ရင်ခုန်သံထပ်တူ ရင္ခုန္သံထပ...

By XiaoZhan802

3.1K 100 16

ကျွန်တော်တို့ဟာ တစ်စုံတစ်ယောက်ကို လက်လွှတ်လိုက်ရတာက ပိုကောင်းတဲ့ အရာတွေ ရရှိလာဖို့ပဲဖြစ်ပါတယ်... ကြၽန္ေတာ္တ... More

ရင်ခုန်သံထပ်တူ အပိုင်း၁
ရင္ခုန္သံထပ္တူ အပိုင္း၁
ရင်ခုန်သံ ထပ်တူ အပိုင်း၂
ရင္ခုန္သံ ထပ္တူ အပိုင္း ၂
ရင်ခုန်သံ ထပ်တူ အပိုင်း ၃
ရင်ခုန်သံ ထပ်တူ အပိုင်း ၎
ရင်ခုန်သံ ထပ်တူ အပိုင်း ၅
ရင္ခုန္သံ ထပ္တူ အပိုင္း ၅
ရင်ခုန်သံထပ်တူ အပိုင်း၆ ဇာတ်သိမ်း
ရင်ခုန်သံထပ်တူ အပိုင်း ၆ ဇာတ်သိမ်းပိုင်း

ရင်ခုန်သံ ထပ်တူ အပိုင်း ၄

274 8 0
By XiaoZhan802

"မင်းနိုးပြီလား "

" ခဗျား...!!! "

" နိုးရင်လဲ ထတော့ မင်းအတွက်မနက်စာမှာထားပေးတယ် "

"ဟာ ခဗျား...ခဗျား လူယုတ်မာကြီး !!!
ဟီးးးးး သူများသားသမီးလေးကို...ဟင့်...ဟင့်"

" ဟမ် "

ရုတ်တရက်ကြီး သူ့ကိုခေါင်းအုံတွေနဲ့ ပြစ်ပေါက်က ထငိုနေတဲ့ ငဂျစ်လေးကြောင့် ဇမ္ဗူထင်ရှား လဲ ကြောင်သွားရသည် ။
သူလဲဘာအမှားမှ မလုပ်မိပေမဲ့ပေါ့

"ဘာဟမ်လဲ ဘာဟမ်လဲ ခဗျားကြီး ဝိုင်ထဲမှာ
ဘာဆေးတွေခတ်ထားတာလဲ ပြောပြော
ခဗျားကိုတရားစွဲမယ် ထောင်ချပြစ်မယ် "

" ဟာ ဟေ့ဟေ့ ဘာတွေတွေးနေတာလဲ
ပြသာနာ ပဲ လူကိုအမှု့ကြီးအောင်လုပ်နေတယ် "

"ဟုတ်တယ်လေ ခဗျားကြီး လူကိုဆေးခတ်ပြီး ....ဟီးးးးးဟိဟိ "

"အဟားဟား လူကငယ်ငယ်လေးနဲ့
ဒီလိုပေါက်ကရတွေလဲတွေးတက်တာပဲလား"

"ဘာပေါက်ကရလဲ ခဗျားကို
တရားစွဲမယ်ကြည့်နေ ထောင်ပါချပြစ်မယ် "

" အေးအေး မင်းစကားမင်းမှတ်ထားနော် ငါမင်းကိုဘာမှမလုပ်ကြောင်း
သက်သေပြနိုင်ရင် မင်းကိုပြန်တရားစွဲမှာနော် ဘယ်လိုလဲ "

" ရတယ်လေ ခဗျားဘယ်လိုသက်သေပြမှာလဲ ပြော "

"လာလိုက်ခဲ့ ဒီဟိုတယ်က အခန်းအတွင်းကလွဲရင် နေရာတိုင်းမှာ
cctvရှိတယ် ကြည့် ဒီလမ်းတစ်လျောက်မှာတွေ့လား"

သူကို အခန်းပြင် ဆွဲခေါ်ကာ လမ်းတလျောက်ရှိ
cctvတွေကိုပြလိုက်တော့
လူကို မယုံသလိုထပ်ကြည့်လာပြန်၏။

