အရေးအကြောင်းဆို ဆီးကခဏခဏ သွားချင်သည်။
စကားဖြူ အိပ်ယာထဲကထလာကာ ခြင်ထောင်
ကိုလှန်လိုက်သည်။
သူမတို့အကုန်လုံး ဆေးရုံ လူနာဆောင် ဟောခန်း
ကြီးထဲမှာ စုအိပ်ကြတာဖြစ်သည်။
လက်နှိပ်ဓာတ်မီးကိုယူ၍ ဘေးကုတင်က မြလေး
ခြင်ထောင်နားကပ်၍ အသံအုပ်အုပ်ဖြင့်
"မြလေး...မြလေး..."
"ရှင်..အစ်မ.."
"အစ်မ..အပေါ့သွားချင်လို့.."
"ဟုတ်ကဲ့.."
မြလေး ခြင်ထောင်ထဲက အိပ်မှုံစုတ်ဖွားဖြင့်
ထွက်လာသည်။
နှစ်ယောက်သား ဆေးရုံအနောက်ဖက်ရှိ
အိမ်သာတွေဘက်ထွက်လာခဲ့သည်။
"အထွေးတစ်ယောက်လဲ ဘယ်ပျောက်သွားမှန်း
မသိဘူး သူ့ကိုယုံပြီး မြလေးသာအိမ်ပြန်မိရင်
တော့ "
"အစ်မကို ထမင်းစားဖို့လာပြောပြီးထဲက ပျောက်
သွားတာ "
"နွားလှည်းလဲမတွေ့တော့ဘူးဆိုတော့ အိမ်ပြန်
ပြီး လှည်းသိမ်းရင်း ဗီဒီယို ကြည့်ရင်းက အိပ်
ပျော်သွားပြီးထင်ပါတယ် အစ်မရယ်"
"မြလေး သွားဦးမယ်မဟုတ်လား အစ်မစောင့်
နေမယ် "
"ဟုတ်ကဲ့.."
စကားဖြူ အပြင်ကနေစောင့်နေရင်း မျက်လုံးကလဲ
အမှောင်ထဲ ဟိုကြည့်သည်ကြည့်နှင့်။
စောင့်သာစောင့်နေရတာ လူကတော့ ခပ်ကြောက်
ကြောက်ပင်။
ရုတ်တရပ် အမှောင်ထဲ ရွေ့ရွေ့ ရွေ့ရွေ့ နှင့် လာ
နေသော မဲမဲကြီးကြောင့် စကားဖြူ အမြင်ပဲ မှား
သလားဆိုပြီး ကြည့်နေရင်းက ထိုအရာကို
ဓာတ်မီးဖြင့်ထိုးကြည့်လိုက်တော့
"အား...အု..အု..."
"ဆရာမလေး...ကျုပ်ပါ...အထွေး..."
ငယ်ထွေးက စကားဖြူပါးစပ်ကို လက်ဖြင့်အုပ်၍
တိုးတိုးပြောကာ ခြုံလာသည့် ပုဆိုးလုံကွင်းကို
ဖယ်လိုက်သည်။
"အ..အထွေး...မင်းဘယ်ကပြန်လာတာလဲ"
"အစ်မ..အစ်မ..ဘာဖြစ်လို့လဲ.."
စကားဖြူ အော်သံကြောင့် မြလေးငုံ ရေအိမ်ထဲက
ထွက်လာပြီးမေးသည်။
ထို့နောက် ငယ်ထွေးမျက်နှာကိုပါ လက်နှိပ်ဓာတ်မီး
အလင်းရောင်အောက်တွေ့လိုက်ရသည်။
"အထွေး...နင်က..ဘယ်ပျောက်သွားတာလဲ "
"ငါ...အား..."
"ထွေး...ဘာဖြစ်တာလဲ. "
ငယ်ထွေးက မက်တပ်ရပ်နေရာမှ ထိုင်ချလိုက်တော့
စကားဖြူက စိုးရိမ်တကြီးမေးလိုက်သည်။
မြလေးငုံလဲ ငယ်ထွေးဘေးသို့ရောက်လာသည်။
"ခြေ..ခြေထောက်.."
စကားဖြူ ငယ်ထွေးခြေထောက်ကို မီးထိုးကြည့်
လိုက်တော့
"ဟင်...ခြေထောက်ကရောင်နေပါ့လား..ဘာဖြစ်
လာတာလဲ "
"လှည်း...လှည်းပေါ်က ခုန်ချရင်း.."
