ကူးပြောင်းလာတိုင်း အမျိုးသားဇ...

By Swae_Nyoe

124K 13.4K 137

ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့... More

Description
Part 1
Part 2
Part 3
Part 4
Part 5.1
Part 5.2
Part 6
Part 7
Part 8
Part 9.1
Part 9.2
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18.1
တယ်လီဂရုရရှိပါကြောင်း..
Part 18.2
Part 18.3
Part 19.1
Part 19.2
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26.1
Part 26.2
Part 27
Part 28
Part 29
Part 30
Part 31
Part 32
ပေးဂရု ပြီးဆုံးကြောင်း ကြေညာချက်..
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48.1
Part 48.3
Part 49.1
Part 49.2
Part 49.3
Part 50.1
Part 50.2
Part 50.3
Part 51.1
Part 51.2
Part 52
Part 53.1
Part 53.2
Part 53.3
Part 54
Part 55.1
Part 55.2
Part 55.3
Part 56
Part 57.1
Part 57.2
Part 57.3
Part 58
Part 59.1
Part 59.2
Part 60.1
Part 60.2
Part 60.3
Part 61
Part 62
Part 63
Part 64
Part 65
Part 66.1
Part 66.2
Part 67
Part 68
Part 69.1
Part 69.2
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part 105
Part 106
Part 107
Part 108
Telegram ကို လာခဲ့နော်
Part 109
Part 110
Completed in Telegram
Part 111
Part 111.2

Part 48.2

668 94 0
By Swae_Nyoe

အခန်း (၄၈.၂) သူမက တကယ် ချစ်စရာကောင်းတယ် (၂)

သူတို့၏ အရှေ့တွင် မြစ်က ထင်ရှားစွာ ပေါ်လာသဖြင့် အလွယ်တကူ အနီးကပ်မြင်နိုင်သည်။

ဆယ်မီတာခန့်ရှည်ပြီး နှစ်ဖက်ကို သွယ်ဆက်ထားသည်။ နှစ်ဖက်လုံးတွင်လည်း တောအုပ်များ ရှိသော်လည်း မျက်နှာချင်းဆိုင်ကန်၏ တစ်ဖက်မှ တောအုပ်တွင်မူ သိပ်မမြင့်သော တောင်ကို မြင်နိုင်သည်။ ကျန်သော အရာတိုင်းက တူသည်။

လျိုရွှမ်း၏ အသက်ရှူနှုန်းက မြန်လာပြီး မနေနိုင်ဘဲ ပြေးလိုက်မိသည်။ သူမက ထိုမြစ်ဟောင်းပေါ်တွင် မျက်နှာဖုံးကို ရှာတွေ့ခဲ့သည်။

သူမက သူမနှင့်အတူ အမြဲသယ်သွားလေ့ရှိသော သေးငယ်သော မှန်အဝိုင်းလေးကို အိတ်ကပ်ထဲမှ ထုတ်လိုက်ပြီးနောက် မျက်နှာကို ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း မျက်နှာဖုံးတွင် သင်္ကေတများကို မြင်နိုင်ပေသည်။

မူလတွင် မျက်နှာဖုံးက အနက်ရောင်ပြောင်ဖြစ်ပြီး မျက်လုံး၊ နှာခေါင်း၊ ပါးစပ်ကဲ့သို့ နေရာများတွင် အပေါက်ဖြစ်နေသည်။ သို့သော် ယခုမူ နေရာတိုင်းက ရောင်စုံဖြစ်နေပြီး သင်္ကေတများကိုပင် ကျော်ဖြတ်လျက် အနက်ရောင်ကို မြင်နိုင်နေသည်။

ပုံစံက ပေကျင်းရဲ့ အော်ပရာမျက်နှာဖုံးနဲ့ တူတယ်။

မြစ်က တည်ငြိမ်နေသည်။ လျိုရွှမ်းကမူ အနောက်မှလူနှစ်ယောက်ကို မေ့သွားပြီး ‌ရှေးဟောင်း တံတားထံ အပြေးသွားလိုက်ကာ သူမတွေ့ခဲ့ရသော ထိုမျက်နှာဖုံးကို လိုက်ရှာလေသည်။

ရှီချီ၏ဘေးတွင် လျှောက်နေသော နင်မုန့်ကလည်း အခြားတစ်ဖက်သို့ ကြည့်လိုက်သည်။

ဝတ္ထုက ပြောထားတဲ့အတိုင်းဆိုရင် ဂူဘုရားကျောင်းပါ။ ဒါပေမယ့် ဘယ်နေရာလဲဆိုတာကို သေချာပြောမထားဘူး။ ပတ်ဝန်းကျင်ကို ကြည့်ရတာ မျက်နှာချင်းဆိုင်တောင်ပေါ်ကို တက်တဲ့ လမ်းတစ်ဝက်မှာ ဖြစ်လောက်တယ်။ ဒါပေမယ့် အခုတောအုပ်က ပိတ်နေတော့ သေချာမမြင်နိုင်ဘူး။

သို့သော် ဒီနေရာမှ လှမ်းကြည့်လိုက်သည့်အခါ တစ်ဖက်ခြမ်းက မည်းမှောင်ကာ အုပ်ဆိုင်းနေသည်။

ရှီချီက မြစ်ကမ်းဘေးသို့ လျှောက်သွားသောအခါ သူက ရေထဲသို့ လက်တစ်ချောင်း နှစ်ကြည့်လိုက်ပြီးနောက် လျှာဖြင့် တို့ကြည့်ကာ မျက်မှောင်ကြုတ်သည်။

"ရေသေပဲ"

နင်မုန့်က ထိုအခါမှသာ တုန့်ပြန်လိုက်သည်။

"ဒီလောက်မြစ်အရှည်ကြီးက ရေသေရှိတာလား"

ရှီချီက ခေါင်းညိတ်သည်။

"ဒီမြစ်က ပုံမှန်မဟုတ်ဘူး၊ တံတားကို တစ်ချက်သွားကြည့်ရအောင် "

