မျိုးကွဲများနှင့်ယှဥ်တွဲနေထို...

By phyolay1991

90.6K 14.8K 169

💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသေ... More

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
chapter 117
chapter 118
chapter 119
chapter 120
chapter 121
chapter 122
chapter 123
chapter 124
chapter 125
chapter 126
chapter 127
chapter 128
chapter 129
chapter 130
chapter 131
chapter 132
chapter 133
chapter 134
chapter 135
chapter 136
chapter 137
chapter 138
chapter 139
chapter 140
chapter 141
chapter 142
chapter 143
chapter 144
chapter 145
chapter 146
chapter 147
chapter 148
chapter 149
chapter 150
chapter 151

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း

653 107 0
By phyolay1991

Chapter 43

လီမာမျောက်

စီမံခန့်ခွဲရေးဗျူရို၌ ပထမဆုံးအလုပ်တက်ရသည့်နေ့တွင် ဖူလီက ကုမ္ပဏီရှိ သတင်းအချက်အလက်များနှင့် အကျွမ်းတဝင်ဖြစ်အောင် မှတ်သားနေရသည်မှလွဲ၍ ဘာမှမလုပ်ရပေ။ နောက်တစ်နေ့တွင်လည်း ဖူလီက ကျယ်ဝန်းလှသည့်အလုပ်ခွင်ထဲတွင် အားလုံးနှင့်အတူနေပြီး လူသားလောကမှ သရဲပုံပြင်များကို နားထောင်လျက်ဖြင့်သာ အချိန်ကုန်ဆုံးခဲ့ရသည်။ လူသားကျင့်ကြံသူနှင့် ယောင်ကျင့်ကြံသူများက လူသားများ ရေးသားထားသည့်  တစ္ဆေသရဲပုံပြင်များကို အဘယ့်ကြောင့် နှစ်သက်ကြကြောင်း သူ နားမလည်နိုင်ပေ။

တတိ‌ယမြောက်နေ့တွင်မူ စီနီယာဝန်ထမ်းတစ်ယောက်က လူသစ်ခြောက်ယောက်ကို စည်းမျဉ်းစည်းကမ်းများ အတိုချုပ်ပြောပြပြီး ရုံးတွင်းလိုအပ်သည့် ကိရိယာတန်ဆာပလာ အပုံလိုက်ပြီးပေးခဲ့သည်။ ဖူလီ့ရုံးခန်း၏ ဘယ်ဘက်တွင် ဝေ့စန်းရှိပြီး ညာဘက်တွင်မူ စုန့်ယွီရှိသည်။ ချန်လုံ‌ဇီဝနည်းပညာကုမ္ပဏီက အကျင့်စရိုက်အမျိုးမျိုးနှင့် ကျင့်ကြံသူပေါင်းများစွာရှိသောနေရာဖြစ်၍ ရုံးခန်းပေါင်းများစွာလည်းရှိသည်။ သို့ဖြစ်၍ လူတစ်ယောက်က ရုံးခန်းတစ်ခန်းစီ ရရှိကြသည်။ အဆောက်အဦး၏ တစ်ထပ်ချင်းစီတွင် အစည်းအဝေးခန်းမနှင့် အများပိုင်အလုပ်နေရာတစ်ခုစီလည်းရှိသည်။ စည်ကားသက်ဝင်သည့် လေထုအခြေအနေကို နှစ်သက်ကြသည့် ကျင့်ကြံသူများမှာမူ အများပိုင်အလုပ်နေရာ တစ်ခုစီရှိသည်။

အကယ်၍ လူသားတစ်ယောက်ယောက် ဝင်လာခဲ့ပါက ဤနေရာကို သာမန်ဇီဝနည်းပညာကုမ္ပဏီဟုသာ ထင်ကြပေမည်။ ဗျူရိုမှအလုပ်များလုပ်ကိုင်ရသည့် ဝန်ထမ်းများကသာ ဤဧရိယာကို ရှင်းလင်းစွာမြင်ကြသည်။

မရေမတွက်နိုင်သည့် အ‌ထပ်ပေါင်းမြောက်များစွာရှိသော ဤအဆောက်အဦးကြီးတွင် ခေတ်မီလှပသော ကြောင်လိမ်လှေကားများရှိကာ နံရံပေါ်တွင်လည်း ရှေးဟောင်းပန်းချီကားချပ်များစွာရှိပြီး နံရံထောင့်များတွင်လည်း သာမန်ဘွန်ဆိုင်းပင်နှင့်တူသော အပင်များ လှပစွာရှိနေသောကြောင့် ဗျူရို၏ ပြိုင်ဘက်ကင်းမှုကို သက်သေပြသနေသကဲ့သို့ဖြစ်သည်။

