မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်...

By Ssinlet_aeri

17.4K 2.7K 223

Title : PanGuan ( 判官 ) Author : MuSuLi ( 木苏里 ) Status : 117 chapters + 6 extras Genre : Action, Adventure, Ho... More

Description
အပိုင်း ၁ : ပြန်လည်ရောက်ရှိလာခြင်း
အပိုင်း ၂ : ဂျန်နရေးရှင်းကွာဟချက်
အပိုင်း ၃ : စိတ်ဝိညာဉ်
အပိုင်း ၄ : ရှဲ့ဝမ်း
အပိုင်း ၅ : ပုံတူပန်းချီကား
အပိုင်း ၆ : အရုပ်
အပိုင်း ၇ : ကြည့်မှန်
အပိုင်း ၈ : အံဆွဲ
အပိုင်း ၁၀ : ခန္ဓာကိုယ်‌ပြောင်းလဲခြင်း
အပိုင်း ၁၁ : ညှိုးရော်နွမ်းလျခြင်း
အပိုင်း ၁၂ : လှောင်အိမ်ဖြေရှင်းခြင်း
အပိုင်း ၁၃ : အဆက်အသွယ် ပြတ်တောက်ခြင်း
အပိုင်း ၁၄ : ဧည့်သည်ဖိတ်ခေါ်ခြင်း
အပိုင်း ၁၅ : သုံးဆောင်ခြင်း
အပိုင်း ၁၆ : ညဉ့်နက်လမ်း
အပိုင်း ၁၇ : အခက်ကြုံခြင်း
အပိုင်း ၁၈ : ကြမ္မာရေစက်
အပိုင်း ၁၉ : ကွယ်လွန်သူ၏ကားချပ်များ
အပိုင်း ၂၀ : ဆန့်ကျင်ဘက်
အပိုင်း ၂၁ : ဒဏ္ဍာရီလာ
အပိုင်း ၂၂ : သုံးအုပ်စု ဝင်ရောက်လာခြင်း
အပိုင်း ၂၃ : အိမ်ပြန်ခြင်း
အပိုင်း ၂၄ : ကျန်းလန်
အပိုင်း ၂၅ : မမျှော်မှန်းထားသော
အပိုင်း ၂၆ : ရွှေ့ပြောင်းခြင်း
အပိုင်း ၂၇ : အတိတ်နေ့စွဲများ
အပိုင်း ၂၈ : ခြေရာလက်ရာ
အပိုင်း ၂၉ : ရေစက်ဆုံခြင်း

အပိုင်း ၉ : မှတ်စုစာအုပ်

365 86 7
By Ssinlet_aeri

[Unicode]

မှန်ထဲရှိ အရပ်ရှည်ရှည်သွယ်လျလျ ပုံရိပ်မှာ မှန်ဘောင်ကို တစ်ခဏမျှ မှီရပ်နေပြီးနောက် ခပ်တိုးတိုး ရယ်လိုက်ကာ အသံတိုးတိုးဖြင့် "အရိုအသေမဲ့လိုက်တာ "

"အဲ့ကလေးထပ်ပြီး သောင်းကျန်းအုံးမှာလား ? " ရှချောင်က အထိတ်ထိတ်အလန့်လန့်ဖြင့် မေးလာသည် ။

"ဒီညပြီးရင် အဆင်ပြေသွားလိမ့်မယ် " ဝမ်းရှီ ဖြေလိုက်၏ ။

"အော " ရှချောင် သက်ပြင်းချလိုက်တော့သည် ။

ရှဲ့ဝမ်းက ဖြည့်စွက်ပြောလာ၏ ။ "မနက်ဖြန်ကျမှ သူ့ကို ထပ်ဆွလိုက်ရင် နောက်တစ်မျိုး သောင်းကျန်းပြလောက်တယ် "

ရှချောင် : "....."

ဝမ်းရှီ မှန်ဘောင်ကို ရိုက်လိုက်တော့သည် ။

ဝါဂွမ်းစို့ထားသည့်အရုပ်လက်၏ ရိုက်ချက်မှာ အားအင်မရှိသဖြင့် ရှဲ့ဝမ်းက ဒေါသမထွက်သွားဘဲ ရယ်မောလျက် "တစ်ယောက်သောသူက အရမ်းကြမ်းတမ်းနေတာပဲနော် ? "

တစ်ယောက်သောသူမှာ သေချင်ယောင်ဆောင်ကာ စကားမပြောလာတော့ချေ ။

စတိုခန်းထဲတွင် ပြတင်းပေါက်ဟူ၍မရှိသောကြောင့် ထိုအခန်းထဲတွင် အချိန်ခဏတာလောက်နေပြီးနောက် အချိန်မည်မျှကုန်ဆုံးသွားသည်ကို သိနိုင်ရန် ခက်ခဲလာ၏ ။

ရှချောင်သည် ကြောက်ရွံ့လွန်းသဖြင့် သူ့မျက်လုံးများကို မပိတ်ရဲချေ ။ ဝမ်းရှီသည်တော့ ကြောင်အိမ်ကို ‌မှီလိုက်ကာ ပြောလာသည် ။ "ငါ ခဏလောက် အိပ်လိုက်အုံးမယ် "

စိတ်အနှောင့်အယှက်ဖြစ်စရာ ရှဲ့ဝမ်းတစ်ယောက် အပေါ်မှပြုတ်ကျကာ ရှစ်စိတ်ကွဲသွားခြင်းမှ ကာကွယ်ရန် သူသည် မှန်အတွက် လုံခြုံဘေးကင်းသည့်နေရာတစ်ခုကို မရှာချင်ရှာချင်နှင့် ရှာလိုက်ရသည် ။ ထို့နောက် မျက်လုံးများကို ပိတ်ကာ မှန်ဘောင်ကို ပုတ်လိုက်ပြီး "လိမ်လိမ်မာမာနေ "

ရှဲ့ဝမ်းက လွယ်လင့်တကူ သဘောတူလာ၏ ။ တစ်ခဏကြာပြီးနောက် သူရုတ်တရက်ပြောလာသည် ။ "မင်းဗိုက်ထဲက အသံတွေထွက်နေတယ် ။ ဗိုက်ဆာနေတာလား ? "

အစာသွပ်အရုပ်မှာ အေးစက်စွာဖြင့် "ပါးစပ်ပိတ်ထား "

ရှဲ့ဝမ်းက ပြုံးလိုက်တော့သည် ။ "ဟုတ်ပါပြီ "

ထို့နောက်တွင်တော့ အမှန်တကယ် တိတ်ဆိတ်ငြိမ်သက်သွားလေ၏ ။

အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မသိရသော်ငြား နောက်ဆုံးတွင်တော့ နံနက်မိုးသောက် ကျရောက်လာ‌ခဲ့လေပြီ ။

စတိုခန်းထဲ၌ ‌အမှောင်ထု ကြီးစိုးနေဆဲဖြစ်သည့်တိုင် အပြင်ဘက်ရှိ ခြေသံများက မြေးအဘိုးနှစ်ယောက် နိုးနေပြီဖြစ်ကြောင်း အသိပေးနေ၏ ။

ဝမ်းရှီသည် အောက်ထပ်ရှိ သော့ခတ်ထားသော အံဆွဲအကြောင်း ဆက်တိုက်တွေးနေမိပြီး သွားရောက်စစ်ဆေးကြည့်ချင်ခဲ့သည် ။ တစ်ချိန်တည်းမှာပင် အန္တရာယ်အသစ်များနှင့် ကြုံတွေ့မည့်အရေး စိတ်ပူမိသဖြင့် ရှချောင်ကို သူနှင့်အတူ ခေါ်မလာတော့ဘဲ စတိုခန်းထဲတွင်သာ စောင့်နေရန် ပြောခဲ့သည် ။

မူလက သူသည် ရှဲ့ဝမ်းကိုပင် ခေါ်မလာချင်‌ခဲ့သော်လည်း ရှဲ့ဝမ်းက "ငါက အဲ့လောက်ထိလဲ နေရာမယူပါဘူး ။ ပြီးတော့ ကင်းစောင့်သဘော စောင့်ကြည့်ပေးလို့လဲရတယ် ။ မင်းတကယ် မစဉ်းစားကြည့်တော့ဘူးလား ? " ဟု ပြောလာခဲ့သည် ။

သို့နှင့် ဝမ်းရှီ စဉ်းစားကြည့်လိုက်၏......ထို့နောက် မှန်ကို ကြောင်အိမ်၏ အတွင်းအကျဆုံးနေရာသို့ ထိုးထည့်လိုက်တော့သည် ။

ရှဲ့ဝမ်း : "....."

"မင်းကို အဲ့လောက်ထိ ကွဲလွယ်ဖို့ ဘယ်သူပြောလို့တုန်း ? မင်းကအရုပ်ဆိုရင်တောင် ငါခေါ်သွားအုံးမယ် " ဝမ်းရှီသည် တည်ငြိမ်စွာ ပြောလိုက်ပြီးနောက် တံခါးကိုဖွင့်ကာ လှစ်ခနဲ ထွက်လာခဲ့သည် ။

သူသည် ဤသို့သောကိစ္စမျိုးကို တစ်ယောက်တည်းဆောင်ရွက်ရသည်ကိုသာ ပိုအသားကျနေခဲ့ပြီး သူစိုးရိမ်စရာများလည်း လျော့နည်းသွားလိမ့်မည်ပေ ။

လှောင်အိမ်ထဲတွင် အရာအားလုံးက ပုံရိပ်ယောင်များဖြစ်သော်လည်း ယခင်က မိစ္ဆာဝိညာဉ်များကို မဖယ်ရှားနိုင်ဘဲ စွ့န်စွ့န်စားစား အသက်ပေးလိုက်ရသော ဖန့်ကွမ်း တော်တော်များများလည်း ရှိခဲ့ဖူးသည် ။

သူသည် ရှချောင်နှင့် ရှဲ့ဝမ်း၏အသက်အန္တရာယ်များကို မစွန့်စားလိုခဲ့ပေ ။

***

ဤအိမ်ရှိ ပြတင်းပေါက်များမှာလည်း အင်မတန်ရှေးကျနေပြီး အလင်းရောင်ကို သာမန်မျှသာ ‌ထောက်ပံ့ပေးနိုင်သည် ။ အပြင်ဘက်ရှိ ကောင်းကင်ယံမှာ ပုံမှန်အတိုင်း ညှို့မှိုင်းနေသဖြင့် အိမ်ထဲ၌ အတော်လေး မှောင်မိုက်နေခဲ့သည် ။

ဝမ်းရှီသည် ထောင့်တစ်ခုတွင် ပုန်းကွယ်လျက် အဘိုးအိုကြီး အပေါ်ထပ်သို့ ဖြည်းညှင်းစွာ တက်လာသည်ကို ကြည့်နေ၏ ။

မနေ့ညက ပြုတ်ကျခဲ့သော မီးဆိုင်းမှာ ပျောက်ကွယ်သွားပြီး မျက်နှာကြက်တွင်တော့ အနက်ရောင် အပေါက်ကြီးတစ်ပေါက်သာ ကျန်ရှိနေသည် ။

ဒုတိယထပ်ရှိ စင်္ကြံလမ်းတစ်လျှောက်တွင် အရုပ်များ၏ ဆုတ်ဖြဲခံထားရသော ခြေလက်များနှင့် ဦးခေါင်းများမှာ ကြမ်းပြင်ပေါ်၌ ပြန့်ကျဲနေပြီး လည်ပင်းနေရာမှ ဝါဂွမ်းစများ စုတ်ဖွာထွက်နေ၏ ။

၎င်းတို့၏ ဖန်ဂေါ်လီလုံးသဖွယ် မျက်လုံးများမှာတော့ ဆွဲဖြုတ်ခံထားရကာ ကြမ်းပြင်ပေါ်၌ တလိမ့်လိမ့် ။ မျက်လုံးပေါင်းမြောက်များစွာက အလွန်ပြူးကျယ်စွာ ပွင့်ဟ,နေပြီး မျက်နှာကြက်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည် ။

အဘိုးအိုးသည် သူ့အိတ်ကပ်ထဲမှ အနက်ရောင်အမှိုက်အိတ်ကို ဆွဲထုတ်လိုက်ပြီး လှုပ်ခါဖွင့်လိုက်ကာ ဦးခေါင်းနှင့် ခြေလက်အပိုင်းအစများအား စကားတစ်ခွန်းမျှမဆိုဘဲ ကောက်ထည့်နေ၏ ။

ကောင်လေးသည်ကား အလင်းရောင်ကို ကျောပေးရင်း မှောင်ရိပ်ထဲတွင် မတ်တပ်‌ရပ်နေကာ လူအိုကြီးအား အမူအရာမဲ့ စိုက်ကြည့်နေသည် ။

အချိန်အတော်ကြာပြီးနောက် သူသည် အင်မတန် တိုးလျစွာဖြင့် "တောင်းပန်ပါတယ် "

အဘိုးအိုက ဆိတ်ငြိမ်နေဆဲ ။

သူထပ်ပြောလိုက်သည် ။ "တောင်းပန်ပါတယ် "

"ဘိုးဘိုး...သားတောင်းပန်ပါတယ် "

အဘိုးအိုသည် သက်ပြင်းဖွဖွချလိုက်ကာ ခါးကို ခဲရာခဲဆစ်မတ်လိုက်သည် ။ "ဒါ မင်းကြိုက်တဲ့ အရုပ်တွေမဟုတ်ဘူးလား ? ဘာလို့ ဖျက်ဆီးလိုက်ပြန်တာလဲ ? "

ကောင်လေး၏အသံမှာ ယခင်အတိုင်း လေသံအတက်အကျ ကင်းမဲ့နေဆဲပင် ။ "သားကြောက်လို့ပါ "

ဝမ်းရှီ : "....."

