⚠I Became The 4th Male Lead⚠(...

Por Htaw_Patt_Thee

518K 50.1K 2K

started date -11.2.2023 end date -31.7.2023 ⚠WARNING:3some,4some,adult,smut. all Possessive seme manly uke/ta... Más

Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
သတိပြုရန်!သတိျပဳရန္!
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter- 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25.5
Chapter - 26
Chapter - 27
Chapter - 28
!Hello!
Chapter - 29.5
Chapter - 30.5
Chapter - 31.5
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42.5
Chapter - 43.5
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51.5
Chapter - 52.5
Chapter - 53.5
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60.5
Chapter - 61.5
✨ Chibi Art ✨
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70.5
Chapter - 71
Chapter - 72
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80.5
Chapter - 81.5
Chapter - 82
Chapter - 83
Chapter - 84
Chapter - 85
Chapter - 86
Chapter - 87
Chapter - 88
Chapter - 89
Chapter - 90
Chapter - 91
Chapter - 92
Chapter - 93.5
Chapter - 94.5
Chapter - 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99.5
Chapter - 100.5
Chapter - 101.5
Chapter - 102
Chapter - 103
Chapter - 104(Finale)
!Attention Please!
[ E X T R A - 1 ]
[ E X T R A - 2 ]
[ E X T R A - 3 || ရှောင်ကုန်း × ချီဟွား ]
[ E X T R A - 3.1 ]+mature+
[ E X T R A - 3.2 ] +mature+(ရှောင်ကုန်းxချီဟွား-TheEnd)
[ E X T R A - 4 || ရှောင်ကျိုး x ချီဟွား ]
[ E X T R A - 4.1 ]
[ E X T R A - 4.2 ]+mature+
[ E X T R A - 4.3 ]+mature+(ရှောင်ကျိုးxချီဟွား-The End)
[ E X T R A - 5 || ရှောင်ဝမ် x ချီဟွား ]
[ E X T R A - 5.1 ]+mature+
[ E X T R A - 5.2 ]+mature+(ရှောင်ဝမ်xချီဟွား-The End)

Chapter - 73

3.1K 369 4
Por Htaw_Patt_Thee

Unicode

မိထွေးဖြစ်သူကလန့်သွားကာ သူ(မ)ရဲ့လက်ကိုရုန်းလိုက်သည်။ဒါပေမဲ့ ဝမ်ရန်ကောကသူ(မ)လက်ကိုမလွှတ်ပေးပဲ တင်းကြပ်စွာဆုတ်ကိုင်ထားလိုက်သည်။

"ခင်ဗျားကိုမေးနေတယ်လေ..ဘာကိစ္စကျုပ်အမေရဲ့လက်ကောက်ကခင်ဗျားဆီရောက်နေရတာလဲ!"

"အာ့ ငါ့လက်ကိုလွှတ်!..အကိုရေ..ကျွန်မလက်နာနေပြီ ဟင့်"

မိထွေးကသူ့အဖေဆီလှည့်ကာသနားကမားဖြင့် အကူအညီတောင်းလာသည်။ ဝမ်ရန်ကောမှာထိုမိန်းမရဲ့အသံကိုအော်ဂလီဆန်သွားရသည်။ ဝမ်သခင်ကြီးကသူ့မိန်းမကိုအပြစ်တင်လိုက်တော့သည်။

"မင်းကိုအဲ့လက်ကောက်ကိုမထိဖို့ပြောထားတယ်လေ။အခုချက်ချင်း သားကိုပြန်ပေးလိုက်စမ်း"

"အကို..ဒါပေမဲ့"

"ပြန်မပြောနဲ့..ပေးလိုက်!"

မိထွေးဟာမကျေနပ်ပေမဲ့ သူ(မ)ရဲ့လက်ကလက်ကောက်ကိုချွတ်လိုက်ပြီး ဝမ်ရန်ကောကိုမပေးချင်ပေးချင်နဲ့ပေးလိုက်ရသည်။ ဝမ်ရန်ကောကမိထွေးလက်ထဲကသူ့အမေရဲ့လက်ကောက်ကိုချက်ချင်းဆွဲယူလိုက်ပြီး ထမင်းဝိုင်းမှထလိုက်၏။

"သား မစားတော့ဘူးလား?"

ဝမ်ရန်ကောက မိထွေးကိုအထင်သေးရှုံ့ချစွာကြည့်လိုက်ပြီး..
"စားချင်စိတ်မရှိတော့ဘူး..ကျွန်တော်အခန်းပြန်နားတော့မယ်"

"အေး အေး..ဗိုက်ဆာလာရင် တစ်ယောက်ယောက်ကိုပြောလိုက် ဟုတ်ပြီလား"

ဝမ်ရန်ကောခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး ထမင်းဝိုင်းမှလှည့်ထွက်သွားလိုက်တော့သည်။ ဝမ်သခင်ကြီးကတော့ သူ့ဇနီးကိုအပြစ်တင်တဲ့မျက်လုံးတို့ဖြင့်စိုက်ကြည့်လိုက်တော့သည်။

ဝမ်ရန်ကောဟာသူ့အမေနေခဲ့တဲ့အခန်းဆီသို့သွားလိုက်ပြီး စင်ပေါ်တင်ထားသောလက်ဝတ်ရတနာများထည့်သည့်သေတ္တာငယ်ကိုဖွင့်လိုက်ကာ သူ့အမေရဲ့လက်ကောက်ကိုသေချာပြန်သိမ်းလိုက်၏။ ထိုနောက်ရတနာသေတ္တာကိုပိုက်ပြီးနောက် သူ့အခန်းဆီသို့သွားလိုက်တော့သည်။

ညရောက်တဲ့အခါမှာသူဗိုက်ဆာလာ၏။မိထွေးဖြစ်သူကြောင့် ညစာကိုဝလင်အောင်မစားခဲ့ရဘူးမဟုတ်ပါလား။ဒါကြောင့် ဝမ်ရန်ကောဟာသူ့အခန်းထဲမှထွက်လာလိုက်သည်။

"အကိုကျွန်မအတွက်လည်းထည့်စဥ်းစားပါဦး!!!"

အလုပ်အခန်းထဲမှထွက်လာသည့် ကျယ်လောင်သောအသံကြောင့် ဝမ်ရန်ကောခြေလှမ်းတို့ရပ်တန့်သွားရသည်။ ဝမ်ရန်ကောမျက်မှောင်ကြုတ်လိုက်၏။ထိုအသံကသေချာပေါက် မိထွေးရဲ့အသံပဲဖြစ်သည်။ ဝမ်ရန်ကောခဏလောက်တွေဝေနေပြီးနောက် အလုပ်ခန်းဆီသို့ခြေဦးလှည့်လိုက်၏။

"ရှူးး..တိုးတိုးပြောပါကွာ..သားကြားသွားလိမ့်မယ်!"

