အမတ္ႀကီးရဲ႕အပယ္ခံသား (အမတ်ကြီ...

Por Neko_san_ZP

853K 120K 3.3K

Started date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တ... Más

Chapter -1 (ျပန္လည္ေမြးဖြားလာသည့္ဒန္နာရီ)
Chapter -2(အစကေန ျပန္လည္စတင္ျခင္း)
Chapter-3
Chapter-4
Chapter-5 (Pink Rose meaning please believe me)
Chapter-5.0
Chapter-6.1
Chapter-6.2(အီဆိုနာနယ္ေျမ)
Chapter -7
Chapter -8.1
Chapter-8.2.
Chapter -9
Chapter -10
Chapter -11.1
Chapter-11.0
Chapter-11.2
Chapter-12
Chapter -13
Chapter-14
Chapter-15
Chapter -16
Chapter -17
Chapter -18
Chapter -19
Chapter -20
Chapter-21
Chapter -22
Chapter -23
Chapter -24
Chapter -25
Chapter -26
Chapter -27
Chapter-28
Chapter -29
Chapter -30
Chapter -31
Chapter -32
Chapter -33
Chapter -34
Chapter -35
Chapter-36
Chapter -37
Chapter -38
Chapter -39
Chapter -40
Chapter -41
Chapter-42
Chapter -43
Chapter -44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter -49
Chapter -50
Chapter-51
Chapter -52
Not update
Chapter -53
Chapter-54
Chapter-55
Chapter -56
Chapter -57
Chapter-58
Chapter-59
Chapter -60
Chapter -61
Chapter-62.1
Chapter-62.2
Chapter-63
Chapter -64
Chapter -65
Chapter -66
Chapter -67
Chapter -68
Chapter -69
chapter -70
Chapter -71
Chapter -72
Chapter-73
Chapter-74
Chapter -75
Chapter -76
Chapter-77
Chapter -78
Chapter-79
Chapter-80
Chapter -81
Chapter-82
Chapter-83
Chapter -84
Chapter - 85
Chapter-86
Chapter -87
Chapter -88
About paid
Chapter-89
Chapter -90
Chapter -91
Chapter -92
Chapter -93
Chapter -94
Chapter -95
Chapter -96
Chapter-97
Chapter -98
Hello
Chapter-100
Chapter -101
Chapter-102
Chapter-103
Chapter-104
Chapter-105
Chapter-106
Chapter-107
Chapter-108
//Plz Read//
//not update//
Chapter-109
Chapter -110
Chapter-111
Chapter-112
Chapter-113
Chapter -114
Chapter-115
Chapter-116
Chapter-117
Chapter-118
Chapter-119
Chapter-120
Hello//
Chapter-121
Chapter -122
Chapter-123
Chapter-124
Chapter-125
Chapter -126
Chapter -127
Chapter-128
Chapter-129
Chapter-130
//spoils//
Chapter-131
Chapter-132.1
Chapter-132.2
about Season-2

Chapter-99

3.6K 508 9
Por Neko_san_ZP

Zawgyi

ဒန္နာရီ အခန္းထဲေရာက္လာခ်ိန္မွာေတာ့ သူ႕ကိုယ္သူျပန္တည္ၿငိမ္ေအာင္လုပ္လိုက္ၿပီး ထိုတားျမစ္နယ္​ေျမဆီကို  သြားဖို႔အတြက္ အခ်က္အလက္ေတြသာ စုရန္ေတြးလိုက္သည္၊

*စိန္အဆင့္ေရာက္မယ္ဆိုရင္ မင္းက အခြင့္ထူးခံေက်ာင္းသားတစ္ေယာက္ျဖစ္လာလိမ့္မယ္*

'စိန္အဆင့္ေရာက္ဖို႔ဆို မလြယ္ကူဘူးလို႔ထင္တာပဲ'

သူတို႔လို ပါရမီရွင္ေတြေတာင္ ေ႐ႊအဆင့္သာသတ္မွတ္ခံထားရသည္မလား၊စိန္အဆင့္ေရာက္ဖို႔က စစ္ေျမျပင္ကို သြားရန္လည္း လိုအပ္ေသးသည္၊ဒါေပမယ့္ သူက ပထမႏွစ္ရဲ႕ပထမတန္းပဲ ရွိေသးတာေၾကာင့္ ေက်ာင္းေတာ္က ခြင့္ျပဳမည္မဟုတ္ေပ၊ေနာက္တစ္နည္းကေတာ့ ေလ့က်င့္ေရးကြင္းျပင္မွာ အဆင့္တစ္ဆယ္ဝင္မွျဖစ္လိမ့္မည္၊

*တကယ္ေတာ့ ေနာက္တစ္နည္းရွိပါေသးတယ္ လူငယ္ေလး...ေဂ်ာ့ဖေရးရဲ႕ဝတ္စုံကို မင္းျပဳျပင္ေပးခဲ့တာပဲမဟုတ္ဘူးလား...အဲ့နည္းလမ္းကို မင္းတစ္ေယာက္တည္းပဲ သိတာပဲေလ...​ေက်ာင္းသားတိုင္းက ေကာင္းမြန္တဲ့ကာကြယ္ေရးေမွာ္ဝတ္စုံကို လိုခ်င္ၾကတာပဲမလား...*