"ဟင်...ထထ..ထကောထနိုင်လား..."
"ဂျိုင်းထောက်..."
ငယ်ထွေးက သူ့ဘေးနားမှာ တစ်စုံတစ်ခုကိုရှာနေ
တာကြောင့် စကားဖြူတို့လဲ ဓာတ်မီးထိုး၍ ရှာလိုက်
တော့ သစ်သားချိုင်းထောက် တစ်ခုကို မြေကြီးပေါ်
ကျနေတာ တွေ့လိုက်ရသည်။
"အထွေးရယ်..ဘာတွေဖြစ်လာတာလဲ..နင်ကတော့
လေ...ထ..ငါကူပေးမယ်.."
မြလေးငုံက ငယ်ထွေးကို ချိုင်းကနေမကာ ဆွဲထူပြီး
သူ့ပခုံးကိုဖက်ခိုင်းသည်။
ထို့နောက် နှစ်ယောက်သား ငယ်ထွေးကိုတွဲကာ
ဆေးရုံထဲခေါ်လာခဲ့သည်။
ငယ်ထွေးထွန်းပေးခဲ့သော ဘတ္ထရီမီးချောင်းက
မှိန်ပြပြသာ လင်းတော့သည်။
ငယ်ထွေးကို ထိုင်ခုံတစ်ခုမှာထိုင်စေကာ ခြေထောက်
ကို ခုံအမြင့်တစ်ခုပေါ် တင်စေလိုက်သည်။
ဖယောင်းတိုင်းအကြီးနှစ်တိုင်ကို မီးထွန်းလိုက်
တော့ မြလေးငုံက ငယ်ထွေးကို သေချာကြည့်မိ
သွားသည်။
"တစ်ကိုယ်လုံးလဲ ဖုန်တွေပေလို့ နင်ဘာဖြစ်လာတာ
လဲ အထွေး"
ငယ်ထွေး ကဘေးဘီကိုတစ်ချက်ကြည့်လိုက်သည်။
သူတို့အခုရောက်နေတာ ဆရာဝန် နားနေခန်းထဲမှာ
ဖြစ်တာကြောင့် အသံကိုနှိမ့်ကာ ဖြစ်လာသမျှကို
ပြောပြလိုက်တော့သည်။
.......
ထန်းသုံးပင်ရွာရောက်တော့ ငယ်ထွေးလှည်း
ပေါ်ကဆင်းလိုက်သည်။
"ကိုငယ်...နင်တို့..ဒီမှာနေလို့တော့မဖြစ်ဘူးထင်
တယ်...ဦးသံလုံးကြီးက ဒီအထိတော့ လိုက်ရှာ
မှာပဲ..ထနောင်းစု ထိသွားလိုက်ရင် ကောင်းမယ်"
"ဟုတ်တယ် သာမောင်.."
"ကိုငယ်..နင်ကလဲ...မိန်းမခိုးတာတောင် ဗြုန်းစား
ကြီးနဲ့..အစီစဥ်လေးဘာလေး ချမထားဘူး"
"မခိုးလို့မရတော့တဲ့အခြေနေမလို့ ခိုးလိုက်ရတာဟ
ငါ့နှယ်..."
"ဟမ်..ဒါဆို..နင်က..သူ့ကိုတကယ်မချစ်ပဲ ခိုးလာတာလား"
"အာ...ပိန်းလိုက်တာ...မချစ်တာမဟုတ်ဘူး
ဒါ..ဒါကိုပြောတာ..."
သာမောင်က ငယ်ထွေးခေါင်းကို တစ်ချက်ခေါက်ကာ ဗိုက်ရှေ့မှာ လက်နှစ်ဖက်ကို ဝိုက်၍ ကာပြ
လိုက်တော့ ငယ်ထွေး မျက်လုံးအစုံ ပြူးကျယ်
သွားတော့သည်။
"အမလေးလေး..ကိုငယ်...နင်ကတော့..."
