The Sound Of Your Heart

By ocean_blurry

4.9K 623 33

နာမည်ကျော်တစ်ယောက်ကို သာမန်ကောင်လေးတစ်ယောက်က ချစ်တယ် အဲ့ဒီသာမန်ကောင်လေးကိုလဲ ကောင်လေးတစ်ယောက်က ချစ်နေတယ် နီ... More

Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 12 (Final)
Thank You

Part - 11

330 46 10
By ocean_blurry

" ခုတလော ရစ်ခီအရမ်းငြိမ်နေပါလား
အထူးသဖြင့် ဟိုကောင်လေးရောက်လာပြီးမှပေါ့
ဟန်ဘင်းကိုလဲစောင့်ကြည့်ထား ကြားလား ...
သူက ဘယ်သူမှသတိမထားမိအောင်
အလုပ်ကြိုးစားပြီးတော့
ရစ်ခီ့ကိုအရမ်းအလိုလိုက်တာကြောင့်
ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ ခန့်မှန်းမရဘူး "

" ဟုတ်ကဲ့ နားလည်ပါပြီ ဒယ်ဖြိုးနင်းမ် "

သာမန်အတိုင်းဆို အပြင်အရမ်းထွက်ပြီး
တက်ကြွတဲ့ ရစ်ခီက ဒဏ်ရာရပြီးနောက်ပိုင်းနဲ့
recovery processတစ်လျှောက်မှာ အိမ်နဲ့studioမှာပဲ
အောင်းနေတာလဲတစ်ကြောင်း
ထယ်ရယ်ရောက်လာပြီးတည်းက ရစ်ခီပိုပြီး
ငြိမ်နေတာကတစ်ကြောင်း
ကိုရီးယားအင်တာတိန်းမန့်လောကရဲ့ceoတွေပီပီ
အနုပညာရှင်တွေနဲ့fanတွေကို စိတ်ပိုင်းဆိုင်ရာ
ဖိနှိပ်ဖို့တွေ စတင်လာတော့တယ်

CEOကနေ management team, teamကနေ ရစ်ခီ
အဆင့်ဆင့်ဖိအားပေးမှုတွေ ဖြစ်လာခဲ့တယ်
snsမှာ နေ့တိုင်းနီးပါးactiveဖြစ်ပေးဖို့
studioမှာပဲမနေဖို့ အပြင်ထွက်ပြီး သတင်းထောက်တွေရှေ့ရောက်အောင် နေခိုင်းတာတွေ
ဒဏ်ရာကသက်သာလာတာမကြာသေးတဲ့သူကို
နောက်albumအတွက် ပြင်ဆင်ဖို့တွေ
အားလပ်ချိန်မရှိလောက်တဲ့ထိ showတွေပို့ပြီး
overwork ဖြစ်စေတာတွေ...

ရစ်ခီက အသက်20အရွယ် ကလေး
လူငယ်ပီပီတက်ကြွတယ် လုပ်နိုင်တယ်ဆိုပေမဲ့
လူသားတစ်ယောက်အနေနဲ့ ဖိအားတွေပါ ပါလာတဲ့အခါ ဒုတိယတစ်ခါ စိတ်ဓာတ်ကျမှုတွေက
ကြီးစိုးလာတော့တယ်

အလုပ်တွေဆက်တိုက်ဖြစ်နေတာ 4/5လလောက်ရှိပြီမို့
ထယ်ရယ်ဟျောင်းအဆောင်ကို
စိတ်လွတ်လက်လွတ်သွားမလည်ရတာ
အတော်လေးကြာနေပြီ
ဟန်ဘင်းဟျောင်းကိုပါ ဖိအားတွေပေးနေကြတာကို
ရစ်ခီအမှတ်မထင်သိသွားခဲ့တာမို့ ကုမ္ပဏီက
သတ်မှတ်ထားတဲ့ နောက်ဆုံးscheduleအပြီးမှာ
ဟန်ဘင်းနဲ့ဆွေးနွေးဖို့ ဖြစ်လာခဲ့တယ်

" 4လပဲကျန်တော့တာမလား ဟန်ဘင်းဟျောင်း "

ရစ်ခီ့ရဲ့ အေးစက်စက်အသံက သူတို့နှစ်ယောက်ရဲ့
ထမင်းဝိုင်းကိုပါ အပ်ကျသံကြားရလောက်တဲ့ထိ
ခဏတာတိတ်ဆိတ်သွားစေတယ်