ဇီနိုစကားေၾကာင့္ ဒန္နာရီလည္း အႀကံရသြားကာေခါင္းညိတ္လိုက္သည္၊သူ႕ရဲ႕အရည္အခ်င္းေတြကို အသုံးခ်သင့္တာ အမွန္ေပ၊ ေမွာ္အင္းကြက္ေရးဆြဲတဲ့သူေတြထဲမွာ အရာဝတၳဳထဲျပန္လည္ထည့္သြင္းမြမ္းမံတာ အခက္အခဲဆုံးမဟုတ္ေပမယ့္ ထိုေမွာ္ဆရာေတြက ရွားပါးေနဆဲေပ၊

တကယ္လို႔ သူသာ ေက်ာင္းဝတ္စုံထဲက အဆင့္နိမ္ေမွာ္အစီအရင္ကို အလယ္အလတ္အဆင့္ထိ ျမႇင့္တင္ေပးလိုက္ရင္ သူ႕အရည္အခ်င္းကို ေက်ာင္းေတာ္က သံသယမဝင္သလို သတိလည္းထားမိလာလိမ့္မည္၊

ေဂ်ာ့ဖေရးရဲ႕ဝတ္စုံလိုေတာ့ အေကာင္းဆုံးအဆင့္ထိေတာ့ သူမျမႇင့္တင္ေပးနိုင္ေသးေပ၊ဒါက သူ႕လို ငယ္႐ြယ္တဲ့သူတစ္ေယာက္အတြက္ အႏၱရာယ္ကို ဖိတ္ေခၚသလိုျဖစ္လိမ့္မည္၊

ေနာက္တစ္ေန႕ေရာက္တဲ့အခ်ိန္မွာ ဒန္နာရီက သူ႕ရဲ႕သူငယ္ခ်င္းေတြနဲ႕အတန္းတက္ေတာ့သည္၊

"ဒီတစ္ေခါက္ မင္းတို႔ကို သင္ေပးမွာကေတာ့ ေမွာ္ေပါင္းစပ္ျခင္းပဲ" ပါေမာကၡက ေလစြမ္းအင္နဲ႕ေရခဲစြမ္းအင္ကို အသုံးျပဳျပၿပီး ေရခဲစြမ္းအားရေအာင္ ဖန္တီးျပေတာ့သည္၊

"ဒါက ေမြးရာပါေရခဲေမွာ္အသုံးျပဳတဲ့သူေတြထက္ေတာင္ စြမ္းအားမျမင့္မားေပမယ့္ စစ္ေျမျပင္မွာေတာ့ ရန္သူကို ထိခိုက္မႈ 10%ေလာက္ရွိတယ္"

ပါေမာကၡရဲ႕စကားေၾကာင့္ တစ္ခ်ိဳ႕ေက်ာင္းသားမ်ားရဲ႕မ်က္ဝန္းမ်ားက ေတာက္ပလာေတာ့သည္၊သူတို႔က ေလစြမ္းအားနဲ႕ေရစြမ္းအားရွိသူမ်ားျဖစ္ၿပီး အမ်ားအားျဖင့္ တိုက္ခိုက္ေရးေမွာ္ထဲမွာ အားအနည္းဆုံးလို႔သတ္မွတ္ခံသူမ်ားျဖစ္သည္၊

"ငါတို႔က ေလစြမ္းအားနဲ႕ေရစြမ္းအားကို ေရာစပ္နည္းသာမသိခဲ့ရင္ ငါတို႔ကေတာ့ ကယ္ဆယ္ေရးအဖြဲ႕ထဲကို ဝင္ရေတာ့မယ္ ထင္ခဲ့တာ..." ေက်ာင္းသားေတြက သူတို႔ဘာသာသူတို႔ေျပာေနက်ေပမယ့္ အီရွက ဒန္နာရီနားကပ္ကာ ေမးလိုက္သည္၊

"ဒန္နာရီ မင္းလည္း ေလစြမ္းအားပိုင္ဆိုင္ထားတာပဲမလား... မင္းေကာ ဘယ္လိုသေဘာရလဲ"

"ဆရာေျပာတဲ့အတိုင္းက တကယ္ထိေရာက္ေပမယ့္ ေလစြမ္းအားနဲ႕ေရစြမ္းအား တိုက္ခိုက္ႏႈန္းကိုလည္း 30%ဆီေလ်ာ့သြားေစတာပဲေလ တကယ္လို႔ တိုက္ပြဲမွာ အက်ိဳးဝင္ေပမယ့္လည္း အားနည္းခ်က္ေတြအေတာ္မ်ားတယ္"