စကားဖြူက ငယ်ထွေးပြောပြသည်ကိုကြားပြီး
သက်ပြင်းချသည်။
မြလေးငုံက ငယ်ထွေးပခုံးကို တစ်ချက်ရိုက်ကာ
"ဟယ်..ဒုက္ခပဲတော် ဦးသံလုံးကြီးတော့ ယမ်းပုံ
မီးကျဖြစ်နေလောက်ပြီ ...နင်ကကော ဘယ်လိုပြန်
လာတာလဲ အဲ့ကနေခြေလျင်ပြန်လာတာလား"
"မဟုတ်ဘူး ဖိုးသာ စက်ဘီးနဲ့လိုက်ပို့တာ
ဦးဘိုကြီး တဲဘက်ရောက်တော့ သူ့ကိုပြန်ခိုင်း
လိုက်တာ ချိုင်းထောက်က ဦးဘိုကြီးဟာ တဲမှာ
ထောင်ထားတာတွေ့လို့ ခဏယူလာတာ"
"ဟယ်..လုပ်ပြန်ပြီ အထွေးရယ်..
နင်က ယူလာတော့ သူကဘယ်လို သွားမလဲ"
"သူ့မှာနှစ်ခုတောင်ရှိတာပဲဟာ...တစ်ခုခဏယူ
လာတာ ဘာမှမဖြစ်လောက်ပါဘူး "
မြလေးငုံ သက်ပြင်းချရုံမှလွဲ၍ မတတ်နိုင်တော့။
ကိုသာမောင် ခိုးသွားသည့်မိန်းကလေးက ဒီရွာက
လူကန့်လန့်ကြီး ဦးသံလုံး၏ တစ်ဦးတည်းသော သမီး။
ရွာရဲ့ ကွမ်းတောင်ကိုင် ၊ ပန်းတောင်ကိုင် အပျိုချော
တွေထဲကတစ်ဦးဖြစ်သည့် ထွေးညို ။
ထွေးညိုက မြလေးငုံနှင့် အသက်အတူတူ ၊ ငယ်
ထွေးထက် တစ်နှစ်သာကြီးသည်။
ဦးသံလုံးကြီးက သူ့သမီးကို မိတဆိုးလေးမလို့
ပိုးမွေးသလိုမွေးကာ အရိပ်တကြည့်ကြည့်နှင့် ။
ဘယ်ကာလသားမှ အကပ်ခံတာမဟုတ်။
သူ့အိမ်ရိပ်ကို နင်းဖို့နေနေ အိမ်ရှေ့ကပင် ဖြတ်အ
လျှောက်မခံ။ လူ့ဂွစာကြီး။ ဒါကြောင့် သူ့ကို
တစ်ရွာလုံးက ဦးပုစွန်လုံးဟု ခေါ်ကြတာ။
အခုတော့ ကိုသာမောင်နှင့်ထွေးညို ဘယ်လိုဘယ်ပုံ ကြိုက်ပြီး အခုထိဖြစ်သွားသလဲမသိတော့ချေ။
ပြီးတော့ ငယ်ထွေး
သူယူလာသည့် ချိုင်းထောက်ပိုင်ရှင်ဦးဘိုကြီးက
စစ်သားဟောင်းတစ်ဦး၊ လူပျိုကြီး ၊ စကားပြောက
လက်ပေါက်ခပ်ကပ်ကပ်၊ တစ်ယူသန်ကြီး။
ဒေါသကလဲ ကြီးပါဘိ။ မနက်အိပ်ယာနိုးလို့
သူ့ချိုင်းထောက် တစ်ဖက် မတွေ့လျှင် မိုးမွှန်အောင်
ဆဲလိမ့်ဦးမည်။
.........
"ဗျို့...သူကြီး....ကိုဘချစ်...ကိုဘချစ်....
ထွက်ခဲ့စမ်းပါဦးဗျ.."
အိမ်ရှေ့ကအော်ခေါ်သံကြောင့် ဦးဘချစ် ဘုရားဝတ်ပြုပြီး အမျှပေးဝေကာ
ကြေးစည်ထုနေရာမှ လန့်သွားသည်။
ပြတင်းပေါက်ကနေ အောက်ကိုငုံ့ကြည့်လိုက်တော့
ခြံဝိုင်းထဲ ခါးထောက်ရပ်နေသည့် ဦးသံလုံးကို တွေ့
လိုက်ရသည်။
"ကိုသံလုံး...စောစောစီးစီး ဘာကိစ္စလဲဗျ"
"ဘာကိစ္စရမှာလဲ ခင်ဗျား သားနှစ်ယောက်
ဘယ်မှာလဲ "
"အနောက်အိမ်မှာရှိမှာပေါ့ဗျ...ဘာဖြစ်လို့လဲ"
"ကျုပ်သမီး..ညက..ယောကျ်ားနောက် လိုက်သွား
တယ်..အဲ့ဒါ မြင်တဲ့လူတွေက ခင်ဗျားသားနှစ်
ယောက် ခိုးသွားတာတဲ့.."