နောက်တစ်ခေါက်ပြန်ပြောလိုက်စမ်း ။ မင်းက ဘာဖြစ်လို့တဲ့ ?

ရှချောင်သာ ကြားရင် ချက်ချင်း ခွေခေါက်လဲသွားလောက်တယ် ။

ဝမ်းရှီ တွေးလိုက်မိ၏ ။

ကောင်လေးမှာ ဆက်လက်ရှင်းပြနေဆဲဖြစ်သည် ။ "သူတို့က သားကို အမြဲလိုက်ကြည့်နေတာ ။ သားကြောက်လာလို့ "

"အဲ့တာနဲ့ သူတို့မျက်လုံးတွေကို ထပ်ပြီး ဆွဲဖြုတ်လိုက်တာလား ? " အဘိုးအိုက မေးလိုက်သည် ။

"အင်း "

ဝမ်းရှီသည် စင်ပေါ်ရှိ တရုတ်ရိုးရာစတိုင်အရုပ်များ၏ မျက်လုံးများ ပျောက်ဆုံးနေသည်ကို ပြန်အမှတ်ရသွားပြီး အဘိုးကြီးက အဘယ်ကြောင့် "ထပ်ပြီး"ဟူသော စကားလုံးကို အသုံးပြုမှန်း နားလည်သွားခဲ့သည် ။ ကောင်လေးမှာ သို့နှယ်အပြုအမူမျိုးကို အကြိမ်မရေမတွက်နိုင်အောင် ပြုလုပ်ခဲ့ပြီး ဖြစ်လောက်သည် ။

အဘိုးအိုက သက်ပြင်းချ၏ ။ သက်ပြင်းချသံမှာ တိုးညှင်းကာ အသက်ရှူသံရောယှက်နေပြီး အိမ်အငွေ့အသက်ကို ပို၍ပင် စိတ်မချမ်းမြေ့စရာကောင်းသွားစေသည် ။

ကောင်လေးက ရုတ်တရက် ပြောလိုက်သည် ။ "သူတို့က အသက်ရှိနေတာ "

လူအိုကြီးက သူ့ကို ကြည့်လာ၏ ။

ကောင်လေး : "သူတို့အကုန် အသက်ရှင်လာမှာ "

လူအိုကြီး : "မရှင်လာပါဘူး ။ အဘိုး အရင်က မင်းကို သင်ပေးထားတာမှတ်မိလား ? သူတို့ရင်ဘတ်ကို ကြိုးနဲ့ထိုးချလိုက်တာနဲ့ သူတို့ အသက်ရှင်လာတော့မှာမဟုတ်ဘူး "

ကောင်လေးသည် ကြမ်းပြင်ပေါ်မှ ကျန်ရှိနေသေးသည့် အရုပ်အပိုင်းအစများကို ကောက်လိုက်ကာ ထိတ်လန့်ဖွယ် စကားလုံးများကို အလေးအနက်ပြောလာခဲ့သည် ။ "မှတ်မိတယ် ။ အဲ့တာကြောင့် သားအကုန်လုံးကို ဆုတ်ဖြဲလိုက်တာပေါ့ ။ ဒီအရုပ်တွေက သူတို့ရင်ဘတ်မှာ ကြယ်သီးတွေ ပန်းပွင့်တွေရှိပေမဲ့ ဘာမှမရှိတဲ့ အရုပ်တွေလဲ ရှိနေတာ "

အဘိုးအိုးမှာ သူ့ကို နားလည်အောင် မည်သို့လုပ်ရမှန်းမသိသဖြင့် "အဲ့လိုအရုပ်မျိုးတွေက မတူဘူး "ဟုသာ ပြောနိုင်သည် ။

ကောင်လေးက မေးပြန်၏ ။ "ဘယ်လိုမတူတာလဲ ? "

လူအိုကြီးက ခေါင်းခါလိုက်ရင်း အရုပ်အပိုင်းအစများကို ကောက်လိုက်ကာ အမှိုက်အိတ်ထဲသို့ထည့်ပြီး အိတ်ကိုပိတ်ချည်လိုက်တော့သည် ။ ထို့နောက် မေးလိုက်၏ ။ "ဘာလို့ အရုပ်တွေက အသက်ရှင်လာလိမ့်မယ်လို့ အမြဲထင်နေရတာတုန်း ? "

ကောင်လေးက စကားပြောနေသည်ကို ရပ်တန့်လိုက်သည် ။

အဘိုးအိုသည် စကားသံကို နူးညံ့လိုက်ကာ သူ့ကိုချော့မြူရန် စနောက်နေသည့်အလား "သူတို့ တကယ်အသက်ရှင်လာရင်လဲ အတူတူဆော့ပေးမဲ့ ကလေးရှိတာ ကောင်းတာပေါ့ "

"မကောင်းဘူး " ကောင်လေးက ချက်ချင်း ခေါင်းတသွင်သွင်ခါယမ်းပြလာ၏ ။

"ဘာလို့လဲ ? " အဘိုးအိုက မေးသည် ။

"အဲ့ကျရင် ဘိုးဘိုးက သားကို လိုချင်တော့မှာမဟုတ်ဘူး "

"မဟုတ်တာ ။ ဘယ်လိုလုပ် အဲ့လိုဖြစ်နိုင်မှာလဲ ? " အဘိုးအိုသည် တော်တော်ကြာကြာ ကြောင်အ,နေပြီးနောက် ဖြည်းညှင်းစွာ ပြောလာခဲ့သည် ။ "အဘိုးက မင်းကို မလိုချင်ဘဲ မနေပါဘူးကွယ် "

ဤသည်ကို ကြားသော် ဝမ်းရှီ၏မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားရသည် ။

သို့သော်ငြား သူသည် သည်နေရာတွင် သိပ်ပြီးအချိန်ဆွဲမနေခဲ့ ။ အဘိုးအိုက ကြမ်းပြင်ပေါ်တွင် မွစာတက်ပြန့်ကျဲနေသော ဝါဂွမ်းစများအား လှည်းကျင်းနေသည်ကို အခွင့်ကောင်းယူကာ သူသည် အမှိုက်အိတ်ကို အကာအကွယ်အနေဖြင့် အသုံးချလိုက်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့လိုက်တော့သည် ။

"နောက်ဆုံးတော့ ဆင်းလာပြီပဲ " ရုတ်တရက်ဆန်စွာ ရှဲ့ဝမ်း၏စကားသံက သူ့နားရွက်ဘေးမှ ထွက်ပေါ်လာသဖြင့် ဝမ်းရှီ လန့်သွားရသည် ။

ထိုအခါမှသာ အဘိုးအို၏အိပ်ခန်းတံခါးဘေး၌ ကိုယ်လုံးပေါ်မှန်တစ်ချပ်ရှိနေ‌သေးမှန်း သူသတိရသွားခဲ့သည် ။ ရှဲ့ဝမ်းသည် မှန်တစ်ချပ်နှင့်တစ်ချပ်အကြား လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာနိုင်၏ ။

"အဲ့အပေါ်မှာ ပျော်စရာကောင်းရဲ့လား ? " မှန်ထဲရှိ ဝေဝါးဝါးပုံရိပ်က အပေါ်ထပ်သို့ တစ်ချက်လှမ်းကြည့်လိုက်သည် ။ "ငါက မင်း အဲ့ဒီလူအိုကြီးရယ် ကလေးလေးရယ်နဲ့လက်ချင်းတွဲပြီး ဆင်းလာတော့မယ်မှတ်နေတာ "

"သွားလိုက်တော့ " ဝမ်းရှီ ခွန်းတုံ့ပြန်လိုက်၏ ။

အကယ်၍ အရင်တုန်းကသာဆိုလျှင် သူသည် ရှင်းပြဖို့ပင် စိတ်ကူးရှိမည်မဟုတ်ပေ ။ သို့သော် ရှဲ့ဝမ်း၏ နောက်ပြောင်နေသည့်လေသံက အင်မတန်သိသာထင်ရှားလှသည်ဖြစ်ရာ သူသည် ခြေလှမ်းတစ်ဖက်ကြွပြီးသည့်တိုင် ဖြည့်စွက်ပြောလိုက်ဆဲ ။ "ငါက အခြေအနေကိုသိရအောင် နားထောင်နေတာ ။ မင်းတစ်ယောက်တည်း လှောင်အိမ်ထဲဝင်ရရင် မင်းလဲဒါမျိုးလုပ်ရမှာပဲ "

မမျှော်လင့်ထားစွာပင် ရှဲ့ဝမ်းက "ဪ"ဟု အသံပြုလိုက်ကာ ပြောလာသည် ။ "အမှန်ပဲ...ငါက သိပ်ပြီးနားမထောင်တတ်ဘူး "

သူသည် တုန့်ခနဲရပ်တန့်သွားပြီးနောက် တိုးညှင်းစွာ ပြောလာ၏ ။ "ငါ့စွမ်းရည်အဆင့်နဲ့ဆို အရင်က လှောင်အိမ်‌အများကြီးထဲ ဝင်ဖူးတာတော့ မဟုတ်ဘူး ။ ဒါပေမဲ့ ကြုံနေလို့တစ်ခုတော့ ပြောပြမယ် ။ မင်းအများကြီး လိုက်နားထောင်မိရင် စိတ်ပျော့သွားတာတို့ ညှာမိသွားတာတို့ မလွှဲမသေဖြစ်လာလိမ့်မယ် ။ အဲ့တော့ လျစ်လျူရှုထားတာ အကောင်းဆုံးပဲ "

'အကြီးအကဲက တပည့်လေးကို သင်ပြပေး 'သလို လေသံကို နားထောင်ကြည့်စမ်းပါအုံး ။

ဝမ်းရှီသည် သူ့ကို မမှိတ်မသုန် စိုက်ကြည့်နေလိုက်ပြီးနောက် "ဪ"ဟုသာ ပြောလိုက်သည် ။

သူ၏စကားသံအနေအထားကြောင့် ရှဲ့ဝမ်းက စိတ်ရွှင်မြူးသွားလေ၏ ။ "ဘာဖြစ်လို့လဲ ? "

ဝမ်းရှီ ; "မသိတဲ့သူတွေများ ကြားရင် မင်းကို ချန်ပူသောက်လို့ ထင်နေကြအုံးမယ် "

