ရှန်ဟွိုက်၏မျက်လုံးများက ရုတ်တရက်ပြူးကျယ်သွားကာ အလိုအလျောက်ပင် ဖုန်းကိုဆွဲလုချင်ခဲ့လေသည်။တိုက်တိုက်ဆိုင်ဆိုင်ပင် ကျုံးယွီကကော်ဖီဖျော်ပြီးသွားခဲ့သဖြင့် ယူလာခဲ့ရာ ရှန်ဟွိုက်ကိုပိတ်ကာသွားလေတော့သည်။အငွေ့များဖြင့်ကော်ဖီကို သူ့ရှေ့၌ချလိုက်၏။
"ခင်ဗျားရဲ့ကော်ဖီရပါပြီ ဂရုစိုက်ပါ ပူတယ်"
"...ကောင်းပြီ"
ကျုံးယွီထွက်သွားပြီးနောက် ရှန်ဟွိုက်ကဆိုဖာပေါ်ပစ်ထိုင်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ ရုတ်တရက်ပြုံးလာခဲ့၏။
"ဒါဆိုလည်း ကောင်းပြီလေ"
"မင်းက ရုတ်တရက်ထုတ်ပြန်ချက်တစ်ခုထုတ်ပြီး လူအုပ်ထဲကငါ့ကိုဆွဲထုတ် မျက်နှာဖြတ်ရိုက်မှာကိုတွက်ဆထားပြီး ငါ့မှာဒီတစ်နှစ်လုံး ခြေမကိုင်မိ၊လက်မကိုင်မိနဲ့ရင်တမမဖြစ်နေခဲ့တာ"
ရှနိဟွိုက်ကဆို၏။
"ငါကလူမဆန်ဘူးလို့ အမြဲတမ်းခံစားနေခဲ့ရတာ....တစ်ယောက်ယောက်နဲ့လမ်းခွဲလိုက်ပြီးမှ အဲ့လူဆီက အကျိုးအမြတ်တွေညှစ်ယူနေသေးဖို့အကြောင်းပြချက်က ဘယ်မှာများရှိလို့လဲ? ယွီချိုး ငါတကယ်...တောင်းပန်ပါတယ်"
ယွီချိုးက တည်ငြိမ်စွာပင်ပြန်ဖြေလိုက်လေသည်။
"အဲ့တာကို မင်းရဲ့ပရိသတ်တွေအတွက်သိမ်းထားလိုက်"
"ရွှမ်ယွင်ကရော...."
"အဲ့တာကိုစိတ်ပူစရာမလိုဘူး"
ယွီချိုးကမျက်ခွံများကိုပင့်လိုက်ကာ တောက်ပနေသောအလင်းရောင်များကို ကြည့်လိုက်လေသည်။
"ငါသူ့ကိုကာကွယ်မယ်"
ရှန်ဟွိုက်ကကော်ဖီကိုကုန်အောင်မသောက်ဘဲ တစ်ဝက်မျှချန်ထားခဲ့ကာ ထွက်သွားခဲ့လေသည်။မထွက်သွားမီ သူကတုံ့ဆိုင်းလျက် ယွီချိုးကိုကြည့်လာခဲ့၏။
"သွားတော့"
သို့သော် ယွီချိုးကတော့သူ့ကိုမကြည့်ဘဲ ဂရုမစိုက်ဟန်ဖြင့်ပြောလာလေသည်။
"ဘေးကင်းတဲ့အပြန်ခရီးဖြစ်ပါစေ"
.....
အလုပ်ပြီးနောက် မျှော်လင့်ထားသည့်အတိုင်းပင် ယွီချိုးက တံခါး၌စောင့်နေသောရွှမ်ယွင်ကို တွေ့လိုက်ရလေသည်။သူကစက်ဘီးကိုမှီထားလျက် မေးကိုပင့်ရင်း ကျယ်လောင်စွာဖြင့်ပြောလာ၏။
"ချစ်သူလေး ကိုယ်တို့ကမ္ဘာအဆုံးထိသွားကြမလား?"
ရွှမ်ယွင်ကအခြေအနေကို မသိသေးပေ။ယွီချိုးက သူ၏ရှားပါးသောအပြစ်ကင်းစင်မှုလေးကို တမင်တကာကာကွယ်ချင်ခဲ့ကာ ဤအညစ်အကြေးကြောင့် သူ့ကိုစွန်းထင်းခြင်းမျိုးမဖြစ်စေလိုသဖြင့်
ထိုအကြောင်း ဘာတစ်ခုမှထုတ်မပြောခဲ့ပေ။
ယွီချိုးကစက်ဘီးပေါ်တွင်ထိုင်ကာ နောက်ဘက်မှနေ၍ရွှမ်ယွင်ကိုဖက်ထားရင်း နှစ်ဦးသားမှာ မြစ်ကမ်းနားသို့စက်ဘီးစီးသွားခဲ့ကြ၏။ယွီချိုးကကျယ်ကျယ်လောင်လောင်ဖြင့် ပြောလိုက်လေသည်။
"မင်းကမ္ဘာအဆုံးထိသွားမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား?"
"အဲ့တာက ဝေးလွန်းတယ်!"
ရွှမ်ယွင်ရယ်မောလိုက်ကာ အသံကျယ်ကျယ်ဖြင့် ပြန်ဖြေလာလေသည်။
"ညစာစားပြီးမှ သွားကြတာပေါ့!"
