အမတ္ႀကီးရဲ႕အပယ္ခံသား (အမတ်ကြီ...

Por Neko_san_ZP

844K 119K 3.3K

Started date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တ... Más

Chapter -1 (ျပန္လည္ေမြးဖြားလာသည့္ဒန္နာရီ)
Chapter -2(အစကေန ျပန္လည္စတင္ျခင္း)
Chapter-3
Chapter-4
Chapter-5 (Pink Rose meaning please believe me)
Chapter-5.0
Chapter-6.1
Chapter-6.2(အီဆိုနာနယ္ေျမ)
Chapter -7
Chapter -8.1
Chapter-8.2.
Chapter -9
Chapter -10
Chapter -11.1
Chapter-11.0
Chapter-11.2
Chapter-12
Chapter -13
Chapter-14
Chapter-15
Chapter -16
Chapter -17
Chapter -18
Chapter -19
Chapter -20
Chapter-21
Chapter -22
Chapter -23
Chapter -24
Chapter -25
Chapter -26
Chapter -27
Chapter-28
Chapter -29
Chapter -30
Chapter -31
Chapter -32
Chapter -33
Chapter -34
Chapter -35
Chapter-36
Chapter -37
Chapter -38
Chapter -39
Chapter -40
Chapter -41
Chapter-42
Chapter -43
Chapter -44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter -49
Chapter -50
Chapter-51
Chapter -52
Not update
Chapter -53
Chapter-54
Chapter-55
Chapter -56
Chapter -57
Chapter-58
Chapter-59
Chapter -60
Chapter -61
Chapter-62.1
Chapter-62.2
Chapter-63
Chapter -64
Chapter -65
Chapter -66
Chapter -67
Chapter -68
Chapter -69
chapter -70
Chapter -71
Chapter -72
Chapter-73
Chapter-74
Chapter -75
Chapter -76
Chapter-77
Chapter -78
Chapter-79
Chapter-80
Chapter -81
Chapter-82
Chapter-83
Chapter -84
Chapter - 85
Chapter-86
Chapter -87
Chapter -88
About paid
Chapter-89
Chapter -90
Chapter -91
Chapter -92
Chapter -93
Chapter -94
Chapter -95
Chapter -96
Chapter-97
Chapter -98
Hello
Chapter-99
Chapter-100
Chapter -101
Chapter-103
Chapter-104
Chapter-105
Chapter-106
Chapter-107
Chapter-108
//Plz Read//
//not update//
Chapter-109
Chapter -110
Chapter-111
Chapter-112
Chapter-113
Chapter -114
Chapter-115
Chapter-116
Chapter-117
Chapter-118
Chapter-119
Chapter-120
Hello//
Chapter-121
Chapter -122
Chapter-123
Chapter-124
Chapter-125
Chapter -126
Chapter -127
Chapter-128
Chapter-129
Chapter-130
//spoils//
Chapter-131
Chapter-132.1
Chapter-132.2
about Season-2

Chapter-102

3.2K 466 5
Por Neko_san_ZP

Zawgyi

ေနာက္တစ္ေန႕ ဒန္နာရီ နိုးလာခ်ိန္မွာေတာ့ အခန္းထဲမွာ ဘယ္သူမွ မရွိပဲ ခုံေပၚမွာသာ စာ႐ြက္တစ္႐ြက္ေခါက္တင္ထားတာေတြ႕လိုက္သည္၊ၿပီးေတာ့ ကုတင္အနီးနားမွာလည္း အဝတ္အစားတစ္စုံနဲ႕ မ်က္ႏွာသစ္သန့္စင္ဖို႔ ေရဇလုံလည္း ခ်ေပးထားသည္၊

ဒန္နာရီက ကိုယ္လက္သန့္စင္ၿပီးေနာက္မွ ေဂ်ာ့ဖေရးအခန္းထဲရွိ ေရခ်ိဳးခန္းကိုသြားကာ တကိုယ္ရည္သန့္ရွင္းေရးလုပ္လိုက္သည္၊ထို႔ေနာက္မွာေတာ့ ေဂ်ာ့ဖေရးထုတ္ေပးထားတဲ့အဝတ္အစားကို ဝတ္ကာ အေပၚကေန ေက်ာင္းယူနီေဖာင္းဝတ္ဆင္လိုက္ၿပီး စားပြဲေပၚက စာ႐ြက္ကိုဖတ္လိုက္သည္၊

ေဂ်ာ့ဖေရးဆို႔ ဒီမနက္အေစာပိုင္းထဲက ထြက္ခြာသြားၿပီျဖစ္ေၾကာင္းနဲ႕ မၾကာခင္ ျပန္လာမည့္အေၾကာင္းကို ေျပာေၾကာင္းထားျခင္းျဖစ္သည္၊ဒန္နာရီလည္း ေဂ်ာ့ဖေရးရဲ႕စာကို သိမ္းလိုက္ၿပီး အခန္းထဲကေနထြက္ကာ ဂ်ဴနီယာတန္းေဆာင္ဘက္ကို ထြက္လာေတာ့သည္၊

"ဒန္နာရီ မင္းလာၿပီးေပါ့!"