ရေသေနှင့် ရေရှင်တွင် ကွာခြားချက်က ကြီးသည်။ ရေရှင်က ရေအရင်းအမြစ်အဖြစ် သတ်မှတ်၍ ရပြီး တိရစ္ဆာန်များကလည်း ရှင်သန်နိုင်သည်။ အထဲတွင် လူများ သောက်သုံးရန်အတွက် ဘက်တီးရီးယားပိုးပေါင်းများစွာ ရှိနေသည့်တိုင်အောင် သောက်ချင်လျှင် အဆင်ပြေနိုင်သေးသည်။ သို့ရာတွင် ရေသေကို သောက်သုံးလိုက်မိလျှင်မူ ထိုပိုးများကြောင့် သေသွားနိုင်သေးသည်။

ဒီမြစ်ကလည်း မြေပုံတွင် မပါသည့်အတွက် မည်မျှရှည်ကြောင်း သူတို့က မသိနိုင်ပေ။

လျိုရွှမ်းက ကျောက်တုံးတံတား၏ သုံးပုံတစ်ပုံခန့်တွင် ရပ်နေသည်။ ကျောက်တုံးတံတားကြီးက နှစ်မီတာခန့် ကျယ်သည်။ နေရာတိုင်းတွင်လည်း ကျနေသော ရွက်ကြွေများနှင့် ကျောက်စရစ်များက ရှိနေပြီး အချို့သော အကြွင်းအကျန်များကိုလည်း မြင်နိုင်သည်။

"အလို ဘယ်လိုဖြစ်ပြီး မရှိတော့လဲ "

သူမက ရေရွတ်ပြီး မျက်လုံးအပြူးသားဖြင့် တံတားပေါ်တွင် လိုက်ရှာနေသည်။

အချိန်တစ်ခုကြာပြီးနောက် သူမက ထိတ်လန့်သော မျက်နှာဖြင့် ထရပ်ကာ ယခုမှ ရောက်လာသော လူနှစ်ယောက်ကို ကြည့်ကာ နှုတ်ခမ်းကိုသပ်လျက်ပြောသည်။

"မျက်နှာဖုံးက ပျောက်သွားပြီ"

လျိုရွှမ်းကလည်း သူမ၏အတန်းဖော်များနှင့် ဆော့နောက်ခဲ့ခြင်းကို ရှင်းရှင်းလင်းလင်း မှတ်မိပေသည်။ သူမက မျက်နှာဖုံးကို ဒီနေရာတွင် ပစ်ချထားခဲ့သည်။ တစ်စုံတစ်ယောက်က မယူသွားသမျှကာလပတ်လုံး ပျောက်သွားစရာအကြောင်းမရှိပေ။

အဲ့ဒီမျက်နှာဖုံးက။

သူမက တံတားအောက်ဘက်ပိုင်းသို့ လိုက်ကြည့်သော်လည်း မတွေ့ရပြန်ချေ။

နင်မုန့်က သူမ၏ မျက်နှာပေါ်တွင် ရှိသော အုံ့ဆိုင်းနေသည့် အမှောင်ထုကို ကြည့်ပြီး နှစ်သိမ့်ပေးလိုက်သည်။

"အရင်က ရွာသားတစ်ယောက်က ယူသွားတာ ဖြစ်မှာပါ၊ ဒါမှမဟုတ် ကလေးတွေ ယူသွားတာလဲ ဖြစ်နိုင်တာပဲ"

လျိုရွှမ်းက ခေါင်းညိတ်ရုံသာတတ်နိုင်သည်။

တံတားပေါ်တွင် ရပ်နေပြီး မြစ်ကို စိုက်ကြည့်ရခြင်းက ကမ်းစပ်မှ ကြည့်ခြင်းနှင့် ကွာခြားသည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် အဆုံးသတ်ကို မမြင်နိုင်ပေ။ မြစ်က ငြိမ်နေပြီး ရွက်ကြွေများက မကြာခဏ ကျလာလေ့ရှိသည်။

ရှီချီက သာမန်ကာ လျှံကာ ပြောလာသည်။

"မရှိတော့ဘူးဆိုမှတော့ အရင် ပြန်ကြစို့ "

လျိုရွှမ်းက ရွေးချယ်စရာမရှိဘဲ လက်လျော့လိုက်ရသည်။ ရွာသားများ ယူသွားခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ထို့ကြောင့် ပြန်ပြီးမေးကြည့်ရပေမည်။

ညနေလေးနာရီကျော်နေပြီဖြစ်သဖြင့် သူတို့က ဒီနေရာသို့ လာရန် အချိန် သုံးနာရီကျော်ခန့် သုံးထားရသေးလေရာ မြစ်တွင် နေသောအချိန်ကို ပေါင်းထည့်လိုက်သောအခါ အချိန်အလွန်ကုန်နေပြီဖြစ်သည်။

ထိုနေရာက ဆောင်းတွင်းတွင် ပုံမှန်ထက် စောစော မှောင်လေ့ရှိသည်။ ထို့ကြောင့် ရွာရှိလူများကလည်း ညစာပြင်ဆင်နေကြပြီဖြစ်သည်။ တောအုပ်ထဲမှပင် ထွက်လာသော မီးခိုးများကို မြင်နိုင်ပေသည်။ အပြင်သို့ ထွက်သွားသော လူများကလည်း ပြန်ရောက်လာကြပြီး အတူတကွ စုစည်းနေကြပြီဖြစ်သည်။

ထိုအခြေအနေကို မြင်သောအခါ ရွာတွင် လူအလွန်များကြောင်း မြင်လိုက်ရသည်။ မိသားစု ဆယ်စုကျော်လောက်သည် မိသားစုတစ်စုတွင် နှစ်ယောက် သုံးယောက်ခန့်ရှိပြီး အားလုံးပေါင်းလိုက်သော် လူအယောက်တစ်ရာကျော်နိုင်သည်။

ရွာတွင် ရှိသော လူအရေအတွက်အရ သေးငယ်သည်ဟု သတ်မှတ်၍ မရချေ။

ဦးလေးလီဟု ခေါ်သော သက်လတ်ပိုင်းလူက သူတို့ကို ရွာသူကြီးနှင့် တွေ့ရန် ခေါ်သွားပေသည်။