"ကျွန်တော်က အဲ့တာကို ဘယ်လိုယုံရမှာလဲ! !!
ကျွန်တော့်အဝတ်တွေပါ ပြောင်းနေတာလေ"

"ဟာ ငဂျစ် မင်းတော်တော်ရစ်ပါလား
ညက အရက်မူးလို့ သွေးဆိုးတယ်ထင်တာ
အခုတော့ မမူးပဲလဲ ရစ်တက်တာပဲ... "

"ခဗျားနော် "

" ခဗျားနော်မနေနဲ့ ညက မင်းအန်လို့ အဝတ်က လဲထားပေးရတာ
ပြီးတော့ ငါ့အခန်းမှာ မင်းအိပ်နေလိူ့
ငါအခန်းသပ်သပ်ထပ်ယူလိုက်ရတယ်
မယုံရင် အောက်ထပ်က ကောင်တာမှာသွားမေး"

"ခဗျား...သေချာလိူ့လား
အခန်းတခန်းပိုယူပြီး အဲ့အခန်းမှာသွားအိပ်တယ်ဆိုတာ "

"ပြသာနာပဲ cctvကြည့်မလား "

" ကြည့်မယ်! !! ဟွန့် ခဗျားမဟုတ်တာ တစ်ခုခု လုပ်ထားလိူ့ကတော့... "

" ကောင်းပြီလေ "

သို့နှင့် သူတို့လဲ cctv အခန်းကိုသွားကာ လုံခြုံရေးကို ပိုက်ဆံပေး အကူအညီတောင်းပြီး ညက အချိန်ကိုပြန်ကြည့်ကြတော့

သူကိုယ်တိုင်မူးရူးသောင်းကျန်းနေတာကို မျက်မြင်တွေ့လိုက်ရပြီး
အံ့သြနေပုံလေးက အူယားစရာအတိ သူ့ကိုယ်သူဒီလောက်သွေးဆိုးမှန်းမထင်ထားဘူးထင်ပါရဲ့...

ဇမ္ဗူလဲ ထိုကလေးအံ့သြနေပုံကို ပြုံးကာကြည့်နေရင်း
အတွေးတို့က မနေ့ညကဆီသို့....

"ဟိတ် ငိုမနေနဲ့တော့ အိပ်တော့မလား
အမူးပြေသွားအောင် အန်လိုက်ပါ့လား "

"မပြေချင်ဘူး..ဟီးးဟီးးးလူယုတ်မာ ခွေးလောက်တောင် သစ္စာမရှိတဲ့လူ
ဟီးးဟီးးး လက်စားချေမယ် ကိုကို ခဗျားကို ကျွန်တော် လက်စားချေမယ်
ဟင့်...ဟင့်... လူယုတ်မာ..."

" ဟင်းးးး အိမ်ပြန်မလား ကိုယ်လိုက်ပို့မယ် "

" မပြန်ပါဘူးဆို....!!! ဟင့်ဟင့် သူများသားလေး အသည်းကွဲနေတာကို
ဒီလူကြီးက အတင်းအိမ်ပြန်ခိုင်းနေတယ် ဟီးးးးးဟီးးးး ".

"ဟားဟား... မပြန်ခိုင်းပါဘူးကွာ မင်းတော်တော် ရစ်နိုင်တာပဲ
ငိူနေတာလဲကြာပြီ မမောသေးဘူးလား "

"အယ်...ခဗျားမှာသွားတွေရှိတယ်"

"ဟင် သွား?"