အီရွရဲ႕မ်က္ဝန္းမ်ားကေတာက္ပသြားကာ သူက လက္ေတြစမ္းသပ္ခ်က္ကို ျမင္ေတြ႕ခ်င္ေနေတာ့သည္၊

"ငါတို႔ တိုက္ခိုက္ေရးကြင္းထဲေရာက္ရင္ မင္း လက္ေတြ႕ျပသစမ္းပါကြာ...တကယ္စိတ္ဝင္စားတယ္"

ဒန္နာရီလည္း အီရွစကားကို ေခါင္းညိတ္လက္ခံလိုက္သည္၊ၿပီးေတာ့ ရွီရယ္တို႔ကလည္းစိတ္ဝင္စားေနတာေၾကာင့္ သူလည္း ဒီအေတြ႕အႀကဳံမရွိတဲ့သခင္ေလးေတြကို အစြမ္းျပသခ်င္ေနေတာ့သည္၊

'ႂကြားဝါသလိုမ်ားျဖစ္ေနလားပဲ'

အတန္းခ်ိန္ၿပီးသြားတဲ့အခ်ိန္မွာေတာ့ ေဂ်ာ့ဖေရးက ဒန္နာရီတို႔အတန္းေရွ႕ကိုေရာက္ေနၿပီျဖစ္သည္၊ေဂ်ာ့ဖေရးက သူ႕သူငယ္ခ်င္းေတြနဲ႕စကားေျပာေနရင္း ဒန္နာရီကိုေစာင့္ေနေတာ့သည္၊

"ငါတို႔အဖြဲ႕သာ အဲ့ပါရမီရွင္ငါးေယာက္ကို ေခၚရင္ေတာ့ အေတာ္ကိုအမုန္းခံရေတာ့မွာပဲ" ခ်န္း႐ုလို႔ေခၚတဲ့တ႐ုတ္မ်က္ႏွာေပါက္နဲ႕ေက်ာင္းသားက ရယ္ရယ္ေမာေမာနဲ႕ေျပာလာေတာ့သည္၊က်န္တဲ့သူေတြကလည္း ႀကဳံရမည့္အခက္အခဲထက္ ပါရမီရွင္ေက်ာင္းသားငါးဦးလုံးက သူတို႔အဖြဲ႕ထဲဝင္မွာ သိရေတာ့ အေတာ္ကိုေပ်ာ္႐ႊင္ေနေတာ့သည္၊ၿပီးေတာ့ ေ႐ႊအဆင့္ေက်ာင္းသားသစ္ေတြေလ၊

"မင္းခ်စ္သူေလးက ဘယ္မွာလဲ" ဂ်ဴနီယာတန္းေတြ အတန္းဆင္းလာခ်ိန္မွာေတာ့ ေဂ်ာ့ဖေရးသူငယ္ခ်င္းေတြက ဒန္နာရီဆိုတဲ့ေကာင္ေလးကို ရွာေဖြေနေတာ့သည္၊သူတို႔က ဒီမနက္မွ ေက်ာင္းေတာ္ကို ျပန္လည္ေရာက္လာတာျဖစ္ၿပီး အလြန္အံ့ေအာစရာေကာင္းတဲ့သတင္းေတြကိုလည္း ႀကဳံခဲ့ရေသးသည္၊ဒါေၾကာင့္ ေဂ်ာ့ဖေရးရဲ႕ခ်စ္သူေလးကို အေတာ္ကို စိတ္ဝင္စားေနေတာ့သည္၊

"ကိုကို"

ခ်စ္စရာေကာင္းၿပီး နားဝင္ခ်ိဳၿမိန္ေစမဲ့အသံကိုၾကားလိုက္ရခ်ိန္မွာ သူတို႔ေတြရဲ႕အၾကည့္က အသံပိုင္ရွင္ဆီကိုေရာက္လာေတာ့သည္၊

"ေဂ်ာ့ဖေရး မင္းကိုေတာ့ ဒီတစ္ခါ ေတာ္ေတာ္မနာလိုျဖစ္သြားၿပီ! ဒီလိုလွပတဲ့ေကာင္ေလးကို ဘယ္လိုမ်ားရထားတာလဲဟ!"

"ခ်ီးပဲ ဟုတ္ပကြာ... ၿပီးေတာ့ သူ႕ရဲ႕အနက္ေရာင္ဆံပင္ေတြက...ဒါက ထူးျခားတယ္မထင္ဘူးလား...ငါတို႔ေက်ာင္းေတာ္မွာ ထိုေက်ာင္းသားပဲ အနက္ေရာင္ဆံႏြယ္ပိုင္ဆိုင္ထားတာေလ...တကယ္လို႔ မင္းခ်စ္သူေလးမွာသာ ပင္လယ္လိုလွပတဲ့မ်က္ဝန္းေတြရွိခဲ့ရင္ သူတို႔ႏွစ္ေယာက္ကို ညီအစ္ကိုလို႔ေတာင္ ငါထင္မိမွာေသခ်ာတယ္"

