အခန်း (၄၈.၃) သူမက တကယ်ချစ်စရာကောင်းတယ် (၃)
ရှီချီက အသီးလှီးဓားကို ယူပြီး အသီးကို ဖြည်းညင်းစွာဖြင့် အခွံနွှာနေသည်။ သူ၏ လုပ်ဆောင်မှုက ကြော့ရှင်းကြည့်ကောင်းပြီး သွက်လက်ကာ မျက်စိအေးစေသည်။
နင်မုန့်က သူ၏ လက်ကို မင်သက်စွာ စိုက်ကြည့်နေလိုက်သည်။
သူမ၏မြေးဖြစ်သူက သာမန်ရုပ်ရည်ကြည့်ကောင်းသည့် အဆင့်မဟုတ်တော့ချေ။ သူ၏လက်များကပင် အလွန်အမင်း ကြည့်ကောင်းနေပြန်သည်။ ဓားကို ကိုင်ထားချိန်တွင် အေးစက်ပြီး ပျော်ရွှင်တက်ကြွမှုမဲ့နေသေးစေကာမူ သူက ပိုပြီး သဘောကျဖွယ်ကောင်းလာသည့်အပြင် သူ၏ အနည်းငယ်ကွေးထားသော လက်ဆစ်များကပင် ဆွဲဆောင်မှုရှိနေသည်။
ရှီချီက မော့ကြည့်လိုက်သောအခါ သူ၏လက်ကို စိုက်ကြည့်နေသော သူမကို မြင်လိုက်ရသဖြင့် ပန်းသီးကို ကမ်းပေးလိုက်သည်။
"စားချင်လို့လား"
နင်မုန့်က ခေါင်းခါသည်။
"မဟုတ်ပါဘူး"
သူမက သူ၏လက်ကို ကြည့်ရုံသာ ဖြစ်သည်။
ရှီချီက ဆက်မပြောတော့ဘဲ သူမ၏ ပုံရိပ်ကို စက္ကန့်အနည်းငယ်ခန့် အထိ စိုက်ကြည့်နေလိုက်သည်။
အခု သူမရဲ့ ပုံရိပ်ကို သူ ရှင်းရှင်းလင်းလင်း မြင်နိုင်နေပြီ။ မျက်နှာ သွင်ပြင်ကတော့ ဝေဝါးနေတုန်းပဲ။ ဒါပေမယ့် အရင်ကဆို မျက်နှာကိုတောင် မမြင်နိုင်တာ။ ဒါထက်စာရင် အများကြီးကောင်းတာပေါ့။
...
ညမှောင်လာသောအခါ ရွာထဲရှိလူတိုင်းက တံခါးကို ပိတ်သွားကြသည်။
လျိုရွှမ်းက ဦးလေးလီဆီမှ ရသော ရေနံဆီမီးအိမ်ကို ယူလာရသည်။ သူတို့၏ ရွာက ခေတ်နောက်ကျသဖြင့် လျှပ်စစ်မီးမရှိလေရာ ရေနံဆီမီးအိမ်ကိုသာ အားကိုးရသည်။
သူက တည်ငြိမ်စွာပြောပြသည်။
"ညဘက်မှာ အပြင်မထွက်နဲ့ အပြင်မှာ သားရဲတွေရှိတယ်၊ မင်းကိုသာ ဆွဲခေါ်သွားမယ်ဆိုရင် ပြန်လာနိုင်တော့မှာ မဟုတ်ဘူး"
လျိုရွှမ်းကလည်း အံ့ဩသွားသည်။
"ဦးလေးလီ အရင်လ ကျွန်မလာတုန်းက ဘာလို့အဲ့ဒီလိုမပြောတာလဲ"
ဦးလေးလီက ပြောပြသည်။
"ဒါက ဆောင်းတွင်းလေ၊ ရိတ်သိမ်းရာသီက အခြားရာသီတွေနဲ့ ကွာခြားတယ်၊ အများကြီး မေးမနေပါနဲ့၊ ညမှာ အိပ်ယာစောစောဝင်ပြီး အပြင်မထွက်ရင် အကောင်းဆုံးပဲ"
"ဟုတ်ကဲ့ပါ"
လျိုရွှမ်းကလည်း ထူးဆန်းသည်ဟု ခံစားရသည့်တိုင်အောင် နာခံစွာသာ တုန့်ပြန်လိုက်သည်။
အသစ်ဆောက်ထားသော ထိုအိမ်တွင် အခန်းတစ်ခန်းသာလျှင် ရှိသဖြင့် နေရာခွဲခြားရန် ပြဿနာြဖစ်လာသည်။ ထို့ကြောင့် သူမက စီနီယာအစ်မနှင့် စီနီယာက အတူအိပ်ရန် မဖြစ်နိုင်ဟု တွေးလိုက်မိပြီး မေးလိုက်သည်။
"စီနီယာအစ်မ ကျွန်မနဲ့ အတူအိပ်မလား၊ ဒီအဝတ်အစားအတိုင်း အိပ်တာလည်း အဆင်ပြေတာပဲ၊ စီနီယာကတော့ ... "
ရှီချီက စကားကို ဖြတ်ပြောလိုက်သည်။
"မလိုဘူး၊ ဒီည အိပ်ဖို့မလိုဘူး"
လျိုရွှမ်း၏ စကားက လည်ချောင်းတွင် ပြန်တစ်သွားပြီး သူမက လက်ဖဝါးကို ခပ်တင်းတင်း ဆုပ်လိုက်သည်။
ငါ ဘာလို့ စီနီယာအစ်မနဲ့ စကားကို အလွယ်တကူ ပြောလို့မရနိုင်တာလဲ။
နင်မုန့်က ခေါင်းလှည့်လာပြီး သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
"နင် ဘာကို ရှာတွေ့ထားလို့လဲ"