" ဘာကိုလဲ ရစ်ခီရဲ့ ဟျောင်းနားလည်အောင်
သေချာရှင်းပြပါအုံး "

" ကျွန်တော့်စာချုပ်သက်တမ်းကိုပြောတာ... "

" အယ် အဲ့တာက...
ကုမ္ပဏီက ရစ်ခီ့ကိုပြောလာပြီလား "

" ပြောတော့မပြောသေးဘူး
ဒါပေမဲ့ စာချုပ်ဆက်ချုပ်ခိုင်းဖို့ ဖိအားပေးမယ်လို့ပဲ
ထင်နေတယ်
ထင်နေတာမဟုတ်ဘူး သေချာတာ ဟျောင်း ... "

" ရစ်ခီကရော ဘယ်လိုတောင်းဆိုမယ်တွေးထားလဲ "

" ကျွန်တော် ဒီကုမ္ပဏီနဲ့ ဒီလောက်ပဲရပ်သင့်ပြီ
ဟျောင်းကို ဖိအားတွေပေးနေကြတာလဲ
ကျွန်တော်သိတယ် အမှန်တိုင်းပြောရရင်
ကျွန်တော့်ထက်တောင် ဟျောင်းပင်ပန်းနေရတာကို "

" ဒါကတော့ ဟျောင်းလဲ မတတ်နိုင်ဘူးပေါ့ ရစ်ခီရယ် "

" ကျွန်တော့်ကို ငယ်ငယ်တည်းက ကြည့်လာပေးခဲ့တာ... အဲ့သံယောဇဉ်နဲ့ပဲကျွန်တော်မေးချင်တာရှိတယ် "

" မေး ရစ်ခီ ... "

" ကျွန်တော် ဘယ်လိုဆုံးဖြတ်ချက်မျိုးပဲလုပ်လုပ်
ဟျောင်း ကျွန်တော့်ဘေးမှာလိုက်လာမှာမလား "

ဟန်ဘင်းက စားလက်စ ထမင်းပန်းကန်ထဲက
ဇွန်းကိုချပြီး သက်ပြင်းရှည်ကြီးအရင်ချတယ်

" ရစ်ခီ... ဟျောင်းက ရစ်ခီဘယ်လမ်းသွားချင်လဲ
သွားချင်တဲ့လမ်းကို ဟျောင်းရှိသမျှအားနဲ့
ဖောက်ပေးမဲ့လူမျိုး... ရစ်ခီကလေးလေးတည်းက
ဟျောင်းဘေးကနေ တောက်လျှောက်ပါလာခဲ့တာ
နောက်လဲ ဆက်ပြီး ပါလာနေအုံးမှာပဲ
ခု စာချုပ်ကိစ္စကိုလည်း ရစ်ခီရပ်ချင်ရင်
ဟျောင်းကလဲရပ်ပြီးသား
ရစ်ခီပင်ပန်းနေတာ ဟျောင်းအသိဆုံးပေါ့ကွာ
ဟျောင်းတို့တွေ ရှေ့ဆက်ပြီး စိတ်ပိုင်းဆိုင်ရာ
ပင်ပန်းမဲ့အလုပ်တွေ မလုပ်ကြရအောင် ... "

ဟန်ဘင်းရဲ့အဖြေအရှည်ကြီးကိုကြားတော့
ရစ်ခီက မျက်ရည်ဝဲပေမဲ့ ပြုံးခဲ့တယ်
ရစ်ခီ လိုအပ်နေခဲ့တဲ့ စကားတွေလေ ...

" ကျွန်တော် 20ပြည့် မွေးနေ့ပြီးတည်းက
ပိုင်ဆိုင်မှုတွေကို မိဘတွေနဲ့တိုင်ပင်ပြီး
တရားဝင်ကျွန်တော့်ပိုင်ဆိုင်မှုဖြစ်အောင်
ဥပဒေနဲ့အညီလုပ်ထားပြီးသား
ဒီကုမ္ပဏီကထွက်ရရင်တောင် ကျွန်တော်နဲ့ဟျောင်း
ပိုင်ဆိုင်မှုတွေပေါင်းလိုက်ရင်
ပြန်တောင်ဝယ်လို့ရအုံးမယ် ဟဟ "