ဆည်းဆာချိန်၏တောက်ပမှုက မြစ်ပြင်၏လှိုင်းကြက်ခွပ်လေးများပေါ် တလျှပ်လျှပ်လင်းလက်နေခဲ့ပြီး အမှောင်ထုက အလင်းရောင်ကိုဖြည်းညှင်းစွာပင် သော့ခတ်သိမ်းဆည်းနေခဲ့လေသည်။မိုးကုပ်စက်ဝိုင်းပေါ်ရှိ နောက်ဆုံးအလင်းရောင်အစက်အပြောက်တို့ ပျောက်ကွယ်သွားချိန်၌ နှစ်ဦးသားမှာမြစ်ကမ်းပါးပေါ်၌ရပ်လျက် အနမ်းချွေခဲ့ကြ၏။
သူတို့နောက်၌ မရေမတွက်နိုင်သောအလင်းရောင်များ၊မမြင်မတွေ့နိုင်သော အလှမ်းဝေးသည့်နေရာအတွင်းသို့ပြန့်နှံ့နေသော နီယွန်မီးရောင်များနှင့်
မြင့်သွန်းသော မိုးမျှော်တိုက်များရှိနေလေသည်။ယွီချိုးကမျက်လုံးများကိုဖွင့်လိုက်ကာ ကြယ်များကိုမြင်တွေ့လိုက်ရ၏။
ရွှမ်ယွင်နှင့်နဖူးချင်းထိကပ်ထားရင်း သူကတီးတိုးဆို၏။
"ငါမင်းကိုမေးစရာတစ်ခုရှိတယ်"
"မေးလေ!"
ရွှမ်ယွင်မှာမျက်လုံးများကိုမှေး၍ကြည့်နေကာ ဤအခိုက်အတန့်ကို လုံးလုံးလျားလျားမွေ့လျော်နေခဲ့လေသည်။
"မင်းငါ့အတွက် ရှေ့နေ့ငှါးပေးခဲ့တာလား?"
"...."
ရွှမ်ယွင်မှာအံ့ဩသင့်လျက် ထခုန်မိလုမတတ်ပင်။
"ကျွန်တော်—"
"ရှူး"
ယွီချိုးကကြားဖြတ်ပြောလိုက်လေသည်။
"ခေါင်းညိတ်၊ခေါင်းခါပဲလုပ်"
ရပ်တန့်သွားပြီးသည့်နောက် ရွှမ်ယွင်ကခေါင်းညိတ်လာ၏။
"ကောဘယ်လိုသိသွားတာလဲ?"
ရွှမ်ယွင်ကစိတ်လှုပ်ရှားရင်ဖိုလျက် မေးလိုက်လေတော့သည်။
"ချိုးကော စိတ်မဆိုးပါနဲ့နော် ကောရဲ့ကိစ္စတွေထဲ ဝင်စွက်ဖက်ဖို့ရည်ရွယ်တာမဟုတ်ပါဘူး ကျွန်တော် ကောအတွက် တစ်ခုခုလုပ်ပေးချင်ရုံပါ..."
"ဒါပေမဲ့ မင်းကိုယ်တိုင်ကိုလည်းပါဝင်ပတ်သက်စေခဲ့မိတယ်လေ"
"ဂရုမစိုက်ဘူး"
ရွှမ်ယွင်ကပြောလာ၏။
"ကျွန်တော်က ကောကိုပျော်ရွှင်အောင်လုပ်ပေးချင်ရုံပဲ"
ယွီချိုးက သူ့ကိုအချိန်အကြာကြီးကြည့်နေခဲ့ပြီး ရွှမ်ယွင်ကသူ့အကြည့်ကိုရှောင်နေလိုက်ကာ ထိုအကြည့်အောက်၌ ဘာတစ်ခုကိုမှဖုံးကွယ်မထားနိုင်သလို ခံစားနေရလေတော့သည်။
ခဏကြာပြီးနောက် သူ၏လက်ကအနွေးဓာတ်တစ်ခုကို ရုတ်ချည်းခံစားလိုက်ရပြီး ယွီချိုးကသူ၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ သူတို့၏လက်ချောင်းများကို ယှက်တွယ်ထားခဲ့တော့သည်။
"ဒါဆိုရင်တော့ ဒီခက်ခဲတဲ့အချိန်တွေကို မင်းငါနဲ့အတူဖြတ်ကျော်ရလိမ့်မယ်"
ယွီချိုးကသက်ပြင်းချလိုက်လေသည်။
"ချစ်သူကောင်လေး"
ရွှမ်ယွင်ကအသက်ရှူထုတ်လိုက်ကာ ယွီချိုးကိုပွေ့ဖက်လိုက်လေသည်။
"အရမ်းကိုမှ လှိုက်လှိုက်လှဲလှဲနဲ့လက်ခံပါတယ်"
သို့သော်လည်း သတင်းကအလွန်လျင်မြန်စွာ ဖြန့်ခံရလိမ့်မည်ဟု ယွီချိုးမမျှော်လင့်ထားခဲ့မိပေ။
သူကဝေ့ပေါ်ကိုdownloadပြန်ဆွဲလိုက်ကာ သူ၏ "ယွီချိုး"အကောင့်ထဲဝင်လိုက်လေသည်။ထောင်ပေါင်းများစွာသော သီးသန့်မက်ဆေ့ချ်များလှိမ့်ဝင်လာသည့်တိုင် သူကတော့တစ်ခုကိုမှမဖတ်ခဲ့ပေ။
ထိုအစား သူကရေပန်းစားနေသောအကြောင်းအရာများကိုသာ စစ်ဆေးလိုက်လေသည်။
"ရွှမ်ယွင် ယွီချိုး (ပွင့်ထွက်လာခြင်း)"
"ယွီချိုး ခိုးကူးခြင်း (ပေါက်ကွဲ)"
"ယွီချိုး (ပေါက်ကွဲ)"
သူနှင့်ရွှမ်ယွင်အကြောင်းကောလဟာလများ ထွက်လာသောအခါ ယွီချိုး၏အတိတ်က ချက်ချင်းဆိုသလို တူးဆွကာဖော်ထုတ်ခံရလေတော့သည်။
ရှန်ဟွိုင်ကတကယ်ကို သူတို့ဓာတ်ပုံများအားတင်ခဲ့လေသည်။
သို့သော် သေချာပေါက်သူဖြစ်ရန်တော့မလိုပေ။ပြဿနာကိုလှုံဆော်ရသည်အား သဘောကျသည့် ထိုမားကတ်တင်းအကောင့်များက ပွက်လောရိုက်ကာရုတ်ရုတ်သဲသဲဖြစ်စေမည်ကို မကြောက်ရွံ့ဆုံးသောသူများဖြစ်လေသည်။
ဖုန်းကမြည်လာခဲ့ကာ ကြည့်ပင်ကြည့်မနေတော့ဘဲ ယွီချိုးကကောက်ကိုင်လိုက်လေသည်။
၎င်းကအယ်ဒီတာဖြစ်လေသည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ?"