"သွားလေ ဒီလိုဒီလို ချွန်ချွန်လေး "

"အော် သွားထပ် ကိုပြောတာလား"

"အင်း ကျွန်တော်လိုချင်တယ် ကျွန်တော်ကိုပေး"

"ဟင် ဟားဟား ပေးလို့ရလို့လား "

"ရတယ်ရတယ် ပေးပါဆို ပေးလို့"

"ဘယ်လိုပေးရမှာလဲ"

"ခဗျားကြီး မပေးချင်လို့ တမင်ယုတ်မာနေတာမလားးးဟီးးးးမေမေရေ
သားကိုအနိုင့်ကျင့်နေတယ် သွားလေးတောင်းတာကိုမပေးဘူးတဲ့"

"ဟားဟား ဒီငဂျစ်လေးတော့ကွာ တော်ပြီ တော်ပြီ မင်းအိပ်သင့်နေပြီ
တော်တော်မူးနေပြီ "

"မရဘူး သောက်ဦးမှာ "

"မင်းထပ်သောက်ရင် အန်ထွက်တော့မယ် သိရဲ့လား အဲ့တာ"

"မအန်ဘူး သက်သေပြရမလား ဟမ် ကြည့်ထားကြည့်ထား"

ပြောရင်းပင် ဇမ္ဗူ ဘေးက အရက်ပုလင်းကို ဆွဲယူကာ ပုလင်းလိုက်မော့
နေတော့၏။

"ဟေ့ဟေ့ တော်တော် တော်တော့...!!!"

ဇမ္ဗူ အတင်းဆွဲလုတော့မှ ငိုမဲ့မဲ့လေးဖြင့် ကြမ်းပြင်ပေါ်ထိုင်ချကာ

"ခဗျားချစ်ဖူးလားဟင်"

"ဟမ် ဟင့်အင်း"

"ကျွန်တော်တို့က အရမ်းချစ်ခဲ့တာကို... ဟင့်....
သူ့မို့ တခြားသူနဲ့လက်ထပ်ရက်တယ်
ပြီးတော့ တွန်းထုတ်ပြီး အော်တယ်
မြတ်သိသွားရင် လမ်းခွဲသွားလိမ့်မယ်တဲ့
အဟားဟား ရယ်စရာကြီး ကျွန်တော့်ကိုတော့
အဆင်ပြေလား တစက်မမေးခဲ့တဲ့လူကလေ
သူ့အမျိူးသမီးလေး နာကျင်ရမှာကျ အရမ်းကြောက်နေတများ ..."

"မင်းသူ့ကို တကယ်လက်စားချေချင်လား"

"အင်း"

"ကိုယ်ကူညီပေးမယ်"

"ဟမ်...ဝေါ့..."

"ဟိတ် မင်းအဆင်ပြေရဲ့လား"

ထို့နောက်တော့ ဇမ္ဗူ ပေါ် အန်ချကာ အိပ်ပျော်သွားခဲ့သည်။

ဒါနဲ့ဇမ္ဗူလဲ ရယ်ရခက် ငိုရခက် အခြေအနေဖြင့် အခန်းအပြင်က
အစောင့်တွေကို အင်္ကျီ ခပ်ပွပွတစ်ထည်ယူခဲ့ဖို့ မှာလိုက်၏။
ထိုကလေးကတော့ အင်္ကျီပဲလဲလိုက်ရင်အဆင်ပြေပေမဲ့
ဇမ္ဗူကတော့ ရေပြန်ချိုးရမဲ့အနေအထားပင်

ဇမ္ဗူ ရေချိုးပြီးသည်မထိ ပြန်မနိုးလာတဲ့ ကောင်လေးကြောင့်
ဇမ္ဗူပဲ တခြားအခန်းထပ်ယူကာ အခန်းပြောင်းအိပ်လိူက်ရပါ၏။

cctvကို အစအဆုံးကြည့်ပြီးတဲ့နောက်မှာတော့ သူ့အင်္ကျီ ဘာကြောင့်ပြောင်းသွားလဲဆိုတာသိသွားတဲ့အပြင် သူဘယ်လောက် သွေးဆိုးခဲ့လဲဆိုတာပါသိသွားတဲ့ ကလေးပေါက်စက ခုနက တရားစွဲမယ်ပြောတာ သူ့မဟုတ်သလိူ ဇမ္ဗူအား မျက်နှာချိုသွေးကာ ပြုံးပြနေ၏။

