
ဖေးတုက မှန်ဘီလူးခုံးကို ဖြတ်၍ သူ့ကို စိုက်ကြည့်သည်။
the Reciter က အစီအစဉ်တွေ ဆွဲနေချိန် အဖွဲ့အစည်းကလဲ သေမည့်အချိန်ကို ထိုင်မစောင့်နိုင်။ ဒုတိယ Picture Album ပရောဂျက်နှင့် CCTV မှတ်တမ်းများကို တိတ်တဆိတ် ပြုပြင်ခြင်းက အဲ့ဒီ့အချိန်ထဲက စတင်ခဲ့တာဆိုရင်ရော...
ထိုအရာများကို လုပ်နိုင်စွမ်းရှိသည့် တစ်ယောက်ထဲသော သူက...
လော့ဝမ့်ကျိုး အသက်ပင် ကောင်းကောင်းမရှူနိုင်တော့။
ဖေးတုက သူ့အိတ်ထဲမှ ဖုန်းတစ်လုံးကို ယူကာ လော့ဝမ့်ကျိုးလက်ထဲ ထည့်ပေးလိုက်သည်။
" ကျွန်တော့်လူတွေကို ခင်ဗျားသုံးလို့ရအောင် ထားခဲ့ပေးမယ်.. လုကျားကို ခင်ဗျားသိပါတယ်... တကယ်လို့ တစ်ခုခုလိုအပ်ရင် သူ့ကို ပြောလိုက်.. သူက ပါးစပ်ကနေထုတ်မပြောပေမဲ့ ခင်ဗျားကို အရမ်းလေးစားတဲ့သူပါ.. ခင်ဗျား ခိုင်းတဲ့အတိုင်း သူ ဖြစ်အောင် လုပ်ပေးလိမ့်မယ်"
" လုကျား အခု ဘယ်မှာလဲ"
"ကျိုးဟွိုက်ကျင်းနဲ့ အတူရှိတယ် ... ကျိုးဟွိုက်ကျင်းက အရမ်းအရေးပါတဲ့လူတစ်ယောက်... ကျိုးမိသားစုက ဖေးချန်းယွီနဲ့ရော ဝေ့ကျန်းဟုန်နဲ့ရော လုံးဝမတူဘူး.. သူတို့ရုံးချုပ်တွေက နိုင်ငံခြားမှာ.. ကျန်းခိုင်ဖုန်းနဲ့ ကျိုးကျွင်းမိုတို့က သေကုန်ပြီ.. ဒါပေမဲ့ 'သူတို့'ရော ရဲတွေကပါ နိုင်ငံခြားအထိ မလိုက်နိုင်ဘူး.. အဲ့ဒီ့တော့ ကျိုးအုပ်စုထဲမှာ 'သူတို့'အတွက် အကျိုးယုတ်စေနိုင်တဲ့ အရာတွေရှိသေးလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး.. ပြီးတော့ ကျိုးဟွိုက်ကျင်းက တစ်ဦးတည်းသော ဆက်ခံသူ.. သူ့ညီလေးသေဆုံးမှုကြောင့် ရဲတွေနဲ့ ဘာမဆိုပူးပေါင်းမှာပဲ.. အဲ့ဒီ့တော့ ကျွန်တော်သာ 'သူတို့'ဆိုရင် ကျိုးဟွိုက်ကျင်းကို သေချာပေါက် သတ်ပစ်မှာ"
ဖေးတုက ရှင်းပြ၏။
" ခင်ဗျား သေချာပေါက် သေချာပေါက် သူ့ကို ကာကွယ်ရမယ် .. သူ တစ်ခုခု ဖြစ်လို့မရဘူး"
လော့ဝမ့်ကျိုးက ဖေးတုလက်ကိုရော ဖုန်းကိုပါ တင်းနေအောင် ဆုပ်ကိုင်ထား၏။
" ကားဆရာပြောခဲ့တာ ကျွန်တော့်မှာ အရေးကြီးတဲ့ သဲလွန်စတစ်ခု ရှိတယ်တဲ့.. ကျွန်တော့်ခန့်မှန်းချက်အရ ဒီသဲလွန်စက ဖေးချန်းယွီနဲ့ ဖန်းစီယွမ်တို့ရဲ့ လျှို့ဝှက်ဆက်နွယ်နေမှုကို ပြောတာမဟုတ်ဘူး.. ဖန်းစီယွမ်နဲ့ ဖေးချန်းယွီတို့ ပြောတဲ့စကားကို ကျွန်တော် သေချာပြန်စဉ်းစားနေခဲ့တာ...တကယ်လို့ ကျွန်တော့်ရဲ့ မှတ်ဉာဏ်တွေ မမှားဘူးဆိုရင် ဖေးချန်းယွီ အဲ့တုန်းက အရမ်းသံသယဖြစ်ဖို့ကောင်းတဲ့စကားတစ်ခွန်းကို ပြောခဲ့တယ်"
" ဘာလဲ"
" သူ ဖန်းစီယွမ်ကိုပြောနေတာ 'ခင်ဗျားက အမှုခြောက်ခုလုံးကို တရားမျှတမှုရအောင် လုပ်နိုင်ခဲ့တာပဲ.. တကယ်တော်တယ်.. ကျွန်တော် ခင်ဗျားကို တကယ်လေးစားပါတယ်'တဲ့ "
လော့ဝမ့်ကျိုးက သူ့စိတ်တွင်းမှ ဖြစ်နေသော ဒေါသကို မနည်းချိုးနှိမ်နေသည်။
" အဲ့ဒီ့စကားက ဘာပြဿနာရှိလို့လဲ"
" ပြဿနာက ခြောက်ခုဆိုတာလေ"
ဖေးတုက ပြန်ဖြေသည်။
" ဟိုနေ့က ခင်ဗျား ခိုးကြည့်ခဲ့တဲ့ အမှုတွေထဲမှာ.. ဖန်းစီယွမ်ကို အမှုခုနစ်ခုနဲ့ ပတ်သက်နေတယ်လို့ သံသယရှိခဲ့တာ... ဖေးချန်းယွီပဲ သင်္ချာမတတ်တာလား.. ဒါမှမဟုတ် ခုနစ်မှုထဲက တစ်မှုက ပြဿနာရှိနေတာလား"
" ဒါပေမဲ့ အဲ့ဒီ့တုန်းက တကယ်ပဲ အမှုခုနစ်ခုရှိခဲ့တာ"
လော့ဝမ့်ကျိုးက လေးလံစွာ ပြန်ပြော၏။
" ငါ ဒါရိုက်တာလုကို ဒီအကြောင်း မေးကြည့်သေးတယ်"
" ကျွန်တော်ထင်တာကတော့ အမှုခုနစ်ခုထဲက တစ်ခုမှာ သေချာပေါက် ပြဿနာရှိနေတယ်"
ဖေးတုက ဖြည်းညင်းစွာ ပြော၏။
" ရှစ်ရှုန်း.. Picture Album ပရောဂျက်ရဲ့ မူလရည်ရွယ်ချက်က ဖြစ်ပြီးသားအမှုတွေမှာရှိတဲ့ တရားခံတွေရဲ့ စိတ်ပိုင်းဆိုင်ရာအချက်အလက်တွေကို စုဆောင်းပြီး မဖြေရှင်းရသေးတဲ့အမှုတွေထဲမှာ ဖြစ်နိုင်ချေအရှိဆုံး တရားခံကို စိတ်ပညာကိုအသုံးချပြီး profiling လုပ်ဖို့ ကြိုးစားတာပဲလေ.. အဲ့ဒါဆိုရင် စိတ်ဖောက်နေတဲ့ လူသတ်သမားအမှုက ဘာလို့ပါနေတာလဲ.. အဲ့ဒီ့အမှုမှာ သက်သေအလုံအလောက်ရှိတယ်.. လူသတ်သမားကိုလဲ စိတ်ရောဂါဆေးရုံအထိ ပို့ထားပြီးပြီ... တရားမျှတမှုကို ရပြီးပြီပေါ့.. မဖြေရှင်းနိုင်တဲ့အမှုလဲ မဟုတ်ဘူး.. အမှုကျူးလွန်တဲ့သူကလဲ စိတ်ငြိမ်တဲ့သူမဟုတ်ဘူး.. အဲ့ဒီ့အမှုမျိုးကို လေ့လာရင်လဲ အကျိုးရှိမှာမဟုတ်ဘူးလေ.. ဘာလို့ အဲ့ဒါက Picture Album ပရောဂျက်ထဲ ရောက်နေတာလဲ"
လော့ဝမ့်ကျိုးက သူ့ကို ငေးကြည့်နေသည်။
ဖေးတုက သူ့လက်ကို ဆွဲဖယ်သည်။ လှည့်ထွက်သွားပြီးတော့မှ တစ်ခုခုမေ့ကျန်ခဲ့သလို ပြန်ပြောလိုက်သည်။
" ဒါနဲ့ ကျွန်တော့်ဖုန်းရဲ့ လျှို့ဝှက်နံပါတ်က"
" ငါ သိပါတယ်"
လော့ဝမ့်ကျိုးက ခံစားချက်မဲ့စွာ ပြန်ဖြေသည်။
" အဲ့ဒီ့နေ့... မင်း အမေ သတ်သေတာကို မင်းတွေ့ခဲ့ရတဲ့နေ့"
ဖေးတုက သူနှင့်မလှမ်းမကမ်းတွင် ခြေစုံရပ်လိုက်သည်။
" မဟုတ်ဘူး"
လော့ဝမ့်ကျိုးက အံ့အားသင့်စွာ မော့ကြည့်၏။
ဖေးတုလဲ သူ့ကို စိုက်ကြည့်နေသည်။ ထို့နောက်တွင်တော့ ဝေခွဲရခက်သည့် အပြုံးလေးတစ်ပွင့်နှင့်။ သို့သော် အလင်းရောင်လာရာကို ကျောပေးထားသည့်အတွက် သေချာမမြင်ရ။
" ကျွန်တော် ခင်ဗျားနဲ့ စတွေ့ခဲ့တဲ့နေ့"
ဖေးတုက ပြောလိုက်သည်။
.....