လက်ရှိကုမ္ပဏီနှင့်သူ၏စာချုပ်က အဆုံးမသတ်ရသေးသဖြင့် ယွီချိုးက ထိုသူတို့နှင့်အဆက်အသွယ်အချို့ရှိနေဆဲ။ယွီချိုးကခိုးကူးသည်ဟူသောစွတ်စွဲချက် ထပ်မံဖော်ထုတ်ခံရသည်ကိုမြင်ပြီးနောက် အယ်ဒီတာမှာစိုးရိမ်ကြောင့်ကြလာတော့သည်။
"ကျွန်တော်ကိုယ်တွယ်လိုက်မယ်"
ယွီချိုးကပြောလိုက်၏။
"ဒီအတောအတွင်းမှာတော့ ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်"
တစ်ဖက်မှတုံ့ပြန်ချက်ကိုစောင့်မနေတော့ဘဲ ဖုန်းကိုချလိုက်ကာ စက်ပိတ်ပစ်လိုက်တော့သည်။
တံခါးခေါက်သံကထွက်ပေါ်လာပြီး ယွီချိုးတံခါးဖွင့်လိုက်သည်နှင့် အဆက်မပြတ်မေးမြန်းနေသော ရွှမ်ယွင်ထံမှတင်းတင်းကြပ်ကြပ် ပွေ့ဖက်ခံလိုက်ရလေတော့သည်။
"ကော အဆင်ပြေရဲ့လား? အဆင်ပြေရဲ့လား?"
"မင်းဘာလို့လာခဲ့တာလဲ? အပြင်ဘက်မှာ သတင်းထောက်တွေရှိနေနိုင်တယ်လေ"
ယွီချိုးကမျက်မှောင်ကြုတ်လိုက်၏။
"မင်းအရင်ဆုံးပြန်သင့်တယ်"
"ကျွန်တော်က ဘာလို့ပြန်သင့်တာလဲ?"
ရွှမ်ယွင်ကပြောလာတော့သည်။
"ပေါ်သွားခဲ့ပြီးပြီဆိုမှတော့ ကျွန်တော်ကောနဲ့ပဲအတူရှိနေမယ် သူတို့ပြောတာမှားတာမှမဟုတ်တာ"
အဆုံး၌ ယွီချိုးမှာအလျှော့ပေးလိုက်တော့သည်။
"ကောင်းပြီ"
မူလက ယွီချိုးမှာသူနှင့်ရွှမ်ယွင်၏ဆက်ဆံရေးကို တတ်နိုင်သလောက် သိုသိုသိပ်သိပ်ထားချင်ခဲ့ခြင်းသာ ဖြစ်၏။
ရွှမ်ယွင်ကနာမည်ကြီးလာစဖြစ်ကာ အပျက်သဘောဆောင်သောသတင်းများကို ကြောက်ရွံ့လေသည်။သူကအပြစ်ရှာဝေဖန်ခံနေရသည်ကို ကျင့်သားနေခဲ့ပြီဖြစ်သည့်တိုင် သူ့ကြောင့်ရွှမ်ယွင်ဝေဖန်ခံနေရသည်ကို မမြင်မတွေ့လိုခဲ့ပေ။
အွန်လိုင်းအကြမ်းဖက်မှုက လက်နက်တစ်ခုသက်သက်မျှသာမဟုတ်ပေ။မည်သူ့ကိုမဆို တုံ့ဆိုင်းခြင်းအလျင်းမရှိ ထိုးဖောက်မည့် ချွန်မြမြဓားသွားတို့ဖြင့် ပြည့်နေသော နံရံတစ်ခုဖြစ်ပြီး လက်လွတ်စပယ်တိုက်ခိုက်မှုများကိုဆောင်ရွက်ကာ မျှတစွာစစ်ဆေးခြင်းမရှိဘဲ အပြစ်ရှိသည်ဟုသမုတ်လေ့ရှိ၏။
"မင်းရဲ့မန်နေဂျာက မင်းကိုတစ်ခုခုပြောခဲ့လား?"
