To❤️Kim Tae hyung and Jeon Jung kook
- ကလေးတို့... မင်းတို့ သိထားသင့်တာလေးတစ်ခု hyung ပြောပြချင်လို့ပါ ။ ပြောရမှာ နည်းနည်းတော့ ဝမ်းနည်းစရာကောင်းနေတယ်။ ဒါပေမယ့်လည်း မင်းတို့ ဝမ်းမနည်းကြပါနဲ့ ။ hyung အဆင်ပြေပါတယ် ။
- မင်းတို့လက်ထဲ ဒီစာရောက်တဲ့အချိန် hyung ရှိရောရှိနိုင်အုံးပါ့မလား မသိနိုင်ပေမယ့် အတ္တစိတ်ကလေးနဲ့တော့ hyung ဒီထက်ပိုပြီး ရှင်သန်ချင်သေးတယ် ။
- မဖြစ်နိုင်တော့ဘူးထင်ပါတယ်။ ဘာလို့ဆို နှလုံးရောဂါဆိုတဲ့ ဝေဒနာက hyung ကို နှိပ်စက်နေပြီ ။ ဝေဒနာက တအားပြင်းတာပဲ hyung မခံစားနိုင်ဘူးကွာ ။ နှာခေါင်းထဲကနေ နေ့တိုင်းစီးကျနေတဲ့ သွေးတွေကြည့်ပြီး အားငယ်လာတယ် ။ အောင့်သက်လာတဲ့ ရင်ဘက်ကလည်း မနေသာဘူးရယ် ။
- နောက်တစ်ပတ်မှာ ခွဲစိတ်ဖို့ ဆရာဝန်နဲ့တိုင်ပင်ထားတယ်။ ဖြစ်နိုင်တယ်ဆိုရင် ဆရာဝန်က အမြန်ဆုံးခွဲစိတ်မှုပြုလုပ်စေချင်တာ ။ ဒါပေမယ့် hyung ကြောက်နေလို့ ဆေးသောက်ပြီးပဲ အချိန်စွဲနေမိတယ် ။
- ဆေးတွေက မတိုးဘူးထင်တယ်။ ဘယ်လောက်သောက်သောက် မပျောက်ဘူးဖြစ်နေတယ် ။ သောက်လေ ပိုဆိုးလာလေလေပဲ။ ဒီရောဂါအပြင်နောက်ထပ် ရောဂါပါရှိနေသေးတာလားလို့တောင်တွေးမိတယ် ။
- hyung မင်းတို့ကိုမပြောပြချင်ဘူး။ hyung ကြောင့် စိတ်ပင်ပန်းတာမျိုး မဖြစ်စေချင်ဘူး ။ တစ်ယောက်ထဲပဲ ကြိတ်ခံစားချင်တယ် ။ ဘယ်သူ့ကိုမှ အပူမပေးချင်ဘူး ။ တောင်းပန်ပါတယ် တကိုယ်ကောင်းဆန် သွားခဲ့ရင် ။
- ခွဲခန်းထဲဝင်သွားပြီး ပြန်ထွက်လာချိန်မှာ hyung မရှင်သန်နိုင်ခဲ့တော့ရင် မင်းတို့တွေဝမ်းမနည်းနေပါနဲ့။ hyung လွတ်မြောက်သွားပြီ ၊ အေးချမ်းသွားပြီလို့ပဲ သဘောထားပြီး ဖြေသိမ့်ပေးကြပါ။ မင်းတို့တွေငိုရင် hyung ရင်နာရတယ် ။
- အနားမှာမရှိပေးနိုင်ခဲ့တော့ရင် ကြိုပြီးတောင်းပန်ပါတယ်။ ဒါပေမယ့် hyung သေချာပေါက် ရင်ဆိုင်ပြီး ကောင်းကောင်းမွန်မွန်နဲ့ မင်းတို့နားပြန်လာမှာပါ ။ မင်းတို့မရှိရင် hyung မနေနိုင်သလို ၊ hyung မရှိရင် မင်းတို့လည်း မနေနိုင်ဘူးဆိုတာ သိနေလို့လေ ။
- သေချာပေါက် ပြန်လာမှာမလို့ ဒီစာဖတ်ပြီး သိပ်ဝမ်းနည်းမနေကြပါနဲ့ ။ ပြန်လာခဲ့တဲ့အချိန်ကြရင် ငါတို့သုံးယောက်အတူတူ ဆိုးသွမ်းကြရအောင်ကွာ ။ စည်းလွတ်ဘောင်လွတ်ပေါ့ ။
