"ကျွန်တော့်ရဲ့မြို့အုပ်မင်း''
Von Kim_Bora_kitty
7.8K 485 125
Unicode🍁 မြို့ကလာတဲ့ကောင်လေးတစ်ယောက်နှင့် နယ်မြို့လေးက မြို့အုပ်မင်းလေးတို့ တွေ့ ဆုံကြသောအခါ............ သူတ... Mehr
🍁//Chapter-1//🍁
🍁//Chapter-2//🍁
🍁//Chapter-3//🍁
🍁//Chapter-4//🍁
🍁//Chapter-6//🍁
🍁//Chapter-7//🍁
🍁//Chapter-8//🍁
🍁//Chapter-9//🍁
🍁//Chapter-10//🍁
🍁//Chapter-11//🍁
🍁//Chapter-12//🍁
🍁//Chapter-13//🍁(Final)
🍁//Chapter-5//🍁
497 33 9
Von Kim_Bora_kitty
Unicode🍊
''ကျုပ် အသေးကောင်လေးက.... သိပ်ချစ်ဖို့ကောင်းတာပဲ"
သူ့ရဲ့အသေးကောင်လေးဟာ ဘာမှမပြောတော့ပဲ....ကျောပေးလို့ထွက်သွားလေတော့.....တစ်ယောက် တစ်လမ်းဆီ သွားရခြင်းမလို့.....မြို့အုပ်မင်းမှာ....
သမင်လည်ပြန်ငေးကြည့်ရတာက...ခပ်များများ.......
"အမလေး..အမလေး..မြို့အုပ်မင်း ရယ်...ဈေးဗန်းကြီးလည်းဝင်တိုက်မိပါအုန်းမယ်ဗျာ..."
Pat(ပတ်ပ်)က ဈေးဗန်းနဲ့ တိုက်မိလုနီးနီး ဖြစ်သွားတဲ့ မြို့အုပ်မင်း ကို လက်မောင်းကဆွဲလို့ ပြောလာသည်။
မြို့အုပ်မင်း မှာလဲ ရှက်ရှက်နှင့် ဈေးသည်ကို
တောင်းပန်လိုက်ရင်း................
''ကျုပ်ရဲ့ အသေးကောင်လေးကို.....ကျုပ်စိတ်မချလို့ပါ Pat(ပတ်ပ်)~~တော်ကြာ
ဇာတ်လမ်းတွေထဲကလို... မကောင်းတဲ့လူတွေ လိုက်နှောင့်ယှက်​ြကမှာ စိုးရိမ်လို့...."
ထပ်ပြီး... အသေးကောင်လေးရဲ့..နောက်ကျောကို ငေးလို့ မြို့အုပ်မင်း က ဆိုပြန်သည်......
"ဒီမြို့မှာလေ....မြို့အုပ်မင်း ရဲ့အသေးကောင်လေးဆိုတဲ့.Khaotung ကို လိုက်ပြီးနှောင့်ယှက်မဲ့ လူဆိုးဆိုလို့ မြို့အုပ်မင်း အပြင်မရှိဘူး လားလို့...."
Pat(ပတ်ပ်)က ခပ်ပြုံးပြုံးပြောတော့
မြို့အုပ်မင်းက.......
"ကျုပ်က ဆိုးတာမဟုတ်ပါဘူး.....ကျုပ်က အသေးကောင်လေးကို အသဲနင့်အောင်ကို ချစ်တာပါဗျာ...."
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
"ဟယ်...မြို့အုပ်မင်း.... မလာစဖူး..အလာထူးလိုက်တာ...အိမ်ထဲကိုကြွပါအုန်း..."
ကြီးသူကို ရိုသေရမည့်အစား ကြီးသူက
ရိုသေနေသည့် မြင်ကွင်းကို မြင်ရတာကြောင့်
Khaotung ဧည့်ခန်းထဲကနေ ထဖို့ရာ ပြင်လိုက်တော့သည်။
"ကျွန်တော့်ကို မြို့အုပ်မင်း လို့ မခေါ်ပါနဲ့
ဒေါ်ဒေါ်ရယ်....သားလို့ပဲခေါ်ပါလားဗျာ
ရင်းရင်းနှီးနှီးပေါ့....မဟုတ်ဘူးလား"
ထွက်သွား ဖို့ရာပြင်နေသည့် Khaotung ကိုကြည့်ရင်း မြို့အုပ်မင်း ဆိုလိုက်သည်။အသဲအသက်ကလေးက မြို့အုပ်မင်း အကြိုက်
အပြာရောင် အနုကလေးနဲ့.......