သ‌ဘာဝလွန်ရုပ်ရှင်ကားထဲမှ ဇာတ်ဝင်ခန်းများကို စီမံခန့်ခွဲရေးဗျူရို၏ အသွင်အစစ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ပေါပေါပဲပဲဖြစ်သွားနိုင်ပေသည်။

ဖူလီက ကြက်ပေါင်များယူ၍ ဦးလေးခုနစ်ထံ အလည်သွားချိန်တွင် သူ့လက်ထဲမှ အထည်စက အရုပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ သူ၏ မည်းမည်းပုပု ခြေလက်ဖဝါးများက သွက်လက်စွာလှုပ်ရှားနေသည်။ ဝှစ်ခနဲဖြင့် အရုပ်၏မျက်လုံးများကို တပ်သွားလေသည်။

ဖူလီရောက်လာသည်ကို မြင်သောအခါ ပျော်ရွှင်စွာဖြင့် အရုပ်ကလေးကို ဘေးနားချထားလိုက်ပြီး သူ၏အနက်ရောင်အမြီးကို လှုပ်ရမ်း၍ ပြေးလာသည်။

" ဖူလေး မင်းနောက်ဆုံးတော့ ငါ့ကို လာတွေ့ပြီပေါ့..."

တံခါးပေါ်မှ အစီအရင်က ဖျတ်ခနဲအရောင်လက်သွားပြီး ဖူလီ့လက်ထဲမှ ပစ္စည်းများက ဦးလေးခုနစ်၏ရှေ့တွင် ရောက်သွားသည်။

သူ ရှေ့ခြေနှစ်‌ဖက်ကိုမှီ၍ ထိုင်ချလိုက်ပြီး ပါးစပ်ဟကာ အရိုးကို အားပါးတရ‌ကိုက်လိုက်သည်။ ထို့နောက် ခေါင်းမော့ကာ ဖူလီ့ကိုပြောလိုက်သည်။

" ငါ မင်းကို မြို့ကိုဖိတ်ခဲ့မိတာ အလဟဿ မဖြစ်ဘူးပဲ... ဒီလတွေအတွင်း ငါဒီမှာ အချုပ်ခံထားရတုန်း ငါ့ကိုလာတွေ့တာ မင်းတစ်ယောက်ပဲရှိတယ်..."

" လူသားတွေအတွက် ပုံပန်းသွင်ပြင်က အရမ်းအရေးကြီးတယ်... ဦးလေးက မြေခွေးမိစ္ဆာတစ်ကောင်ကို မှတ်ပုံတင်အတု လုပ်ပေးလိုက်တော့ သူက အင်တာနက်ပေါ်ကနေ လူတွေကိုလိမ်ပြီ သူ့ဆိုင်က မက်စ်အတုတွေ ရောင်းတယ်လေ... နောက်ဆုံး အဲ့လူတွေရဲ့မျက်နှာ ပျက်စီးကုန်တယ် ဒါက မကောင်းမှူကျူးလွန်တဲ့သူကို အားပေးအားမြှောက်လုပ်တာလို့ခေါ်တယ်..."

ဖူလီက တံခါးဘောင်အနားတွင်မှီပြီး အရံအတားထံမှ ဦးလေးစွင်းကို စကားလှမ်းပြောနေသည်။

" ထောင်ကလွတ်ရင် လူတွေကို လိုက်မလိမ်နဲ့တော့..."

" လူတွေကိုမလိမ်ရင် ငါ ဘယ်လို စားသောက်နေထိုင်ရမှာလဲ..."

ဦးလေးခုနစ်က အရိုးကို တကျွတ်ကျွတ်မည်အောင် ကိုက်ဝါးနေပြီး သူ၏ မျက်နှာထားကလည်း အနည်းငယ်တင်းမာနေသည်။

" လူသားတွေက ငါ့ရဲ့ကြင်နာမှုနဲ့ ထိုက်တန်လို့လား..."

" အလိမ်ခံရတာ သူတို့တုံးလို့လေ... သူတို့အရမ်းတုံးနေတာကိုပဲ အပြစ်တင်ရမှာ..."