ေဂ်ာ့ဖေရးက သူ႕သူငယ္ခ်င္းေတြ ေျပာေနတာကိုလစ္လ်ဴရႈလိုက္ၿပီး ဒန္နာရီဆီသာသြားလိုက္သည္၊ထို႔ေနာက္မွာ ဒန္နာရီရဲ႕နားေလးေတြကို ဖြဖြေလးကိုင္လိုက္ရင္း ေျပာလိုက္သည္၊

"ကိုယ့္သူငယ္ခ်င္းေတြနဲ႕မိတ္ဆက္ေပးမယ္"

ဒန္နာရီကလည္း ေခါင္းညိတ္လိုက္ၿပီး ေဂ်ာ့ဖေရးရဲ႕လက္ေမာင္းကိုဖက္တြယ္လိုက္ၿပီး သူတို႔ဆီေလွ်ာက္လာတဲ့လူေလးေယာက္ကိုၾကည့္လိုက္သည္၊

"ဒီတစ္ေယာက္က ကိုယ္တို႔အဖြဲ႕ရဲ႕ဒုတိယေခါင္းေဆာင္ေပါ့ သူက ထ်ဴးဖိုက္္စ္ ေျမႀကီးစြမ္အားရွင္ပဲ အဖြဲ႕ရဲ႕ခုခံေရးအပိုင္းကို တာဝန္ယူထားတဲ့သူ" လူေကာင္ႀကီးႀကီးနဲ႕ေဖာ္ေ႐ြမဲ့ပုံေပါက္တဲ့လူငယ္ဟာ ဒန္နာရီကို ၿပဳံးျပလိုက္သည္၊

"သူကေတာ့ အဖြဲ႕ရဲ႕ေမွာ္ဆရာပဲ သူက အႁမႊာစြမ္းအားရွင္ေလ မီးနဲ႕ဆင့္ေခၚတဲ့စြမ္းအားရွင္ နိူက္ေတး" အနီေဖ်ာ့ေရာင္ဆံပင္ရွည္ေတြနဲ႕ ႏူးညံ့ကာသေဘာေကာင္းမဲ့လူငယ္က ဒန္နာရီတို႔ကို ေခါင္းညိတ္ျပလိုက္သည္၊သူ႕ပုံစံက တည္ၿငိမ္ၿပီးရင့္က်က္ပုံရသည္၊ဒါေပမယ့္ ေဘးရွိ အရပ္ရွည္ရွည္နဲ႕ခန့္ေခ်ာေခ်ာလူငယ္က နိူက္ေတးရဲ႕ခါးကို ပိုင္စိုးပိုင္နင္းနဲ႕ဖက္လိုက္ၿပီး သူ႕ကိုယ္သူမိတ္ဆက္လာသည္၊

"ငါက ဂ်က္ေတး...ေလစြမ္းအားကိုပိုင္ဆိုင္ထားၿပီး ဒီအဖြဲ႕ရဲ႕အေဝးပစ္ေလးသမားပဲ ၿပီးေတာ့ နိူက္ေတးရဲ႕ခ်စ္သူ"

"ဝိုးးးး" ရွီရယ္နဲ႕အီရွတို႔ဆီက အသံထြက္လာျခင္းျဖစ္သည္၊ဂ်က္ေတးက ဂ်စ္ကန္ကန္ေကာင္ဆိုးေလးနဲ႕တူၿပီး နိူက္ေတးကေတာ့ တည္ၿငိမ္ရင့္က်က္တဲ့လူငယ္ျဖစ္တာေၾကာင့္ သူတို႔ႏွစ္​ေယာက္ကအေတာ္လိုက္ဖက္သည္ဟု သူတို႔ကေတြးမိလိုက္သည္၊

"ေနာက္ဆုံးအဖြဲ႕ဝင္ကေတာ့ သိၿပီးသားထင္တယ္... ခိုင္ဂီပဲေလ၊"

"ဒါက ကိုယ္တို႔အဓိကအဖြဲ႕ဝင္ေတြပဲ အဖြဲ႕ထဲမွာေတာ့ အေယာက္သုံးဆယ္ရွိတယ္"

"မင္းတို႔လည္း ကိုယ္တို႔ရဲ႕အဓိကအဖြဲ႕ဝင္ျဖစ္လာမွာပဲ...ဒါေပမယ့္ သေဘာမတူခ်င္တဲ့သူေတြရွိလာနိုငိတာေၾကာင့္ မင္းတို႔ကိုယ္ပိုင္စြမ္းအားနဲ႕တိုက္ခိုက္ဖို႔ေတာ့ လိုတာေပါ့"

"ဟုတ္တယ္ အင္အားကပဲ သူတို႔ပါးစပ္ေတြကို ပိတ္နိုင္တာေလ..." ဂ်က္ေတးကေျပာလိုက္ေတာ့ ရွီရယ္တို႔လည္း ေခါင္းညိတ္သေဘာတူလိုက္သည္၊

"ကိစၥမရွိဘူး ခက္ခဲတဲ့လမ္းစဥ္ကို ကြၽန္ေတာ္ကေတာ့ အႀကိဳက္ဆုံးပဲ" ရွီရယ္စကားေၾကာင့္ ထ်ဴးဖိုက္စ္က သေဘာက်စြာရယ္ေမာရင္း ရွီရယ္ရဲ႕ဆံပင္မ်ားကို ဖြလိုက္ေတာ့သည္၊ဒါေပမယ့္ ေဘးနားရွိေကာင္ေလးတစ္ေယာက္ရဲ႕အၾကည့္စူးစူးေတြေၾကာင့္ သူမွာ လက္ကိုျပန္ဆုတ္လိုက္ရေတာ့သည္၊

"ကေလးေတြမ်ား မလြယ္ပါလား..."