မြင်ရသည့် အဖို့အေးချမ်းလိုက်တာကွာ....
"ဟုတ်ပါပြီကွယ်....
ဒါနဲ့မြို့အုပ်မင်း.....အဲလေ..သားကဒီကို
ဘာအကြောင်းထူးလို့လာတာတုန်း....
အကြောင်း ကိစ္စတစ်ခုခု မရှိပဲနဲ့တော့ မဖြစ်နိုင်ပါဘူး"
အကြောင်း ကတော့...အခန်းထဲဝင်ဖို့
တံခါးလက်ကိုင်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ ကောင်လေးပါပဲ.....
မေမေ...ကြည့်ရတာ မြို့အုပ်မင်း ဒီကိုလာရတဲ့ အကြောင်းပြချက်ကို အသေးကောင်လေး
လဲ သိချင်နေတယ်ထင်ပါ့ဗျာ....
"ထွေထွေထူးထူးတော့မရှိပါဘူး..ဒေါ်ဒေါ်ရယ်...ဒီလိုပါပဲ...ရပ်ထဲရွာထဲသွားလာပြီး..ပြည်သူတွေ အဆင်ပြေမပြေ လာကြည့်တာပါ...မြို့က အားကိုးအားထားရတဲ့ ဆေးရုံအုပ်ကြီး Min(မင်မ်)ရဲ့ အိမ်ဖြစ်နေတာ ကြောင့် တလေးတစားနဲ့ ခဏ ဝင်နှုတ်ဆက်တဲ့ သဘောပါ ဒေါ်ဒေါ်ရယ်..."
အပြောကတော့ ချောနေတဲ့ မြို့အုပ်မင်း ဆိုသူကြောင့် Khaotung နှာခေါင်းရှုံ့လိုက်ရင်း အခန်းထဲ ဝင်ဖို့ရာပြင်တော့
''ဟဲ့...Khaotungလေး မြို့အုပ်မင်း လာတယ်လေကွယ်...ဆောင်းတွင်းဆိုတော့...ကော်ဖီလေးဖြစ်ဖြစ် သုံးဆောင်ရအောင် သွားဖျော်ခဲ့"
"ဟာ....အမေ.."
''ဟာ..အမေ မနေနဲ့သွားဖျော်ဆို သွားဖျော်ခဲ့"
အမေခိုင်းတာကြောင်...မလုပ်ပေးလို့က မဖြစ် စိတ်မပါလက်မပါ..မီးဖိုချောင် ထဲဝင်သွားတဲ့Khaotung ကိုကြည့်ရင်း.....
"အားနာလိုက်တာ ဒေါ်ဒေါ်ရယ်...နို့ဆီများများလေးနဲ့ဖျော်ပေးပါဗျာ..."
ပြောင်ချော်ချော် ပြတ်တတ်တတ် စကားကြောင့် မြို့အုပ်မင်း နဲ့ အမေဖြစ်သူမှာ
ရယ်နေသော်လည်း Khaotung ကတော့...ထိုမြို့အုပ်မင်းကိုသာ အကြိမ်ကြိမ်..အခါခါ မေတ္တာပို့သရင်း ကော်ဖီတစ်ခွက် ဆက်သတော်မူရသည်။
"အမလေး..ဘုရား..ဘုရား..အဟွတ်..အဟွတ်..ကောင်းလှချည်လား..အသေးကောင်လေးရယ်... တကယ့် အဖျော်ကောင်းပဲ ဒေါ်ဒေါ်ရဲ့ သားလေးက"
ခါးတူးလန်နေအောင် ေဖျာ်ထားတဲ့ကော်ဖီကို မဲ့ရှုံ့နေတဲ့ မျက်နှာထားနှင့် သောက်လိုက်ပေမဲ့ မထင်မှတ်ပဲထွက်လာတဲ့ မြို့အုပ်မင်း စကားကြောင့်...Khaotung မှာ အမေဖြစ်သူရဲ့ ခပ်စူးစူးအကြည့်ကနေ လွတ်မြောက်ရတော့သည်။
"ကဲ....ကျွန်တော် ပြန်အုန်းမယ်ဒေါ်ဒေါ် လုပ်စရာလေးတွေ ရှိလို့...အသေးကောင်လေး ကရော အပြင်လေးဘာလေး မထွက်ဘူးလား...နေနဲ့ သိပ်မထိတွေ့တဲ့သူတွေက
အရပ်ပုတတ်တယ်တဲ့ အသေးကောင်လေးရဲ့"
သွယ်ဝိုက်သောနည်းဖြင့် Khaotung ကိုအရပ်ပုတယ်လို့ ပြောလာတဲ့ ..........