ဦးလေးခုနစ်က ထိုစကားများ ပြောပြီးသည်နှင့် မလှမ်းမကမ်းကိုထွက်သွားပြီး ဖူလီ့ကိုကျောပေး၍ ကြက်ပေါင်ကို ဆက်ကိုက်နေသည်။ မျက်နှာပေါ်ပေသွားသည့် ဟင်းအနှစ်များကို လက်ဖဝါးဖြင့် သုတ်ပစ်ရန်လည်း မမေ့ပေ။

ဖူလီ ထောင်ဘက်မှ ထွက်လာသည့်အခါ ထမင်းစားဆောင်သို့သွားနေသည့် ကျွမ်းချင်နှင့် ချူးယွီကို လမ်းတွင်တွေ့လိုက်သည်။ ချူးယွီက သူတို့နှင့်အတူတူသွားရန် အမြန်ခေါ်လိုက်သည်။

" ဖူကော ထောင်ကို ဘာသွားလုပ်တာလဲ....အဲ့ဘက်မှာ ဝိညာဉ်ချီဓာတ်မရှိဘူး လေက ညစ်ပတ်နေတာပဲ..."

ချူးယွီက စပ်စုစွာဖြင့် မေးလိုက်သည်။

" ငါနဲ့ တစ်ရွာတည်းသားချင်းလူတစ်ယောက်ကို သွားတွေ့တာပါ..."

" အိုး ဟို လယ်ခွေးလား... ထောင်ကျနေတဲ့ခွေးက အစ်ကိုတို့ တောင်ပေါ်ကမှန်း မသိလိုက်ဘူး..."

" သူက ရောင်ပြန်မြူတောင်က မဟုတ်ဘူး..."

ဖူလီ ခေါင်းခါပြီး ရှင်းပြလိုက်သည်။

" ရောင်ပြန်မြူတောင်ပေါ်က ယောင်ကျင့်ကြံသူတွေက လူတွေကြိ မလှည့်စားတတ်ဘူး တခြားလူတွေကို ဒုက္ခပေးမယ့်ကိစ္စလည် မလုပ်တတ်ကြဘူး... ဦးလေးခုနစ်က ငါ အိပ်ရာက နိုးလာတဲ့အချိန် တွေ့ခဲ့တဲ့ ယောင်ကျင့်ကြံသူပဲ..."

တစ်ယောက်နဲ့တစ်ယောက် မလှည့်စားတတ်တဲ့မိစ္ဆာက ဘယ်မှာများရှိလို့လဲ...

ချူးယွီက ဖူလီ့ကိုတစ်ချက်ကြည့်လိုက်သည်။

စီနီယာဖူလီက သူတို့တွေ ဘာလုပ်နေတယ် ဘယ်လိုလိမ်နေတယ်ဆိုတာကို တကယ်မသိတာပဲ...

နေ့လယ်စာစားပြီးသောအခါ ကြင်နာတတ်သော မိစ္ဆာတစ်ကောင်ထံမှ သတင်းပေးပို့ချက်ကို စီမံခန့်ခွဲရေးဗျူရိုက လက်ခံရရှိခဲ့သည်။ အကြောင်းကြားစာထဲတွင် ပါသည်မှာ မြေခွေးမိစ္ဆာတစ်ကောင်က လူအသွင်ပြောင်းလဲပြီး လူသားများ၏ငွေကို လိမ်ယူနေသည်ဟူသောသတင်းဖြစ်သည်။ ငွေပမာဏက ယွမ်နှစ်သန်းကျော်သည်အထိ များလှသည်။

" ဘာလို့ အဲဒီမြေခွေးမိစ္ဆာပဲ ဖြစ်နေပြန်တာလဲ..."

ချူးယွီက ဖုန်းချလိုက်ပြီးနောက် မျက်ခုံးများ တွန့်ချိုးလိုက်သည်။

" မြေခွေးမျိုးနွယ်စုက ဒီနှစ်ထဲ တော်တော်ပြဿနာရှာနေတာပဲ... မက်စ်အတုရောင်းတဲ့တစ်ယောက်ကတောင် ထောင်ထဲက မလွတ်သေးဘူး နောက်တစ်ယောက်က ဥပဒေချိုးဖောက်ဖို့ မစောင့်နိုင်တော့ဘူး..."

" ကျန်းခယ့်ရေ ဒီတစ်ခါ ဖူကောနဲ့ ချင်ရှုကို ခေါ်သွားလိုက် သူတို့တွေလည်း အလုပ်ခွင်နဲ့ ရင်းနှီးသွားတော့ ကောင်းတာပေါ့..."