အခန်းနားရောက်တော့သူ့အဖေရဲ့အသံကိုကြားလိုက်ရသည်။တံခါးကသေချာမပိတ်ထားပဲအနည်းငယ်ဟနေကာ ထိုအဟကြားမှဝမ်ရန်ကောအထဲကိုချောင်းကြည့်လိုက်သည်။

မိထွေးဖြစ်သူကလက်ကိုပိုက်ထားကာ အဖေနှင့်စကားများနေကြသည်။ မိထွေးဖြစ်သူကကလေးဆန်စွာအဖေ့ရှေ့မှာခြေဆောင့်လာပြီး..

"အကိုပြောတော့ အဲ့ရတနာပစ္စည်းတွေကကျွန်မပိုင်ဆိုင်လာလိမ့်မယ်ဆို!အခုတော့ အကို့သားကပြန်ယူသွားပြီ!ပြန်တောင်းပေးး!"

"ငါမင်းလိုချင်တာကိုပေးမှာပါ။ဒါပေမဲ့ အခုတော့သည်းခံလိုက်ပါဦး..မင်းမကြားဘူးလား?ကိုယ့်ရဲ့ယောက္ခထီးက သူ့မြေးကိုသူ့လုပ်ငန်းတွေလွှဲပြောင်းပေးမယ်ပြောထားတယ်။ရန်ကောကိုအခုရက်ပိုင်းကောင်းကောင်းမွန်မွန်ဆက်ဆံရမယ်။ဒါမှအနာဂတ်မှာယောက္ခထီးရဲ့လုပ်ငန်းတွေကိုရန်ကောကလွှဲပြောင်းလက်ခံလာတဲ့အခါမှာ ကိုယ်တို့သားလေးအတွက်လည်းအလိုလိုနေရင်း လုပ်ငန်းတချို့အမွေရလာလိမ့်မယ်..ရန်ကောကိုအကိုတို့ဘက်မှာစည်းရုံးထားမှ အခုအကိုတို့ကုမ္ပဏီရဲ့ငွေကြေးပြဿနာကိုအကူအညီတောင်းလို့ရမှာ..အကိုပြောတာနားလည်လား"

"အကို့ရည်ရွယ်ချက်ကို ကျွန်မသိတာပေါ့။ဒါပေမဲ့ရှင့်သားကကျွန်မကိုနဂိုကတည်းကသဘောမှမကျတာ..ကျွန်မတို့ကလေးကိုသူ့လုပ်ငန်းတွေလွှဲပြောင်းချင်ပါ့မလား..ကျွန်မကိုလည်းယုံကြည်လာအောင်ဘယ်လိုလုပ်ရမလဲ?"

ဒုန်း*

"ဘယ်လိုမှလုပ်မနေနဲ့!"

တံခါးဆောင့်ဖွင့်သံနှင့်အတူအခန်းရှေ့၌မြင်လိုက်ရသည့် ဝမ်ရန်ကောကြောင့် သူတို့တုန်လှုပ်သွားလေသည်။

"သား..သား!"

"ဘာလဲ..အရမ်းကိုတုန်လှုပ်သွားကြတာလား။ဒီမိန်းမကိုတော့သူစိမ်းမလို့ကျုပ်ဘာမှမပြောချင်ဘူး..ဒါပေမဲ့ ခင်ဗျားကျတော့ ကျုပ်ရဲ့အဖေအရင်းခေါက်ခေါက်ကြီးလေဗျာ။ဘယ်လိုကြောင့်များ အခုလိုလုပ်ရက်တာလဲ!ခင်ဗျားနဲ့ဒီမိန်းမရတဲ့ကလေးကောင်းစားဖို့အတွက် ကျုပ်ဆီကအကျိုးအမြတ်လိုချင်လို့ကြင်နာပြနေတာပေါ့!"

"သား..အဖေရှင်းပြပါရစေ!"

"ဘာရှင်းပြမှာလဲ..ဘာလဲ..အထင်လွှဲနေတာပါလို့ပြောမလို့လား?ကျုပ်နားနဲ့သေချာကြားလိုက်ရတာဗျ!ဘာမှလာမရှင်းပြနဲ့..ခင်ဗျားဆီကထွက်လာမဲ့အကြောင်းပြချက်တွေလည်းမကြားချင်ဘူး။ ခင်ဗျားသိလား..ခင်ဗျားကျုပ်ကိုဆက်သွယ်လာတော့ ကျုပ်လေအရူးတစ်ယောက်လိုပျော်ရွှင်ခဲ့သေးတယ်။ငါ့အဖေကငါ့ကိုသတိရသေးတာပဲဆိုပြီးတော့လေ...ဒါပေမဲ့ တကယ်တမ်းကသူ့နောက်ကလေးကောင်းစားဖို့အတွက် သူ့သားအရင်းကိုလိုအပ်တာဖြစ်နေတယ်။"

"...."

"ဒီမတိုင်ခင် ခင်ဗျားကိုကျုပ်ရဲ့အဖေအဖြစ်သတ်မှတ်ထားသေးတယ်။အခုကျုပ်အပြတ်ပြောမယ်..အခုကစပြီးခင်ဗျားကကျုပ်ရဲ့အဖေမဟုတ်တော့သလို ခင်ဗျားမှာလည်း ကလေးဆိုလို့ဒီမိန်းမနဲ့ရတဲ့ကလေးပဲရှိတော့တယ်။ အခုကစပြီးကျုပ်ရဲ့မျိုးရိုးနာမည်ကဝမ်မဟုတ်တော့ဘူး!"

"သား..ရန်ကော!သားး!!အဖေ့အမှားပါ..ငါ့သားစိတ်ကျေနပ်အောင်အဖေဘာလုပ်ပေးရမလဲ!ပြောပါ..သားကျေနပ်သာအကုန်လုပ်ပေးမယ်..အနည်းဆုံးတော့ အဖေ့ရဲ့ကုမ္ပဏီကအခက်အခဲကိုကူညီပေးပါကွာ"

"ဘာများလဲလို့..ဒီမှာ..ကျုပ်ပြောတာကိုနားမလည်ဘူးလား?ကျုပ်ခင်ဗျားကိုအဖေအဖြစ်ကစွန့်ပစ်လိုက်ပြီ..။ဘာကိစ္စခင်ဗျားရဲ့ကုပ္မဏီကိုကျုပ်ကကယ်တင်ပေးရမှာလဲ..။ကုမ္ပဏီကိုဒီအခြေအနေထိရောက်အောင် ခင်ဗျားဖန်တီးခဲ့တာပဲ။ခင်ဗျားနောက်ကွယ်မှာကုမ္ပဏီရဲ့ငွေတွေကိုဘယ်လိုယူသုံးထားသလဲခင်ဗျားအသိဆုံးဖြစ်မှာပါ"

