ကူးပြောင်းလာတိုင်း အမျိုးသားဇ...

נכתב על ידי Swae_Nyoe

124K 13.4K 137

ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့... עוד

Description
Part 1
Part 2
Part 3
Part 4
Part 5.1
Part 5.2
Part 6
Part 7
Part 8
Part 9.1
Part 9.2
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18.1
တယ်လီဂရုရရှိပါကြောင်း..
Part 18.2
Part 18.3
Part 19.1
Part 19.2
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26.1
Part 26.2
Part 27
Part 28
Part 29
Part 30
Part 31
Part 32
ပေးဂရု ပြီးဆုံးကြောင်း ကြေညာချက်..
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48.2
Part 48.3
Part 49.1
Part 49.2
Part 49.3
Part 50.1
Part 50.2
Part 50.3
Part 51.1
Part 51.2
Part 52
Part 53.1
Part 53.2
Part 53.3
Part 54
Part 55.1
Part 55.2
Part 55.3
Part 56
Part 57.1
Part 57.2
Part 57.3
Part 58
Part 59.1
Part 59.2
Part 60.1
Part 60.2
Part 60.3
Part 61
Part 62
Part 63
Part 64
Part 65
Part 66.1
Part 66.2
Part 67
Part 68
Part 69.1
Part 69.2
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part 105
Part 106
Part 107
Part 108
Telegram ကို လာခဲ့နော်
Part 109
Part 110
Completed in Telegram
Part 111
Part 111.2

Part 48.1

703 97 0
נכתב על ידי Swae_Nyoe

အခန်း (၄၈.၁) သူမက တကယ် ချစ်စရာကောင်းတယ် (၁)

သိပ်မဝေးသော နေရာတွင် ရွာမှ လူများ အလုပ်လုပ်နေကြောင်းကို မြင်နေရသည့်အခါ လျိုရွှမ်းက နောက်ဆုံးတွင် စိတ်အေးသွားသည်။

သူမ လွန်ခဲ့သည့်လက လာခဲ့သောအခါ ဒီရွာတွင် နှစ်ရက်နေသွားခဲ့ပြီး မည်သည့် မတော်တဆ ဖြစ်ရပ်မှ ဖြစ်မသွားခဲ့သလို ရွာသားများကလည်း စားစရာအများအပြား စီစဉ်ပေးကြသည်။ သူတို့က ပိုက်ဆံဖြင့် ပေးဝယ်သောကြောင့်လည်း ဖြစ်နိုင်ပေသည်။

သူမက ခေါင်းလှန်ပြီး ပြောလိုက်သည်။

"စီနီယာ ဒီရွာပဲ၊ ဒီရွာက လူတွေက အရမ်းသဘောကောင်းကြတယ်"

ရှီချီက ပြောသည်။

"အဲ့ဒီတော့.."

ထိုစကားက လျိုရွှမ်းကို ကြောင်အသွားစေသည်။ သူမက သူမ၏ စိတ်ရှုပ်ထွေးမှုကို အတည်ပြုလိုသောကြောင့်သာ ပြောလိုက်ခြင်း ဖြစ်သည်။ သို့သော် သူကမူ တစ်ဖက်သို့ပင် လှည့်ကာ စီနီယာအစ်မဖြစ်သူကို စကားလှည့်ပြောနေပြီဖြစ်သည်။

သူတို့သုံးယောက်တည်းသာလျှင် လာခဲ့ကြပြီး သူတို့ အတန်းဖော်က မလာခဲ့သလို အနက်ရောင်ဝတ်စုံဖြင့် လူများကလည်း ရှေ့ဆက်ပြီး လိုက်မလာခဲ့ကြချေ။

လျိုရွှမ်းသည် သူမ၏ ခံစားချက်ကို မပြောနိုင်ချေ။ မည်သူကမှလည်း သူမကို ကူညီရန် တာဝန် ရှိမနေချေ။ ဒီနေရာထိ ကူညီပေးခြင်းကတင် လုံလောက်နေပြီဖြစ်ပြီး သူမ ဒီနေ့ ဆက်လက်၍ တောင်းဆိုရန် မသင့်တော့ချေ။ အနောက်မှ လူနှစ်ယောက်က တီးတိုး စကားပြောနေကြသေးသည်။

နင်မုန့်က ခြေဆောင့်ပြီးနောက် ခပ်တိုးတိုး ပြောသည်။

"ပိုးကောင်တွေ ရှိတယ်"

သူမ၏ အင်္ကျီထဲမှ ယားယံသလို ခံစားရပြီး တွေးကြည့်ရုံနှင့်ပင် လက်သင့်မခံနိုင်တော့ချေ။ သူမက ဖိနပ်ကို တိုက်ရိုက်ချွတ်လိုက်ချင်သော်လည်း ကြည့်ကောင်းသော ပုံရိပ်မရှိနိုင်သဖြင့် လုပ်၍ မသင့်တော်ချေ။

ရှီချီက ပြောသည်။

"ဒါဆိုလည်း ဖိနပ်ကို ချွတ်လိုက်"

နင်မုန့်က တခဏခန့် ရုန်းကန်ကြည့်သေးသည်။ နောက်ဆုံးတွင်မူ မြေးဖြစ်သူ၏ ထိန်းထားပေးမှုနှင့်အတူ ဖိနပ်ကို ချွတ်လိုက်သည်။ သူမ၏ ခြေထောက်ကို လှန်ကြည့်ပြီးနောက်တွင် ပိုးကောင်ငယ်လေးများ ကျသွားခြင်းကို မြင်လိုက်ရသည်။

သူမက ရွံရှာသလို မျက်မှောင်ကြုတ်လိုက်သည်။ သူမက ခြေကျင်းဝတ်ထိရောက်သော ခြေအိတ်ကို ဝတ်ထားခြင်း ဖြစ်သည်။ သို့သော် ထိုပိုးကောင်များ မည်သို့ ဝင်လာကြောင်းကို မသိနိုင်ချေ။

ခြေထောက်နှစ်ဖက်လုံးက ခြေအိတ်ဝတ်ထားသော အနေအထားမျိုးဖြင့် မြေကြီးပေါ်တွင် ချထားသည်။ သူမ၏ ခြေချောင်းလေးများက ကွေးနေပြီး အလွန်သေးငယ်သလိုလေးဖြစ်နေသည်။ ပေါ်နေသော ခြေထောက်၏ အပိုင်းကလည်း ဖြူဖွေးကာ ရွှန်းစိုနေပြီး တောင်တန်း၏ အကြမ်းထည်ဆန်မှုနှင့် ယှဉ်သော ဆန့်ကျင်ဘက်ဖြစ်နေသည်။