တာအိုပညာရှင်က မိစ္ဆာကို ဖမ်းဆီးရန် တာဝန်ယူရပြီး ဖူလီက ရိုက်နှက်စစ်ဆေးရမည်ဖြစ်သည်။

ညဘက်ရောက်သောအခါ  လူသားတစ်ယောက်ကို ဆွဲလားရမ်းလားလုပ်နေသည့် ‌ယောင်ကျင့်ကြံသူတစ်ယောက်ကို ဖူလီစောင့်ကြည့်နေသည်။ သူ ကျန်းခယ့်ဘက်ကိုလှည့်လိုက်သည်။

" အဲဒါမြေခွေးမိစ္ဆာလား..."

အခုခေတ်ယောင်ကျင့်ကြံသူတွေကို ရုပ်ရှင်ဇာတ်လမ်းတွေက လွှမ်းမိုးထားတာများလား...

ယောင်ကျင့်ကြံသူတစ်ယောက်က လူသားတစ်ယောက်ကို မြှူဆွယ်နေသည်ကိုတွေ့၍ သူတို့က မြေခွေးမိစ္ဆာဟု ထင်လိုက်ကြခြင်းဖြစ်သည်။

သို့ရာတွင် ဤက လီမာမျောက်ဖြစ်နေသည်။  ဇီဝဗေဒနည်းအရဆိုလျှင် လီမာမျောက်များက မျောက်မျိုးနွယ်ဝင်ဖြစ်သောကြောင့် မြေခွေးမိစ္ဆာများနှင့် မသက်ဆိုင်ကြပေ။

........

ဟိုဝေ့က သူမကိုလာမှီနေသည့် ယောက်ျားကို ကားထဲ တွန်းလွှတ်လိုက်သည်။ ကားတံခါးကိုပိတ်သွားချိန်တွင် သူမက အထဲမှလူကို fly kissပေးလိုက်သည်။ သူမမျက်နှာက ပြုံးချိုပြီး လှပလွန်းပေသည်။ ကားထွက်သွားသည့်အခါမှသာ အိတ်ထဲမှ မှန်ကိုထုတ်ပြီး သူမပုံကိုကြည့်ကာ ဆဲရေးလိုက်သည်။

" ဖာ့ခ် မိန်းမလုပ်စာထိုင်စားနေရတဲ့ကောင်ကများ ငါနဲ့ဖောက်ပြန်ချင်ရတယ်လို့ လောင်နျန်းမိတ်ကပ်ကို အလကားဖြုန်းတီးလိုက်မိသလိုပဲ..."

ထိုလူကြောင့် ပျက်သွားသော နှုတ်ခမ်းနီကို ပြန်ဆိုးလိုက်ပြီးနောက် ဖုန်းကိုထုတ်ကာ နှုတ်ခမ်းစူလျက် selfieတစ်ပုံရိုက်ပြီး momentတွင် တင်လိုက်သည်။  သူမ၏ မျက်လုံးကြီးကြီးနှင့် လက်တစ်ဝါးစာခန့်သာရှိသည့် မျက်နှာသေးသေးလေးကြောင့် effectမထည့်ထားလျှင်ပင် သူမမျက်နှာက အလွန်လှပနေသည်။ ဓာတ်ပုံတင်ပြီးသည်နှင့် ပုရိသယောက်ျားပေါင်းများစွာက သူမဓာတ်ပုံကို likeပေးကြသည်။ သူမ လှောင်ပြောင်သရော်လိုက်ပြီး ဖုန်းကိုအိတ်ထဲ ပြန်ထည့်လိုက်သည်။ စီးကရက်တစ်လိပ်ကို မီးညှိ၍ လမ်းမီးတိုင်ကိုမှီပြီး အငွေ့များ မှုတ်ထုတ်နေလိုက်သည်။

အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးတစ်ယောက်က သူ့အနားလျှောက်လာပြီး မျက်နှာချင်းဆိုင်လိုက်သည့်အခါ သူမက မီးခိုးတစ်ရှိုက်စာ မှုတ်ထုတ်လိုက်သည်။

" ဒီအစ်မကြီးက မင်းလို ဘာမှမသိ နားမလည်တဲ့ လူငယ်လေးတွေကို စိတ်မဝင်စားဘူး ငါနဲ့ဝေးဝေးနေ..."

ဖူလီက သူ့ဝန်ထမ်းကတ်ကို ထုတ်ပြလိုက်သည်။

" ဟဲလို ငါက ကျင့်ကြံသူရေးရာစီမံခန့်ခွဲရေးဗျူရိုက ဝန်ထမ်းပါ အတည်ပြုဖို့အတွက် ကျေးဇူးပြုပြီး မှတ်ပုံတင်လေး ထုတ်ပြပေးပါ..."

