"ဒီနေ့ကစပြီး hyung ကြောင့်အခုန်မြန်နေတဲ့ ကျနော်နှလုံးသားလေးကိုရော့ ကျနော်ကိုပါ တာဝန်ယူရမယ်"
"ဟင်"
"ဘာမှ ဟင်မနေနဲ့ ကျနော်ကိုတာဝန်ယူမလား ဒါမှမဟုတ် hyung ကို ကျနော်ကဝာာဝန်ယူရမလား"
"ဟင်!"
Jungkook ပြောသမျှကို သူမှာ တဟင်ဟင်နဲ့သာဖြစ်နေသည်၊သူဆီက ချစ်ပါတယ်လိုပြောပြန်ပြောမယ့်စကားကို အတင်းဓားပြတိုက်သလို တောင်းနေတဲ့ သူကြောင့် seokjin မှလဲ ကြောင်တောင်တောင်ဖြစ်နေသည်၊သူကိုတော့ ကလေးကြနေတာဘဲလို ပြောပြီး သူကိုယ်တိုင် ကလေးလို့ ဂျစ်တိုက်နေသည်၊ပြောချင်ရာပြောပြီး ဆိုင်က ထသွားသည်၊ သူလဲ Jungkook နောက်ကိုသာ အပြေးလေးလိုက်သွားတော့ ဆိုင်ကယ်ပေ့ါတွင် ဆိုင်ကယ်ဦးထုပ်ဆောင်းက စောင့်နေသည်မှ သူအမြင်ထဲ အရမ်းကိုစမတ်ကျလွန်းနေသည်၊ All black နဲ့ မိုက်နေတဲ့သူက ချစ်တယ်လိုမပြောဘဲ ပြန်ချစ်ပေးနိုင်မလားလို့ ကလေးလို့ နားပူနားဆာ လုပ်နေတဲ့သူမှ ဟုတ်ရဲ့လား၊
ဆိုင်ကယ်မောင်းနေတဲ့ တစ်လျှောက်လုံး အနောက်က seokjin မှ ခုနကိစ္စကြောင့်အနေခက်နေသည်၊ သူခါးကို ဖက်ရမှလဲ တစ်မျိုးဖြစ်နေသည်၊ခါးကိုမဖက်ဘဲနေတော့လဲ ဆိုင်ကယ်ကို အမြန်မောင်းနေတာကြောင့် တင်းတင်းဖက်ထားရပြနါသည်၊သူဖက်ထားတော့မှ ဆိုင်ကယ်ကို အေးဆေးမောင်းပေးသည်၊အသားယူလိုက်တာလဲ လွန်ပါ့ Jungkook တို့က၊
အိမ်ကို ရောက်တော့ သူလဲ နှုတ်ဆက်ပြီး ပြန်သွားသည်၊ဆော့ဂျင်လဲ အိမ်ထဲဝင်လိုက်သည်၊ဒါတောင်မသွားခင်ပြောသွားတာ "ကျနော်ဘက်က သေချာနေပြီး hyung ဘက်ကဘဲ ကျန်တော့တယ်" လို့ ပြောပြီး ဆိုင်ကယ်ကို အရှိန်မောင်းထွက်သွားသူကြောင့် သူမှစိတ်ပူရပြန်သည်၊
"အကိုပြန်လာပြီလား"
Jungkook ကြောင့် ရှက်စိတ်တွေ မွန်းနေရတာ ဘယ်နှစ်ကြိမ်မှန်းတောင်မသိတော့ပါ၊အခုလဲ Jimin ရပ်နေသည်ကိုပင် သတိမထားမီ၊ရုတ်တရက် ကြားလိုက်ရတဲ့ Jimin အသံကြောင့် လန့်သွားရသည်၊
"ဟင် ဟို ပြန် ပြန်ရောက်ပြီ "
ဟုပြောပြီး သူအခန်းထဲသာ ဝင်နေလိုက်သည်၊လေပူလေးတစ်ချက် မှုတ်ထုတ်လိုက်ပြီး ခုန်နေတဲ့ရင်ဘက်ကို လက်နဲ့ဖိကာ တစ်ယောက်တည်းကျေကျေနပ်နပ်ကြီး ပြုံးနေမီသည်၊