စနစ်က ပြောသော စကားအရ ရေစွမ်းအင်ပိုကဲသော ခန္ဓာကိုယ် ပိုင်ဆိုင်ထားသူများက သာမန်မဟုတ်ဘဲ ထူးခြားသော အခြေအနေ ဖြစ်လာအောင် ဆင့်ခေါ်နိုင်သလိုမျိုး လုပ်နိုင်သည့် အခွင့်အရေးပိုများလေသည်။ အခြားစကားဖြင့် ဆိုရသော် သူမ၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေကြောင့် တုန့်ပြန်သည့်အနေဖြင့် ပုံမှန်ထက်လွန်ကဲသော တစ်စုံတစ်ရာ ဖြစ်လာလောက်ပေသည်။
ရွာက မှောင်သွားသောအခါ မည်သည့်အသံမှ မရှိတော့ချေ။ ခွေးဟောင်သံပင် မကြားရဘဲ အလွန်တိတ်ဆိတ်လွန်းနေသည်။ ပို၍ဆိုးသည်မှာ ရွာ၏အပူချိန်က ဒီဂရီများစွာ ကျသွားသည်ဟု ခံစားနေရသည်။ သို့ရာတွင် သူမ၏ဘေးမှ လျိုရွှမ်းကမူ တုန့်ပြန်မှုမရှိချေ။
ပြောရရင် ဒီလိုခံစားချက်ကို သူတစ်ယောက်တည်း ရနေတာပဲ။
အခြားစကားနှင့်ဆိုရသော် သူမက ပတ်ဝန်းကျင်ရှိ ရေ၊လေအေးများကို ခံစားမိသောကြောင့် အေးစက်သည်ဟုခံစားရခြင်း ဖြစ်လောက်သည်။
ထိုရွာက သူမခန့်မှန်းထားသည့်အတိုင်း ပုံမှန်မဟုတ်သောအရာ ရှိနေသည်။ ဒီရွာတွင် ဒီနေရာတစ်ခုတည်းသာ ရှိနေသော်လည်း ဂူဘုရားကျောင်းကို တည်ဆောက်ထားခြင်းက မေးခွန်းတစ်ခု ဖြစ်လာသည်။
လျိုရွှမ်းကမူ တိတ်ဆိတ်၍သာ နေပြီး အခန်းထဲသို့ ရေနံဆီမီးအိမ်ကို ယူသွားသည်။ အိပ်ခန်းပြတင်းကို ဖွင့်လိုက်သောအခါ အပြင်မှလေအေးများတိုက်လာသဖြင့် လိုက်ကာက လွင့်နေသည်။ ထို့ကြောင့် သူမက ပြတင်းပေါက်ကို သွားပိတ်ရန် ပြင်ဆင်လိုက်သော်လည်း မမျှော်လင့်စွာပင် အရှေ့အပြင်ဘက်ရှိ မြင်ကွင်းကြောင့် အံ့ဩသွားပြီး အသံတစ်ခုကြားမှသာ အသိပြန်ဝင်လာသည်။
သူမ၏ ကျောကုန်းတွင် ချွေးစေးများရွှဲသွားသည်။ ကြက်သီးများကလည်း ထလာသည်။
လျိုရွှမ်းက မျက်တောင်တစ်ချက်ခတ်ပြီးနောက်တွင် သူမြင်သည့် မြင်ကွင်းက ရှိနေသေးလေရာ အိပ်ခန်းထဲသို့ ပြန်ပြေးလာသည်။
နင်မုန့်က အထိတ်တလန့်ဖြစ်နေသော သူမကို ကြည့်သည်။
"ဘာဖြစ်တာလဲ"
လျိုရွှမ်းက အိပ်ခန်းဘက်သို့ လက်ညှိုးထိုးပြီးပြောပြသည်။
"ပြတင်းပေါက်အပြင်ဘက်မှာ လူတွေ အများကြီးပဲ"
အိပ်ခန်းက ရွာ၏အနောက်ဘက်ကို မျက်နှာမူထားခြင်း ဖြစ်ပြီး မြစ်ဘက်သို့ မူတည်သည်။
ရှီချီနှင့် နင်မုန့်တို့က ပြတင်းပေါက်နားသို့ လျှောက်သွားလိုက်သောအခါ အမှောင်ထဲတွင် လျှောက်သွားနေသော ပုံရိပ်များစွာကို မြင်လိုက်ရပြီး အသံများကလည်း ပဲ့တင်ထပ်သလိုမျိုး ထွက်လာသည်။
နင်မုန့်က ထခုန်မိမတတ်ဖြစ်သွားသည်။
"ညလယ်ခေါင်မှာ လူတစ်စုပါလား၊ သူတို့က လူလား သရဲလား၊ သူတို့အဲ့ဒီကို ဘာသွားလုပ်နေကြတာလဲ"
ထိုမြင်ကွင်းက ကြောင်တောင်တောင် နိုင်သည်။ အနက်ရောင်တိမ်စိုင်များက ဖုံးလွှမ်းထားသောကြောင့် လက တစ်ဝက်သာလျှင် မြင်ရသည့်တိုင်အောင် အလင်းရောင်အနည်းငယ်တော့ ကျနေသေးသည်။
ထိုနည်းဖြင့် တစ်ဖက်မှ မြင်ကွင်းကို လှလှပပ ရောင်ပြန်ဟပ်နေစေသဖြင့် ပုံရိပ်ရှည်များကို မြင်နိုင်သည်။
တစ်ယောက်ပြီးတစ်ယောက် အကွာအဝေးတစ်ခုခြားလျက် အရပ်မြင့်သူက မြင့်၊ ပုသူက ပု၊ အရပ်မမညီညာသော အနေအထားမျိုးဖြင့် သွားလာနေကြခြင်း ဖြစ်သည်။ အမှောင်ထဲတွင် ထိုလူတန်းရှည်ကြီး၏အဆုံးကိုပင် သေချာမမြင်နိုင်ချေ။
"ဒါက ရိုးရာဓလေ့ပွဲတော်ကို လုပ်နေသလိုမျိုးပဲ"
လျိုရွှမ်းက အနောက်မှ လျှောက်လာနှင့်ပြီဖြစ်သည်။ သူမက မျက်နှာဖြူဖျော့နေသည်။
"အရင်တစ်ခေါက် ကျွန်မလာတုန်းက ဒီလိုမျိုးမရှိပါဘူး၊ သူတို့က ဘာတွေ လုပ်နေကြတာလဲ"