ယွီချိုးကသူ့ကိုထိုင်ခိုင်းလိုက်ပြီး လက်ဖက်ရည်တစ်ခွက်လုပ်ပေးလိုက်၏။
"သူဘာမှမပြောပါဘူး"
ရွှမ်ယွင်ကခွက်ကိုကောက်ကိုင်ကာ သောက်တော့မည်ဖြစ်သော်လည်း ယွီချိုးကသူ့လက်ကို ညင်ညင်သာသာဖိထားခဲ့လေသည်။
"ဖြည်းဖြည်းသောက် ပူတယ်"
"သူကမင်းကို ဓာတ်ပုံတွေကphotoshopလုပ်ထားတာပါလို့ ဝေ့ပေါ်ပိုစ့်တစ်ခုတင်ခိုင်းခဲ့တာလား?"
ယွီချိုးကပြုံးရင်း ရွှမ်ယွင်အားကြည့်နေခဲ့လေသည်။
"ပြီးတော့ ငါတို့ကအတွဲမဟုတ်ဘူးလို့ပြောဆိုပြီးတော့လေ?"
ရွှမ်ယွင်မှာ ဘာတစ်ခုမှဖုံးကွယ်မထားနိုင်ဘဲ သူ၏လိမ်လည်သည့်အရည်အချင်းက အတော်လေးကို ညံ့ဖျင်းလေသည်။ယွီချိုး၏စကားလုံးများကိုကြားလိုက်ရသည်နှင့်တစ်ပြိုက်နက် သူကတောင့်ခဲသွားကာ စကားတစ်လုံးမှမပြောနိုင်တော့။
ယွီချိုးမှာ ရှစ်ဆယ်မှကိုးဆယ်ရာခိုင်နှုန်းခန့်ကို ခန့်မှန်းထားခဲ့ပြီးဖြစ်လေသည်။
ရွှမ်ယွင်ကခေါင်းကိုငုံ့လိုက်၏။
"ဒါပေမဲ့ ကျွန်တော်မှမလုပ်ချင်တာ"
"ကောကိုလိုက်ဖို့ အရမ်းကိုမှကြိုးကြိုးစားစားလုပ်ခဲ့ရတာလေ ကျွန်တော်တစ်ခါမှတောင်မတွေ့ဖူးတဲ့အဲ့လူတွေကို ကျွန်တော်တို့ကိုခွဲပစ်ဖို့ ဘာလို့ခွင့်ပြုပေးရမှာလဲ?"
"လက်လွှတ်ပေးမှာမဟုတ်ဘူး"
ယွီချိုးက သူ့ကိုနမ်းလိုက်လေသည်။
သူက ရွှမ်ယွင်၏နှုတ်ခမ်းဖျားပေါ်ရှိ လက်ဖက်ရွက်များ၏သင်းရနံ့ကို အရသာခံနေခဲ့လေသည်။
ဤသည်က ကမ္ဘာမပျက်မီနောက်ဆုံးအနမ်းကဲ့သို့ ရွှမ်ယွင်က သူ၏ခေါင်းနောက်ဘက်ကိုကိုင်ထားခဲ့လေသည်။
ယွီချိုးကသူ့ကိုလွှတ်ကာ ပြောလိုက်လေသည်။
"စိတ်မပူပါနဲ့ ငါကအခြားသူတွေအနိုင်ကျင့်တာကို ငြိမ်ခံနေမယ့်သူမဟုတ်ပါဘူး"
သူကဖုန်းကိုထုတ်လိုက်ကာ အသံသွင်းထားသည်ကို
MP3အဖြစ်ပြောင်းလိုက်၏။ဆီလျော်ကာဆက်စပ်မှုမရှိသော ကိစ္စများစွာပါဝင်နေလေသဖြင့် အစ၌ပင်မအပိုင်းထွက်လာအောင် တည်းဖြတ်ရန်လိုအပ်လေသည်။
"ငါ့ကိုယ်ငါကာကွယ်မယ်"
-Zawgyi
ရွန္ဟြိဳက္၏မ်က္လုံးမ်ားက ႐ုတ္တရက္ျပဴးက်ယ္သြားကာ အလိုအေလ်ာက္ပင္ ဖုန္းကိုဆြဲလုခ်င္ခဲ့ေလသည္။တိုက္တိုက္ဆိုင္ဆိုင္ပင္ က်ဳံးယြီကေကာ္ဖီေဖ်ာ္ၿပီးသြားခဲ့သျဖင့္ ယူလာခဲ့ရာ ရွန္ဟြိဳက္ကိုပိတ္ကာသြားေလေတာ့သည္။အေငြ႕မ်ားျဖင့္ေကာ္ဖီကို သူ႔ေရွ႕၌ခ်လိုက္၏။
"ခင္ဗ်ားရဲ႕ေကာ္ဖီရပါၿပီ ဂ႐ုစိုက္ပါ ပူတယ္"
"...ေကာင္းၿပီ"
က်ဳံးယြီထြက္သြားၿပီးေနာက္ ရွန္ဟြိဳက္ကဆိုဖာေပၚပစ္ထိုင္လိုက္ၿပီး အသက္ျပင္းျပင္းရွဴကာ ႐ုတ္တရက္ၿပဳံးလာခဲ့၏။
"ဒါဆိုလည္း ေကာင္းၿပီေလ"
"မင္းက ႐ုတ္တရက္ထုတ္ျပန္ခ်က္တစ္ခုထုတ္ၿပီး လူအုပ္ထဲကငါ့ကိုဆြဲထုတ္ မ်က္ႏွာျဖတ္႐ိုက္မွာကိုတြက္ဆထားၿပီး ငါ့မွာဒီတစ္ႏွစ္လုံး ေျခမကိုင္မိ၊လက္မကိုင္မိနဲ႔ရင္တမမျဖစ္ေနခဲ့တာ"
ရွနိဟြိဳက္ကဆို၏။
"ငါကလူမဆန္ဘူးလို႔ အၿမဲတမ္းခံစားေနခဲ့ရတာ....တစ္ေယာက္ေယာက္နဲ႔လမ္းခြဲလိုက္ၿပီးမွ အဲ့လူဆီက အက်ိဳးအျမတ္ေတြညႇစ္ယူေနေသးဖို႔အေၾကာင္းျပခ်က္က ဘယ္မွာမ်ားရွိလို႔လဲ? ယြီခ်ိဳး ငါတကယ္...ေတာင္းပန္ပါတယ္"
ယြီခ်ိဳးက တည္ၿငိမ္စြာပင္ျပန္ေျဖလိုက္ေလသည္။
"အဲ့တာကို မင္းရဲ႕ပရိသတ္ေတြအတြက္သိမ္းထားလိုက္"
"႐ႊမ္ယြင္ကေရာ...."