အရုပ်လေးမှာ အေးစက်စက်မျက်နှာသေဖြင့် အိပ်ခန်းထဲသို့ ဝင်သွားကာ လက်တစ်ချက်လှုပ်ရင်း အနောက်ရှိတံခါးကိုပင် ပိတ်လုနီးပါး စေ့သွားသေးသည် ။

မှန်ထဲရှိ အရပ်ရှည်ရှည်သွယ်လျလျ ပုံရိပ်မှာ မှန်ဘောင်ကို တစ်ခဏမျှ မှီရပ်နေပြီးနောက် ခပ်တိုးတိုး ရယ်လိုက်ကာ အသံတိုးတိုးဖြင့် "အရိုအသေမဲ့လိုက်တာ "

***

အဘိုးအို၏အိပ်ခန်းထဲတွင် အိပ်ရာဘေးရှိ စားပွဲပေါ်မှ မှန်တစ်ချပ် ပျောက်ဆုံးနေသည်မှလွဲလျှင် မနေ့ညကအတိုင်း မပြောင်းမလဲရှိနေဆဲ ။ အကျိုးအကြောင်းသင့်စွာ ဆိုရပါလျှင် သည်အပြောင်းအလဲက လှောင်အိမ်ပိုင်ရှင်ကို သတိချပ်စေရမည်ဖြစ်သော်လည်း ခုနက အဘိုးအို၏ပုံစံအရ ရန်လိုနေသည့်ပုံ လုံးလုံးမပေါ်ပေ ။

သူသည် ဒုတိယထပ်ရှိ အပျက်အစီး အရှုပ်အထွေးများကြောင့် အာရုံလွင့်ပျံ့နေသဖြင့် ထိုမှန်ကို လောလောဆယ် သတိမထားမိပုံပင် ။

စားပွဲခုံရှိအံဆွဲတွင် သော့ခလောက်မှာ တန်းလန်းရှိနေဆဲဖြစ်ပြီး ယမန်နေ့ညက ဖွင့်ဖို့ကြိုးစားခဲ့သည့် အရိပ်အယောင်များအားလုံး ပျောက်ကွယ်သွားကာ လှောင်အိမ်ပိုင်ရှင်သည် ဤနေရာအား ကာကွယ်လိုသည့်ဆန္ဒပြင်းပျကြောင်းကို ညွှန်ပြနေ၏ ။

ဝမ်းရှီသည် ကြိုးတစ်ချောင်းကို ရှာဖွေလိုက်ကာ သော့ပေါက်ထဲသို့ ထိုးထည့်လိုက်သည် ။

ချည်မျှင်ကြိုးမှာ အသက်ရှိနေသည့်အလား သော့ပေါက်ထဲမှ ကလစ်ခနဲ အသံတိုးတိုးထွက်ပေါ်လာခဲ့သည် ။

ဝမ်းရှီသည် အသက်အောင့်မိကာ စက္ကန့်ပိုင်းမျှ စောင့်ဆိုင်းနေလိုက်သည် ။ ရုတ်တရက် သူ့မျက်လုံးထောင့်ရှိ ပြတင်းပေါက်ဘောင်တွင် တွယ်ကပ်ချောင်းမြောင်းနေသော တစ်စုံတစ်ခုက သူရှိနေသည့်နေရာသို့ စိုက်ကြည့်နေသယောင် ခံစားလိုက်ရသည် ။

သူ ဦးခေါင်းမော့ကြည့်လိုက်သော် ပြတင်းပေါက်မှာ လုံးဝ ပြောင်ရှင်းနေပြီး မည်သို့သောအရာမျိုးမှ ရှိမနေခဲ့ ။

ဝမ်းရှီ နောက်တစ်ကြိမ် မျက်လွှာချလိုက်၏ ။

အရုပ်၏မျက်တောင်မွှေးများက လူမဆန်စွာ ရှည်လျားလှပြီး သူ့မြင်ကွင်းတစ်စိတ်တစ်ပိုင်းကို ကာဆီးထားသည်မှာ မျက်တောင်တစ်ချက်ခတ်ရုံမျှဖြင့် အရိပ်တစ်ခု လှစ်ခနဲ ဖြတ်‌ပြေးသွားသည့်နှယ် ။

သော့ခလောက်ပွင့်သွားသည်နှင့် စောင့်ကြည့်ခံနေရသည့် ခံစားချက်မှာ တစ်ဖန်ပြန်လည်ရောက်ရှိလာသည် ။

ဝမ်းရှီ ထပ်ပြီး မော့ကြည့်လိုက်သည့်တိုင် ပြတင်းပေါက်မှာ ဗလာကျင်းနေဆဲဖြစ်ပြီး နွေဥတုအစောပိုင်းကာလ စိုထိုင်းထိုင်းလေပြင်းများအကြား ကန့်လန့်ကာများကသာ တလူလူယိမ်းနွဲ့နေလျက် ။

သော့ကိုဖွင့်နေသည့်အချိန် အဟန့်အတားများနှင့် ကြုံတွေ့ရမည်မှာ မလွဲဧကန်ဖြစ်ပြီး သူ့အတွက် ပထမဆုံးအကြိမ်လည်း မဟုတ်ပေ ။

ဝမ်းရှီသည် ပြတင်းပေါက်ကို အာရုံစိုက်မနေတော့ဘဲ တစ်ချက်တည်းဖြင့် သော့ကိုဆွဲဖွင့်လိုက်ကာ အံဆွဲကို မြန်နိုင်သမျှအမြန်ဆုံးဆွဲဖွင့်လိုက်ပြီး အထဲမှ ခပ်ထူထူ စာအိတ်တစ်ခုကို ဆွဲထုတ်လိုက်တော့သည် ။

ထို့နောက်တွင်တော့ သူဖျတ်ခနဲ လှည့်ထွက်လာ၏ ။

အရုပ်၏ကိုယ်လုံးမှာ ဝါဂွမ်းစများဖြင့်သာ ပြည့်နေသဖြင့် ထိုစာအိတ်ကို ကိုင်ထားရုံဖြင့် သူ့အပေါ်တစ်ပိုင်းလုံး လေးလံငိုက်ကျနေပြီး ၎င်းကိုသယ်ရင်းပြေးလွှားရန် အင်မတန်ခဲယဉ်းနေစေသည် ။

ဝမ်းရှီသည် တံခါးဆီသို့ ပြေးသွားလိုက်ပြီး တံခါးဖွင့်ခါနီးမှ ရုတ်တရက် အပေါ်သို့ မော့ကြည့်လိုက်မိသည် ။

ရှေးကျသော သတ္တုတံခါးလက်ကိုင်တွင် ဝမ်းရှီ၏အရုပ်မျက်နှာက အရိပ်ထင်ဟပ်နေ၏ ။ သူ့အနောက်တွင်မူ ဆံပင်ရှည်များဖြင့် ဦးခေါင်းတစ်ခုက လည်ပင်းမှ ရှည်တန်းဆန့်ထွက်နေကာ နှုတ်ခမ်းများက ထူးဆန်းသည့်သဏ္ဍာန်အနေအထားဖြင့် ကွေးညွှတ်နေလျက် ။

ဝမ်းရှီ : "....."

လာစရာရှိတာကတော့ အမြဲလာမှာပဲ ။

ရုတ်ချည်းပင် သူသည် တံခါးဖွင့်မည့်အကြံကို လက်လျှော့လိုက်ကာ ကိုယ်ကိုစောင်းလျက် လက်ထဲရှိစာတမ်းအိတ်ကို ကိုင်ပြီး တံခါးအဟကြားမှ လျှောထွက်လာခဲ့သည် ။

သူ ဘေးတစ်စောင်းလှည့်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့အနောက်ရှိအရာများ၏ ပုံပန်းသွင်ပြင်များကို မြင်လိုက်ရလေသည် ။

လည်ပင်းရှည်ကြီးကို ဆန့်ထုတ်ကာ သူ့ထံဦးတည်လျက်ရှိသော ဖြူစုတ်စုတ်မျက်နှာနှင့် ဦးခေါင်းများအပြင် ကြမ်းပြင်ထက်၌ ခြေထောက်ပေါင်းရာချီရှိသည့် ပင့်ကူတစ်ကောင် လှဲလျောင်းနေသည့်အလား ရှုပ်ပွပြန့်ကျဲနေသော ခြေလက်များလည်း ရှိနေ၏ ။

တွေဝေတုန့်ဆိုင်းမှုမရှိဘဲ ဝမ်းရှီသည် ခြေထောက်ကိုမြှောက်ကာ တံခါးကို ပိတ်ကန်ပစ်လိုက်တော့သည် ။

အိမ်ခန်းတံခါးမှာ သူ့ကန်ချက်ပြင်းအားကြောင့် အနှီမျက်နှာများကို ဘန်းခနဲ ရိုက်မိသွားကာ သူ့အနောက်မှ လိုက်နေသည့် "လူများ"ကို ရပ်တန့်သွားစေ၏ ။

ထိုမျက်နှာများမှာ မည်သည့်အသားဖြင့် ပြုလုပ်ထားသည်လဲ မသိရသော်ငြား တံခါးမှာ နှစ်ကြိမ်ပင် ပြန်ကန်ထွက်လာသည် ။

ဝမ်းရှီသည် အပေါ်ထပ်သို့ အပြေးအလွှားတက်လာခဲ့သည် ။ သူလှေကားမှ တက်လာရင်း အနောက်ဘက်မှ တစ်စုံတစ်ခု ကျကွဲသွားသည့်အသံကို ကြားလိုက်ရသည် ။ အသံအရ ရှဲ့ဝမ်းသည် ကိုယ်လုံးပေါ်မှန်ကို မှောက်ချကာ သူ့အတွက် ဟန့်တားပေးခဲ့ကြောင်း သိလိုက်၏ ။

အမြဲလိုလို တစပြင်အလား တိတ်ဆိတ်နေသော အိမ်မှာ တစ်ခဏချင်း ဆူညံသက်ဝင်လာပြီး နေရာတိုင်းရှိ မှန်ပြတင်းပေါက်များထံမှ တဘန်းဘန်းထုရိုက်နေသံများ ထွက်ပေါ်လာကာ ပြတင်းမှန်များကို တုန်ခါလှုပ်ယမ်းနေစေတော့သည် ။

ဝမ်းရှီသည် သူ့မျက်လုံးထောင့်စွန်းမှတစ်ဆင့် လှမ်းကြည့်လိုက်ရာ ပြတင်းပေါက်များတွင် မှန်တံခါးကို တဘန်းဘန်းရိုက်နေသော မျက်နှာများနှင့် ပြည့်နေသည်ကို မြင်လိုက်ရ၏ ။

လှေကားဘေးရှိ ပြတင်းမှန် စတင်အက်ကွဲစပြုလာသည်ကို မြင်သော် ဝမ်းရှီသည် သူ့လက်ကောက်ဝတ်ကို လှုပ်ကာ ကြိုးကို ပစ်လွှတ်လိုက်သည် ။ မျက်နှာတစ်ခုက ပြတင်းပေါက်ကို ထိုးဖောက်ဝင်ရောက်လာသည်နှင့် ထိုကြိုးမှာ ၎င်း၏လည်ပင်းတစ်ဝိုက် ကြိုးကွင်းအလား ရစ်ပတ်သွားတော့သည် ။

"ဝမ်းကော ! " ရှချောင်က စတိုခန်းတံခါးကို ဖွင့်ပေးရင်း လှမ်းအော်လာခဲ့သည် ။

ဝမ်းရှီသည် စာအိတ်ကို အနောက်သို့ လျှောပစ်ပေးလိုက်ပြီး ထိုမျက်နှာကို ခါယမ်းလိုက်ကာ ပြတင်းပေါက်အပြင်ဘက်သို့ ပစ်ထုတ်လိုက်လေ၏ ။

မျက်နှာ : "....."