"ဒီေန႕ မင္း အတန္းမတက္ဘူးဆိုတာ ထင္ၿပီးသားပါ "ရွီရယ္ရဲ႕ၿပဳံးစိစိမ်က္ႏွာေဘးေၾကာင့္ ဒန္နာရီလည္း အနည္းငယ္မ်က္ေမွာင္ၾကဳတ္သြားသည္၊ဒန္နာရီက ရွီရယ္ေျပာတာကို သိပ္နားမလည္တာေၾကာင့္ ျပန္ေမးရန္လုပ္ခ်ိန္မွာ နီကိုးလ္(မ္)က ေရာက္လာေတာ့သည္၊

"ဒန္နာရီ မေတြ႕တာၾကာၿပီေနာ္" နီကိုးလ္(မ္)က ၿပဳံးျပရင္း ႏူတ္ဆက္လိုက္သည္၊ဒန္နာရီကလည္း နီကိုးလ္(မ္)မွတ္မိတာေၾကာင့္ ျပန္လည္ႏူတ္ဆက္လိုက္သည္၊ထို႔ေနာက္မွာေတာ့ နီကိုးလ္(မ္)က ရွီရယ္တို႔ဘက္ကို လွည့္ကာ

"မင္းတို႔သူငယ္ခ်င္းကို အစ္ကို ခဏငွားလို႔ရမလား"

"စီနီယာက ဘာလို႔ ႏြန္းရဲ႕သူငယ္ခ်င္းကို ငွားခ်င္ရတာလဲ" အီရွက ဒန္နာရီကို အေနာက္ပို႔လိုက္ၿပီး နီုကိုးလ္(မ္)ကို သံသယအျပည့္နဲ႕ၾကည့္ရင္း ေမးလိုက္သည္၊
(A/N:  အီရွက သူစိမ္းေတြနဲ႕ဆို ႏြန္းလို႔ပဲ သုံးတာမ်ားတယ္ ဒန္နာရီတို႔ေရွ႕မွ ပုံမွန္လို သုံးႏႈန္းတာ)

"အစ္ကိုက သူနဲ႕ေျပာစရာေလး နည္းနည္းရွိလို႔ပါ" နီကိုးလ္(မ္)က အီရွရဲ႕အထက္စီးဆန္လွတဲ့တုန့္ျပန္မႈေပၚ ဘာမွမျဖစ္ပဲ အၿပဳံးမပ်က္ေပ၊

"ႏြန္းတို႔ေရွ႕မွာပဲ ေျပာရမယ္" အီရွက လက္မခံစြာေျပာလိုက္သည္၊စီနီယာေဂ်ာ့ဖေရးက မနက္တုန္းက ဒန္နာရီကိုေစာင့္ေရွာက္ေပးဖို႔ သူတို႔ကို အကူအညီေတာင္းသြားသည္မလား၊တကယ့္လို႔ ကူညီေပးမယ္ဆိုရင္ အီရွသေဘာက်ႏွစ္သက္တဲ့ပစၥည္းကို ယူလာေပးမယ္ ကတိေပးထားသည္၊ဒါေၾကာင့္ ဒန္နာရီကို အီရွက လူဆိုးေတြ လက္ထဲရေန ကာကြယ္ရမည္၊

ေရွ႕က လူဆိုးအပါအဝင္၊ မေန႕က လူဆိုးဆီကေရာပဲ၊

နီကိုးလ္(မ္)နဲ႕ဒက္(စ္)မွာ အီရွက သူတို႔အား လူဆိုး(၁) နဲ႕ (၂) သတ္မွတ္လိုက္သည္ကို မသိေပ၊

နီကိုးလ္(မ္)က အခက္ေတြ႕သြားေတာ့သည္၊တကယ္လို႔ လူေတြၾကားထဲ သူသာဇြတ္လုပ္ရင္ ဒန္နာရီဆီကို အႏၱရာယ္ေတြဖိတ္ေခၚသလိုျဖစ္သြားလိမ့္မည္၊ဒါေၾကာင့္ နီကိုးလ္(မ္)က သက္ျပင္းသာခ်လိဳက္ၿပီး ဒန္နာရီကို လက္ေဆာင္ပစၥည္းေလးတစ္ခုေပးလိုက္သည္၊

"ဒါက ပိုးပန္းလက္ေဆာင္မဟုတ္ပါဘူး...ေက်ာင္းေတာ္ရဲ႕ပါရမီရွင္ေတြကို ကိုယ့္ဘက္က သီးသန့္ေပးတဲ့လက္ေဆာင္..."