Jimin ကတော့ ခေါင်းသာ ခါ နေတော့သည်၊ seokjin အိမ်ထဲ ဝင်လာထဲကသူတွေ့သည်၊ ပါးနှစ်ဖက်ဟာလဲ ရှက်သွေးဖျာနေသလို နီရဲနေပြီ သူမေးလိုက်တော့ စကားတွေဟာ ထစ်ငေါ့နေသည် သေချာပါတယ် ဟိုငနဲကောင် လက်စွမ်းပြလိုက်ပြီးဘဲ၊
"ဟူး...ငါတော့ ယောက်ဖမကောင်းမကန်းလေးရတော့မယ် ထင်တယ်"
~~~~~
seokjin လဲ ညစာကို Jimin တို့နဲ့အတူစားပြီး အပေ့်ထပ်က သူအခန်းဆီကိုတက်သွားသည်၊ခြေလက်ဆေးကာ အိပ်ရန်ပြင်ချိန် ဖုန်းဝင်လာသည်၊စာကြည်ခုံပေါ်တွင်တင်ထားသောဖုန်းကိုတချက်ကြည်လိုက်သည်၊နာမည် မမှတ်ထားသော contact ကြောင့် ခဏတွေဝေသွားသည် ၊ဒီအချိန် ဘယ်သူကဖုန်းဆက်တာလဲ၊ မာမီဖုန်းနံပတ်လဲ မဟုတ်၊ Yoongi ဖုန်းနံပတ်လဲ မဟုတ်သလို ဒီအချိန်ကိုတော့ ဖုန်းဆက်မည်မဟုတ်၊အဆကိမပြတ်လာနေတဲ့ ဖုန်းကိုကြည်ပြီး seokjin စိတ်ထဲ မတင်မကျဖြစ်နေသည်၊ဘယ်သူဆက်တာလဲ သိချင်စိတ်ကြောင့် ဖုန်းကိုင်လိုက်သည်
"ဟယ်လို"
သူ ဖုန်းကို ထူးလိုက်ပေမဲ့ တစ်ဖက်ဆီကတိတ်ဆိတ်နေသည်၊ဘာစကားမှ မပြောဘဲ တိတ်ဆိတ်နေတဲ့ ဖုန်းရဲ့တစ်ဖက်လူကြောင့် seokjinလဲ ဖုန်းကိုချဖို့ လုပ်လိုက်ချိန်
"hyung"
"ဟင်"
seokjin လန့်သွားသည် ၊ထိုလူအသံက jungkook အသံနဲ့ အတော်ကိုတူနေသည်၊သူ jungkook အကိုစိတ်စွဲနေလို့ အသံထင်ရောင်ထင်မှားဖြစ်နေတာများလား၊ Seokjin သူဘာတွေးပြီး ရှက်နေသည်၊ ဘာကြောင့် jungkook ကို စိတ်စွဲရမှလဲ ၊မဟုတ်တာ စိတ်စွဲစရာအကြောင်း နည်းနည်းမှ မရှိဘူး၊
"hyung"
ထပ်မံကြားလိုက်ရတဲ့ အက်ရှရှ အသံလေးဟာ ငြင်းဖွယ်မရှိ jungkook အသံသာဖြစ်နေသည်၊မဟုတ်မှ jungkook များလား၊
"ဘယ်သူလဲဟင်"
သူပြန်ဖြေလိုက်တော့ တစ်ဖက်လူအသံက ထပ်မံတိတ်ဆိတ်သွားပြန်သည်၊ seokjin စိတ်ထဲ ဒီလူဟာ ဘာလားပေါ့ ဖုန်းခေါ်ပြီး ဘာမှမပြောတာကြောင့် စိတ်ထဲ မတင်မကျတော့ဖြစ်နေငည်
"ဘယ်သူလဲ"
seokjin ထပ်မေးလိုက်သည်
"ကျနော်အသံကိုမမှတ်မီတာလား hyung"
"Jungkook"
သေချာပါပြီး သူကိုဖုန်းဆက်တဲ့သူက ချစ်တယ်လိုမပြောဘဲ ပြန်ချစ်နိုင်မလားလို့ ကလေးလို့ပူဆာနေတဲ့ နှစ်ယောက်မရှိတဲ့ ခပ်ဆိုးဆိုးလေး jungkook ဘဲဖြစ်ရမယ်၊ဒါနဲ့သူဖုနါးနံပတ်ကို jungkook ကဘယ်လိုရတာလဲသူလဲမပေးဖြစ်ဘဲ၊ထြိချိန်တစ်အိမ်ထဲနေသူ ချစ်စရာညီဖြစ်သူ Jimin ကိုသတိရသွားသည်၊တရားခံက Jimin ကလွဲလို ရှိပါမလား၊
