~𝖧𝖨𝖬~ : 규진 [ᴄᴏᴍᴘʟᴇᴛᴇᴅ]

By BinxRi

6.3K 636 55

ဘယ်အရာကမှကိုကို့ရဲ့မျက်လုံးထဲမှာလှမနေရင်တောင် ယူဂျင်းကကိုကို့အတွက်အလှဆုံးဖြစ်နေမှာ~♡︎ ~~𝗚𝗬𝗨𝗝𝗜𝗡: 규진~~ 𝐒... More

ကိုကိုနဲ့ကျွန်တော်ကလက်ထပ်ရမယ်တဲ့
ရင်ခုန်အောင် အရမ်းမလုပ်ပါနဲ့ ဟန်ယူဂျင်း
ကိုကိုနဲ့ကျွန်တော့်ရဲ့စေ့စပ်ပွဲလေး (၁)
ကိုကိုနဲ့ကျွန်တော့်ရဲ့စေ့စပ်ပွဲလေး (၂)
ကိုကိုရေ~
ကိုကိုနဲ့ဒိတ်~
အငိုသန်သော ယုန်ပေါက်လေး..
ကျွန်တော်မှားတာပါ ကိုကို
ကိုကိုယူဂျင်းကိုတကယ် မချစ်ဘူး!
Yujinze (ယူဂျင်း၏ဒိုင်ယာရီ)
Yujinze
ချစ်တယ် ကိုကို့ကလေးငယ်

ကျွန်တော်ကွာရှင်းချင်တယ် ကိုကို..

484 52 23
By BinxRi

ကျွန်တော်ကွာရှင်းချင်တယ် ကိုကို..
----

အင်း.. သုံးလ?

ကိုကိုနဲ့ကျွန်တော့်လက်ထပ်ပြီးတာ 'သုံးလ' တောင်ရှိပြီ..

ကိုကိုကျွန်တော့်နား နည်းနည်းတောင်မကပ်ဘူး။

ကိုကို့ ကိုစိတ်ဆိုးလိုက်ချင်တယ်.. ဒါပေမဲ့ အရင်တုန်းက မေမေက ကိုကို သူ့ကိုပစ်ထားရင်တောင် "မင်းကိုကို ကိုမညိုညင်ရဘူးလေ စိတ်မဆိုးရဘူး စိတ်မကောက်ရဘူး အဲ့လိုလုပ်ရင်မကောင်းဘူး" လို့ပြောလို့ စိတ်မဆိုးဖူးပါ။ ကိုကို့ကို တစ်ခါမှစိတ်မဆိုးတာအကျင့်တောင်ဖြစ်နေပြီ!

သို့သော် သူနဲ့ ညစာပြန်စားပေးတာကိုပဲကျေးဇူးတင်ရမည်။

~

"ကိုကို"

ကိုကို သူတို့၏ 3 Monthsary ကိုမေ့နေသည်ဟုထင်သောကြောင့် အရိပ်ပြအကောင်မြင် ဆိုသလို ယူဂျင်း အရိပ်ပြမလို့ပင်

သိုသော်လည်း..

"ယူဂျင်း ကိုယ်အလုပ်ကိစ္စတွေအရမ်းရှုပ်နေလို့ အိမ်ပြန်နောက်ကျမယ်နော် ထမင်းစားထားချည်"

"အာ... ဟုတ်"

ယူဂျင်း ပြောစရာစကားပျောက်သွားသည်။

ကိုကိုတကယ်မမှတ်မိတာပဲ!!

~

"Bam"

"ဟုတ်ကဲ့ Boss"

"ဒီည ယူရီမွေးနေ့ ပါတီရှိလို့ ပေးလို့ရတဲ့ လက်ဆောင်လေးတစ်ခု စီစဉ်ပေးပါ ပေးလို့ရရင်ရပြီ ပြီးတော့ ညသွားမဲ့ကားပါ စီစဉ်ထားပေး!
ပြီးတော့ မင်းတို့ အစ်ကိုလေး ယူဂျင်း မသိစေနဲ့"

"ဟုတ်ကဲ့ပါ Boss"

ကယူဗင်း ဒီကိစ္စ ယူဂျင်းကို မသိစေချင်ပါ။ စိတ်ကွက်သွားမယ် ဆိုတဲ့ စိုးရိမ် စိတ်နဲ့..!