" ဝယ်လိုက်တော့ရစ်ခီရာ ဟျောင်း ပင်ပန်းလာပြီ "

ဟန်ဘင်းကပါ အလိုက်အထိုက်လေးပြန်စတော့
ပျောက်နေခဲ့တဲ့ ရစ်ခီ့ရဲ့ gummy smileလေးက
ပြန်ရောက်လာခဲ့တယ် ရစ်ခီ့မှာ ဟန်ဘင်းလိုမျိုး
မိသားစုလိုအကိုတစ်ယောက်ရှိတာကောင်းလိုက်တာလို့ ရစ်ခီတွေးမိခြင်းဟာ ရစ်ခီ့ဘဝရဲ့ အကောင်းဆုံး
အတွေးတွေထဲက တစ်ခုပါပဲ

~

ရစ်ခီနဲ့ဟန်ဘင်းတို့ ဆုံးဖြတ်ထားတဲ့အတိုင်းပဲ
၄လကြာအပြီး...Kpop industry လောကရဲ့
ခေါင်းကြီးပိုင်းသတင်းတွေထဲ Wakeoneနဲ့ ရစ်ခီတို့ရဲ့
8နှစ်ကြာစာချုပ်အပြီး လမ်းခွဲဖို့ဆုံးဖြတ်လိုက်တဲ့
သတင်းဟာ ပွက်လောရိုက်သွားတယ်

Wakeoneရဲ့ ရှယ်ယာဈေးတွေမြင်မကောင်းအောင်
ကျဆင်းသွားတဲ့အရှိန်အတိုင်း
fanတွေရဲ့ ပျော်ရွှင်မှုကလဲ ညီမျှနေခဲ့တယ်

" ရစ်ခီ ဆုံးဖြတ်လိုက်တာ အမှန်ဆုံးပဲ "

" ငါတို့က ရစ်ခီဘယ်နေရာရောက်ရောက်
ရစ်ခီနဲ့ရှိနေပေးမှာ "

" အစုတ်ပလုတ် Wakeone... နင်နေခဲ့လိုက်တော့ "

" အာရီဂူး Wakeoneကတော့ သူ့ရဲ့တစ်ခုတည်းသော
ရွှေတုံးတွေဥပေးတဲ့ငန်းဖြူလှလှလေးမရှိတော့လို့
ဒူးနဲ့မျက်ရည်သုတ်နေရလောက်ပြီ
စိတ်မကောင်းလိုက်တာ ဟဟ "

" ရစ်ခီရေ... ဒီထက်အမြင့်ဆုံးမှာ
တောက်ပကြရအောင် ချစ်တယ် "

ကုမ္ပဏီရဲ့ အသိစီနီယာဂျူနီယာတွေကလွဲလို့
တခြားဘယ်သူနဲ့မှ အဆက်အသွယ်မရှိအောင်ထိ
သံယောဇဉ်ဖြတ်ခဲ့ပြီး
ခုတော့ ရစ်ခီအများကြီးပျော်နေရပြီလေ
သူ့ဘေးမှာ ဟန်ဘင်းဟျောင်းရှိနေတယ်
fanတွေလဲ ရှိတယ်...
ပြီးတော့ သူ့ရဲ့ စိတ်မကောင်းချိန်တိုင်းပြေးနားခိုလို့ရတဲ့ ကင်မ်ထယ်ရယ်ဆိုတဲ့ ရပ်ဝန်းလေးလဲရှိတယ်
ရတယ် ... ဒါနဲ့တင် ရစ်ခီပြည့်စုံတယ်

~

💬 " ရစ်ခီက ကုမ္ပဏီအပြောင်းအလဲကိစ္စတွေနဲ့ဆို?
ဟျောင်းရော အဆင်ပြေရဲ့လား ? "

ကျောင်းစာမေးပွဲတွေနဲ့ ထယ်ရယ့်ဆီတောင်
မလာလည်အားတဲ့ ဂွန်းဝုဆီက ရက်သတ္တပတ်
အတော်ကြာပြီးမှ စာရောက်လာခဲ့တယ်
ထယ်ရယ့်အတွက် ပြောင်းလဲမှုကြီးကြီးမားမား
ရှိတဲ့အချိန်တိုင်း အဝေးကနေဖြစ်စေ အနားကနေပဲဖြစ်စေ
မပျက်မကွက်ရှိပေးခဲ့တဲ့ကောင်လေး