" ဒါရိုက်တာကျန်း.. အခုက ထူးခြားတဲ့အချိန်ကာလမို့လို့ပါ.. ခွင့်ပြုပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်.. ပြီးတော့ ခင်ဗျားရဲ့ ပူးပေါင်းမှုကို လိုအပ်ပါတယ်.. အခုရက်ပိုင်းအတွင်း ခရီးမထွက်ပါနဲ့"
လုပ်ထုံးလုပ်နည်းများဖြစ်သည့်အတွက် ဒါရိုက်တာကျန်းက နားလည်စွာနှင့် ခေါင်းညိတ်သည်။
ထိုအချိန် ကားတစ်စီးက တံခါးနား လာရပ်သည်။ ကျန်းချွင်ကျိုးက လိုက်ကြည့်နေလေရာ ထိုကားထဲမှ ရင်းနှီးနေသော လူငယ်တစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ရ၏။ မျက်မှန်နောက်မှ အကြည့်တို့က မထင်ရှား။ ကျန်းချွင်ကျိုးကို စိုက်ကြည့်နေပုံရ၏။ သူ့ကို ဖြတ်သွားချိန်တွင်တော့ ထိုလူငယ်၏ နှုတ်ခမ်းထောင့်စွန်းလေးကွေးကာ အဓိပ္ပါယ်ဖော်မရသည့် အပြုံးရေးရေး ပေါ်လာလေသည်။
" ဒါရိုက်တာကျန်း?? ဒါရိုက်တာကျန်း.. ဒီဘက်ကို လာပါဗျ.. ခင်ဗျားကို အိမ်ပြန်ပို့ပေးဖို့ ကားစီစဉ်ပေးရဦးမလား"
" ဟင်"
ကျန်းချွင်ကျိုးက ထိုအခါမှ အသိဝင်ကာ ထိုလူငယ်ထံမှအကြည့်လွှဲ၍ ယဉ်ကျေးစွာ ပြောလိုက်သည်။
" မလိုပါဘူးဗျာ.. လာကြိုမဲ့သူ ရှိပါတယ်"
စုံစမ်းရေးမှူးက ကျန်းချွင်ကျိုးကို တံခါးဝအထိ လိုက်ပို့သည်။ sedan ကားအသေးလေးက လမ်းတစ်ဖက်တွင် ရပ်ထားသည်။ သင်ခန်းစာရထားပြီးဖြစ်သည့်အတွက် ထိုကားက ပေါ်ပေါ်ထင်ထင် ရှိမနေ။ ဒရိုင်ဘာလဲ မပါပဲ အဖိုးကြီးပုံစံနှင့် လူတစ်ယောက်က ကားမောင်းသူနေရာမှ ထွက်လာကာ စုံစမ်းရေးမှူးကို လက်ပြနှုတ်ဆက်သည်။
ထိုသူက အသက်ခြောက်ဆယ်ကျော်အရွယ်ဖြစ်ကာ ပုံပန်းသဏ္ဍာန်က ရင်းနှီးလွယ်၏။ စျေးကြီးသော အဝတ်အစားများကြောင့် ထိုသူ၏ ကြွယ်ဝမှုကို ခန့်မှန်းနိုင်သည်။ ထိုသူ၏ မျက်နှာပေါ်မှ အပြုံးကလဲ မဂ္ဂဇင်းကာဗာအတွက် ပို့စ်ပေးနေသည့် ဟန်လုပ်ပြုံးတစ်ခုဖြစ်၏။
" ငါ့အစ်ကိုလေ"
ကျန်းချွင်ကျိုးက ပြောလိုက်သည်။
စုံစမ်းရေးမှူးက အံ့အားသင့်သွား၏။ ချွင်းလိုင်အုပ်စု၏ အကြီးမားဆုံးရှယ်ယာရှင်မှာ စီးပွားရေး ဘဏ္ဍာရေးမဂ္ဂဇင်းများတွင် ကာဗာအဖြစ် တကယ်ပဲ အကြိမ်ပေါင်းများစွာ ပါဝင်ခဲ့ဖူး၏။ သို့သော် အလင်းအမှောင်နှင့် မိတ်ကပ်တို့ကြောင့်လားမသိ အပြင်ကလူက နည်းနည်းပို၍ အသက်ကြီးပုံရသည်။ ညီအစ်ကိုနှစ်ယောက်က နည်းနည်းလေးမှ မတူ။ သူတို့ကိုယ်တိုင် ထုတ်မပြောပါက ပိန်ပါးသော ဒါရိုက်တာကျန်းနှင့် ဘီယာဗိုက် သူဌေးကြီးကို ညီအစ်ကိုဟု တပ်အပ်ပြောနိုင်မည်မဟုတ်။
ကျန်းချွင်ကျိုးက စုံစမ်းရေးမှူးနှင့် လက်ဆွဲနှုတ်ဆက်ကာ ကျန်းချွင်လင်းနှင့် နေရာလဲ၍ ကားမောင်းသူနေရာတွင် ဝင်ထိုင်သည်။
အတော်ကြာသည်အထိ ကားမောင်းပြီးနောက် ကျန်းချွင်ကျိုးက ကားနောက်ခုံတွင် ထိုင်နေသော အစ်ကိုဖြစ်သူနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။
" ဘာမှမဖြစ်ပါဘူးဗျာ"
ကျန်းချွင်ကျိုးက စကားစသည်။
" သူတို့က ကျွန်တော့်ကို ခရီးမထွက်ဖို့ သူတို့ခေါ်ရင်လာဖို့ပဲ ပြောတာ.. အဲ့ဒါက ထုံးစံပဲလေ.. ပုံမှန်အတိုင်းဆို သူတို့ထပ်မစစ်လောက်တော့ဘူး.. ကျွန်တော် တစ်ခုခုလုပ်ထားတယ်လို့ သံသယရှိရင် သူတို့ ဒီလိုလွယ်လွယ်နဲ့ လွှတ်ပေးမှာမဟုတ်ဘူး"
စကားကို ရွှေကဲ့သို့ တန်ဖိုးထားသည့်အလား ကျန်းချွင်လင်းက ခေါင်းအသာညိတ်သည်။
" အင်း"
ကျန်းချွင်ကျိုးက ဆက်ပြောသည်။
" ခုနကျွန်တော်တွေ့ခဲ့တဲ့ ကောင်လေးက.. ဖေးမိသားစုက မဟုတ်ဘူးလား"
" ဖေးချန်းယွီရဲ့သား"
ကျန်းချွင်လင်းက ပြန်ဖြေသည်။
" ကျွန်တော်ထင်တာ ကောက...."
ကျန်းချွင်ကျိုးက အပြင်ကိုတစ်ချက်ကြည့်ကာ မျက်လုံးကျုံ့၍ တိုးတိုးလေး ပြောနေသည်။
" ဒါက ငါ့ရဲ့မူလအစီအစဉ်ပဲ"
ကျန်းချွင်လင်းက ဆက်ပြောသည်။
" ဒါပေမဲ့ အဲ့ကလေးက အရမ်းဉာဏ်ကောင်းတာ.. ငါ့လူတွေ သူ့နောက်လိုက်ရင်းက ဗီလာအမှားကြီးထဲ ဝင်သွားသေးတာ... သူတို့သတိထားမိတဲ့အချိန်ကျတော့ သူက ရဲနဲ့တွေ့နေပြီ... တစ်ခုခုလုပ်ဖို့ အရမ်းသိသာတော့မှာ.. ပြီးတော့ အခု ဖေးချန်းယွီ ဘယ်ရောက်နေမှန်း မသိရဘူး... အဲ့ဒီ ခွေးကောင် သေတာရှင်တာက အရေးတော့မကြီးပါဘူး"
" ဖေးချန်းယွီလား"
ကျန်းချွင်ကျိုး၏ မျက်နှာအမူအရာ ချက်ချင်းပြောင်းသွား၏။
" မဖြစ်နိုင်တာ.. သူ ကိုမာဝင်နေတာ ကျွန်တော် သေချာ..."