ရှီချီက တခဏမျှ စိုက်ကြည့်ပြီးမှသာ အကြည့်ကို လွှဲသွားသည်။ သူက သူမ၏လက်ထဲမှ ဖိနပ်ကို ယူပြီးနောက် အရှေ့တွင် ဆောင့်ကြောင့် ထိုင်လိုက်သည်။

"တက်"

"ရှီချီ နင်က တအားသဘောကောင်းတာပဲ"

နင်မုန့်က ချီးကျူးလိုက်သည်။

သူမက သူ၏ ကျောပေါ်သို့ တက်ပြီးနောက် ပခုံးပေါ်ပုတ်လိုက်သည်။ ကျယ်ပြောသော ပခုံးက သူမ ယခင်က သိထားသော ခုနစ်နစ်အရွယ်ကလေးလေး မဟုတ်တော့ကြောင်း သတိရသွားစေသည်။

သူမ၏ မြေးဖြစ်သူက အခြားသူအတွက် စဉ်းစားတွေးတောပေးတတ်နေပြီဖြစ်ကြောင်း သိလိုက်ရသည့်အခါ ပီတိဖြာသလို ခံစားလိုက်ရသည်။ ဒါက ငါ ကောင်းကောင်း သင်ထားတဲ့ ရလာဒ်ပဲ။

သူက ဝတ္ထုထဲကလို အမြဲတစေ မည်းမှောင်သော ဆိုးရွားသည့် ကလေးလေး မဟုတ်တော့ချေ။

ရှီချီက စကားမပြောချေ။ သို့သော် သူ၏ မျက်နှာကမူ နူးညံ့သွားသည်။

ဖြစ်စဉ်တစ်ခုလုံးကို မြင်လိုက်ရသော လျိုရွှမ်းက နှုတ်ခမ်းကို ကိုက်ပြီး စကားမဆိုတော့ချေ။ သူမက ဖျစ်ညှစ်ကာ ပြုံးလိုက်ပြီး ပြောလိုက်သည်။

"စီနီယာ ဒီတစ်ကြိမ် လာကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ရှီချီက မေးကို ခပ်ယောင်ယောင် မော့လိုက်ပြီးနောက် သူမကို ကျော်ကာ ရွာထဲသို့ သွားသည်။

သူတို့က သွားလေလေ၊ ပို၍ စည်ကားလာလေလေ ဖြစ်လာသည်။ အိမ်ဘေးရွှံ့ထဲတွင် ကလေးများ ကစားနေသည်။ကို မြင်ရသည်။ ကလေးများ၏ မျက်နှာတွင် ရွှံ့ခြောက်များသာ ကပ်နေသည်။

လျိုရွှမ်းက ပြေးသွားသည်။ သူမက ဒီနေရာတွင် နှစ်ရက်နေခဲ့သဖြင့် လူတိုင်းကလည်း သူမနှင့် ရင်းနှီးနေသည်။ သူမနှင့် တစ်အိမ်တည်းနေခဲ့သော ဦးလေးတစ်ယောက်ကို မြင်သောအခါ သူမက အလျင်စလို ပြေးသွားလိုက်သည်။

"ဦးလေးလီ"

ထိုလူက တခဏခန့် အေးခဲသွားပြီးနောက် ပေါက်တူးကို ချကာ သူမကို တခဏခန့် စိုက်ကြည့်ပြီးမှ ပြောလာသည်။

"လွန်ခဲ့တဲ့လက ကောင်မလေးပဲ၊ ဒီနေ့လည်း လာပြီး ဆော့ကစားကြပြန်ပြီလား"

သူ၏ အကြည့်က ရှီချီ၏ အနောက်မှ အရပ်ရှည်မြင့်မားသော လူသန်မာနှစ်ယောက်ထံရောက်သွားပြီးနောက် အနည်းငယ် တုန့်ဆိုင်းသွားသည်။ သူတို့က သာမန်ဝတ်စုံများကို ဝတ်ဆင်ထားကြသည့်တိုင်အောင် ပုံမှန်မဟုတ်သော ခံစားချက်မျိုးကို ရနေသည်။

နောက်ပြီး ကလေးမလေးကို သယ်ထားတဲ့ အရုပ်နဲ့တူတဲ့ ကောင်လေးက ခံစားချက် မကောင်းစေဘူး။

လျိုရွှမ်းက ခေါင်းသာညိတ်ပြသည်။

"ဟုတ်တယ်၊ ကျွန်မကို တစ်စုံတစ်ရာ ကူညီဖို့ သူငယ်ချင်းနည်းနည်းလည်း ခေါ်လာခဲ့တယ်၊ အရင်တစ်ခေါက်ကအတွက် ကျေးဇူးတင်ပါတယ် ဦးလေးလီ၊ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ကျွန်မ မနက်ဖြန်မှာ ထွက်သွားရလောက်တယ်"

ဦးလေးလီ၏မျက်နှာက တခဏခန့် အေးခဲသွားပြီးနောက်မှသာ ပြန်ပြုံး၏။ သူက ရယ်ပြီး ပြောသည်။

"မနက်ဖြန် မနက်ဖြန်က ကောင်းတယ်၊ ငါ မင်းတို့အတွက် အခန်းပြင်ပေးမယ်၊ ငါ့ရဲ့အိမ်မှာ နောက်ဆုံးတစ်ကြိမ်က မင်းနေသွားခဲ့တာပဲ၊ ဒီတစ်ကြိမ်မှာတော့ ..."