ထိုအရာမှာ မြေကြီးပေါ်သို့ ဖုတ်ခနဲ ပြုတ်ကျသွားခဲ့သည် ။ ဝမ်းရှီသည် တစ်ချက်ပင် လှည့်မကြည့်ခဲ့ဘဲ စတိုခန်းထဲသို့ ပြေးဝင်ကာ တံခါးကို ဆောင့်ပိတ်ပြီး သော့ခတ်လိုက်တော့သည် ။

သူသည် သူ့ကိုယ်လုံးထက်မှ အပ်ချည်ကြိုးနှစ်ချောင်းကို ဆွဲဖြုတ်လိုက်ကာ ရှချောင်စကတ်မှ အပ်ချည်မျှင်အစွန်းကိုပါ လှမ်းဆွဲလာသည် ။ ထိုသို့ပြုမူနေရင်း သူသည် ဆဲရေးနေ၏ ။ "ဒီသောက်လက်တွေက လက်ချောင်းတောင်မပါဘူး ။ ငါဖြတ်ပစ်လိုက်တာမှ ကောင်းအုံးမယ် ! "

တစ်ချိန်တည်းမှာပင် သူသည် လက်ကောက်ဝတ်ကို ကွေးလိုက်ကာ တံခါးလက်ကိုင်တစ်လျှောက် ကြိုးဖြင့် ရစ်ပတ်လိုက်သည် ။

ဝမ်းရှီအတွက် အရုပ်လက်များမှာ အသုံးမကျသည့်တိုင် ရှချောင်မျက်လုံးထဲတွင်မူ ထိုလက်များမှာ အံ့ဩသင့်စရာကောင်းလောက်အောင် ဖျတ်လတ်နေသေးဆဲ ။

.....နည်းနည်း ရယ်ရနေတာလေးတစ်ခုပဲ ။

ဝမ်းရှီသည် ကြိုးကို မည်သို့သော စွမ်းအင်အစီအရင်ဖြင့် ချည်နှောင်လိုက်သည်လဲ မသိရချေ ။ မည်သို့ပင်ဖြစ်စေ တံခါးမှာ အချိန်အတော်ကြာ ထုရိုက်ခံနေရသည့်တိုင် ပွင့်မလာခဲ့ ။

သူ၏တစ်ခုတည်းသောနောင်တမှာ ရှချောင်စကတ်မှ အပ်ချည်ကြိုးစကို ဖြတ်တောက်ရန် မေ့လျော့သွားခြင်းပင် ။ ရလဒ်အနေဖြင့် ကြိုးချည်နှောင်ပြီး၍ ဝမ်းရှီက တစ်ဖက်ကြိုးစကို ဆွဲလိုက်သောအခါ ရှချောင်သည် တံခါးလက်ကိုင်၌ တွဲလောင်းဇောက်ထိုးချိတ်သွားကာ ခြေထောက်များမှာမူ လေထဲ ဝေ့ယမ်းနေတော့သည် ။

"ကော...." ရှချောင်၏ဦးခေါင်းမှာ အောက်သို့ ထိုးစိုက်ကျနေလျက် သူသည် မတရားဆက်ဆံခံလိုက်ရသယောင် ခံစားလိုက်ရသည် ။

"ဆောရီး " ဝမ်းရှီက တောင့်တင်းနေသော မျက်နှာထားဖြင့် ပြောလာ၏ ။

ရှဲ့ဝမ်းက မှန်ထဲတွင် အတော်ကြာကြာ ရယ်မောနေတော့သည် ။

"တံခါးအပြင်ဘက်က ဘာကြီးတွေလဲ ? " ရှချောင်သည် ကြမ်းပြင်ပေါ်သို့ ဖုတ်ခနဲပြုတ်ကျလာကာ သူ့စကတ်မှ ဖုန်များကို ဖုတ်ဖတ်ခါနေ၏ ။ ထိုအကြောင်း တွေးရုံနှင့်ပင် သူ့ကို အင်မတန်ခြောက်ခြားလာစေဆဲ ။

ဝမ်းရှီသည် တွေးတောလိုက်ပြီးနောက် "ဟိုကောင်လေး ဖြဲလိုက်တဲ့အရုပ်တွေ "

"ဟင် ? ဒါပေမဲ့ အဲ့ခေါင်းတွေမှာ သွေးတွေထွက်နေတာကို ကျွန်တော် မြင်လိုက်တာ ၊ အရုပ်နဲ့ မတူဘူးလားလို့ ? သူတို့တကယ်ကြီး အသက်ရှင်လာတာဖြစ်နိုင်တာလား ? "

"အစကတည်းက လှောင်အိမ်ထဲကအရာတွေက လှောင်အိမ်ပိုင်ရှင်ရဲ့အသိစိတ်နဲ့ ဆက်စပ်နေတာ " ဝမ်းရှီသည် စာတမ်းဖိုင်အိတ်မှကြိုးကို ဖြည်ရင်းပြောလာသည် ။ "ပုံမှန်အတွေးအခေါ်အတိုင်း ရှင်းပြလို့မရဘူး "

အပြင်ဘက်ရှိ အရာများမှာ မမောနိုင်မပန်းနိုင် တံခါးကို တဒုန်းဒုန်း ထုနေဆဲ ။ တံခါးဘောင်၏ လှုပ်ခါယမ်းနေသည့်အသံများက ကြောက်မက်ဖွယ်ပင် ။

ဝမ်းရှီသည် နံရံတစ်လျှောက် လိုက်စမ်းကြည့်ပြီးနောက် စတိုခန်းမီးခလုတ်ကို ရှာတွေ့သွားလေ၏ ။

အချိန်ကာလများစွာ အသုံးမပြုခဲ့သော ရှေးကျသည့် မီးလုံးက အလင်းရောင်ပေးလာသည် ။ ချိတ်ဆက်မှုမှာ အနည်းငယ်ပြတ်တောက်နေခဲ့ပြီး မီးလုံးမှာ တဖျတ်ဖျတ် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေခဲ့သည် ။

ထိုမှိန်ဖျော့သော မီးအလင်းရောင်အောက်တွင် ဝမ်းရှီသည် စာအိတ်ထဲရှိပစ္စည်းကို ထုတ်ယူလိုက်သည် ။

၎င်းမှာ စာရွက်တော်တော်များများ ပြုတ်နေကာ အထဲတွင် ဓာတ်ပုံများထည့်ကပ်ထားသော ခပ်ထူထူသားရေ မှတ်စုစာအုပ်တစ်အုပ်ဖြစ်၏ ။ နေ့စဉ်မှတ်တမ်းနှင့် မှတ်စုစာအုပ်အဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်ဖို့များသည် ။

သို့ရာတွင် ဓာတ်ပုံများအားလုံးက ဝိုးတဝါးဖြစ်နေပြီး မျက်နှာများကို ရှင်းရှင်းလင်းလင်း သေချာမမြင်ရပေ ။ မှတ်စုထဲရှိ လက်ရေးများမှာလည်း ရေထဲကျထားသည့်အလား မင်များပြန့်ကာ ဝေဝါးနေလျက် ။

"ဒါက ဘာလို့ ဒီလိုဖြစ်နေရတာလဲ ? " ရှချောင်က ကြောင်အမ်းနေတော့သည် ။

"ဒါလဲ လှောင်အိမ်ပိုင်ရှင်ရဲ့ အကာအကွယ်တစ်မျိုးပဲ " ရှဲ့ဝမ်းက ဘေးဘက်ရှိမှန်ထဲတွင် မတ်တပ်ရပ်နေလျက် ပြောလာခဲ့သည် ။

"ဖတ်လို့ရောရသေးရဲ့လား ? "

"နည်းနည်းတော့ ဖတ်လို့ရတယ် " ဤသို့သောအခြေအနေမျိုးကို ကြုံတွေ့ရသည်မှာ ဝမ်းရှီအတွက် ပထမဆုံးမဟုတ်ပေ ။

သူသည် စာအုပ်မှ ပထမဆုံးစာရွက်အပိုင်းအစကို ယူကာ မျက်လုံးများကို မှေးကျဉ်းလျက် စာရွက်ပေါ်တွင် ရေးထားသည်များကို ဖတ်ရှုလိုက်တော့သည်--

"၂၀၀.....ဘယ်နှစ်လဲ မသိမှာ ကလေးတစ်ယောက်ကို သုံးနှစ်လောက် ပျိုးထောင်ခဲ့တယ်တဲ့.....အဲ့နောက်ပိုင်းက သေချာမမြင်ရဘူး ။ ရောဂါနဲ့ သေသွားတာ ဖြစ်လောက်တယ် "

"ဒီနှစ်ရဲ့ နွေရာသီအဆုံးရောက်တော့ ငါ....ကမ္ဘာဦးပင်လမ်းကြားရဲ့ အပြင်ဘက်မှာ အဲ့ဟာလေးကို ကောက်ရခဲ့တယ် "

ငါအဲ့ဟာလေးလို့ ခေါ်ရတဲ့အကြောင်းရင်းက သူက သာမန်ကလေးတစ်ယောက်မဟုတ်လို့ပဲ ။ သူဝတ်ထားတဲ့အဝတ်အစားတွေ ဘယ်ကရလာတယ်ဆိုတာ ဘယ်သူသိမှာလဲ ။ အဝတ်တွေက သူတောင်းစားလို ပြဲစုတ်ညစ်ပတ်နေခဲ့တာ ။ သူ့ရင်ဘတ်မှာ မွေးရာပါအမှတ်လို အမှတ်အသားတစ်ခုရှိနေတယ် ။

ဒါကိုမြင်လိုက်တာနဲ့ အိုနေတဲ့ လက်မှုပညာသည်တချို့က အဲ့အမှတ်အသားရဲ့ အဓိပ္ပာယ်ကို သိကြမှာပဲ ။

အရင်တုန်းက ဆိုရိုးစကားတစ်ခုရှိခဲ့ဖူးတယ် ။ ဒါပေမဲ့ အခုတော့ အဲ့ဆိုရိုးကို ရှာလို့တွေ့မှာ မဟုတ်လောက်တော့ဘူး --သစ်သားကောင်လေးကို အဆုံးသတ်အမှတ်အသားတစ်ခု ပြုလုပ်ပေးလိုက်တာနဲ့ ရုပ်သေးတစ်ရုပ် မွေးဖွားလာတယ်

ဒီဟာလေးက ရုပ်သေးရုပ်လေးတစ်ရုပ်ပဲ

***

[Zawgyi]

မွန္ထဲရွိ အရပ္ရွည္ရွည္သြယ္လ်လ် ပုံရိပ္မွာ မွန္ေဘာင္ကိုစ္ခဏမၽွ မွီပ္ေနၿပီးေနာက္ပ္တိုးတိုးယ္လိုက္ကာ အသံတိုးတိုးျင့္ "အရိုအေသမဲ့လိုက္တာ "

"အဲ့ကေလးထပ္ၿပီး ေသာင္းက်န္းအုံးမွာလား ? " ရွေခ်ာင္က အထိတ္ထိတ္အလန႔္လန႔္ျဖင့္ ေမးလာသည္ ။

"ဒီညၿပီးရင္ အဆင္ေျပသြားလိမ့္မယ္ " ဝမ္းရွီ ေျဖလိုက္၏ ။

"ေအာ " ရွေခ်ာင္ သက္ျပင္းခ်လိုက္ေတာ့သည္ ။

ရွဲ႕ဝမ္းက ျဖည့္စြက္ေျပာလာ၏ ။ "မနက္ျဖန္က်မွ သူ႔ကို ထပ္ဆြလိုက္ရင္ ေနာက္တစ္မ်ိဳး ေသာင္းက်န္းျပေလာက္တယ္ "

ရွေခ်ာင္ : "....."