"hyung ကျနော်အသံကို တကယ်မမှတ်မီတာလား"
"ဟုတ်တယ် ရုတ်တရက်ဆိုတော့ hyung မမှတ်မီဘူးဖြစ်သွားတယ်"
"ဝမ်းနည်းတယ်"
jungkook မှတော့ ဖုန်းဆက်ဖို့ကို အတော်ကြိုးစားပြီး ဆက်လိုက်ရတာ၊ဆက်မယ်လုပ်လိုက် ချလိုက်နဲ့ အကြိမ်ကြိမ်တိုင်ပတ်နေသည်၊seokjinနဲ့ ပက်သက်လာရင် jungkook ရင်ခုန်သံတွေက စည်းချက်ကိုမမှန်ဘဲ အခုန်မြန်နေသည်၊အခုလဲ အတော်ကို စိတ်လှုပ်ရှားနေသည်၊စိတ်ကို အတော်တင်းကာ သက်ပြင်းရှည်ကြီး ချရင် ဒီတစ်ခေါက်တော့ ဖုန်းကိုမချဘဲ ဝင်သွားသည့်အထိ စိတ်တင်းကာ ခေါ်လိုက်ပေမဲ့ သူကိုမမှတ်မီဘူးဟု ပြောလိုက်တာကြောင့် စိတ်ထဲ အတော်ကိုဝမ်းနည်းသွားသည်၊ ၊တစ်ခါမှ သူဒီလို မဖြစ်ဘူးပါ ဖုန်းလေးဆက်ဖို့အရေးကို ခြေတုန်လက်တုန်နဲ့ ဖြစ်နေရသည်၊hyung နဲ့ပက်သက်လာရင် သူစိတ်က အင်မတန်ကို ပျော့ညံနေသည်၊အရင်က International playboy Jeon Jungkook က မရှိတော့ဘဲ ဘာအတွေ့ကြုံမှ မရှိသေးတဲ့ ခပ်ငယ်ငယ် ကောင်လေးတစ်ယောက်လို့ အသစ်ဆန်းတွေကြောင့် ရင်ခုန်နေရလို့ ဖြစ်နေသည်၊
"ဟို hyung ကလေ"
seokjin တိုင်ပတ်နေပါပြီး ဝမ်းနည်းတယ်ဟုပြောပြီ တိတ်ဆိတ်သွားတဲ့ jungkook ကြောင့် သူဘာပြောရတော့မလဲ၊တကယ်ဝမ်းနည်းသွားသည် ထင်တယ်၊
"ရုတ်တရက်ဆိုတော့လေ"
seokjin ဘယ်လို အကြောင်းပြချက်ပေးရမှန်း စဉ်းစားလို့မရဖြစ်နေသည်၊ jungkook နဲ့ ဖုန်းပြောနေရတာကြောင့်လဲ ပါသည်၊ ခေါင်းထဲ ဘာစကားမှ ပေါ်တော့ဘဲ စိတ်လှုပ်ရှားနေသည်၊အရေးအကြောင်းဆို ခေါင်းကဘာမှသုံးစားမရတော့တာဘဲကကြည်၊နှစ်ယောက်ကြား ခဏတာတိတ်ဆိတ်သွားသည်၊ဆော့ဂျင်လဲ ဘာပြောရမည်ကိုစဉ်းစားကာ ခေါင်းခြောက်နေတော့သည်၊ခဏအကြာမှ ထိုတိတိဆတ်ခြင်းကို ဖြိုခွဲလိုက်သူမှ ဂျောင်ဂုဖြစ်သည်
"ကျနော်အတည်ပြုစရာ ရှိလို ဆက်လိုက်တာ"
"အွန်း ပြောလေ jungkook "
"hyung ကျနော်ကို ချစ်နေမီလား ၊hyungခံစားချက်တွေ သေချာပြီးလား မေးချင်လို့"
"ဟင် ဟို အက်တာကလေ"