Gunnie Taeraeeeeia Conversation

🐥 : အဆင်ပြေပါတယ်
ရစ်ခီ့စာချုပ်သက်တမ်းမကုန်ခင်
တစ်ပတ်လောက်အလိုက ဟျောင်းနဲ့
စာချုပ်လဲ ပြီးသွားခဲ့တာ

🧸 : ခုထိ အလုပ်လုပ်နေတုန်းဆိုတော့
ရစ်ခီက ဟျောင်းကို ဆက်ခေါ်ခဲ့တာပေါ့

🐥 : ဟုတ်တယ်... ရှေ့ဆက်တော့ သူတို့ဘယ်လိုလုပ်မလဲ သေချာမဆုံးဖြတ်ကြရသေးပေမဲ့
ဟျောင်းကို ဆက်ပြီးရှိနေစေချင်တယ်တဲ့

🧸 : ကောင်းပါတယ်... ဒါပေမဲ့ ဟျောင်းမပျော်ရင်
စိတ်ညစ်လာရင်တော့ ထွက်လာခဲ့နော်
မထွက်လာရင် ကျွန်တော်ကိုယ်တိုင်
ကင်မ်ထယ်ရယ်ကို ပြန်ပေးပါဆိုပြီး လာခေါ်မှာ

🐥 : ဂွန်းဝု... မင်းအဆိုးလေးပဲ ဟဟ

🧸 : ဒါနဲ့ဟျောင်း ... စာမေးပွဲ နောက်တစ်ပတ်နေရင်
ပြီးပြီလေ ကျွန်တော်နဲ့တွေ့ရအောင် ?

🐥 : အဆောင်အသစ်လိပ်စာနဲ့ လျှို့ဝှက်နံပါတ်
ပို့လိုက်မယ် စာမေးပွဲပြီးတာနဲ့ လာခဲ့

🧸 : ဟုတ်... ကျွန်တော် ကိစ္စရှိလို့ တာ့တာ...

>>>>>

" အစ်မ... ဒီလက်စွပ်လေးပြပေးပါ "

" မောင်လေးက အမြင်ရှိတာပဲ ဒီလက်စွပ်လေးက
လူငယ်တွေကြား အရမ်းရေပန်းစားနေတာ "

" ဟုတ်လား .. ဟီး လှလဲလှတာကိုး "

" ဘယ်သူ့အတွက် ဝယ်ပေးဖို့ ကောင်မလေးလား ? "

" ကောင်မလေးတော့ မဟုတ်ပေမဲ့ လက်လှလှလေးရှိတဲ့
သူတစ်ယောက်ပါ ကျွန်တော် သဘောကျတဲ့သူ "

" ဘာပဲဖြစ်ဖြစ် လိုက်ဖက်နေတော့မှာပဲ "

အရောင်းစင်တာက အမကြီးတွေကပါ
ဝိုင်းပြီးရွေးပေးကြရင်း ဂွန်းဝုလဲ သူ့အကြိုက်ရွေးပြီး
နောက်ဆုံးမှာ အလှဆုံးဒီဇိုင်းလေးကို ရလာခဲ့တယ်

အချိန်ပိုင်းအလုပ်တွေမှန်သမျှက ရသမျှလစာတွေရယ်
ကျောင်းclubက ပြိုင်ပွဲတွေဝင်ပြိုင်ပြီးရလာတဲ့
ဆုကြေးတွေရယ်စုထားပြီး
စိတ်ပူစရာမရှိဘဲ လက်စွပ်လှလှလေးတစ်ကွင်း
ဝယ်လာခဲ့တော့တယ်

" ငါ့ဟျောင်းလက်လှလှလေးပေါ်ရောက်သွားရင်
လက်စွပ်လှတာကတောင် သိမ်ငယ်စရာဖြစ်နေတော့မှာပဲ
ဟီး ... "

Mid-term exam resultထွက်မဲ့နေ့ အမှတ်အများဆုံးနဲ့
အောင်ခဲ့ရင် ဒီလက်စွပ်လေးကို
ဟျောင်းလက်ထဲထည့်ပေးရမယ်ဆိုတဲ့ စိတ်နဲ့
ဂွန်းဝုနှာခေါင်းသွေးနေ့စဉ်ကျတဲ့ထိ
စာကြိုးစားလာခဲ့တဲ့အလျောက်
စာမေးပွဲရက်တိုင်းမှာလဲ အခက်အခဲမရှိဖြေနိုင်ခဲ့တယ်

