ယွီချင့်ဟွမ် သူ့ဘ၀တွင် အမြန်ဆုံးရေချိုးနည်းနှင့် ရေချိုးလိုက်သည်။ အိပ်ရာပေါ်တက်သွားတဲ့အခါ သူ့ကိုယ်မှာ ရေစက်တွေစွတ်စိုနေဆဲဖြစ်၏။ ဟော်ချွီမှ စိတ်မရှိပါဘဲ တဖက်လှည့်လာပြီး သူ့အားရင်ခွင်ထဲတန်းနေအောင်ဆွဲသွင်းသွားလေသည်။
ဟော်ချွီနှင့် ဒီလိုပုံစံအနေအထားအတိုင်း အတူတူအိပ်စက်တာကြာပြီဖြစ်တဲ့နောက် ယွီချင့်ဟွမ်မှာ အသားကျနေပြီဖြစ်သည်။
လေအေးပေးစက်အပူချိန်ကို အနည်းငယ်လျှော့ချပြီး လက်ဆန့်ထုတ်၍ အိပ်ရာမီးကိုပိတ်လိုက်ကာ ရင်းနှီးကျွမ်းဝင်နေသော ဟော်ချွီ၏လက်မောင်းများထဲသို့ ကြားလေသွေးမရအောင်တိုးဝှေ့ပူးကပ်ထားလိုက်တော့သည်။
ယခုကနွေရာသီရောက်နေပြီဖြစ်ပြီး တနှစ်တာ၏အပူဆုံးအချိန်ဖြစ်ပေ၏။ လေအေးပေးစက်မှ အေးမြသောလေများက သူတို့ခေါင်းပေါ်ကနေ မှုတ်ထုတ်နေပေမယ့် ကျန်းမာသန်စွမ်းသည့်ယောကျာ်းသားနှစ်ဦး ပူးပူးကပ်ကပ်ရှိနေခြင်းမှာ ပူလွန်းလို့မခံနိုင်လောက်အောင်ပင်။
ချွေးများမှာ ယွီချင့်ဟွမ်ရဲ့နဖူးပေါ်က တဒီးဒီးစိမ့်ထွက်လာသည်။ တအောင့်မျှ သူအောင့်အည်းသည်းခံထားပြီးနောက် ဟော်ချွီအိပ်ပျော်လုနီးပါးရှိလောက်ပြီဟုယူဆပြီးမှ သတိကြီးကြီးထားပြီး အသာလေးလစ်ထွက်ဖို့လုပ်လိုက်သည်။
ထိုလှုပ်ရှားမှုလေးတခုတည်းနှင့် သူ့ကိုဖက်တွယ်ထားသော ဟော်ချွီရဲ့လက်များမှာ ရုတ်ချည်းတင်းကျပ်သွားလိမ့်မည်ဟု ဘယ်သူထင်ထားမည်နည်း။
“မအိပ်သေးဘူးလား?” ယွီချင့်ဟွမ် ခေါင်းထောင်ပြီး ဟော်ချွီကို အမှောင်ထဲကနေ အံ့သြတကြီးလှမ်းကြည့်လိုက်သည်။ လက်ကိုဆန့်ထုတ်ပြီး တဖက်လူရဲ့မျက်နှာကို ဖွဖွလေးပွတ်သပ်လိုက်ရာ ဟော်ချွီ၏ မျက်လုံးများပွင့်နေတာကို မမျှော်လင့်ထားစွာခံစားသိရှိလိုက်ရ၏။
“အိပ်ချင်နေပြီလို့မပြောခဲ့ဘူးလား?”
“ကိုယ်အိပ်လို့မပျော်ဘူး” ဟော်ချွီမှာ ချင့်ဟွမ်ရဲ့လက်ကို ပွတ်သီးပွတ်သပ်လုပ်ရင်း အခံရခက်နေဟန် ဆိုလာသည်။
“မသက်မသာခံစားနေရတယ် .. ”
“ဟမ်?” ယွီချင့်ဟွမ်မှာ အပူဒဏ်ကြောင့် မူးဝေဝေဖြစ်နေရ၏။
‘မသက်မသာ’ ဟူသော စကားလုံးကိုကြားလိုက်သည်နှင့် ဟော်ချွီ၏ အောက်ပိုင်းတနေရာကို သူ အလိုလိုသွားစမ်းကြည့်မိလိုက်သည်။ မည်သည့်တုံ့ပြန်မှုကိုမှ မခံစားခဲ့ရတာကြောင့် သူစကားပြောဖို့လုပ်လိုက်စဉ်မှာ ဟော်ချွီက သူ့လက်ကိုဖမ်းဆုပ်ကိုင်လာ၏။
“ချင့်ဟွမ်၊ မင်းလိုချင်တာလား?” သူ၏လေသံထဲမှာ
ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း၊ မယုံနိုင်ခြင်းတွေ တစွန်းတစပါဝင်နေသည်။ ဒါ ချင့်ဟွမ်ဘက်က ပထမဦးဆုံးအကြိမ် အစပျိုးလာတာဖြစ်သောကြောင့်ပင်။
“မဟုတ် မဟုတ်ဘူး” ယွီချင့်ဟွမ်စိတ်ထဲ သူ့ကိုယ်သူဖြတ်ရိုက်ချင်သွားရပြီး အမြန်ငြင်းလိုက်ရ၏။
ပုံမှန်အိပ်စက်နေကြအချိန်ကိုလွဲချော်သွားတာကြောင့် ဟော်ချွီ နေမထိထိုင်မသာခံစားနေရတာအသိသာကြီးဟာကို သူ့ဦးနှောက်ကဘယ်လိုဘယ်ပုံဖြစ်ပြီး ဟော်ချွီရဲ့ပြောစကားများကို ဤကဲ့သိုသောအရာအဖြစ် အတွေးပေါက်သွားမိခဲ့ရတာလဲ?!