"ဝမ်ရန်ကော!မင်းကျေးဇူးမကန်းနဲ့..ဒါမင်းအဖေပဲ!သိလား...ကိုယ့်အဖေကိုအဲလိုရက်စက်မှဖြစ်မှာလား!"ဟုပြောလာသည့်မိထွေးဖြစ်သူကိုဝမ်ရန်ကောအေးစက်စွာစိုက်ကြည့်လိုက်သည်။ မိထွေးဟာဝမ်ရန်ကောအကြည့်ကြောင့် လန့်ဖြန့်သွား၏။

"ခင်ဗျားကဘာအဆင့်ရှိလို့ဝင်ပါရတာလဲ။ခင်ဗျားအလုပ်ကသူ့ဘေးမှာနေပြီး မြူဆွယ်နေဖို့ပဲမဟုတ်ဘူးလား!ခင်ဗျားမှာကျုပ်ကိုအခုလိုလာပြောဖို့ အရည်အချင်းရှိတယ်ထင်နေလို့လား!!"

ခွပ်*

သူ့ရဲ့စကားအဆုံးမှာပဲ အဖေ့ဆီကလက်သီးဖြင့်အထိုးခံလိုက်ရလေသည်။

"ဝမ်ရန်ကော..မင်းအရိုင်းအစိုင်းကောင်!မင်းလိုကောင်မျိုးကငါ့သားဖြစ်နေတာငါရှက်တယ်ကွ!"

ဝမ်ရန်ကောဟာနှုတ်ခမ်းထောင့်ကသွေးစကိုသုတ်လိုက်ပြီး သူ့အဖေကိုစိုက်ကြည့်ကာပြန်ပြီးခွန်းတုန့်ပြန်လိုက်သည်။

"ကျုပ်ကလည်းခင်ဗျားရဲ့သားဖြစ်ရတာကိုရှက်ပါတယ်ဗျာ..တကိုယ်ကောင်းဆန်ပြီး..လောဘကြီးတဲ့လူ!"

"မင်း!"

"စိတ်မပူပါနဲ့..ခင်ဗျားကျုပ်ကိုထပ်ပြီးမတွေ့စေရတော့ပါဘူး။ ခင်ဗျားရဲ့ကုမ္ပဏီရဲ့ပြဿနာကိုကိုယ့်ဘာသာရှင်း..မဟုတ်လည်း ခင်ဗျားရဲ့သားတစ်ယောက်ရှိသေးတာပဲလေ အဲ့ကလေးကိုအသုံးချပြီးခိုင်းစားပေါ့ဗျာ..ကျုပ်အမေရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကို ကျုပ်နဲ့အတူသယ်သွားမယ်!"

ထိုနောက်မှာတော့ ဝမ်ရန်ကောဟာသူ့အမေရဲ့ပိုင်ဆိုင်သမျှပစ္စည်းဥစ္စာအားလုံးကိုယူကာ ညတွင်းချင်းဝမ်အိမ်တော်မှနေထွက်ခွာလာခဲ့တော့သည်။ ထိုနေ့ကစပြီးဝမ်အိမ်တော်ကိုလည်းသူခြေဦးမလှည့်တော့သလို သူ့အဖေနှင့်လည်းအဆက်အသွယ်မလုပ်တော့ချေ။သူ့အဖေဘက်ကဆက်သွယ်လာခဲ့သော်လည်း ဖုန်းကဒ်ကိုပြောင်းပစ်လိုက်တော့သည်။ သူ့အပေါ်ကိုတောင်ရက်စက်နိုင်တဲ့အဖေကို သူကဘာကိစ္စသံယောဇဥ်ရှိနေရမည်လဲ။ အဖေဖြစ်သူဘက်ကပြတ်သားရက်စက်နိုင်မှတော့ သားဖြစ်သူကလည်းရေစက်ဖြတ်ပစ်နိုင်ရမှာပေါ့။

.....

"ရန်ကောတစ်ယောက်အခြေအနေမကောင်းဘူးလား?"

"ဖြစ်နိုင်တယ်။သူရောက်ကတည်းက တမှိုင်မှိုင်တတွေတွေနဲ့ဖြစ်နေတာ..ငါစကားသွားပြောတော့လည်း ရန်လိုတဲ့အကြည့်တွေနဲ့စိုက်ကြည့်ခံရတယ်"

"သူဘာတွေဖြစ်နေတာလဲကွ"

ဝမ်ရန်ကော၏အပေါင်းအပါတွေဟာ clubကိုလာပြီးပျော်ပါးမသောက်စားပဲ ရောက်ကတည်းကထိုင်ခုံမှာငူငူကြီးထိုင်နေသောဝမ်ရန်ကောကိုကြည့်ပြီးပြောဆိုနေကြ၏။ ဝမ်ရန်ကောဘာဖြစ်နေတာလည်းဆိုတာကို သူတို့လည်းမသိတာကြောင့်မကူညီနိုင်ချေ။စကားသွားပြောရင်လည်းရန်လိုခံရသေးတာကြောင့် တစ်ယောက်မှဝမ်ရန်ကောဆီသို့စကားသွားမပြောရဲကြပေ။

အဲ့အချိန်မှာအလိုက်ကန်းဆိုးမသိသော မိန်းကလေးတစ်ယောက်ကဝမ်ရန်ကောဆီသို့ချဥ်းကပ်သွား၏။

"ဟေး..ရှင့်ကိုကြည့်ရတာအထီးကျန်ဆန်လိုက်တာ..ကျွန်မကရှင့်ကိုကြည်နူးစရာညလေးဖန်တီးပေးရမလား?"

"..ထွက်သွား"

ဝမ်ရန်ကော၏ခြောက်ကပ်ကပ်အသံကထွက်ပေါ်လာပေမဲ့ ထိုမိန်းကလေးကဝမ်ရန်ကော၏စိတ်အခြေအနေကိုသတိမထားမိကာ ထွက်သွားခြင်းမရှိပဲပေကပ်ပြီးနေ၏။

"ဒီလိုမလုပ်ပါနဲ့..လာပါ၊ကျွန်မကရှင့်ကိုမမေ့နိုင်တဲ့ညတစ်ညလေးဖန်တီးပေးမယ်..ကျွန်မနဲ့မလိုက်ရင်ရှင်နောင်တရသွားလိမ့်မယ်နော်.."

"တောက်!မင်းကိုငါထွက်သွားဖို့ပြောနေတာ နားကန်းနေလားကွ!!"