ဖြေတဲ့ 6ရက်လုံးမှာ ထယ်ရယ်က
ဂွန်းဝုစိတ်ထွေပြားမှာစိုးလို့ သွားတော့မတွေ့ပေမဲ့
မုန့်လေးတွေလုပ်လုပ်ပြီး စာကျက်ရင်းစားဖို့
ညလယ်စာ အဆာပြေလေးတွေ
အိမ်ကိုလာလာပို့ပေးထားတယ်
တက္ကသိုလ်ကျောင်းသားကြီးဂွန်းဝုက
သူ့ဟျောင်းသေးသေးလေးရဲ့ မေတ္တာစာတွေနဲ့
အားတွေပြည့်နေခဲ့တာပေါ့ ...

~

" ဘယ်လိုလဲဟျောင်း ... ကျွန်တော် ပြောတဲ့အတိုင်း
ဖြစ်လာခဲ့ပြီဆိုတော့ ဟျောင်းရော ပျော်လား "

ရစ်ခီက ထယ်ရယ့်အဆောင်သစ်ကိုလဲ အရင်ကလို
နေသားကျစွာ ရောက်ရောက်လာနေတုန်းပဲ
ထယ်ရယ့်ရဲ့ စည်းတားထားခြင်းတွေကို
တကယ်ကို မမြင်တဲ့ကလေး
မသိချင်ယောင်ဆောင်နေတာမျိုးမဟုတ်ဘဲ
ခံစားချက်တွေရိုးသားလွန်းလို့ မမြင်နိုင်ခဲ့တာ
ထယ်ရယ်စိတ်ပူခဲ့သလို အချိန်တန်အိမ်မပြန်ခဲ့ရပေမဲ့
ဘာပဲဖြစ်ဖြစ် မဖြစ်ဘူးလေ... သူ့ဘဝနဲ့ရစ်ခီ့ဘဝက

📝 " ရစ်ခီပျော်ရင် ဟျောင်းတို့လဲပျော်တာပေါ့ "

" တစ်လကျော်ကြာခဲ့ပြီဆိုပေမဲ့
ကျွန်တော်ခုထိမယုံနိုင်သေးဘူး
ပျော်နေပေမဲ့ လက်တွေ့မဟုတ်ဘူးလို့ခံစားနေရတယ် "

📝 " ရှေ့လျှောက်လဲ ရစ်ခီ့အတွက်
ကောင်းတဲ့အရာတွေပဲဖြစ်လာမှာပါ ... "

" ဟျောင်း... ကျွန်တော်ဟျောင်းကိုပြောစရာရှိတယ်
ဆိုတာလေ ခုပြောချင်တယ် "

📝 " ပြောလေ ရစ်ခီ "

" ကျွန်တော့်အကျင့်စရိုက်ကိုလဲ သိမှာပါ
ကွေ့ဝိုက်မနေတော့ဘူး
ကျွန်တော်ခံစားရတဲ့အတိုင်းပဲပြောမယ် "

ထယ်ရယ်က ဖြစ်နိုင်တာတွေရော မဖြစ်နိုင်တာတွေရောကြိုတွေးထားပေမဲ့လည်း
သူထင်နေတဲ့ အဲ့တစ်ခုမဖြစ်ပါစေနဲ့လို့
အခါခါဆုတောင်းနေမိခဲ့တယ်

" ကျွန်တော်ဟျောင်းကို သဘောကျနေတာ...
ဟျောင်း သိမလားတော့ မသိ
ကျွန်တော်လဲ ကိုယ့်ကိုကိုယ်မသေချာလို့
သေချာပြန်မေးနေခဲ့တာ ဒါပေမဲ့ သေချာတယ်ဟျောင်း
ကျွန်တော် ဟျောင်းကို သဘောကျတယ် ...