မနက်ဖြန်ကျရင် သစ်ကြားသီးနှင့် ဂျင်ကိုအခွံမာသီးတချို့သေချာသွားဝယ်ပြီး သူ့ဦးနှောက်အား အာဟာရဖြည့်တင်းပေးရမည်ဟု ယွီချင့်ဟွမ် တွေးတောနေလေသည်။
“ငါ ... အမ်း...အထင်မှားတာ... ” ယွီချင့်ဟွမ်က အပြစ်မကင်းစိတ်ဖြင့် ရှက်ကိုးရှက်ကန်း နေမထိထိုင်မထိဖြစ်နေကာ ဟော်ချွီကျောပြင်ကို ချွေးသိပ်သည့်သဘောပုတ်ပေးလာသည်။
"အိပ်တော့ အရမ်းတောင်နောက်ကျနေပြီ”
အထင်မှားသွားတာ? ဟော်ချွီရဲ့ သံသယအကြည့်များက အမှောင်ထဲ၌ ယွီချင့်ဟွမ်ရဲ့ဦးထိပ်ပေါ် သက်ဆင်းကျရောက်နေသည်။
'ဘယ်လိုနားလည်မှုလွဲသွားရတာလဲ? သူပြောလိုက်တာအရှင်းကြီးကို' ဟု ဟော်ချွီ တွေးတောနေလေ သည်။
ယွီချင့်ဟွမ်စကားလုံးများ၏ဆိုလိုရင်းကို သူ ဇွဲနပဲနှင့် ခွဲခြမ်းစိတ်ဖြာနေ၏။ သူ့အတွေးများက အကြောင်းအရာတခုဆီရောက်သွားတဲ့အခါ သူ့မျက်လုံးများ ချက်ချင်းပဲတောက်ပလာသည်။
“ချင့်ဟွမ်” ပျော်ရွှင်မှုကိုသူထိန်းချုပ်မထားနိုင်ဖြစ်ကာ ယွီချင့်ဟွမ်ဦးထိပ်လေးကိုနမ်းလိုက်သည်။ သူ့ညာဘက်လက်က ယွီချင့်ဟွမ်အကျီအောက်အနားစကနေ လျိုဝင်သွားပြီး တဖက်သူ၏ သေးသွယ်ပျော့ပျောင်းသောခါးတဝိုက်တွင် ဝေ့ဝဲနေ၏။
“မရှက်ပါနဲ့ ”
ယွီချင့်ဟွမ်, “ ??? ”
သူကဘာကိုရှက်ရမည်လဲ? ဟော်ချွီ အတွေးတွေထပ်ပြီး ဘယ်ရောက်ဘယ်ပေါက်ကုန်ပါလိမ့်?
ခါးကနေယားယံသလိုခံစားမှုက ယွီချင့်ဟွမ်တစ်ကိုယ်လုံးကို ထုံထိုင်းသွားစေ၏။ ဟော်ချွီရဲ့ဂဏာမငြိမ်လက်တွေကို သူခက်ခက်ခဲခဲထိန်းချုပ်ထားရသည်။ သူ ခပ်ပြင်းပြင်းရှိုက်ငင်လိုက်ရင်း
“ဟိုဟိုဒီဒီလိုက်ပွတ်သပ်မနေနဲ့၊ အိပ်မှာလားမအိပ်ဘူးလား? အတွေးတွေမလွန်စမ်းပါနဲ့ကွာ၊ မင်းရှေ့မှာ ငါရှက်ဟန်ဆောင်ဖို့လိုလို့လား?”