"မြင်ပြီလား ကိုယ်ပြောသားပဲ
ကိုယ့်အခန်းကိုယ်ဝင်ပြီးထဲက ပြန်မလာဖြစ်ဘူး
မနက်လင်းမှ မနက်စာမှာရင်း မင်းကိုဝင်နှိုးတာလို့ "

"ဟိဟိ မသိလို့ပါ စိတ်မဆိုးပါနဲ့နော်...
ဒါဆို သားသားပြန်တော့မယ်"

"ဟိတ် ဒီလိုလုပ်လိူ့ဘယ်ရမလဲ မင်းခုနက ငါ့ကို အကြီးကြီးတွေ စွပ်စွဲထားတာလေ "

"အော် ဒီကသခင်လေးကပဲ အမိုက်အမဲလေးကို နားလည်ပေးပါနော်
နော် မရဘူးလား "

တနော်နော်နဲ့ ချွဲနေပုံက တကယ်ကိုမှ စွဲနမ်းပြစ်ချင်စရာ

"မရဘူး "

"ဟင့်..."

"အပေးအယူလုပ်မလား"

"ဘာ...ဘာကိုလဲ"

သူ့ကိုကြည့်ကာ မဝင့်မရဲမေးလာတဲ့မျက်နှာလေးက ချစ်စရာအတိ

"ချစ်သူ့အဖြစ် ဟန်ဆောင်ပေးရင်တော့ စဥ်းစားမယ်လေ"

"ဘာ!!!"

"ဘာလဲ ဟန်မဆောင်ပေးချင်ဘူးလား ဒါဆိုလဲရတယ်လေ တရားစွဲပြီး..."

"နေ...နေ...နေပါဦး ခဗျားကလဲ...
ဘာအတွက် ဟန်ဆောင် ပေးရမှာလဲ"

"ဒီလိုပဲ ကိူယ်ချစ်တဲ့သူကို မျက်ရည်ကျပြီး နာကျင်အောင်လုပ်တဲ့သူကို
လက်စားချေဖို့"

"အော် ခဗျားချစ်တဲ့သူက ကံကောင်းလိုက်တာ
လက်စားချေပေးမဲ့ခဗျားရှိတယ်...ကျွန်တော်ကြတော့..."

"စကားရှည်မနေနဲ့ ဟန်ဆောင်ပေးမှာလား မပေးဘူးလား"

"ကိုယ့်အမှားနဲ့ကိုယ်ပဲ လုပ်ပေးရတော့မှာပေါ့...ဟွန့် "

"အဟက် လိမ်မာတယ် ညနေကျမှတွေ့မယ် အခုတော့ ပြန်လိုက်ဦး
မင်းမိဘတွေ စိတ်ပူနေတယ် တစ်ခါမှ အရက်မသောက်ဖူးပဲ သောက်လို့တဲ့ "

"ကျွန်တော်လဲ တော်ရုံဆိုမမူးပါဘူး ညက သောက်တဲ့ဝိုင်က တော်တော်ထူးဆန်းတယ်"

ဇမ္ဗူထင်ရှားကတော့ ကြိတ်ရယ်နေတော့သည်။
သူအရက်ရောထားတာကို ထိုငဂျစ်လေးမှ မသိပဲ

ဆက်ရန်...

# Koe (နှလုံးသား အရင်းအနှီး)

Continue Reading

You'll Also Like

92.1K 2.1K 49
Alissa Iris De León the daughter of both the Spanish and Italian Mafia. A week after she was born she was sent away from her 2 brothers to live with...
3.6K 145 1
နောက်ဘဝကျရင် ကိုကိုက မင်းအတွက် ဖြစ်တည်ပေးမှာမို့လို့ ဒီဘဝမှာတော့ ကို့ကို့အနားမှာ အနီးဆုံးလူအဖြစ်ရှိနေပေးပါ။
72.8K 3.6K 69
Well, this is my first attempt of trying short stories. It is the collection of love stories.
4.1K 112 29
Bella Targaryen .. prince daemon Targaryen's daughter..fell in love with jacearyce but he didn't love her..they were forced to engage but will bella...