စီးကရက်ကို ကိုင်ထားသော ဟိုဝေ့၏လက်က ပိုမိုတင်းကြပ်သွားပြီး " ကျင့်ကြံသူရေးရာစီမံခန့်ခွဲရေးဗျူရို " ဟူသည့်စကားလုံးကိုကြားလိုက်ချိန်တွင် ပိုမိုထိတ်လန့်သွားသည်။ သူမ၏ နီရဲနေသောနှုတ်ခမ်းကို ဖိကိုက်ထားပြီး သနားစရာကောင်းစွာဖြင့် ပြောလိုက်လေသည်။

" အစ်ကိုကြီး ကျွန်မက လူသားနည်းနည်းလောက်နဲ့ပဲ အိပ်မိတာပါ သူတို့ဆီက အသက်ချီဓာတ်နဲ့ ယန်ချီဓာတ်တွေလည်း မစုပ်ပါဘူး...အဲ အဲဒါဆိုရင် တရားမဝင်တာ မဟုတ်ဘူးမလား..."

" ငါတို့တွေက နှစ်ဦးသဘောတူညီမှုနဲ့လုပ်တဲ့ ကိစ္စတွေကို မသိချင်ပါဘူး..."

ကျန်းခယ့်က အနောက်မှ လျှောက်လာသည်။ သူ့ဝန်ထမ်းကတ်ကို ထုတ်ပြပြီး ခါလိုက်သည်။

" ငါတို့သိချင်တာက မင်းက လူသားတွေရဲ့ငွေတွေကို လိမ်ယူတဲ့ကိစ္စမှာ ပါဝင်နေတယ်ဆိုပြီး သံသယရှိလို့ပဲ..."

" သူတို့ကိုယ်တိုင်ရဲ့ဆန္ဒနဲ့ ကျွန်မကိုပေးတာပါ အဲဒါကို လိမ်ယူတယ်လို့ ပြောမရဘူးလေ..."

ဟိုဝေ့က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေသည်။

" အစ်ကိုကြီး ကျွန်မကို ဒီတစ်ခါလောက် လွှတ်ပေးထားလို့ မရဘူးလား..."

" ကဲ စိတ်လျှော့လိုက်ပါ ငါ ဟိုတစ်ခေါက်ကတွေ့တဲ့ မြေခွေးမိစ္ဆာကတောင် လူတွေကို ပိုဆွဲဆောင်တတ်တယ်..."

ကျန်းခယ့်က သူ့မှော်လက်နက်ကိုထုတ်လိုက်ပြီး ဟိုဝေ့ကို မျက်နှာချင်း‌ဆိုင်လိုက်သည်။ အကယ်၍ ဟိုဝေ့က ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ပါက သူမကို အင်အားသုံး၍ ဖမ်းဆီးရတော့မည်ဖြစ်သည်။

ထိုလူသုံးယောက်ကို ဖျောင်းဖျပြောဆို၍ မရသည့်အခါ သူမမျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားသည်။

" ဒီလူတွေက အိမ်ထောင်ရှိရဲ့သားနဲ့ အပြင်မှာဖောက်ပြန်နေကြတာလေ ကျွန်မ သူတို့ကိုလိမ်တော့ရော ဘာဖြစ်လဲ... ရှင်တို့က ကျွန်မ သူတို့ဆီက ငွေလိမ်ယူနေတာသိတော့ ချက်ချင်းလာနှောင့်ယှက်ကြပြီး အိမ်ထောင်ရေးဖောက်ပြန်နေတဲ့ လူ့အမှိုက်တွေကိုကျ ဘာလို့အပြစ်မပေးတာလဲ... ကျွန်မနဲ့မဟုတ်ရင်တောင် သူတို့ တခြားမိန်းမနဲ့ ဖောက်ပြန်မှာပဲ ရှင်တို့ အဲ့ကိစ္စတွေအားလုံးကို စီမံနိုင်လို့လား..."

" လူသားတွေရဲ့ အရေးကိစ္စက ငါတို့ရဲ့ထိန်း‌ချုပ်မှုအောက်မှာ မဟုတ်ဘူး... ငါတို့က ကျင့်ကြံရေးလောကနဲ့ဆိုင်တဲ့ကိစ္စတွေကိုပဲ စီမံတာ..."