လမ်းတွင် လျိုရွမ်းက သာမန်ပုံစံဖြင့် မေးသလို ဟန်ဆောင်၍ မေးလိုက်သည်။

"ဦးလေးလီ ကျွန်မ အရင်တစ်ခေါက် မြစ်ကမ်းဘေးမှာ စခန်းချသွားသေးတယ်၊ မြစ်က သက်တမ်းကြာနေပြီ မဟုတ်လား"

ဦးလေးလီက ခေါင်းညိတ်သည်။ "ငါ ငယ်ငယ်ကတည်းက ဒီမြစ်ကို မြင်ခဲ့ရတာပဲ၊ ကြည့်ရတာ အစောပိုင်းထဲက တည်ရှိနေတဲ့ပုံပါ၊ နှစ်တွေ ဘယ်လောက်ကြာမှန်းတောင် မသိတော့ဘူး၊ ဒါပေမယ့် ရေအနီးအနားကို တစ်ခါမှ မသွားဖူးဘူး"

လျိုရွှမ်းက မေးသည်။

"ဘာလို့လဲ၊ ရွာနဲ့ သိပ်ဝေးတာမှမဟုတ်တာ"

"ဘာလို့လဲဆိုတော့ မြစ်က ရေသေပဲ ရှိတာလေ၊ ရေသေက သောက်လို့မရဘူး၊ ငါတို့မှာလည်း ရေသောက်ဖို့အတွက် ကိုယ်ပိုင်ရေတွင်းတွေရှိတယ်၊ ဘယ်သူကမှလည်း မြစ်ကမ်းနားမှာ သွားပြီး မဆော့ကြဘူး"

ဦးလေးလီက ထူးမခြားနားသလို ဆက်ပြောလာသည်။

"ဘာလို့ မင်းက မေးတာလဲ၊ အရင်တစ်ခေါက်က မင်းကို သတိပေးဖို့ မေ့သွားခဲ့တာ "

လျိုရွှမ်းက မည်သို့ တုန့်ပြန်ရမည်ဖြစ်ကြောင်း မသိတော့ချေ။ သူမ၏ ခေါင်းထဲတွင် အတွေးများက အလုံးကြီးတစ်လုံးလိုပင် စုပုံနေပြီဖြစ်သည်။

နင်မုန့်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။

"ဒါဆိုရင်ကျောက်တုံးတံတားအကြောင်းကရော "

ဦးလေးလီက ကြောင်သွားပြီးနောက် တွေးတောကာ ဖြေသည်။

"ကျောက်တုံးတံတားလား၊ အဲ့ဒါက ရှိနေတာကြာပါပြီ၊ ဘယ်ချိန်ထဲက ရှိသလဲတော့ မသိတော့ဘူး၊ မျက်နှာချင်းဆိုင် ဘက်ခြမ်းမှာ သားရဲတွေရှိလို့ ငါတို့ဖြတ်ခဲတယ်၊ လူတစ်ယောက်တော့ အဲ့ဒီဘက်ကို သွားဖူးပေမယ့် တစ်ခါမှ ပြန်မလာတော့ဘူး "

ထိုသို့ဖြင့် သူက နောင်တရသော မျက်နှာထားမျိုးဖြစ်သွားသည်။ သို့ရာတွင် ရှီချီကမူ အတွေးနက်နေဟန်ဖြင့် တည်ငြိမ်သောရွာကို ဂရုတစိုက်ကြည့်သည်။

ဦးလေးလီက အကြောင်းအရာ ပြောင်းလိုက်သည်။

"ရောက်ပြီ"

ရွာရှိ အကောင်းဆုံးအိမ်က ဦးလေးလီ၏ သားဖြစ်သူ လက်ထပ်ပြီးလျှင် နေမည်ဟူသော အိမ်ဖြစ်ပြီး နောက်တစ်အိမ်ကမူ ရွာလူကြီး၏ အိမ်ဖြစ်သည်။ ထိုအိမ်ကိုလည်း ဘိလပ်မြေဖြင့် ဆောက်ထားသည်။

ရွာလူကြီးကလည်း သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်ပြီး ဦးလေးလီနှင့် အသက်တူသည်။ သို့သော် သူကပိုပြီး ဉာဏ်ကောင်းဟန် ရသည်။

"မင်းတို့ လူငယ်တွေ ရွာတွေကို ခရီးသွားရတာ တကယ်ကြိုက်တာပဲ၊ ငါတို့ရဲ့ ရွာကို ဘယ်သူမှ မလာသလောက်နီးပါးပဲ၊ အခုတော့ ဆန့်ကျင်ဘက်ဖြစ်နေပြီ"

သူတို့၏ ရွာမှ လူငယ်များက ရွာမှထွက်သွားကြပြီး လူကြီးများကမူ ကျန်နေရစ်ခဲ့ကာ လယ်ယာ အလုပ်လုပ်ကြသည်။

လျိုရွမ်းက ရှီချီက စကားမပြောချင်ကြောင်း မြင်သောအခါ သူမက ဘာသာသာ သူတို့နှင့် စကားပြောနေလိုက်ပြီး သတင်းအချက်အလက်ရအောင် စုဆောင်းလိုက်သည်။ အဆုံးတွင် သူမက မနေနိုင်တော့ဘဲ မေးလိုက်သည်။

"ရွာသူကြီး အနက်ရောင်မျက်နှာဖုံးကို မြင်ဖူးလား"

ရွာသူကြီးက စကားပြောခြင်းကို ရပ်တန့်လိုက်သည်။

"မျက်နှာဖုံး ဟုတ်လား "

လျိုရွှမ်းက သူမ၏ အိတ်ထဲမှ ပုံကို ထုတ်လိုက်ပြီးနောက် စားပွဲပေါ်တွင် တင်ကာ ဖော်ပြလိုက်သည်။

"အရမ်းကို သာမန်ကျတဲ့ မျက်နှာဖုံးပဲ၊ တစ်ခုလုံး မည်းနေတာ"

ရွာသူကြီးက အချိန်အတန်ကြာ စိုက်ကြည့်ပြီးနောက် စကားအနည်းငယ် ပြောလိုက်သည်။

"ငါ တစ်ခါမှမမြင်ဖူးဘူး"

မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဦးလေးလီ၏ အမူအရာက မကောင်းဘဲ ကျယ်လောင်စွာ မေးသည်။

"မင်းတို့က ဒီနေရာကို ရတနာရှာဖို့ လာတာလား၊ ခရီးသွားအနေနဲ့ လာတာမဟုတ်ဘူးလား"

အစောပိုင်းနှစ်များတွင်လည်း ရတနာရှာရတာ သဘောကျသည့် လူအချို့အကြောင်းကို ကြားခဲ့ဖူးသည်။ ညအချိန်တွင် လူအများ၏အိမ်သို့ပင် ဝင်ကာ သူတို့၏ ပစ္စည်းများကို ယူဆောင်သွားလေ့ရှိသည်။

နင်မုန့်က လျိုရွှမ်းက ကြောင်သွားကြောင်း မြင်သောအခါ အလျင်အမြန် ဝင်ပြောလိုက်သည်။

"မဟုတ်ပါဘူး၊ ဦးလေးလီရဲ့၊ ဦးလေး နားလည်မှုလွဲနေပြီ၊ လျိုရွှမ်းက အရင်တစ်ခေါက်က မျက်နှာဖုံးတစ်ခု ကျပျောက်ခဲ့တာလေ၊ ဒါပေမယ့် အခု မြစ်ကမ်းဘေးကို သွားရှာတော့ မတွေ့တော့လို့ လာမေးတာပေါ့ "

ထိုသို့ ရှင်းပြလိုက်သောအခါ လူနှစ်ယောက်၏ မျက်နှာထားက ပြန်ကောင်းသွားကြသည်။

လျိုရွှမ်းက အပြင်းအထန် ခေါင်းညိတ်သည်။

"ဟုတ်ပါတယ်"

ရှီချီကမူ စိုးရိမ်ဟန်မရဘဲ နင်မုန့်၏ နားနားတွင် ခပ်ဖြည်းဖြည်း ဝင်ပြောသည်။

"အဆင်ပြေတယ်၊ ဝင်ဖြတ်မပြောနဲ့ "

နင်မုန့်က လက်ကာပြပြီး ပြန်ဖြေသည်။

"နင် ငါတို့ကို အကန်ထုတ်ခံချင်နေတာလား "

သူတို့ကို ဖျောင်းဖျပြီးနောက်တွင် ရွာသူကြီးနှင့် ဦးလေးလီတို့က သံသယမဝင်တော့ချေ။ အကြီးမားဆုံးသော အကြောင်းပြချက်ကမူ သူတို့က ငယ်ပြီး အထက်တန်းကျောင်းသား ကျောင်းသူများသာ ဖြစ်နေသောကြောင့် ဖြစ်သည်။

ဦးလေးလီက သူတို့အတွက် ညစာပြင်ပေးသည်။ သို့သော် နင်မုန့်နှင့် ရှီချီကမူ မစားချေ။

ဒီရွာက ကြောင်တောင်တောင်နိုင်သောကြောင့် သို့မဟုတ် သူတို့က ကျောက်တုံးတံတားပေါ်က ပျောက်သွားသော မျက်နှာဖုံးကိစ္စကို ကြုံတွေ့ခဲ့ရသောကြောင့်လည်း ဖြစ်နိုင်ပေသည်။

ထို့အစား သူတို့က သူတို့ပြင်ဆင်လာသောအစားအစာများကို ကားထဲတွင်သာ စားကြသည်။ အားလုံးက နင်မုန့်ကြိုက်သော စားစရာများဖြစ်နေသည်။ သူမက ဖရဲစေ့အိတ်တစ်အိတ်ပင် မြင်ခဲ့ရသေးသည်။

ငါ့ရဲ့ ကြာရှည်စွာ ပျောက်ဆုံးပြီး သက်မဲ့နေရတဲ့ ဖရဲစေ့တွေ။

သူမက နင်နင်၏ အိမ်တွင် ထိုအကြောင်း အချိန်တန်ကြာ ပြောဖြစ်သော်လည်း မဝယ်ရဲခဲ့ချေ။ မည်သို့ပင်ဆိုစေ ဒါက အဆာပြေမုန့်မျှသာဖြစ်ပြီး စျေးက အလွန်မြင့်သည်။

လျိုရွှမ်းက သူတို့က အခြားလုပ်စရာကိစ္စရှိသည်ဟု ထင်ပြီး မလိုက်ခဲ့ချေ။

နင်မုန့်က ဖရဲစေ့စားနေရင်းမှ စနစ်ကို ပြောလိုက်သည်။

"ငါ တကယ် ဒီဖရဲစေ့ကို လွမ်းနေတာ၊ ငါထွက်သွားတော့ စားပွဲပေါ်မှာ ကျန်ခဲ့တဲ့ တစ်ထုပ်ကိုတောင် ကုန်အောင် မစားခဲ့ရဘူး"

စနစ်က မေးသည်။

"ဒါက အဓိကစိုးရိမ်စရာကိစ္စလား "

####

Zawgyi

အခန္း (၄၈.၂) သူမက တကယ္ ခ်စ္စရာေကာင္းတယ္ (၂)

သူတို႔၏ အေရွ႕တြင္ ျမစ္က ထင္ရွားစြာ ေပၚလာသျဖင့္ အလြယ္တကူ အနီးကပ္ျမင္ႏိုင္သည္။

ဆယ္မီတာခန္႔ရွည္ၿပီး ႏွစ္ဖက္ကို သြယ္ဆက္ထားသည္။ ႏွစ္ဖက္လုံးတြင္လည္း ေတာအုပ္မ်ား ရွိေသာ္လည္း မ်က္ႏွာခ်င္းဆိုင္ကန္၏ တစ္ဖက္မွ ေတာအုပ္တြင္မူ သိပ္မျမင့္ေသာ ေတာင္ကို ျမင္ႏိုင္သည္။ က်န္ေသာ အရာတိုင္းက တူသည္။

လ်ိဳ႐ႊမ္း၏ အသက္ရႉႏႈန္းက ျမန္လာၿပီး မေနႏိုင္ဘဲ ေျပးလိုက္မိသည္။ သူမက ထိုျမစ္ေဟာင္းေပၚတြင္ မ်က္ႏွာဖုံးကို ရွာေတြ႕ခဲ့သည္။