“ကိုယ်သိတယ်” ဟော်ချွီမှာ ရုတ်တရက်လှိမ့်ချလာပြီး ချင့်ဟွမ်အား သူ့ခန္ဓာကိုယ်အောက်မှာဖိထားလိုက်ကာ ရှပ်အင်္ကျီကို အပေါ်လိပ်တင်၍ ညှပ်ရိုးလေးကို လျက်လိုက်ကိုက်လိုက် မနားတမ်းလုပ်နေ၏။ သူ့အသံကမသဲမကွဲဖြစ်နေလျက် “မင်းကအမြဲဒီလိုပဲ ... ”
"ဘာကိုဒီလိုပဲလဲ?” ယွီချင့်ဟွမ်မှာ ဟော်ချွီ ဦးနှောက် ဘယ်အရပ်ဆီပေါက်သွားပြီလဲမသိတော့ပေ။ တဖက်သူ၏ပခုံးကိုဆုပ်ကိုင်ကာ သူတွန်းထုတ်ပစ်တော့မည့်ဆဲဆဲ သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက်တသိမ့်သိမ့်တုန်ယင်သွားပြီး ညည်းသံတွေကိုထိန်းချုပ်ထားလို့မရနိုင်တော့ပါချေ။
“အဲ့နေရာကိုမကိုက်နဲ့ ... ”
“ဒီလိုလား...” ချင့်ဟွမ်ဘောင်းဘီထဲ ဟော်ချွီလက်တိုးဝင်သွားကာ သူ့အသက်ရှုသံတွေကလေးလံလာပြီး နှလုံးသားမှာ ဒရမ်တလုံးကဲ့သို့ခုန်ပေါက်နေလေသည်။
ချင့်ဟွမ် တခါက သူ့အားပြောပြဖူးခဲ့တဲ့ 'ဟင့်အင်း' ဆိုတာ 'အင်း' ဖြစ်ရတဲ့ဆိုလိုရင်းအကြောင်းကို သူနောက်ဆုံးမှာ နားလည်သဘောပေါက်သွားသလိုရှိ၏။
“သေချာပေါက်လိုချင်နေရက်သားနဲ့ မလိုချင်ဘူးပြောတယ်၊ သေချာပေါက်ခံစားလို့ကောင်းနေရက်သားနဲ့ မထိဖို့ပြောတယ်”
“မဟုတ်ဘူး ...” ယွီချင့်ဟွမ်မှာ စိတ်အာရုံတွေ ဝေဝါးထွေပြားလာတဲ့အထိ ဟော်ချွီဆီမှာ ကိုင်တွယ်ပွတ်သပ်ခံနေရ၏။ ခေါင်းကိုတဖက်စောင်းလိုက်ရင်း အသက်ပြင်းပြင်းရှိုက်ကာ သူ့ကိုယ်သူခုခံကာကွယ်ဖို့ ကြိုးစားလိုက်သည်။
"မင်းငါ့ကို အမြီးအမောက်သိပ်မတည့်တဲ့အကြောင်းပြချက်ပေးရင်ပိုကောင်းလိမ့်မယ်"
သူ့အောက်ကစောင်ကို ခပ်တင်းတင်းဆွဲဆုပ်ပြီး နောက်ဆုံးမှာ အချက်အလက်တချက်ကို သူအမှတ်ရသွားခဲ့သည်။ “မင်းဆီမှာ အခုနလေးတင်... ဘာတုံ့ပြန်မှုမရှိခဲ့ဘူး မဟုတ်လား?”
ဒီလူက ရုတ်တရက်ကြီး ဘယ်လိုဖြစ်လို့အရမ်းကိုစိတ်ကြွလာရတာလဲ? ဒါကြီးက ...တကယ့်ကိုလူမဆန်လိုက်တာ!
“ဟုတ်တယ်” ဟော်ချွီက သူ့ကိုယ်အားမှီလျက် ပွတ်သပ်လိုက်ရင်း သူ့ကိုယ်သူ ရုပ်ပိုင်းဆိုင်ရာသက်သေပြလာ၏။
“မင်းကိုမြင်လိုက်တိုင်း ကိုယ့်ဆီမှာတုံ့ပြန်မှုရှိလာတယ်”
ဟော်ချွီမှ သူ၏လက်လှုပ်ရှားမှုကိုခေတ္တရပ်ဆိုင်းလိုက်တဲ့အခါ ယွီချင့်ဟွမ်မှာ သည်းမခံနိုင်တော့ဘဲ သူ့ခါးကိုအလိုအလျောက်ပင့်မလိုက်မိသည်။
ဟော်ချွီကခါးကိုင်းပြီး သူ့နှုတ်ခမ်းများကို မျက်နှာချိုသွေးသလိုနမ်းလာ၏။
“ချင့်ဟွမ်၊ ကိုယ့်ကိုကူပါဦး ... ”
ယွီချင့်ဟွမ် ချက်ချင်းသဘောမတူလိုက်ပေ။ တခဏလောက်တိတ်ဆိတ်နေပြီးမှ စကားလုံးသုံးလုံးကို တောင့်တောင့်ကြီးပြောလိုက်၏။ “တစ်ခါတည်းပဲ”
ဟော်ချွီမှာ သဘောမတူချင့်တူချင်ပုံစံရှိ၏။ စက္ကန့်ပိုင်းလောက်တုံ့ဆိုင်းနေပြီးနောက်မှ ရုတ်တရက် သတိကြီးကြီးထားလျက် သူ့လက်ကိုဆန့်ထုတ်လာကာ ယွီချင့်ဟွမ်၏နှုတ်ခမ်းများကို မရဲတရဲထိတွေ့လာသည်။
ယွီချင့်ဟွမ်မှာ သူ့ဆိုလိုရင်းကို ချက်ချင်းပဲ
သဘောပေါက်သွားရပြီး စိတ်ပေါက်ပေါက်နဲ့ အော်ရယ်ချင်လာရကာ တဖက်သူအားတွန်းထုတ်လိုက်၏။
“ဟော်ချွီ မင်းညအိပ်ရာဝင်ဖို့ အနမ်းနေ့တိုင်းလိုချင်တယ်လိုတော့ မပြောနဲ့နော်?”