~

"ကယူ"

မီးရောင်များအောက်တွင် ယူရီ တစ်ယောက် ကယူဗင်းကိုတွေ့တော့ ချက်ချင်းလာကာ နှုတ်ဆက်လေသည်။

"Happy Birthday ယူရီ ကိုယ် အလုပ်ကိစ္စလေး တစ်ချို့ရှိနေလို့ ဒီလတွေအတွင်း ခဏခဏမဆက်သွယ်မိတာရယ် အဲ့တာ အတွက်လည်း Sorry နော်"

"ရပါတယ် ကယူရယ် ဘယ်လိုပဲဖြစ်ဖြစ် မင်းကအခုတို့ရှေ့ရောက်နေပြီပဲဟာကို အဲ့အကြွေးတွေအတွက် ဒီည အတူတူအဖော်လုပ်ပေးပေါ့ အပြတ်ကဲကြမယ်လေ"

"အမ်.. ညလုံးပေါက်တော့နေလို့မရလို့ရယ်"

"ဘာလဲ ဟိုကလေးကြောင့်လား ထားလိုက်စမ်းပါ ကယူရာ.."

"ဟူးး အိုခေဗျာ ဒီညတော့ တူတူနေပေးမယ်"

"လာ ဒီကို ဖုန်းပေးထား ဒီညအပြတ်ကဲမှာမလို့ ဖုန်းမယူထားနဲ့"

"ဒါပေမဲ့.."

"ပေးပါ"

ပြောလည်းရမှာမဟုတ်လို့ ကယူဗင်းလည်း "အင်း ရော့" ဟုဆိုကာ ဖုန်း ပေးလိုက်သည်။

~

ည၁၁နာရီခွဲ

ကိုကိုပြန်မလာသေးတာကြောင့် အခုထိယူဂျင်းထိုင်စောင့်နေခြင်းပင်..

တင်!

ဖုန်းတွင်ဝင်လာသော message ကိုကြည့်လိုက်တော့

"ယူဂျင်း *** ကိုလာခဲ့ ကိုကိုပြစရာရှိတယ်" တဲ့

message ကိုမြင်မြင်ချင်း ယူဂျင်းလည်းပျော်ကာ အင်္ကျီထူမြန်မြန်ဝတ်ကာ အမြန်ထွက်လာလိုက်သည်။

~

ယူဂျင်းရောက်တော့..

"ကို-"

ယူဂျင်း မြင်လိုက်ရသောမြင်ကွင်းကြောင့် အရမ်းလန့်သွားသည်။

ကိုကိုပြချင်တာဒါလား

ယူရီဆိုတဲ့မိန်းမနဲ့ ကိုကိုနဲ့နမ်းနေတဲ့မြင်ကွင်းလေ..

ယူဂျင်း "ကိုကို" ဟုခေါ်သံလိုက်ကြားလိုက်လို့ထင်သည်။

ကိုကိုက ယူဂျင်းဘက်သို့လှည့်လာကာ

"ယူဂျင်း ကိုကိုရှင်းပြမယ်"

"ဟင့်အင်း မကြားချင်ဘူး ကိုကို ဘာလဲ ဒါလား ကိုကို ပြချင်တာက အင့်-"

"ကိုကိုရှင်း-"

ယူဂျင်း ကိုကို့စကားသံတွေကိုဆက်နားမထောင်နိုင်တော့ပါ။

အဲ့တာကြောင့် ယူဂျင်း ကိုကို့အနောက်မှ ယူရီဆိုသော သူမဆီသွားကာ..

*ဖြန်း!*

"ဒါက ကျွန်တော့်ကိုနာကျင်စေတဲ့အတွက်"

ဆိုကာ သူတို့နှစ်ဦီးရှေ့မှာ မြန်မြန်ပြန်ထွက်လာခဲ့သည်။

ပြန်လာစဉ်လည်း ကိုကို့၏ယူဂျင်းကို အော်ခေါ်သံများကိုကြားပါသည်။

သို့သော် ယူဂျင်းဂရုမစိုက်ပဲ အမြန်သာ အိမ်ကိုပြန်လာခဲ့သည်။

ဟက်.. ဒီလောက်နဲ့ ဟန်ယူဂျင်း ဆိုသူကိုဝမ်းနည်းမည်ထင်သည်လား?

မှားသွားလိမ့်မည်။

ဟန်ယူဂျင်းဟာ ဘယ်အချိန်မှ ဝမ်းနည်းမှာမဟုတ်သလို

သွေးအေးပြီး ရက်စက်တယ် ဆိုတာ မည်သူမှမသိပါ။

ဒီလိုအခြေအနေထိရောက်လာမည်ဟုထင်သောကြောင့် ယူဂျင်း ကွာရှင်း စာချုပ်တစ်ခါတည်းပြင်ထားပြီးသားပင်..

