ကိုကိုနဲ့ကျွန်တော့်ရဲ့စေ့စပ်ပွဲလေး (၁)

528 74 3
                                    

ကိုကိုနဲ့ကျွန်တော့်ရဲ့စေ့စပ်ပွဲလေး
-----


ဒေါက် ဒေါက်

""ဝင်ခဲ့ပါ""

တခါးခေါက်သံ‌ကြားသောကြောင့် ယူဂျင်းဝင်ခဲ့ပါ ဟုအော်လိုက်သည်။

ပြီးနောက် ဖွားဖွားအီ ဟာဝင်လာခဲ့ပြီး..

""သား ယူဂျင်း""

""ဟုတ် ဖွားဖွား ဘာလို့လဲဟင်""

""နောက်ပတ် သားကိုကို အလုပ်ကိစ္စလေးတစ်ခု ရှိလို့သားရယ် အဲ့တာ ဂျပန်ဖက်၄ရက်လောက်သွားရမှာလေ အဲ့တာကြောင့် မနက်ဖြန် စေ့စပ်ပွဲလုပ်ပေးမလို့ ဘယ်လိုလဲသား""

""ဗျာ!""

""ဘာလို့လဲ ကလေး""

""ဟိုဘာမှမဟုတ်ပါဘူးဗျ ရပါတယ်""

""‌ဒါနဲ့ကျွန်တော်တော့စေ့စပ်ပွဲကိုကြီးကြီးကျယ်ကျယ်မလုပ်ချင်ဘူး ဖွားဖွား ကိုယ့်အသိတွေလောက်ပဲဖိတ်ချင်တယ်ဗျ မင်္ဂလာပွဲကြမှ ဖွားဖွားတို့ ဖိတ်ချင်တဲ့သူဖိတ်ပါ""

""အိုခေ သား ခဏနေ ဖွားဖွားလည်း လုပ်စရာရှိတာလုပ်ပြီး အိပ်တော့မယ်ကွယ် အဲ့တာကြောင့်မလို့ သားကိုကို ကိုတော့ သားသွားပြောလှည့်နော်""

""ဗျာ""

ယူဂျင်းလန့်သွားသည်။
ဟိုနေ့က ကိစ္စကြောင့် သူကိုကိုနှင့်မျက်နှာချင်း ကောင်းကောင်းမဆိုင်ရဲပါ ဒါပေမဲ့ ဖွားဖွားခိုင်းတာ မလို့ ယူဂျင်းလက်ခံလိုက်သည်။

---
ဒေါက် ဒေါက်

""ဝင်ခဲ့ပါ ယူဂျင်း?""

""ဟို ပြောစရာရှိလို့""

""အင့်""

တခါးဝမှာရပ်ကာ ပြောစရာရှိလို့ ဟုပြောနေသူကို ကယူဗင်း စိတ်မရှည်၍ တခါးဝကအကောင်ပေါက်လေးကိုဆွဲကာ သူ့အိပ်ယာပေါ်သို့ခဲ့လိုက်သည်။

""ကိုကို!""

ဇွတ်ဆွဲပြီး သူ့အိပ်ရာပေါ်သို့ခေါ်နေသူကို ယူဂျင်း နည်းနည်း လေသံမာမာဖြင့်အော်လိုက်သည်။

""လာ"'

သို့သော် ယူဂျင်းအော်လိုက်သော်လည်း မလွတ်ပေးပဲ ပိုဆိုးလာသောကြောင့်

~𝖧𝖨𝖬~ : 규진 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now