ကျောက်ချင်းယွမ်ရဲ့ အင်းဒီးယန်းမြင့်မြတ်အဆီဆိုတာက လူတွေကိုသေလုအောင် ဒုက္ခအတိပေးတဲ့အရာဖြစ်ပေသည်။
ဟော်ချွီမှာ တခဏမျှတန့်သွားပြီး မျက်နှာလေးရဲတတ်လာကာ ပါးပြင်ပေါ်က ပါးချိုင့်လေးပြူထွက်လာ၏။
"မင်းသာဆန္ဒရှိသရွေ့ ကိုယ်သေချာပေါက်လိုချင်တာပေါ့"
ယွီချင့်ဟွမ်, “ ... ”
တညတာလုံး အတင်းတွေတွန်းအားပေးခံထားရပြီး အခေါက်ပေါင်းများစွာ သွားတိုက်ခဲ့ရတဲ့ယွီချင့်ဟွမ်မှာ နောက်တစ်နေ့မနက် အမျိုးသားရုပ်သံဌာနသို့သွားတဲ့အခါ သမ်းဝေနေဆဲဖြစ်သည်။
ယွီရှင်းမှာ အစက ဘာများဖြစ်လို့လဲဟု မေးချင်ပေမယ့် ဗိုင်းကောင်းကျောက်ဖိ မွန်မွန်ရည်ရည်ထိုင်နေတဲ့ ဘေးကဟော်ချွီကိုကြည့်လိုက်မိတဲ့အခါ သူ့ပါးစပ်ကိုသာ ပိတ်ထားလိုက်တော့သည်။
ချင့်ဟွမ် အရမ်းကိုငိုက်မြည်းနေရတဲ့အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ်မစူးစမ်းတော့တာ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ သူခံစားရ၏။
အမျိုးသားရုပ်သံဌာနရဲ့လုပ်ဆောင်မှုများက အထူးလျင်မြန်ဖျတ်လတ်လှသည်။ ပထမနေ့တွင် ယွီချင့်ဟွမ်နှင့် အရာအားလုံးကိုညှိနှိုင်းဆွေးနွေးခဲ့ပြီး ဒုတိယနေ့တွင် သံတမန်အားလုံးကို တန်းဆက်သွယ်ခေါ်ယူခဲ့ကာ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားမှာ ရုပ်သံဌာနရဲ့မူအတိုင်း အလွန်အလေးအနက်ရှိလှသည်။ ဂုဏ်ထူးဆောင်လက်မှတ်များသာမက ဂုဏ်ပြုချီးမြောက်ခြင်းများကိုပါ ပေးအပ်ခဲ့၏။
ခမ်းနားကြီးကျယ်သောဆင်ဝင်အဝတွင် ယွီချင့်ဟွမ်ဆံပင်ကို ပိုသားသားနားနားဖြစ်အောင် စတိုင်လစ်က အထူးစပယ်ရှယ်သပေးလိုက်သေးသည်။
ထိုညတွင် ယွီချင့်ဟွမ်မှာ ထုတ်လွှင့်တဲ့သတင်းထဲပါလာ၏။ ပါးရေနားရေတွန့်နေပြီဖြစ်တဲ့ အနုပညာသည်အိုကြီးအုပ်စုကြားထဲတွင် သူ၏ သန့်စင်ချောမောသောမျက်နှာမှာ အထူးတလည်ထင်းထွက်နေခဲ့သည်။
ယနေ့ခေတ်တွင် တီဗီရှေ့သတင်းထိုင်ကြည့်သူ အနည်းအကျဉ်းသာရှိတော့သော်လည်း နိုင်ငံတဝန်းမှ အဓိကသတင်းမီဒီယာများက ထိုအကြောင်းအရာအား Weibo တွင် ပြန်လည်မျှဝေခဲ့သည်။ မကြာမီမှာပဲ ယွီချင့်ဟွမ် နိုင်ငံရပ်ခြားယဉ်ကျေးမှုသံတမန်အသစ်ဖြစ်လာသည့်သတင်းမှာ လူမှုကွန်ယက်တစ်ခုလုံးကိုပျံ့နှံ့သွားတော့သည်။
[အိုက်ယိုး ဂုဏ်ယူပါတယ် ချင့်ဟွမ်ဟွမ်လေးရေ! ပွဲဦးထွက်တာ တစ်နှစ်တောင်မရှိသေးတာကို ဒီလိုအောင်မြင်မှုမျိုးဆွတ်ခူးနိုင်ခဲ့ပြီ၊ မင်းရဲ့မားမားဖန်တယောက်အနေနဲ့ အရမ်းကိုဂုဏ်ယူမိတာပါပဲ]
[ဟားဟားဟား၊ ဒါအလေးအနက်ကိစ္စတခုဖြစ်ပေမယ့် ငါကတော့ရယ်စရာလို့ပဲမြင်နေတယ်ကော? အဲ့ဒီပုံကလေ နုနုရွရွ လှလှပပကြက်ပျိုလေးတကောင်က အထက်တန်းစားကြက်မအုပ်အလယ်ထဲ မျက်စိလည်လမ်းမှားရောက်သွားတာနဲ့မတူဘူးလား?]