seokjin စိတ်ညစ်ညစ်နဲ့ ခေါင်းတွေသာကုတ်နေရသည်၊တကယ်ကိုအကြပ်ကိုင်နေတာဘဲ၊လူလည်ကျနေတဲ့ Jungkook ကို သူဘယ်လိုလုပ်ရမလဲ၊ပြောလိုက်ရင်လဲ ဒဲ့တိုးကြီးပြောပြောနေတာကြောင့် seokjin မှလဲ အတော်ကို ခေါင်းစားနေရသည်၊အခုလဲ ကြည့် မနက်ကမှ ဖွင့်ပြောချင်းမဟုတ်တဲ့ ဖွင့်ပြောစကားဆိုပြီး အခုကအဖြေတောင်းနေတာ တော်တော်က်ု လူလည်ကျသည့်မဟုတ်လား၊ချစ်တယ်လိုဖွင့်ပြောရင် ဒီကအဖြေရတာလဲ အဆင်ပြေမယ့်ဟာကို သူကြတော့ ဖွင့်မေပြာဘဲ အဖြေကြီး ဇွတ်တောင်းနေတာ ခက်တော့ခက်သား၊
"ဟင်တွေ ဟိုတွေ မေးနေတာမဟုတ်ဘူး ကျနော်ကို ချစ်လား မချစ်ဘူးလား မေးနေတာ"
"ဟိုလေ အက်ကိစ္စကို hyung အချိန်ယူပြီး စဉ်းစားချင်လို့"
"ကျနော်တောင် အချိန်မယူဘဲ hyung ကို ချစ်နေတာဘဲ၊hyungကကြတော့ ကျနော်ကိုချစ်ဖို့ အချိန်ယူတာ မတရားဘူး"
အက်ရှရှ jungkook အသံလေးက ချွဲသလို ထင်ရသော့အသံစူးစူးလေးဖြစ်ပြောနေသည်၊တဖက်တွင်လဲ စကားပြောရင်နှုတ်ခမ်းစူကာ တစ်ယောက်တည်း စိတ်ကောက်နေသည်ကိုတော့ seokjin မသိနိုင်၊ပြောပါတယ် hyung နဲ့ပက်သက်လာရင် သူဟာ ကလေးဆန်ချင်နေရော၊တစ်ခါတစ်လေ ကျရင်လဲ မထိန်းနိုင်ဘဲ ကလေးဆန်မီနေတာ hyung ကြောင့်ဘဲ ဖြစ်သည်၊
"အချိန်ယူမယ့်ဆို ယူပါ ဒါပေမဲ့အကြာကြီးတော့မရဘူး မဟုတ်ရင်ကျနော် hyung ကိုကားတင်ပြေးလိုက်မှ"
"ဟင်"
"ကောင်းကောင်းအိပ်ပါ အိမ်မက်လှလှပါစေ ကျနော်ချစ်ရတဲ့hyungရေ"
ဟုပြောပြီး ဖုန်းချသွားတဲ့ jungkook ကြောင့် seokjin မှ ဖုန်းကို ကိုင်လျှက်ကြောင်တောင်တောင်ကြီးရပ်နေမီသည်၊ jungkook ပြောလိုက်တဲ့ ကားတင်ပြေးမယ်ဟုသော စကားကြောင့်လဲ Seokjin တစ်ယောက် ရှက်ကာနားရွက်လေးတွေ နီရဲသွားသည်၊တကယ် ဘယ်လိုကလေးလေးပါလိမ့်၊အတွေးလွန်နေတာကြောင့် ဖုနါးကို လက်ထဲကမချမီသေးဘဲ မတ်တပ်သာ ရပ်နေမီသည်၊ထိုချိန် စာဝင်သံကြားလိုက်ရတာကြောင့်။ ကြည်လိုက်တော့ heartထု sticker ပုံလေး ပို့လိုက်တဲ့ jungkook ကြောင့် seokjin ခပ်ရေးရေးလေးပြုံးမီသည်၊ တစ်ဖက်တွင်လဲ အသည်းပုံလေးပို့လိုက်ပြီး ဖုန်းကို ရင်ဘတ်နားကပ်ကာ အပျော်လွန်နေတဲ့ jungkook အိပ်ယာပေါ်သို ခြေပစ်လက်ပစ် လှဲချလိုက်သည်၊