" ငါလဲ အဲ့လိုပဲ ထင်ခဲ့တာပဲ"
ကျန်းချွင်လင်းက မှုန်ကုပ်ကုပ်နှင့် ဖြတ်ပြောလိုက်သည်။
" ဒါပေမဲ့ အခု သူ ဘယ်ရောက်နေလဲ"
ကားထဲမှ အပူပေးစက်ကြောင့် သူတို့မျက်နှာများ ရဲနေကာ ပူလောင်နေကြသည်။ ကျန်းချွင်ကျိုးက အချိန်အတော်ကြာအောင် တိတ်ဆိတ်နေ၏။
" ကျွန်တော် ဘာမှမပြောမိတာတော့ သေချာတယ်.. ကောရဲ့အစီအစဉ်အတိုင်း တစ်ဆင့်ချင်း ကျွန်တော်သွားခဲ့တာ.. ကော.. ဖန်းစီယွမ်ရဲ့လူတွေ တစ်ယောက်ချင်း ပေါ်နေတာပဲကို ဒီတစ်ခေါက်တော့ သူ လွယ်လွယ်နဲ့ မလွတ်နိုင်တော့ဘူး... သူ လွတ်သွားရင်တောင်မှ ဖေးချန်းယွီမှာ ဘယ်နှရက်မှ ကျန်တော့တာမဟုတ်ဘူး.. သူ့ဦးနှောက်က တကယ်သေနေတာလား ညာထားတာလားဆိုတာ အရေးကြီးသေးလို့လား"
ကျန်းချွင်လင်းက ကားနောက်ခုံကို မှီလိုက်သည်။ ဝနေသော ကိုယ်ကြောင့် အသက်ရှူနှုန်းတို့ တင်းကြပ်နေသည်ကို ခံစားလိုက်ရသည်။
" နောက်ဆုံးတစ်ခေါက်ပဲ..."
" ဒီလိုရက်မျိုးက တစ်နေ့နေ့တော့ ရောက်လာမှာပဲလေ"
ကျန်းချွင်ကျိုးက တိုးတိတ်စွာပြောသည်။
" ကော.. ဒီဟာက နောက်မျိုးဆက်ကို လွှဲပေးလို့ရတဲ့ စီးပွားရေးလဲ မဟုတ်ဘူး.. ဒီဟာကို ဆက်လုပ်မဲ့သူဆိုတာလဲ မရှိဘူး.. ကောလဲ အသက်ကြီးပြီ.. ကျွန်တော်လဲ အနားယူရတော့မှာ.. အရင်ကနဲ့ မတူတော့ဘူး.. ရှေ့ဆက်သွားရင် ပိုပိုပြီး ခက်လာတော့မှာ... ကျိုးကျွင်းမိုလို အဆုံးသတ်ကို ထိုင်မစောင့်ချင်ပါနဲ့ဗျာ.. ဖန်းစီယွမ်ကြောင့်သာမဟုတ်ရင် ကျွန်တော်တို့ ဒီလောက်လွယ်လွယ်နဲ့ လွတ်မှာမဟုတ်ဘူး.. သူ့ကိုတောင် ကျေးဇူးတင်ရဦးမယ်.. အိမ်မှာရော စီစဉ်စရာရှိတာတွေ စီစဉ်ပြီးပြီလား"
ကျန်းချွင်လင်းက အတိအကျ ပြန်ဖြေသည်။
" ဒီဟာပြီးရင် သူတို့နှစ်ယောက်လုံးကို နိုင်ငံခြားလွှတ်မှာ"
" ဒီနှစ်တွေမှာ ကျွန်တော်တို့ညီအစ်ကို တကယ်ကံကောင်းခဲ့တာပဲ"
ကျန်းချွင်ကျိုးက ပြောနေ၏။
" ကံ??"
ကျန်းချွင်လင်းက တိုးတိတ်စွာ ရယ်သည်။ သားကောင်တစ်ခုကို အခုလေးတင် ဝါးမြိုထားသည့်ပုံနှင့် သွားများပေါ်သည်အထိ ရယ်နေသည်။
" မွေးကတည်းက ငါ့မှာ ဘာမှမရှိခဲ့ဘူး.. ကံဆိုတာ ဘာမှန်းတောင် မသိဘူး.. ဒါပေမဲ့ ဘာဖြစ်လဲ.. ကံကို မှီခိုရင် ဒီအခြေအနေထိတောင် ရောက်မလာဘူး"
အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ကျန်းချွင်လင်းက ဆက်ပြောသည်။
" အဲ့ဒီ့သောက်သုံးမကျတဲ့ ကျိုးအိမ်ကကောင်လေး နိုင်ငံထဲ ပြန်ဝင်လာပြီ.. သူ ဘယ်မှာပုန်းနေလဲ မင်းသိလား"
" ကျွန်တော့်မှာ အကြံကောင်းတစ်ခုရှိတယ်"
ကျန်းချွင်ကျိုးက ပြန်ဖြေသည်။
" သူ့ ခြေထောက်နဲ့သူ ရောက်လာစေရမယ်"
" ပိုပြီးသေချာသွားအောင် အဲ့ကောင်လေးကို ရှင်းပစ်လိုက်"
ကျန်းချွင်ကျိုးက ခေါင်းညိတ်ကာ မြောက်လေထဲ တိုး၍ ကားကိုဆက်မောင်းနေ၏။
........
END OF PART 155
THANK YOU ALL
BOSS ကြီး၂ယောက် ပေါ်လာခဲ့ပါပြီ
အကုန်လုံးမှန်းထားတဲ့အတိုင်း ဖန်းစီယွမ်နဲ့ ဖေးချန်းယွီကတစ်ဖွဲ့
ကျန်းညီအစ်ကိုက တစ်ဖွဲ့ပါ
ဖေးဖေးနဲ့ လော့လော့က တစ်ဖွဲ့ပေါ့
Zawgyi
" အခု ဘာျဖစ္လို႔တဲ့လဲ"
ေလာ့ဝမ့္က်ိဳး ေက်ာျပင္တြင္ ေခြၽးမ်ားစို႐ႊဲလာသည္။
" ေန.. ေနပါဦး... မင္း ဘယ္သြားမလို႔လဲ"
" အကၤ်ီလဲမလို႔ေလ"
ေဖးတုက သူ႕ကိုေက်ာခိုင္း၍ ဒုတိယထပ္သို႔ တက္သြား၏။
ေလာ့ဝမ့္က်ိဳးမွာ အဆိုပါစကားလုံးမ်ား၏ ရိုက္ခတ္မႈေၾကာင့္ မ်က္လုံးမ်ား အေရာင္မွိန္က်သြားသည္။ ေဖးတုအေနာက္မွ သူ လိုက္မသြားနိုင္ခင္ အသံပိတ္ထားေသာ ဖုန္းထဲမွ အခ်က္ျပမီးလင္းလာသည္ကို ေတြ႕လိုက္ရသည္။
" ဝမ့္က်ိဳး.. ငါပါ"
ပထမဆုံး သူ႕ကို ဆက္သြယ္၍ ရခဲ့သူက ေထာက္ရန္ျဖစ္၏။ ေထာက္ရန္က ခ်က္ခ်င္း ျပန္ေျပာသည္။
" ရွစ္န်န္ကို အခုထိ အေရးေပၚကုသမႈ ေပးထားရတုန္းပဲ.. ဒါေပမဲ့ စုံစမ္းေရးအဖြဲ႕ကလူေတြ ေရာက္လာၾကတယ္.. ဘာေတြျဖစ္ေနတာလဲ.. ယန္ရွင္းကေရာ ဘာျဖစ္သြားတာလဲ.. သူ႕သတင္း ရေသးလား"
" ငါ.."
ေလာ့ဝမ့္က်ိဳး ပါးစပ္ဟ႐ုံရွိေသး ေနာက္ထပ္ဖုန္းဝင္ေနေသာ အခ်က္ျပမီး ေပၚလာျပန္သည္။ ဖုန္းေခၚသူအမည္က လန္ေခ်ာင္းျဖစ္ေနသည့္အတြက္ ေထာက္ရန္ကို ျပန္ေျပာလိုက္သည္။
" ခဏေနာ္.. ဟဲလို ေရွာင္ေခ်ာင္း"
" ဘုရားေရ... အခုမွပဲ ဆရာဖုန္းကိုင္ေတာ့တယ္"
လန္ေခ်ာင္းက တုန္ယင္စြာႏွင့္ ေျပာလာသည္။
" မ်က္မွန္ေလးက ဆရာနဲ႕ အဆက္အသြယ္မရဘူးေျပာလို႔ေလ.. ဆရာ့ကို အေရးႀကီးစကားေျပာစရာရွိလို႔.. မွတ္ပုံတင္အတုနဲ႕ လူေတြကို ကြၽန္မတို႔ အၾကမ္းဖ်င္း သတ္မွတ္လို႔ရၿပီ . သူတို႔ေတြအားလုံးက Picture Album ပေရာဂ်က္ရဲ႕ မၿပီးျပတ္ေသးတဲ့အမႈေတြထဲက နစ္နာသူေတြရဲ႕ ေဆြမ်ိဳးသားခ်င္းေတြပါ... ၿပီး.. ၿပီးေတာ့ အခုပဲ ဒါရိုက္တာခ်န္းကို ဖမ္းသြားၾကတယ္.. CCTV တပ္ဆင္တဲ့ကုမၸဏီက ျပႆနာရွိေနလို႔တဲ့... သူတို႔ေျပာတာက ဒါရိုက္တာခ်န္းက အတည္ျပဳေပးထားလို႔တဲ့... ၿပီးေတာ့ သူတို႔က ကြၽန္မကို လက္ရွိစုံစမ္းေရးအေၾကာင္း အေသးစိတ္ တင္ျပခ်က္ေရးရမယ္တဲ့.. ဆရာ ကြၽန္မ ဘယ္လိုေရးရမွာလဲ"
" ကိစၥမရွိဘူး.. မေၾကာက္နဲ႕"
ေလာ့ဝမ့္က်ိဳးက ျဖည္းျဖည္းခ်င္း အသက္ျပင္းျပင္းရႉလိုက္သည္။
" ငါ ျပန္လာတဲ့အထိ ေစာင့္ေန.. မင္း ဘာေရးရမယ္ဆိုတာ ငါ ေျပာ...."
ေလာ့ဝမ့္က်ိဳး၏ စကားမ်ားကို ေနာက္ထပ္ဖုန္းဝင္လာေသာ အခ်က္ျပၿပီးက ၾကားျဖတ္သြားျပန္သည္။ အသက္တစ္ခ်က္ရႉထုတ္လိုက္သည္။ ဒီဖုန္းကိုလဲ သူ မကိုင္၍မရ။ ေနာက္ထပ္ေခါင္းတစ္လုံးအပို မရွိသည္ကို အေတာ္ေလးေနာင္တရသြား၏။ သို႔ေသာ္ ကံမေကာင္းသည္က ခႏၶာကိုယ္အစိတ္အပိုင္းမ်ားကို အခ်ိန္ပိုင္း ငွားထားလို႔ မရျခင္းပင္။
" ဝမ့္က်ိဳး"
တတိယေျမာက္ ေခၚဆိုသူက ဒါရိုက္တာက်န္းကို စစ္ေဆးေနစဥ္ သူ႕ကို ေစာင့္ၾကည့္ခန္းထဲ နားေထာင္ခိုင္းသည့္ စုံစမ္းေရးမႉးျဖစ္၏။ သူ႕အေဖႏွင့္ ရင္းႏွီးေသာ မိတ္ေဆြျဖစ္ေသာေၾကာင့္ ေလာ့ဝမ့္က်ိဳးႏွင့္ အဆက္အသြယ္ရွိသည္ဟု ေျပာလို႔ရသည္။ သို႔ေသာ္ အမ်ားႀကီးမဟုတ္။ ဖုန္းေခၚ၍ အသိေပး႐ုံေလာက္သာ။
" မင္းကို ငါ ေမးစရာရွိတယ္.. မင္းရဲ႕အဲ့ဒီ့ေဖးတုဆိုတဲ့ေကာင္ေလးနဲ႕ ဘယ္လိုပတ္သက္လဲ"
ေလာ့ဝမ့္က်ိဳးက ဒုတိယထပ္ရွိ တိတ္ဆိတ္ေနေသာ အိပ္ခန္းကို တစ္ခ်က္ေမာ့ၾကည့္သည္။ ထို႔ေနာက္ လည္ေခ်ာင္းမ်ားလႈပ္ရွားလာကာ တိုးတိတ္စြာ ျပန္ေျဖ၏။
" ဦးေလးတို႔ စိတ္ထင္တဲ့ ပတ္သက္မႈမ်ိဳးပါပဲ"
စုံစမ္းေရးမႉးမွာ ဒီေန႕ေခတ္လူငယ္ေတြ လမ္းလြဲကို သြားေနၾကတာေတာင္မွ ဖုံးကြယ္မထားပဲ ပြင့္ပြင့္လင္းလင္းေျပာၾကမည္ဟု မေမွ်ာ္လင့္ထား။ ခဏတာမွ် နင္သြားၿပီးေနာက္ သက္ျပင္းခ်သည္။ ထို႔ေနာက္ အနည္းငယ္ ေအးစက္မာေၾကာေသာ ေလသံႏွင့္ ေျပာလိုက္သည္။
" အဲ့ဒါဆို ငါ အပိုေတြ ထပ္မေျပာေတာ့ဘူး... လက္ထဲမွာ ရွိသမွ် အရာအားလုံး ငါတို႔ဆီလႊဲေပးၿပီး အမႈကေန ေနာက္ဆုတ္လိုက္ပါ... သံသယကင္းေအာင္"
ေလာ့ဝမ့္က်ိဳးက ' ကြၽန္ေတာ့္ကိုပါ တစ္ခါထဲ ေခၚစစ္လိုက္ပါလား' ဟု ျပန္ေမးခ်င္စိတ္ကို မ်ိဳခ်လိဳက္ရသည္။ ေနာက္ဆုံးေတာ့လဲ လမ္းမေပၚမွာ အန္တီႀကီးမ်ားကို ေအာ္ဟစ္ဆဲဆိုကာ အလုပ္ကတ္ျပားကို အမွိုက္ပုံးထဲ ပစ္တတ္သည့္အ႐ြယ္မွ မဟုတ္ေတာ့ပဲေလ။
" ေသခ်ာတာေပါ့"
ေလာ့ဝမ့္က်ိဳးက သက္ျပင္းတစ္ခ်က္ရွိုက္ကာ ယဥ္ယဥ္ေက်းေက်းေျပာလိုက္သည္။
" ဦးေလးတို႔ စီစဥ္တာကို ကြၽန္ေတာ္ လိုက္နာမွာပါ ... ကြၽန္ေတာ္ ကူညီနိုင္တာမရွိရင္ ဦးေလးတို႔လမ္းထဲ ဝင္မရႈပ္မိေအာင္ ေနပါ့မယ္.. တစ္ခုပဲ.. ကြၽန္ေတာ့္စိတ္ထဲျပင္ဆင္ထားလို႔ရေအာင္လို႔ သဲလြနိစေလး ေျပာေပးလို႔မရဘူးလား"
စုံစမ္းေရးမႉးက ေတြေဝေနသည္။
" အဲ့ဒါက လြန္ခဲ့တဲ့၁၅ႏွစ္က ျဖစ္ပ်က္ခဲ့တာေတြနဲ႕ ပတ္သက္ေနလား"
ေလာ့ဝမ့္က်ိဳးက သူ႕ေလသံကို အတတ္နိုင္ဆုံး ႏူးညံ့ေစရန္ ႀကိဳးစားေနသည္။
" လြန္ခဲ့တဲ့ ၁၅ႏွစ္က သူ ၇ႏွစ္ ၈ႏွစ္ေလာက္ပဲ ရွိဦးမွာ... သူ ဘာမွေတာင္ သိခဲ့မွာမဟုတ္ဘူး. အဲ့ဒါက ဘာလို႔ သူနဲ႕ ပတ္သက္..."
" ငါ သိပါတယ္... ငါတို႔ ဥကၠ႒ေဖးကို ေခၚၿပီး စုံစမ္းေရးမွာ ပူးေပါင္းဖို႔ ဆက္သြယ္ၿပီးၿပီ .. ေမးစရာနည္းနည္း ရွိ႐ုံပါ"
စုံစမ္းေရးမႉးက ခဏရပ္သြားၿပီးေနာက္ သက္ျပင္းခ်သည္။
" အခု လက္ရွိမွာေတာ့ Picture Album ပေရာဂ်က္ရဲ႕ ေနာက္ကြယ္က တရားခံဟာ မင္းတို႔ဌာနခ်ဳပ္ကေန လွ်ို႔ဝွက္ခ်က္ေတြကို ေပါက္ၾကားေစခဲ့တယ္ဆိုတဲ့ သက္ေသအထိပဲ ငါတို႔မွာရွိတယ္.. Picture Album ပေရာဂ်က္ကို ရပ္ဆိုင္းထားခဲ့တာ ဆယ္စုႏွစ္တစ္ခု ေက်ာ္ေနၿပီ.. အခု တစ္ေယာက္ေယာက္က ျပန္ေဖာ္ထုတ္ခဲ့တယ္... သူ႕ရဲ႕ရည္႐ြယ္္္ခ်က္က ဘာလဲ.. ငါ မင္းကို အတိအက်ေတာ့ မေျပာနိုင္ဘူး.. ဒါေပမဲ့ ငါေျပာလို႔ရတာက အဲ့ဒီ့လူက ယန္လုံၿခဳံေရးတကၠသိုလ္က ဆိုတာကိုပဲ.. ေဖးတုနဲ႕ အနီးကပ္ပတ္သက္မႈရွိတယ္.. တစ္ခ်ိန္ထဲမွာပဲ လွ်ို႔ဝွက္ခ်က္ေတြ ေပါက္ၾကားေစခဲ့တဲ့ CCTV ထုတ္လုပ္ေရးစက္႐ုံက ေဖးအုပ္စုနဲ႕ ဆက္ႏြယ္ေနတာ... အကုန္လုံးက တိုက္ဆိုင္ေနတာလို႔ပဲ အရင္ထားရေအာင္.. ဒါေပမဲ့ သူက အေရးႀကီးတဲ့ ဆက္ႏြယ္ခ်က္တစ္ခုပဲ... မင္း နားလည္ေပးနိုင္မယ္လို႔ ငါေမွ်ာ္လင့္ပါတယ္"
ထိုစကားထဲမွ အဓိကအခ်က္ႏွစ္ခ်က္ကို ေလာ့ဝမ့္က်ိဳး လွ်င္ျမန္စြာ ဆြဲထုတ္လိုက္၏။
ေဖးတုႏွင့္ အနီးကပ္ပတ္သက္ေနသည့္ ယန္လုံၿခဳံေရးတကၠသိုလ္မွ တစ္ေယာက္ေယာက္ဆိုသည္မွာ သူ႕ဆရာဖန္ယြင္ထန္တစ္ေယာက္သာ ျဖစ္နိုင္၏။ စုံစမ္းေရးမႉးေျပာေနသည္က Picture Album ပေရာဂ်က္ကို အစပ်ိဳးခဲ့သူက ဒါရိုက္တာက်န္းျဖစ္နိုင္ေပမဲ့ တကယ္ေတာ့ ဖန္ယြင္ထန္က တိတ္တဆိတ္ အားစိုက္ထုတ္ခဲ့တာလား...ဘာလို႔လဲ.. သူကေရာ the Reciter နဲ႕ ပတ္သက္ေနတာလား...
ဌာနခ်ဳပ္မွ CCTV မွတ္တမ္းေတြ ေပါက္ၾကားရျခင္းက ဘယ္လိုအေျပာင္းအလွည့္ေတြေၾကာင့္လဲေတာ့မသိ။ ေဖးအုပ္စုမွ ျဖစ္သည္ဟု ဦးတည္လာခဲ့သည္။ ေဖးခ်န္းယြီ ခ်န္ထားခဲ့တဲ့ အလုပ္ေတြကို ေသေသခ်ာခ်ာ မရွင္းလင္းရေသးတာလား.. ဒါမွမဟုတ္ တစ္ေယာက္ေယာက္ကပဲ တမင္အကြက္ဆင္တာလား..
" ေလာင္ေလာ့ရဲ႕ အက်င့္စရိုက္နဲ႕ သူ႕မိသားစုကို ငါ ေလးစားပါတယ္.. ဒါေပမဲ့ မင္းတို႔လူငယ္ေတြက ငါတို႔တုန္းကနဲ႕ တူေတာ့တာမဟုတ္ဘူး...မင္းတို႔ေတြဆီမွာ ေခတ္ေရွ႕ေျပးေနတဲ့ အႀကံဆိုးေတြ ရႈပ္ေထြးတဲ့အလုပ္ေတြ အမ်ားႀကီး လႊမ္းမိုးေနၾကတာ... အျပင္ေလာကရဲ႕ ဆြဲေဆာင္မႈေတြၾကား နစ္ျမဳပ္ေနၾကတာ"
စုံစမ္းေရးမႉးက မကြယ္ဝွက္ပဲ ေျပာလိုက္သည္။
" မင္း ငါ့ကို ဦးေလးလို႔ ေခၚဖူးတာကိုေထာက္ၿပီး ငါ မင္းကို နည္းနည္း ထပ္ေျပာျပမယ္.. ဝမ့္က်ိဳး.. မင္း ကေလးေလးမဟုတ္ေတာ့ဘူး.. အေျခအေနေတြ ဘယ္လိုရွိတယ္ဆိုတာ မင္း နားလည္ရမယ္"
သက္လတ္ပိုင္း လူႀကီးမ်ားဆိုသည္မွာ လူငယ္မ်ိဳးဆက္ႏွင့္ ပတ္သက္လာလွ်င္ ေတာ္ေတာ္ေလးသတိထားၾက၏။ စကားတစ္ခြန္းေျပာဖို႔ကိုေတာင္မွ ေဝ့ဝိုက္ၾကရသည္ ပညာသားပါပါ ေျပာရသည္။ ရိုင္းစိုင္းေသာ စကားမ်ား မသုံးရဲၾက။ သို႔ေသာ္ စုံစမ္းေရးမႉး၏ စကားက ယဥ္ေက်းကာ ပညာသားပါေသာ္လဲ ေလာ့ဝမ့္က်ိဳးနားထဲေရာက္ေတာ့ နားစည္ေပါက္ကြဲသြားသည့္အလား ခံစားလိုက္ရသည္။
အဆိပ္ရွိေသာ အပင္တစ္ပင္ကဲ့သို႔ ေဖးတုက သူ႕စိတ္ႏွလုံးသား၏ အနက္ရွိုင္းဆုံးေနရာတြင္ အျမစ္တြယ္ေနခဲ့ၿပီျဖစ္၏။ ညင္သာေသာ ေလေျပေလး ေဝွ႕သြားရင္ေတာင္ သူ႕အသားတို႔စုတ္ၿပဲကာ ေသြးစိမ္းရွင္ရွင္ ထြက္ေစသည္။ ေလာ့ဝမ့္က်ိဳးက ဖုန္းထဲမွေန၍ 'ေစာက္ပိုေတြ.. သူ႕ကို ခင္ဗ်ားတို႔ ဘယ္လိုလူမ်ိဳးလို႔ ထင္ေနတာလဲ" ဟု အသံကုန္ ေအာ္ပစ္လိုက္ခ်င္သည္။
သို႔ေသာ္ ေဒါသက အရာအားလုံးကို မေျဖရွင္းနိုင္။ အထိက႐ုံးကိုသာ ျဖစ္ေစနိုင္သည္ကို အႀကီးအကဲမ်ားက ေသြးႏွင့္ရင္း၍ တခ်ိဳ႕ဆို အသက္ႏွင့္ရင္း၍ သူ႕ကို သင္ျပခဲ့ဖူး၏။
ေလာ့ဝမ့္က်ိဳးက ေဒါသေၾကာင့္ တဆတ္ဆတ္တုန္ေနသည္ကို ထိန္းကာ ေက်းဇူးတင္စကားေျပာ၍ ဖုန္းခ်လိဳက္သည္။ ထို႔ေနာက္တြင္ေတာ့ ဒုတိယထပ္မွ ဆင္းလာေသာ ေဖးတုကို ျမင္လိုက္ရ၏။
ေဖးတုဝတ္ထားေသာ မီးခိုးရင့္ေရာင္ ကုတ္အရွည္မွာ သပ္ရပ္ေနကာ အလင္းေရာင္ႏွင့္ ပနံသင့္ေနသည္။ မာဖလာေပ်ာ့ေပ်ာ့ေလးႏွင့္ စတီးနာရီကို လက္တြင္ ပတ္ထား၏။ မွန္ကိုင္းမပါေသာ မ်က္မွန္တို႔က သူ႕အၾကည့္တို႔ကို အလႊာျခားထားျပန္သည္။ အဝတ္လဲလိုက္သည္ႏွင့္မတူပဲ ေအးစက္ေနေသာ အလႊာတစ္လႊာ ထပ္လာသည္ဟုသာ ထင္ေနရသည္။
ေဖးတုက သူ႕ကို ေခါင္းညိတ္ျပသည္။
" ကြၽန္ေတာ္ အဲ့ဒီ့ကို သြားလိုက္ဦးမယ္"
ေလာ့ဝမ့္က်ိဳးက ဘာမွမေျပာနိုင္ပဲ သူ႕လက္ေကာက္ဝတ္ကို ဖမ္းဆြဲသည္။
" မစိုးရိမ္ပါနဲ႕ ... အခုက ကြၽန္ေတာ္ေတြးထားတာထက္ အမ်ားႀကီး ပိုေကာင္းတယ္.. ေဖးခ်န္းယြီနဲ႕ လူေသတစ္ေယာက္ၾကားမွာ အသက္တစ္ခ်က္ရွိုက္႐ုံေလးပဲ ကြာေတာ့တာ... သူ႕ဟာသူ ထြက္မေျပးသြားနိုင္ဘူးဆိုတာ ၁၂၀ရာခိုင္ႏႈန္း ေသခ်ာတယ္... သူ ေပ်ာက္သြားတာက ကြၽန္ေတာ့္အတြက္ ေကာင္းတဲ့အရာပါ... တစ္ေယာက္ေယာက္က ကြၽန္ေတာ့္ကို ကာကြယ္ေပးေနတယ္ဆိုတဲ့ သေဘာပဲ.."
ေဖးတုက သူ႕ကို ႏွစ္သိမ့္ေပးေနသည္။
" တကယ္လို႔ ေဖးခ်န္းယြီသာ အိပ္ရာထဲမွာ လဲေနတာဆိုရင္ အခုခ်ိန္ သံသယတရားခံက ကြၽန္ေတာ္တစ္ေယာက္ပဲ ျဖစ္ေနမွာေလ... ဒါေပမဲ့ သူ ဘယ္ကို ေရာက္ေနလဲ မသိနိုင္ဘူး.. ၿပီးေတာ့ ကြၽန္ေတာ္က စုံစမ္းေရးကို ပူးေပါင္း႐ုံပါပဲ.. တစ္ေယာက္ေယာက္ ကြၽန္ေတာ့္ကို လာဖမ္းမွာကိုေစာင့္ေနတာမွ မဟုတ္တာ"
ေလာ့ဝမ့္က်ိဳးက ေသြးေရာင္လႊမ္းေနေသာ မ်က္လုံးမ်ားႏွင့္ ၾကည့္ေနသည္။
" ေဖးခ်န္းယြီနဲ႕ ဖန္းစီယြမ္တို႔က လြန္ခဲ့တဲ့ ၁၃ႏွစ္က ပူးေပါင္းၿပီး လက္ရွိအေျခအေနကို ေဖာ္ေဆာင္ခဲ့ၾကတာ... ေဖးခ်န္းယြီက အခု မလႈပ္နိုင္ေတာ့ဘူး...ဖန္းစီယြမ္ကလဲ ဘာမွန္းမသိတဲ့ အေၾကာင္းျပခ်က္ေတြနဲ႕ သူ႕အစီအစဥ္ကို အတင္းေရွ႕တိုးေနတာ... ဟိုအဖြဲ႕အစည္းကို က်န္းခိုင္ဖုန္းနဲ႕ ေဝ့က်န္းဟုန္တို႔ကို စြန့္ပစ္ေအာင္ အတင္းအၾကပ္ဖိအားေပးတယ္... က်န္းခိုင္ဖုန္းနဲ႕ ေဝ့က်န္းဟုဆိုတာက သူတို႔တည္ရွိမႈအတြက္ အေကာင္းဆုံးအကာအရံေတြပဲ... အခု သူတို႔မရွိေတာ့ အဖြဲ႕အစည္းက အဝတ္အစားမပါပဲ လူတစ္ေယာက္လို ျဖစ္ေနၿပီ... ေနာက္ဓားတစ္ခ်က္ဆိုရင္ သူတို႔အသားကို အလွီးခံရေတာ့မွာ.. သူတို႔ ျပန္တိုက္မွ ရေတာ့မယ္... ျပန္မတိုက္ဘူးဆိုရင္ သူတို႔ထြက္ေျပးနိုင္ဖို႔အတြက္ ေနာက္ဆုံးအကာအရံတစ္ခုကို ရဲေတြလက္ထဲ ထိုးေကြၽးရမွာ.. အဲ့ဒီ့အကာအရံက ကြၽန္ေတာ္ပဲ"
" ငါထင္တာက မင္းကို အခု အမႈဆင္ေနတဲ့သူက the Reciter မဟုတ္ဘူး"
ေလာ့ဝမ့္က်ိဳးက ခက္ခဲစြာႏွင့္ စကားစသည္။
" ေဖးခ်န္းယြီရဲ႕ ကားတိုက္မႈက လြန္ခဲ့တဲ့ သုံးႏွစ္က ျဖစ္ခဲ့တာ.. ၿပီးေတာ့ ေလာင္ယန္ရဲ႕ ေသဆုံးမႈက သံသယဝင္စရာပဲ... အဲ့ဒီ့ေတာ့ ျဖစ္နိုင္တာက... ျဖစ္နိုင္တာက အဖြဲ႕အစည္းထဲမွာ ပုန္းေအာင္းေနတဲ့ the Reciter ရဲ႕ လူေတြကို ေပၚကုန္လို႔လား"
" ဒါေပမဲ့ the Reciter ရဲ႕ လူေတြက ဟိုးအတြင္းထဲထိ ထိုးစိုက္ေနၾကတာ.. သူတို႔ကို ဆြဲထုတ္ဖို႔ဆိုတာ မလြယ္ေလာက္ဘူး"
ေဖးတုက မွန္ဘီလူးခုံးကို ျဖတ္၍ သူ႕ကို စိုက္ၾကည့္သည္။
the Reciter က အစီအစဥ္ေတြ ဆြဲေနခ်ိန္ အဖြဲ႕အစည္းကလဲ ေသမည့္အခ်ိန္ကို ထိုင္မေစာင့္နိုင္။ ဒုတိယ Picture Album ပေရာဂ်က္ႏွင့္ CCTV မွတ္တမ္းမ်ားကို တိတ္တဆိတ္ ျပဳျပင္ျခင္းက အဲ့ဒီ့အခ်ိန္ထဲက စတင္ခဲ့တာဆိုရင္ေရာ...
ထိုအရာမ်ားကို လုပ္နိုင္စြမ္းရွိသည့္ တစ္ေယာက္ထဲေသာ သူက...
ေလာ့ဝမ့္က်ိဳး အသက္ပင္ ေကာင္းေကာင္းမရႉနိုင္ေတာ့။
ေဖးတုက သူ႕အိတ္ထဲမွ ဖုန္းတစ္လုံးကို ယူကာ ေလာ့ဝမ့္က်ိဳးလက္ထဲ ထည့္ေပးလိုက္သည္။
" ကြၽန္ေတာ့္လူေတြကို ခင္ဗ်ားသုံးလို႔ရေအာင္ ထားခဲ့ေပးမယ္.. လုက်ားကို ခင္ဗ်ားသိပါတယ္... တကယ္လို႔ တစ္ခုခုလိုအပ္ရင္ သူ႕ကို ေျပာလိုက္.. သူက ပါးစပ္ကေနထုတ္မေျပာေပမဲ့ ခင္ဗ်ားကို အရမ္းေလးစားတဲ့သူပါ.. ခင္ဗ်ား ခိုင္းတဲ့အတိုင္း သူ ျဖစ္ေအာင္ လုပ္ေပးလိမ့္မယ္"
" လုက်ား အခု ဘယ္မွာလဲ"
"က်ိဳးဟြိုက္က်င္းနဲ႕ အတူရွိတယ္ ... က်ိဳးဟြိုက္က်င္းက အရမ္းအေရးပါတဲ့လူတစ္ေယာက္... က်ိဳးမိသားစုက ေဖးခ်န္းယြီနဲ႕ေရာ ေဝ့က်န္းဟုန္နဲ႕ေရာ လုံးဝမတူဘူး.. သူတို႔႐ုံးခ်ဳပ္ေတြက နိုင္ငံျခားမွာ.. က်န္းခိုင္ဖုန္းနဲ႕ က်ိဳးကြၽင္းမိုတို႔က ေသကုန္ၿပီ.. ဒါေပမဲ့ 'သူတို႔'ေရာ ရဲေတြကပါ နိုင္ငံျခားအထိ မလိုက္နိုင္ဘူး.. အဲ့ဒီ့ေတာ့ က်ိဳးအုပ္စုထဲမွာ 'သူတို႔'အတြက္ အက်ိဳးယုတ္ေစနိုင္တဲ့ အရာေတြရွိေသးလားဆိုတာ ဘယ္သူမွ မသိနိုင္ဘူး.. ၿပီးေတာ့ က်ိဳးဟြိုက္က်င္းက တစ္ဦးတည္းေသာ ဆက္ခံသူ.. သူ႕ညီေလးေသဆုံးမႈေၾကာင့္ ရဲေတြနဲ႕ ဘာမဆိုပူးေပါင္းမွာပဲ.. အဲ့ဒီ့ေတာ့ ကြၽန္ေတာ္သာ 'သူတို႔'ဆိုရင္ က်ိဳးဟြိုက္က်င္းကို ေသခ်ာေပါက္ သတ္ပစ္မွာ"
ေဖးတုက ရွင္းျပ၏။
" ခင္ဗ်ား ေသခ်ာေပါက္ ေသခ်ာေပါက္ သူ႕ကို ကာကြယ္ရမယ္ .. သူ တစ္ခုခု ျဖစ္လို႔မရဘူး"
ေလာ့ဝမ့္က်ိဳးက ေဖးတုလက္ကိုေရာ ဖုန္းကိုပါ တင္းေနေအာင္ ဆုပ္ကိုင္ထား၏။
" ကားဆရာေျပာခဲ့တာ ကြၽန္ေတာ့္မွာ အေရးႀကီးတဲ့ သဲလြန္စတစ္ခု ရွိတယ္တဲ့.. ကြၽန္ေတာ့္ခန့္မွန္းခ်က္အရ ဒီသဲလြန္စက ေဖးခ်န္းယြီနဲ႕ ဖန္းစီယြမ္တို႔ရဲ႕ လွ်ို႔ဝွက္ဆက္ႏြယ္ေနမႈကို ေျပာတာမဟုတ္ဘူး.. ဖန္းစီယြမ္နဲ႕ ေဖးခ်န္းယြီတို႔ ေျပာတဲ့စကားကို ကြၽန္ေတာ္ ေသခ်ာျပန္စဥ္းစားေနခဲ့တာ...တကယ္လို႔ ကြၽန္ေတာ့္ရဲ႕ မွတ္ဉာဏ္ေတြ မမွားဘူးဆိုရင္ ေဖးခ်န္းယြီ အဲ့တုန္းက အရမ္းသံသယျဖစ္ဖို႔ေကာင္းတဲ့စကားတစ္ခြန္းကို ေျပာခဲ့တယ္"
" ဘာလဲ"
" သူ ဖန္းစီယြမ္ကိုေျပာေနတာ 'ခင္ဗ်ားက အမႈေျခာက္ခုလုံးကို တရားမွ်တမႈရေအာင္ လုပ္နိုင္ခဲ့တာပဲ.. တကယ္ေတာ္တယ္.. ကြၽန္ေတာ္ ခင္ဗ်ားကို တကယ္ေလးစားပါတယ္'တဲ့ "
ေလာ့ဝမ့္က်ိဳးက သူ႕စိတ္တြင္းမွ ျဖစ္ေနေသာ ေဒါသကို မနည္းခ်ိဳးႏွိမ္ေနသည္။
" အဲ့ဒီ့စကားက ဘာျပႆနာရွိလို႔လဲ"
" ျပႆနာက ေျခာက္ခုဆိုတာေလ"
ေဖးတုက ျပန္ေျဖသည္။
" ဟိုေန႕က ခင္ဗ်ား ခိုးၾကည့္ခဲ့တဲ့ အမႈေတြထဲမွာ.. ဖန္းစီယြမ္ကို အမႈခုနစ္ခုနဲ႕ ပတ္သက္ေနတယ္လို႔ သံသယရွိခဲ့တာ... ေဖးခ်န္းယြီပဲ သခၤ်ာမတတ္တာလား.. ဒါမွမဟုတ္ ခုနစ္မႈထဲက တစ္မႈက ျပႆနာရွိေနတာလား"
" ဒါေပမဲ့ အဲ့ဒီ့တုန္းက တကယ္ပဲ အမႈခုနစ္ခုရွိခဲ့တာ"
ေလာ့ဝမ့္က်ိဳးက ေလးလံစြာ ျပန္ေျပာ၏။