"ေဂ်ာ့ဖေရးလို ဘာမွစိတ္မဝင္စားတဲ့သူေတာင္ ခ်စ္သူေလးရသြားၿပီး ခိုင္ဂီ... မင္းနဲ႕ငါပဲ က်န္ေတာ့တယ္"

"ငါက စိတ္မဝင္စားလို႔ပါ...မင္းကေတာ့ ရမဲ့ပုံမေပၚဘူး"ခိုင္ဂီစကားေၾကာင့္ ထ်ဴးဖိုက္စ္ရဲ႕မ်က္ႏွာကဆူပုပ္သြားေတာ့သည္၊သူ႕ရဲ႕ခႏၶာကိုယ္ကိုၾကည့္ၿပီး ေကာင္မေလးေတြက အလန့္တၾကားျဖစ္သြားတာကို ဘယ္တတ္နိုင္မလဲ၊

ဒီသခင္ေလးလည္း ခ်စ္စရာေကာင္းတဲ့ေကာင္မေလးလိုခ်င္တယ္လို႔...၊

-*-*-*-*-*

Chapter -100ေမွ်ာ္

-*-*-*-*-*-*
Chapter -99

Unicode

ဒန်နာရီ အခန်းထဲရောက်လာချိန်မှာတော့ သူ့ကိုယ်သူပြန်တည်ငြိမ်အောင်လုပ်လိုက်ပြီး ထိုတားမြစ်နယ်​မြေဆီကို  သွားဖို့အတွက် အချက်အလက်တွေသာ စုရန်တွေးလိုက်သည်၊

*စိန်အဆင့်ရောက်မယ်ဆိုရင် မင်းက အခွင့်ထူးခံကျောင်းသားတစ်ယောက်ဖြစ်လာလိမ့်မယ်*

'စိန်အဆင့်ရောက်ဖို့ဆို မလွယ်ကူဘူးလို့ထင်တာပဲ'

သူတို့လို ပါရမီရှင်တွေတောင် ရွှေအဆင့်သာသတ်မှတ်ခံထားရသည်မလား၊စိန်အဆင့်ရောက်ဖို့က စစ်မြေပြင်ကို သွားရန်လည်း လိုအပ်သေးသည်၊ဒါပေမယ့် သူက ပထမနှစ်ရဲ့ပထမတန်းပဲ ရှိသေးတာကြောင့် ကျောင်းတော်က ခွင့်ပြုမည်မဟုတ်ပေ၊နောက်တစ်နည်းကတော့ လေ့ကျင့်ရေးကွင်းပြင်မှာ အဆင့်တစ်ဆယ်ဝင်မှဖြစ်လိမ့်မည်၊

*တကယ်တော့ နောက်တစ်နည်းရှိပါသေးတယ် လူငယ်လေး...ဂျော့ဖရေးရဲ့ဝတ်စုံကို မင်းပြုပြင်ပေးခဲ့တာပဲမဟုတ်ဘူးလား...အဲ့နည်းလမ်းကို မင်းတစ်ယောက်တည်းပဲ သိတာပဲလေ...​ကျောင်းသားတိုင်းက ကောင်းမွန်တဲ့ကာကွယ်ရေးမှော်ဝတ်စုံကို လိုချင်ကြတာပဲမလား...*

ဇီနိုစကားကြောင့် ဒန်နာရီလည်း အကြံရသွားကာခေါင်းညိတ်လိုက်သည်၊သူ့ရဲ့အရည်အချင်းတွေကို အသုံးချသင့်တာ အမှန်ပေ၊ မှော်အင်းကွက်ရေးဆွဲတဲ့သူတွေထဲမှာ အရာဝတ္ထုထဲပြန်လည်ထည့်သွင်းမွမ်းမံတာ အခက်အခဲဆုံးမဟုတ်ပေမယ့် ထိုမှော်ဆရာတွေက ရှားပါးနေဆဲပေ၊

တကယ်လို့ သူသာ ကျောင်းဝတ်စုံထဲက အဆင့်နိမ်မှော်အစီအရင်ကို အလယ်အလတ်အဆင့်ထိ မြှင့်တင်ပေးလိုက်ရင် သူ့အရည်အချင်းကို ကျောင်းတော်က သံသယမဝင်သလို သတိလည်းထားမိလာလိမ့်မည်၊