ဟိုဝေ့၏စကားက ကျိုးကြောင်းဆီလျော်နေသည်ကို ကျန်းခယ့်သိသော်လည်း စည်းမျဉ်းများ မရှိပါက ကောင်းသည့်အရာများ ဖြစ်လာတော့မည် မဟုတ်ပေ။ လူသားများက မကောင်းမှုပြုလုပ်နေသောကြောင့် မိစ္ဆာများကပါ ထိုသို့ပြုမှုနေလျှင် ကျင့်ကြံရေးလောကတစ်ခုလုံး ကမောက်ကမ ဖြစ်သွားနိုင်သည်။

ယနေ့တွင် လူ့အမှိုက်တစ်ယောက် အသတ်ခံရခြင်းကို ထိုက်တန်သည်ဟု တွေးနေကြပါက နောက်တစ်နေ့တွင် ညစ်ညမ်းသော အပြုအမူမျိုးပြုလုပ်သည့်လူမျိုးများက အစားခံရလျှင်လည်း အဆင်ပြေသည်ဟု ထင်သွားနိုင်သည်။ ဤသို့ဖြင့် 'လူသားများက အစားခံသင့်သည်' ဟူသောကိစ္စမျိုး ဖြစ်လာနိုင်သည်။

" ဒါပေမဲ့ လူသားတွေရဲ့ စည်းမျဉ်းဥပဒေအရဆိုရင် မင်းလိမ်ထားတဲ့ ငွေတစ်ဝက်လောက်က သူတို့ရဲ့လူသားမိန်းမတွေ ပိုင်တာလေ... ဒီလူတွေက အလိမ်ခံရသင့်ပေမယ့် သူတို့ရဲ့မိန်းမတွေကတော့ အပြစ်ကင်းတယ်လေ..."

ဖူလီက ဟိုဝေ့၏စကားများကို သဘောမကျမိပေ။

" လူသားတွေရဲ့ဥပဒေအရဆိုရင် အဲ့လူတွေ အိမ်ထောင်ရေးဖောက်ပြန်တာက တရားမဝင်ဘူး ဒါပေမဲ့ မင်း သူတို့ဆီက လိမ်စားတာလည်း မှားနေတာပဲ... သူတို့အမှားလုပ်မိထားတာနဲ့ မင်းအပြစ်ကင်းတယ်လို့လည်း မထင်နဲ့လေ အဲ့နှစ်ခုက ဘာမှမဆိုင်တဲ့ကိစ္စတွေပဲ..."

ဖူလီ၏စကားများကြောင့် ဟိုဝေ့ နင်သွားမိသည်။ အချိန်ကြာမြင့်ပြီးသည့်အခါ ဆေးလိပ်ငွေ့များကို သူတို့ထံ မှုတ်ထုတ်လိုက်သည်။

" လောင်နျန်က အလယ်ပိုင်းလွင်ပြင်တွေကို ခရီးထွက်နေခဲ့တဲ့အချိန်တုန်းကဆိုရင် မင်းတို့တစ်ယောက်မှ မွေးဦးမှာမဟုတ်ဘူး ဘာကြောင့်များ ကျွန်မကိုဖမ်းနိုင်မယ်လို့ ထင်ကြတာလဲ..."

ထိုလူသုံးယောက်က သူမထက်ကျင့်ကြံဆင့်နိမ့်သည်ကို သိသည်နှင့် ဟိုဝေ့က ကောင်းကင်ပေါ်မှ လမင်းကြီးကိုမော့ကြည့်ပြီး ဆေးလိပ်ပြာများကို ခါချလိုက်သည်။

" ကျွန်မတို့ နည်းနည်းလောက် ညှိနှိုင်းကြည့်ရင်ရော ဘယ်လိုလဲ... အဲ့လူတွေရဲ့ လူသားမိန်းမတွေကို ကျွန်မက ပိုက်ဆံတစ်ဝက်ပြန်ပေးမယ်လေ... ရှင်တို့က ကျွန်မကို ထောင်ထဲ မထည့်နဲ့..."

အဖမ်းခံရသော ယောင်ကျင့်ကြံသူများက စီမံခန့်ခွဲရေးဗျူရိုတွင် ကာယအလုပ်များ အတင်းအကြပ်လုပ်ရပြီး မူရင်းသွင်ပြင်သို့ ပြန်ပြောင်းရကြောင်း သူမ ကြားဖူးပေသည်။ သူမ ထိုသို့အဖြစ်မခံနိုင်ပေ။

" ထောင်ထဲရောက်တာ မကောင်းဘူးဆိုတာ မင်းအခုမှ သဘောပေါက်တာလား... ဒါပေမဲ့ အတိတ်တုန်းက မင်းဘာတွေလုပ်ခဲ့လဲ..."