ရှီချီက ရုတ်တရက် ပြောသည်။
"ရွာက လူတိုင်းအဲ့ဒီမှာ ရှိနေလောက်တယ်"
သူ၏စကားကို ပြောပြီးနောက်တွင် ဧည့်ခန်းမျက်နှာချင်းဆိုင်ရှိ တံခါးက ကွဲအက်သံထွက်လာပြီး တွန်းဖွင့်ခံလိုက်ရသည်။ အသံကလည်း သူတို့ထံရောက်လာသည်။
ရှီချီက ဝင်လာခြင်း ဖြစ်သည်။
နင်မုန့်က ရုတ်တရက် ခန့်မှန်းမိသွားသည်။
"သူတို့က မြစ်ဆီကို သွားတာလား၊ တံတားကို ကျော်ဖြတ်ပြီး တောင်တစ်ဖက်ခြမ်းကို သွားတာဖြစ်လောက်တယ်"
ထိုသို့ဆိုလျှင် ထိုတောင်ပေါ်တွင် ဂူဘုရားကျောင်းရှိနေလေရာ အရာအားလုံး၏ အရင်းအမြစ် ဖြစ်ကောင်းဖြစ်နေနိုင်သည်။
ထိုနေရာတွင် ဖိနှိပ်ခံထားရသော သရဲရှိသည့်အပြင် ဓားမြှောင်လည်း ရှိသည်။ ထို့ကြောင့် တွေးရန်ပင်မလိုလောက်အောင် ဒါက ဒီရွာမှလူများနှင့် ပတ်သတ်နေလောက်သည်။
ဒီဘုရားကျောင်းကိုတောင် ဒီရွာကလူတွေ တည်ဆောက်ထားတာ ဖြစ်ရမယ်။
ရှီချီက အိပ်ခန်းထဲသို့ ပြန်သွားပြီးနောက် အိပ်ခန်းထဲရှိ လိုက်ကာများအားလုံးကို အားဖြင့် ဆွဲဖွင့်လိုက်သည့်အခါ အပြင်ဘက်ရှိ မြင်ကွင်းက သူတို့ထံရောက်လာသည်။
ပြတင်းပေါက်က ရွာ၏လမ်းနှင့် မျက်နှာမူနေခြင်းဖြစ်သဖြင့် တစ်ဖက်၏ မျက်နှာများကို မြင်နိုင်လိုက်သည်။
မျက်နှာချင်းဆိုင် တံခါးကို ဖွင့်လိုက်သောအခါ ထောင့်ချိုးအရ မျက်နှာချင်းဆိုင်ကဲ့သို့ ဖြစ်သွားသဖြင့် လမ်းတွင် ရပ်နေသောလူများက တူညီသောပုံစံဖြင့် လျှောက်နေကြောင်းကို ထင်ထင်ရှားရှား မြင်လိုက်ရသည်။ ထိုမြင်ကွင်းက လူတိုင်းကို ကြက်သီးထစေလောက်သည်။
နင်မုန့်က အားနည်းဖျော့တော့စွာ ပြောသည်။
"သူတို့ သူတို့ ဘာတွေလုပ်နေကြတာလဲ"
သူမက ရှီချီ၏ အနားသို့ တိုးသွားပြီးနောက် သူ၏အရပ်သုံးကာ သူမ၏ ခန္ဓာကိုယ်လေးကို ကွယ်ထားလိုက်ပြီး နှလုံးခုန်နှုန်းကပင် မြန်ဆန်လာသည်။ သူမက လျိုရွှမ်း၏ အသံကို ကြားလိုက်ရသည်။
"အိပ်နေရင်း လမ်းထလျှောက်တာများလား"
သူမက ဖြစ်သင့်သော အဖြေတစ်ခုကို ပေးလိုက်သည့်တိုင်အောင် သူမကိုယ်တိုင်ပင် ယုံကြည်ခြင်းမရှိပေ။
တိမ်မည်းများက လွင့်ပြယ်သွားပြီး လရောင်က ကျဆင်းလာသည့်အခါ လူတိုင်း၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး ပို၍ ပီသလာသည်။
လျိုရွှမ်းက မျက်လုံးပြူးသွားပြီး အော်လိုက်သည်။
"သူ့ရဲ့ မျက်နှာမှာ မျက်နှာဖုံးရှိတယ်"
ဒါက သူမရှာနေသော အနက်ရောင်မျက်နှာဖုံးဖြစ်ပြီး ရွာသားတစ်ယောက်က သူမ၏ မျက်နှာနှင့် တစ်ထေရာထဲ တူသော သင်္ကေတပါသည့် မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။
သူမက မှန်ထုတ်ပြီး ကြည့်လိုက်သည်။ သူမခန္ဓာကိုယ်က တုန်ယင်နေတော့သည်။ လျိုရွှမ်း၏ နှုတ်ခမ်းကလည်း တဆတ်ဆတ် တုန်ယင်လာသည်။
"ကျွန်မ ကျွန်မ သူတို့လို ဖြစ်လာမှာလား၊ အသေကောင်လိုမျိုး လမ်းလျှောက်နေရမှာလေ"
တစ်ယောက်ပြီးတစ်ယောက်ဖြတ်သွားနေခြင်းကို နင်မုန့်ကလည်း မြင်လိုက်သည်။
အားလုံး၏ မျက်နှာတွင် မျက်နှာဖုံးများရှိနေသည်။ မျက်နှာဖုံးရှိ သင်္ကေတများက ပုံမှန်မဟုတ်ပေ။ သို့သော် အခြေခံအားဖြင့် လျိုရွှမ်းက ဆွဲပြဖူးသော ပုံစံနှင့် တူညီနေသည်။ သူတို့က ရောင်စုံမျက်နှာဖုံးများကို ဝတ်ဆင်ထားကြခြင်းဖြစ်ပြီး အလွန်အမင်း ကြောက်လန့်စရာကောင်းကာ လရောင်အောက်တွင် ခြောက်ခြားဖွယ် ထူးဆန်းနေတော့သည်။