ဝမ္းရွီ မွန္ေဘာင္ကို ရိုက္လိုက္ေတာ့သည္ ။

ဝါဂြမ္းစို႔ထားသည့္အ႐ုပ္လက္၏ ရိုက္ခ်က္မွာ အားအင္မရွိသျဖင့္ ရွဲ႕ဝမ္းက ေဒါသမထြက္သြားဘဲ ရယ္ေမာလ်က္ "တစ္ေယာက္ေသာသူက အရမ္းၾကမ္းတမ္းေနတာပဲေနာ္ ? "

တစ္ေယာက္ေသာသူမွာ ေသခ်င္ေယာင္ေဆာင္ကာ စကားမေျပာလာေတာ့ေခ် ။

စတိုခန္းထဲတြင္ ျပတင္းေပါက္ဟူ၍မရွိေသာေၾကာင့္ ထိုအခန္းထဲတြင္ အခ်ိန္ခဏတာေလာက္ေနၿပီးေနာက္ အခ်ိန္မည္မၽွကုန္ဆုံးသြားသည္ကို သိနိုင္ရန္ ခက္ခဲလာ၏ ။

ရွေခ်ာင္သည္ ေၾကာက္ရြံ့လြန္းသျဖင့္ သူ႔မ်က္လုံးမ်ားကို မပိတ္ရဲေခ် ။ ဝမ္းရွီသည္ေတာ့ ေၾကာင္အိမ္ကို ‌မွီလိုက္ကာ ေျပာလာသည္ ။ "ငါ ခဏေလာက္ အိပ္လိုက္အုံးမယ္ "

စိတ္အေႏွာင့္အယွက္ျဖစ္စရာ ရွဲ႕ဝမ္းတစ္ေယာက္ အေပၚမွျပဳတ္က်ကာ ရွစ္စိတ္ကြဲသြားျခင္းမွ ကာကြယ္ရန္ သူသည္ မွန္အတြက္ လုံျခဳံေဘးကင္းသည့္ေနရာတစ္ခုကို မရွာခ်င္ရွာခ်င္ႏွင့္ ရွာလိုက္ရသည္ ။ ထို႔ေနာက္ မ်က္လုံးမ်ားကို ပိတ္ကာ မွန္ေဘာင္ကို ပုတ္လိုက္ၿပီး "လိမ္လိမ္မာမာေန "

ရွဲ႕ဝမ္းက လြယ္လင့္တကူ သေဘာတူလာ၏ ။ တစ္ခဏၾကာၿပီးေနာက္ သူ႐ုတ္တရက္ေျပာလာသည္ ။ "မင္းဗိုက္ထဲက အသံေတြထြက္ေနတယ္ ။ ဗိုက္ဆာေနတာလား ? "

အစာသြပ္အ႐ုပ္မွာ ေအးစက္စြာျဖင့္ "ပါးစပ္ပိတ္ထား "

ရွဲ႕ဝမ္းက ျပဳံးလိုက္ေတာ့သည္ ။ "ဟုတ္ပါၿပီ "

ထို႔ေနာက္တြင္ေတာ့ အမွန္တကယ္ တိတ္ဆိတ္ၿငိမ္သက္သြားေလ၏ ။

အခ်ိန္မည္မၽွ ကုန္ဆုံးသြားသည္ကို မသိရေသာ္ျငား ေနာက္ဆုံးတြင္ေတာ့ နံနက္မိုးေသာက္ က်ေရာက္လာ‌ခဲ့ေလၿပီ ။

စတိုခန္းထဲ၌ ‌အေမွာင္ထု ႀကီးစိုးေနဆဲျဖစ္သည့္တိုင္ အျပင္ဘက္ရွိ ေျခသံမ်ားက ေျမးအဘိုးႏွစ္ေယာက္ နိုးေနၿပီျဖစ္ေၾကာင္း အသိေပးေန၏ ။

ဝမ္းရွီသည္ ေအာက္ထပ္ရွိ ေသာ့ခတ္ထားေသာ အံဆြဲအေၾကာင္း ဆက္တိုက္ေတြးေနမိၿပီး သြားေရာက္စစ္ေဆးၾကည့္ခ်င္ခဲ့သည္ ။ တစ္ခ်ိန္တည္းမွာပင္ အႏၲရာယ္အသစ္မ်ားႏွင့္ ၾကဳံေတြ႕မည့္အေရး စိတ္ပူမိသျဖင့္ ရွေခ်ာင္ကို သူႏွင့္အတူ ေခၚမလာေတာ့ဘဲ စတိုခန္းထဲတြင္သာ ေစာင့္ေနရန္ ေျပာခဲ့သည္ ။

မူလက သူသည္ ရွဲ႕ဝမ္းကိုပင္ ေခၚမလာခ်င္‌ခဲ့ေသာ္လည္း ရွဲ႕ဝမ္းက "ငါက အဲ့ေလာက္ထိလဲ ေနရာမယူပါဘူး ။ ၿပီးေတာ့ ကင္းေစာင့္သေဘာ ေစာင့္ၾကည့္ေပးလို႔လဲရတယ္ ။ မင္းတကယ္ မစဥ္းစားၾကည့္ေတာ့ဘူးလား ? " ဟု ေျပာလာခဲ့သည္ ။

သို႔ႏွင့္ ဝမ္းရွီ စဥ္းစားၾကည့္လိုက္၏......ထို႔ေနာက္ မွန္ကို ေၾကာင္အိမ္၏ အတြင္းအက်ဆုံးေနရာသို႔ ထိုးထည့္လိုက္ေတာ့သည္ ။

ရွဲ႕ဝမ္း : "....."

"မင္းကို အဲ့ေလာက္ထိ ကြဲလြယ္ဖို႔ ဘယ္သူေျပာလို႔တုန္း ? မင္းကအ႐ုပ္ဆိုရင္ေတာင္ ငါေခၚသြားအုံးမယ္ " ဝမ္းရွီသည္ တည္ၿငိမ္စြာ ေျပာလိုက္ၿပီးေနာက္ တံခါးကိုဖြင့္ကာ လွစ္ခနဲ ထြက္လာခဲ့သည္ ။

သူသည္ ဤသို႔ေသာကိစၥမ်ိဳးကို တစ္ေယာက္တည္းေဆာင္ရြက္ရသည္ကိုသာ ပိုအသားက်ေနခဲ့ၿပီး သူစိုးရိမ္စရာမ်ားလည္း ေလ်ာ့နည္းသြားလိမ့္မည္ေပ ။

ေလွာင္အိမ္ထဲတြင္ အရာအားလုံးက ပုံရိပ္ေယာင္မ်ားျဖစ္ေသာ္လည္း ယခင္က မိစၧာဝိညာဥ္မ်ားကို မဖယ္ရွားနိုင္ဘဲ စြ႕န္စြ႕န္စားစား အသက္ေပးလိုက္ရေသာ ဖန႔္ကြမ္း ေတာ္ေတာ္မ်ားမ်ားလည္း ရွိခဲ့ဖူးသည္ ။

သူသည္ ရွေခ်ာင္ႏွင့္ ရွဲ႕ဝမ္း၏အသက္အႏၲရာယ္မ်ားကို မစြန႔္စားလိုခဲ့ေပ ။

***

ဤအိမ္ရွိ ျပတင္းေပါက္မ်ားမွာလည္း အင္မတန္ေရွးက်ေနၿပီး အလင္းေရာင္ကို သာမန္မၽွသာ ‌ေထာက္ပံ့ေပးနိုင္သည္ ။ အျပင္ဘက္ရွိ ေကာင္းကင္ယံမွာ ပုံမွန္အတိုင္း ညႇို႔မွိုင္းေနသျဖင့္ အိမ္ထဲ၌ အေတာ္ေလး ေမွာင္မိုက္ေနခဲ့သည္ ။

ဝမ္းရွီသည္ ေထာင့္တစ္ခုတြင္ ပုန္းကြယ္လ်က္ အဘိုးအိုႀကီး အေပၚထပ္သို႔ ျဖည္းညႇင္းစြာ တက္လာသည္ကို ၾကည့္ေန၏ ။

မေန႔ညက ျပဳတ္က်ခဲ့ေသာ မီးဆိုင္းမွာ ေပ်ာက္ကြယ္သြားၿပီး မ်က္ႏွာၾကက္တြင္ေတာ့ အနက္ေရာင္ အေပါက္ႀကီးတစ္ေပါက္သာ က်န္ရွိေနသည္ ။

ဒုတိယထပ္ရွိ စႀကႍလမ္းတစ္ေလၽွာက္တြင္ အ႐ုပ္မ်ား၏ ဆုတ္ျဖဲခံထားရေသာ ေျခလက္မ်ားႏွင့္ ဦးေခါင္းမ်ားမွာ ၾကမ္းျပင္ေပၚ၌ ျပန႔္က်ဲေနၿပီး လည္ပင္းေနရာမွ ဝါဂြမ္းစမ်ား စုတ္ဖြာထြက္ေန၏ ။

၎တို႔၏ ဖန္ေဂၚလီလုံးသဖြယ္ မ်က္လုံးမ်ားမွာေတာ့ ဆြဲျဖဳတ္ခံထားရကာ ၾကမ္းျပင္ေပၚ၌ တလိမ့္လိမ့္ ။ မ်က္လုံးေပါင္းေျမာက္မ်ားစြာက အလြန္ျပဴးက်ယ္စြာ ပြင့္ဟ,ေနၿပီး မ်က္ႏွာၾကက္ကို မ်က္ေတာင္မခတ္တမ္း စိုက္ၾကည့္ေနခဲ့သည္ ။

အဘိုးအိုးသည္ သူ႔အိတ္ကပ္ထဲမွ အနက္ေရာင္အမွိုက္အိတ္ကို ဆြဲထုတ္လိုက္ၿပီး လႈပ္ခါဖြင့္လိုက္ကာ ဦးေခါင္းႏွင့္ ေျခလက္အပိုင္းအစမ်ားအား စကားတစ္ခြန္းမၽွမဆိုဘဲ ေကာက္ထည့္ေန၏ ။

ေကာင္ေလးသည္ကား အလင္းေရာင္ကို ေက်ာေပးရင္း ေမွာင္ရိပ္ထဲတြင္ မတ္တပ္‌ရပ္ေနကာ လူအိုႀကီးအား အမူအရာမဲ့ စိုက္ၾကည့္ေနသည္ ။

အခ်ိန္အေတာ္ၾကာၿပီးေနာက္ သူသည္ အင္မတန္ တိုးလ်စြာျဖင့္ "ေတာင္းပန္ပါတယ္ "

အဘိုးအိုက ဆိတ္ၿငိမ္ေနဆဲ ။

သူထပ္ေျပာလိုက္သည္ ။ "ေတာင္းပန္ပါတယ္ "

"ဘိုးဘိုး...သားေတာင္းပန္ပါတယ္ "

အဘိုးအိုသည္ သက္ျပင္းဖြဖြခ်လိုက္ကာ ခါးကို ခဲရာခဲဆစ္မတ္လိုက္သည္ ။ "ဒါ မင္းႀကိဳက္တဲ့ အ႐ုပ္ေတြမဟုတ္ဘူးလား ? ဘာလို႔ ဖ်က္ဆီးလိုက္ျပန္တာလဲ ? "

ေကာင္ေလး၏အသံမွာ ယခင္အတိုင္း ေလသံအတက္အက် ကင္းမဲ့ေနဆဲပင္ ။ "သားေၾကာက္လို႔ပါ "

ဝမ္းရွီ : "....."

နာက္စ္ေခါက္ျန္ေျပာလိုက္မ္း ။ မင္းက ဘာျစ္လို႔တဲ့ ?