သူမက သူမႏွင့္အတူ အၿမဲသယ္သြားေလ့ရွိေသာ ေသးငယ္ေသာ မွန္အဝိုင္းေလးကို အိတ္ကပ္ထဲမွ ထုတ္လိုက္ၿပီးေနာက္ မ်က္ႏွာကို ၾကည့္လိုက္သည္။ ေမွ်ာ္လင့္ထားသည့္အတိုင္း မ်က္ႏွာဖုံးတြင္ သေကၤတမ်ားကို ျမင္ႏိုင္ေပသည္။

မူလတြင္ မ်က္ႏွာဖုံးက အနက္ေရာင္ေျပာင္ျဖစ္ၿပီး မ်က္လုံး၊ ႏွာေခါင္း၊ ပါးစပ္ကဲ့သို႔ ေနရာမ်ားတြင္ အေပါက္ျဖစ္ေနသည္။ သို႔ေသာ္ ယခုမူ ေနရာတိုင္းက ေရာင္စုံျဖစ္ေနၿပီး သေကၤတမ်ားကိုပင္ ေက်ာ္ျဖတ္လ်က္ အနက္ေရာင္ကို ျမင္ႏိုင္ေနသည္။

ပုံစံက ေပက်င္းရဲ႕ ေအာ္ပရာမ်က္ႏွာဖုံးနဲ႔ တူတယ္။

ျမစ္က တည္ၿငိမ္ေနသည္။ လ်ိဳ႐ႊမ္းကမူ အေနာက္မွလူႏွစ္ေယာက္ကို ေမ့သြားၿပီး ‌ေရွးေဟာင္း တံတားထံ အေျပးသြားလိုက္ကာ သူမေတြ႕ခဲ့ရေသာ ထိုမ်က္ႏွာဖုံးကို လိုက္ရွာေလသည္။

ရွီခ်ီ၏ေဘးတြင္ ေလွ်ာက္ေနေသာ နင္မုန႔္ကလည္း အျခားတစ္ဖက္သို႔ ၾကည့္လိုက္သည္။

ဝတၳဳက ေျပာထားတဲ့အတိုင္းဆိုရင္ ဂူဘုရားေက်ာင္းပါ။ ဒါေပမယ့္ ဘယ္ေနရာလဲဆိုတာကို ေသခ်ာေျပာမထားဘူး။ ပတ္ဝန္းက်င္ကို ၾကည့္ရတာ မ်က္ႏွာခ်င္းဆိုင္ေတာင္ေပၚကို တက္တဲ့ လမ္းတစ္ဝက္မွာ ျဖစ္ေလာက္တယ္။ ဒါေပမယ့္ အခုေတာအုပ္က ပိတ္ေနေတာ့ ေသခ်ာမျမင္ႏိုင္ဘူး။

သို႔ေသာ္ ဒီေနရာမွ လွမ္းၾကည့္လိုက္သည့္အခါ တစ္ဖက္ျခမ္းက မည္းေမွာင္ကာ အုပ္ဆိုင္းေနသည္။

ရွီခ်ီက ျမစ္ကမ္းေဘးသို႔ ေလွ်ာက္သြားေသာအခါ သူက ေရထဲသို႔ လက္တစ္ေခ်ာင္း ႏွစ္ၾကည့္လိုက္ၿပီးေနာက္ လွ်ာျဖင့္ တို႔ၾကည့္ကာ မ်က္ေမွာင္ၾကဳတ္သည္။

"ေရေသပဲ"

နင္မုန႔္က ထိုအခါမွသာ တုန႔္ျပန္လိုက္သည္။

"ဒီေလာက္ျမစ္အရွည္ႀကီးက ေရေသရွိတာလား"

ရွီခ်ီက ေခါင္းညိတ္သည္။

"ဒီျမစ္က ပုံမွန္မဟုတ္ဘူး၊ တံတားကို တစ္ခ်က္သြားၾကည့္ရေအာင္ "

ေရေသႏွင့္ ေရရွင္တြင္ ကြာျခားခ်က္က ႀကီးသည္။ ေရရွင္က ေရအရင္းအျမစ္အျဖစ္ သတ္မွတ္၍ ရၿပီး တိရစာၦန္မ်ားကလည္း ရွင္သန္ႏိုင္သည္။ အထဲတြင္ လူမ်ား ေသာက္သုံးရန္အတြက္ ဘက္တီးရီးယားပိုးေပါင္းမ်ားစြာ ရွိေနသည့္တိုင္ေအာင္ ေသာက္ခ်င္လွ်င္ အဆင္ေျပႏိုင္ေသးသည္။ သို႔ရာတြင္ ေရေသကို ေသာက္သုံးလိုက္မိလွ်င္မူ ထိုပိုးမ်ားေၾကာင့္ ေသသြားႏိုင္ေသးသည္။

ဒီျမစ္ကလည္း ေျမပုံတြင္ မပါသည့္အတြက္ မည္မွ်ရွည္ေၾကာင္း သူတို႔က မသိႏိုင္ေပ။

လ်ိဳ႐ႊမ္းက ေက်ာက္တုံးတံတား၏ သုံးပုံတစ္ပုံခန႔္တြင္ ရပ္ေနသည္။ ေက်ာက္တုံးတံတားႀကီးက ႏွစ္မီတာခန႔္ က်ယ္သည္။ ေနရာတိုင္းတြင္လည္း က်ေနေသာ ႐ြက္ေႂကြမ်ားႏွင့္ ေက်ာက္စရစ္မ်ားက ရွိေနၿပီး အခ်ိဳ႕ေသာ အႂကြင္းအက်န္မ်ားကိုလည္း ျမင္ႏိုင္သည္။

"အလို ဘယ္လိုျဖစ္ၿပီး မရွိေတာ့လဲ "

သူမက ေရ႐ြတ္ၿပီး မ်က္လုံးအျပဴးသားျဖင့္ တံတားေပၚတြင္ လိုက္ရွာေနသည္။

အခ်ိန္တစ္ခုၾကာၿပီးေနာက္ သူမက ထိတ္လန႔္ေသာ မ်က္ႏွာျဖင့္ ထရပ္ကာ ယခုမွ ေရာက္လာေသာ လူႏွစ္ေယာက္ကို ၾကည့္ကာ ႏႈတ္ခမ္းကိုသပ္လ်က္ေျပာသည္။