မျက်နှာဖုံးအောက်မှ သူတို့၏ မျက်နှာထားကို မမြင်နိုင်ချေ။ သူတို့က မျက်နှာဖုံးများကို တပ်လျက် စက်ရုပ်များလို လမ်းလျှောက်နေခြင်းကိုသာ မြင်နိုင်သည်။ အချိန်က တဖြည်းဖြည်း ကုန်လာသောအခါ နောက်ဆုံး တစ်ယောက်က ကျော်ဖြတ်သွားပြီး သူတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
ရှီချီက လိုက်ကာကို ပိတ်ပြီးနောက် တည်ငြိမ်စွာ ပြောသည်။
"နောက်ကလိုက်ရအောင်"
သူက နောက်သို့ လှည့်လိုက်သည်နှင့် သဘာဝအလျောက်ပင် သူ၏ အနောက်တွင် ပုန်းနေသော နင်မုန့်ကို မြင်လိုက်ရသော်လည်း သူမကို ရှက်မသွားစေရန် ထုတ်မပြောလိုက်ဘဲ လေသံတိုးတိုးဖြင့်သာ ပြောလိုက်ခြင်း ဖြစ်သည်။
သူက ကလေးဘဝကတည်းက သူ၏ အဘွားကိုယ်ထဲ ဝင်ပူးသွားသော ထိုဝိညာဉ်ရိုင်းက အခြားသော လေလွင့်ဝိညာဉ်များကို မြင်နိုင်ကြောင်း သိခဲ့သည်။ သို့သော် သူမက ထိုအတွက်ကြောင့်သာမဟုတ်လျှင် ထိုမျှ ကြောက်နေလိမ့်မည်မဟုတ်ချေ။
သို့ရာတွင် ဒါကလည်း ကြောင်တောင်တောင်နိုင်သလို သူက ခံစားရသည်။
သူမ ကိုယ်တိုင်ကလည်း ဝိညာဉ်တစ်ကောင်ပဲလေ။ ဘာလို့ အခြားဝိညာဉ်တွေကို ကြောက်နေတာလဲ။ ဒါက ဆန့်ကျင်ဘက်ဖြစ်နေသလိုပဲ။
သူက သူမကို ကြည့်လာကြောင်း မြင်သောအခါ နင်မုန့်က ကျောမတ်မတ် ရပ်လိုက်ပြီးနောက် လည်ချောင်းကို ရှင်းကာ ဖြောင့်မတ်မှန်ကန်သလို ပြောလိုက်သည်။
"ကောင်းပြီလေ၊ သူတို့ရဲ့နောက်က လိုက်သွားရအောင် "
လျိုရွှမ်းကလည်း ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်နိုင်ပြီဖြစ်သဖြင့် သဘာဝအလျောက်ပင် သူတို့၏နောက်မှလိုက်ရန် သဘောတူလိုက်သည်။
...
ချစ်စရာကောင်းလွန်းတယ်။
ငါ့ရဲ့ အင်္ကျီကိုဆုပ်ထားတဲ့ လက်ကိုသာ ဖြေလျော့ပေးမယ်ဆိုရင်ပေါ့။
ရှီချီရဲ့ လျှို့ဝှက်ဒိုင်ယာရီ
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။
Zawgyi
အခန္း (၄၈.၃) သူမက တကယ္ခ်စ္စရာေကာင္းတယ္ (၃)
ရွီခ်ီက အသီးလွီးဓားကို ယူၿပီး အသီးကို ျဖည္းညင္းစြာျဖင့္ အခြံႏႊာေနသည္။ သူ၏ လုပ္ေဆာင္မႈက ေၾကာ့ရွင္းၾကည့္ေကာင္းၿပီး သြက္လက္ကာ မ်က္စိေအးေစသည္။
နင္မုန႔္က သူ၏ လက္ကို မင္သက္စြာ စိုက္ၾကည့္ေနလိုက္သည္။
သူမ၏ေျမးျဖစ္သူက သာမန္႐ုပ္ရည္ၾကည့္ေကာင္းသည့္ အဆင့္မဟုတ္ေတာ့ေခ်။ သူ၏လက္မ်ားကပင္ အလြန္အမင္း ၾကည့္ေကာင္းေနျပန္သည္။ ဓားကို ကိုင္ထားခ်ိန္တြင္ ေအးစက္ၿပီး ေပ်ာ္႐ႊင္တက္ႂကြမႈမဲ့ေနေသးေစကာမူ သူက ပိုၿပီး သေဘာက်ဖြယ္ေကာင္းလာသည့္အျပင္ သူ၏ အနည္းငယ္ေကြးထားေသာ လက္ဆစ္မ်ားကပင္ ဆြဲေဆာင္မႈရွိေနသည္။
ရွီခ်ီက ေမာ့ၾကည့္လိုက္ေသာအခါ သူ၏လက္ကို စိုက္ၾကည့္ေနေသာ သူမကို ျမင္လိုက္ရသျဖင့္ ပန္းသီးကို ကမ္းေပးလိုက္သည္။
"စားခ်င္လို႔လား"
နင္မုန႔္က ေခါင္းခါသည္။
"မဟုတ္ပါဘူး"
သူမက သူ၏လက္ကို ၾကည့္႐ုံသာ ျဖစ္သည္။
ရွီခ်ီက ဆက္မေျပာေတာ့ဘဲ သူမ၏ ပုံရိပ္ကို စကၠန႔္အနည္းငယ္ခန႔္ အထိ စိုက္ၾကည့္ေနလိုက္သည္။
အခု သူမရဲ႕ ပုံရိပ္ကို သူ ရွင္းရွင္းလင္းလင္း ျမင္ႏိုင္ေနၿပီ။ မ်က္ႏွာ သြင္ျပင္ကေတာ့ ေဝဝါးေနတုန္းပဲ။ ဒါေပမယ့္ အရင္ကဆို မ်က္ႏွာကိုေတာင္ မျမင္ႏိုင္တာ။ ဒါထက္စာရင္ အမ်ားႀကီးေကာင္းတာေပါ့။
...