"အဲ့တာကိုစိတ္ပူစရာမလိုဘူး"
ယြီခ်ိဳးကမ်က္ခြံမ်ားကိုပင့္လိုက္ကာ ေတာက္ပေနေသာအလင္းေရာင္မ်ားကို ၾကည့္လိုက္ေလသည္။
"ငါသူ႔ကိုကာကြယ္မယ္"
ရွန္ဟြိဳက္ကေကာ္ဖီကိုကုန္ေအာင္မေသာက္ဘဲ တစ္ဝက္မွ်ခ်န္ထားခဲ့ကာ ထြက္သြားခဲ့ေလသည္။မထြက္သြားမီ သူကတုံ႔ဆိုင္းလ်က္ ယြီခ်ိဳးကိုၾကည့္လာခဲ့၏။
"သြားေတာ့"
သို႔ေသာ္ ယြီခ်ိဳးကေတာ့သူ႔ကိုမၾကည့္ဘဲ ဂ႐ုမစိုက္ဟန္ျဖင့္ေျပာလာေလသည္။
"ေဘးကင္းတဲ့အျပန္ခရီးျဖစ္ပါေစ"
.....
အလုပ္ၿပီးေနာက္ ေမွ်ာ္လင့္ထားသည့္အတိုင္းပင္ ယြီခ်ိဳးက တံခါး၌ေစာင့္ေနေသာ႐ႊမ္ယြင္ကို ေတြ႕လိုက္ရေလသည္။သူကစက္ဘီးကိုမွီထားလ်က္ ေမးကိုပင့္ရင္း က်ယ္ေလာင္စြာျဖင့္ေျပာလာ၏။
"ခ်စ္သူေလး ကိုယ္တို႔ကမာၻအဆုံးထိသြားၾကမလား?"
႐ႊမ္ယြင္ကအေျခအေနကို မသိေသးေပ။ယြီခ်ိဳးက သူ၏ရွားပါးေသာအျပစ္ကင္းစင္မႈေလးကို တမင္တကာကာကြယ္ခ်င္ခဲ့ကာ ဤအညစ္အေၾကးေၾကာင့္ သူ႔ကိုစြန္းထင္းျခင္းမ်ိဳးမျဖစ္ေစလိုသျဖင့္
ထိုအေၾကာင္း ဘာတစ္ခုမွထုတ္မေျပာခဲ့ေပ။
ယြီခ်ိဳးကစက္ဘီးေပၚတြင္ထိုင္ကာ ေနာက္ဘက္မွေန၍႐ႊမ္ယြင္ကိုဖက္ထားရင္း ႏွစ္ဦးသားမွာ ျမစ္ကမ္းနားသို႔စက္ဘီးစီးသြားခဲ့ၾက၏။ယြီခ်ိဳးကက်ယ္က်ယ္ေလာင္ေလာင္ျဖင့္ ေျပာလိုက္ေလသည္။
"မင္းကမာၻအဆုံးထိသြားမယ္လို႔ ေျပာခဲ့တာမဟုတ္ဘူးလား?"
"အဲ့တာက ေဝးလြန္းတယ္!"
႐ႊမ္ယြင္ရယ္ေမာလိုက္ကာ အသံက်ယ္က်ယ္ျဖင့္ ျပန္ေျဖလာေလသည္။
"ညစာစားၿပီးမွ သြားၾကတာေပါ့!"