ဝမ်ရန်ကော၏ဟိန်းခနဲထွက်လာသောလေသံမာမာကြောင့် ထိုမိန်းကလေးသာမကပဲဘေးကစောင့်ကြည့်နေတဲ့လူတွေပါလန့်ဖြန့်သွားရသည်။ ထိုမိန်းကလေးကတော့ကြောက်လန့်သွားရုံတင်မကပဲ လူကြားထဲအအော်ခံလိုက်ရတဲ့အတွက်ရှက်ရွံ့သွားလေသည်။ သူ(မ)ကိုစာနာသနားမည့်လူရှိမလားဟုဘေးဘီကိုလှည့်ကြည့်လိုက်ပေမဲ့..

"ဒီလောက်အဲ့တစ်ယောက်အခြေအနေမကောင်းတာကိုငါတောင်မြင်တယ်၊အဲ့မိန်းမမမြင်ဘူးလားဟ။အအော်ခံရတာတောင်နည်းသေးတယ်.."

"အလိုက်ကန်းဆိုးမသိတာ..အရိပ်အကဲမကြည့်တတ်တာလေ။ အဲလိုတွေကြောင့်ဒုက္ခရောက်တဲ့လူတွေတပုံကြီး..."

"လူတစ်ယောက်ကိုဆွဲဆောင်ချင်ရင် အဲလူရဲ့စိတ်ကိုအရင်ဖတ်တတ်ရတယ်ဟ..အခုလိုအရိပ်အကဲနားမလည်ပဲဇွတ်အတင်းကပ်နေရင်တော့ အအော်ခံရမှာပဲ.."

"ကောင်မလေးကလှတော့လှပါတယ်..သနားစရာပဲ၊သူကိုကဝမ်ရန်ကောစိတ်အခြေအနေမကောင်းတဲ့အချိန်နဲ့မှလာတိုးတာ.."

ထိုမိန်းကလေးကတော့အရှက်ခွဲခံလိုက်ရသလိုခံစားချက်ကြောင့် မျက်နှာတစ်ခုလုံးနီမြန်းကာထိုင်ရာမှထပြီးဝမ်ရန်ကောဘေးမှနေထွက်သွားလေတော့သည်။ သူ(မ)သွားနေစဥ် လူတစ်ယောက်နဲ့တိုက်မိကာလဲကျမလိုဖြစ်သွားပေမဲ့ ထိုလူကသူ(မ)ကိုထိန်းပေးလိုက်တာကြောင့် ရုပ်ပျက်ဆင်းပျက်မဖြစ်သွားချေ။

"ကျစ်..ရှင်လူကိုမမြင်ဖူးလား!"

သူ(မ)ကိုကူညီလိုက်ပေမဲ့ တစ်ဖက်လူကိုလုံးဝကျေးဇူးတင်ချင်စိတ်မရှိချေ။ ဒေါသနှင့်ရှက်ရွံ့မှုကြောင့် သူ(မ)ရဲ့အသိစိတ်ကဝဲစားသွားပြီဖြစ်သည်။

"လူမမြင်တာမင်းမဟုတ်ဘူးလား"

တစ်ဖက်လူရဲ့နားထောင်ကောင်းသည့်အသံနှင့်အတူရုပ်ကိုမြင်လိုက်တဲ့အခါ သူ(မ)အလွန်ရင်ခုန်သွားရသည်။

'ချောလိုက်တာ'

"ဟေး?"

"အာ..ကျွန်မရဲ့အမှားပါ..တောင်းပန်ပါတယ် ရှင်ဘာမှမဖြစ်သွားဘူးမလား"

ထိုမိန်းကလေးကပစ်မှတ်ပြောင်းသွားလေသည်။ ဝမ်ရန်ကောကိုမရမှတော့ ဒီလူချောလေးလည်းမဆိုးဘူးဟုသူ(မ)ကတွေးလိုက်၏။

"အဲဒါကျိုးချီလန်မဟုတ်လား?"

"အေး ဟုတ်တယ်။ကျိုးချီလန်ပဲ..တော်တော်ချောတာဟ..ယောကျာ်းချင်းတောင်ကြွေရတယ်"

"အေးကွာ..မနာလိုလိုက်တာ"

ဘေးပတ်လည်ကစကားတို့ကြောင့် ထိုမိန်းကလေးရှေ့ကလူဟာကျိုးချီလန်ဆိုတာကိုသိသွားပြီး သူ(မ)ကပိုပြီးလိုချင်တပ်မတ်သွားရသည်။

"ဟိုလေ..ကျွန်မနဲ့အတူ-အမလေး!"

စကားတောင်သေချာမပြောရသေးပဲ ဘေးဘက်သို့အတွန်းထုတ်ခံလိုက်ရတာကြောင့် သူ(မ)လန့်သွားသလိုဒေါသပါထွက်လာတာကြောင့် သူ(မ)ကိုတွန်းထုတ်တာဘယ်သူလဲဟုလှည့်ကြည့်လိုက်တဲ့အခါ ဝမ်ရန်ကောဖြစ်နေသည်။

ဝမ်ရန်ကောအပေါင်းအပါတွေကလည်း ဝမ်ရန်ကောဟာကျိုးချီလန်ရဲ့နာမည်ကြားသည်နှင့်စိတ်ဓာတ်ကျနေရာမှ ခေါင်းထောင်လာကာ ကျိုးချီလန်ဆီသို့ထထွက်သွားပြီး ထိုမိန်းကလေးကိုဘေးသို့တွန်းထုတ်လိုက်သည့်အဖြစ်အပျက်အားလုံးကိုမြင်လိုက်ကြသည်။

ဝမ်ရန်ကောကကျိုးချီလန်ကိုဘာလုပ်ဖို့များလည်းဟုစောင့်ကြည့်နေကြတုန်းမှာပဲ ဝမ်ရန်ကောဟာကျိုးချီလန်ရဲ့လက်ကိုဆွဲပြီး ထွက်သွားလေသည်။ ဘာပြဿနာမှမဖြစ်ပဲ အခုလိုပြီးသွားတဲ့အခါ..

..ဘာလဲဟ၊သူတို့ကရင်းနှီးကြတာလား..ဟုလူတိုင်းကတွေးလိုက်ကြ၏။

🐿🐿🐿🐿🐿🐿🐿🐿🐿🐿🐿🐿🐿🐿🐿

Zawgyi

မိေထြးျဖစ္သူကလန့္သြားကာ သူ(မ)ရဲ႕လက္ကို႐ုန္းလိုက္သည္။ဒါေပမဲ့ ဝမ္ရန္ေကာကသူ(မ)လက္ကိုမလႊတ္ေပးပဲ တင္းၾကပ္စြာဆုတ္ကိုင္ထားလိုက္သည္။

"ခင္ဗ်ားကိုေမးေနတယ္ေလ..ဘာကိစၥက်ဳပ္အေမရဲ႕လက္ေကာက္ကခင္ဗ်ားဆီေရာက္ေနရတာလဲ!"