မြို့အုပ်မင်း ကြောင့် ကော့တော့တော့နဲ့ မြို့အုပ်မင်း ကို ရန်ထောင်ဖို့ရာ သွားတဲ့...Khaotung.....
"ဒီမှာ မြို့အုပ်မင်း....
သူတစ်ပါး အားနည်းချက်ကို လှောင်ပြောင်တာဟာ..လူမဆန်တဲ့ လုပ်ရပ်နော်..."
ခန္ဓီပါရမီကောင်းတဲ့ မြို့အုပ်မင်း ကတော့
ထိုသို့မဟုတ်ခဲ့.....အသေးကောင်လေး ပြောသမျှသဘောတွေ့ နေတတ်တာမလို့ ခပ်ဟဟသာ ရယ်နေတော့သည်။
"ကျုပ်က အသေးကောင်လေးကို ပုတယ်လို့ပြောတာမှ မဟုတ်တာ....
နေနဲ့မထိရင် အရပ်ပုတတ်တယ်လို့ ပြောတာလေ....."
"အေးလေ....သက်သက်မဲ့ကို ရန်လိုနေတာ Khaotung... "
ကိုယ့်အိမ်မှာ ကိုယ်နေရင်း
အစော်ကားခံခဲ့ရသေးတဲ့ အပြင်......
အမေဖြစ်သူကပါ မြို့အုပ်မင်းဘက် ကိုပါနေသည်မလို့ Khaotung ဒေါသတွေ ထိန်းချုပ်လို့ မရတော့......
"ခင်ဗျားဟာလေ....သိပ်မုန်းဖို့ကောင်းတာပဲ..မြို့အုပ်မင်း... "
ဒေါသ တကြီး မျက်စောင်းလေးထိုးကာ ပြောတဲ့ အသေးကောင်လေးဟာ အပြင်ကိုထွက်သွားလေသည်။
အသေးကောင် လေးရဲ့အမေက တောင်းပန်စကားပြောသော်ငြား မြို့အုပ်မင်း ဂရုမစိုက်နိုင်ခဲ့....ဒီမြို့လေးက အသေးငယ်လေးမလို့
လမ်းတွေက ခပ်ရှုပ်ရှုပ်နဲ့.....
ေနရင်းထိုင်ရင်းနဲ့ သူများ သားကို စိတ်ပူနေရတာ ဘယ်ဘဝက ဝဋ်ကြွေးတွေလည်တာပါလိမ့်ကွာ....အသေးကောင်လေး နဲ့တော့ ခက်တာပါပဲ.....
"မတောင်းပန်ပါနဲ့ ဒေါ်ဒေါ်ရယ်....အသေးကောင်လေးကို ကျွန်တော် ဗွေမယူပါဘူး...အသေးကောင်လေးက ငယ်သေးလို့နေပါလိမ့်မယ်....ကျွန်တော်သွားအုန်းမယ်..ဒေါ်ဒေါ်...''
အရိုသေပေးရင်း အိမ်ဝင်းထဲကနေ ထွက်လာမိတာနဲ့...မျက်လုံးတွေဟာ..တရစပ် အလုပ်လုပ်ခဲ့ရသည်။
မျက်လုံးနှစ်လုံးနဲ့ ခြေထောက်နှစ်ဖက်ပဲ ပါတာမလို့ လူကောင်သေးသေးလေးနဲ့
အသေးကောင်လေးကို မြို့အုပ်မင်း တော်ရုံရှာလို့မတွေ့ခဲ့......