အီရွကလည္း နီကိုးလ္(မ္)ေရွ႕မွာ မတ္တပ္ရပ္လိုက္ၿပီး လက္ျဖန့္လိုက္သည္၊နီကိုးလ္(မ္)က နားမလည္စြာ ၾကည့္လိုက္ေတာ့ အီရွကေျပာလာေတာ့သည္၊

"စီနီယာက ႏြန္းကို ပါရမီရွင္လို႔ မေတြးတာေတာ့မဟုတ္ဘူးမလား...ႏြန္း ဘယ္ေလာက္ေတာ္လည္းဆိုတာ အကုန္သိတယ္" အီရွစကားေၾကာင့္ ရွီရယ္လည္း ရယ္ခ်င္လာၿပီး နီကိုးလ္(မ္)ဆီ လက္ျဖန့္လာေတာ့သည္၊

နီကိုးလ္(မ္)မွာ ပထမက ေၾကာင္အသြားၿပီးေနာက္မွာ က်ယ္ေလာင္စြာရယ္ေမာလာေတာ့သည္၊ထို႔ေနာက္မွာေတာ့ ထိုကေလးေတြကို သူစုေဆာင္းတဲ့အထဲကေန သူတို႔ေလးေတြနဲ႕လိုက္ဖက္ညီလွတဲ့ပစၥည္းေလးေတြကို ေပးလိုက္သည္၊

ဒါေပါ့ ဒါက သာမန္လက္ေဆာင္ေလးေတြေပမယ့္ ထိုကေလးေတြအတြက္ အေတာ္ကို အဖိုးတန္လွသည္၊ၿပီးေတာ့ ဒန္နာရီအနားေရာက္ဖို႔ကလည္း ဒီကေလးေတြကို လာဘ္ထိုးဖို႔လိုအပ္သည္၊

အီရွက ဒီအတိုင္းေျပာလိုက္တာ​ျဖစ္ၿပီး တစ္ဖက္ကတကယ္ႀကီးေပးလာမယ္မထင္ခဲ့ဘူး၊ၿပီးေတာ့ ဒီပစၥည္းက သူ႕အတြက္ အေတာ္ကို အသုံးဝင္လွတဲ့ပစၥည္းမ်ိဳးျဖစ္သည္၊

သူက ရန္မေတြ႕နိုင္ေတာ့ေပ နီကိုးလ္(မ္)ကို ခ်က္ခ်င္း လူေကာင္းစာရင္းထဲကို တန္းပို႔လိုက္ေတာ့သည္၊ဒါေပမယ့္လည္း ဒန္နာရီကိုေတာ့ ေခၚသြားခိုင္းမည္မဟုတ္ေပ၊က်န္တဲ့သူေတြကလည္း နီကိုးလ္(မ္)ေပးတဲ့လက္ေဆာင္ကိုယူလိုက္ၿပီး ေက်းဇူးတင္လိုက္သည္၊

ဒီပစၥည္းေတြကို ျငင္းရေအာင္ သူတို႔က တုံးအတဲ့သူေတြမွမဟုတ္တာ၊ဒန္နာရီကလည္း က်န္တဲ့သူေတြကိုပါ ေပးတာေၾကာင့္ သူလည္းယူလိုက္သည္၊ထို႔ေနာက္မွာေတာ့ နီကိုးလ္(မ္)က ၿပဳံးေပ်ာ္ေနတဲ့က​ေလးတစ္သိုက္ကို ႏူတ္ဆက္ကာထြက္သြားေတာ့သည္၊

'ခ်စ္စရာေလးေတြကြာ'

"အဲ့စီနီယာက ေတာ္ေတာ္ႂကြယ္ဝခ်မ္းသာတဲ့သူပဲ ျဖစ္ရမယ္" ရွီရယ္က သူရထားတဲ့ပစၥည္းကိုၾကည့္ရင္းေျပာလိုက္သည္၊သူ႕လိုေမွာ္စြမ္းအား အၿမဲတေစကုန္ခမ္းေနတဲ့သူအတြက္ နီကိုးလ္(မ္)ေပးတဲ့ေက်ာက္ဟာ အေတာ္ကိုတန္ဖိုးႀကီးလွသည္၊ဒီပစၥည္းက ဝယ္ခ်င္တိုင္းဝယ္လို႔မရတဲ့ပစၥည္းျဖစ္တာေၾကာင့္ သူက နီကိုးလ္(မ္)ကို ေကာင္းတဲ့မွတ္ခ်က္ေတြ ေပးၿပီးသားပင္၊