ဦးလေးလီက စကားပြောပြီးနောက် ဦးစွာ ထွက်သွားသည်။ လျိုရွှမ်းက နောက်မှလိုက်သွားသည်။

နင်မုန့်က ရှီချီ၏ ကျောပေါ်မှ ဆင်းပြီးနောက် ဖိနပ်ပြန်ဝတ်သည်။

သူမကလည်း ထိုနေရာက မကောင်းသလို ခံစားနေရသည်။ လျိုရွှမ်းက မနက်ဖြန်ဟူ‌သော စကားကို ပြောသောအခါ ထိုဦးလေးလီ၏ မျက်နှာက ပြောင်းသွားခဲ့သည်မှာ သေချာသည်။ ဒါက ပုံမှန်မဟုတ်ချေ။

မနက်ဖြန်က ထူးခြားတဲ့အချိန်တစ်ခုခု ရှိတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါမှမဟုတ် ဒီရွာက လူတွေက တစ်ခုခုလုပ်ဖို့ လိုအပ်နေသလား။ ဒါမှမဟုတ် ဒီဦးလေးလီက တစ်ခုခု လုပ်စရာ ရှိနေလို့လား။

သူက ရွာ၏ တစ်ခုတည်းသော ကွန်ကရစ်အိမ်တစ်အိမ်ရှေ့တွင် ရပ်လိုက်သည်။

ဦးလေးလီက နောက်လှည့်ပြီး ပြောသည်။

"ဒါက အသစ်ဆောက်ထားတဲ့အိမ်ပဲ၊ မူလကတော့ ငါ့ရဲ့သား လက်ထပ်ရင် နေမယ့်အိမ်‌ပေါ့၊ နောက်ဆုံးတစ်ကြိမ် မင်းတို့လာတုန်းက မပြီးသေးဘူး၊ အခုတော့ ပြီးသွားပြီ၊ မင်းတို့တွေ မြို့မှာနေတာ ကျင့်သားရလာခဲ့ကြတော့ ဒီမှာ ဒီကွန်ကရစ်အိမ်က အကောင်းဆုံးပဲ"

နင်မုန့်က ရှစ်ချီနားသို့ ကပ်သွားပြီး လျှို့ဝှက်စွာ မေးလိုက်သည်။

"ငါတို့ ဒီည ဒီမှာ နေမှာလား"

ရှီချီက အနားသို့ ကပ်လာပြီး ခပ်တိုးတိုး ဖြေသည်။

"မနေဘူး"

နင်မုန့်က တွေးကြည့်သည်။ သူတို့မောင်းလာခဲ့သော ကားက အလွန်ကြီးဟန်ရသည်။ သူတို့ထိုနေရာတွင် နေ၍လည်း ရသည်။ ထိုသို့ဆိုလျှင် မရင်းနှီးသောရွာတွင် နေခြင်းထက် ပို၍ ကောင်းသည်။

ထိုသို့ တွေးတောနေစဉ်မှာတင် လျိုရွှမ်းက ဦးလေးလီကို ပြန်ပို့လိုက်ပြီဖြစ်သည်။

သူမက အရှေ့မှ လမ်းကို ညွှန်ပြပြီးပြောသည်။

"မြစ်က ဒီရှေ့တည့်တည့်ကို လျှောက်သွားပြီး မကြာခင်မှာ တွေ့ရလိမ့်မယ်၊ မိနစ်အနည်းငယ်တော့ လျှောက်ရတယ်၊ မြစ်တစ်လျှောက်လိုက်သွားပြီးရင် တံတားကို တွေ့ရမှာပဲ"

ဦးတည်ရာသို့ ရောက်လာသည့်အချိန်မျိုးတွင် သူမက စိတ်မရှည်တော့ချေ။

လွန်ခဲ့သော တစ်လလုံးလုံးသူမအနေဖြင့် မျက်နှာဖုံးကို နေ့တိုင်းလိုလို မြင်နေခဲ့ရသည်။ သူမ၏ နှလုံးသားထဲရှိ ကြောက်လန့်မှုက တုန်လှုပ်ခြောက်ခြားမှု သက်သက် မဟုတ်ချေ။ မည်သူကမှ သူမ၏ နာကျင်မှုကို နားမလည်နိုင်လောက်ချေ။

သူမက အပျော်သဘောဖြင့် မျက်နှာဖုံးကို ကောက်ယူကာ ကြည့်ရုံမျှသာဖြစ်ခဲ့ပြီး ဒီလိုကြောက်စရာကောင်းသော အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရသည်။ ကံကောင်းစွာပင် တစ်စုံတစ်ယောက်က သူမကို ကယ်နိုင်နေသည်။

လျိုရွှမ်းက သူမ၏ရှေ့ရှိ ရှီချီကို တိတ်တဆိတ် ကြည့်လိုက်ပြီး သူမ၏ နှလုံးသားထဲရှိ ပျော်ရွှင်မှုက အပျက်စီးနယ်မြေမှ ပေါင်းပင်များကဲ့သို့ မြေပြင်တွင် ထောက်လှမ်းနိုင်သလိုမျိုး မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းချင်လောက်အောင် ပြည့်နှက်လာသည်။

ထို့နောက် သူမက သူ၏ဘေးမှ နူးညံ့ပြီး ချစ်စရာကောင်းသည့် စီနီယာအစ်မကို ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ တွေးလိုက်သည်။

ဘာလို့ စီနီယာက ဒီစီနီယာအစ်မကို အရမ်း အလိုလိုက်နေတာလဲ။ သူမက အဲ့ဒီလောက်လည်းပဲ မလှဘဲနဲ့။

နင်မုန့်က သူမ၏ အကြည့်ကို သတိထားမိဟန်ဖြင့် လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။

ရှီချီက သူမ၏ခေါင်းကို ပြန်လှည့်သည်။

"မကြည့်နဲ့"

နင်မုန့်က သူ့ကို ကြည့်သည်။

ငါက ကောင်မလေးကို တစ်ချက်လောက် ကြည့်ရုံလေးကြည့်တာပါ။ နောက်လှည့်ကြည့်တာ ဘယ်ဟုတ်မှာလဲ။

လျိုရွှမ်းက အမူအရာကို ထိန်းလိုက်သည်။ အရေးကြီးဆုံးကိစ္စက ထိုကြောင်တောင်တောင်မျက်နှာဖုံးကို ရှာရန် ဖြစ်သည်။ သူမက ပြောသည်။

"စီနီယာ ကျွန်မတို့ အခု မြစ်ကို သွားကြတော့မလား"

ရှီချီက ပြန်ဖြေသည်။

"အင်း"

လျိုရွှမ်းက လမ်းကို ဦးဆောင်သွားသည်။ သူတို့က နောက်မှ လိုက်ကြသည်။

နင်မုန့်က ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် လေသံတိုးတိုးဖြင့် မေးသည်။

"နင် ဖုန်းနဲ့ တကယ်မပတ်သတ်တာ သေချာလား"

သူမ‌ဘေးရှိလူက ထပ်ငြင်းပြန်သည်။

သူမက တခဏခန့် အင်းလိုက်ပြီးနောက် ဖုန်းကြည့်လိုက်ရာ ဒီနေရာတွင် တိုင်မမိကြောင်း သိလိုက်ရသည်။

"သေချာပေါက် နင်လုပ်မှန်း ငါသိနေတယ်၊ နင့်ရဲ့အမေရဲ ကံက တကယ်ဆိုးတာ"