seokjin လဲ အိပ်ပေါ်မှ လှဲအိပ်လိုက်ပြီး သူနဲ့ jungkook စတွေ့ချိန်တုန်းက ဖြစ်စဉ်များကို ရုပ်ရှင်သဖွယ် ပြန်စဉ်းစားပြီး မျက်နှာထက်အပြုံးတွေဝေဆာနေသည်
"နာမည်လို့ ခင်ဗျား မှနာမည်မရှိဘူးလား"
"ရှိပါတယ် "
"ဒါဆိုပြောလေ"
"kim seokjin ပါ"
" ကျနော်က jungkookရင်းရင်းနှီးနှီးမောင်လို့ခေါလဲရတယ်"
ရုပ်ရှင်ဆန်ဆန်အတွေးထဲရောက်လာတဲ့ ဒီစကားသံလေးတွေကြောင့် အရှက်သည်းကာ ကုတင်ပေ့ါရှိစောင်းလေးကို ခေါင်းအထိ ဆွဲခြုံလိုက်သည်၊နှာဖူးလေးကိုလဲ လက်နဲ့ဖွဖွလေးထုက ရှက်နေတဲ့ seokjin ပင် အပြုံးတွေဟာလဲ ပျားရည်ထက်ပင်ချိုမည့်ပုံ၊
"ကလေးမဟုတ်တဲ့ hyung ရဲ့ကလေးလေးဘဲ"
ခေါင်းလေးခါကာ လေပူတွေ ရှုထုတ်ရင်းအိပ်စက်ခြင်းသို့သာ အာရုံစိုက်လိုက်သည်၊
_________________________
မန့်လေးတွေ ပေးချင်ကြဘူးလား
🥀🥀🥀
"ဟင်"
"ဟင်!"
Jungkook ပြောသမျှကို သူမှာ တဟင်ဟင်နဲ့သာဖြစ်နေသည်၊သူဆီက ချစ်ပါတယ်လိုပြောပြန်ပြောမယ့်စကားကို အတင်းဓားပြတိုက်သလို တောင်းနေတဲ့ သူကြောင့် seokjin မှလဲ ကြောင်တောင်တောင်ဖြစ်နေသည်၊သူကိုတော့ ကလေးကြနေတာဘဲလို ပြောပြီး သူကိုယ်တိုင် ကလေးလို့ ဂျစ်တိုက်နေသည်၊ပြောချင်ရာပြောပြီး ဆိုင်က ထသွားသည်၊ သူလဲ Jungkook နောက်ကိုသာ အပြေးလေးလိုက်သွားတော့ ဆိုင်ကယ်ပေါ့တွင် ဆိုင်ကယ်ဦးထုပ်ဆောင်းက စောင့်နေသည်မှ သူအမြင်ထဲ အရမ်းကိုစမတ်ကျလွန်းနေသည်၊ All black နဲ့ မိုက်နေတဲ့သူက ချစ်တယ်လိုမပြောဘဲ ပြန်ချစ်ပေးနိုင်မလားလို့ ကလေးလို့ နားပူနားဆာ လုပ်နေတဲ့သူမှ ဟုတ်ရဲ့လား၊
"အကိုပြန်လာပြီလား"
~~~~~
"ဟယ်လို"
"hyung"
"ဟင်"
"hyung"
"ဘယ်သူလဲဟင်"
"ဘယ်သူလဲ"
"Jungkook"
"ဝမ်းနည်းတယ်"
"ဟို hyung ကလေ"
"ရုတ်တရက်ဆိုတော့လေ"
"အွန်း ပြောလေ jungkook "
"ဟင် ဟို အက်တာကလေ"
"ဟင်"
"ရှိပါတယ် "
"ဒါဆိုပြောလေ"
"kim seokjin ပါ"
ရုပ်ရှင်ဆန်ဆန်အတွေးထဲရောက်လာတဲ့ ဒီစကားသံလေးတွေကြောင့် အရှက်သည်းကာ ကုတင်ပေါ့ရှိစောင်းလေးကို ခေါင်းအထိ ဆွဲခြုံလိုက်သည်၊နှာဖူးလေးကိုလဲ လက်နဲ့ဖွဖွလေးထုက ရှက်နေတဲ့ seokjin ပင် အပြုံးတွေဟာလဲ ပျားရည်ထက်ပင်ချိုမည့်ပုံ၊
_________________________