တွေ့မဲ့တွေ့တော့လဲ သူတို့ရပ်ကွက်ထိပ်က
အပင်ကြီးတစ်ပင်အောက်...ခုံတန်းလေးမှာ ဆူပုတ်ပုတ်မျက်နှာထားနဲ့ ထိုင်လို့ ကန်ရေပြင်ကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်နေတဲ့
အသေးကောင်လေး....အသဲ.အသက်ညှာလေးရယ်...ချစ်စရာလေးပါလားကွာ...စိတ်ဆိုးနေပုံများ.....။
×××××××××××××××××××××××××××××××
Chapter-5 The End
(ကျနော်ပြန်လာပါပြီနော်... ပစ်ထားခဲ့ရတာမဟုတ်ရပါဘူးဗျ....နေသိပ်မကောင်းလို့ပါ...Tutorialလဲ ရှိတာမလို့ပါဗျာ...
စိတ်မဆိုးကြပါနဲ့အုန်းနော်😝🍊)
အစစ အရာရာ ဂရုစိုက်ကြပါထုခွန်တို့ယေ🐿🐾နေကောင်းအောင်လဲနေကြအုန်းနော်
ပြောခါမှ ကိုကို ပထမမွေးနေ့လေးလဲရောက်တော့မယ်နော်🙈🌻
Kim Lwinnie🐭🌴
^^^^^^^^^^^^^^^^^^^^^^^^^^^^^^
Zawgyi🍊
တောင်းပန်လိုက်ရင်း................
ဇာတ်လမ်းတွေထဲကလို... မကောင်းတဲ့လူတွေ လိုက်နှောင့်ယှက်ကြမှာ စိုးရိမ်လို့...."
မြို့အုပ်မင်းက.......
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
အပြာရောင် အနုကလေးနဲ့.......
"ဟုတ်ပါပြီကွယ်....
"ဟာ....အမေ.."
"ဒီမှာ မြို့အုပ်မင်း....
နေရငျးထိုငျရငျးနဲ့ သူများ သားကို စိတ်ပူနေရတာ ဘယ်ဘဝက ဝဋ်ကြွေးတွေလည်တာပါလိမ့်ကွာ....အသေးကောင်လေး နဲ့တော့ ခက်တာပါပဲ.....
×××××××××××××××××××××××××××××××
Chapter-5 The End
အစစ အရာရာ ဂရုစိုက်ကြပါထုခွန်တို့ယေေ🐿🐾နကောင်းအောင်လဲနေကြအုန်းနော်
Kim Lwinnie🐭🌴
^^^^^^^^^^^^^^^^^^^^^^^^^^^^^^
Weiterlesen
Das wird dir gefallen
22.4K 1.4K 24
ကလေး ကို ကိုယ် မစွန့်လွှတ်နိုင်ဘူး တကယ်လို့ကလေးကြိုးစားရင်တောင် ကလေးပြေးမလွတ်နိုင်ဘူး ကလေးသိအောင်ကိုယ်အမြဲပြောပါတယ် ကလေးကိုကိုယ်ကအမြဲပိုင်ဆိုင်ထားမှာပ...
71.4K 3.8K 12
Chenbaek🌸 Short story 12 complete #Zawgyi +Unicode
204K 5.6K 10
ကိုယ့်အသွေးအသားကို မင်းစိတ်ကြိုက်သုံးဆောင်ပါ hyunee... (warning:Chanyeol bottom!!) Baekyeol/Chanbaek Yaoi RatedM Sorry for bad writings 90°bow #Yooh...
21.5K 2.3K 23
ဘာကြောင့် ဒီလောက်အနိုင်ယူနေရတာလဲ......တဲ့ ဘယ်လောက်တောင်ရယ်စရာကောင်းလိုက်တဲ့မေးခွန်းလဲ အဖြေကရှင်း‌ရှင်းလေးပဲ Fourth ငါ မင်းကို စောက်ရမ်း မုန်းလို့...