ဂျော့ဖရေးရဲ့ဝတ်စုံလိုတော့ အကောင်းဆုံးအဆင့်ထိတော့ သူမမြှင့်တင်ပေးနိုင်သေးပေ၊ဒါက သူ့လို ငယ်ရွယ်တဲ့သူတစ်ယောက်အတွက် အန္တရာယ်ကို ဖိတ်ခေါ်သလိုဖြစ်လိမ့်မည်၊

နောက်တစ်နေ့ရောက်တဲ့အချိန်မှာ ဒန်နာရီက သူ့ရဲ့သူငယ်ချင်းတွေနဲ့အတန်းတက်တော့သည်၊

"ဒီတစ်ခေါက် မင်းတို့ကို သင်ပေးမှာကတော့ မှော်ပေါင်းစပ်ခြင်းပဲ" ပါမောက္ခက လေစွမ်းအင်နဲ့ရေခဲစွမ်းအင်ကို အသုံးပြုပြပြီး ေရခဲစွမ်းအားရအောင် ဖန်တီးပြတော့သည်၊

"ဒါက မွေးရာပါရေခဲမှော်အသုံးပြုတဲ့သူတွေထက်တောင် စွမ်းအားမမြင့်မားပေမယ့် စစ်မြေပြင်မှာတော့ ရန်သူကို ထိခိုက်မှု 10%လောက်ရှိတယ်"

ပါမောက္ခရဲ့စကားကြောင့် တစ်ချို့ကျောင်းသားများရဲ့မျက်ဝန်းများက တောက်ပလာတော့သည်၊သူတို့က လေစွမ်းအားနဲ့ရေစွမ်းအားရှိသူများဖြစ်ပြီး အများအားဖြင့် တိုက်ခိုက်ရေးမှော်ထဲမှာ အားအနည်းဆုံးလို့သတ်မှတ်ခံသူများဖြစ်သည်၊

"ငါတို့က လေစွမ်းအားနဲ့ရေစွမ်းအားကို ရောစပ်နည်းသာမသိခဲ့ရင် ငါတို့ကတော့ ကယ်ဆယ်ရေးအဖွဲ့ထဲကို ဝင်ရတော့မယ် ထင်ခဲ့တာ..." ကျောင်းသားတွေက သူတို့ဘာသာသူတို့ပြောနေကျပေမယ့် အီရှက ဒန်နာရီနားကပ်ကာ မေးလိုက်သည်၊

"ဒန်နာရီ မင်းလည်း လေစွမ်းအားပိုင်ဆိုင်ထားတာပဲမလား... မင်းကော ဘယ်လိုသဘောရလဲ"

"ဆရာပြောတဲ့အတိုင်းက တကယ်ထိရောက်ပေမယ့် လေစွမ်းအားနဲ့ရေစွမ်းအား တိုက်ခိုက်နှုန်းကိုလည်း 30%ဆီလျော့သွားစေတာပဲလေ တကယ်လို့ တိုက်ပွဲမှာ အကျိုးဝင်ပေမယ့်လည်း အားနည်းချက်တွေအတော်များတယ်"

အီရှရဲ့မျက်ဝန်းများကတောက်ပသွားကာ သူက လက်တွေစမ်းသပ်ချက်ကို မြင်တွေ့ချင်နေတော့သည်၊

"ငါတို့ တိုက်ခိုက်ရေးကွင်းထဲရောက်ရင် မင်း လက်တွေ့ပြသစမ်းပါကွာ...တကယ်စိတ်ဝင်စားတယ်"

ဒန်နာရီလည်း အီရှစကားကို ခေါင်းညိတ်လက်ခံလိုက်သည်၊ပြီးတော့ ရှီရယ်တို့ကလည်းစိတ်ဝင်စားနေတာကြောင့် သူလည်း ဒီအတွေ့အကြုံမရှိတဲ့သခင်လေးတွေကို အစွမ်းပြသချင်နေတော့သည်၊

'ကြွားဝါသလိုများဖြစ်နေလားပဲ'

အတန်းချိန်ပြီးသွားတဲ့အချိန်မှာတော့ ဂျော့ဖရေးက ဒန်နာရီတို့အတန်းရှေ့ကိုရောက်နေပြီဖြစ်သည်၊ဂျော့ဖရေးက သူ့သူငယ်ချင်းတွေနဲ့စကားပြောနေရင်း ဒန်နာရီကိုစောင့်နေတော့သည်၊

"ငါတို့အဖွဲ့သာ အဲ့ပါရမီရှင်ငါးယောက်ကို ခေါ်ရင်တော့ အတော်ကိုအမုန်းခံရတော့မှာပဲ" ချန်းရုလို့ခေါ်တဲ့တရုတ်မျက်နှာပေါက်နဲ့ကျောင်းသားက ရယ်ရယ်မောမောနဲ့ပြောလာတော့သည်၊ကျန်တဲ့သူတွေကလည်း ကြုံရမည့်အခက်အခဲထက် ပါရမီရှင်ကျောင်းသားငါးဦးလုံးက သူတို့အဖွဲ့ထဲဝင်မှာ သိရတော့ အတော်ကိုပျော်ရွှင်နေတော့သည်၊ပြီးတော့ ရွှေအဆင့်ကျောင်းသားသစ်တွေလေ၊