"အာ့ ငါ့လက္ကိုလႊတ္!..အကိုေရ..ကြၽန္မလက္နာေနၿပီ ဟင့္"

မိေထြးကသူ႕အေဖဆီလွည့္ကာသနားကမားျဖင့္ အကူအညီေတာင္းလာသည္။ ဝမ္ရန္ေကာမွာထိုမိန္းမရဲ႕အသံကိုေအာ္ဂလီဆန္သြားရသည္။ ဝမ္သခင္ႀကီးကသူ႕မိန္းမကိုအျပစ္တင္လိုက္ေတာ့သည္။

"မင္းကိုအဲ့လက္ေကာက္ကိုမထိဖို႔ေျပာထားတယ္ေလ။အခုခ်က္ခ်င္း သားကိုျပန္ေပးလိုက္စမ္း"

"အကို..ဒါေပမဲ့"

"ျပန္မေျပာနဲ႕..ေပးလိုက္!"

မိေထြးဟာမေက်နပ္ေပမဲ့ သူ(မ)ရဲ႕လက္ကလက္ေကာက္ကိုခြၽတ္လိုက္ၿပီး ဝမ္ရန္ေကာကိုမေပးခ်င္ေပးခ်င္နဲ႕ေပးလိုက္ရသည္။ ဝမ္ရန္ေကာကမိေထြးလက္ထဲကသူ႕အေမရဲ႕လက္ေကာက္ကိုခ်က္ခ်င္းဆြဲယူလိုက္ၿပီး ထမင္းဝိုင္းမွထလိုက္၏။

"သား မစားေတာ့ဘူးလား?"

ဝမ္ရန္ေကာက မိေထြးကိုအထင္ေသးရႈံ႕ခ်စြာၾကည့္လိုက္ၿပီး..
"စားခ်င္စိတ္မရွိေတာ့ဘူး..ကြၽန္ေတာ္အခန္းျပန္နားေတာ့မယ္"

"ေအး ေအး..ဗိုက္ဆာလာရင္ တစ္ေယာက္ေယာက္ကိုေျပာလိုက္ ဟုတ္ၿပီလား"

ဝမ္ရန္ေကာေခါင္းတစ္ခ်က္ညိတ္ျပလိုက္ၿပီး ထမင္းဝိုင္းမွလွည့္ထြက္သြားလိုက္ေတာ့သည္။ ဝမ္သခင္ႀကီးကေတာ့ သူ႕ဇနီးကိုအျပစ္တင္တဲ့မ်က္လုံးတို႔ျဖင့္စိုက္ၾကည့္လိုက္ေတာ့သည္။

ဝမ္ရန္ေကာဟာသူ႕အေမေနခဲ့တဲ့အခန္းဆီသို႔သြားလိုက္ၿပီး စင္ေပၚတင္ထားေသာလက္ဝတ္ရတနာမ်ားထည့္သည့္ေသတၱာငယ္ကိုဖြင့္လိုက္ကာ သူ႕အေမရဲ႕လက္ေကာက္ကိုေသခ်ာျပန္သိမ္းလိုက္၏။ ထိုေနာက္ရတနာေသတၱာကိုပိုက္ၿပီးေနာက္ သူ႕အခန္းဆီသို႔သြားလိုက္ေတာ့သည္။

ညေရာက္တဲ့အခါမွာသူဗိုက္ဆာလာ၏။မိေထြးျဖစ္သူေၾကာင့္ ညစာကိုဝလင္ေအာင္မစားခဲ့ရဘူးမဟုတ္ပါလား။ဒါေၾကာင့္ ဝမ္ရန္ေကာဟာသူ႕အခန္းထဲမွထြက္လာလိုက္သည္။

"အကိုကြၽန္မအတြက္လည္းထည့္စဥ္းစားပါဦး!!!"

အလုပ္အခန္းထဲမွထြက္လာသည့္ က်ယ္ေလာင္ေသာအသံေၾကာင့္ ဝမ္ရန္ေကာေျခလွမ္းတို႔ရပ္တန့္သြားရသည္။ ဝမ္ရန္ေကာမ်က္ေမွာင္ၾကဳတ္လိုက္၏။ထိုအသံကေသခ်ာေပါက္ မိေထြးရဲ႕အသံပဲျဖစ္သည္။ ဝမ္ရန္ေကာခဏေလာက္ေတြေဝေနၿပီးေနာက္ အလုပ္ခန္းဆီသို႔ေျခဦးလွည့္လိုက္၏။

"ရႉးး..တိုးတိုးေျပာပါကြာ..သားၾကားသြားလိမ့္မယ္!"

အခန္းနားေရာက္ေတာ့သူ႕အေဖရဲ႕အသံကိုၾကားလိုက္ရသည္။တံခါးကေသခ်ာမပိတ္ထားပဲအနည္းငယ္ဟေနကာ ထိုအဟၾကားမွဝမ္ရန္ေကာအထဲကိုေခ်ာင္းၾကည့္လိုက္သည္။

မိေထြးျဖစ္သူကလက္ကိုပိုက္ထားကာ အေဖႏွင့္စကားမ်ားေနၾကသည္။ မိေထြးျဖစ္သူကကေလးဆန္စြာအေဖ့ေရွ႕မွာေျခေဆာင့္လာၿပီး..

"အကိုေျပာေတာ့ အဲ့ရတနာပစၥည္းေတြကကြၽန္မပိုင္ဆိုင္လာလိမ့္မယ္ဆို!အခုေတာ့ အကို႔သားကျပန္ယူသြားၿပီ!ျပန္ေတာင္းေပးး!"

"ငါမင္းလိုခ်င္တာကိုေပးမွာပါ။ဒါေပမဲ့ အခုေတာ့သည္းခံလိုက္ပါဦး..မင္းမၾကားဘူးလား?ကိုယ့္ရဲ႕ေယာကၡထီးက သူ႕ေျမးကိုသူ႕လုပ္ငန္းေတြလႊဲေျပာင္းေပးမယ္ေျပာထားတယ္။ရန္ေကာကိုအခုရက္ပိုင္းေကာင္းေကာင္းမြန္မြန္ဆက္ဆံရမယ္။ဒါမွအနာဂတ္မွာေယာကၡထီးရဲ႕လုပ္ငန္းေတြကိုရန္ေကာကလႊဲေျပာင္းလက္ခံလာတဲ့အခါမွာ ကိုယ္တို႔သားေလးအတြက္လည္းအလိုလိုေနရင္း လုပ္ငန္းတခ်ိဳ႕အေမြရလာလိမ့္မယ္..ရန္ေကာကိုအကိုတို႔ဘက္မွာစည္း႐ုံးထားမွ အခုအကိုတို႔ကုမၸဏီရဲ႕ေငြေၾကးျပႆနာကိုအကူအညီေတာင္းလို႔ရမွာ..အကိုေျပာတာနားလည္လား"

"အကို႔ရည္႐ြယ္ခ်က္ကို ကြၽန္မသိတာေပါ့။ဒါေပမဲ့ရွင့္သားကကြၽန္မကိုနဂိုကတည္းကသေဘာမွမက်တာ..ကြၽန္မတို႔ကေလးကိုသူ႕လုပ္ငန္းေတြလႊဲေျပာင္းခ်င္ပါ့မလား..ကြၽန္မကိုလည္းယုံၾကည္လာေအာင္ဘယ္လိုလုပ္ရမလဲ?"