[ဟားဟားဟား! အထက်တန်းစားကြက်မ? ဘာတွေပေါက်ကရပြောနေတာလဲ?]
[သေလေ! ဒါ ကလိမ်ကကျစ်အပေးအယူတွေရှိနေတာပဲဖြစ်ရမယ်၊ အမျိုးသားရုပ်သံဌာနမှာ ပါဝင်လာရအောင် ယွီချင့်ဟွမ်က ဘာမို့လို့လဲ? သူ့နောက်မှာ စပို့တင်းပေးနေတဲ့ သကြားဖေဖေရှိတယ်ဆိုတာအထင်အရှားပဲ]
[အပေါ်ကတယောက် မင်းကငတုံးလား? ဘယ်သကြားဖေဖေက သရုပ်ဆောင်တယောက်ကို ထုတ်လွှင့်တဲ့သတင်းထဲပါစေမှာလဲ? အဲ့လိုမျိုးသကြားဖေဖေသာ တကယ်ရှိခဲ့လို့ရှိရင် ငါလည်းတယောက်လောက်လိုချင်တယ် အဲ့လိုလူနဲ့ငါ့ကိုမိတ်ဆက်ပေး]
...
ယွီချင့်ဟွမ်မှာ အင်တာနက်ပေါ်က ရေလှိုင်းလုံးကြီးမြင့်တက်နေသည်ကိုမသိခဲ့။ ထိုအချိန် သူဟာ လူအုပ်ကြီးတစ်စု၏ ဝိုင်းရံထားခြင်းခံနေရ၏။ သူဘယ်လိုပဲလစ်ထွက်ဖို့ကြိုးစားပါစေ မထွက်ပြေးမလွတ်မြောက်နိုင်ပါပေ။
“ဒီလူငယ်လေးကတကယ်ကိုချောတာပဲ” အနုပညာအိုကြီးက သူ့အားရယ်ရယ်ပြုံးပြုံးကြည့်လာသည်။
“ရှောင်ဖန်ရဲ့လက်စွပ်ကို မင်းရှာတွေ့ခဲ့တာလို့ကြားတယ်၊ မင်းကိုတကယ်ပဲကျေးဇူးအထူးတင်ရမယ်၊ မဟုတ်လို့ရှိရင် သူမဘယ်အချိန်ထိနာကျင်ခံစားနေရရှာအုံးမလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး"
“ဒါဘာကြီးရယ်မှဟုတ်ပါဘူး” ယွီချင့်ဟွမ် ရှက်ရှက်နဲ့ရယ်လိုက်သည်။
“တကယ်တော့ တိုက်ဆိုင်မှုလေးတခုပါပဲ၊ စန်းလောင်ရှီးကိုကူညီခွင့်ရတာ ကျွန်တော်အရမ်းကံကောင်းတယ်လို့ ခံစားရပါတယ်”
“ဒီလိုပြောလို့ဘယ်ရမလဲ” အနုပညာသည်အိုကြီးက သူ့လက်ကိုဝှေ့ယမ်းလိုက်ပြီး သူ့မျက်နှာတွင် ရုတ်တရက်ဆိုသလို နောက်တီးနောက်တောက်အပြုံးတခုဖြစ်သွားသည်။
“မင်းက Koi လို့ နာမည်ပြောင်ရထားတဲ့ မောင်ကံကောင်းလေးဆို? ငါ့သမီးကမင်းရဲ့ပရိသတ်အကြီးစားလေ၊ ကံကောင်းဖို့အတွက် မင်းရဲ့ဓါတ်ပုံတွေပြန်မျှဝေကြဖို့ အိမ်မှာအမြဲနားပူနာဆာတိုက်နေတာ”
သူက သူ့အိတ်ကပ်ထဲက မှတ်စုစာအုပ်လေးတစ်အုပ်ကိုထုတ်ယူပြီး ယွီချင့်ဟွမ်ဆီကိုပေးလိုက်သည်။
“ငါမင်းကိုဒီနေ့တွေ့မှာကိုသိတော့ မင်းရဲ့လက်မှတ်ကိုတောင်းခဲ့ပေးဖို့ သူမကအသေအချာတောင်းဆိုထားတာ"