သူမ၏ ကံကလည်း ဆိုးသည်။

ရှီချီက ခေါင်းလှည့်ပြီး ကြည့်လာကာ စကားမပြောပေ။ သို့သော် နှုတ်ခမ်းထောင့်စွန်းများကမူ ကော့တက်သွားသည်။

ခပ်ဝေးဝေးမှ လိုက်လာသော လူနှစ်ယောက်ကလည်း သာမန်အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားကြသည်။ ပေါ့ပါးစွာ လျှောက်နေကြပြီး ခြေသံအနည်းငယ်ကိုမှ မထွက်စေချေ။ သူတို့က တစ်လမ်းလုံးလည်း စကားမပြောကြချေ။ သူတို့ကို မြင်နေရသောကြောင့်သာ မဟုတ်လျှင် သူတို့ကို သတိထားမိမည်မဟုတ်ချေ။

အချိန်ကြာလာသောအခါ သူတို့က အကွာအဝေးတစ်ခုကြာ လျှောက်ခဲ့ပြီဖြစ်သည်။

ရွာက နောက်တွင် ကျန်ရစ်ခဲ့ပြီဖြစ်ပြီး သူတို့ရောက်ရှိနေသည့် နေရာကလည်း အလွန်သိပ်သည်းသော တောအုပ် ဖြစ်နေသည်။

နိုဝင်ဘာလဖြစ်နေပြီ ဖြစ်သော်လည်း သစ်ရွက်အများအပြား ကျနေသေးသည်။

ရွာ၏ ဝင်ပေါက်နှင့် ရွာ၏အဆုံးက အလွန်ကျယ်သည်။ဟု ပြော၍ ရသည်။ လျိုရွှမ်းက တစ်ခဏကြာ ကြည့်နေပြီးနောက် ပြောလိုက်သည်။

"နောက်ဆုံးတစ်ကြိမ် ကျွန်မတို့ စခန်းချတာက တောအုပ်အနောက်က ရှင်းလင်းတဲ့နေရာမှာပဲ၊ အဲ့ဒီနေရာက အရမ်းပူပြီး အပင်တွေကတောင် စိမ်းနေခဲ့သေးတာ"

ရွာ၏ ဝင်ပေါက်မှ အပင်များအားလုံးက စိမ်းလန်းနေသည်။ ထို့အပြင် ရွှန်းစိုနေသလိုမျိုး ဖြစ်နေသေးသည်။ သို့ရာတွင် လယ်ကွင်းများတွင်မူ ရွှေရောင်နှင့် အစိမ်းရောင် ရောနှောနေကာ ရင့်မှည့်ချိန်က နီးကပ်နေပြီဖြစ်ကြောင်း ပြသနေခဲ့သည်။ သိပ်မကြာခင် အချိန်တွင် တောအုပ်ငယ်လေး၏ အဆုံးသို့ ရောက်လာသည်။

ကျယ်ပြောသော မြစ်က မြင်ကွင်းထဲသို့ ရောက်လာသည်။ မြစ်က ဆယ်မီတာခန့် ကျယ်နိုင်သည်။ ရေ၏ အရည်အသွေးက ပုံမှန်ဖြစ်ပြီး ရေမျက်နှာပြင်ကလည်း ငြိမ်နေသည်။ အောက်သို့ ငုံ့ကြည့်လိုက်လျှင်မူ အနက်ကို မမြင်နိုင်ပေ။ အပေါ်ပိုင်းသို့ ကြည့်လျှင်မူ ကျောက်တုံးတံတားတစ်ခုကို ခပ်ရေးရေး မြင်နိုင်ပေသည်။

လျိုရွှမ်းက အံ့ဩသွားပြီး ပြောလိုက်သည်။

"အဲ့ဒီတံတားပဲ၊ ဒါက ကျွန်မ မျက်နှာဖုံးတွေ့ခဲ့တဲ့ တံတားပဲ"

သူမက မနေနိုင်တော့ဘဲ ရှေ့သို့ ဆက်လျှောက်သွားပြီး အရှိန်နှုန်းကို မြှင့်လိုက်သည်။

နင်မုန့်က ရင်တုန်သွားသည်။ သူမက တံတွေးကို မြိုချပြီးနောက် ရှီချီ၏ အင်္ကျီလက်ကို လှမ်းကိုင်ကာ ပြောလိုက်သည်။

...

"ရှီချီ သွားရအောင်"

ရှီချီ၏ နှုတ်ခမ်းထောင့်က ကော့တက်သွားပြန်ကာ တုန့်ပြန်သည်။

"ကောင်းပြီ သွားစို့"

နင်မုန့်ကမူ သူ၏ အပြုအမူပေါ် စစ်ဆေးနေရန် အချိန်မရှိပေ။ သူမက သူနှင့်အတူ ရှေ့သို့ ဆက်သွားပြီး သူမ ကြုံတွေ့ရမည့် အကြောင်းအရာကိုသာ တွေးတောနေတော့သည်။

Zawgyi

အခန္း (၄၈.၁) သူမက တကယ္ ခ်စ္စရာေကာင္းတယ္ (၁)

သိပ္မေဝးေသာ ေနရာတြင္ ႐ြာမွ လူမ်ား အလုပ္လုပ္ေနေၾကာင္းကို ျမင္ေနရသည့္အခါ လ်ိဳ႐ႊမ္းက ေနာက္ဆုံးတြင္ စိတ္ေအးသြားသည္။

သူမ လြန္ခဲ့သည့္လက လာခဲ့ေသာအခါ ဒီ႐ြာတြင္ ႏွစ္ရက္ေနသြားခဲ့ၿပီး မည္သည့္ မေတာ္တဆ ျဖစ္ရပ္မွ ျဖစ္မသြားခဲ့သလို ႐ြာသားမ်ားကလည္း စားစရာအမ်ားအျပား စီစဥ္ေပးၾကသည္။ သူတို႔က ပိုက္ဆံျဖင့္ ေပးဝယ္ေသာေၾကာင့္လည္း ျဖစ္ႏိုင္ေပသည္။

သူမက ေခါင္းလွန္ၿပီး ေျပာလိုက္သည္။

"စီနီယာ ဒီ႐ြာပဲ၊ ဒီ႐ြာက လူေတြက အရမ္းသေဘာေကာင္းၾကတယ္"

ရွီခ်ီက ေျပာသည္။

"အဲ့ဒီေတာ့.."