ညေမွာင္လာေသာအခါ ႐ြာထဲရွိလူတိုင္းက တံခါးကို ပိတ္သြားၾကသည္။
လ်ိဳ႐ႊမ္းက ဦးေလးလီဆီမွ ရေသာ ေရနံဆီမီးအိမ္ကို ယူလာရသည္။ သူတို႔၏ ႐ြာက ေခတ္ေနာက္က်သျဖင့္ လွ်ပ္စစ္မီးမရွိေလရာ ေရနံဆီမီးအိမ္ကိုသာ အားကိုးရသည္။
သူက တည္ၿငိမ္စြာေျပာျပသည္။
"ညဘက္မွာ အျပင္မထြက္နဲ႔ အျပင္မွာ သားရဲေတြရွိတယ္၊ မင္းကိုသာ ဆြဲေခၚသြားမယ္ဆိုရင္ ျပန္လာႏိုင္ေတာ့မွာ မဟုတ္ဘူး"
လ်ိဳ႐ႊမ္းကလည္း အံ့ဩသြားသည္။
"ဦးေလးလီ အရင္လ ကြၽန္မလာတုန္းက ဘာလို႔အဲ့ဒီလိုမေျပာတာလဲ"
ဦးေလးလီက ေျပာျပသည္။
"ဒါက ေဆာင္းတြင္းေလ၊ ရိတ္သိမ္းရာသီက အျခားရာသီေတြနဲ႔ ကြာျခားတယ္၊ အမ်ားႀကီး ေမးမေနပါနဲ႔၊ ညမွာ အိပ္ယာေစာေစာဝင္ၿပီး အျပင္မထြက္ရင္ အေကာင္းဆုံးပဲ"
"ဟုတ္ကဲ့ပါ"
လ်ိဳ႐ႊမ္းကလည္း ထူးဆန္းသည္ဟု ခံစားရသည့္တိုင္ေအာင္ နာခံစြာသာ တုန႔္ျပန္လိုက္သည္။
အသစ္ေဆာက္ထားေသာ ထိုအိမ္တြင္ အခန္းတစ္ခန္းသာလွ်င္ ရွိသျဖင့္ ေနရာခြဲျခားရန္ ျပႆနာျဖစ္လာသည္။ ထို႔ေၾကာင့္ သူမက စီနီယာအစ္မႏွင့္ စီနီယာက အတူအိပ္ရန္ မျဖစ္ႏိုင္ဟု ေတြးလိုက္မိၿပီး ေမးလိုက္သည္။
"စီနီယာအစ္မ ကြၽန္မနဲ႔ အတူအိပ္မလား၊ ဒီအဝတ္အစားအတိုင္း အိပ္တာလည္း အဆင္ေျပတာပဲ၊ စီနီယာကေတာ့ ... "
ရွီခ်ီက စကားကို ျဖတ္ေျပာလိုက္သည္။
"မလိုဘူး၊ ဒီည အိပ္ဖို႔မလိုဘူး"
လ်ိဳ႐ႊမ္း၏ စကားက လည္ေခ်ာင္းတြင္ ျပန္တစ္သြားၿပီး သူမက လက္ဖဝါးကို ခပ္တင္းတင္း ဆုပ္လိုက္သည္။
ငါ ဘာလို႔ စီနီယာအစ္မနဲ႔ စကားကို အလြယ္တကူ ေျပာလို႔မရႏိုင္တာလဲ။
နင္မုန႔္က ေခါင္းလွည့္လာၿပီး သိခ်င္စိတ္ျပင္းျပစြာျဖင့္ ေမးလိုက္သည္။
"နင္ ဘာကို ရွာေတြ႕ထားလို႔လဲ"
စနစ္က ေျပာေသာ စကားအရ ေရစြမ္းအင္ပိုကဲေသာ ခႏၶာကိုယ္ ပိုင္ဆိုင္ထားသူမ်ားက သာမန္မဟုတ္ဘဲ ထူးျခားေသာ အေျခအေန ျဖစ္လာေအာင္ ဆင့္ေခၚႏိုင္သလိုမ်ိဳး လုပ္ႏိုင္သည့္ အခြင့္အေရးပိုမ်ားေလသည္။ အျခားစကားျဖင့္ ဆိုရေသာ္ သူမ၏ ႐ုပ္ပိုင္းဆိုင္ရာအေျခအေနေၾကာင့္ တုန႔္ျပန္သည့္အေနျဖင့္ ပုံမွန္ထက္လြန္ကဲေသာ တစ္စုံတစ္ရာ ျဖစ္လာေလာက္ေပသည္။
႐ြာက ေမွာင္သြားေသာအခါ မည္သည့္အသံမွ မရွိေတာ့ေခ်။ ေခြးေဟာင္သံပင္ မၾကားရဘဲ အလြန္တိတ္ဆိတ္လြန္းေနသည္။ ပို၍ဆိုးသည္မွာ ႐ြာ၏အပူခ်ိန္က ဒီဂရီမ်ားစြာ က်သြားသည္ဟု ခံစားေနရသည္။ သို႔ရာတြင္ သူမ၏ေဘးမွ လ်ိဳ႐ႊမ္းကမူ တုန႔္ျပန္မႈမရွိေခ်။
ေျပာရရင္ ဒီလိုခံစားခ်က္ကို သူတစ္ေယာက္တည္း ရေနတာပဲ။
အျခားစကားႏွင့္ဆိုရေသာ္ သူမက ပတ္ဝန္းက်င္ရွိ ေရ၊ေလေအးမ်ားကို ခံစားမိေသာေၾကာင့္ ေအးစက္သည္ဟုခံစားရျခင္း ျဖစ္ေလာက္သည္။