လူငယ်မျိုးဆက်သစ်လေးတွေကို မျက်နှာမာမာဖြင့် ဆူပူမာန်မဲလေ့ရှိတဲ့ ထိုအနုပညာသည်အိုကြီးများမှ ထိုကဲ့သို့ နိမ်နိမ်ချချတောင်းဆိုမှုမျိုးရှိလာလိမ့်မည်ဟု ယွီချင့်ဟွမ် ထင်မထားပါပေ။ သူခဏတာမျှတန့်သွားရပြီး ထိုမှတ်စုစာအုပ်လေးအား ရိုရိုသေသေလက်ခံလိုက်သည်။
“သူမရဲ့ထောက်ခံအားပေးမှုအတွက်ကျေးဇူးတင်ပါတယ်” သူက စကားပြောနေရင်း ရေးနေသည်။ “ခုလိုပရိသတ်ကောင်းတွေအများကြီးရှိတာ ကျွန်တော်အရမ်းကံကောင်းတာပါပဲ”
အဆိုပါစကားလုံးများက အနုပညာသည်အိုကြီးအား သိသိသာသာစိတ်ကျေနပ်သွားစေပြီး သူ့အပြုံးက နက်ရှိုင်းလာသည်။ သူစကားပြောတော့မယ့်ဆဲဆဲ လူတစုဟာ ရုတ်တရက် သူ့အနားဝိုင်းအုံစုရုံးလာပြီး ယွီချင့်ဟွမ်အား ရှားပါးတိရိစ္ဆာန်တကောင်ကဲ့သို့ ဝိုင်းကြည့်နေ၏။
“ဒါ လူအိုကြီးဝမ်ကျန်းရှန်းပြောဖူးတဲ့ ထူးခြားတဲ့အယောင်အဝါရှိတဲ့ လူငယ်လေးလား? သူကတကယ်ကိုတော်တာပဲ”
“အိုက်ယိုး၊ လောင်လျိုက သူ့လက်မှတ်ကို တကယ်ကြီးသွားတောင်းတယ်၊ သူကဒီအသက်အရွယ်ကြီးထိ ကြယ်ပွင့်ရူးဖြစ်နေတုန်းလား?"
"မဟုတ်ဘူး မဟုတ်ဘူး၊ ချင့်ဟွမ်ရဲ့ကံက အထူးကောင်းတယ်လို့ငါကြားဖူးတယ်၊ လောင်လျိုက သူ့ဆီက ကံကောင်းမှုတချို့ရချင်တာများလား? အိုးမိုင်ဂေါ့ ကျေးဇူးပြုပြီးငါ့အတွက်လည်း လက်မှတ်လေးတခုထိုးပေးပါ”
“တကယ်ကြီးလား? ငါလည်းသူ့လက်မှတ်လိုချင်တယ်”
အနုပညာနှင့်အသက်မွေးဝမ်းကြောင်းပြုခဲ့ကြသော ထိုလူအိုကြီးများမှာ အသက်အရွယ်ကြီးရင့်လာလျှင်ပင် ခေတ်ရေစီးကြောင်းကိုအမှီလိုက်နိုင်ကြသည်ပင်။ သူတို့ဟာ လူငယ်လေးတွေလိုပဲပြုမူနေကြပြီး ယွီချင့်ဟွမ်ရဲ့လက်မှတ်ကို တယောက်ပြီးတယောက် တောင်းဆိုနေကြသည်။
ထိုမြင်ကွင်းကိုမြင်လိုက်သည့် ဆုချီးမြှင့်ပွဲဒါရိုက်တာမှာ ဓာတ်ပုံဆရာကိုချက်ချင်းဆွဲခေါ်ပြီး ဓာတ်ပုံတချို့ရိုက်ခိုင်းကာ သူ၏ Weibo မှာတင်လိုက်၏။
“Koi က ကံကောင်းမှုတွေဆောင်ကြဉ်းပေးနိုင်တယ်လို့ ငါကြားတယ်? [ ဓာတ်ပုံ ] [ ဓာတ်ပုံ ] ”
အမျိုးသားရုပ်သံဌာန၏ အစီအစဉ်သဘောသဘာဝမှာ ယခုကဲ့သို့လေးနက်သောအခမ်းအနားပွဲအတွက် ပျော်စရာစိတ်ဝင်စားစရာများစွာမရှိပေ။ ထို့ကြောင့် ထုံးစံအတိုင်း လူငယ်များအကြား အာရုံစိုက်ခံရမှုကို အနည်းအကျဉ်းသာဆွဲခေါ်နိုင်သည်။ ဒီနှစ်မှာတော့ ယွီချင့်ဟွမ်ကျေးဇူးကြောင့် သူတို့သတင်းကို အာရုံစူးစိုက်သူ မျှဝေသူများရှိလာ၏။