ရွေခ်ာင္သာ ၾကားရင္ ခ်က္ခ်င္းခြေခါက္လဲသြားေလာက္ယ္

ဝမ္းရွီ ေတြးလိုက္မိ၏ ။

ေကာင္ေလးမွာ ဆက္လက္ရွင္းျပေနဆဲျဖစ္သည္ ။ "သူတို႔က သားကို အျမဲလိုက္ၾကည့္ေနတာ ။ သားေၾကာက္လာလို႔ "

"အဲ့တာနဲ႔ သူတို႔မ်က္လုံးေတြကို ထပ္ၿပီး ဆြဲျဖဳတ္လိုက္တာလား ? " အဘိုးအိုက ေမးလိုက္သည္ ။

"အင္း "

ဝမ္းရွီသည္ စင္ေပၚရွိ တ႐ုတ္ရိုးရာစတိုင္အ႐ုပ္မ်ား၏ မ်က္လုံးမ်ား ေပ်ာက္ဆုံးေနသည္ကို ျပန္အမွတ္ရသြားၿပီး အဘိုးႀကီးက အဘယ္ေၾကာင့္ "ထပ္ၿပီး"ဟူေသာ စကားလုံးကို အသုံးျပဳမွန္း နားလည္သြားခဲ့သည္ ။ ေကာင္ေလးမွာ သို႔ႏွယ္အျပဳအမူမ်ိဳးကို အႀကိမ္မေရမတြက္နိုင္ေအာင္ ျပဳလုပ္ခဲ့ၿပီး ျဖစ္ေလာက္သည္ ။

အဘိုးအိုက သက္ျပင္းခ်၏ ။ သက္ျပင္းခ်သံမွာ တိုးညႇင္းကာ အသက္ရႉသံေရာယွက္ေနၿပီး အိမ္အေငြ႕အသက္ကို ပို၍ပင္ စိတ္မခ်မ္းေျမ့စရာေကာင္းသြားေစသည္ ။

ေကာင္ေလးက ႐ုတ္တရက္ ေျပာလိုက္သည္ ။ "သူတို႔က အသက္ရွိေနတာ "

လူအိုႀကီးက သူ႔ကို ၾကည့္လာ၏ ။

ေကာင္ေလး : "သူတို႔အကုန္ အသက္ရွင္လာမွာ "

လူအိုႀကီး : "မရွင္လာပါဘူး ။ အဘိုး အရင္က မင္းကို သင္ေပးထားတာမွတ္မိလား ? သူတို႔ရင္ဘတ္ကို ႀကိဳးနဲ႔ထိုးခ်လိုက္တာနဲ႔ သူတို႔ အသက္ရွင္လာေတာ့မွာမဟုတ္ဘူး "

ေကာင္ေလးသည္ ၾကမ္းျပင္ေပၚမွ က်န္ရွိေနေသးသည့္ အ႐ုပ္အပိုင္းအစမ်ားကို ေကာက္လိုက္ကာ ထိတ္လန႔္ဖြယ္ စကားလုံးမ်ားကို အေလးအနက္ေျပာလာခဲ့သည္ ။ "မွတ္မိတယ္ ။ အဲ့တာေၾကာင့္ သားအကုန္လုံးကို ဆုတ္ျဖဲလိုက္တာေပါ့ ။ ဒီအ႐ုပ္ေတြက သူတို႔ရင္ဘတ္မွာ ၾကယ္သီးေတြ ပန္းပြင့္ေတြရွိေပမဲ့ ဘာမွမရွိတဲ့ အ႐ုပ္ေတြလဲ ရွိေနတာ "

အဘိုးအိုးမွာ သူ႔ကို နားလည္ေအာင္ မည္သို႔လုပ္ရမွန္းမသိသျဖင့္ "အဲ့လိုအ႐ုပ္မ်ိဳးေတြက မတူဘူး "ဟုသာ ေျပာနိုင္သည္ ။

ေကာင္ေလးက ေမးျပန္၏ ။ "ဘယ္လိုမတူတာလဲ ? "

လူအိုႀကီးက ေခါင္းခါလိုက္ရင္း အ႐ုပ္အပိုင္းအစမ်ားကို ေကာက္လိုက္ကာ အမွိုက္အိတ္ထဲသို႔ထည့္ၿပီး အိတ္ကိုပိတ္ခ်ည္လိုက္ေတာ့သည္ ။ ထို႔ေနာက္ ေမးလိုက္၏ ။ "ဘာလို႔ အ႐ုပ္ေတြက အသက္ရွင္လာလိမ့္မယ္လို႔ အျမဲထင္ေနရတာတုန္း ? "

ေကာင္ေလးက စကားေျပာေနသည္ကို ရပ္တန႔္လိုက္သည္ ။

အဘိုးအိုသည္ စကားသံကို ႏူးညံ့လိုက္ကာ သူ႔ကိုေခ်ာ့ျမဴရန္ စေနာက္ေနသည့္အလား "သူတို႔ တကယ္အသက္ရွင္လာရင္လဲ အတူတူေဆာ့ေပးမဲ့ ကေလးရွိတာ ေကာင္းတာေပါ့ "

"မေကာင္းဘူး " ေကာင္ေလးက ခ်က္ခ်င္း ေခါင္းတသြင္သြင္ခါယမ္းျပလာ၏ ။

"ဘာလို႔လဲ ? " အဘိုးအိုက ေမးသည္ ။

"အဲ့က်ရင္ ဘိုးဘိုးက သားကို လိုခ်င္ေတာ့မွာမဟုတ္ဘူး "

"မဟုတ္တာ ။ ဘယ္လိုလုပ္ အဲ့လိုျဖစ္နိုင္မွာလဲ ? " အဘိုးအိုသည္ ေတာ္ေတာ္ၾကာၾကာ ေၾကာင္အ,ေနၿပီးေနာက္ ျဖည္းညႇင္းစြာ ေျပာလာခဲ့သည္ ။ "အဘိုးက မင္းကို မလိုခ်င္ဘဲ မေနပါဘူးကြယ္ "

ဤသည္ကို ၾကားေသာ္ ဝမ္းရွီ၏မ်က္ခုံးမ်ား အနည္းငယ္ တြန္႔ခ်ိဳးသြားရသည္ ။

သို႔ေသာ္ျငား သူသည္ သည္ေနရာတြင္ သိပ္ၿပီးအခ်ိန္ဆြဲမေနခဲ့ ။ အဘိုးအိုက ၾကမ္းျပင္ေပၚတြင္ မြစာတက္ျပန္႔က်ဲေနေသာ ဝါဂြမ္းစမ်ားအား လွည္းက်င္းေနသည္ကို အခြင့္ေကာင္းယူကာ သူသည္ အမွိုက္အိတ္ကို အကာအကြယ္အေနျဖင့္ အသုံးခ်လိုက္ၿပီး ေအာက္ထပ္သို႔ ဆင္းလာခဲ့လိုက္ေတာ့သည္ ။

"ေနာက္ဆုံးေတာ့ ဆင္းလာၿပီပဲ " ႐ုတ္တရက္ဆန္စြာ ရွဲ႕ဝမ္း၏စကားသံက သူ႔နားရြက္ေဘးမွ ထြက္ေပၚလာသျဖင့္ ဝမ္းရွီ လန႔္သြားရသည္ ။

ထိုအခါမွသာ အဘိုးအို၏အိပ္ခန္းတံခါးေဘး၌ ကိုယ္လုံးေပၚမွန္တစ္ခ်ပ္ရွိေန‌ေသးမွန္း သူသတိရသြားခဲ့သည္ ။ ရွဲ႕ဝမ္းသည္ မွန္တစ္ခ်ပ္ႏွင့္တစ္ခ်ပ္အၾကား လြတ္လပ္စြာ ေရႊ႕ေျပာင္းသြားလာနိုင္၏ ။

"အဲ့အေပၚမွာ ေပ်ာ္စရာေကာင္းရဲ့လား ? " မွန္ထဲရွိ ေဝဝါးဝါးပုံရိပ္က အေပၚထပ္သို႔ တစ္ခ်က္လွမ္းၾကည့္လိုက္သည္ ။ "ငါက မင္း အဲ့ဒီလူအိုႀကီးရယ္ ကေလးေလးရယ္နဲ႔လက္ခ်င္းတြဲၿပီး ဆင္းလာေတာ့မယ္မွတ္ေနတာ "

"သြားလိုက္ေတာ့ " ဝမ္းရွီ ခြန္းတုံ႔ျပန္လိုက္၏ ။

အကယ္၍ အရင္တုန္းကသာဆိုလၽွင္ သူသည္ ရွင္းျပဖို႔ပင္ စိတ္ကူးရွိမည္မဟုတ္ေပ ။ သို႔ေသာ္ ရွဲ႕ဝမ္း၏ ေနာက္ေျပာင္ေနသည့္ေလသံက အင္မတန္သိသာထင္ရွားလွသည္ျဖစ္ရာ သူသည္ ေျခလွမ္းတစ္ဖက္ႂကြၿပီးသည့္တိုင္ ျဖည့္စြက္ေျပာလိုက္ဆဲ ။ "ငါက အေျခအေနကိုသိရေအာင္ နားေထာင္ေနတာ ။ မင္းတစ္ေယာက္တည္း ေလွာင္အိမ္ထဲဝင္ရရင္ မင္းလဲဒါမ်ိဳးလုပ္ရမွာပဲ "

မေမၽွာ္လင့္ထားစြာပင္ ရွဲ႕ဝမ္းက "ဪ"ဟု အသံျပဳလိုက္ကာ ေျပာလာသည္ ။ "အမွန္ပဲ...ငါက သိပ္ၿပီးနားမေထာင္တတ္ဘူး "

သူသည္ တုန႔္ခနဲရပ္တန႔္သြားၿပီးေနာက္ တိုးညႇင္းစြာ ေျပာလာ၏ ။ "ငါ့စြမ္းရည္အဆင့္နဲ႔ဆို အရင္က ေလွာင္အိမ္‌အမ်ားႀကီးထဲ ဝင္ဖူးတာေတာ့ မဟုတ္ဘူး ။ ဒါေပမဲ့ ၾကဳံေနလို႔တစ္ခုေတာ့ ေျပာျပမယ္ ။ မင္းအမ်ားႀကီး လိုက္နားေထာင္မိရင္ စိတ္ေပ်ာ့သြားတာတို႔ ညႇာမိသြားတာတို႔ မလႊဲမေသျဖစ္လာလိမ့္မယ္ ။ အဲ့ေတာ့ လ်စ္လ်ဴရႈထားတာ အေကာင္းဆုံးပဲ "

'အႀကီးအကဲက တပည့္ေလးကိုင္ျပေပး 'သလို ေလသံကို နားေထာင္ၾကည့္မ္းပါအုံး

ဝမ္းရွီသည္ သူ႔ကို မမွိတ္မသုန္ စိုက္ၾကည့္ေနလိုက္ၿပီးေနာက္ "ဪ"ဟုသာ ေျပာလိုက္သည္ ။

သူ၏စကားသံအေနအထားေၾကာင့္ ရွဲ႕ဝမ္းက စိတ္ရႊင္ျမဴးသြားေလ၏ ။ "ဘာျဖစ္လို႔လဲ ? "

ဝမ္းရွီ ; "မသိတဲ့သူေတြမ်ား ၾကားရင္ မင္းကို ခ်န္ပူေသာက္လို႔ ထင္ေနၾကအုံးမယ္ "

အ႐ုပ္ေလးမွာ ေအးစက္စက္မ်က္ႏွာေသျဖင့္ အိပ္ခန္းထဲသို႔ ဝင္သြားကာ လက္တစ္ခ်က္လႈပ္ရင္း အေနာက္ရွိတံခါးကိုပင္ ပိတ္လုနီးပါး ေစ့သြားေသးသည္ ။

မွန္ထဲရွိ အရပ္ရွည္ရွည္သြယ္လ်လ် ပုံရိပ္မွာ မွန္ေဘာင္ကို တစ္ခဏမၽွ မွီရပ္ေနၿပီးေနာက္ ခပ္တိုးတိုး ရယ္လိုက္ကာ အသံတိုးတိုးျဖင့္ "အရိုအေသမဲ့လိုက္တာ "

***

အဘိုးအို၏အိပ္ခန္းထဲတြင္ အိပ္ရာေဘးရွိ စားပြဲေပၚမွ မွန္တစ္ခ်ပ္ ေပ်ာက္ဆုံးေနသည္မွလြဲလၽွင္ မေန႔ညကအတိုင္း မေျပာင္းမလဲရွိေနဆဲ ။ အက်ိဳးအေၾကာင္းသင့္စြာ ဆိုရပါလၽွင္ သည္အေျပာင္းအလဲက ေလွာင္အိမ္ပိုင္ရွင္ကို သတိခ်ပ္ေစရမည္ျဖစ္ေသာ္လည္း ခုနက အဘိုးအို၏ပုံစံအရ ရန္လိုေနသည့္ပုံ လုံးလုံးမေပၚေပ ။