ဆည္းဆာခ်ိန္၏ေတာက္ပမႈက ျမစ္ျပင္၏လႈိင္းၾကက္ခြပ္ေလးမ်ားေပၚ တလွ်ပ္လွ်ပ္လင္းလက္ေနခဲ့ၿပီး အေမွာင္ထုက အလင္းေရာင္ကိုျဖည္းညႇင္းစြာပင္ ေသာ့ခတ္သိမ္းဆည္းေနခဲ့ေလသည္။မိုးကုပ္စက္ဝိုင္းေပၚရွိ ေနာက္ဆုံးအလင္းေရာင္အစက္အေျပာက္တို႔ ေပ်ာက္ကြယ္သြားခ်ိန္၌ ႏွစ္ဦးသားမွာျမစ္ကမ္းပါးေပၚ၌ရပ္လ်က္ အနမ္းေခြၽခဲ့ၾက၏။
သူတို႔ေနာက္၌ မေရမတြက္ႏိုင္ေသာအလင္းေရာင္မ်ား၊မျမင္မေတြ႕ႏိုင္ေသာ အလွမ္းေဝးသည့္ေနရာအတြင္းသို႔ျပန္႔ႏွံ႔ေနေသာ နီယြန္မီးေရာင္မ်ားႏွင့္
ျမင့္သြန္းေသာ မိုးေမွ်ာ္တိုက္မ်ားရွိေနေလသည္။ယြီခ်ိဳးကမ်က္လုံးမ်ားကိုဖြင့္လိုက္ကာ ၾကယ္မ်ားကိုျမင္ေတြ႕လိုက္ရ၏။
႐ႊမ္ယြင္ႏွင့္နဖူးခ်င္းထိကပ္ထားရင္း သူကတီးတိုးဆို၏။
"ငါမင္းကိုေမးစရာတစ္ခုရွိတယ္"
"ေမးေလ!"
႐ႊမ္ယြင္မွာမ်က္လုံးမ်ားကိုေမွး၍ၾကည့္ေနကာ ဤအခိုက္အတန္႔ကို လုံးလုံးလ်ားလ်ားေမြ႕ေလ်ာ္ေနခဲ့ေလသည္။
"မင္းငါ့အတြက္ ေရွ႕ေန႔ငွါးေပးခဲ့တာလား?"
"...."
႐ႊမ္ယြင္မွာအံ့ဩသင့္လ်က္ ထခုန္မိလုမတတ္ပင္။
"ကြၽန္ေတာ္—"
"ရွဴး"
ယြီခ်ိဳးကၾကားျဖတ္ေျပာလိုက္ေလသည္။
"ေခါင္းညိတ္၊ေခါင္းခါပဲလုပ္"
ရပ္တန္႔သြားၿပီးသည့္ေနာက္ ႐ႊမ္ယြင္ကေခါင္းညိတ္လာ၏။
"ေကာဘယ္လိုသိသြားတာလဲ?"
႐ႊမ္ယြင္ကစိတ္လႈပ္ရွားရင္ဖိုလ်က္ ေမးလိုက္ေလေတာ့သည္။
"ခ်ိဳးေကာ စိတ္မဆိုးပါနဲ႔ေနာ္ ေကာရဲ႕ကိစၥေတြထဲ ဝင္စြက္ဖက္ဖို႔ရည္႐ြယ္တာမဟုတ္ပါဘူး ကြၽန္ေတာ္ ေကာအတြက္ တစ္ခုခုလုပ္ေပးခ်င္႐ုံပါ..."
"ဒါေပမဲ့ မင္းကိုယ္တိုင္ကိုလည္းပါဝင္ပတ္သက္ေစခဲ့မိတယ္ေလ"
"ဂ႐ုမစိုက္ဘူး"
႐ႊမ္ယြင္ကေျပာလာ၏။
"ကြၽန္ေတာ္က ေကာကိုေပ်ာ္႐ႊင္ေအာင္လုပ္ေပးခ်င္႐ုံပဲ"
ယြီခ်ိဳးက သူ႔ကိုအခ်ိန္အၾကာႀကီးၾကည့္ေနခဲ့ၿပီး ႐ႊမ္ယြင္ကသူ႔အၾကည့္ကိုေရွာင္ေနလိုက္ကာ ထိုအၾကည့္ေအာက္၌ ဘာတစ္ခုကိုမွဖုံးကြယ္မထားႏိုင္သလို ခံစားေနရေလေတာ့သည္။
ခဏၾကာၿပီးေနာက္ သူ၏လက္ကအေႏြးဓာတ္တစ္ခုကို ႐ုတ္ခ်ည္းခံစားလိုက္ရၿပီး ယြီခ်ိဳးကသူ၏လက္ကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ကာ သူတို႔၏လက္ေခ်ာင္းမ်ားကို ယွက္တြယ္ထားခဲ့ေတာ့သည္။
"ဒါဆိုရင္ေတာ့ ဒီခက္ခဲတဲ့အခ်ိန္ေတြကို မင္းငါနဲ႔အတူျဖတ္ေက်ာ္ရလိမ့္မယ္"
ယြီခ်ိဳးကသက္ျပင္းခ်လိုက္ေလသည္။
"ခ်စ္သူေကာင္ေလး"
႐ႊမ္ယြင္ကအသက္ရွဴထုတ္လိုက္ကာ ယြီခ်ိဳးကိုေပြ႕ဖက္လိုက္ေလသည္။
"အရမ္းကိုမွ လႈိက္လႈိက္လွဲလွဲနဲ႔လက္ခံပါတယ္"
သို႔ေသာ္လည္း သတင္းကအလြန္လ်င္ျမန္စြာ ျဖန္႔ခံရလိမ့္မည္ဟု ယြီခ်ိဳးမေမွ်ာ္လင့္ထားခဲ့မိေပ။
သူကေဝ့ေပၚကိုdownloadျပန္ဆြဲလိုက္ကာ သူ၏ "ယြီခ်ိဳး"အေကာင့္ထဲဝင္လိုက္ေလသည္။ေထာင္ေပါင္းမ်ားစြာေသာ သီးသန္႔မက္ေဆ့ခ်္မ်ားလွိမ့္ဝင္လာသည့္တိုင္ သူကေတာ့တစ္ခုကိုမွမဖတ္ခဲ့ေပ။