"မင်းချစ်သူလေးက ဘယ်မှာလဲ" ဂျူနီယာတန်းတွေ အတန်းဆင်းလာချိန်မှာတော့ ဂျော့ဖရေးသူငယ်ချင်းတွေက ဒန်နာရီဆိုတဲ့ကောင်လေးကို ရှာဖွေနေတော့သည်၊သူတို့က ဒီမနက်မှ ကျောင်းတော်ကို ပြန်လည်ရောက်လာတာဖြစ်ပြီး အလွန်အံ့အောစရာကောင်းတဲ့သတင်းတွေကိုလည်း ကြုံခဲ့ရသေးသည်၊ဒါကြောင့် ဂျော့ဖရေးရဲ့ချစ်သူလေးကို အတော်ကို စိတ်ဝင်စားနေတော့သည်၊

"ကိုကို"

ချစ်စရာကောင်းပြီး နားဝင်ချိုမြိန်စေမဲ့အသံကိုကြားလိုက်ရချိန်မှာ သူတို့တွေရဲ့အကြည့်က အသံပိုင်ရှင်ဆီကိုရောက်လာတော့သည်၊

"ဂျော့ဖရေး မင်းကိုတော့ ဒီတစ်ခါ တော်တော်မနာလိုဖြစ်သွားပြီ! ဒီလိုလှပတဲ့ကောင်လေးကို ဘယ်လိုများရထားတာလဲဟ!"

"ချီးပဲ ဟုတ်ပကွာ... ပြီးတော့ သူ့ရဲ့အနက်ရောင်ဆံပင်တွေက...ဒါက ထူးခြားတယ်မထင်ဘူးလား...ငါတို့ကျောင်းတော်မှာ ထိုကျောင်းသားပဲ အနက်ရောင်ဆံနွယ်ပိုင်ဆိုင်ထားတာလေ...တကယ်လို့ မင်းချစ်သူလေးမှာသာ ပင်လယ်လိုလှပတဲ့မျက်ဝန်းတွေရှိခဲ့ရင် သူတို့နှစ်ယောက်ကို ညီအစ်ကိုလို့တောင် ငါထင်မိမှာသေချာတယ်"

ဂျော့ဖရေးက သူ့သူငယ်ချင်းတွေ ပြောနေတာကိုလစ်လျူရှုလိုက်ပြီး ဒန်နာရီဆီသာသွားလိုက်သည်၊ထို့နောက်မှာ ဒန်နာရီရဲ့နားလေးတွေကို ဖွဖွလေးကိုင်လိုက်ရင်း ပြောလိုက်သည်၊

"ကိုယ့်သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးမယ်"

ဒန်နာရီကလည်း ခေါင်းညိတ်လိုက်ပြီး ဂျော့ဖရေးရဲ့လက်မောင်းကိုဖက်တွယ်လိုက်ပြီး သူတို့ဆီလျှောက်လာတဲ့လူလေးယောက်ကိုကြည့်လိုက်သည်၊

"ဒီတစ်ယောက်က ကိုယ်တို့အဖွဲ့ရဲ့ဒုတိယခေါင်းဆောင်ပေါ့ သူက ထျူးဖိုက််စ် မြေကြီးစွမ်အားရှင်ပဲ အဖွဲ့ရဲ့ခုခံရေးအပိုင်းကို တာဝန်ယူထားတဲ့သူ" လူကောင်ကြီးကြီးနဲ့ဖော်ရွေမဲ့ပုံပေါက်တဲ့လူငယ်ဟာ ဒန်နာရီကို ပြုံးပြလိုက်သည်၊

"သူကတော့ အဖွဲ့ရဲ့မှော်ဆရာပဲ သူက အမြွှာစွမ်းအားရှင်လေ မီးနဲ့ဆင့်ခေါ်တဲ့စွမ်းအားရှင် နိူက်တေး" အနီဖျော့ရောင်ဆံပင်ရှည်တွေနဲ့ နူးညံ့ကာသဘောကောင်းမဲ့လူငယ်က ဒန်နာရီတို့ကို ခေါင်းညိတ်ပြလိုက်သည်၊သူ့ပုံစံက တည်ငြိမ်ပြီးရင့်ကျက်ပုံရသည်၊ဒါပေမယ့် ဘေးရှိ အရပ်ရှည်ရှည်နဲ့ခန့်ချောချောလူငယ်က နိူက်တေးရဲ့ခါးကို ပိုင်စိုးပိုင်နင်းနဲ့ဖက်လိုက်ပြီး သူ့ကိုယ်သူမိတ်ဆက်လာသည်၊

"ငါက ဂျက်တေး...လေစွမ်းအားကိုပိုင်ဆိုင်ထားပြီး ဒီအဖွဲ့ရဲ့အဝေးပစ်လေးသမားပဲ ပြီးတော့ နိူက်တေးရဲ့ချစ်သူ"