~

ယူဂျင်း အိမ်ပြန်ရောက်တော့ အင်္ကျီမြန်မြန်ထုပ်ပိုးကာ

ကွာရှင်းစာချုပ် သူလက်မှတ်ထိုးရမည့်နေရာမှာ လက်မှတ်ထိုးကာ ဧည့်ခန်းစာပွဲပေါ်တင်ထားလိုက်သည်။

ပြီးနောက် မက်ချူးဟျောင်းနဲ့ ဟာအိုဟျောင်းသူ့အတွက်ဝယ်ပေးထားသည့် လျှို့ဝှက်အိမ်သို့လာလိုက်သည်။

~

တီ တီ တီ

"ဟယ်လို ယူဂျင်း ဘယ်လိုအခုအချိန်ကြီးဖုန်းဆက်တာတုန်း နောက်ကျနေပြီကို"

"ဟျောင်း" (ငိုသံပါနေ)

"ဘာဖြစ်တာလဲ ယူဂျင်း ဟျောင်းကိုအခုပြော"

"ကျွန်တော် ကိုကိုနဲ့ကွာရှင်းချင်တယ် ပြီးတော့ ဟျောင်းဆီလာချင်တယ်"

"အတန်းချိန်တွေကကော ယူဂျင်းရယ် အတန်းတော့ တက်ရမှာပေါ့"

"ခဏပဲ စိတ်ကြည်သွားအောင် ပျော်ပျော်လေး တစ်ပတ်လောက်ပဲ နေချင်တယ်ဟျောင်း ဟင့်-"

"တိတ်တော့ ယူဂျင်း မငိုနဲ့တော့ အခုမင်းဘယ်မှာလဲ"

"လျှို့ဝှက်အိမ်မှာ"

"အင်း မနက်မှ လေယာဉ်လက်မှတ်ဝယ်ဖို့ဟျောင်း ပိုက်ဆံပို့ထားပေးမယ် လာခဲ့ ဒီညတော့ အဲ့မှာအိပ်လိုက်"

"ဟုတ်"

ယူဂျင်း မက်ချူးနဲ့ ဖုန်းပြောပြီး အရမ်းလည်း ပင်ပန်းနေပြီမလို့ ခဏလောက်လှဲနေရင်း အိပ်ပျော်သွားသည်။

~

ယူဂျင်းထွက်သွားတော့

"ကျစ်! ယူရီ မင်းကွာ!"

"မင်းနဲ့ငါ ဒီနေ့အပြတ်ပဲ ပေး ငါ့ဖုန်း"

ကယူဗင်းစိတ်တိုတိုနဲ့ သူ့ဖုန်းကိုယူကာ ယူဂျင်းကိုရှာရန် မြန်မြန်ပြန်ထွက်လာလိုက်သည်။

လက်တစ်လျှောက်မည်သူ့ကိုမှမတွေ့သောကြောင့် ကယူဗင်းအိမ်ပြန်ရောက်တော့

တစ်အိမ်လုံးတိတ်ဆိတ်နေပြီး

ဧည့်ခန်းထဲဝင်ဝင်ချင်းတွေ့လိုက်ရတဲ့စာရွက်တစ်ရွက်ကြောင့် ကယူဗင်း စိတ်နည်းနည်းတိုသွားသည်။

"ဟန်ယူဂျင်း!"

ကယူဗင်း ယူဂျင်းကိုရှာရန်သူ့အခန်းကိုလာခဲ့တော့ အခန်းထဲမှာ အသုံးအ‌ဆောင်ပစ္စည်း၊ အင်္ကျီ ၊ လူ ဘယ်အရာမှမရှိတော့ပါ..

တီ..

"Bam ယူဂျင်းကိုရှာပေး"

"ဗျာ Boss ဘာဖြစ်လို့လဲ ဒီအချိန်ကြီး"

"ဟန်ယူဂျင်းကို ရှာပေးလို့"

Boss ၏လေသံမာမာကြောင့် Bam လန့်ကာ ကြက်သီးတွေထသွားသည်။

"ဟုတ်- ဟုတ်ကဲ့ပါ"

~

A/N: ပျောက်သွားလို့ မီယန်းပါ အခုမှသတိရလို့လာ up တာ သတိမရရင် ဒီထက်တောင်ကြာအုံးမှာ ဟဲဟဲ ><

*HE လား SE လား*

230909

1084 words

TBC

Continue Reading

You'll Also Like

1.1M 40.6K 93
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
80.3K 4.3K 18
ကျောင်းရဲ့ Black King . Xiao Zhan အင်္ကျီအနက်ရောင်ကလွဲမဝတ် တည်ကြည်တယ် ခန့်ညားတယ် ထက်မြက်တယ် တော်တယ် အေးစက်တယ် ရေခဲလူသားလေးလိုပင် ထိုသူက သမ္မတကြီးရှော...
920K 21.2K 49
In wich a one night stand turns out to be a lot more than that.
1.3M 57.1K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC