စည်းချက်မညီသော ရင်ခုန်သံ
အခန်း (၁၂)
.
" အခု ဖုန်းဆက်တာ ဘယ်ကလဲ မသိဘူး "
" ရဲစခန်းကပါ "
" ခင်ဗျား... ရဲစခန်း.. "
ညလယ်ကြီးမှာ ဆက်လာတဲ့ ဖုန်းက ရဲစခန်းကဆိုတာကြောင့် အိပ်ချင်မူးတူးဖြစ်နေတဲ့ မာန့်ရဲ့မျက်လုံးအစုံက ပြူးကျယ်သွားတော့သည်။
" ဟုတ်ပါတယ်။ အချုပ်ထဲရောက်နေတဲ့ ကလေးတွေထဲက ကလေးတစ်ယောက်ရဲ့အုပ်ထိန်းသူက
ဒီဖုန်းပိုင်ရှင်လို့ပြောတယ်။အဲ့ဒါကြောင့် ဖုန်းဆက်လိုက်တာပါ "
" ဟုတ်ကဲ့ အဲ့ကလေးက ဘယ်သူလဲ မသိဘူး။နာမည်ကရော... ဆရာ "
မာန်, မေးသာမေးလိုက်တာ စိတ်ထဲမှာ ထိုကလေးက ဘယ်သူလဲဆိုတာ သိနေပြီးသားပါ။
" နာမည် က လင်းသုဒြာ လို့ ပြောတယ်။အထဲရောက်နေတဲ့ ကလေးတွေတချို့ကို သူတို့မိဘတွေက ခံဝန်ထိုးပြီး၊အာမခံတွေလာခေါ်သွားကြပြီ။ခင်ဗျားလည်း ခင်ဗျားကလေးကို အာမခံနဲ့ လာခေါ်ထုတ်ပါ "
" ဟုတ်ကဲ့ ဆရာ။ကျွန်တော် အခုပဲ လာခဲ့ပါမယ် "
" ဟူး... တစ်ညနေလုံး စိတ်ပူ၊ရင်ပူနေရတဲ့ ဇာတ်လမ်းကတော့စလာပြီ။အရင်ကဆိုးနည်းအတိုင်း ဆိုးပြပြီး ကိုယ့်ကို စိတ်ပျက်သွားအောင်
လုပ်နေတာပဲ "
" အဟင်း မင်း က အရင်တိုင်း ကိုယ့်ရဲ့လူဆိုးမလေးဖြစ်နေတုန်းပါလား... "
မာန်, ညဝတ်အင်္ကျီကိုလဲဖယ်ပြီး အိပ်နေတဲ့ သားကို
အိမ်ထိန်းအား ကြည့်ခိုင်းထားခဲ့ပြီး... ရဲစခန်းကို ခပ်မြန်မြန် ထွက်လာခဲ့ရသည်။
ကိုယ်သွားတာနောက်ကျနေရင် သူမက အချုပ်ထဲမှာ အကြာကြီးနေရမှာ။အဲ့ဒါကြောင့် မြန်မြန် ထွက်လာခဲ့တာဖြစ်သည်။
.......
" ရန်ဖြစ်ကျတာက နှစ်ဖက်လုံးလွန်ကြတာပါ။ဒါပေမဲ့ လင်းသုဒြာတို့က တစ်ဖက်ကလေးတွေရဲ့
ကားမှန်ကို ကွဲအောင်လုပ်ခဲ့လို့... တစ်ဖက်ကလေး
ရဲ့မိဘတွေ ကွဲသွားတဲ့ ကားမှန်ကို ပြန်အလျော်ပေးရင် ကျေးအေးပေးမယ်လို့ ပြောပါတယ်။အဲ့တော့
ခင်ဗျား ကလေးအတွက် ဘယ်လိုလုပ်ပေးမလဲ
ကိုအဂ္ဂမာန် "
" အားလုံးကိုကျေအေပြေလည်အောင် လုပ်ပေးသင့်တာ အားလုံးကို ကျွန်တော် လုပ်ပေးပါမယ်။ဆရာတို့ဘက်ကလည်း ကျွန်တော် လုပ်ပေးသင့်တာ အကုန်ပြောပါ။ကျွန်တော် တစ်ခါတည်းလုပ်ပေးသွားပါမယ် "
" ထွေထွေထူးထူးတော့ လုပ်ပေးစရာမရှိပါဘူး။ခံဝန်လည်း ထိုးပြီးပြီဆိုတော့... တစ်ဖက်ကိုလျော်ကြေးကိစ္စဖြေရှင်းပေးရင် ရပါပြီ။ခင်ဗျားကလေးရဲ့ သူငယ်ချင်းတွေလည်းအတူတူ ပြန်ခေါ်သွားလို့ရပြီ။သူတို့တွေလည်း ရန်သာဖြစ်ကြတာ
အိမ်ကိုပြောရမှာတော့ တော်တော်လေး ကြောက်ကြပုံပဲ။အခုထိ တစ်ယောက်မှ သူတို့အိမ်ကို ဖုန်းမဆက်ကြသေးဘူး။တစ်ဖက်ကလေးတွေကသာ သူတို့အိမ်တွေကို ဖုန်းဆက်ပြောကြလို့ လာခေါ်သွားကြတာ "
" ဟုတ်ကဲ့။လျော်ကြေးကိစ္စကို ကျွန်တော့်ရှေ့နေကနေတဆင့် ဆောင်ရွက်လိုက်ပါမယ် "
" ဒါဆို ပိုအဆင်ပြေတာပေါ့ ကိုအဂ္ဂမာန် "
" ဟုတ်ကဲ့။ဒါဆို အထဲကလေးကို ခေါ်သွားလို့ရပြီလား ဆရာ "
" ခင်ဗျား ကလေးကိုပြောတာလား... ခေါ်သွားလို့ရပါပြီ။ဟိုမှာ အချုပ်ခန်းက ရဲသားတစ်ယောက် အချုပ်ခန်းတံခါးဖွင့်ပေးပါလိမ့်မယ်။အဲ့ကို ခင်ဗျား သွားလိုက်ပါ "
" ဟုတ်ကဲ့ ဆရာ။ဒါနဲ့လေ အချုပ်ထဲက ကျွန်တော့်ကလေးရဲ့ သူငယ်ချင်းတွေကို နောက်တစ်နာရီလောက်နေမှ လွှတ်ပေးလို့ရနိုင်မလား။ကျွန်တော်
သူတို့ကို ပညာပေးချင်လို့ပါ "
" ရပါတယ်။ခင်ဗျား ကလေးကိုသာခေါ်သွားလိုက်ပါ "
မာန်,စခန်းမှူးညွှန်ပြတဲ့နေရာက်ို သွားလိုက်တော့...
လူဆိုးမလေးနဲ့ သူ့ငယ်သူငယ်ချင်း သုံးယောက်ကိုပါ အချုပ်ခန်းထဲမှာ အတူတွေ့လိုက်ရသည်။သူငယ်ချင်းဆိုတဲ့အတိုင်း ဆိုးတဲ့နေရာမှာ အကုန်လုံးက အတူတူတွေပင်။
မာန်, အချုပ်ထဲမှာ သံတိုင်တွေကိုမှီကာ အိပ်နေတဲ့
လေးယောက်သားကို တကယ်မလွယ်ဘူး ဟု ဆိုတဲ့
အတွေးနဲ့ ခေါင်းကိုယမ်း၍ ကြည့်လိုက်ပြီး...
" လင်း သု ဒြာ! "
မာန်,အရင်က သူမကိုစိတ်ဆိုးရင် ခေါ်နေကျအတိုင်း နာမည်ကို တစ်လုံးချင်း ခပ်မာမာလေသံနဲ့ ခေါ်လိုက်တော့... အိပ်ငိုက်နေရာမှ ခေါင်းထောင်ကြည့်လာတဲ့ သူမ...
" ဟင်... "
ညနှစ်နာရီကျော်နေပြီမို့... သူ မလာလောက်ဘူးလို့ထင်မိသွားတဲ့ ဒြာ။ သူ ငါ့ကိုအရင်တုန်းကလိုပဲ အလေးမထားဘူး ဟု တွေးရင်း... အိပ်ငိုက်သွားချိန်လေးမှာ ရောက်လာပေးတဲ့ သူ့ကြောင့်... မိဘကိုတွေ့ချင်လို့ မျှော်နေရတဲ့ ကလေးတစ်ယောက်လိုမျိုး ပျော်သွားရသည်။
မျက်နှာတည်ကြီးနဲ့ပါလား... သေချာပြီ
ဒီအခြေအနေဆိုရင် သူတကယ်ပဲ ဒြာ့ကို
စိတ်ဆိုးနေတာ။ပြီးတော့ စိတ်လည်းပျက်နေလောက်ပြီ။
ဒြာ, အချုပ်ခန်းအပြင်မှာရပ်နေတဲ့ သူ့မျက်နှာကို အကဲခတ်ကြည့်လိုက်တဲ့အခါ....
တင်းမာနေတဲ့ အသံ၊တင်းမာနေတဲ့ မျက်နှာထားက
ဒြာလိုချင်တဲ့ ပုံစံမို့... အိပ်ငိုက်နေတာပင် ပြေသွား၏။ဒြာ, ထိုင်နေတဲ့ နေရာကနေ ထရပ်လိုက်ပြီး... သံတိုင်းတံခါးဝနားမှာရပ်နေတဲ့ သူ့ရှေ့က တမင်တင်းယူထားတဲ့ မျက်နှာလေးနဲ့ လျှောက်သွားလိုက်ပြီး...
" ဘာလို့ နောက်ကျနေတာလဲ။လူကို အချုပ်ထဲမှာ အိပ်စေချင်နေတာလား! "
" ကျစ်! "
မာန်, အချုပ်တံခါးနားဆီ လျှောက်လာတဲ့ သူမကိုသေချာကြည့်လိုက်မိတော့.... အနီရောင် crop topလက်တစ်လုံးကြိုးအင်္ကျီလေးနဲ့ အရှည်ပေါင်အလယ်လောက်သာရှိပြီး.... အရှေ့ခြမ်းကိုဘယ်ဘက်တစ်ဘက်ခွဲထားတဲ့ စကပ်တိုလေးကို ဝတ်ထားတဲ့ သူမပုံစံလေးကို စိတ်ထဲ၌ အလိုမကျခြင်းတွေဖြစ်တည်လာရသည်။
သူမကိုယ်ပေါ်က အဝတ်စားတွေ က ခန္ဓာကိုယ်ရဲ့
နေရာတော်တော်များများကို လစ်ဟ၍ပြနေတာမို့...
ဒီနေရာကနေ မြန်မြန်ခေါ်သွားရမည် ဟု စိတ်ထဲ၌တွေးလိုက်သည်။
" မင်း အထဲကနေ မြန်မြန် ထွက်လာခဲ့။အိမ်ပြန်မယ် "
" ထွက်လာရမယ် ရှင် စိတ်မဆိုးဘူးလား "
" ဘာကိုလဲ "
" ဒြာ ရှင်မကြိုက်တာကို လုပ်ထားတယ်လေ "
" စာမဖွဲ့လောက်တာလေးကို စကားထဲထည့်ပြောမနေဘူး။မင်းကိုစိတ်လည်းမဆိုးဘူး။စိတ်လည်းပျက်မဘူး။အိမ်ပြန်မယ် ထွက်လာခဲ့ "
ဘာလဲ... ဒီလူဆေးမှားစားပြီး ရောက်လာတာလား။အရင်ကဆိုရင် အခုလိုအခြေမျိုးဆို ဆူပူပြောဆိုလို့မပြီးတော့။အခုတော့ စိတ်မဆိုးတဲ့အပြင်၊စိတ်တောင်မပျက်ဘူးတဲ့လေ။
" ဒြာတစ်ယောက်တည်းလား... သူရတို့ကရော "
" သူတို့လား... အချုပ်ထဲမှာ နောက်တစ်နာရီလောက်နေပြီးရင် ပြန်လို့ရပြီ "
" ဘာလို့ နောက်တစ်နာရီလဲ "
" မင်း ကို လူဆိုးမလေးဖြစ်အောင်လုပ်ကြလို့ တစ်နာရီလောက် အပြစ်ပေးတာပဲ "
" ဦးအဂ္ဂမာန် ခင်ဗျား! "
" ဒါအချုပ်ခန်း ရန်ဖြစ်ရမယ့်အခန်း မဟုတ်ဘူး
ကောင်လေး "
သံတုပ်ကိုင်ထားတဲ့ ရဲသားက အချုပ်ခန်းနားကပ်လာပြီး ပြောတာကြောင့်... သူရမှာကိုယ့်ဒေါသကိုယ်ပြန်ပြီး ထိန်းချုပ်လိုက်ရသည်။
" မင်းတို့ နောက်တစ်ခါဆိုရင်တော့ တစ်နာရီနဲ့ရမှာ မဟုတ်တော့ဘူး။တစ်နှစ်လောက်ဖြစ်သွားနိုင်တယ် ။အချုပ်ထဲမှာ အရိုးဆွေးသွားတာမျိုးမဖြစ်ချင်ရင်
လင်းသုဒြာ ကို ဒီနေ့လိုမျိုး ထပ်မလုပ်မိစေနဲ့။ထပ်လုပ်လာခဲ့ရင် ငါကိုယ်တိုင် မင်းတို့ကို အချုပ်ထဲမှာ နှစ်ရှည်နေနေရအောင် လုပ်ပစ်မယ်ဆိုတာ မင်းတို့ မြဲမြဲမှတ်ထား "
မာန်, ဆူပူမာန်မဲကာပြောလိုက်တော့မှ သူမ၏ သူငယ်ချင်းတွေက မကျေမချမ်း မျက်နှာတွေနဲ့ ငြိမ်ကျသွားကြသည်။သူမကတော့ ထုံစံအတိုင်း
ငယ်ငယ်ကလိုမျိုး ဘုကလန့်အကြည့်နဲ့ မာန့်ကိုကြည့်နေလေရဲ့...။
" သူရတို့မပါရင် ဒြာလည်း ပြန်မလိုက်ဘူး "
" အချုပ်ထဲမှာ အကုန်းလုံးမိုးမလင်းချင်ရင် ဂျစ်မနေပဲ ပြန်လိုက်ခဲ့ "
" ဒြာ တစ်နာရီပဲ ဘယ်လောက်မှ မကြာဘူး။ပြန်လိုက်သွားလိုက် "
" ဟုတ်တယ် ဒြာ။နင်ပြန်လိုက်သွား... ဒီမှာ နင်နေလို့အဆင်ပြေတာ မဟုတ်ဘူး "
သူငယ်ချင်းတွေကပြောနေတာကြောင့် ဒြာသူနဲ့ပြန်လိုက်ဖို့ သဘောတူလိုက်ရသည်။
သူမကအမှားလုပ်ထားပြီး၊သူမကပဲ လူကိုပြန်ပြီး
အပြစ်ရှာချင်နေတဲ့ သူမ၏အကြည့်ကို မာန်, ရှောင်လွှဲဖယ်ပြီး....
" သွားမယ် လာခဲ့ "
" လွှတ်! မကိုင်နဲ့ ကိုယ့်ဟာကို သွား! "
မာန့်လက်ကို ပုတ်ချပြီး ဖယ်ပစ်လိုက်တဲ့ သူမ။
မာန်, သူမလုပ်ရပ်လေးကို မသိဟန်ပြု၍ သူမရဲ့လက်ကို ခပ်တင်းတင်း ပြန်ဆုပ်ကိုင်လိုက်ပြီး...
စခန်းမှူးဆီသွားကာ နူတ်ဆက်စကားပြောလိုက်သည်။
" ကျွန်တော်တို့ ပြန်လိုက်ပါအုံးမယ် "
" ကောင်းပါပြီ ကိုအဂ္ဂမာန်။သမီးကလည်း နောက်ထပ်မဆိုးနဲ့တော့နော်။လူကြီးတွေက စိတ်ပူရတယ်။ကလေးပါနေတာ ပြန်တော့လေ နောက်ကျနေပြီ ကိုအဂ္ဂမာန် "
" ဘယ်သူက ကလေး "
" သမီးကိုပြောနေတာလေ "
" ဒြာ က ကလေးမဟုတ်ပါဘူး။အသက်ပြည့်လို့
တစ်ဖက်တောင်ကျော်နေပါပြီနော် "
ကလေးလို့ပြောလို့ စခန်းမှူးကိုတောင် မျက်မှောင်ကြုတ်နဲ့ ဂျစ်တိုက်ပြီး ပြန်ပြောနေတဲ့
သူမ။မာန့်ဆိုရင်တော့ ပြောမနေနဲ့တော့...။
" ကျွန်တော့် ချစ်ဇနီးလေး ပါ။ လင်းသုဒြာ လို့ ခေါ်ပါတယ် ဆရာ "
" ဗျာ... ဒါလေးက ဇနီးသည်လား... "
ခြောက်ပေရှိသည့် မြင့်မားသောအရပ်နှင့် ကျစ်လစ်
ပြီး ကြီးမားကျယ်ပြန့်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်ပုံကို ပိုင်ဆိုင်ထားတဲ့ မာန်နှင့်...
အရပ်ငါးပေကျော်သာရှိပြီး၊အဆီပိုမရှိ သေးသွယ်တဲ့ ခန္ဓာကိုယ်လေးနှင့် သူမကို စခန်းမှူးက ယှဉ်ကြည့်ပြီး လင်မယားဆိုတာကို ယုံဖိုခက်နေပုံပင်။
" ဘယ်သူက ရှင့်ဇနီလဲ မဟုတ်တာတွေ လျှောက်ပြောနေမနေနဲ့ "
စခန်းမှူးက ကိုယ်တွေနှစ်ယောက်ကိုကြည့်ပြီး အံ့သြနေစဥ် သူမက ကိုယ့်ကို ဘုပြန်တော့သည်။
" သိပ်ဆိုးနေတဲ့ ဒီကောင်မလေးပေါ့ ကိုယ့်ဇနီးက...
"
" ရှင်! .... "
ရုတ်တရက် ဖျက်ခနဲ နမ်းလိုက်တဲ့ သူ့ကြောင့်...
ရှက်ရွံ့ထူပူသွားရတဲ့ ဒြာ။ဒေါသကလည်း ထောင်းခနဲထွက်လာသည်။
" လူညစ်ပတ် ရှင့်ကို ရွံတယ် "
" ကျွန်တော့်ဇနီးစိတ်ကောက်သွားလို့ အမြန်လိုက်သွားလိုက်ပါအုံးမယ် "
" ကောင်းပါပြီ ကိုအဂ္ဂမာန် "
သူမနူတ်ခမ်းလေးကို နမ်းလိုက်တာကို
ရှက်ရွံ့သွားတဲ့ သူမက မီးဝင်းဝင်းတောက်နေတဲ့
မျက်လုံးတွေနှင့် ပြောပြီး... အနားကနေ ထွက်သွားတော့တာမို့... မာန်မှာ စခန်းမှူးကို နူတ်ဆက်ပြီး နောက်ကနေ အမြန်လိုက်ရတော့သည်။
" အဲ့ဒါ ဘာလုပ်တာလဲ လင်းသုဒြာ "
ကားပေါ်မတက်ဘဲ သူမက တက္ကစီငှားဖို့ လုပ်နေတာမို့... နောက်ကနေအပြေးလိုက်သွားပြီး လက်ကိုဆွဲကာ တားရယူသည်။
" ရှင်နဲ့ မပြန်ချင်လို့ တက္ကစီတားနေတာ မမြင်ဘူးလား "
" ညအချိန်မတော် မလုံမခြုံအဝတ်စားနဲ့ တက္ကစီတားစီးဖို့လုပ်နေတာ တော်တော်လေး သတ္တိကောင်းနေတယ်ပေါ့ "
" ဟုတ်တယ် "
" ဘာကို ဟုတ်တာလဲ... လာခဲ့ မင်း က အသာတကြည် လွှတ်ပေးထားလို့မရတော့ဘူး "
" အား... လင်းသုဒြာ! "
ကားဆီသွားဖို့ သူမလက်ကိုဆွဲခေါ်တဲ့ မာန့်ရဲ့လက်ကို အားနဲ့ကိုက်ချပစ်တဲ့ သူမ။
" မင်း သိပ်ဆိုးနေပါလား... လင်းသုဒြာ ကိုယ့်ရဲ့သည်းခံစိတ်ကဂိတ်ဆုံးသွားရင် မင်း ဒီနေရာမှာ တစ်ခုခုဖြစ်သွားလိမ့်မယ် "
" အဟင်း အခုမှ ပေါ်လာတော့တယ်... ကြမ်းတမ်းတဲ့ ရှင့်ရဲ့ သရုပ်အမှန်က... "
" ဘာကွ! "
.........
#ကိုးအမရာမောင်
စည္းခ်က္မညီေသာ ရင္ခုန္သံ
အခန္း (၁၂)
.
" အခု ဖုန္းဆက္တာ ဘယ္ကလဲ မသိဘူး "
" ရဲစခန္းကပါ "
" ခင္ဗ်ား... ရဲစခန္း.. "
ညလယ္ႀကီးမွာ ဆက္လာတဲ့ ဖုန္းက ရဲစခန္းကဆိုတာေၾကာင့္ အိပ္ခ်င္မူးတူးျဖစ္ေနတဲ့ မာန့္ရဲ႕မ်က္လုံးအစုံက ျပဴးက်ယ္သြားေတာ့သည္။
" ဟုတ္ပါတယ္။ အခ်ဳပ္ထဲေရာက္ေနတဲ့ ကေလးေတြထဲက ကေလးတစ္ေယာက္ရဲ႕အုပ္ထိန္းသူက
ဒီဖုန္းပိုင္ရွင္လို႔ေျပာတယ္။အဲ့ဒါေၾကာင့္ ဖုန္းဆက္လိုက္တာပါ "
" ဟုတ္ကဲ့ အဲ့ကေလးက ဘယ္သူလဲ မသိဘူး။နာမည္ကေရာ... ဆရာ "
မာန္, ေမးသာေမးလိုက္တာ စိတ္ထဲမွာ ထိုကေလးက ဘယ္သူလဲဆိုတာ သိေနၿပီးသားပါ။
" နာမည္ က လင္းသုျဒာ လို႔ ေျပာတယ္။အထဲေရာက္ေနတဲ့ ကေလးေတြတခ်ိဳ႕ကို သူတို႔မိဘေတြက ခံဝန္ထိုးၿပီး၊အာမခံေတြလာေခၚသြားၾကၿပီ။ခင္ဗ်ားလည္း ခင္ဗ်ားကေလးကို အာမခံနဲ႕ လာေခၚထုတ္ပါ "
" ဟုတ္ကဲ့ ဆရာ။ကြၽန္ေတာ္ အခုပဲ လာခဲ့ပါမယ္ "
" ဟူး... တစ္ညေနလုံး စိတ္ပူ၊ရင္ပူေနရတဲ့ ဇာတ္လမ္းကေတာ့စလာၿပီ။အရင္ကဆိုးနည္းအတိုင္း ဆိုးျပၿပီး ကိုယ့္ကို စိတ္ပ်က္သြားေအာင္
လုပ္ေနတာပဲ "
" အဟင္း မင္း က အရင္တိုင္း ကိုယ့္ရဲ႕လူဆိုးမေလးျဖစ္ေနတုန္းပါလား... "
မာန္, ညဝတ္အကၤ်ီကိုလဲဖယ္ၿပီး အိပ္ေနတဲ့ သားကို
အိမ္ထိန္းအား ၾကည့္ခိုင္းထားခဲ့ၿပီး... ရဲစခန္းကို ခပ္ျမန္ျမန္ ထြက္လာခဲ့ရသည္။
ကိုယ္သြားတာေနာက္က်ေနရင္ သူမက အခ်ဳပ္ထဲမွာ အၾကာႀကီးေနရမွာ။အဲ့ဒါေၾကာင့္ ျမန္ျမန္ ထြက္လာခဲ့တာျဖစ္သည္။
.......
" ရန္ျဖစ္က်တာက ႏွစ္ဖက္လုံးလြန္ၾကတာပါ။ဒါေပမဲ့ လင္းသုျဒာတို႔က တစ္ဖက္ကေလးေတြရဲ႕
ကားမွန္ကို ကြဲေအာင္လုပ္ခဲ့လို႔... တစ္ဖက္ကေလး
ရဲ႕မိဘေတြ ကြဲသြားတဲ့ ကားမွန္ကို ျပန္အေလ်ာ္ေပးရင္ ေက်းေအးေပးမယ္လို႔ ေျပာပါတယ္။အဲ့ေတာ့
ခင္ဗ်ား ကေလးအတြက္ ဘယ္လိုလုပ္ေပးမလဲ
ကိုအဂၢမာန္ "
" အားလုံးကိုေက်ေအေျပလည္ေအာင္ လုပ္ေပးသင့္တာ အားလုံးကို ကြၽန္ေတာ္ လုပ္ေပးပါမယ္။ဆရာတို႔ဘက္ကလည္း ကြၽန္ေတာ္ လုပ္ေပးသင့္တာ အကုန္ေျပာပါ။ကြၽန္ေတာ္ တစ္ခါတည္းလုပ္ေပးသြားပါမယ္ "
" ေထြေထြထူးထူးေတာ့ လုပ္ေပးစရာမရွိပါဘူး။ခံဝန္လည္း ထိုးၿပီးၿပီဆိုေတာ့... တစ္ဖက္ကိုေလ်ာ္ေၾကးကိစၥေျဖရွင္းေပးရင္ ရပါၿပီ။ခင္ဗ်ားကေလးရဲ႕ သူငယ္ခ်င္းေတြလည္းအတူတူ ျပန္ေခၚသြားလို႔ရၿပီ။သူတို႔ေတြလည္း ရန္သာျဖစ္ၾကတာ
အိမ္ကိုေျပာရမွာေတာ့ ေတာ္ေတာ္ေလး ေၾကာက္ၾကပုံပဲ။အခုထိ တစ္ေယာက္မွ သူတို႔အိမ္ကို ဖုန္းမဆက္ၾကေသးဘူး။တစ္ဖက္ကေလးေတြကသာ သူတို႔အိမ္ေတြကို ဖုန္းဆက္ေျပာၾကလို႔ လာေခၚသြားၾကတာ "
" ဟုတ္ကဲ့။ေလ်ာ္ေၾကးကိစၥကို ကြၽန္ေတာ့္ေရွ႕ေနကေနတဆင့္ ေဆာင္႐ြက္လိုက္ပါမယ္ "
" ဒါဆို ပိုအဆင္ေျပတာေပါ့ ကိုအဂၢမာန္ "
" ဟုတ္ကဲ့။ဒါဆို အထဲကေလးကို ေခၚသြားလို႔ရၿပီလား ဆရာ "
" ခင္ဗ်ား ကေလးကိုေျပာတာလား... ေခၚသြားလို႔ရပါၿပီ။ဟိုမွာ အခ်ဳပ္ခန္းက ရဲသားတစ္ေယာက္ အခ်ဳပ္ခန္းတံခါးဖြင့္ေပးပါလိမ့္မယ္။အဲ့ကို ခင္ဗ်ား သြားလိုက္ပါ "
" ဟုတ္ကဲ့ ဆရာ။ဒါနဲ႕ေလ အခ်ဳပ္ထဲက ကြၽန္ေတာ့္ကေလးရဲ႕ သူငယ္ခ်င္းေတြကို ေနာက္တစ္နာရီေလာက္ေနမွ လႊတ္ေပးလို႔ရနိုင္မလား။ကြၽန္ေတာ္
သူတို႔ကို ပညာေပးခ်င္လို႔ပါ "
" ရပါတယ္။ခင္ဗ်ား ကေလးကိုသာေခၚသြားလိုက္ပါ "
မာန္,စခန်းမှူးညွှန်ပြတဲ့နေရာက်ို သြားလိုက္ေတာ့...
လူဆိုးမေလးနဲ႕ သူ႕ငယ္သူငယ္ခ်င္း သုံးေယာက္ကိုပါ အခ်ဳပ္ခန္းထဲမွာ အတူေတြ႕လိုက္ရသည္။သူငယ္ခ်င္းဆိုတဲ့အတိုင္း ဆိုးတဲ့ေနရာမွာ အကုန္လုံးက အတူတူေတြပင္။
မာန္, အခ်ဳပ္ထဲမွာ သံတိုင္ေတြကိုမွီကာ အိပ္ေနတဲ့
ေလးေယာက္သားကို တကယ္မလြယ္ဘူး ဟု ဆိုတဲ့
အေတြးနဲ႕ ေခါင္းကိုယမ္း၍ ၾကည့္လိုက္ၿပီး...
" လင္း သု ျဒာ! "
မာန္,အရင္က သူမကိုစိတ္ဆိုးရင္ ေခၚေနက်အတိုင္း နာမည္ကို တစ္လုံးခ်င္း ခပ္မာမာေလသံနဲ႕ ေခၚလိုက္ေတာ့... အိပ္ငိုက္ေနရာမွ ေခါင္းေထာင္ၾကည့္လာတဲ့ သူမ...
" ဟင္... "
ညႏွစ္နာရီေက်ာ္ေနၿပီမို႔... သူ မလာေလာက္ဘူးလို႔ထင္မိသြားတဲ့ ျဒာ။ သူ ငါ့ကိုအရင္တုန္းကလိုပဲ အေလးမထားဘူး ဟု ေတြးရင္း... အိပ္ငိုက္သြားခ်ိန္ေလးမွာ ေရာက္လာေပးတဲ့ သူ႕ေၾကာင့္... မိဘကိုေတြ႕ခ်င္လို႔ ေမွ်ာ္ေနရတဲ့ ကေလးတစ္ေယာက္လိုမ်ိဳး ေပ်ာ္သြားရသည္။
မ်က္ႏွာတည္ႀကီးနဲ႕ပါလား... ေသခ်ာၿပီ
ဒီအေျခအေနဆိုရင္ သူတကယ္ပဲ ျဒာ့ကို
စိတ္ဆိုးေနတာ။ၿပီးေတာ့ စိတ္လည္းပ်က္ေနေလာက္ၿပီ။
ျဒာ, အခ်ဳပ္ခန္းအျပင္မွာရပ္ေနတဲ့ သူ႕မ်က္ႏွာကို အကဲခတ္ၾကည့္လိုက္တဲ့အခါ....
တင္းမာေနတဲ့ အသံ၊တင္းမာေနတဲ့ မ်က္ႏွာထားက
ျဒာလိုခ်င္တဲ့ ပုံစံမို႔... အိပ္ငိုက္ေနတာပင္ ေျပသြား၏။ျဒာ, ထိုင္ေနတဲ့ ေနရာကေန ထရပ္လိုက္ၿပီး... သံတိုင္းတံခါးဝနားမွာရပ္ေနတဲ့ သူ႕ေရွ႕က တမင္တင္းယူထားတဲ့ မ်က္ႏွာေလးနဲ႕ ေလွ်ာက္သြားလိုက္ၿပီး...
" ဘာလို႔ ေနာက္က်ေနတာလဲ။လူကို အခ်ဳပ္ထဲမွာ အိပ္ေစခ်င္ေနတာလား! "
" က်စ္! "
မာန္, အခ်ဳပ္တံခါးနားဆီ ေလွ်ာက္လာတဲ့ သူမကိုေသခ်ာၾကည့္လိုက္မိေတာ့.... အနီေရာင္ crop topလက္တစ္လုံးႀကိဳးအကၤ်ီေလးနဲ႕ အရွည္ေပါင္အလယ္ေလာက္သာရွိၿပီး.... အေရွ႕ျခမ္းကိုဘယ္ဘက္တစ္ဘက္ခြဲထားတဲ့ စကပ္တိုေလးကို ဝတ္ထားတဲ့ သူမပုံစံေလးကို စိတ္ထဲ၌ အလိုမက်ျခင္းေတြျဖစ္တည္လာရသည္။
သူမကိုယ္ေပၚက အဝတ္စားေတြ က ခႏၶာကိုယ္ရဲ႕
ေနရာေတာ္ေတာ္မ်ားမ်ားကို လစ္ဟ၍ျပေနတာမို႔...
ဒီေနရာကေန ျမန္ျမန္ေခၚသြားရမည္ ဟု စိတ္ထဲ၌ေတြးလိုက္သည္။
" မင္း အထဲကေန ျမန္ျမန္ ထြက္လာခဲ့။အိမ္ျပန္မယ္ "
" ထြက္လာရမယ္ ရွင္ စိတ္မဆိုးဘူးလား "
" ဘာကိုလဲ "
" ျဒာ ရွင္မႀကိဳက္တာကို လုပ္ထားတယ္ေလ "
" စာမဖြဲ႕ေလာက္တာေလးကို စကားထဲထည့္ေျပာမေနဘူး။မင္းကိုစိတ္လည္းမဆိုးဘူး။စိတ္လည္းပ်က္မဘူး။အိမ္ျပန္မယ္ ထြက္လာခဲ့ "
ဘာလဲ... ဒီလူေဆးမွားစားၿပီး ေရာက္လာတာလား။အရင္ကဆိုရင္ အခုလိုအေျခမ်ိဳးဆို ဆူပူေျပာဆိုလို႔မၿပီးေတာ့။အခုေတာ့ စိတ္မဆိုးတဲ့အျပင္၊စိတ္ေတာင္မပ်က္ဘူးတဲ့ေလ။
" ျဒာတစ္ေယာက္တည္းလား... သူရတို႔ကေရာ "
" သူတို႔လား... အခ်ဳပ္ထဲမွာ ေနာက္တစ္နာရီေလာက္ေနၿပီးရင္ ျပန္လို႔ရၿပီ "
" ဘာလို႔ ေနာက္တစ္နာရီလဲ "
" မင္း ကို လူဆိုးမေလးျဖစ္ေအာင္လုပ္ၾကလို႔ တစ္နာရီေလာက္ အျပစ္ေပးတာပဲ "
" ဦးအဂၢမာန္ ခင္ဗ်ား! "
" ဒါအခ်ဳပ္ခန္း ရန္ျဖစ္ရမယ့္အခန္း မဟုတ္ဘူး
ေကာင္ေလး "
သံတုပ္ကိုင္ထားတဲ့ ရဲသားက အခ်ဳပ္ခန္းနားကပ္လာၿပီး ေျပာတာေၾကာင့္... သူရမွာကိုယ့္ေဒါသကိုယ္ျပန္ၿပီး ထိန္းခ်ဳပ္လိုက္ရသည္။
" မင္းတို႔ ေနာက္တစ္ခါဆိုရင္ေတာ့ တစ္နာရီနဲ႕ရမွာ မဟုတ္ေတာ့ဘူး။တစ္ႏွစ္ေလာက္ျဖစ္သြားနိုင္တယ္ ။အခ်ဳပ္ထဲမွာ အရိုးေဆြးသြားတာမ်ိဳးမျဖစ္ခ်င္ရင္
လင္းသုျဒာ ကို ဒီေန႕လိုမ်ိဳး ထပ္မလုပ္မိေစနဲ႕။ထပ္လုပ္လာခဲ့ရင္ ငါကိုယ္တိုင္ မင္းတို႔ကို အခ်ဳပ္ထဲမွာ ႏွစ္ရွည္ေနေနရေအာင္ လုပ္ပစ္မယ္ဆိုတာ မင္းတို႔ ၿမဲၿမဲမွတ္ထား "
မာန္, ဆူပူမာန္မဲကာေျပာလိုက္ေတာ့မွ သူမ၏ သူငယ္ခ်င္းေတြက မေက်မခ်မ္း မ်က္ႏွာေတြနဲ႕ ၿငိမ္က်သြားၾကသည္။သူမကေတာ့ ထုံစံအတိုင္း
ငယ္ငယ္ကလိုမ်ိဳး ဘုကလန့္အၾကည့္နဲ႕ မာန့္ကိုၾကည့္ေနေလရဲ႕...။
" သူရတို႔မပါရင္ ျဒာလည္း ျပန္မလိုက္ဘူး "
" အခ်ဳပ္ထဲမွာ အကုန္းလုံးမိုးမလင္းခ်င္ရင္ ဂ်စ္မေနပဲ ျပန္လိုက္ခဲ့ "
" ျဒာ တစ္နာရီပဲ ဘယ္ေလာက္မွ မၾကာဘူး။ျပန္လိုက္သြားလိုက္ "
" ဟုတ္တယ္ ျဒာ။နင္ျပန္လိုက္သြား... ဒီမွာ နင္ေနလို႔အဆင္ေျပတာ မဟုတ္ဘူး "
သူငယ္ခ်င္းေတြကေျပာေနတာေၾကာင့္ ျဒာသူနဲ႕ျပန္လိုက္ဖို႔ သေဘာတူလိုက္ရသည္။
သူမကအမွားလုပ္ထားၿပီး၊သူမကပဲ လူကိုျပန္ၿပီး
အျပစ္ရွာခ်င္ေနတဲ့ သူမ၏အၾကည့္ကို မာန္, ေရွာင္လႊဲဖယ္ၿပီး....
" သြားမယ္ လာခဲ့ "
" လႊတ္! မကိုင္နဲ႕ ကိုယ့္ဟာကို သြား! "
မာန့္လက္ကို ပုတ္ခ်ၿပီး ဖယ္ပစ္လိုက္တဲ့ သူမ။
မာန္, သူမလုပ္ရပ္ေလးကို မသိဟန္ျပဳ၍ သူမရဲ႕လက္ကို ခပ္တင္းတင္း ျပန္ဆုပ္ကိုင္လိုက္ၿပီး...
စခန္းမႉးဆီသြားကာ ႏူတ္ဆက္စကားေျပာလိုက္သည္။
" ကြၽန္ေတာ္တို႔ ျပန္လိုက္ပါအုံးမယ္ "
" ေကာင္းပါၿပီ ကိုအဂၢမာန္။သမီးကလည္း ေနာက္ထပ္မဆိုးနဲ႕ေတာ့ေနာ္။လူႀကီးေတြက စိတ္ပူရတယ္။ကေလးပါေနတာ ျပန္ေတာ့ေလ ေနာက္က်ေနၿပီ ကိုအဂၢမာန္ "
" ဘယ္သူက ကေလး "
" သမီးကိုေျပာေနတာေလ "
" ျဒာ က ကေလးမဟုတ္ပါဘူး။အသက္ျပည့္လို႔
တစ္ဖက္ေတာင္ေက်ာ္ေနပါၿပီေနာ္ "
ကေလးလို႔ေျပာလို႔ စခန္းမႉးကိုေတာင္ မ်က္ေမွာင္ၾကဳတ္နဲ႕ ဂ်စ္တိုက္ၿပီး ျပန္ေျပာေနတဲ့
သူမ။မာန့္ဆိုရင္ေတာ့ ေျပာမေနနဲ႕ေတာ့...။
" ကြၽန္ေတာ့္ ခ်စ္ဇနီးေလး ပါ။ လင္းသုျဒာ လို႔ ေခၚပါတယ္ ဆရာ "
" ဗ်ာ... ဒါေလးက ဇနီးသည္လား... "
ေျခာက္ေပရွိသည့္ ျမင့္မားေသာအရပ္ႏွင့္ က်စ္လစ္
ၿပီး ႀကီးမားက်ယ္ျပန့္တဲ့ ခႏၶာကိုယ္ဖြဲ႕စည္ပုံကို ပိုင္ဆိုင္ထားတဲ့ မာန္ႏွင့္...
အရပ္ငါးေပေက်ာ္သာရွိၿပီး၊အဆီပိုမရွိ ေသးသြယ္တဲ့ ခႏၶာကိုယ္ေလးႏွင့္ သူမကို စခန္းမႉးက ယွဥ္ၾကည့္ၿပီး လင္မယားဆိုတာကို ယုံဖိုခက္ေနပုံပင္။
" ဘယ္သူက ရွင့္ဇနီလဲ မဟုတ္တာေတြ ေလွ်ာက္ေျပာေနမေနနဲ႕ "
စခန္းမႉးက ကိုယ္ေတြႏွစ္ေယာက္ကိုၾကည့္ၿပီး အံ့ၾသေနစဥ္ သူမက ကိုယ့္ကို ဘုျပန္ေတာ့သည္။
" သိပ္ဆိုးေနတဲ့ ဒီေကာင္မေလးေပါ့ ကိုယ့္ဇနီးက...
"
" ရွင္! .... "
႐ုတ္တရက္ ဖ်က္ခနဲ နမ္းလိုက္တဲ့ သူ႕ေၾကာင့္...
ရွက္႐ြံ႕ထူပူသြားရတဲ့ ျဒာ။ေဒါသကလည္း ေထာင္းခနဲထြက္လာသည္။
" လူညစ္ပတ္ ရွင့္ကို ႐ြံတယ္ "
" ကြၽန္ေတာ့္ဇနီးစိတ္ေကာက္သြားလို႔ အျမန္လိုက္သြားလိုက္ပါအုံးမယ္ "
" ေကာင္းပါၿပီ ကိုအဂၢမာန္ "
သူမႏူတ္ခမ္းေလးကို နမ္းလိုက္တာကို
ရွက္႐ြံ႕သြားတဲ့ သူမက မီးဝင္းဝင္းေတာက္ေနတဲ့
မ်က္လုံးေတြႏွင့္ ေျပာၿပီး... အနားကေန ထြက္သြားေတာ့တာမို႔... မာန္မွာ စခန္းမႉးကို ႏူတ္ဆက္ၿပီး ေနာက္ကေန အျမန္လိုက္ရေတာ့သည္။
" အဲ့ဒါ ဘာလုပ္တာလဲ လင္းသုျဒာ "
ကားေပၚမတက္ဘဲ သူမက တကၠစီငွားဖို႔ လုပ္ေနတာမို႔... ေနာက္ကေနအေျပးလိုက္သြားၿပီး လက္ကိုဆြဲကာ တားရယူသည္။
" ရွင္နဲ႕ မျပန္ခ်င္လို႔ တကၠစီတားေနတာ မျမင္ဘူးလား "
" ညအခ်ိန္မေတာ္ မလုံမၿခဳံအဝတ္စားနဲ႕ တကၠစီတားစီးဖို႔လုပ္ေနတာ ေတာ္ေတာ္ေလး သတၱိေကာင္းေနတယ္ေပါ့ "
" ဟုတ္တယ္ "
" ဘာကို ဟုတ္တာလဲ... လာခဲ့ မင္း က အသာတၾကည္ လႊတ္ေပးထားလို႔မရေတာ့ဘူး "
" အား... လင္းသုျဒာ! "
ကားဆီသြားဖို႔ သူမလက္ကိုဆြဲေခၚတဲ့ မာန့္ရဲ႕လက္ကို အားနဲ႕ကိုက္ခ်ပစ္တဲ့ သူမ။
" မင္း သိပ္ဆိုးေနပါလား... လင္းသုျဒာ ကိုယ့္ရဲ႕သည္းခံစိတ္ကဂိတ္ဆုံးသြားရင္ မင္း ဒီေနရာမွာ တစ္ခုခုျဖစ္သြားလိမ့္မယ္ "
" အဟင္း အခုမွ ေပၚလာေတာ့တယ္... ၾကမ္းတမ္းတဲ့ ရွင့္ရဲ႕ သ႐ုပ္အမွန္က... "
" ဘာကြ! "
.........
#ကိုးအမရာေမာင္