"ဗျာ...ကျုပ်သားနှစ်ယောက်က.."
သူကြီးဦးဘချစ် စောစောစီးစီး မျက်လုံးပြူး
မျက်စံပြူး ဖြစ်ရချေပြီ။
ဒီနှစ်ကောင်က ဘာလို့မိန်းမတစ်ယောက်ထဲကို
ခိုးသွားရတာပါလိမ့်။
"ဟုတ်ကောဟုတ်ရဲ့လားဗျာ..."
"ဘယ်မလဲ ခင်ဗျားသားတွေ
အိမ်မှာမရှိလို့ကတော့ ကျုပ်သမီးကိုခိုးသွားတာ
သေချာပြီပဲ.."
ဦးဘချစ် အိမ်အပေါ်ထပ်ကနေ ဆင်းလာလိုက်
သည်။
အနောက်အိမ်မှာ ဟိုညီအစ်ကိုနှစ်ယောက် ရှိပါစေ
ဟုသာ ဆုတောင်းရတော့မည်။
"သာအောင်...သာမောင်..."
ဦးဘချစ် အိမ်ကြီးအနောက်ဘက်သို့ထွက်လာရင်း
အော်ခေါ်လိုက်သည်။
မိအေးက မီးဖိုချောင်ထဲက ထွက်လာပြီး
"အစ်ကိုကြီးတို့နှစ်ယောက် ညကအိမ်ပြန်မလာဘူး
ဘဘကြီး "
"ဟေ.."
ဦးဘချစ် ခေါင်းပေါင်းစကိုဖြည်ကာ မျက်နှာကို
သုတ်လိုက်သည်။
"အင်း...ခက်တော့ခက်ပြီ...ဒီနွားနှစ်ကောင်ကတော့
ငါ့ကိုဂျိုမွှေတာပဲ.."
.............
ညက မြလေးငုံနှင့်ငယ်ထွေး ကုတင်နှစ်ခုပူး၍
အတူအိပ်ရသည်။
မြလေးငုံ အရင်နိုးလာပြီး အိပ်ယာထဲ
ကထွက်ခဲ့တော့ တစ်ဖက် ကုတင်ပေါ်မှာ
အစ်မစကားဖြူကို မတွေ့တော့ချေ။
အိပ်ယာတွေလဲ သိမ်းထားပြီးဖြစ်သည်။
ဖိုးလုံးတို့ဘက်ကြည့်လိုက်တော့ အခုထိမနိုးကြသေး။
မနက် ခြောက်နာရီခွဲရှိနေပြီဖြစ်သည်။
ကိုဘဦးနှင့် ကိုဘထူး ညီအစ်ကို ဖိုးလုံးဘေး
ကုတင်ပေါ်မှာ ပုဆိုးခြုံ၍ ကွေးနေကြတုန်းရှိသေး
သည်။
မြလေးငုံ လူနာဆောင်ထဲကထွက်လာတော့
ဆေးရုံထဲ အပြေးဝင်လာသည့် ငခွေးနှင့် တိုးသည်။
"ငခွေး...ဘာဖြစ်လာတာလဲ"
"အထွေးရှိလား မြလေး.."
"အိပ်တုန်း.."
"အမလေး..တော်ပါသေးရဲ့.."
"ဘာဖြစ်လို့လဲ.."
"ဦးသံလုံးသမီး ညက ယောကျ်ားနောက်
လိုက်ပြေးလို့တဲ့ အဲ့ဒါ ရွာထဲမှာ ကာလသားတွေ
ဘယ်သူမရှိသလဲ ဆိုပြီးလိုက်စုံစမ်းနေတာ
အစ်ကိုသာအောင်နဲ့ သာမောင်ကလဲ ညကပြန်မအိပ်
ဘူး..သူကြီးတော့ ခေါင်းမီးတောက်နေပြီ
ဦးသံလုံးကြီးက သူ့သမီးကိုခိုးသွားတဲ့ကောင်
တွေ့ရင်အသေပဲဆိုပြီး ဓားကြိမ်းကြိမ်းနေလေရဲ့"
"ဟယ်.."
"အထွေးက ဆေးရုံမှာရှိတယ်ဆို တော်သေး
တယ်"
ငခွေးကပြောပြောဆိုဆိုဖြင့် ဆေးရုံထဲဝင်သွားသည်။
"အထွေး...အထွေး..."
"အင်း..."