ထိုအစား သူကေရပန္းစားေနေသာအေၾကာင္းအရာမ်ားကိုသာ စစ္ေဆးလိုက္ေလသည္။
"႐ႊမ္ယြင္ ယြီခ်ိဳး (ပြင့္ထြက္လာျခင္း)"
"ယြီခ်ိဳး ခိုးကူးျခင္း (ေပါက္ကြဲ)"
"ယြီခ်ိဳး (ေပါက္ကြဲ)"
သူႏွင့္႐ႊမ္ယြင္အေၾကာင္းေကာလဟာလမ်ား ထြက္လာေသာအခါ ယြီခ်ိဳး၏အတိတ္က ခ်က္ခ်င္းဆိုသလို တူးဆြကာေဖာ္ထုတ္ခံရေလေတာ့သည္။
ရွန္ဟြိဳင္ကတကယ္ကို သူတို႔ဓာတ္ပုံမ်ားအားတင္ခဲ့ေလသည္။
သို႔ေသာ္ ေသခ်ာေပါက္သူျဖစ္ရန္ေတာ့မလိုေပ။ျပႆနာကိုလႈံေဆာ္ရသည္အား သေဘာက်သည့္ ထိုမားကတ္တင္းအေကာင့္မ်ားက ပြက္ေလာ႐ိုက္ကာ႐ုတ္႐ုတ္သဲသဲျဖစ္ေစမည္ကို မေၾကာက္႐ြံ႕ဆုံးေသာသူမ်ားျဖစ္ေလသည္။
ဖုန္းကျမည္လာခဲ့ကာ ၾကည့္ပင္ၾကည့္မေနေတာ့ဘဲ ယြီခ်ိဳးကေကာက္ကိုင္လိုက္ေလသည္။
၎ကအယ္ဒီတာျဖစ္ေလသည္။
"ဒါက ဘယ္လိုျဖစ္ရတာလဲ?"
လက္ရွိကုမၸဏီႏွင့္သူ၏စာခ်ဳပ္က အဆုံးမသတ္ရေသးသျဖင့္ ယြီခ်ိဳးက ထိုသူတို႔ႏွင့္အဆက္အသြယ္အခ်ိဳ႕ရွိေနဆဲ။ယြီခ်ိဳးကခိုးကူးသည္ဟူေသာစြတ္စြဲခ်က္ ထပ္မံေဖာ္ထုတ္ခံရသည္ကိုျမင္ၿပီးေနာက္ အယ္ဒီတာမွာစိုးရိမ္ေၾကာင့္ၾကလာေတာ့သည္။
"ကြၽန္ေတာ္ကိုယ္တြယ္လိုက္မယ္"
ယြီခ်ိဳးကေျပာလိုက္၏။
"ဒီအေတာအတြင္းမွာေတာ့ ေပ်ာ္႐ႊင္စရာႏွစ္သစ္ျဖစ္ပါေစလို႔ ဆုေတာင္းေပးပါတယ္"
တစ္ဖက္မွတုံ႔ျပန္ခ်က္ကိုေစာင့္မေနေတာ့ဘဲ ဖုန္းကိုခ်လိုက္ကာ စက္ပိတ္ပစ္လိုက္ေတာ့သည္။
တံခါးေခါက္သံကထြက္ေပၚလာၿပီး ယြီခ်ိဳးတံခါးဖြင့္လိုက္သည္ႏွင့္ အဆက္မျပတ္ေမးျမန္းေနေသာ ႐ႊမ္ယြင္ထံမွတင္းတင္းၾကပ္ၾကပ္ ေပြ႕ဖက္ခံလိုက္ရေလေတာ့သည္။
"ေကာ အဆင္ေျပရဲ႕လား? အဆင္ေျပရဲ႕လား?"
"မင္းဘာလို႔လာခဲ့တာလဲ? အျပင္ဘက္မွာ သတင္းေထာက္ေတြရွိေနႏိုင္တယ္ေလ"
ယြီခ်ိဳးကမ်က္ေမွာင္ၾကဳတ္လိုက္၏။
"မင္းအရင္ဆုံးျပန္သင့္တယ္"
"ကြၽန္ေတာ္က ဘာလို႔ျပန္သင့္တာလဲ?"
႐ႊမ္ယြင္ကေျပာလာေတာ့သည္။
"ေပၚသြားခဲ့ၿပီးၿပီဆိုမွေတာ့ ကြၽန္ေတာ္ေကာနဲ႔ပဲအတူရွိေနမယ္ သူတို႔ေျပာတာမွားတာမွမဟုတ္တာ"
အဆုံး၌ ယြီခ်ိဳးမွာအေလွ်ာ့ေပးလိုက္ေတာ့သည္။
"ေကာင္းၿပီ"
မူလက ယြီခ်ိဳးမွာသူႏွင့္႐ႊမ္ယြင္၏ဆက္ဆံေရးကို တတ္ႏိုင္သေလာက္ သိုသိုသိပ္သိပ္ထားခ်င္ခဲ့ျခင္းသာ ျဖစ္၏။
႐ႊမ္ယြင္ကနာမည္ႀကီးလာစျဖစ္ကာ အပ်က္သေဘာေဆာင္ေသာသတင္းမ်ားကို ေၾကာက္႐ြံ႕ေလသည္။သူကအျပစ္ရွာေဝဖန္ခံေနရသည္ကို က်င့္သားေနခဲ့ၿပီျဖစ္သည့္တိုင္ သူ႔ေၾကာင့္႐ႊမ္ယြင္ေဝဖန္ခံေနရသည္ကို မျမင္မေတြ႕လိုခဲ့ေပ။
အြန္လိုင္းအၾကမ္းဖက္မႈက လက္နက္တစ္ခုသက္သက္မွ်သာမဟုတ္ေပ။မည္သူ႔ကိုမဆို တုံ႔ဆိုင္းျခင္းအလ်င္းမရွိ ထိုးေဖာက္မည့္ ခြၽန္ျမျမဓားသြားတို႔ျဖင့္ ျပည့္ေနေသာ နံရံတစ္ခုျဖစ္ၿပီး လက္လြတ္စပယ္တိုက္ခိုက္မႈမ်ားကိုေဆာင္႐ြက္ကာ မွ်တစြာစစ္ေဆးျခင္းမရွိဘဲ အျပစ္ရွိသည္ဟုသမုတ္ေလ့ရွိ၏။
"မင္းရဲ႕မန္ေနဂ်ာက မင္းကိုတစ္ခုခုေျပာခဲ့လား?"