ထို႐ြာက သူမခန႔္မွန္းထားသည့္အတိုင္း ပုံမွန္မဟုတ္ေသာအရာ ရွိေနသည္။ ဒီ႐ြာတြင္ ဒီေနရာတစ္ခုတည္းသာ ရွိေနေသာ္လည္း ဂူဘုရားေက်ာင္းကို တည္ေဆာက္ထားျခင္းက ေမးခြန္းတစ္ခု ျဖစ္လာသည္။
လ်ိဳ႐ႊမ္းကမူ တိတ္ဆိတ္၍သာ ေနၿပီး အခန္းထဲသို႔ ေရနံဆီမီးအိမ္ကို ယူသြားသည္။ အိပ္ခန္းျပတင္းကို ဖြင့္လိုက္ေသာအခါ အျပင္မွေလေအးမ်ားတိုက္လာသျဖင့္ လိုက္ကာက လြင့္ေနသည္။ ထို႔ေၾကာင့္ သူမက ျပတင္းေပါက္ကို သြားပိတ္ရန္ ျပင္ဆင္လိုက္ေသာ္လည္း မေမွ်ာ္လင့္စြာပင္ အေရွ႕အျပင္ဘက္ရွိ ျမင္ကြင္းေၾကာင့္ အံ့ဩသြားၿပီး အသံတစ္ခုၾကားမွသာ အသိျပန္ဝင္လာသည္။
သူမ၏ ေက်ာကုန္းတြင္ ေခြၽးေစးမ်ား႐ႊဲသြားသည္။ ၾကက္သီးမ်ားကလည္း ထလာသည္။
လ်ိဳ႐ႊမ္းက မ်က္ေတာင္တစ္ခ်က္ခတ္ၿပီးေနာက္တြင္ သူျမင္သည့္ ျမင္ကြင္းက ရွိေနေသးေလရာ အိပ္ခန္းထဲသို႔ ျပန္ေျပးလာသည္။
နင္မုန႔္က အထိတ္တလန႔္ျဖစ္ေနေသာ သူမကို ၾကည့္သည္။
"ဘာျဖစ္တာလဲ"
လ်ိဳ႐ႊမ္းက အိပ္ခန္းဘက္သို႔ လက္ညႇိဳးထိုးၿပီးေျပာျပသည္။
"ျပတင္းေပါက္အျပင္ဘက္မွာ လူေတြ အမ်ားႀကီးပဲ"
အိပ္ခန္းက ႐ြာ၏အေနာက္ဘက္ကို မ်က္ႏွာမူထားျခင္း ျဖစ္ၿပီး ျမစ္ဘက္သို႔ မူတည္သည္။
ရွီခ်ီႏွင့္ နင္မုန႔္တို႔က ျပတင္းေပါက္နားသို႔ ေလွ်ာက္သြားလိုက္ေသာအခါ အေမွာင္ထဲတြင္ ေလွ်ာက္သြားေနေသာ ပုံရိပ္မ်ားစြာကို ျမင္လိုက္ရၿပီး အသံမ်ားကလည္း ပဲ့တင္ထပ္သလိုမ်ိဳး ထြက္လာသည္။
နင္မုန႔္က ထခုန္မိမတတ္ျဖစ္သြားသည္။
"ညလယ္ေခါင္မွာ လူတစ္စုပါလား၊ သူတို႔က လူလား သရဲလား၊ သူတို႔အဲ့ဒီကို ဘာသြားလုပ္ေနၾကတာလဲ"
ထိုျမင္ကြင္းက ေၾကာင္ေတာင္ေတာင္ ႏိုင္သည္။ အနက္ေရာင္တိမ္စိုင္မ်ားက ဖုံးလႊမ္းထားေသာေၾကာင့္ လက တစ္ဝက္သာလွ်င္ ျမင္ရသည့္တိုင္ေအာင္ အလင္းေရာင္အနည္းငယ္ေတာ့ က်ေနေသးသည္။
ထိုနည္းျဖင့္ တစ္ဖက္မွ ျမင္ကြင္းကို လွလွပပ ေရာင္ျပန္ဟပ္ေနေစသျဖင့္ ပုံရိပ္ရွည္မ်ားကို ျမင္ႏိုင္သည္။
တစ္ေယာက္ၿပီးတစ္ေယာက္ အကြာအေဝးတစ္ခုျခားလ်က္ အရပ္ျမင့္သူက ျမင့္၊ ပုသူက ပု၊ အရပ္မမညီညာေသာ အေနအထားမ်ိဳးျဖင့္ သြားလာေနၾကျခင္း ျဖစ္သည္။ အေမွာင္ထဲတြင္ ထိုလူတန္းရွည္ႀကီး၏အဆုံးကိုပင္ ေသခ်ာမျမင္ႏိုင္ေခ်။
"ဒါက ႐ိုးရာဓေလ့ပြဲေတာ္ကို လုပ္ေနသလိုမ်ိဳးပဲ"
လ်ိဳ႐ႊမ္းက အေနာက္မွ ေလွ်ာက္လာႏွင့္ၿပီျဖစ္သည္။ သူမက မ်က္ႏွာျဖဴေဖ်ာ့ေနသည္။
"အရင္တစ္ေခါက္ ကြၽန္မလာတုန္းက ဒီလိုမ်ိဳးမရွိပါဘူး၊ သူတို႔က ဘာေတြ လုပ္ေနၾကတာလဲ"