ဒုန္း*

"ဘယ္လိုမွလုပ္မေနနဲ႕!"

တံခါးေဆာင့္ဖြင့္သံႏွင့္အတူအခန္းေရွ႕၌ျမင္လိုက္ရသည့္ ဝမ္ရန္ေကာေၾကာင့္ သူတို႔တုန္လႈပ္သြားေလသည္။

"သား..သား!"

"ဘာလဲ..အရမ္းကိုတုန္လႈပ္သြားၾကတာလား။ဒီမိန္းမကိုေတာ့သူစိမ္းမလို႔က်ဳပ္ဘာမွမေျပာခ်င္ဘူး..ဒါေပမဲ့ ခင္ဗ်ားက်ေတာ့ က်ဳပ္ရဲ႕အေဖအရင္းေခါက္ေခါက္ႀကီးေလဗ်ာ။ဘယ္လိုေၾကာင့္မ်ား အခုလိုလုပ္ရက္တာလဲ!ခင္ဗ်ားနဲ႕ဒီမိန္းမရတဲ့ကေလးေကာင္းစားဖို႔အတြက္ က်ဳပ္ဆီကအက်ိဳးအျမတ္လိုခ်င္လို႔ၾကင္နာျပေနတာေပါ့!"

"သား..အေဖရွင္းျပပါရေစ!"

"ဘာရွင္းျပမွာလဲ..ဘာလဲ..အထင္လႊဲေနတာပါလို႔ေျပာမလို႔လား?က်ဳပ္နားနဲ႕ေသခ်ာၾကားလိုက္ရတာဗ်!ဘာမွလာမရွင္းျပနဲ႕..ခင္ဗ်ားဆီကထြက္လာမဲ့အေၾကာင္းျပခ်က္ေတြလည္းမၾကားခ်င္ဘူး။ ခင္ဗ်ားသိလား..ခင္ဗ်ားက်ဳပ္ကိုဆက္သြယ္လာေတာ့ က်ဳပ္ေလအ႐ူးတစ္ေယာက္လိုေပ်ာ္႐ႊင္ခဲ့ေသးတယ္။ငါ့အေဖကငါ့ကိုသတိရေသးတာပဲဆိုၿပီးေတာ့ေလ...ဒါေပမဲ့ တကယ္တမ္းကသူ႕ေနာက္ကေလးေကာင္းစားဖို႔အတြက္ သူ႕သားအရင္းကိုလိုအပ္တာျဖစ္ေနတယ္။"

"...."

"ဒီမတိုင္ခင္ ခင္ဗ်ားကိုက်ဳပ္ရဲ႕အေဖအျဖစ္သတ္မွတ္ထားေသးတယ္။အခုက်ဳပ္အျပတ္ေျပာမယ္..အခုကစၿပီးခင္ဗ်ားကက်ဳပ္ရဲ႕အေဖမဟုတ္ေတာ့သလို ခင္ဗ်ားမွာလည္း ကေလးဆိုလို႔ဒီမိန္းမနဲ႕ရတဲ့ကေလးပဲရွိေတာ့တယ္။ အခုကစၿပီးက်ဳပ္ရဲ႕မ်ိဳးရိုးနာမည္ကဝမ္မဟုတ္ေတာ့ဘူး!"

"သား..ရန္ေကာ!သားး!!အေဖ့အမွားပါ..ငါ့သားစိတ္ေက်နပ္ေအာင္အေဖဘာလုပ္ေပးရမလဲ!ေျပာပါ..သားေက်နပ္သာအကုန္လုပ္ေပးမယ္..အနည္းဆုံးေတာ့ အေဖ့ရဲ႕ကုမၸဏီကအခက္အခဲကိုကူညီေပးပါကြာ"

"ဘာမ်ားလဲလို႔..ဒီမွာ..က်ဳပ္ေျပာတာကိုနားမလည္ဘူးလား?က်ဳပ္ခင္ဗ်ားကိုအေဖအျဖစ္ကစြန့္ပစ္လိုက္ၿပီ..။ဘာကိစၥခင္ဗ်ားရဲ႕ကုပၼဏီကိုက်ဳပ္ကကယ္တင္ေပးရမွာလဲ..။ကုမၸဏီကိုဒီအေျခအေနထိေရာက္ေအာင္ ခင္ဗ်ားဖန္တီးခဲ့တာပဲ။ခင္ဗ်ားေနာက္ကြယ္မွာကုမၸဏီရဲ႕ေငြေတြကိုဘယ္လိုယူသုံးထားသလဲခင္ဗ်ားအသိဆုံးျဖစ္မွာပါ"

"ဝမ္ရန္ေကာ!မင္းေက်းဇူးမကန္းနဲ႕..ဒါမင္းအေဖပဲ!သိလား...ကိုယ့္အေဖကိုအဲလိုရက္စက္မွျဖစ္မွာလား!"ဟုေျပာလာသည့္မိေထြးျဖစ္သူကိုဝမ္ရန္ေကာေအးစက္စြာစိုက္ၾကည့္လိုက္သည္။ မိေထြးဟာဝမ္ရန္ေကာအၾကည့္ေၾကာင့္ လန့္ျဖန့္သြား၏။

"ခင္ဗ်ားကဘာအဆင့္ရွိလို႔ဝင္ပါရတာလဲ။ခင္ဗ်ားအလုပ္ကသူ႕ေဘးမွာေနၿပီး ျမဴဆြယ္ေနဖို႔ပဲမဟုတ္ဘူးလား!ခင္ဗ်ားမွာက်ဳပ္ကိုအခုလိုလာေျပာဖို႔ အရည္အခ်င္းရွိတယ္ထင္ေနလို႔လား!!"