ကျန်းခယ့်က စိတ်အနှောင့်အယှက်ဖြစ်သွားဟန်ဖြင့် ရယ်လိုက်သည်။

" မြေခွေးမိစ္ဆာ ငါတို့က ဥပဒေအတိုင်းဆောင်ရွက်နေတာ စီးပွားရေးလုပ်နေတာ မဟုတ်ဘူး..."

" နင်ကမှ သောက်မြေခွေးမိစ္ဆာ... နင် ကန်းနေတာလား...မြေခွေးမိစ္ဆာရဲ့မျက်လုံးတွေက ငါ့လောက်ကြီးပြီး လှလို့လား..."

ဟိုဝေ့က သူမ၏ မျက်လုံးများကို လက်ညှိုးထိုးပြလိုက်သည်။

ဟိုဝေ့ ရုတ်ချည်းပေါက်ကွဲသွားရသည့် နောက်ကွယ်မှ အကြောင်းအရင်းကို ကျန်းခယ့် နားမလည်သော်လည်း သူမ၏အပြုအမူကြောင့် သူ ထိတ်လန့်သွားပြီး ခြေလှမ်းအနည်းငယ်ခန့် ဆုတ်သွားရသည်။

မကြာမီအချိန်တွင် ဆဲဆိုသံများ တန်းစီထွက်ပေါ်လာသည်ကို ကြားလိုက်ရပြီး ဆဲသည့်စကားများကလည်း တစ်ခုနှင့်တစ်ခု ထပ်မနေပေ။ ကျန်းခယ့် ချင်ရှုကို လှည့်ကြည့်လိုက်သည်။ ချင်ရှုက တာအိုဘုန်းတော်ကြီးတစ်ယောက်သဖွယ် လက်ချောင်းများကိုထိကပ်ထားပြီး လောကီရေးရာများနှင့် မသက်‌ဆိုင်သည့် သီးခြားပုံရိပ်တစ်ခု ဖြစ်နေသည်။ ချင်ရှုက စကားအချေအတင်များရာတွင် အားကိုးရသည့်လူမဟုတ်ကြောင်း သူချက်ချင်းသိလိုက်သည်။

သူ တစ်ဖက်မှဖူလီ့ကို လှည့်ကြည့်လိုက်သည်။ မမျှော်လင့်ထားသည်မှာ ဖူလီက ဆဲရေးနေသည်ကို အေးအေးဆေးဆေးပင် နားထောင်နေပြီး ကျိန်ဆဲနေသည့်စကားများကို အလွန်စိတ်ဝင်စားနေပုံရသည်။

" ဖူကော..."

ကျန်းခယ့် ဖူလီ့ကို လှမ်းတို့လိုက်သည်။

" အဲဒါ ဆဲတဲ့စကားတွေနော် စိတ်ထဲမထားနဲ့..."

" ဒီစကားတွေကို မင်းတို့လူသားတွေဆီက သင်ထားတာလား..."

ဖူလီ၏ မျက်နှာတွင် လေးစားအားကျမှုများဖြင့် ပြည့်နေသည်။

" မင်းတို့လူသားတွေက ဘာသာစကားနဲ့ပတ်သက်ရင် အရမ်းတီထွင်နိုင်စွမ်း ရှိကြတာပဲ..."

လူသားတစ်ယောက်ဖြစ်သည့် ကျန်းခယ့်မှာ ထိုသို့ချီးကျူးခံရသော်လည်း ဂုဏ်မယူမိချေ။

" ဒါပေမဲ့ သူက တကယ်မြေခွေးမိစ္ဆာမဟုတ်ဘူး... ငါသူ့လိုပုံစံမျိုးကို « တိရစ္ဆာန်ကမ္ဘာ » ဆိုတဲ့ အစီအစဉ်မှာမြင်ဖူးတယ် အဲဒါကို လီမာမျောက်လို့ခေါ်တယ်..."