ဒါရိုက်တာဖြစ်သူမှာ ကြီးမားသောဖိအားအောက်တွင် ဆံပင်တွေတောင် ပြောင်လုနီးပါးဖြစ်ရ၏။ နှစ်ဖက်စလုံးကို နှစ်သိမ့်စေနိုင်သည့်နည်းလမ်းကို သူဘယ်လိုမှစဉ်းစားလို့မရနိုင်ဖြစ်နေသည်။
သို့နှင့် ယခုပွဲရဲ့ဆွေးနွေးပြောဆိုမှုတွေကိုတိုးမြှင့်ဖို့ ယွီချင့်ဟွမ်ကို သူရှာတွေ့သွားခဲ့သည်။ သူ၏ဆုံးဖြတ်ချက်က အပြည့်အဝမှန်ကန်ခဲ့ကြောင်းကို အချက်အလက်များက သက်သေပြနေ၏။ Weibo ပေါ် ပိုစ့်တင်လိုက်သည်နှင့်တပြိုင်နက် အွန်လိုင်းပရိသတ်များမှ အရူးအမူးပြန်မျှဝေကြတော့သည်။
[အိုးမိုင်ဂေါ့! ချင့်ဟွမ်က လူအုပ်စုတိုင်းရဲ့အချစ်ခံရတာပဲ]
[ငါလခွမ်း! ရှေ့နားက လျိုဟန်ကြီးမဟုတ်လား? တစ်သက်တာအနုပညာအောင်မြင်မှုဆုရရှိထားတဲ့ လျိုဟန်လောင်ရှီးလေ၊ သူက ယွီချင့်ဟွမ်ရဲ့ လက်မှတ်ရဖို့တောင်းဆိုတယ်]
[လျိုဟန်တင်မကဘူး၊ တကယ့်ဒိတ်ဒိတ်ကျဲနာမည်ကြီးတွေအများကြီးလည်းပါတယ်... ယွီချင့်ဟွမ်က တကယ့်ကိုမှော်ဆန်တဲ့လူပဲ ... ]
[မဟုတ်ဘူး၊ ချင့်ဟွမ်က လူမဟုတ်ဘူး သူက Koi လူသား ... ]
...
ထိုပွဲ၏ခြားနားချက်မှာ အလွန်ကြီးမားပြီး မယုံနိုင်လောက်အောင်ဖြစ်သဖြင့် ဖိုရမ်များစွာတွင် ထိုတရက်တာအတွက် ဆွေးနွေးပြောဆိုမှုများစွာ အကြာကြီးကြာမြင့်ခဲ့သည်။ ယွီချင့်ဟွမ်၏ကျော်ကြားမှုမှာ ထိုပွဲဖြစ်ရပ်မှတစ်ဆင့် ထောင်တက်သွားခဲ့ပြီး နိုင်ငံတဝန်းမသိသူမရှိသလောက်နီးပါးအထိပင်။
ယွီရှင်းမှာ အပျော်ကြီးပျော်နေပြီး လမ်းလျှောက်ရင်း သီချင်းလေးတညည်းညည်းလုပ်နေကာ ယွီချင့်ဟွမ်အတွက် ဇာတ်ညွှန်းများကြော်ငြာများကို ရွေးချယ်ရင်းအလုပ်ရှုပ်နေပြီး သူ၏မွေးနေ့ကိုတောင် မေ့လျော့နေ၏။
ယွီချင့်ဟွမ်၏မွေးနေ့လက်ဆောင်က သူ့မျက်စိရှေ့ရောက်လာသောအခါ သူကချက်ချင်းပဲကြောင်အမ်းသွားခဲ့သည်။
“အဲ့ဒါဘာကြီးလဲ?” သူကလက်ဆောင်ဘူးကို ယောင်တောင်တောင်နဲ့လှမ်းယူလိုက်ပြီး ဖွင့်ကြည့်လိုက်တဲ့အခါ အပျော်ကြောင့် သူ့မျက်လုံးများချက်ချင်းပဲပြူးကျယ်သွား၏။
“SLR ကင်မရာ? ဖာခ့်! အနီးရိုက်ချက် အဝေးရိုက်ချက်တွေအတွက် မှန်ဘီလူးတွေတောင်ပါသေးတယ်၊ ချင့်ဟွမ် ငါ့ကို ရုတ်တရက်ကြီး ဘာလို့ဒါတွေဝယ်ပေးရတာလဲ”