ဟျောင်းရဲ့ ဂစ်တာသံလေးကိုတင်မဟုတ်ဘဲ
သီချင်းဆိုသံလေးတင်မဟုတ်ဘဲ
idolက fanကို သဘောကျတဲ့စိတ်မဟုတ်ဘဲ
ORiကို စောင့်ကြည့်ရင်း မိုက်လိုက်တာ
သဘောကျတယ်လို့ တွေးမိတာမဟုတ်ဘဲ

ထယ်ရယ်... ကင်မ်ထယ်ရယ်ဆိုတဲ့ သူကို
သူ့ရဲ့ဖြစ်တည်မှုကို သဘောကျတာ "

ထယ်ရယ့်ဆီက အတွေးတွေများသွားတဲ့မျက်နှာထားမျိုး
မြင်လိုက်ရတော့ ရစ်ခီလဲ မျက်နှာမကောင်းခဲ့ဘူး

📝 " ဟျောင်းနဲ့ တရင်းတနှီးနေတော့
ရစ်ခီ အထင်မှားနေတာ နေမှာပါ "

" မဟုတ်ဘူးဟျောင်း ဘာလို့ကျွန်တော့်ကိုမယုံရတာလဲ "

📝 " ရစ်ခီ့ကိုမယုံတာမဟုတ်ပါဘူး
ဘာပဲဖြစ်ဖြစ်ပါ ရစ်ခီရယ်
ဟျောင်း ရစ်ခီ့တက်လမ်းတွေကိုပိတ်မဲ့သူမဖြစ်ချင်ဘူး
အရင်တည်းက ရစ်ခီအောင်မြင်ပြီး ပျော်နေတဲ့
သီချင်းတွေဆိုနေတဲ့ ရစ်ခီ့ကိုပဲ မြင်ချင်တာ "

ရစ်ခီက သက်ပြင်းတစ်ချက်ချပြီး မျက်လုံးတွေကို
ပွတ်သတ်နေခဲ့တယ်
ဒါရစ်ခီ မွန်းကြပ်ရင် လုပ်တဲ့အပြုအမူ...

" ကျွန်တော် အရင်အတိုင်းပဲ
ဆိုနေ ကနေ ပျော်နေအုံးမှာပဲလေ
ဟျောင်းနဲ့ကျွန်တော် တွဲလိုက်လို့
ကျွန်တော့်အနာဂတ်က ပျောက်သွားမှာမဟုတ်ဘူး
လူတစ်ယောက်က လူတစ်ယောက်ကိုချစ်တာ
အပြစ်မရှိဘူးလေ ဟျောင်းရဲ့
မဟုတ်မှလွဲရော ... ဟျောင်းက ဒီလိုလူမျိုးမဟုတ်လို့
ငြင်းနေတာတော့ မဟုတ်ဘူးမလား ဟျောင်း "

📝 " အဲ့လိုမဟုတ်ဘူး ရစ်ခီ... ဟျောင်းပြောချင်တာက ရစ်ခီ့ဘဝ ရစ်ခီ့career အတွက် ထည့်စဉ်းစားဖို့ပါ "

ကုတင်ပေါ်မှာပေမဲ့ မျက်နှာချင်းဆိုင်
ခပ်လှမ်းလှမ်းမှာထိုင်နေကြတဲ့ နှစ်ယောက်အဖို့
ပတ်ဝန်းကျင်က တဖြည်းဖြည်းအေးစက်လာခဲ့တယ်

ရစ်ခီမျက်ရည်တွေဝဲလာပြီး မျက်နှာတွေနီရဲလာတယ်
ရစ်ခီ ထယ်ရယ်အရှေ့တည့်တည့်ကို ပိုတိုးသွားလိုက်ပြီး
အေးစက်နေတဲ့ထယ်ရယ့်လက်တွေကို ဖွဖွလေး
ကိုင်လိုက်တယ်...

ပြီးတော့ ထယ်ရယ့်မျက်လုံးရွဲရွဲလေးတွေကိုစိုက်ကြည့်ပြီး
စကားတစ်ခွန်းပြောခဲ့တယ်

" ကျွန်တော့်မှာ ဟျောင်းမရှိရင်
ကျွန်တော်ပြိုလဲသွားလိမ့်မယ် " တဲ့

ထယ်ရယ်က ခေါင်းလေးငုံ့သွားတော့ ရစ်ခီက
လက်တွေကို ပိုတင်းတင်းဆုပ်ကိုင်ထားလိုက်ပြီး
ဆက်ပြောတယ်