ခြပ္*

သူ႕ရဲ႕စကားအဆုံးမွာပဲ အေဖ့ဆီကလက္သီးျဖင့္အထိုးခံလိုက္ရေလသည္။

"ဝမ္ရန္ေကာ..မင္းအရိုင္းအစိုင္းေကာင္!မင္းလိုေကာင္မ်ိဳးကငါ့သားျဖစ္ေနတာငါရွက္တယ္ကြ!"

ဝမ္ရန္ေကာဟာႏႈတ္ခမ္းေထာင့္ကေသြးစကိုသုတ္လိုက္ၿပီး သူ႕အေဖကိုစိုက္ၾကည့္ကာျပန္ၿပီးခြန္းတုန့္ျပန္လိုက္သည္။

"က်ဳပ္ကလည္းခင္ဗ်ားရဲ႕သားျဖစ္ရတာကိုရွက္ပါတယ္ဗ်ာ..တကိုယ္ေကာင္းဆန္ၿပီး..ေလာဘႀကီးတဲ့လူ!"

"မင္း!"

"စိတ္မပူပါနဲ႕..ခင္ဗ်ားက်ဳပ္ကိုထပ္ၿပီးမေတြ႕ေစရေတာ့ပါဘူး။ ခင္ဗ်ားရဲ႕ကုမၸဏီရဲ႕ျပႆနာကိုကိုယ့္ဘာသာရွင္း..မဟုတ္လည္း ခင္ဗ်ားရဲ႕သားတစ္ေယာက္ရွိေသးတာပဲေလ အဲ့ကေလးကိုအသုံးခ်ၿပီးခိုင္းစားေပါ့ဗ်ာ..က်ဳပ္အေမရဲ႕ပိုင္ဆိုင္မႈေတြအကုန္လုံးကို က်ဳပ္နဲ႕အတူသယ္သြားမယ္!"

ထိုေနာက္မွာေတာ့ ဝမ္ရန္ေကာဟာသူ႕အေမရဲ႕ပိုင္ဆိုင္သမွ်ပစၥည္းဥစၥာအားလုံးကိုယူကာ ညတြင္းခ်င္းဝမ္အိမ္ေတာ္မွေနထြက္ခြာလာခဲ့ေတာ့သည္။ ထိုေန႕ကစၿပီးဝမ္အိမ္ေတာ္ကိုလည္းသူေျခဦးမလွည့္ေတာ့သလို သူ႕အေဖႏွင့္လည္းအဆက္အသြယ္မလုပ္ေတာ့ေခ်။သူ႕အေဖဘက္ကဆက္သြယ္လာခဲ့ေသာ္လည္း ဖုန္းကဒ္ကိုေျပာင္းပစ္လိုက္ေတာ့သည္။ သူ႕အေပၚကိုေတာင္ရက္စက္နိုင္တဲ့အေဖကို သူကဘာကိစၥသံေယာဇဥ္ရွိေနရမည္လဲ။ အေဖျဖစ္သူဘက္ကျပတ္သားရက္စက္နိုင္မွေတာ့ သားျဖစ္သူကလည္းေရစက္ျဖတ္ပစ္နိုင္ရမွာေပါ့။

.....

"ရန္ေကာတစ္ေယာက္အေျခအေနမေကာင္းဘူးလား?"

"ျဖစ္နိုင္တယ္။သူေရာက္ကတည္းက တမွိုင္မွိုင္တေတြေတြနဲ႕ျဖစ္ေနတာ..ငါစကားသြားေျပာေတာ့လည္း ရန္လိုတဲ့အၾကည့္ေတြနဲ႕စိုက္ၾကည့္ခံရတယ္"

"သူဘာေတြျဖစ္ေနတာလဲကြ"

ဝမ္ရန္ေကာ၏အေပါင္းအပါေတြဟာ clubကိုလာၿပီးေပ်ာ္ပါးမေသာက္စားပဲ ေရာက္ကတည္းကထိုင္ခုံမွာငူငူႀကီးထိုင္ေနေသာဝမ္ရန္ေကာကိုၾကည့္ၿပီးေျပာဆိုေနၾက၏။ ဝမ္ရန္ေကာဘာျဖစ္ေနတာလည္းဆိုတာကို သူတို႔လည္းမသိတာေၾကာင့္မကူညီနိုင္ေခ်။စကားသြားေျပာရင္လည္းရန္လိုခံရေသးတာေၾကာင့္ တစ္ေယာက္မွဝမ္ရန္ေကာဆီသို႔စကားသြားမေျပာရဲၾကေပ။

အဲ့အခ်ိန္မွာအလိုက္ကန္းဆိုးမသိေသာ မိန္းကေလးတစ္ေယာက္ကဝမ္ရန္ေကာဆီသို႔ခ်ဥ္းကပ္သြား၏။

"ေဟး..ရွင့္ကိုၾကည့္ရတာအထီးက်န္ဆန္လိုက္တာ..ကြၽန္မကရွင့္ကိုၾကည္ႏူးစရာညေလးဖန္တီးေပးရမလား?"

"..ထြက္သြား"

ဝမ္ရန္ေကာ၏ေျခာက္ကပ္ကပ္အသံကထြက္ေပၚလာေပမဲ့ ထိုမိန္းကေလးကဝမ္ရန္ေကာ၏စိတ္အေျခအေနကိုသတိမထားမိကာ ထြက္သြားျခင္းမရွိပဲေပကပ္ၿပီးေန၏။

"ဒီလိုမလုပ္ပါနဲ႕..လာပါ၊ကြၽန္မကရွင့္ကိုမေမ့နိုင္တဲ့ညတစ္ညေလးဖန္တီးေပးမယ္..ကြၽန္မနဲ႕မလိုက္ရင္ရွင္ေနာင္တရသြားလိမ့္မယ္ေနာ္.."

"ေတာက္!မင္းကိုငါထြက္သြားဖို႔ေျပာေနတာ နားကန္းေနလားကြ!!"

ဝမ္ရန္ေကာ၏ဟိန္းခနဲထြက္လာေသာေလသံမာမာေၾကာင့္ ထိုမိန္းကေလးသာမကပဲေဘးကေစာင့္ၾကည့္ေနတဲ့လူေတြပါလန့္ျဖန့္သြားရသည္။ ထိုမိန္းကေလးကေတာ့ေၾကာက္လန့္သြား႐ုံတင္မကပဲ လူၾကားထဲအေအာ္ခံလိုက္ရတဲ့အတြက္ရွက္႐ြံ႕သြားေလသည္။ သူ(မ)ကိုစာနာသနားမည့္လူရွိမလားဟုေဘးဘီကိုလွည့္ၾကည့္လိုက္ေပမဲ့..

"ဒီေလာက္အဲ့တစ္ေယာက္အေျခအေနမေကာင္းတာကိုငါေတာင္ျမင္တယ္၊အဲ့မိန္းမမျမင္ဘူးလားဟ။အေအာ္ခံရတာေတာင္နည္းေသးတယ္.."