ယြီခ်ိဳးကသူ႔ကိုထိုင္ခိုင္းလိုက္ၿပီး လက္ဖက္ရည္တစ္ခြက္လုပ္ေပးလိုက္၏။
"သူဘာမွမေျပာပါဘူး"
႐ႊမ္ယြင္ကခြက္ကိုေကာက္ကိုင္ကာ ေသာက္ေတာ့မည္ျဖစ္ေသာ္လည္း ယြီခ်ိဳးကသူ႔လက္ကို ညင္ညင္သာသာဖိထားခဲ့ေလသည္။
"ျဖည္းျဖည္းေသာက္ ပူတယ္"
"သူကမင္းကို ဓာတ္ပုံေတြကphotoshopလုပ္ထားတာပါလို႔ ေဝ့ေပၚပိုစ့္တစ္ခုတင္ခိုင္းခဲ့တာလား?"
ယြီခ်ိဳးကၿပဳံးရင္း ႐ႊမ္ယြင္အားၾကည့္ေနခဲ့ေလသည္။
"ၿပီးေတာ့ ငါတို႔ကအတြဲမဟုတ္ဘူးလို႔ေျပာဆိုၿပီးေတာ့ေလ?"
႐ႊမ္ယြင္မွာ ဘာတစ္ခုမွဖုံးကြယ္မထားႏိုင္ဘဲ သူ၏လိမ္လည္သည့္အရည္အခ်င္းက အေတာ္ေလးကို ညံ့ဖ်င္းေလသည္။ယြီခ်ိဳး၏စကားလုံးမ်ားကိုၾကားလိုက္ရသည္ႏွင့္တစ္ၿပိဳက္နက္ သူကေတာင့္ခဲသြားကာ စကားတစ္လုံးမွမေျပာႏိုင္ေတာ့။
ယြီခ်ိဳးမွာ ရွစ္ဆယ္မွကိုးဆယ္ရာခိုင္ႏႈန္းခန္႔ကို ခန္႔မွန္းထားခဲ့ၿပီးျဖစ္ေလသည္။
႐ႊမ္ယြင္ကေခါင္းကိုငုံ႔လိုက္၏။
"ဒါေပမဲ့ ကြၽန္ေတာ္မွမလုပ္ခ်င္တာ"
"ေကာကိုလိုက္ဖို႔ အရမ္းကိုမွႀကိဳးႀကိဳးစားစားလုပ္ခဲ့ရတာေလ ကြၽန္ေတာ္တစ္ခါမွေတာင္မေတြ႕ဖူးတဲ့အဲ့လူေတြကို ကြၽန္ေတာ္တို႔ကိုခြဲပစ္ဖို႔ ဘာလို႔ခြင့္ျပဳေပးရမွာလဲ?"
"လက္လႊတ္ေပးမွာမဟုတ္ဘူး"
ယြီခ်ိဳးက သူ႔ကိုနမ္းလိုက္ေလသည္။
သူက ႐ႊမ္ယြင္၏ႏႈတ္ခမ္းဖ်ားေပၚရွိ လက္ဖက္႐ြက္မ်ား၏သင္းရနံ႔ကို အရသာခံေနခဲ့ေလသည္။
ဤသည္က ကမာၻမပ်က္မီေနာက္ဆုံးအနမ္းကဲ့သို႔ ႐ႊမ္ယြင္က သူ၏ေခါင္းေနာက္ဘက္ကိုကိုင္ထားခဲ့ေလသည္။
ယြီခ်ိဳးကသူ႔ကိုလႊတ္ကာ ေျပာလိုက္ေလသည္။
"စိတ္မပူပါနဲ႔ ငါကအျခားသူေတြအႏိုင္က်င့္တာကို ၿငိမ္ခံေနမယ့္သူမဟုတ္ပါဘူး"
သူကဖုန္းကိုထုတ္လိုက္ကာ အသံသြင္းထားသည္ကို
MP3အျဖစ္ေျပာင္းလိုက္၏။ဆီေလ်ာ္ကာဆက္စပ္မႈမရွိေသာ ကိစၥမ်ားစြာပါဝင္ေနေလသျဖင့္ အစ၌ပင္မအပိုင္းထြက္လာေအာင္ တည္းျဖတ္ရန္လိုအပ္ေလသည္။
"ငါ့ကိုယ္ငါကာကြယ္မယ္"