"သူက အလ္ထဲလ္မို(စ္)ေလ လက္ရွိေက်ာင္းအုပ္ႀကီးရဲ႕ေျမးေလ" ဒန္နာရီက သူတို႔ကိုၾကည့္ရင္းေျပာလိုက္သည္၊သူ႕သူငယ္ခ်င္းေတြရဲ႕မ်က္ႏွာမွာ အံ့အားသင့္တဲ့အမူအရာေတြေပၚလာေပမယ့္ သူလည္းနည္းနည္းေတာ့ထူးဆန္းသလိုခံစားရသည္၊

ေက်ာင္းသားတစ္​ေယာက္က အခုလိုတန္ဖိုးႀကီးပစၥည္းေတြကို သူတို႔လိုဂ်ဴနီယာေလးေတြကို လြယ္လြယ္ေပးတာ ထူးဆန္းလွသည္၊

"စီနီယာက မင္းကို ႀကိဳက္ေနတာမ်ားလား" စီရက္စ္က ဝင္ေျပာလိုက္ေတာ့ ရွီရယ္ရဲ႕ခပ္စြာစြာအသံထြက္လာေတာ့သည္၊

"အဲ့တာဆိုရင္ သူက ငါတို႔ကို လာဘ္ထိုးသြားတာေပါ့! ဒါက စီနီယာေဂ်ာ့ဖေရးကို ငါတို႔က သစၥာေဖာက္သလို ျဖစ္ေနၿပီပဲ!"

စီရက္စ္က နားကိုပိတ္လိုက္ၿပီး သက္ျပင္းခ်လိဳက္ၿပီး ရွီရယ္ရဲ႕ပါးစပ္ကို လက္နဲ႕အုပ္လိုက္ၿပီး ေျပာလိုက္သည္၊

"သူက ပါရမီရွင္ေတြကို ပံ့ပိုးေပးခ်င္ေနတာပဲေလ ၿပီးေတာ့ ငါတို႔က အလကားရတဲ့ေန႕လည္စာကို ဘာလို႔ျငင္းေနရမလဲ...ဒန္နာရီကိုေစာင့္ၾကည့္ေပးၿပီး သူနဲ႕မနီးေအာင္ႀကိဳးစားေပးလို႔ရတာပဲေလ"

​"စီနီယာနီကိုးလ္(မ္)က ဒန္နာရီေပၚ ဘာစိတ္မွမရွိတာသိသာပါတယ္၊သူ႕အမူအရာနဲ႕အျပဳအမူေတြက ရိုးသားတယ္" အန္းတိုလ္ကလည္း ဝင္ေထာက္ခံလိုက္သည္၊

"ခင္ဗ်ားက ဘယ္လိုသိတာလဲ... သူက ခင္ဗ်ားလို သားေကာင္ကိုေခ်ာင္းေျမာင္းေနတဲ့သားရဲဆို ဘယ္လိုလုပ္မလဲ" အီရွက အန္းတိုလ္ကို မေက်မနပ္ေျပာလိုက္သည္၊အန္းတိုလ္က ၿပဳံးသြားၿပီးေတာ့ ဘာမွမေျပာေပမယ့္ အီရွကို အေနာက္ကေန ေပြ႕ဖက္လိုက္သည္၊

"ႏြန္းကို လႊတ္!!" ဒန္နာရီတို႔က ရိုးေနၿပီျဖစ္တဲ့ျမင္ကြင္းကို အေလးမထားစြာျဖင့္ ထြက္သြားၾကေတာ့သည္၊ဘာလို႔လဲဆိုေတာ့ အီရွနဲ႕အန္းတိုလ္က. သူတို႔ရဲ႕ဆက္ဆံေရးက ထူးျခားလွသည္၊ဒါေၾကာင့္ သူတို႔က ထိုႏွစ္ေယာက္ၾကား ဝင္ေရာက္စြက္ဖက္တာေတြမလုပ္ေပ၊