"အလိုက္ကန္းဆိုးမသိတာ..အရိပ္အကဲမၾကည့္တတ္တာေလ။ အဲလိုေတြေၾကာင့္ဒုကၡေရာက္တဲ့လူေတြတပုံႀကီး..."

"လူတစ္ေယာက္ကိုဆြဲေဆာင္ခ်င္ရင္ အဲလူရဲ႕စိတ္ကိုအရင္ဖတ္တတ္ရတယ္ဟ..အခုလိုအရိပ္အကဲနားမလည္ပဲဇြတ္အတင္းကပ္ေနရင္ေတာ့ အေအာ္ခံရမွာပဲ.."

"ေကာင္မေလးကလွေတာ့လွပါတယ္..သနားစရာပဲ၊သူကိုကဝမ္ရန္ေကာစိတ္အေျခအေနမေကာင္းတဲ့အခ်ိန္နဲ႕မွလာတိုးတာ.."

ထိုမိန္းကေလးကေတာ့အရွက္ခြဲခံလိုက္ရသလိုခံစားခ်က္ေၾကာင့္ မ်က္ႏွာတစ္ခုလုံးနီျမန္းကာထိုင္ရာမွထၿပီးဝမ္ရန္ေကာေဘးမွေနထြက္သြားေလေတာ့သည္။ သူ(မ)သြားေနစဥ္ လူတစ္ေယာက္နဲ႕တိုက္မိကာလဲက်မလိုျဖစ္သြားေပမဲ့ ထိုလူကသူ(မ)ကိုထိန္းေပးလိုက္တာေၾကာင့္ ႐ုပ္ပ်က္ဆင္းပ်က္မျဖစ္သြားေခ်။

"က်စ္..ရွင္လူကိုမျမင္ဖူးလား!"

သူ(မ)ကိုကူညီလိုက္ေပမဲ့ တစ္ဖက္လူကိုလုံးဝေက်းဇူးတင္ခ်င္စိတ္မရွိေခ်။ ေဒါသႏွင့္ရွက္႐ြံ႕မႈေၾကာင့္ သူ(မ)ရဲ႕အသိစိတ္ကဝဲစားသြားၿပီျဖစ္သည္။

"လူမျမင္တာမင္းမဟုတ္ဘူးလား"

တစ္ဖက္လူရဲ႕နားေထာင္ေကာင္းသည့္အသံႏွင့္အတူ႐ုပ္ကိုျမင္လိုက္တဲ့အခါ သူ(မ)အလြန္ရင္ခုန္သြားရသည္။

'ေခ်ာလိုက္တာ'

"ေဟး?"

"အာ..ကြၽန္မရဲ႕အမွားပါ..ေတာင္းပန္ပါတယ္ ရွင္ဘာမွမျဖစ္သြားဘူးမလား"

ထိုမိန္းကေလးကပစ္မွတ္ေျပာင္းသြားေလသည္။ ဝမ္ရန္ေကာကိုမရမွေတာ့ ဒီလူေခ်ာေလးလည္းမဆိုးဘူးဟုသူ(မ)ကေတြးလိုက္၏။

"အဲဒါက်ိဳးခ်ီလန္မဟုတ္လား?"

"ေအး ဟုတ္တယ္။က်ိဳးခ်ီလန္ပဲ..ေတာ္ေတာ္ေခ်ာတာဟ..ေယာက်ာ္းခ်င္းေတာင္ေႂကြရတယ္"

"ေအးကြာ..မနာလိုလိုက္တာ"

ေဘးပတ္လည္ကစကားတို႔ေၾကာင့္ ထိုမိန္းကေလးေရွ႕ကလူဟာက်ိဳးခ်ီလန္ဆိုတာကိုသိသြားၿပီး သူ(မ)ကပိုၿပီးလိုခ်င္တပ္မတ္သြားရသည္။

"ဟိုေလ..ကြၽန္မနဲ႕အတူ-အမေလး!"

စကားေတာင္ေသခ်ာမေျပာရေသးပဲ ေဘးဘက္သို႔အတြန္းထုတ္ခံလိုက္ရတာေၾကာင့္ သူ(မ)လန့္သြားသလိုေဒါသပါထြက္လာတာေၾကာင့္ သူ(မ)ကိုတြန္းထုတ္တာဘယ္သူလဲဟုလွည့္ၾကည့္လိုက္တဲ့အခါ ဝမ္ရန္ေကာျဖစ္ေနသည္။

ဝမ္ရန္ေကာအေပါင္းအပါေတြကလည္း ဝမ္ရန္ေကာဟာက်ိဳးခ်ီလန္ရဲ႕နာမည္ၾကားသည္ႏွင့္စိတ္ဓာတ္က်ေနရာမွ ေခါင္းေထာင္လာကာ က်ိဳးခ်ီလန္ဆီသို႔ထထြက္သြားၿပီး ထိုမိန္းကေလးကိုေဘးသို႔တြန္းထုတ္လိုက္သည့္အျဖစ္အပ်က္အားလုံးကိုျမင္လိုက္ၾကသည္။

ဝမ္ရန္ေကာကက်ိဳးခ်ီလန္ကိုဘာလုပ္ဖို႔မ်ားလည္းဟုေစာင့္ၾကည့္ေနၾကတုန္းမွာပဲ ဝမ္ရန္ေကာဟာက်ိဳးခ်ီလန္ရဲ႕လက္ကိုဆြဲၿပီး ထြက္သြားေလသည္။ ဘာျပႆနာမွမျဖစ္ပဲ အခုလိုၿပီးသြားတဲ့အခါ..

..ဘာလဲဟ၊သူတို႔ကရင္းႏွီးၾကတာလား..ဟုလူတိုင္းကေတြးလိုက္ၾက၏။

🐿🐿🐿🐿🐿🐿🐿🐿🐿🐿🐿🐿🐿🐿🐿

Seguir leyendo

También te gustarán

287K 8.4K 24
Louis dad James has just landed a new job, working with the infamous Harry Styles and his boys. James doesn't want his 16 year old son to know what h...
82.4K 3.3K 11
Shinsou Hitoshi isn't interested in soulmates. Kaminari Denki can't wait to meet his. Shinsou is invited to a Bakusquad hangout, and that night, his...
736K 60.8K 33
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
355 56 33
Description ဝန်ထမ်းသစ်လေးကသူ့ထက်စီနီယာကျတဲ့ဝန်ထမ်းဟောင်းကိုစူးစမ်းချင်စိတ်အပြည့်နဲ့မေးလိုက်တယ်::ကျွန်တော်တို့ ဥက္ကဋ္ဌ က လက်ထပ်ပြီးပြီလို့ ကြားတယ် ဟုတ...