လီမာမျောက် ဟူသည့်စကားကိုကြားသည်နှင့် သူတို့ကို အဆက်မပြတ်ဆဲရေးနေသောဟိုဝေ့က ဖူလီကို ငေးငိုင်စွာဖြင့်ကြည့်နေပြီး တစ်ယောက်ယောက်က သူ့လည်ပင်းကို ဆိတ်ဆွဲလိုက်သည့်ပုံ ဖြစ်သွားသည်။

ထန်မင်းဆက်အစောပိုင်းခေတ်တွင် လီမာမျောက်များက ကံဆိုးစေတတ်သည့်ဟူသော ကောလဟာလက လူအများကြားထဲတွင် ပျံ့နှံ့လာသည်။ သို့ဖြစ်၍ ချမ်းသာသောကုန်သည်များက လီမာမျောက်များကို ဈေးကြီးပေး၍ဝယ်ကြပြီး သူတို့၏ပြိုင်ဘက်များအပေါ် အသုံးချသည့်ဖြစ်စဉ်များ ဖြစ်လာခဲ့သည်။ မရေမတွက်နိုင်သော လီမာပေါင်းများစွာကို ဖမ်းဆီးပြီး အလယ်ပိုင်းလွင်ပြင်ဒေသကိုသွားရောက်ကာ သူတို့ကို အဝတ်အစားကောင်းများ အိမ်အသုံးအဆောင်ပစ္စည်းများဖြင့် လဲလှယ်သည့်လူများလည်း ရှိလာခဲ့သည်။ ထိုနေရာသို့သွားသည့် ခရီးစဉ်က ဝေးလံလှသဖြင့် လှောင်အိမ်ထဲ ဖမ်းခေါ်သွားခံရသော လီမာမျောက်ဆယ်ကောင်တွင် ကိုးကောင်က သေဆုံးခဲ့ကြသည်။ ကံကောင်းထောက်မစွာဖြင့် အလယ်ပိုင်းလွင်ပြင်ဒေသကို ရောက်ခဲ့လျှင်ပင် လူသားများအပေါ် သူတို့၏ ကြောက်ရွံ့မှုကြောင့် မထွက်ပြေးနိုင်ခဲ့ကြပေ။

ဟိုဝေ့က ကံကောင်းခဲ့သည်။ သူက အသိဉာဏ်ရရှိလာပြီးချိန်မှစ၍ ဤခရီးစဉ်တစ်လျှောက်တွင် အသက်ရှင်ခဲ့သည်။ ထို့နောက်တွင် ချမ်းသာသောကုန်သည်တစ်ယောက်က သူမကိုဝယ်ခဲ့ပြီးနောက် သူ့ပြိုင်ဘက်၏အိမ်ထဲ ပစ်ချခဲ့လေသည်။ သို့ရာတွင် ထိုအိမ်မှသခင်မက အလွန်ကြင်နာတတ်သည့် အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမ၏ အကျည်းတန်မှုကို အထင်အမြင်မသေးသည့်အပြင် အပြင်မှ ကောလဟာလများကိုလည်း မယုံကြည်ခဲ့ပဲ သူမကို ဂရုတစိုက်မွေးမြူခဲ့သည်။

ထိုသို့ဖြစ်သော်လည်း သူမယောက်ျားက အခြားမိန်းမတစ်ယောက်နှင့် ဖောက်ပြန်ခဲ့သည် ထိုသူက မိသားစု၏လွှမ်းမိုးမှုကြောင့် သူမကို ကွာမရှင်းရဲသော်လည်း ထိုအမျိုးသမီးကို အဆိပ်ခတ်သတ်ပစ်လိုက်သည်။ သူ့အတွက် ဤသို့ အညှာအတာကင်းမဲ့သည့်နည်းလမ်းကိုသာ ရွေးချယ်စရာ ရှိခဲ့လေသည်။

အသက်အရွယ်အိုမင်းသည်အထိ အတူနေထိုင်ရန် ကတိသစ္စာပြုခဲ့သောစုံတွဲက တစ်ဖက်လူ၏အသက်ကို အလွယ်တကူနှုတ်ယူသည်အထိ အဘယ့်ကြောင့်နှလုံးသားမဲ့ရခြင်းကို သူမ နားမလည်နိုင်ခဲ့ပေ။

ထာဝရချစ်ခင်သွားပါမယ်ဆိုပြီး ကျမ်းကျိန်ခဲ့တာတွေက အတုအယောင်ပဲလား...

Continue Reading

You'll Also Like

324K 17.7K 56
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
205K 6.1K 42
"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"
138K 15.1K 116
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
5.8K 836 7
တစ်ခါတုန်းက ကျင့်ကြံရေးစွမ်းရည်ရှိတဲ့ နေကြာပန်းနတ်ဆိုးတစ်ယောက် ရှိခဲ့တယ်။ အတိတ်မှာ သူ အကြိုက်ဆုံးကတော့ နေကြာပန်းခင်းကြီးထဲမှာ သာမန်နေကြာပန်းအဖြစ် ဟန်...