"စီနီယာနီကိုးလ္(မ္)ေပးတဲ့ပစၥည္းက အေတာ္မိုက္တာပဲ..." ရွီရယ္ကလည္း စီရက္စ္ေျပာတာကို လက္ခံသည္၊သူတို႔က ဒန္နာရီကို ေစာင့္ၾကည့္႐ုံသာလိုအပ္သည္၊ဒန္နာရီနဲ႕ပတ္သတ္ၿပီး ဝင္ေရာက္ေျပာဆိုနိုင္စြမ္းမရွိေပ၊

ဒန္နာရီကလည္း ဒီကိစၥနဲ႕ပတ္သတ္ၿပီး ဘာမွမေျပာေပ၊ဘာလို႔လဲဆိုေတာ့ နီကိုးလ္(မ္) သူ႕ကိုခ်ဥ္းကပ္တာက ရိုးသားလွၿပီး ထိုလူက ကိစၥတစ္ခုခုကို ဖြင့္ဟေျပာခ်င္ေနပုံရသည္၊

ဒါေပမယ့္ သူ႕မွာလုပ္စရာေတြရွိေသးတာေၾကာင့္ ထိုလူရဲ႕ျပႆနာကို နားေထာင္ခ်င္စိတ္မရွိေသးေပ၊

'ဒီပစၥည္းအတြက္ေတာ့... ျပန္ေက်းဇူးတင္ရေတာ့မွာပဲ'

နီကိုးလ္(မ္)ေပးတဲ့ပစၥည္းက ေမွာ္မွင္တံတစ္ေခ်ာင္းနဲ႕လက္ေကာက္ေလးတစ္ကြင္းျဖစ္သည္၊ထိုလက္ေကာက္ထဲမွာ မ်ားစြာေသာေမွာ္စြမ္းအားေတြခံစားေနရၿပီး ဒန္နာရီအတြက္လည္း အသုံးဝင္လွသည္၊

-*-*-*-*-*-*-*
Chapter -103ေမွ်ာ္

-*-*-*-*-*-*-*
Unicode

နောက်တစ်နေ့ ဒန်နာရီ နိုးလာချိန်မှာတော့ အခန်းထဲမှာ ဘယ်သူမှ မရှိပဲ ခုံပေါ်မှာသာ စာရွက်တစ်ရွက်ခေါက်တင်ထားတာတွေ့လိုက်သည်၊ပြီးတော့ ကုတင်အနီးနားမှာလည်း အဝတ်အစားတစ်စုံနဲ့ မျက်နှာသစ်သန့်စင်ဖို့ ရေဇလုံလည်း ချပေးထားသည်၊

ဒန်နာရီက ကိုယ်လက်သန့်စင်ပြီးနောက်မှ ဂျော့ဖရေးအခန်းထဲရှိ ရေချိုးခန်းကိုသွားကာ တကိုယ်ရည်သန့်ရှင်းရေးလုပ်လိုက်သည်၊ထို့နောက်မှာတော့ ဂျော့ဖရေးထုတ်ပေးထားတဲ့အဝတ်အစားကို ဝတ်ကာ အပေါ်ကနေ ကျောင်းယူနီဖောင်းဝတ်ဆင်လိုက်ပြီး စားပွဲပေါ်က စာရွက်ကိုဖတ်လိုက်သည်၊

ဂျော့ဖရေးဆို့ ဒီမနက်အစောပိုင်းထဲက ထွက်ခွာသွားပြီဖြစ်ကြောင်းနဲ့ မကြာခင် ပြန်လာမည့်အကြောင်းကို ပြောကြောင်းထားခြင်းဖြစ်သည်၊ဒန်နာရီလည်း ဂျော့ဖရေးရဲ့စာကို သိမ်းလိုက်ပြီး အခန်းထဲကနေထွက်ကာ ဂျူနီယာတန်းဆောင်ဘက်ကို ထွက်လာတော့သည်၊

"ဒန်နာရီ မင်းလာပြီးပေါ့!"

"ဒီနေ့ မင်း အတန်းမတက်ဘူးဆိုတာ ထင်ပြီးသားပါ "ရှီရယ်ရဲ့ပြုံးစိစိမျက်နှာဘေးကြောင့် ဒန်နာရီလည်း အနည်းငယ်မျက်မှောင်ကြုတ်သွားသည်၊ဒန်နာရီက ရှီရယ်ပြောတာကို သိပ်နားမလည်တာကြောင့် ပြန်မေးရန်လုပ်ချိန်မှာ နီကိုးလ်(မ်)က ရောက်လာတော့သည်၊