ထိုစကားက လ်ိဳ႐ႊမ္းကို ေၾကာင္အသြားေစသည္။ သူမက သူမ၏ စိတ္ရႈပ္ေထြးမႈကို အတည္ျပဳလိုေသာေၾကာင့္သာ ေျပာလိုက္ျခင္း ျဖစ္သည္။ သို႔ေသာ္ သူကမူ တစ္ဖက္သို႔ပင္ လွည့္ကာ စီနီယာအစ္မျဖစ္သူကို စကားလွည့္ေျပာေနၿပီျဖစ္သည္။

သူတို႔သုံးေယာက္တည္းသာလွ်င္ လာခဲ့ၾကၿပီး သူတို႔ အတန္းေဖာ္က မလာခဲ့သလို အနက္ေရာင္ဝတ္စုံျဖင့္ လူမ်ားကလည္း ေရွ႕ဆက္ၿပီး လိုက္မလာခဲ့ၾကေခ်။

လ်ိဳ႐ႊမ္းသည္ သူမ၏ ခံစားခ်က္ကို မေျပာႏိုင္ေခ်။ မည္သူကမွလည္း သူမကို ကူညီရန္ တာဝန္ ရွိမေနေခ်။ ဒီေနရာထိ ကူညီေပးျခင္းကတင္ လုံေလာက္ေနၿပီျဖစ္ၿပီး သူမ ဒီေန႔ ဆက္လက္၍ ေတာင္းဆိုရန္ မသင့္ေတာ့ေခ်။ အေနာက္မွ လူႏွစ္ေယာက္က တီးတိုး စကားေျပာေနၾကေသးသည္။

နင္မုန႔္က ေျခေဆာင့္ၿပီးေနာက္ ခပ္တိုးတိုး ေျပာသည္။

"ပိုးေကာင္ေတြ ရွိတယ္"

သူမ၏ အက်ႌထဲမွ ယားယံသလို ခံစားရၿပီး ေတြးၾကည့္႐ုံႏွင့္ပင္ လက္သင့္မခံႏိုင္ေတာ့ေခ်။ သူမက ဖိနပ္ကို တိုက္႐ိုက္ခြၽတ္လိုက္ခ်င္ေသာ္လည္း ၾကည့္ေကာင္းေသာ ပုံရိပ္မရွိႏိုင္သျဖင့္ လုပ္၍ မသင့္ေတာ္ေခ်။

ရွီခ်ီက ေျပာသည္။

"ဒါဆိုလည္း ဖိနပ္ကို ခြၽတ္လိုက္"

နင္မုန႔္က တခဏခန႔္ ႐ုန္းကန္ၾကည့္ေသးသည္။ ေနာက္ဆုံးတြင္မူ ေျမးျဖစ္သူ၏ ထိန္းထားေပးမႈႏွင့္အတူ ဖိနပ္ကို ခြၽတ္လိုက္သည္။ သူမ၏ ေျခေထာက္ကို လွန္ၾကည့္ၿပီးေနာက္တြင္ ပိုးေကာင္ငယ္ေလးမ်ား က်သြားျခင္းကို ျမင္လိုက္ရသည္။

သူမက ႐ြံရွာသလို မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သူမက ေျခက်င္းဝတ္ထိေရာက္ေသာ ေျခအိတ္ကို ဝတ္ထားျခင္း ျဖစ္သည္။ သို႔ေသာ္ ထိုပိုးေကာင္မ်ား မည္သို႔ ဝင္လာေၾကာင္းကို မသိႏိုင္ေခ်။

ေျခေထာက္ႏွစ္ဖက္လုံးက ေျခအိတ္ဝတ္ထားေသာ အေနအထားမ်ိဳးျဖင့္ ေျမႀကီးေပၚတြင္ ခ်ထားသည္။ သူမ၏ ေျခေခ်ာင္းေလးမ်ားက ေကြးေနၿပီး အလြန္ေသးငယ္သလိုေလးျဖစ္ေနသည္။ ေပၚေနေသာ ေျခေထာက္၏ အပိုင္းကလည္း ျဖဴေဖြးကာ ႐ႊန္းစိုေနၿပီး ေတာင္တန္း၏ အၾကမ္းထည္ဆန္မႈႏွင့္ ယွဥ္ေသာ ဆန႔္က်င္ဘက္ျဖစ္ေနသည္။

ရွီခ်ီက တခဏမွ် စိုက္ၾကည့္ၿပီးမွသာ အၾကည့္ကို လႊဲသြားသည္။ သူက သူမ၏လက္ထဲမွ ဖိနပ္ကို ယူၿပီးေနာက္ အေရွ႕တြင္ ေဆာင့္ေၾကာင့္ ထိုင္လိုက္သည္။

"တက္"

"ရွီခ်ီ နင္က တအားသေဘာေကာင္းတာပဲ"

နင္မုန႔္က ခ်ီးက်ဴးလိုက္သည္။

သူမက သူ၏ ေက်ာေပၚသို႔ တက္ၿပီးေနာက္ ပခုံးေပၚပုတ္လိုက္သည္။ က်ယ္ေျပာေသာ ပခုံးက သူမ ယခင္က သိထားေသာ ခုနစ္နစ္အ႐ြယ္ကေလးေလး မဟုတ္ေတာ့ေၾကာင္း သတိရသြားေစသည္။

သူမ၏ ေျမးျဖစ္သူက အျခားသူအတြက္ စဥ္းစားေတြးေတာေပးတတ္ေနၿပီျဖစ္ေၾကာင္း သိလိုက္ရသည့္အခါ ပီတိျဖာသလို ခံစားလိုက္ရသည္။ ဒါက ငါ ေကာင္းေကာင္း သင္ထားတဲ့ ရလာဒ္ပဲ။

သူက ဝတၳဳထဲကလို အၿမဲတေစ မည္းေမွာင္ေသာ ဆိုး႐ြားသည့္ ကေလးေလး မဟုတ္ေတာ့ေခ်။

ရွီခ်ီက စကားမေျပာေခ်။ သို႔ေသာ္ သူ၏ မ်က္ႏွာကမူ ႏူးညံ့သြားသည္။

ျဖစ္စဥ္တစ္ခုလုံးကို ျမင္လိုက္ရေသာ လ်ိဳ႐ႊမ္းက ႏႈတ္ခမ္းကို ကိုက္ၿပီး စကားမဆိုေတာ့ေခ်။ သူမက ဖ်စ္ညႇစ္ကာ ၿပဳံးလိုက္ၿပီး ေျပာလိုက္သည္။