သူသည္ ဒုတိယထပ္ရွိ အပ်က္အစီး အရႈပ္အေထြးမ်ားေၾကာင့္ အာ႐ုံလြင့္ပ်ံ႕ေနသျဖင့္ ထိုမွန္ကို ေလာေလာဆယ္ သတိမထားမိပုံပင္ ။

စားပြဲခုံရွိအံဆြဲတြင္ ေသာ့ခေလာက္မွာ တန္းလန္းရွိေနဆဲျဖစ္ၿပီး ယမန္ေန႔ညက ဖြင့္ဖို႔ႀကိဳးစားခဲ့သည့္ အရိပ္အေယာင္မ်ားအားလုံး ေပ်ာက္ကြယ္သြားကာ ေလွာင္အိမ္ပိုင္ရွင္သည္ ဤေနရာအား ကာကြယ္လိုသည့္ဆႏၵျပင္းပ်ေၾကာင္းကို ညႊန္ျပေန၏ ။

ဝမ္းရွီသည္ ႀကိဳးတစ္ေခ်ာင္းကို ရွာေဖြလိုက္ကာ ေသာ့ေပါက္ထဲသို႔ ထိုးထည့္လိုက္သည္ ။

ခ်ည္မၽွင္ႀကိဳးမွာ အသက္ရွိေနသည့္အလား ေသာ့ေပါက္ထဲမွ ကလစ္ခနဲ အသံတိုးတိုးထြက္ေပၚလာခဲ့သည္ ။

ဝမ္းရွီသည္ အသက္ေအာင့္မိကာ စကၠန႔္ပိုင္းမၽွ ေစာင့္ဆိုင္းေနလိုက္သည္ ။ ႐ုတ္တရက္ သူ႔မ်က္လုံးေထာင့္ရွိ ျပတင္းေပါက္ေဘာင္တြင္ တြယ္ကပ္ေခ်ာင္းေျမာင္းေနေသာ တစ္စုံတစ္ခုက သူရွိေနသည့္ေနရာသို႔ စိုက္ၾကည့္ေနသေယာင္ ခံစားလိုက္ရသည္ ။

သူ ဦးေခါင္းေမာ့ၾကည့္လိုက္ေသာ္ ျပတင္းေပါက္မွာ လုံးဝ ေျပာင္ရွင္းေနၿပီး မည္သို႔ေသာအရာမ်ိဳးမွ ရွိမေနခဲ့ ။

ဝမ္းရွီ ေနာက္တစ္ႀကိမ္ မ်က္လႊာခ်လိုက္၏ ။

အ႐ုပ္၏မ်က္ေတာင္ေမႊးမ်ားက လူမဆန္စြာ ရွည္လ်ားလွၿပီး သူ႔ျမင္ကြင္းတစ္စိတ္တစ္ပိုင္းကို ကာဆီးထားသည္မွာ မ်က္ေတာင္တစ္ခ်က္ခတ္႐ုံမၽွျဖင့္ အရိပ္တစ္ခု လွစ္ခနဲ ျဖတ္‌ေျပးသြားသည့္ႏွယ္ ။

ေသာ့ခေလာက္ပြင့္သြားသည္ႏွင့္ ေစာင့္ၾကည့္ခံေနရသည့္ ခံစားခ်က္မွာ တစ္ဖန္ျပန္လည္ေရာက္ရွိလာသည္ ။

ဝမ္းရွီ ထပ္ၿပီး ေမာ့ၾကည့္လိုက္သည့္တိုင္ ျပတင္းေပါက္မွာ ဗလာက်င္းေနဆဲျဖစ္ၿပီး ေႏြဥတုအေစာပိုင္းကာလ စိုထိုင္းထိုင္းေလျပင္းမ်ားအၾကား ကန႔္လန႔္ကာမ်ားကသာ တလူလူယိမ္းႏြဲ႕ေနလ်က္ ။

ေသာ့ကိုဖြင့္ေနသည့္အခ်ိန္ အဟန႔္အတားမ်ားႏွင့္ ၾကဳံေတြ႕ရမည္မွာ မလြဲဧကန္ျဖစ္ၿပီး သူ႔အတြက္ ပထမဆုံးအႀကိမ္လည္း မဟုတ္ေပ ။

ဝမ္းရွီသည္ ျပတင္းေပါက္ကို အာ႐ုံစိုက္မေနေတာ့ဘဲ တစ္ခ်က္တည္းျဖင့္ ေသာ့ကိုဆြဲဖြင့္လိုက္ကာ အံဆြဲကို ျမန္နိုင္သမၽွအျမန္ဆုံးဆြဲဖြင့္လိုက္ၿပီး အထဲမွ ခပ္ထူထူ စာအိတ္တစ္ခုကို ဆြဲထုတ္လိုက္ေတာ့သည္ ။

ထို႔ေနာက္တြင္ေတာ့ သူဖ်တ္ခနဲ လွည့္ထြက္လာ၏ ။

အ႐ုပ္၏ကိုယ္လုံးမွာ ဝါဂြမ္းစမ်ားျဖင့္သာ ျပည့္ေနသျဖင့္ ထိုစာအိတ္ကို ကိုင္ထား႐ုံျဖင့္ သူ႔အေပၚတစ္ပိုင္းလုံး ေလးလံငိုက္က်ေနၿပီး ၎ကိုသယ္ရင္းေျပးလႊားရန္ အင္မတန္ခဲယဥ္းေနေစသည္ ။

ဝမ္းရွီသည္ တံခါးဆီသို႔ ေျပးသြားလိုက္ၿပီး တံခါးဖြင့္ခါနီးမွ ႐ုတ္တရက္ အေပၚသို႔ ေမာ့ၾကည့္လိုက္မိသည္ ။

ေရွးက်ေသာ သတၱဳတံခါးလက္ကိုင္တြင္ ဝမ္းရွီ၏အ႐ုပ္မ်က္ႏွာက အရိပ္ထင္ဟပ္ေန၏ ။ သူ႔အေနာက္တြင္မူ ဆံပင္ရွည္မ်ားျဖင့္ ဦးေခါင္းတစ္ခုက လည္ပင္းမွ ရွည္တန္းဆန႔္ထြက္ေနကာ ႏႈတ္ခမ္းမ်ားက ထူးဆန္းသည့္သ႑ာန္အေနအထားျဖင့္ ေကြးညႊတ္ေနလ်က္ ။

ဝမ္းရွီ : "....."

လာရာရွိတာကေတာ့ အျမဲလာမွာပဲ

႐ုတ္ခ်ည္းပင္ သူသည္ တံခါးဖြင့္မည့္အႀကံကို လက္ေလၽွာ့လိုက္ကာ ကိုယ္ကိုေစာင္းလ်က္ လက္ထဲရွိစာတမ္းအိတ္ကို ကိုင္ၿပီး တံခါးအဟၾကားမွ ေလၽွာထြက္လာခဲ့သည္ ။

သူ ေဘးတစ္ေစာင္းလွည့္လိုက္သည္ႏွင့္တစ္ၿပိဳင္နက္ သူ႔အေနာက္ရွိအရာမ်ား၏ ပုံပန္းသြင္ျပင္မ်ားကို ျမင္လိုက္ရေလသည္ ။

လည္ပင္းရွည္ႀကီးကို ဆန႔္ထုတ္ကာ သူ႔ထံဦးတည္လ်က္ရွိေသာ ျဖဴစုတ္စုတ္မ်က္ႏွာႏွင့္ ဦးေခါင္းမ်ားအျပင္ ၾကမ္းျပင္ထက္၌ ေျခေထာက္ေပါင္းရာခ်ီရွိသည့္ ပင့္ကူတစ္ေကာင္ လွဲေလ်ာင္းေနသည့္အလား ရႈပ္ပြျပန႔္က်ဲေနေသာ ေျခလက္မ်ားလည္း ရွိေန၏ ။

ေတြေဝတုန႔္ဆိုင္းမႈမရွိဘဲ ဝမ္းရွီသည္ ေျခေထာက္ကိုေျမႇာက္ကာ တံခါးကို ပိတ္ကန္ပစ္လိုက္ေတာ့သည္ ။

အိမ္ခန္းတံခါးမွာ သူ႔ကန္ခ်က္ျပင္းအားေၾကာင့္ အႏွီမ်က္ႏွာမ်ားကို ဘန္းခနဲ ရိုက္မိသြားကာ သူ႔အေနာက္မွ လိုက္ေနသည့္ "လူမ်ား"ကို ရပ္တန႔္သြားေစ၏ ။

ထိုမ်က္ႏွာမ်ားမွာ မည္သည့္အသားျဖင့္ ျပဳလုပ္ထားသည္လဲ မသိရေသာ္ျငား တံခါးမွာ ႏွစ္ႀကိမ္ပင္ ျပန္ကန္ထြက္လာသည္ ။

ဝမ္းရွီသည္ အေပၚထပ္သို႔ အေျပးအလႊားတက္လာခဲ့သည္ ။ သူေလွကားမွ တက္လာရင္း အေနာက္ဘက္မွ တစ္စုံတစ္ခု က်ကြဲသြားသည့္အသံကို ၾကားလိုက္ရသည္ ။ အသံအရ ရွဲ႕ဝမ္းသည္ ကိုယ္လုံးေပၚမွန္ကို ေမွာက္ခ်ကာ သူ႔အတြက္ ဟန႔္တားေပးခဲ့ေၾကာင္း သိလိုက္၏ ။

အျမဲလိုလို တစျပင္အလား တိတ္ဆိတ္ေနေသာ အိမ္မွာ တစ္ခဏခ်င္း ဆူညံသက္ဝင္လာၿပီး ေနရာတိုင္းရွိ မွန္ျပတင္းေပါက္မ်ားထံမွ တဘန္းဘန္းထုရိုက္ေနသံမ်ား ထြက္ေပၚလာကာ ျပတင္းမွန္မ်ားကို တုန္ခါလႈပ္ယမ္းေနေစေတာ့သည္ ။

ဝမ္းရွီသည္ သူ႔မ်က္လုံးေထာင့္စြန္းမွတစ္ဆင့္ လွမ္းၾကည့္လိုက္ရာ ျပတင္းေပါက္မ်ားတြင္ မွန္တံခါးကို တဘန္းဘန္းရိုက္ေနေသာ မ်က္ႏွာမ်ားႏွင့္ ျပည့္ေနသည္ကို ျမင္လိုက္ရ၏ ။

ေလွကားေဘးရွိ ျပတင္းမွန္ စတင္အက္ကြဲစျပဳလာသည္ကို ျမင္ေသာ္ ဝမ္းရွီသည္ သူ႔လက္ေကာက္ဝတ္ကို လႈပ္ကာ ႀကိဳးကို ပစ္လႊတ္လိုက္သည္ ။ မ်က္ႏွာတစ္ခုက ျပတင္းေပါက္ကို ထိုးေဖာက္ဝင္ေရာက္လာသည္ႏွင့္ ထိုႀကိဳးမွာ ၎၏လည္ပင္းတစ္ဝိုက္ ႀကိဳးကြင္းအလား ရစ္ပတ္သြားေတာ့သည္ ။

"ဝမ္းေကာ ! " ရွေခ်ာင္က စတိုခန္းတံခါးကို ဖြင့္ေပးရင္း လွမ္းေအာ္လာခဲ့သည္ ။

ဝမ္းရွီသည္ စာအိတ္ကို အေနာက္သို႔ ေလၽွာပစ္ေပးလိုက္ၿပီး ထိုမ်က္ႏွာကို ခါယမ္းလိုက္ကာ ျပတင္းေပါက္အျပင္ဘက္သို႔ ပစ္ထုတ္လိုက္ေလ၏ ။

မ်က္ႏွာ : "....."