"ဒန်နာရီ မတွေ့တာကြာပြီနော်" နီကိုးလ်(မ်)က ပြုံးပြရင်း နူတ်ဆက်လိုက်သည်၊ဒန်နာရီကလည်း နီကိုးလ်(မ်)မှတ်မိတာကြောင့် ပြန်လည်နူတ်ဆက်လိုက်သည်၊ထို့နောက်မှာတော့ နီကိုးလ်(မ်)က ရှီရယ်တို့ဘက်ကို လှည့်ကာ

"မင်းတို့သူငယ်ချင်းကို အစ်ကို ခဏငှားလို့ရမလား"

"စီနီယာက ဘာလို့ နွန်းရဲ့သူငယ်ချင်းကို ငှားချင်ရတာလဲ" အီရှက ဒန်နာရီကို အနောက်ပို့လိုက်ပြီး နီုကိုးလ်(မ်)ကို သံသယအပြည့်နဲ့ကြည့်ရင်း မေးလိုက်သည်၊
(A/N:  အီရှက သူစိမ်းတွေနဲ့ဆို နွန်းလို့ပဲ သုံးတာများတယ် ဒန်နာရီတို့ရှေ့မှ ပုံမှန်လို သုံးနှုန်းတာ)

"အစ်ကိုက သူနဲ့ပြောစရာလေး နည်းနည်းရှိလို့ပါ" နီကိုးလ်(မ်)က အီရှရဲ့အထက်စီးဆန်လှတဲ့တုန့်ပြန်မှုပေါ် ဘာမှမဖြစ်ပဲ အပြုံးမပျက်ပေ၊

"နွန်းတို့ရှေ့မှာပဲ ပြောရမယ်" အီရှက လက်မခံစွာပြောလိုက်သည်၊စီနီယာဂျော့ဖရေးက မနက်တုန်းက ဒန်နာရီကိုစောင့်ရှောက်ပေးဖို့ သူတို့ကို အကူအညီတောင်းသွားသည်မလား၊တကယ့်လို့ ကူညီပေးမယ်ဆိုရင် အီရှသဘောကျနှစ်သက်တဲ့ပစ္စည်းကို ယူလာပေးမယ် ကတိပေးထားသည်၊ဒါကြောင့် ဒန်နာရီကို အီရှက လူဆိုးတွေ လက်ထဲရနေ ကာကွယ်ရမည်၊

ရှေ့က လူဆိုးအပါအဝင်၊ မနေ့က လူဆိုးဆီကရောပဲ၊

နီကိုးလ်(မ်)နဲ့ဒက်(စ်)မှာ အီရှက သူတို့အား လူဆိုး(၁) နဲ့ (၂) သတ်မှတ်လိုက်သည်ကို မသိပေ၊

နီကိုးလ်(မ်)က အခက်တွေ့သွားတော့သည်၊တကယ်လို့ လူတွေကြားထဲ သူသာဇွတ်လုပ်ရင် ဒန်နာရီဆီကို အန္တရာယ်တွေဖိတ်ခေါ်သလိုဖြစ်သွားလိမ့်မည်၊ဒါကြောင့် နီကိုးလ်(မ်)က သက်ပြင်းသာချလိုက်ပြီး ဒန်နာရီကို လက်ဆောင်ပစ္စည်းလေးတစ်ခုပေးလိုက်သည်၊

"ဒါက ပိုးပန်းလက်ဆောင်မဟုတ်ပါဘူး...ကျောင်းတော်ရဲ့ပါရမီရှင်တွေကို ကိုယ့်ဘက်က သီးသန့်ပေးတဲ့လက်ဆောင်..."

အီရှကလည်း နီကိုးလ်(မ်)ရှေ့မှာ မတ်တပ်ရပ်လိုက်ပြီး လက်ဖြန့်လိုက်သည်၊နီကိုးလ်(မ်)က နားမလည်စွာ ကြည့်လိုက်တော့ အီရှကပြောလာတော့သည်၊

"စီနီယာက နွန်းကို ပါရမီရှင်လို့ မတွေးတာတော့မဟုတ်ဘူးမလား...နွန်း ဘယ်လောက်တော်လည်းဆိုတာ အကုန်သိတယ်" အီရှစကားကြောင့် ရှီရယ်လည်း ရယ်ချင်လာပြီး နီကိုးလ်(မ်)ဆီ လက်ဖြန့်လာတော့သည်၊

နီကိုးလ်(မ်)မှာ ပထမက ကြောင်အသွားပြီးနောက်မှာ ကျယ်လောင်စွာရယ်မောလာတော့သည်၊ထို့နောက်မှာတော့ ထိုကလေးတွေကို သူစုဆောင်းတဲ့အထဲကနေ သူတို့လေးတွေနဲ့လိုက်ဖက်ညီလှတဲ့ပစ္စည်းလေးတွေကို ပေးလိုက်သည်၊