" ငါ ဒါရိုက္တာလုကို ဒီအေၾကာင္း ေမးၾကည့္ေသးတယ္"
" ကြၽန္ေတာ္ထင္တာကေတာ့ အမႈခုနစ္ခုထဲက တစ္ခုမွာ ေသခ်ာေပါက္ ျပႆနာရွိေနတယ္"
ေဖးတုက ျဖည္းညင္းစြာ ေျပာ၏။
" ရွစ္ရႈန္း.. Picture Album ပေရာဂ်က္ရဲ႕ မူလရည္႐ြယ္ခ်က္က ျဖစ္ၿပီးသားအမႈေတြမွာရွိတဲ့ တရားခံေတြရဲ႕ စိတ္ပိုင္းဆိုင္ရာအခ်က္အလက္ေတြကို စုေဆာင္းၿပီး မေျဖရွင္းရေသးတဲ့အမႈေတြထဲမွာ ျဖစ္နိုင္ေခ်အရွိဆုံး တရားခံကို စိတ္ပညာကိုအသုံးခ်ၿပီး profiling လုပ္ဖို႔ ႀကိဳးစားတာပဲေလ.. အဲ့ဒါဆိုရင္ စိတ္ေဖာက္ေနတဲ့ လူသတ္သမားအမႈက ဘာလို႔ပါေနတာလဲ.. အဲ့ဒီ့အမႈမွာ သက္ေသအလုံအေလာက္ရွိတယ္.. လူသတ္သမားကိုလဲ စိတ္ေရာဂါေဆး႐ုံအထိ ပို႔ထားၿပီးၿပီ... တရားမွ်တမႈကို ရၿပီးၿပီေပါ့.. မေျဖရွင္းနိုင္တဲ့အမႈလဲ မဟုတ္ဘူး.. အမႈက်ဴးလြန္တဲ့သူကလဲ စိတ္ၿငိမ္တဲ့သူမဟုတ္ဘူး.. အဲ့ဒီ့အမႈမ်ိဳးကို ေလ့လာရင္လဲ အက်ိဳးရွိမွာမဟုတ္ဘူးေလ.. ဘာလို႔ အဲ့ဒါက Picture Album ပေရာဂ်က္ထဲ ေရာက္ေနတာလဲ"
ေလာ့ဝမ့္က်ိဳးက သူ႕ကို ေငးၾကည့္ေနသည္။
ေဖးတုက သူ႕လက္ကို ဆြဲဖယ္သည္။ လွည့္ထြက္သြားၿပီးေတာ့မွ တစ္ခုခုေမ့က်န္ခဲ့သလို ျပန္ေျပာလိုက္သည္။
" ဒါနဲ႕ ကြၽန္ေတာ့္ဖုန္းရဲ႕ လွ်ို႔ဝွက္နံပါတ္က"
" ငါ သိပါတယ္"
ေလာ့ဝမ့္က်ိဳးက ခံစားခ်က္မဲ့စြာ ျပန္ေျဖသည္။
" အဲ့ဒီ့ေန႕... မင္း အေမ သတ္ေသတာကို မင္းေတြ႕ခဲ့ရတဲ့ေန႕"
ေဖးတုက သူႏွင့္မလွမ္းမကမ္းတြင္ ေျခစုံရပ္လိုက္သည္။
" မဟုတ္ဘူး"
ေလာ့ဝမ့္က်ိဳးက အံ့အားသင့္စြာ ေမာ့ၾကည့္၏။
ေဖးတုလဲ သူ႕ကို စိုက္ၾကည့္ေနသည္။ ထို႔ေနာက္တြင္ေတာ့ ေဝခြဲရခက္သည့္ အၿပဳံးေလးတစ္ပြင့္ႏွင့္။ သို႔ေသာ္ အလင္းေရာင္လာရာကို ေက်ာေပးထားသည့္အတြက္ ေသခ်ာမျမင္ရ။
" ကြၽန္ေတာ္ ခင္ဗ်ားနဲ႕ စေတြ႕ခဲ့တဲ့ေန႕"
ေဖးတုက ေျပာလိုက္သည္။
.....
" ဒါရိုက္တာက်န္း.. အခုက ထူးျခားတဲ့အခ်ိန္ကာလမို႔လို႔ပါ.. ခြင့္ျပဳေပးနိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္.. ၿပီးေတာ့ ခင္ဗ်ားရဲ႕ ပူးေပါင္းမႈကို လိုအပ္ပါတယ္.. အခုရက္ပိုင္းအတြင္း ခရီးမထြက္ပါနဲ႕"
လုပ္ထုံးလုပ္နည္းမ်ားျဖစ္သည့္အတြက္ ဒါရိုက္တာက်န္းက နားလည္စြာႏွင့္ ေခါင္းညိတ္သည္။
ထိုအခ်ိန္ ကားတစ္စီးက တံခါးနား လာရပ္သည္။ က်န္းခြၽင္က်ိဳးက လိုက္ၾကည့္ေနေလရာ ထိုကားထဲမွ ရင္းႏွီးေနေသာ လူငယ္တစ္ေယာက္ ထြက္လာသည္ကို ေတြ႕လိုက္ရ၏။ မ်က္မွန္ေနာက္မွ အၾကည့္တို႔က မထင္ရွား။ က်န္းခြၽင္က်ိဳးကို စိုက္ၾကည့္ေနပုံရ၏။ သူ႕ကို ျဖတ္သြားခ်ိန္တြင္ေတာ့ ထိုလူငယ္၏ ႏႈတ္ခမ္းေထာင့္စြန္းေလးေကြးကာ အဓိပၸါယ္ေဖာ္မရသည့္ အၿပဳံးေရးေရး ေပၚလာေလသည္။
" ဒါရိုက္တာက်န္း?? ဒါရိုက္တာက်န္း.. ဒီဘက္ကို လာပါဗ်.. ခင္ဗ်ားကို အိမ္ျပန္ပို႔ေပးဖို႔ ကားစီစဥ္ေပးရဦးမလား"
" ဟင္"
က်န္းခြၽင္က်ိဳးက ထိုအခါမွ အသိဝင္ကာ ထိုလူငယ္ထံမွအၾကည့္လႊဲ၍ ယဥ္ေက်းစြာ ေျပာလိုက္သည္။
" မလိုပါဘူးဗ်ာ.. လာႀကိဳမဲ့သူ ရွိပါတယ္"
စုံစမ္းေရးမႉးက က်န္းခြၽင္က်ိဳးကို တံခါးဝအထိ လိုက္ပို႔သည္။ sedan ကားအေသးေလးက လမ္းတစ္ဖက္တြင္ ရပ္ထားသည္။ သင္ခန္းစာရထားၿပီးျဖစ္သည့္အတြက္ ထိုကားက ေပၚေပၚထင္ထင္ ရွိမေန။ ဒရိုင္ဘာလဲ မပါပဲ အဖိုးႀကီးပုံစံႏွင့္ လူတစ္ေယာက္က ကားေမာင္းသူေနရာမွ ထြက္လာကာ စုံစမ္းေရးမႉးကို လက္ျပႏႈတ္ဆက္သည္။
ထိုသူက အသက္ေျခာက္ဆယ္ေက်ာ္အ႐ြယ္ျဖစ္ကာ ပုံပန္းသ႑ာန္က ရင္းႏွီးလြယ္၏။ ေစ်းႀကီးေသာ အဝတ္အစားမ်ားေၾကာင့္ ထိုသူ၏ ႂကြယ္ဝမႈကို ခန့္မွန္းနိုင္သည္။ ထိုသူ၏ မ်က္ႏွာေပၚမွ အၿပဳံးကလဲ မဂၢဇင္းကာဗာအတြက္ ပို႔စ္ေပးေနသည့္ ဟန္လုပ္ၿပဳံးတစ္ခုျဖစ္၏။
" ငါ့အစ္ကိုေလ"
က်န္းခြၽင္က်ိဳးက ေျပာလိုက္သည္။
စုံစမ္းေရးမႉးက အံ့အားသင့္သြား၏။ ခြၽင္းလိုင္အုပ္စု၏ အႀကီးမားဆုံးရွယ္ယာရွင္မွာ စီးပြားေရး ဘ႑ာေရးမဂၢဇင္းမ်ားတြင္ ကာဗာအျဖစ္ တကယ္ပဲ အႀကိမ္ေပါင္းမ်ားစြာ ပါဝင္ခဲ့ဖူး၏။ သို႔ေသာ္ အလင္းအေမွာင္ႏွင့္ မိတ္ကပ္တို႔ေၾကာင့္လားမသိ အျပင္ကလူက နည္းနည္းပို၍ အသက္ႀကီးပုံရသည္။ ညီအစ္ကိုႏွစ္ေယာက္က နည္းနည္းေလးမွ မတူ။ သူတို႔ကိုယ္တိုင္ ထုတ္မေျပာပါက ပိန္ပါးေသာ ဒါရိုက္တာက်န္းႏွင့္ ဘီယာဗိုက္ သူေဌးႀကီးကို ညီအစ္ကိုဟု တပ္အပ္ေျပာနိုင္မည္မဟုတ္။
က်န္းခြၽင္က်ိဳးက စုံစမ္းေရးမႉးႏွင့္ လက္ဆြဲႏႈတ္ဆက္ကာ က်န္းခြၽင္လင္းႏွင့္ ေနရာလဲ၍ ကားေမာင္းသူေနရာတြင္ ဝင္ထိုင္သည္။
အေတာ္ၾကာသည္အထိ ကားေမာင္းၿပီးေနာက္ က်န္းခြၽင္က်ိဳးက ကားေနာက္ခုံတြင္ ထိုင္ေနေသာ အစ္ကိုျဖစ္သူႏွင့္ အၾကည့္ခ်င္း ဖလွယ္လိုက္သည္။
" ဘာမွမျဖစ္ပါဘူးဗ်ာ"
က်န္းခြၽင္က်ိဳးက စကားစသည္။
" သူတို႔က ကြၽန္ေတာ့္ကို ခရီးမထြက္ဖို႔ သူတို႔ေခၚရင္လာဖို႔ပဲ ေျပာတာ.. အဲ့ဒါက ထုံးစံပဲေလ.. ပုံမွန္အတိုင္းဆို သူတို႔ထပ္မစစ္ေလာက္ေတာ့ဘူး.. ကြၽန္ေတာ္ တစ္ခုခုလုပ္ထားတယ္လို႔ သံသယရွိရင္ သူတို႔ ဒီလိုလြယ္လြယ္နဲ႕ လႊတ္ေပးမွာမဟုတ္ဘူး"
စကားကို ေ႐ႊကဲ့သို႔ တန္ဖိုးထားသည့္အလား က်န္းခြၽင္လင္းက ေခါင္းအသာညိတ္သည္။
" အင္း"
က်န္းခြၽင္က်ိဳးက ဆက္ေျပာသည္။
" ခုနကြၽန္ေတာ္ေတြ႕ခဲ့တဲ့ ေကာင္ေလးက.. ေဖးမိသားစုက မဟုတ္ဘူးလား"
" ေဖးခ်န္းယြီရဲ႕သား"
က်န္းခြၽင္လင္းက ျပန္ေျဖသည္။
" ကြၽန္ေတာ္ထင္တာ ေကာက...."