"စီနီယာ ဒီတစ္ႀကိမ္ လာကူညီေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္"

ရွီခ်ီက ေမးကို ခပ္ေယာင္ေယာင္ ေမာ့လိုက္ၿပီးေနာက္ သူမကို ေက်ာ္ကာ ႐ြာထဲသို႔ သြားသည္။

သူတို႔က သြားေလေလ၊ ပို၍ စည္ကားလာေလေလ ျဖစ္လာသည္။ အိမ္ေဘး႐ႊံ႕ထဲတြင္ ကေလးမ်ား ကစားေနသည္။ကို ျမင္ရသည္။ ကေလးမ်ား၏ မ်က္ႏွာတြင္ ႐ႊံ႕ေျခာက္မ်ားသာ ကပ္ေနသည္။

လ်ိဳ႐ႊမ္းက ေျပးသြားသည္။ သူမက ဒီေနရာတြင္ ႏွစ္ရက္ေနခဲ့သျဖင့္ လူတိုင္းကလည္း သူမႏွင့္ ရင္းႏွီးေနသည္။ သူမႏွင့္ တစ္အိမ္တည္းေနခဲ့ေသာ ဦးေလးတစ္ေယာက္ကို ျမင္ေသာအခါ သူမက အလ်င္စလို ေျပးသြားလိုက္သည္။

"ဦးေလးလီ"

ထိုလူက တခဏခန႔္ ေအးခဲသြားၿပီးေနာက္ ေပါက္တူးကို ခ်ကာ သူမကို တခဏခန႔္ စိုက္ၾကည့္ၿပီးမွ ေျပာလာသည္။

"လြန္ခဲ့တဲ့လက ေကာင္မေလးပဲ၊ ဒီေန႔လည္း လာၿပီး ေဆာ့ကစားၾကျပန္ၿပီလား"

သူ၏ အၾကည့္က ရွီခ်ီ၏ အေနာက္မွ အရပ္ရွည္ျမင့္မားေသာ လူသန္မာႏွစ္ေယာက္ထံေရာက္သြားၿပီးေနာက္ အနည္းငယ္ တုန႔္ဆိုင္းသြားသည္။ သူတို႔က သာမန္ဝတ္စုံမ်ားကို ဝတ္ဆင္ထားၾကသည့္တိုင္ေအာင္ ပုံမွန္မဟုတ္ေသာ ခံစားခ်က္မ်ိဳးကို ရေနသည္။

ေနာက္ၿပီး ကေလးမေလးကို သယ္ထားတဲ့ အ႐ုပ္နဲ႔တူတဲ့ ေကာင္ေလးက ခံစားခ်က္ မေကာင္းေစဘူး။

လ်ိဳ႐ႊမ္းက ေခါင္းသာညိတ္ျပသည္။

"ဟုတ္တယ္၊ ကြၽန္မကို တစ္စုံတစ္ရာ ကူညီဖို႔ သူငယ္ခ်င္းနည္းနည္းလည္း ေခၚလာခဲ့တယ္၊ အရင္တစ္ေခါက္ကအတြက္ ေက်းဇူးတင္ပါတယ္ ဦးေလးလီ၊ ဒါေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ ကြၽန္မ မနက္ျဖန္မွာ ထြက္သြားရေလာက္တယ္"

ဦးေလးလီ၏မ်က္ႏွာက တခဏခန႔္ ေအးခဲသြားၿပီးေနာက္မွသာ ျပန္ၿပဳံး၏။ သူက ရယ္ၿပီး ေျပာသည္။

"မနက္ျဖန္ မနက္ျဖန္က ေကာင္းတယ္၊ ငါ မင္းတို႔အတြက္ အခန္းျပင္ေပးမယ္၊ ငါ့ရဲ႕အိမ္မွာ ေနာက္ဆုံးတစ္ႀကိမ္က မင္းေနသြားခဲ့တာပဲ၊ ဒီတစ္ႀကိမ္မွာေတာ့ ..."

ဦးေလးလီက စကားေျပာၿပီးေနာက္ ဦးစြာ ထြက္သြားသည္။ လ်ိဳ႐ႊမ္းက ေနာက္မွလိုက္သြားသည္။

နင္မုန႔္က ရွီခ်ီ၏ ေက်ာေပၚမွ ဆင္းၿပီးေနာက္ ဖိနပ္ျပန္ဝတ္သည္။

သူမကလည္း ထိုေနရာက မေကာင္းသလို ခံစားေနရသည္။ လ်ိဳ႐ႊမ္းက မနက္ျဖန္ဟူ‌ေသာ စကားကို ေျပာေသာအခါ ထိုဦးေလးလီ၏ မ်က္ႏွာက ေျပာင္းသြားခဲ့သည္မွာ ေသခ်ာသည္။ ဒါက ပုံမွန္မဟုတ္ေခ်။

မနက္ျဖန္က ထူးျခားတဲ့အခ်ိန္တစ္ခုခု ရွိတာ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ ဒါမွမဟုတ္ ဒီ႐ြာက လူေတြက တစ္ခုခုလုပ္ဖို႔ လိုအပ္ေနသလား။ ဒါမွမဟုတ္ ဒီဦးေလးလီက တစ္ခုခု လုပ္စရာ ရွိေနလို႔လား။

သူက ႐ြာ၏ တစ္ခုတည္းေသာ ကြန္ကရစ္အိမ္တစ္အိမ္ေရွ႕တြင္ ရပ္လိုက္သည္။

ဦးေလးလီက ေနာက္လွည့္ၿပီး ေျပာသည္။

"ဒါက အသစ္ေဆာက္ထားတဲ့အိမ္ပဲ၊ မူလကေတာ့ ငါ့ရဲ႕သား လက္ထပ္ရင္ ေနမယ့္အိမ္‌ေပါ့၊ ေနာက္ဆုံးတစ္ႀကိမ္ မင္းတို႔လာတုန္းက မၿပီးေသးဘူး၊ အခုေတာ့ ၿပီးသြားၿပီ၊ မင္းတို႔ေတြ ၿမိဳ႕မွာေနတာ က်င့္သားရလာခဲ့ၾကေတာ့ ဒီမွာ ဒီကြန္ကရစ္အိမ္က အေကာင္းဆုံးပဲ"

နင္မုန႔္က ရွစ္ခ်ီနားသို႔ ကပ္သြားၿပီး လွ်ိဳ႕ဝွက္စြာ ေမးလိုက္သည္။

"ငါတို႔ ဒီည ဒီမွာ ေနမွာလား"