ဒါပေါ့ ဒါက သာမန်လက်ဆောင်လေးတွေပေမယ့် ထိုကလေးတွေအတွက် အတော်ကို အဖိုးတန်လှသည်၊ပြီးတော့ ဒန်နာရီအနားရောက်ဖို့ကလည်း ဒီကလေးတွေကို လာဘ်ထိုးဖို့လိုအပ်သည်၊

အီရှက ဒီအတိုင်းပြောလိုက်တာ​ဖြစ်ပြီး တစ်ဖက်ကတကယ်ကြီးပေးလာမယ်မထင်ခဲ့ဘူး၊ပြီးတော့ ဒီပစ္စည်းက သူ့အတွက် အတော်ကို အသုံးဝင်လှတဲ့ပစ္စည်းမျိုးဖြစ်သည်၊

သူက ရန်မတွေ့နိုင်တော့ပေ နီကိုးလ်(မ်)ကို ချက်ချင်း လူကောင်းစာရင်းထဲကို တန်းပို့လိုက်တော့သည်၊ဒါပေမယ့်လည်း ဒန်နာရီကိုတော့ ခေါ်သွားခိုင်းမည်မဟုတ်ပေ၊ကျန်တဲ့သူတွေကလည်း နီကိုးလ်(မ်)ပေးတဲ့လက်ဆောင်ကိုယူလိုက်ပြီး ကျေးဇူးတင်လိုက်သည်၊

ဒီပစ္စည်းတွေကို ငြင်းရအောင် သူတို့က တုံးအတဲ့သူတွေမှမဟုတ်တာ၊ဒန်နာရီကလည်း ကျန်တဲ့သူတွေကိုပါ ပေးတာကြောင့် သူလည်းယူလိုက်သည်၊ထို့နောက်မှာတော့ နီကိုးလ်(မ်)က ပြုံးပျော်နေတဲ့က​လေးတစ်သိုက်ကို နူတ်ဆက်ကာထွက်သွားတော့သည်၊

'ချစ်စရာလေးတွေကွာ'

"အဲ့စီနီယာက တော်တော်ကြွယ်ဝချမ်းသာတဲ့သူပဲ ဖြစ်ရမယ်" ရှီရယ်က သူရထားတဲ့ပစ္စည်းကိုကြည့်ရင်းပြောလိုက်သည်၊သူ့လိုမှော်စွမ်းအား အမြဲတစေကုန်ခမ်းနေတဲ့သူအတွက် နီကိုးလ်(မ်)ပေးတဲ့ကျောက်ဟာ အတော်ကိုတန်ဖိုးကြီးလှသည်၊ဒီပစ္စည်းက ဝယ်ချင်တိုင်းဝယ်လို့မရတဲ့ပစ္စည်းဖြစ်တာကြောင့် သူက နီကိုးလ်(မ်)ကို ကောင်းတဲ့မှတ်ချက်တွေ ပေးပြီးသားပင်၊

"သူက အလ်ထဲလ်မို(စ်)လေ လက်ရှိကျောင်းအုပ်ကြီးရဲ့မြေးလေ" ဒန်နာရီက သူတို့ကိုကြည့်ရင်းပြောလိုက်သည်၊သူ့သူငယ်ချင်းတွေရဲ့မျက်နှာမှာ အံ့အားသင့်တဲ့အမူအရာတွေပေါ်လာပေမယ့် သူလည်းနည်းနည်းတော့ထူးဆန်းသလိုခံစားရသည်၊

ကျောင်းသားတစ်​ယောက်က အခုလိုတန်ဖိုးကြီးပစ္စည်းတွေကို သူတို့လိုဂျူနီယာလေးတွေကို လွယ်လွယ်ပေးတာ ထူးဆန်းလှသည်၊

"စီနီယာက မင်းကို ကြိုက်နေတာများလား" စီရက်စ်က ဝင်ပြောလိုက်တော့ ရှီရယ်ရဲ့ခပ်စွာစွာအသံထွက်လာတော့သည်၊

"အဲ့တာဆိုရင် သူက ငါတို့ကို လာဘ်ထိုးသွားတာပေါ့! ဒါက စီနီယာဂျော့ဖရေးကို ငါတို့က သစ္စာဖောက်သလို ဖြစ်နေပြီပဲ!"