ရွီခ်ီက ႐ုတ္တရက္ ေျပာသည္။
"႐ြာက လူတိုင္းအဲ့ဒီမွာ ရွိေနေလာက္တယ္"
သူ၏စကားကို ေျပာၿပီးေနာက္တြင္ ဧည့္ခန္းမ်က္ႏွာခ်င္းဆိုင္ရွိ တံခါးက ကြဲအက္သံထြက္လာၿပီး တြန္းဖြင့္ခံလိုက္ရသည္။ အသံကလည္း သူတို႔ထံေရာက္လာသည္။
ရွီခ်ီက ဝင္လာျခင္း ျဖစ္သည္။
နင္မုန႔္က ႐ုတ္တရက္ ခန႔္မွန္းမိသြားသည္။
"သူတို႔က ျမစ္ဆီကို သြားတာလား၊ တံတားကို ေက်ာ္ျဖတ္ၿပီး ေတာင္တစ္ဖက္ျခမ္းကို သြားတာျဖစ္ေလာက္တယ္"
ထိုသို႔ဆိုလွ်င္ ထိုေတာင္ေပၚတြင္ ဂူဘုရားေက်ာင္းရွိေနေလရာ အရာအားလုံး၏ အရင္းအျမစ္ ျဖစ္ေကာင္းျဖစ္ေနႏိုင္သည္။
ထိုေနရာတြင္ ဖိႏွိပ္ခံထားရေသာ သရဲရွိသည့္အျပင္ ဓားေျမႇာင္လည္း ရွိသည္။ ထို႔ေၾကာင့္ ေတြးရန္ပင္မလိုေလာက္ေအာင္ ဒါက ဒီ႐ြာမွလူမ်ားႏွင့္ ပတ္သတ္ေနေလာက္သည္။
ဒီဘုရားေက်ာင္းကိုေတာင္ ဒီ႐ြာကလူေတြ တည္ေဆာက္ထားတာ ျဖစ္ရမယ္။
ရွီခ်ီက အိပ္ခန္းထဲသို႔ ျပန္သြားၿပီးေနာက္ အိပ္ခန္းထဲရွိ လိုက္ကာမ်ားအားလုံးကို အားျဖင့္ ဆြဲဖြင့္လိုက္သည့္အခါ အျပင္ဘက္ရွိ ျမင္ကြင္းက သူတို႔ထံေရာက္လာသည္။
ျပတင္းေပါက္က ႐ြာ၏လမ္းႏွင့္ မ်က္ႏွာမူေနျခင္းျဖစ္သျဖင့္ တစ္ဖက္၏ မ်က္ႏွာမ်ားကို ျမင္ႏိုင္လိုက္သည္။
မ်က္ႏွာခ်င္းဆိုင္ တံခါးကို ဖြင့္လိုက္ေသာအခါ ေထာင့္ခ်ိဳးအရ မ်က္ႏွာခ်င္းဆိုင္ကဲ့သို႔ ျဖစ္သြားသျဖင့္ လမ္းတြင္ ရပ္ေနေသာလူမ်ားက တူညီေသာပုံစံျဖင့္ ေလွ်ာက္ေနေၾကာင္းကို ထင္ထင္ရွားရွား ျမင္လိုက္ရသည္။ ထိုျမင္ကြင္းက လူတိုင္းကို ၾကက္သီးထေစေလာက္သည္။
နင္မုန႔္က အားနည္းေဖ်ာ့ေတာ့စြာ ေျပာသည္။
"သူတို႔ သူတို႔ ဘာေတြလုပ္ေနၾကတာလဲ"
သူမက ရွီခ်ီ၏ အနားသို႔ တိုးသြားၿပီးေနာက္ သူ၏အရပ္သုံးကာ သူမ၏ ခႏၶာကိုယ္ေလးကို ကြယ္ထားလိုက္ၿပီး ႏွလုံးခုန္ႏႈန္းကပင္ ျမန္ဆန္လာသည္။ သူမက လ်ိဳ႐ႊမ္း၏ အသံကို ၾကားလိုက္ရသည္။
"အိပ္ေနရင္း လမ္းထေလွ်ာက္တာမ်ားလား"
သူမက ျဖစ္သင့္ေသာ အေျဖတစ္ခုကို ေပးလိုက္သည့္တိုင္ေအာင္ သူမကိုယ္တိုင္ပင္ ယုံၾကည္ျခင္းမရွိေပ။
တိမ္မည္းမ်ားက လြင့္ျပယ္သြားၿပီး လေရာင္က က်ဆင္းလာသည့္အခါ လူတိုင္း၏ မ်က္ႏွာကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ရၿပီး ပို၍ ပီသလာသည္။
လ်ိဳ႐ႊမ္းက မ်က္လုံးျပဴးသြားၿပီး ေအာ္လိုက္သည္။
"သူ႔ရဲ႕ မ်က္ႏွာမွာ မ်က္ႏွာဖုံးရွိတယ္"
ဒါက သူမရွာေနေသာ အနက္ေရာင္မ်က္ႏွာဖုံးျဖစ္ၿပီး ႐ြာသားတစ္ေယာက္က သူမ၏ မ်က္ႏွာႏွင့္ တစ္ေထရာထဲ တူေသာ သေကၤတပါသည့္ မ်က္ႏွာဖုံးကို ဝတ္ဆင္ထားသည္။