"ဝိုးးးး" ရှီရယ်နဲ့အီရှတို့ဆီက အသံထွက်လာခြင်းဖြစ်သည်၊ဂျက်တေးက ဂျစ်ကန်ကန်ကောင်ဆိုးလေးနဲ့တူပြီး နိူက်တေးကတော့ တည်ငြိမ်ရင့်ကျက်တဲ့လူငယ်ဖြစ်တာကြောင့် သူတို့နှစ်​ယောက်ကအတော်လိုက်ဖက်သည်ဟု သူတို့ကတွေးမိလိုက်သည်၊

"နောက်ဆုံးအဖွဲ့ဝင်ကတော့ သိပြီးသားထင်တယ်... ခိုင်ဂီပဲလေ၊"

"ဒါက ကိုယ်တို့အဓိကအဖွဲ့ဝင်တွေပဲ အဖွဲ့ထဲမှာတော့ အယောက်သုံးဆယ်ရှိတယ်"

"မင်းတို့လည်း ကိုယ်တို့ရဲ့အဓိကအဖွဲ့ဝင်ဖြစ်လာမှာပဲ...ဒါပေမယ့် သဘောမတူချင်တဲ့သူတွေရှိလာနိုငိတာကြောင့် မင်းတို့ကိုယ်ပိုင်စွမ်းအားနဲ့တိုက်ခိုက်ဖို့တော့ လိုတာပေါ့"

"ဟုတ်တယ် အင်အားကပဲ သူတို့ပါးစပ်တွေကို ပိတ်နိုင်တာလေ..." ဂျက်တေးကပြောလိုက်တော့ ရှီရယ်တို့လည်း ခေါင်းညိတ်သဘောတူလိုက်သည်၊

"ကိစ္စမရှိဘူး ခက်ခဲတဲ့လမ်းစဥ်ကို ကျွန်တော်ကတော့ အကြိုက်ဆုံးပဲ" ရှီရယ်စကားကြောင့် ထျူးဖိုက်စ်က သဘောကျစွာရယ်မောရင်း ရှီရယ်ရဲ့ဆံပင်များကို ဖွလိုက်တော့သည်၊ဒါပေမယ့် ဘေးနားရှိကောင်လေးတစ်ယောက်ရဲ့အကြည့်စူးစူးတွေကြောင့် သူမှာ လက်ကိုပြန်ဆုတ်လိုက်ရတော့သည်၊

"ကလေးတွေများ မလွယ်ပါလား..."

"ဂျော့ဖရေးလို ဘာမှစိတ်မဝင်စားတဲ့သူတောင် ချစ်သူလေးရသွားပြီး ခိုင်ဂီ... မင်းနဲ့ငါပဲ ကျန်တော့တယ်"

"ငါက စိတ်မဝင်စားလို့ပါ...မင်းကတော့ ရမဲ့ပုံမပေါ်ဘူး"ခိုင်ဂီစကားကြောင့် ထျူးဖိုက်စ်ရဲ့မျက်နှာကဆူပုပ်သွားတော့သည်၊သူ့ရဲ့ခန္ဓာကိုယ်ကိုကြည့်ပြီး ကောင်မလေးတွေက အလန့်တကြားဖြစ်သွားတာကို ဘယ်တတ်နိုင်မလဲ၊

ဒီသခင်လေးလည်း ချစ်စရာကောင်းတဲ့ကောင်မလေးလိုချင်တယ်လို့...၊

-*-*-*-*-*

Chapter -100မျှော်

Seguir leyendo

También te gustarán

39.3K 4.5K 91
ချုပ်နှောင်ထားသော စိတ်၀ိဉာဥ်နှင့် မှားယွင်းစွာ သန္ဓေတည်လာသော ကိုယ့်နှလုံးသား
277K 19.7K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
2.4M 197K 105
ғᴜʟʟ ᴄʀᴇᴅɪᴛ ᴛᴏ ᴏʀɪɢɪɴᴀʟ ᴄʀᴇᴀᴛᴏʀ ᴇɴɢ ɴᴀᴍᴇ-ᴘʀɪᴍᴇ ᴍɪɴɪsᴛᴇʀ ɪɴ ᴅɪsɢᴜɪsᴇ ᴄʜɪɴᴇsᴇ ɴᴀᴍᴇ-代嫁丞相 ᴀᴜᴛʜᴏʀ-ᴍᴀɴ ɢᴏɴɢᴄʜᴀɴɢ ᴍʏᴀɴᴍᴀʀ ᴛʀᴀɴsʟᴀᴛᴏʀ-ᴄʜᴜᴄʜᴜ ထူးချွန်ထက်မြက်တ...
The Throne Por One_One

Ficción histórica

62.9K 7.5K 44
အရင္ Matainyu acc မွာ တင္ထားတဲ့ အပုဒ္ပါ။accထဲဝင္မရေတာ့လို႔ အရင္အပိုင္းေတြအျပင္ အပိုင္းအသစ္ေတြပါ ဆက္up ေပးပါ့မယ္