စီရက်စ်က နားကိုပိတ်လိုက်ပြီး သက်ပြင်းချလိုက်ပြီး ရှီရယ်ရဲ့ပါးစပ်ကို လက်နဲ့အုပ်လိုက်ပြီး ပြောလိုက်သည်၊

"သူက ပါရမီရှင်တွေကို ပံ့ပိုးပေးချင်နေတာပဲလေ ပြီးတော့ ငါတို့က အလကားရတဲ့နေ့လည်စာကို ဘာလို့ငြင်းနေရမလဲ...ဒန်နာရီကိုစောင့်ကြည့်ပေးပြီး သူနဲ့မနီးအောင်ကြိုးစားပေးလို့ရတာပဲလေ"

​"စီနီယာနီကိုးလ်(မ်)က ဒန်နာရီပေါ် ဘာစိတ်မှမရှိတာသိသာပါတယ်၊သူ့အမူအရာနဲ့အပြုအမူတွေက ရိုးသားတယ်" အန်းတိုလ်ကလည်း ဝင်ထောက်ခံလိုက်သည်၊

"ခင်ဗျားက ဘယ်လိုသိတာလဲ... သူက ခင်ဗျားလို သားကောင်ကိုချောင်းမြောင်းနေတဲ့သားရဲဆို ဘယ်လိုလုပ်မလဲ" အီရှက အန်းတိုလ်ကို မကျေမနပ်ပြောလိုက်သည်၊အန်းတိုလ်က ပြုံးသွားပြီးတော့ ဘာမှမပြောပေမယ့် အီရှကို အနောက်ကနေ ပွေ့ဖက်လိုက်သည်၊

"နွန်းကို လွှတ်!!" ဒန်နာရီတို့က ရိုးနေပြီဖြစ်တဲ့မြင်ကွင်းကို အလေးမထားစွာဖြင့် ထွက်သွားကြတော့သည်၊ဘာလို့လဲဆိုတော့ အီရှနဲ့အန်းတိုလ်က. သူတို့ရဲ့ဆက်ဆံရေးက ထူးခြားလှသည်၊ဒါကြောင့် သူတို့က ထိုနှစ်ယောက်ကြား ဝင်ရောက်စွက်ဖက်တာတွေမလုပ်ပေ၊

"စီနီယာနီကိုးလ်(မ်)ပေးတဲ့ပစ္စည်းက အတော်မိုက်တာပဲ..." ရှီရယ်ကလည်း စီရက်စ်ပြောတာကို လက်ခံသည်၊သူတို့က ဒန်နာရီကို စောင့်ကြည့်ရုံသာလိုအပ်သည်၊ဒန်နာရီနဲ့ပတ်သတ်ပြီး ဝင်ရောက်ပြောဆိုနိုင်စွမ်းမရှိပေ၊

ဒန်နာရီကလည်း ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှမပြောပေ၊ဘာလို့လဲဆိုတော့ နီကိုးလ်(မ်) သူ့ကိုချဥ်းကပ်တာက ရိုးသားလှပြီး ထိုလူက ကိစ္စတစ်ခုခုကို ဖွင့်ဟပြောချင်နေပုံရသည်၊

ဒါပေမယ့် သူ့မှာလုပ်စရာတွေရှိသေးတာကြောင့် ထိုလူရဲ့ပြဿနာကို နားထောင်ချင်စိတ်မရှိသေးပေ၊

'ဒီပစ္စည်းအတွက်တော့... ပြန်ကျေးဇူးတင်ရတော့မှာပဲ'

နီကိုးလ်(မ်)ပေးတဲ့ပစ္စည်းက မှော်မှင်တံတစ်ချောင်းနဲ့လက်ကောက်လေးတစ်ကွင်းဖြစ်သည်၊ထိုလက်ကောက်ထဲမှာ များစွာသောမှော်စွမ်းအားတွေခံစားနေရပြီး ဒန်နာရီအတွက်လည်း အသုံးဝင်လှသည်၊

-*-*-*-*-*-*-*
Chapter -103မျှော်

Seguir leyendo

También te gustarán

4.8K 647 5
#ChanBaek Mini Story {written by Oli_va_K_ay&your_syanxing}
182K 9.5K 56
တိုင္းျပည္နဲ႕လူမ်ိဳးကိုဆံုးရံႈးခဲ့တဲ့ နွင္းျမိဳ႕ေတာ္က မင္းသားေလး ကမာအာဇမာန္ကို ညီရင္းလိုျပဳစုပ်ိဳးေထာင္ေပးရင္း မထင္မွတ္ပဲ အခ်စ္ႀကီးခ်စ္မိသြားတဲ့ စစ္သ...
145K 12.8K 21
Stalker !!!! WHO ??? hunnie ??? or... xiaoLu ??? HunHan|| SeLu Boy×Boy
220K 24.3K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...