ရွီခ်ီက အနားသို႔ ကပ္လာၿပီး ခပ္တိုးတိုး ေျဖသည္။

"မေနဘူး"

နင္မုန႔္က ေတြးၾကည့္သည္။ သူတို႔ေမာင္းလာခဲ့ေသာ ကားက အလြန္ႀကီးဟန္ရသည္။ သူတို႔ထိုေနရာတြင္ ေန၍လည္း ရသည္။ ထိုသို႔ဆိုလွ်င္ မရင္းႏွီးေသာ႐ြာတြင္ ေနျခင္းထက္ ပို၍ ေကာင္းသည္။

ထိုသို႔ ေတြးေတာေနစဥ္မွာတင္ လ်ိဳ႐ႊမ္းက ဦးေလးလီကို ျပန္ပို႔လိုက္ၿပီျဖစ္သည္။

သူမက အေရွ႕မွ လမ္းကို ၫႊန္ျပၿပီးေျပာသည္။

"ျမစ္က ဒီေရွ႕တည့္တည့္ကို ေလွ်ာက္သြားၿပီး မၾကာခင္မွာ ေတြ႕ရလိမ့္မယ္၊ မိနစ္အနည္းငယ္ေတာ့ ေလွ်ာက္ရတယ္၊ ျမစ္တစ္ေလွ်ာက္လိုက္သြားၿပီးရင္ တံတားကို ေတြ႕ရမွာပဲ"

ဦးတည္ရာသို႔ ေရာက္လာသည့္အခ်ိန္မ်ိဳးတြင္ သူမက စိတ္မရွည္ေတာ့ေခ်။

လြန္ခဲ့ေသာ တစ္လလုံးလုံးသူမအေနျဖင့္ မ်က္ႏွာဖုံးကို ေန႔တိုင္းလိုလို ျမင္ေနခဲ့ရသည္။ သူမ၏ ႏွလုံးသားထဲရွိ ေၾကာက္လန႔္မႈက တုန္လႈပ္ေျခာက္ျခားမႈ သက္သက္ မဟုတ္ေခ်။ မည္သူကမွ သူမ၏ နာက်င္မႈကို နားမလည္ႏိုင္ေလာက္ေခ်။

သူမက အေပ်ာ္သေဘာျဖင့္ မ်က္ႏွာဖုံးကို ေကာက္ယူကာ ၾကည့္႐ုံမွ်သာျဖစ္ခဲ့ၿပီး ဒီလိုေၾကာက္စရာေကာင္းေသာ အျဖစ္အပ်က္ကို ႀကဳံေတြ႕ခဲ့ရသည္။ ကံေကာင္းစြာပင္ တစ္စုံတစ္ေယာက္က သူမကို ကယ္ႏိုင္ေနသည္။

လ်ိဳ႐ႊမ္းက သူမ၏ေရွ႕ရွိ ရွီခ်ီကို တိတ္တဆိတ္ ၾကည့္လိုက္ၿပီး သူမ၏ ႏွလုံးသားထဲရွိ ေပ်ာ္႐ႊင္မႈက အပ်က္စီးနယ္ေျမမွ ေပါင္းပင္မ်ားကဲ့သို႔ ေျမျပင္တြင္ ေထာက္လွမ္းႏိုင္သလိုမ်ိဳး ေျမျပင္တစ္ခုလုံးကို ဖုံးလႊမ္းခ်င္ေလာက္ေအာင္ ျပည့္ႏွက္လာသည္။

ထို႔ေနာက္ သူမက သူ၏ေဘးမွ ႏူးညံ့ၿပီး ခ်စ္စရာေကာင္းသည့္ စီနီယာအစ္မကို ၾကည့္လိုက္ၿပီး မေနႏိုင္ေတာ့ဘဲ ေတြးလိုက္သည္။

ဘာလို႔ စီနီယာက ဒီစီနီယာအစ္မကို အရမ္း အလိုလိုက္ေနတာလဲ။ သူမက အဲ့ဒီေလာက္လည္းပဲ မလွဘဲနဲ႔။

နင္မုန႔္က သူမ၏ အၾကည့္ကို သတိထားမိဟန္ျဖင့္ လွည့္ၾကည့္ကာ ၿပဳံးျပလိုက္သည္။

ရွီခ်ီက သူမ၏ေခါင္းကို ျပန္လွည့္သည္။

"မၾကည့္နဲ႔"

နင္မုန႔္က သူ႔ကို ၾကည့္သည္။

ငါက ေကာင္မေလးကို တစ္ခ်က္ေလာက္ ၾကည့္႐ုံေလးၾကည့္တာပါ။ ေနာက္လွည့္ၾကည့္တာ ဘယ္ဟုတ္မွာလဲ။

လ်ိဳ႐ႊမ္းက အမူအရာကို ထိန္းလိုက္သည္။ အေရးႀကီးဆုံးကိစၥက ထိုေၾကာင္ေတာင္ေတာင္မ်က္ႏွာဖုံးကို ရွာရန္ ျဖစ္သည္။ သူမက ေျပာသည္။

"စီနီယာ ကြၽန္မတို႔ အခု ျမစ္ကို သြားၾကေတာ့မလား"

ရွီခ်ီက ျပန္ေျဖသည္။

"အင္း"

လ်ိဳ႐ႊမ္းက လမ္းကို ဦးေဆာင္သြားသည္။ သူတို႔က ေနာက္မွ လိုက္ၾကသည္။

နင္မုန႔္က ပတ္ဝန္းက်င္ကို ၾကည့္ၿပီးေနာက္ ေလသံတိုးတိုးျဖင့္ ေမးသည္။

"နင္ ဖုန္းနဲ႔ တကယ္မပတ္သတ္တာ ေသခ်ာလား"

သူမ‌ေဘးရွိလူက ထပ္ျငင္းျပန္သည္။

သူမက တခဏခန႔္ အင္းလိုက္ၿပီးေနာက္ ဖုန္းၾကည့္လိုက္ရာ ဒီေနရာတြင္ တိုင္မမိေၾကာင္း သိလိုက္ရသည္။

"ေသခ်ာေပါက္ နင္လုပ္မွန္း ငါသိေနတယ္၊ နင့္ရဲ႕အေမရဲ ကံက တကယ္ဆိုးတာ"

သူမ၏ ကံကလည္း ဆိုးသည္။

ရွီခ်ီက ေခါင္းလွည့္ၿပီး ၾကည့္လာကာ စကားမေျပာေပ။ သို႔ေသာ္ ႏႈတ္ခမ္းေထာင့္စြန္းမ်ားကမူ ေကာ့တက္သြားသည္။