က်န္းခြၽင္က်ိဳးက အျပင္ကိုတစ္ခ်က္ၾကည့္ကာ မ်က္လုံးက်ဳံ႕၍ တိုးတိုးေလး ေျပာေနသည္။
" ဒါက ငါ့ရဲ႕မူလအစီအစဥ္ပဲ"
က်န္းခြၽင္လင္းက ဆက္ေျပာသည္။
" ဒါေပမဲ့ အဲ့ကေလးက အရမ္းဉာဏ္ေကာင္းတာ.. ငါ့လူေတြ သူ႕ေနာက္လိုက္ရင္းက ဗီလာအမွားႀကီးထဲ ဝင္သြားေသးတာ... သူတို႔သတိထားမိတဲ့အခ်ိန္က်ေတာ့ သူက ရဲနဲ႕ေတြ႕ေနၿပီ... တစ္ခုခုလုပ္ဖို႔ အရမ္းသိသာေတာ့မွာ.. ၿပီးေတာ့ အခု ေဖးခ်န္းယြီ ဘယ္ေရာက္ေနမွန္း မသိရဘူး... အဲ့ဒီ ေခြးေကာင္ ေသတာရွင္တာက အေရးေတာ့မႀကီးပါဘူး"
" ေဖးခ်န္းယြီလား"
က်န္းခြၽင္က်ိဳး၏ မ်က္ႏွာအမူအရာ ခ်က္ခ်င္းေျပာင္းသြား၏။
" မျဖစ္နိုင္တာ.. သူ ကိုမာဝင္ေနတာ ကြၽန္ေတာ္ ေသခ်ာ..."
" ငါလဲ အဲ့လိုပဲ ထင္ခဲ့တာပဲ"
က်န္းခြၽင္လင္းက မႈန္ကုပ္ကုပ္ႏွင့္ ျဖတ္ေျပာလိုက္သည္။
" ဒါေပမဲ့ အခု သူ ဘယ္ေရာက္ေနလဲ"
ကားထဲမွ အပူေပးစက္ေၾကာင့္ သူတို႔မ်က္ႏွာမ်ား ရဲေနကာ ပူေလာင္ေနၾကသည္။ က်န္းခြၽင္က်ိဳးက အခ်ိန္အေတာ္ၾကာေအာင္ တိတ္ဆိတ္ေန၏။
" ကြၽန္ေတာ္ ဘာမွမေျပာမိတာေတာ့ ေသခ်ာတယ္.. ေကာရဲ႕အစီအစဥ္အတိုင္း တစ္ဆင့္ခ်င္း ကြၽန္ေတာ္သြားခဲ့တာ.. ေကာ.. ဖန္းစီယြမ္ရဲ႕လူေတြ တစ္ေယာက္ခ်င္း ေပၚေနတာပဲကို ဒီတစ္ေခါက္ေတာ့ သူ လြယ္လြယ္နဲ႕ မလြတ္နိုင္ေတာ့ဘူး... သူ လြတ္သြားရင္ေတာင္မွ ေဖးခ်န္းယြီမွာ ဘယ္ႏွရက္မွ က်န္ေတာ့တာမဟုတ္ဘူး.. သူ႕ဦးေႏွာက္က တကယ္ေသေနတာလား ညာထားတာလားဆိုတာ အေရးႀကီးေသးလို႔လား"
က်န္းခြၽင္လင္းက ကားေနာက္ခုံကို မွီလိုက္သည္။ ဝေနေသာ ကိုယ္ေၾကာင့္ အသက္ရႉႏႈန္းတို႔ တင္းၾကပ္ေနသည္ကို ခံစားလိုက္ရသည္။
" ေနာက္ဆုံးတစ္ေခါက္ပဲ..."
" ဒီလိုရက္မ်ိဳးက တစ္ေန႕ေန႕ေတာ့ ေရာက္လာမွာပဲေလ"
က်န္းခြၽင္က်ိဳးက တိုးတိတ္စြာေျပာသည္။
" ေကာ.. ဒီဟာက ေနာက္မ်ိဳးဆက္ကို လႊဲေပးလို႔ရတဲ့ စီးပြားေရးလဲ မဟုတ္ဘူး.. ဒီဟာကို ဆက္လုပ္မဲ့သူဆိုတာလဲ မရွိဘူး.. ေကာလဲ အသက္ႀကီးၿပီ.. ကြၽန္ေတာ္လဲ အနားယူရေတာ့မွာ.. အရင္ကနဲ႕ မတူေတာ့ဘူး.. ေရွ႕ဆက္သြားရင္ ပိုပိုၿပီး ခက္လာေတာ့မွာ... က်ိဳးကြၽင္းမိုလို အဆုံးသတ္ကို ထိုင္မေစာင့္ခ်င္ပါနဲ႕ဗ်ာ.. ဖန္းစီယြမ္ေၾကာင့္သာမဟုတ္ရင္ ကြၽန္ေတာ္တို႔ ဒီေလာက္လြယ္လြယ္နဲ႕ လြတ္မွာမဟုတ္ဘူး.. သူ႕ကိုေတာင္ ေက်းဇူးတင္ရဦးမယ္.. အိမ္မွာေရာ စီစဥ္စရာရွိတာေတြ စီစဥ္ၿပီးၿပီလား"
က်န္းခြၽင္လင္းက အတိအက် ျပန္ေျဖသည္။
" ဒီဟာၿပီးရင္ သူတို႔ႏွစ္ေယာက္လုံးကို နိုင္ငံျခားလႊတ္မွာ"
" ဒီႏွစ္ေတြမွာ ကြၽန္ေတာ္တို႔ညီအစ္ကို တကယ္ကံေကာင္းခဲ့တာပဲ"
က်န္းခြၽင္က်ိဳးက ေျပာေန၏။
" ကံ??"
က်န္းခြၽင္လင္းက တိုးတိတ္စြာ ရယ္သည္။ သားေကာင္တစ္ခုကို အခုေလးတင္ ဝါးၿမိဳထားသည့္ပုံႏွင့္ သြားမ်ားေပၚသည္အထိ ရယ္ေနသည္။
" ေမြးကတည္းက ငါ့မွာ ဘာမွမရွိခဲ့ဘူး.. ကံဆိုတာ ဘာမွန္းေတာင္ မသိဘူး.. ဒါေပမဲ့ ဘာျဖစ္လဲ.. ကံကို မွီခိုရင္ ဒီအေျခအေနထိေတာင္ ေရာက္မလာဘူး"
အေတာ္ၾကာေအာင္ တိတ္ဆိတ္ေနၿပီးမွ က်န္းခြၽင္လင္းက ဆက္ေျပာသည္။
" အဲ့ဒီ့ေသာက္သုံးမက်တဲ့ က်ိဳးအိမ္ကေကာင္ေလး နိုင္ငံထဲ ျပန္ဝင္လာၿပီ.. သူ ဘယ္မွာပုန္းေနလဲ မင္းသိလား"
" ကြၽန္ေတာ့္မွာ အႀကံေကာင္းတစ္ခုရွိတယ္"
က်န္းခြၽင္က်ိဳးက ျပန္ေျဖသည္။
" သူ႕ ေျခေထာက္နဲ႕သူ ေရာက္လာေစရမယ္"
" ပိုၿပီးေသခ်ာသြားေအာင္ အဲ့ေကာင္ေလးကို ရွင္းပစ္လိုက္"
က်န္းခြၽင္က်ိဳးက ေခါင္းညိတ္ကာ ေျမာက္ေလထဲ တိုး၍ ကားကိုဆက္ေမာင္းေန၏။
........
END OF PART 155
THANK YOU ALL
BOSS ႀကီး၂ေယာက္ ေပၚလာခဲ့ပါၿပီ
အကုန္လုံးမွန္းထားတဲ့အတိုင္း ဖန္းစီယြမ္နဲ႕ ေဖးခ်န္းယြီကတစ္ဖြဲ႕
က်န္းညီအစ္ကိုက တစ္ဖြဲ႕ပါ
ေဖးေဖးနဲ႕ ေလာ့ေလာ့က တစ္ဖြဲ႕ေပါ့