"မ်က္ႏွာဖုံးက ေပ်ာက္သြားၿပီ"

လ်ိဳ႐ႊမ္းကလည္း သူမ၏အတန္းေဖာ္မ်ားႏွင့္ ေဆာ့ေနာက္ခဲ့ျခင္းကို ရွင္းရွင္းလင္းလင္း မွတ္မိေပသည္။ သူမက မ်က္ႏွာဖုံးကို ဒီေနရာတြင္ ပစ္ခ်ထားခဲ့သည္။ တစ္စုံတစ္ေယာက္က မယူသြားသမွ်ကာလပတ္လုံး ေပ်ာက္သြားစရာအေၾကာင္းမရွိေပ။

အဲ့ဒီမ်က္ႏွာဖုံးက။

သူမက တံတားေအာက္ဘက္ပိုင္းသို႔ လိုက္ၾကည့္ေသာ္လည္း မေတြ႕ရျပန္ေခ်။

နင္မုန႔္က သူမ၏ မ်က္ႏွာေပၚတြင္ ရွိေသာ အုံ႔ဆိုင္းေနသည့္ အေမွာင္ထုကို ၾကည့္ၿပီး ႏွစ္သိမ့္ေပးလိုက္သည္။

"အရင္က ႐ြာသားတစ္ေယာက္က ယူသြားတာ ျဖစ္မွာပါ၊ ဒါမွမဟုတ္ ကေလးေတြ ယူသြားတာလဲ ျဖစ္ႏိုင္တာပဲ"

လ်ိဳ႐ႊမ္းက ေခါင္းညိတ္႐ုံသာတတ္ႏိုင္သည္။

တံတားေပၚတြင္ ရပ္ေနၿပီး ျမစ္ကို စိုက္ၾကည့္ရျခင္းက ကမ္းစပ္မွ ၾကည့္ျခင္းႏွင့္ ကြာျခားသည္။ တစ္ခ်က္ၾကည့္႐ုံျဖင့္ပင္ အဆုံးသတ္ကို မျမင္ႏိုင္ေပ။ ျမစ္က ၿငိမ္ေနၿပီး ႐ြက္ေႂကြမ်ားက မၾကာခဏ က်လာေလ့ရွိသည္။

ရွီခ်ီက သာမန္ကာ လွ်ံကာ ေျပာလာသည္။

"မရွိေတာ့ဘူးဆိုမွေတာ့ အရင္ ျပန္ၾကစို႔ "

လ်ိဳ႐ႊမ္းက ေ႐ြးခ်ယ္စရာမရွိဘဲ လက္ေလ်ာ့လိုက္ရသည္။ ႐ြာသားမ်ား ယူသြားျခင္းလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ေပသည္။ ထို႔ေၾကာင့္ ျပန္ၿပီးေမးၾကည့္ရေပမည္။

ညေနေလးနာရီေက်ာ္ေနၿပီျဖစ္သျဖင့္ သူတို႔က ဒီေနရာသို႔ လာရန္ အခ်ိန္ သုံးနာရီေက်ာ္ခန႔္ သုံးထားရေသးေလရာ ျမစ္တြင္ ေနေသာအခ်ိန္ကို ေပါင္းထည့္လိုက္ေသာအခါ အခ်ိန္အလြန္ကုန္ေနၿပီျဖစ္သည္။

ထိုေနရာက ေဆာင္းတြင္းတြင္ ပုံမွန္ထက္ ေစာေစာ ေမွာင္ေလ့ရွိသည္။ ထို႔ေၾကာင့္ ႐ြာရွိလူမ်ားကလည္း ညစာျပင္ဆင္ေနၾကၿပီျဖစ္သည္။ ေတာအုပ္ထဲမွပင္ ထြက္လာေသာ မီးခိုးမ်ားကို ျမင္ႏိုင္ေပသည္။ အျပင္သို႔ ထြက္သြားေသာ လူမ်ားကလည္း ျပန္ေရာက္လာၾကၿပီး အတူတကြ စုစည္းေနၾကၿပီျဖစ္သည္။

ထိုအေျခအေနကို ျမင္ေသာအခါ ႐ြာတြင္ လူအလြန္မ်ားေၾကာင္း ျမင္လိုက္ရသည္။ မိသားစု ဆယ္စုေက်ာ္ေလာက္သည္ မိသားစုတစ္စုတြင္ ႏွစ္ေယာက္ သုံးေယာက္ခန႔္ရွိၿပီး အားလုံးေပါင္းလိုက္ေသာ္ လူအေယာက္တစ္ရာေက်ာ္ႏိုင္သည္။

႐ြာတြင္ ရွိေသာ လူအေရအတြက္အရ ေသးငယ္သည္ဟု သတ္မွတ္၍ မရေခ်။

ဦးေလးလီဟု ေခၚေသာ သက္လတ္ပိုင္းလူက သူတို႔ကို ႐ြာသူႀကီးႏွင့္ ေတြ႕ရန္ ေခၚသြားေပသည္။

လမ္းတြင္ လ်ိဳ႐ြမ္းက သာမန္ပုံစံျဖင့္ ေမးသလို ဟန္ေဆာင္၍ ေမးလိုက္သည္။

"ဦးေလးလီ ကြၽန္မ အရင္တစ္ေခါက္ ျမစ္ကမ္းေဘးမွာ စခန္းခ်သြားေသးတယ္၊ ျမစ္က သက္တမ္းၾကာေနၿပီ မဟုတ္လား"

ဦးေလးလီက ေခါင္းညိတ္သည္။ "ငါ ငယ္ငယ္ကတည္းက ဒီျမစ္ကို ျမင္ခဲ့ရတာပဲ၊ ၾကည့္ရတာ အေစာပိုင္းထဲက တည္ရွိေနတဲ့ပုံပါ၊ ႏွစ္ေတြ ဘယ္ေလာက္ၾကာမွန္းေတာင္ မသိေတာ့ဘူး၊ ဒါေပမယ့္ ေရအနီးအနားကို တစ္ခါမွ မသြားဖူးဘူး"