" ကျွန်တော့်နားမှာနေပါ ဟျောင်းရယ်
ကျွန်တော်ဟျောင်းကို ချစ်တယ် မဆုံးရှုံးချင်ဘူး "

ထယ်ရယ်ဘာမှပြန်မဖြေဖြစ်သလို
ရစ်ခီ့လက်နွေးနွေးတွေထဲကလဲ ရုန်းမထွက်မိဘူး
သူလဲ ဒီကောင်လေးကို ချစ်တာပဲ
idolတစ်ယောက်အနေနဲ့မဟုတ်တော့ဘဲ
ယောကျ်ားလေးတစ်ယောက်လိုမြင်ပြီး ချစ်နေခဲ့တာ
ဒါပေမဲ့ ရစ်ခီ့ဘဝတက်လမ်းတွေအတွက်
ဒီကိစ္စကနေ သူက ဆူးငြောင့်ခလုတ်ဖြစ်နေမှာလေ
သူချစ်တဲ့ကောင်လေး ဒီထက်ပို စိတ်ဓာတ်ကျနေမှာကို သူမမြင်ရက်... အဲ့အတွက် သူ ရစ်ခီ့အချစ်ကို
လက်ခံလိုက်လို့မဖြစ်ဘူး

ခဏကြာတော့ ရစ်ခီ သူ့စိတ်ခံစားချက်တွေ
မထိန်းနိုင်တော့ဘဲ ငိုချလိုက်မိတယ်
ထယ်ရယ့်ရှေ့တင် ဟန်တောင်မဆောင်နိုင်ဘဲပေါ့

📝 " မငိုပါနဲ့ ရစ်ခီရယ် ... ဟျောင်းလဲရင်တွေနာရတယ် "

" ကျွန်တော်လဲ နာကျင်ရတယ် ဟျောင်းရာ
ကျွန်တော့်လက်တွေ့ဘဝနဲ့ စိတ်ခံစားချက်တွေကို
ဘာလို့ပြိုင်ဆိုင်နေရတာလဲ "

ထယ်ရယ်ဘာမှပြန်မပြောဘဲ
ရစ်ခီ့ပခုံးကျယ်ကျယ်တွေကို
သူ့လက်သေးသေးလေးနဲ့ဖက်ထားပေးလိုက်မိတယ်

ထယ်ရယ့်ပခုံးတွေပေါ်မှာ ရစ်ခီ မျက်နှာအပ်ငိုရင်း
မကျေနပ်ချက်တွေထုတ်ပြောနေတဲ့ကလေးလို
စကားတွေကလဲ ပလုံးပထွေးဖြစ်နေခဲ့တယ်

" ဟျောင်းလဲ ကျွန်တော့်ကိုချစ်တယ်မလား.. ဟမ်
ကျွန်တော် ဟျောင်းနဲ့ လူသိရှင်ကြားတွဲပြီး
လူတွေရဲ့စိတ်ဝင်စားမှုယူတာတွေ အဲ့လိုမျိုးတွေ
မဟုတ်ဘူးလေဗျာ
ကျွန်တော့်ဘေးမှာ ဟျောင်းအမြဲတမ်းရှိနေပြီး
ကျွန်တော်ချစ်တာကိုဖော်ပြနိုင်ဖို့
ချစ်တဲ့သူကို ဘေးမှာထားချင်ရုံလေးလေ နော်
ဟျောင်းရယ် ... "

ထယ်ရယ်က ရစ်ခီ့ပခုံးကိုဖက်ထားတာကိုလွှတ်လိုက်ပြီး
ရစ်ခီ့မျက်နှာက မျက်ရည်တွေကို ဖွဖွသုတ်ပေးတယ်
ရစ်ခီ တော်တော်မွန်းကြပ်ပြီးငိုတာပဲဖြစ်ရမယ်
နှာထိပ်လေးတွေ ရဲတက်ပြီး
အဆက်မပြတ်ရှိုက်နေတဲ့အထိ...

📝 " ဟျောင်းကို ကြည့်ပေး ခဏ ... "

ရစ်ခီလဲ ကိုယ့်ဘာသာ ထပ်ပြီးတော့ မျက်ရည်တွေသုတ်လိုက်ပြီး ထယ်ရယ့်လက်ကိုမလွှတ်တမ်း
ကိုင်ထားရင်းပဲ ထယ်ရယ့်မျက်နှာကိုကြည့်နေခဲ့တယ်

ထယ်ရယ် မျက်လုံးကို အတန်ကြာအောင်မှိတ်လိုက်ပြီး စိတ်ဆုံးဖြတ်အားယူလိုက်ကာ ...