ခပ္ေဝးေဝးမွ လိုက္လာေသာ လူႏွစ္ေယာက္ကလည္း သာမန္အနက္ေရာင္ဝတ္စုံ ဝတ္ဆင္ထားၾကသည္။ ေပါ့ပါးစြာ ေလွ်ာက္ေနၾကၿပီး ေျခသံအနည္းငယ္ကိုမွ မထြက္ေစေခ်။ သူတို႔က တစ္လမ္းလုံးလည္း စကားမေျပာၾကေခ်။ သူတို႔ကို ျမင္ေနရေသာေၾကာင့္သာ မဟုတ္လွ်င္ သူတို႔ကို သတိထားမိမည္မဟုတ္ေခ်။

အခ်ိန္ၾကာလာေသာအခါ သူတို႔က အကြာအေဝးတစ္ခုၾကာ ေလွ်ာက္ခဲ့ၿပီျဖစ္သည္။

႐ြာက ေနာက္တြင္ က်န္ရစ္ခဲ့ၿပီျဖစ္ၿပီး သူတို႔ေရာက္ရွိေနသည့္ ေနရာကလည္း အလြန္သိပ္သည္းေသာ ေတာအုပ္ ျဖစ္ေနသည္။

ႏိုဝင္ဘာလျဖစ္ေနၿပီ ျဖစ္ေသာ္လည္း သစ္႐ြက္အမ်ားအျပား က်ေနေသးသည္။

႐ြာ၏ ဝင္ေပါက္ႏွင့္ ႐ြာ၏အဆုံးက အလြန္က်ယ္သည္။ဟု ေျပာ၍ ရသည္။ လ်ိဳ႐ႊမ္းက တစ္ခဏၾကာ ၾကည့္ေနၿပီးေနာက္ ေျပာလိုက္သည္။

"ေနာက္ဆုံးတစ္ႀကိမ္ ကြၽန္မတို႔ စခန္းခ်တာက ေတာအုပ္အေနာက္က ရွင္းလင္းတဲ့ေနရာမွာပဲ၊ အဲ့ဒီေနရာက အရမ္းပူၿပီး အပင္ေတြကေတာင္ စိမ္းေနခဲ့ေသးတာ"

႐ြာ၏ ဝင္ေပါက္မွ အပင္မ်ားအားလုံးက စိမ္းလန္းေနသည္။ ထို႔အျပင္ ႐ႊန္းစိုေနသလိုမ်ိဳး ျဖစ္ေနေသးသည္။ သို႔ရာတြင္ လယ္ကြင္းမ်ားတြင္မူ ေ႐ႊေရာင္ႏွင့္ အစိမ္းေရာင္ ေရာေႏွာေနကာ ရင့္မွည့္ခ်ိန္က နီးကပ္ေနၿပီျဖစ္ေၾကာင္း ျပသေနခဲ့သည္။ သိပ္မၾကာခင္ အခ်ိန္တြင္ ေတာအုပ္ငယ္ေလး၏ အဆုံးသို႔ ေရာက္လာသည္။

က်ယ္ေျပာေသာ ျမစ္က ျမင္ကြင္းထဲသို႔ ေရာက္လာသည္။ ျမစ္က ဆယ္မီတာခန႔္ က်ယ္ႏိုင္သည္။ ေရ၏ အရည္အေသြးက ပုံမွန္ျဖစ္ၿပီး ေရမ်က္ႏွာျပင္ကလည္း ၿငိမ္ေနသည္။ ေအာက္သို႔ ငုံ႔ၾကည့္လိုက္လွ်င္မူ အနက္ကို မျမင္ႏိုင္ေပ။ အေပၚပိုင္းသို႔ ၾကည့္လွ်င္မူ ေက်ာက္တုံးတံတားတစ္ခုကို ခပ္ေရးေရး ျမင္ႏိုင္ေပသည္။

လ်ိဳ႐ႊမ္းက အံ့ဩသြားၿပီး ေျပာလိုက္သည္။

"အဲ့ဒီတံတားပဲ၊ ဒါက ကြၽန္မ မ်က္ႏွာဖုံးေတြ႕ခဲ့တဲ့ တံတားပဲ"

သူမက မေနႏိုင္ေတာ့ဘဲ ေရွ႕သို႔ ဆက္ေလွ်ာက္သြားၿပီး အရွိန္ႏႈန္းကို ျမႇင့္လိုက္သည္။

နင္မုန႔္က ရင္တုန္သြားသည္။ သူမက တံေတြးကို ၿမိဳခ်ၿပီးေနာက္ ရွီခ်ီ၏ အက်ႌလက္ကို လွမ္းကိုင္ကာ ေျပာလိုက္သည္။

...

"ရွီခ်ီ သြားရေအာင္"

ရွီခ်ီ၏ ႏႈတ္ခမ္းေထာင့္က ေကာ့တက္သြားျပန္ကာ တုန႔္ျပန္သည္။

"ေကာင္းၿပီ သြားစို႔"

နင္မုန႔္ကမူ သူ၏ အျပဳအမူေပၚ စစ္ေဆးေနရန္ အခ်ိန္မရွိေပ။ သူမက သူႏွင့္အတူ ေရွ႕သို႔ ဆက္သြားၿပီး သူမ ႀကဳံေတြ႕ရမည့္ အေၾကာင္းအရာကိုသာ ေတြးေတာေနေတာ့သည္။


המשך קריאה

You'll Also Like

56.8K 4.7K 200
နတ်ဘုရားကမ္ဘာမိတ်ဆက် အချိန်ခရီးသွားခေတ်မှာ လူသားတွေဟာ တယ်လီပို့နည်းပညာကို တီတွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တယ်လီပို့နည်းပညာနဲ့ တကယ်တမ်း အချိန်ခရီးသွားခဲ့တဲ...
1.1M 234K 168
MinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Mi...
266K 8.2K 16
စိတ္တဇထောင်ချောက်တစ်ခုထဲ သင်ကိုယ်တိုင်ရောက်သွားတဲ့ ခံစားချက်မျိုး လိုချင်ရင် ဒီ fic ကို သင်ဖတ်နိုင်ပါတယ် သို့ပေမယ့် 18+နော်😁
888K 108K 200
English Name: Back to the Sixties: Farm, Get Wealthy & Raise the Cubs Associated Names:重回六零:种田发家养崽崽 Chinese Author: NanFangLiZhi Southern Lychee 南方荔枝...