လ်ိဳ႐ႊမ္းက ေမးသည္။

"ဘာလို႔လဲ၊ ႐ြာနဲ႔ သိပ္ေဝးတာမွမဟုတ္တာ"

"ဘာလို႔လဲဆိုေတာ့ ျမစ္က ေရေသပဲ ရွိတာေလ၊ ေရေသက ေသာက္လို႔မရဘူး၊ ငါတို႔မွာလည္း ေရေသာက္ဖို႔အတြက္ ကိုယ္ပိုင္ေရတြင္းေတြရွိတယ္၊ ဘယ္သူကမွလည္း ျမစ္ကမ္းနားမွာ သြားၿပီး မေဆာ့ၾကဘူး"

ဦးေလးလီက ထူးမျခားနားသလို ဆက္ေျပာလာသည္။

"ဘာလို႔ မင္းက ေမးတာလဲ၊ အရင္တစ္ေခါက္က မင္းကို သတိေပးဖို႔ ေမ့သြားခဲ့တာ "

လ်ိဳ႐ႊမ္းက မည္သို႔ တုန႔္ျပန္ရမည္ျဖစ္ေၾကာင္း မသိေတာ့ေခ်။ သူမ၏ ေခါင္းထဲတြင္ အေတြးမ်ားက အလုံးႀကီးတစ္လုံးလိုပင္ စုပုံေနၿပီျဖစ္သည္။

နင္မုန႔္က သိခ်င္စိတ္ျပင္းျပစြာျဖင့္ ေမးလိုက္သည္။

"ဒါဆိုရင္ေက်ာက္တုံးတံတားအေၾကာင္းကေရာ "

ဦးေလးလီက ေၾကာင္သြားၿပီးေနာက္ ေတြးေတာကာ ေျဖသည္။

"ေက်ာက္တုံးတံတားလား၊ အဲ့ဒါက ရွိေနတာၾကာပါၿပီ၊ ဘယ္ခ်ိန္ထဲက ရွိသလဲေတာ့ မသိေတာ့ဘူး၊ မ်က္ႏွာခ်င္းဆိုင္ ဘက္ျခမ္းမွာ သားရဲေတြရွိလို႔ ငါတို႔ျဖတ္ခဲတယ္၊ လူတစ္ေယာက္ေတာ့ အဲ့ဒီဘက္ကို သြားဖူးေပမယ့္ တစ္ခါမွ ျပန္မလာေတာ့ဘူး "

ထိုသို႔ျဖင့္ သူက ေနာင္တရေသာ မ်က္ႏွာထားမ်ိဳးျဖစ္သြားသည္။ သို႔ရာတြင္ ရွီခ်ီကမူ အေတြးနက္ေနဟန္ျဖင့္ တည္ၿငိမ္ေသာ႐ြာကို ဂ႐ုတစိုက္ၾကည့္သည္။

ဦးေလးလီက အေၾကာင္းအရာ ေျပာင္းလိုက္သည္။

"ေရာက္ၿပီ"

႐ြာရွိ အေကာင္းဆုံးအိမ္က ဦးေလးလီ၏ သားျဖစ္သူ လက္ထပ္ၿပီးလွ်င္ ေနမည္ဟူေသာ အိမ္ျဖစ္ၿပီး ေနာက္တစ္အိမ္ကမူ ႐ြာလူႀကီး၏ အိမ္ျဖစ္သည္။ ထိုအိမ္ကိုလည္း ဘိလပ္ေျမျဖင့္ ေဆာက္ထားသည္။

႐ြာလူႀကီးကလည္း သက္လတ္ပိုင္းလူတစ္ေယာက္ျဖစ္ၿပီး ဦးေလးလီႏွင့္ အသက္တူသည္။ သို႔ေသာ္ သူကပိုၿပီး ဉာဏ္ေကာင္းဟန္ ရသည္။

"မင္းတို႔ လူငယ္ေတြ ႐ြာေတြကို ခရီးသြားရတာ တကယ္ႀကိဳက္တာပဲ၊ ငါတို႔ရဲ႕ ႐ြာကို ဘယ္သူမွ မလာသေလာက္နီးပါးပဲ၊ အခုေတာ့ ဆန႔္က်င္ဘက္ျဖစ္ေနၿပီ"

သူတို႔၏ ႐ြာမွ လူငယ္မ်ားက ႐ြာမွထြက္သြားၾကၿပီး လူႀကီးမ်ားကမူ က်န္ေနရစ္ခဲ့ကာ လယ္ယာ အလုပ္လုပ္ၾကသည္။

လ်ိဳ႐ြမ္းက ရွီခ်ီက စကားမေျပာခ်င္ေၾကာင္း ျမင္ေသာအခါ သူမက ဘာသာသာ သူတို႔ႏွင့္ စကားေျပာေနလိုက္ၿပီး သတင္းအခ်က္အလက္ရေအာင္ စုေဆာင္းလိုက္သည္။ အဆုံးတြင္ သူမက မေနႏိုင္ေတာ့ဘဲ ေမးလိုက္သည္။

"႐ြာသူႀကီး အနက္ေရာင္မ်က္ႏွာဖုံးကို ျမင္ဖူးလား"

႐ြာသူႀကီးက စကားေျပာျခင္းကို ရပ္တန႔္လိုက္သည္။

"မ်က္ႏွာဖုံး ဟုတ္လား "

လ်ိဳ႐ႊမ္းက သူမ၏ အိတ္ထဲမွ ပုံကို ထုတ္လိုက္ၿပီးေနာက္ စားပြဲေပၚတြင္ တင္ကာ ေဖာ္ျပလိုက္သည္။

"အရမ္းကို သာမန္က်တဲ့ မ်က္ႏွာဖုံးပဲ၊ တစ္ခုလုံး မည္းေနတာ"

႐ြာသူႀကီးက အခ်ိန္အတန္ၾကာ စိုက္ၾကည့္ၿပီးေနာက္ စကားအနည္းငယ္ ေျပာလိုက္သည္။

"ငါ တစ္ခါမွမျမင္ဖူးဘူး"

မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္ေနေသာ ဦးေလးလီ၏ အမူအရာက မေကာင္းဘဲ က်ယ္ေလာင္စြာ ေမးသည္။

"မင္းတို႔က ဒီေနရာကို ရတနာရွာဖို႔ လာတာလား၊ ခရီးသြားအေနနဲ႔ လာတာမဟုတ္ဘူးလား"

အေစာပိုင္းႏွစ္မ်ားတြင္လည္း ရတနာရွာရတာ သေဘာက်သည့္ လူအခ်ိဳ႕အေၾကာင္းကို ၾကားခဲ့ဖူးသည္။ ညအခ်ိန္တြင္ လူအမ်ား၏အိမ္သို႔ပင္ ဝင္ကာ သူတို႔၏ ပစၥည္းမ်ားကို ယူေဆာင္သြားေလ့ရွိသည္။

နင္မုန႔္က လ်ိဳ႐ႊမ္းက ေၾကာင္သြားေၾကာင္း ျမင္ေသာအခါ အလ်င္အျမန္ ဝင္ေျပာလိုက္သည္။

"မဟုတ္ပါဘူး၊ ဦးေလးလီရဲ႕၊ ဦးေလး နားလည္မႈလြဲေနၿပီ၊ လ်ိဳ႐ႊမ္းက အရင္တစ္ေခါက္က မ်က္ႏွာဖုံးတစ္ခု က်ေပ်ာက္ခဲ့တာေလ၊ ဒါေပမယ့္ အခု ျမစ္ကမ္းေဘးကို သြားရွာေတာ့ မေတြ႕ေတာ့လို႔ လာေမးတာေပါ့ "

ထိုသို႔ ရွင္းျပလိုက္ေသာအခါ လူႏွစ္ေယာက္၏ မ်က္ႏွာထားက ျပန္ေကာင္းသြားၾကသည္။

လ်ိဳ႐ႊမ္းက အျပင္းအထန္ ေခါင္းညိတ္သည္။

"ဟုတ္ပါတယ္"

ရွီခ်ီကမူ စိုးရိမ္ဟန္မရဘဲ နင္မုန႔္၏ နားနားတြင္ ခပ္ျဖည္းျဖည္း ဝင္ေျပာသည္။

"အဆင္ေျပတယ္၊ ဝင္ျဖတ္မေျပာနဲ႔ "

နင္မုန႔္က လက္ကာျပၿပီး ျပန္ေျဖသည္။

"နင္ ငါတို႔ကို အကန္ထုတ္ခံခ်င္ေနတာလား "

သူတို႔ကို ေဖ်ာင္းဖ်ၿပီးေနာက္တြင္ ႐ြာသူႀကီးႏွင့္ ဦးေလးလီတို႔က သံသယမဝင္ေတာ့ေခ်။ အႀကီးမားဆုံးေသာ အေၾကာင္းျပခ်က္ကမူ သူတို႔က ငယ္ၿပီး အထက္တန္းေက်ာင္းသား ေက်ာင္းသူမ်ားသာ ျဖစ္ေနေသာေၾကာင့္ ျဖစ္သည္။

ဦးေလးလီက သူတို႔အတြက္ ညစာျပင္ေပးသည္။ သို႔ေသာ္ နင္မုန႔္ႏွင့္ ရွီခ်ီကမူ မစားေခ်။

ဒီ႐ြာက ေၾကာင္ေတာင္ေတာင္ႏိုင္ေသာေၾကာင့္ သို႔မဟုတ္ သူတို႔က ေက်ာက္တုံးတံတားေပၚက ေပ်ာက္သြားေသာ မ်က္ႏွာဖုံးကိစၥကို ႀကဳံေတြ႕ခဲ့ရေသာေၾကာင့္လည္း ျဖစ္ႏိုင္ေပသည္။

ထို႔အစား သူတို႔က သူတို႔ျပင္ဆင္လာေသာအစားအစာမ်ားကို ကားထဲတြင္သာ စားၾကသည္။ အားလုံးက နင္မုန႔္ႀကိဳက္ေသာ စားစရာမ်ားျဖစ္ေနသည္။ သူမက ဖရဲေစ့အိတ္တစ္အိတ္ပင္ ျမင္ခဲ့ရေသးသည္။

ငါ့ရဲ႕ ၾကာရွည္စြာ ေပ်ာက္ဆုံးၿပီး သက္မဲ့ေနရတဲ့ ဖရဲေစ့ေတြ။

သူမက နင္နင္၏ အိမ္တြင္ ထိုအေၾကာင္း အခ်ိန္တန္ၾကာ ေျပာျဖစ္ေသာ္လည္း မဝယ္ရဲခဲ့ေခ်။ မည္သို႔ပင္ဆိုေစ ဒါက အဆာေျပမုန႔္မွ်သာျဖစ္ၿပီး ေစ်းက အလြန္ျမင့္သည္။

လ်ိဳ႐ႊမ္းက သူတို႔က အျခားလုပ္စရာကိစၥရွိသည္ဟု ထင္ၿပီး မလိုက္ခဲ့ေခ်။

နင္မုန႔္က ဖရဲေစ့စားေနရင္းမွ စနစ္ကို ေျပာလိုက္သည္။

"ငါ တကယ္ ဒီဖရဲေစ့ကို လြမ္းေနတာ၊ ငါထြက္သြားေတာ့ စားပြဲေပၚမွာ က်န္ခဲ့တဲ့ တစ္ထုပ္ကိုေတာင္ ကုန္ေအာင္ မစားခဲ့ရဘူး"

စနစ္က ေမးသည္။

"ဒါက အဓိကစိုးရိမ္စရာကိစၥလား "

####

Continue Reading

You'll Also Like

124K 13.4K 141
ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့ ချိုချို ကြောက်ကြောက်.. ချိုကြောက်၊ ကြေ...
236K 48.3K 84
කැලෙ ඇතුලෙම පරවෙනවා බන් හුගක් මල් ජාති.....!
118K 18.4K 103
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။
1.6M 147K 91
(Unicode & Zawgyi) - - - မင်းတို့လူသားတွေမှာ နှလုံးသားမရှိဘူး ဒန်နရယ် - - - Cover Design - Leo Bee