သူမက မွန္ထုတ္ၿပီး ၾကည့္လိုက္သည္။ သူမခႏၶာကိုယ္က တုန္ယင္ေနေတာ့သည္။ လ်ိဳ႐ႊမ္း၏ ႏႈတ္ခမ္းကလည္း တဆတ္ဆတ္ တုန္ယင္လာသည္။
"ကြၽန္မ ကြၽန္မ သူတို႔လို ျဖစ္လာမွာလား၊ အေသေကာင္လိုမ်ိဳး လမ္းေလွ်ာက္ေနရမွာေလ"
တစ္ေယာက္ၿပီးတစ္ေယာက္ျဖတ္သြားေနျခင္းကို နင္မုန႔္ကလည္း ျမင္လိုက္သည္။
အားလုံး၏ မ်က္ႏွာတြင္ မ်က္ႏွာဖုံးမ်ားရွိေနသည္။ မ်က္ႏွာဖုံးရွိ သေကၤတမ်ားက ပုံမွန္မဟုတ္ေပ။ သို႔ေသာ္ အေျခခံအားျဖင့္ လ်ိဳ႐ႊမ္းက ဆြဲျပဖူးေသာ ပုံစံႏွင့္ တူညီေနသည္။ သူတို႔က ေရာင္စုံမ်က္ႏွာဖုံးမ်ားကို ဝတ္ဆင္ထားၾကျခင္းျဖစ္ၿပီး အလြန္အမင္း ေၾကာက္လန႔္စရာေကာင္းကာ လေရာင္ေအာက္တြင္ ေျခာက္ျခားဖြယ္ ထူးဆန္းေနေတာ့သည္။
မ်က္ႏွာဖုံးေအာက္မွ သူတို႔၏ မ်က္ႏွာထားကို မျမင္ႏိုင္ေခ်။ သူတို႔က မ်က္ႏွာဖုံးမ်ားကို တပ္လ်က္ စက္႐ုပ္မ်ားလို လမ္းေလွ်ာက္ေနျခင္းကိုသာ ျမင္ႏိုင္သည္။ အခ်ိန္က တျဖည္းျဖည္း ကုန္လာေသာအခါ ေနာက္ဆုံး တစ္ေယာက္က ေက်ာ္ျဖတ္သြားၿပီး သူတို႔၏ ျမင္ကြင္းမွ ေပ်ာက္ကြယ္သြားသည္။
ရွီခ်ီက လိုက္ကာကို ပိတ္ၿပီးေနာက္ တည္ၿငိမ္စြာ ေျပာသည္။
"ေနာက္ကလိုက္ရေအာင္"
သူက ေနာက္သို႔ လွည့္လိုက္သည္ႏွင့္ သဘာဝအေလ်ာက္ပင္ သူ၏ အေနာက္တြင္ ပုန္းေနေသာ နင္မုန႔္ကို ျမင္လိုက္ရေသာ္လည္း သူမကို ရွက္မသြားေစရန္ ထုတ္မေျပာလိုက္ဘဲ ေလသံတိုးတိုးျဖင့္သာ ေျပာလိုက္ျခင္း ျဖစ္သည္။
သူက ကေလးဘဝကတည္းက သူ၏ အဘြားကိုယ္ထဲ ဝင္ပူးသြားေသာ ထိုဝိညာဥ္႐ိုင္းက အျခားေသာ ေလလြင့္ဝိညာဥ္မ်ားကို ျမင္ႏိုင္ေၾကာင္း သိခဲ့သည္။ သို႔ေသာ္ သူမက ထိုအတြက္ေၾကာင့္သာမဟုတ္လွ်င္ ထိုမွ် ေၾကာက္ေနလိမ့္မည္မဟုတ္ေခ်။
သို႔ရာတြင္ ဒါကလည္း ေၾကာင္ေတာင္ေတာင္ႏိုင္သလို သူက ခံစားရသည္။
သူမ ကိုယ္တိုင္ကလည္း ဝိညာဥ္တစ္ေကာင္ပဲေလ။ ဘာလို႔ အျခားဝိညာဥ္ေတြကို ေၾကာက္ေနတာလဲ။ ဒါက ဆန႔္က်င္ဘက္ျဖစ္ေနသလိုပဲ။
သူက သူမကို ၾကည့္လာေၾကာင္း ျမင္ေသာအခါ နင္မုန႔္က ေက်ာမတ္မတ္ ရပ္လိုက္ၿပီးေနာက္ လည္ေခ်ာင္းကို ရွင္းကာ ေျဖာင့္မတ္မွန္ကန္သလို ေျပာလိုက္သည္။
"ေကာင္းၿပီေလ၊ သူတို႔ရဲ႕ေနာက္က လိုက္သြားရေအာင္ "
လ်ိဳ႐ႊမ္းကလည္း ကိုယ့္ကိုယ္ကို တည္ၿငိမ္ေအာင္ ထိန္းလိုက္ႏိုင္ၿပီျဖစ္သျဖင့္ သဘာဝအေလ်ာက္ပင္ သူတို႔၏ေနာက္မွလိုက္ရန္ သေဘာတူလိုက္သည္။
...
ခ်စ္စရာေကာင္းလြန္းတယ္။
ငါ့ရဲ႕ အက်ႌကိုဆုပ္ထားတဲ့ လက္ကိုသာ ေျဖေလ်ာ့ေပးမယ္ဆိုရင္ေပါ့။
ရွီခ်ီရဲ႕ လွ်ိဳ႕ဝွက္ဒိုင္ယာရီ
Telegram မွာ အၿပီးအထိ တင္ၿပီးပါၿပီေနာ္။