" ရစ်ခီ ... "

" ဟင် ... ဟျောင်း... ဟျောင်း စကားပြောတာ ?! "

" ရစ်ခီ ပြိုလဲလို့ မဖြစ်ဘူးလေ နော်
ဟျောင်း.. ရစ်ခီ့ အနားမှာ ရှိပေးပါ့မယ်
ရစ်ခီ ... မငိုပါနဲ့တော့ ဟျောင်းရင်တွေ နာရတယ် "

ထယ်ရယ်အတော်လေးအားယူပြီး ဖြေးဖြေးချင်း
ပြောအပြီးမှာ ဒီတစ်ခါတော့ရစ်ခီက မလွှတ်တမ်း
တင်းတင်းကြပ်ကြပ်ဖက်လာခဲ့တယ်

" ဟျောင်း နောက်ဆုံးတော့ စကားပြောပြီလား
ကျွန်တော် မေးတာတွေ ဖြေပေးမှာလားဟင် "

ထယ်ရယ်ကခေါင်းငြိမ့်ပြတော့ ရစ်ခီမျက်ရည်တွေ
ကျနေရင်းနဲ့ပဲပြုံးရယ်လာခဲ့တယ်

" ဟျောင်း ကျွန်တော့်ကို ချစ်တယ်မလားဟင်
တခြားအဖြေတွေမပြောဘဲ
ကျွန်တော့်မေးခွန်းလေးအတိုင်း ဖြေပေးပါ "

ရစ်ခီ့မျက်နှာလှလှလေးကို
ခဏလောက်စိုက်ကြည့်ပြီးမှ ထယ်ရယ်ဖြေတယ်

" ဟျောင်း မင်းကို ချစ်တာပေါ့ ရစ်ခီရယ် ... " တဲ့

တစ်ဖက်သတ်ချစ်ခြင်းပါတဲ့ဆက်ဆံရေးတစ်ခုမှာ
တစ်စုံတစ်ယောက်က ပျော်ရင် တစ်ယောက်ယောက်က
နောက်ဆုတ်ရင်း မျက်ရည်ကျရတယ်ဆိုတဲ့
စကားကို ဂွန်းဝု အားလုံးနဲ့တစ်ယောက်ငြင်းဆိုပြီး
ရှေ့ဆက်ခဲ့တာ သူကိုယ်တိုင်က နောက်ဆုတ်ဖို့
ဖြစ်လာခဲ့မယ်လို့တော့ မတွေးထားခဲ့မိဘူးလေ

အမှတ်အများဆုံးနဲ့အောင်ခဲ့ပေမဲ့
ဟျောင်းပြောပြတဲ့ လျှို့ဝှက်နံပါတ်လေးကိုဖွင့်ပြီး
ဟျောင်းဆီ အရောက်လာခဲ့ပေမဲ့
ဟျောင်းလက်လှလှလေးမှာ ဝတ်ပေးဖို့
အလှဆုံးလက်စွပ်လေးကို ရွေးဝယ်ခဲ့ပေမဲ့
ဟနေတဲ့တံခါးလေးအလုံးစုံမဖွင့်လိုက်ရခင်မှာ
ဂွန်းဝုရဲ့ ပျော်ရွှင်နေခဲ့ခြင်းတွေကို မိုးတိမ်မဲမဲတွေက
မျက်ရည်မိုးတွေအဖြစ် ပြောင်းလဲခဲ့ပါလေရဲ့...

~

Continue Reading

You'll Also Like

2K 260 22
Annaគេអ្វើបាបអូន.....ជួយអូនផង តើខុសមេនទេគ្រាន់តែពួកយើងស្រលាញ់គ្នា
10.9K 1K 16
'မေတ္တာမှာ အလျားအနံ မရှိပေမဲ့ အသွားအပြန်ရှိတယ်တဲ့ ' Ricky x TaeRae
815K 18.6K 47
In wich a one night stand turns out to be a lot more than that.
2.8K 301 6
"ချစ်တယ် ကိုယ်ကသိပ်ချစ်ပါတယ် ထယ်ရယ်"