ယွီချင့်ဟွမ်ကရယ်လိုက်ပြီး “မွေးနေ့လက်ဆောင်လေ ဟက်ပီးဘက်ဒေးပါ ကော”
ယွီရှင်းမှာ ဓာတ်ပုံပညာကိုနှစ်သက်ပြီး ကင်မရာပေါင်းစုံ မှန်ဘီလူးမျိုးစုံကို သွားရေတများများကျငမ်းတတ်၏။ သို့ပေမယ့်... ဓာတ်ပုံပညာလောကတွင် လူအပြောများသောဆိုရိုးစကားတစ်ခုရှိသည်။ ကင်မရာရူးများဟာ မျိုးဆက်သုံးဆက်တိုင်အောင် ဆင်းရဲမွဲတေလိမ့်မည်ဖြစ်ပြီး ဓာတ်ပုံဝါသနာအိုးများဟာ ရာသက်ပန်ဘ၀ပျက်လိမ့်မည်ဟူ၍။
သူဟာ ဘဝနှစ်ခုစလုံးမှာရုန်းကန်ခဲ့ရ၏။ ဝါသနာပါရာအတွက်ပိုက်ဆံသုံးစွဲဖို့မဆိုထားနှင့် မကြာသေးမီနောက်ဆုံးကမှ သူ၏လစာတိုးလာရာ နောက်ဆုံးမှာမှ ပိုက်ဆံလေးဝင်လာခဲ့သည်။
ယွီချင့်ဟွမ်မှာ ယွီရှင်းအပေါ် ကျေးဇူးအမြဲတင်ရှိသော်လည်း ၎င်းကိုမည်သို့ဖော်ပြရမည်မှန်းမသိခဲ့ပေ။ ထို့ကြောင့် ဒီအခွင့်အရေးကိုယူပြီး သူတကယ်သဘောကျနှစ်ခြိုက်တဲ့အရာတခုပေးလိုက်တာဖြစ်၏။
အခြားသူများ၏မျက်လုံးထဲတွင် ယွီရှင်းမှာ အလုပ်တွင် ပရော်ဖက်ရှင်နယ်မကျရုံသာမက ချင့်ဟွမ်ကိုတောင် ဆွဲချထားလိမ့်ဦးမည်ဟုပင်။
သို့သော် သူ့မျက်လုံးထဲတွင်တော့ သူ့ကို စိတ်ရင်းစေတနာအပြည့်ဖြင့် ဂရုစိုက်စောက်ရှောက်မည့်အေးဂျင့်မှာ ကမ္ဘာပေါ်တွင် ယွီရှင်းတဦးတည်းသာဖြစ်၏။
ဒီကမ္ဘာပေါ်မှာ ရွှေအဆင့်အေးဂျင့်တွေ အများကြီးရှိပေမယ့် ယွီရှင်းကတော့တဦးတည်းသာ။
“ငါ.. ငါ့ကိုယ်ငါတောင်မေ့နေတာကို မင်းကအမှတ်ရတယ်လား?” ယွီရှင်းဟာ လက်ဆောင်ကိုခပ်တင်းတင်းပွေ့ဖက်ထားပြီး မျက်လုံးများနီရဲနေကာ အကြာကြီးနေမှစကားစပြောလာ၏။
သူ့ဘ၀မှာလုပ်ခဲ့သမျှထဲ အမှန်ကန်ဆုံးလုပ်ရပ်မှာ ယွီချင့်ဟွမ် အခက်ခဲဆုံးအချိန်တွင် လက်ကမ်းပေးခဲ့ခြင်းဖြစ်ပေသည်။
~~~~~~~~~~~~~
T/N >>> ** အီးထရန်နှစ်ခုပေါင်းပြီးဘာသာပြန်ထားခြင်းဖြစ်ပါတယ် ** (ဘာသာပြန်သူအတွက်ပိုအလုပ်ရှုပ်ပါတယ် ဖတ်တဲ့သူအတွက် ပိုအဆင်ချောပါတယ်)
အရှေ့အပိုင်းတွေထဲက အသိပေးပြောထားပြီးသားပါ၊ မေ့ကုန်ကြမှာဆိုးလို့ ထပ်သတိပေးတာ ♪┌|∵|┘♪
~~~~~~~~~~~~
“မသက်မသာခံစားနေရတယ် .. ”
“မရှက်ပါနဲ့ ”
ယွီချင့်ဟွမ်, “ ??? ”
“အဲ့နေရာကိုမကိုက်နဲ့ ... ”
ယွီချင့်ဟွမ်, “ ... ”
...
...
~~~~~~~~~~~~~