ထိုအရာမွာ ေျမႀကီးေပၚသို႔ ဖုတ္ခနဲ ျပဳတ္က်သြားခဲ့သည္ ။ ဝမ္းရွီသည္ တစ္ခ်က္ပင္ လွည့္မၾကည့္ခဲ့ဘဲ စတိုခန္းထဲသို႔ ေျပးဝင္ကာ တံခါးကို ေဆာင့္ပိတ္ၿပီး ေသာ့ခတ္လိုက္ေတာ့သည္ ။

သူသည္ သူ႔ကိုယ္လုံးထက္မွ အပ္ခ်ည္ႀကိဳးႏွစ္ေခ်ာင္းကို ဆြဲျဖဳတ္လိုက္ကာ ရွေခ်ာင္စကတ္မွ အပ္ခ်ည္မၽွင္အစြန္းကိုပါ လွမ္းဆြဲလာသည္ ။ ထိုသို႔ျပဳမူေနရင္း သူသည္ ဆဲေရးေန၏ ။ "ဒီေသာက္လက္ေတြက လက္ေခ်ာင္းေတာင္မပါဘူး ။ ငါျဖတ္ပစ္လိုက္တာမွ ေကာင္းအုံးမယ္ ! "

တစ္ခ်ိန္တည္းမွာပင္ သူသည္ လက္ေကာက္ဝတ္ကို ေကြးလိုက္ကာ တံခါးလက္ကိုင္တစ္ေလၽွာက္ ႀကိဳးျဖင့္ ရစ္ပတ္လိုက္သည္ ။

ဝမ္းရွီအတြက္ အ႐ုပ္လက္မ်ားမွာ အသုံးမက်သည့္တိုင္ ရွေခ်ာင္မ်က္လုံးထဲတြင္မူ ထိုလက္မ်ားမွာ အံ့ဩသင့္စရာေကာင္းေလာက္ေအာင္ ဖ်တ္လတ္ေနေသးဆဲ ။

.....ည္းည္းယ္ရေနတာေလးစ္ခုပဲ

ဝမ္းရွီသည္ ႀကိဳးကို မည္သို႔ေသာ စြမ္းအင္အစီအရင္ျဖင့္ ခ်ည္ေႏွာင္လိုက္သည္လဲ မသိရေခ် ။ မည္သို႔ပင္ျဖစ္ေစ တံခါးမွာ အခ်ိန္အေတာ္ၾကာ ထုရိုက္ခံေနရသည့္တိုင္ ပြင့္မလာခဲ့ ။

သူ၏တစ္ခုတည္းေသာေနာင္တမွာ ရွေခ်ာင္စကတ္မွ အပ္ခ်ည္ႀကိဳးစကို ျဖတ္ေတာက္ရန္ ေမ့ေလ်ာ့သြားျခင္းပင္ ။ ရလဒ္အေနျဖင့္ ႀကိဳးခ်ည္ေႏွာင္ၿပီး၍ ဝမ္းရွီက တစ္ဖက္ႀကိဳးစကို ဆြဲလိုက္ေသာအခါ ရွေခ်ာင္သည္ တံခါးလက္ကိုင္၌ တြဲေလာင္းေဇာက္ထိုးခ်ိတ္သြားကာ ေျခေထာက္မ်ားမွာမူ ေလထဲ ေဝ့ယမ္းေနေတာ့သည္ ။

"ေကာ...." ရွေခ်ာင္၏ဦးေခါင္းမွာ ေအာက္သို႔ ထိုးစိုက္က်ေနလ်က္ သူသည္ မတရားဆက္ဆံခံလိုက္ရသေယာင္ ခံစားလိုက္ရသည္ ။

"ေဆာရီး " ဝမ္းရွီက ေတာင့္တင္းေနေသာ မ်က္ႏွာထားျဖင့္ ေျပာလာ၏ ။

ရွဲ႕ဝမ္းက မွန္ထဲတြင္ အေတာ္ၾကာၾကာ ရယ္ေမာေနေတာ့သည္ ။

"တံခါးအျပင္ဘက္က ဘာႀကီးေတြလဲ ? " ရွေခ်ာင္သည္ ၾကမ္းျပင္ေပၚသို႔ ဖုတ္ခနဲျပဳတ္က်လာကာ သူ႔စကတ္မွ ဖုန္မ်ားကို ဖုတ္ဖတ္ခါေန၏ ။ ထိုအေၾကာင္း ေတြး႐ုံႏွင့္ပင္ သူ႔ကို အင္မတန္ေျခာက္ျခားလာေစဆဲ ။

ဝမ္းရွီသည္ ေတြးေတာလိုက္ၿပီးေနာက္ "ဟိုေကာင္ေလး ျဖဲလိုက္တဲ့အ႐ုပ္ေတြ "

"ဟင္ ? ဒါေပမဲ့ အဲ့ေခါင္းေတြမွာ ေသြးေတြထြက္ေနတာကို ကၽြန္ေတာ္ ျမင္လိုက္တာ ၊ အ႐ုပ္နဲ႔ မတူဘူးလားလို႔ ? သူတို႔တကယ္ႀကီး အသက္ရွင္လာတာျဖစ္နိုင္တာလား ? "

"အစကတည္းက ေလွာင္အိမ္ထဲကအရာေတြက ေလွာင္အိမ္ပိုင္ရွင္ရဲ့အသိစိတ္နဲ႔ ဆက္စပ္ေနတာ " ဝမ္းရွီသည္ စာတမ္းဖိုင္အိတ္မွႀကိဳးကို ျဖည္ရင္းေျပာလာသည္ ။ "ပုံမွန္အေတြးအေခၚအတိုင္း ရွင္းျပလို႔မရဘူး "

အျပင္ဘက္ရွိ အရာမ်ားမွာ မေမာနိုင္မပန္းနိုင္ တံခါးကို တဒုန္းဒုန္း ထုေနဆဲ ။ တံခါးေဘာင္၏ လႈပ္ခါယမ္းေနသည့္အသံမ်ားက ေၾကာက္မက္ဖြယ္ပင္ ။

ဝမ္းရွီသည္ နံရံတစ္ေလၽွာက္ လိုက္စမ္းၾကည့္ၿပီးေနာက္ စတိုခန္းမီးခလုတ္ကို ရွာေတြ႕သြားေလ၏ ။

အခ်ိန္ကာလမ်ားစြာ အသုံးမျပဳခဲ့ေသာ ေရွးက်သည့္ မီးလုံးက အလင္းေရာင္ေပးလာသည္ ။ ခ်ိတ္ဆက္မႈမွာ အနည္းငယ္ျပတ္ေတာက္ေနခဲ့ၿပီး မီးလုံးမွာ တဖ်တ္ဖ်တ္ မွိတ္တုတ္မွိတ္တုတ္ျဖစ္ေနခဲ့သည္ ။

ထိုမွိန္ေဖ်ာ့ေသာ မီးအလင္းေရာင္ေအာက္တြင္ ဝမ္းရွီသည္ စာအိတ္ထဲရွိပစၥည္းကို ထုတ္ယူလိုက္သည္ ။

၎မွာ စာရြက္ေတာ္ေတာ္မ်ားမ်ား ျပဳတ္ေနကာ အထဲတြင္ ဓာတ္ပုံမ်ားထည့္ကပ္ထားေသာ ခပ္ထူထူသားေရ မွတ္စုစာအုပ္တစ္အုပ္ျဖစ္၏ ။ ေန႔စဥ္မွတ္တမ္းႏွင့္ မွတ္စုစာအုပ္အျဖစ္ အသုံးျပဳခဲ့ျခင္း ျဖစ္ဖို႔မ်ားသည္ ။

သို႔ရာတြင္ ဓာတ္ပုံမ်ားအားလုံးက ဝိုးတဝါးျဖစ္ေနၿပီး မ်က္ႏွာမ်ားကို ရွင္းရွင္းလင္းလင္း ေသခ်ာမျမင္ရေပ ။ မွတ္စုထဲရွိ လက္ေရးမ်ားမွာလည္း ေရထဲက်ထားသည့္အလား မင္မ်ားျပန႔္ကာ ေဝဝါးေနလ်က္ ။

"ဒါက ဘာလို႔ ဒီလိုျဖစ္ေနရတာလဲ ? " ရွေခ်ာင္က ေၾကာင္အမ္းေနေတာ့သည္ ။

"ဒါလဲ ေလွာင္အိမ္ပိုင္ရွင္ရဲ့ အကာအကြယ္တစ္မ်ိဳးပဲ " ရွဲ႕ဝမ္းက ေဘးဘက္ရွိမွန္ထဲတြင္ မတ္တပ္ရပ္ေနလ်က္ ေျပာလာခဲ့သည္ ။

"ဖတ္လို႔ေရာရေသးရဲ့လား ? "

"နည္းနည္းေတာ့ ဖတ္လို႔ရတယ္ " ဤသို႔ေသာအေျခအေနမ်ိဳးကို ၾကဳံေတြ႕ရသည္မွာ ဝမ္းရွီအတြက္ ပထမဆုံးမဟုတ္ေပ ။

သူသည္ စာအုပ္မွ ပထမဆုံးစာရြက္အပိုင္းအစကို ယူကာ မ်က္လုံးမ်ားကို ေမွးက်ဥ္းလ်က္ စာရြက္ေပၚတြင္ ေရးထားသည္မ်ားကို ဖတ္ရႈလိုက္ေတာ့သည္--

"၂၀၀.....ဘယ္ႏွစ္လဲ မသိမွာ ကေလးတစ္ေယာက္ကို သုံးႏွစ္ေလာက္ ပ်ိဳးေထာင္ခဲ့တယ္တဲ့.....အဲ့ေနာက္ပိုင္းက ေသခ်ာမျမင္ရဘူး ။ ေရာဂါနဲ႔ ေသသြားတာ ျဖစ္ေလာက္တယ္ "

"ဒီႏွစ္ရဲ့ ေႏြရာသီအဆုံးေရာက္ေတာ့ ငါ....ကမၻာဦးပင္လမ္းၾကားရဲ့ အျပင္ဘက္မွာ အဲ့ဟာေလးကို ေကာက္ရခဲ့တယ္ "

ငါအဲ့ဟာေလးလို႔ခၚတဲ့အေၾကာင္းင္းက သူက သာမန္ကေလးစ္ေယာက္ဟုတ္လို႔ပဲသူတ္ထားတဲ့အဝတ္စားေတြယ္ကရလာယ္ဆိုတာယ္သူသိမွာလဲ ။ အဝတ္ေတြက သူေတာင္းစားလိုပဲစုတ္စ္တ္ေခဲ့တာသူ႔ရင္တ္မွာမြးရာပါမွတ္လိုမွတ္အသားတစ္ခုရွိေနတယ္

ဒါကိုျင္လိုက္တာနဲ႔ အိုေတဲ့က္မႈပညာည္ခ်ိဳ႕က အဲ့မွတ္အသားရဲ့ဓိပၸာယ္ကို သိၾကမွာပဲ

အရင္တုန္းက ဆိုရိုးစကားစ္ခုရွိခဲ့ဖူးယ္ဒါေပမဲ့ အခုေတာ့ အဲ့ဆိုရိုးကို ရွာလို႔ေတြ႕မွာဟုတ္ေလာက္ေတာ့ဘူး --သစ္သားေကာင္ေလးကို အဆုံးတ္မွတ္အသားတစ္ခုပဳလုပ္ေပးလိုက္တာနဲ႔ ႐ုပ္ေသးစ္႐ုပ္မြးဖြားလာယ္

ဒီဟာေလးက ႐ုပ္ေသး႐ုပ္ေလးစ္႐ုပ္ပဲ

***

Continue Reading

You'll Also Like

292K 40.2K 200
Book-7 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
669K 79K 200
Book-1 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
6.3K 760 22
ခပ်ကြောင်ကြောင် gong (ယန်ကျင်းဇီ) နဲ့ shou (ဆုမော့ရှိုး) တို့ဟာ အမြဲမြင်မြင်ချင်းချစ်မိကြသတဲ့။ သူတို့ကအတူတကွဝိညာဥ်ကူးပြောင်းကြပြီး တစ်ယောက်ကိုတစ်ယောက...
227K 36.8K 83
Original Author - 童柯 Original Publisher - jjwxc Chapter - 118 chapters (109 chapters + 9 extra) Genre - Yaoi Drama Mystery Romance This story is not...