"ထဦး..."
"ဘာလဲ.."
"ပြဿနာတက်နေပြီဟ...ညက..နင့်ဆီ.. နင့်အစ်ကို
တွေလာသွားသေးလား"
"အေး..ကိုကြီးလာသွားတယ်.."
"လှည်းလာတောင်းတာလား"
"အေး..ဘာဖြစ်လို့လဲ.."
"အမလေးလေ..သေချာပါပြီ...သူတို့နှစ်ယောက်ထဲ
ကတစ်ယောက်ဆိုတာ.."
ငခွေးက ခေါင်းကိုစုံကုတ်၍ ညည်းသည်။
အထွေး စောင်အောက်ကထွက်လိုက်ပြီး ကုတင်
ပေါ်ကနေခြေထောက်ကိုချလိုက်တော့ ငခွေးက
ပတ်တီးစည်းထားသည့် ငယ်ထွေးရဲ့ ခြေထောက်
ကိုတွေ့သွားပြီး
"ဟဲ့..နင့်ခြေထောက်ကကော ဘယ်လိုဖြစ်တာလဲ"
ငခွေးကမေးနေပေမယ့် ငယ်ထွေးက ပြန်မဖြေ
သေးပဲ ကုတင်ခြေရင်းမှာထောင်ထားသည့် သစ်
သားချိုင်းထောက်ကို လက်ညှိုးညွှန်ကာ
"နင်ပြန်ရင် အဲ့ချိုင်းထောက် ဦးဘိုကြီးတဲမှာ
ပြန်သွားထားပေးစမ်းပါ.."
ငခွေးက ချိုင်းထောက်ကိုကြည့်လိုက် ငယ်ထွေးကို
ကြည့်လိုက်နှင့် အူတူတူ ဖြစ်သွားသည်။
"ဦးဘိုကြီးချိုင်းထောက်က ဒီမှာဘယ်လိုဖြစ်ပြီး
ရှိနေရတာလဲ ...ညကဆေးရုံကိုလာသေးလို့..
ချိုင်းထောက်ဒီမှာကျန်ခဲ့တာလား.."
ငခွေးရဲ့ အတွေးတွေကို ငယ်ထွေး စိတ်ပျက်စွာ
ဖြင့် စုတ်တစ်ချက်သပ်ကာ
"ချိုင်းထောက်ရှိမှ သွားလို့ရမယ့်လူက ချိုင်းထောက်
ကိုမေ့စရာလား... ဒီတိုင်း ပြန်သွားထားပေးစမ်းပါ
စကားအရမ်းများတာပဲ..."
ငခွေး ငယ်ထွေးကို မကြည်ကြည့် ကြည့်လိုက်သည်။
"ဒါနဲ့..နင့်ခြေထောက်ကဘာဖြစ်တာလဲ.."
"ခြေခေါက်သွားတာ "
"ဘယ်လိုဖြစ်ပြီးတော့ ခြေခေါက်ရတာလဲ"
"လောလောဆယ်..ငါ့ကိုတွဲပေးစမ်းပါ
အပေါ့သွားချင်လို့ "
ငခွေး ငယ်ထွေးရဲ့လက်မောင်းကို မြှောက်ကာ
သူ့ဂုတ်ပေါ်တင်လိုက်ပြီး တွဲလိုက်သည်။
"နင်ခြေထောက်ခေါက်သွားလို့ပေါ့ မဟုတ်ရင်
နင့်အစ်ကိုနှစ်ယောက်နဲ့အတူ နင်ပါ ပါသွားမှာ
ငါသိတယ် "
"ဟုတ်တယ်...ငါကံကောင်းသွားတာ.."
ငခွေး ဂျိုင်းထောင်ယူ၍ ပြန်ခါနီး ငယ်ထွေးက
သတိပေးသည်။
"သူ့ချိုင်းထောက် ဘယ်ကတွေ့လာတာလဲ မေး
ရင် လမ်းကလို့ ပြောလိုက်နော်
ငါ့ဆီကယူလာတာလို့မပြောမိစေနဲ့ "
"ဘာဖြစ်လို့လဲ "
"ပြန်မမေးနဲ့ အဲ့တိုင်းသာပြောလိုက် နင်အဲ့ချိုင်း
ထောက်နဲ့ အရိုက်မခံချင်ရင် "
"ပြီးရောဟာ...ဘာတွေဖြစ်နေမှန်းကို မသိတော့
ဘူး "
...........
5 Sep 2023