- ဒီလောက်ပါပဲ ။ မင်းတို့ကို အများကြီး ဝမ်းမနည်းစေချင်ဘူး။ hyung မင်းတို့နှစ်ယောက်ကိုချစ်တယ် ။ မင်းတို့က ငါ့ရဲ့ တစ်ခုတည်းပဲ မိသားစုဝင်ပါပဲ။
- ပြန်မလာနိုင်တော့ရင်လည်း ခွင့်လွှတ်ပါ ။
/ မင်းတို့ရဲ့hyung /
စာရွက်လေးကိုင်ပြီး Tae hyung ဒူးမခိုင်တော့စွာ ထိုင်ချလိုက်သည် ။ ကုတင်ပေါ်က လူကိုကြည့်ပြီး မဖြေသိမ့်နိုင်ခဲ့ ။ သေချာပေါက် ဝမ်းမနည်းဖို့ ပြောသွားပေမယ့်လည်း ဘယ်လိုနှလုံးသားမျိုးကို သူတို့ပိုင်ဆိုင်ထားလို့ ဝမ်းမနည်းနိုင်မှာလဲ ။ မငိုကြွေးနိုင်မှာလဲ။ မိသားစုဝင်တွေလေ ဝမ်းမနည်းပဲ နေနိုင်ရိုးလား။
စာထဲမှာ သေချာပေါက် ပြန်လာခဲ့မယ်ပြောသွားသလို။ ပြန်မလာနိုင်ခဲ့ရင်လည်း ခွင့်လွှတ်ပါဆိုပြီး ဝမ်းနည်းစရာကောင်းစွာ ပြောသွားသေးသည် ။ hyungဟာ သူ့ကိုယ်သူတောင် ရှင်သန်နိုင်မလားဆိုတာ မသေချာနိုင်ခဲ့ ။ အေးအေးချမ်းချမ်းမျက်နှာလေးသည် အခုဆို သွေးရောင်ပင် မလွှမ်းတော့ကာ တည်ငြိမ်နေတော့သည် ။
Tae hyung ကုတင်ပေါ် မှောက်ချလိုက်သည် ။ စာကြောင်းတွေသည် အသဲထဲထိ ထိပါသည် ။ hyung လည်း ဒီစာရေးတဲ့အချိန် တုန်လှုပ်နေခဲ့မှာလား ဒါမှမဟုတ် ငိုနေခဲ့မှာလား ။ စာရွက်ကို ကျစ်ကျစ်ပါအောင် ဆုတ်ထားမိသည် ။
အကိုကတော့ ပြတင်းပေါက်ကိုလက်ပိုက်လျက် ငေးငိုင်ကာနေသည်။ jiminကတော့ ထိုင်ခုံလေးမှာ ငြိမ်ငြိမ်လေးထိုင်နေခဲ့သည် ။ အပြာရောင်လွင်လွင် စာအိတ်ထဲက စာကိုဖတ်ကြည့်ပြီးတဲ့အခါမှာတော့ ဘာမှပြောစရာစရာမရှိတော့ပါ။ ငြိမ်ငြိမ်လေးသာ ထိုင်နေချင်တော့သည် ။
“ ဟို ဒီကအကို သေဆုံးသွားသူကို....ရင်ခွဲရုံထဲ ပြောင်းတော့မှာမလို့...ဖယ်ပေးပါလားဗျ ။ "
“ အင်း "
ထိုသို့ဆိုကာ Tae hyung သည် အသက်မရှိတော့၍ ဖြူလျော့နေသော ပါးပြင်နုနုကို ကြေကွဲခြင်းများစွာဖြင့် တစ်ချက်ငုံ့နမ်းလိုက်သည် ။
“ နှုတ်ဆက်ပါတယ်.. hyung..။ လိုရာကိုသွားပါတော့ ။ ရောက်လေရာ ဘဝဆက်တိုင်းမှာ အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင်......"
Tae hyung အသံတွေ သိမ်ဝင်သွားကာ ပါးပေါ်က မျက်ရည်ကို လက်မနှင့်ဖိသုတ်လိုက်သည်။ Jung kook သည်လည်း မျက်နှာလွှဲသွားသည် ။ သေချာပေါက် မခံစားနိုင်တော့၍ ဖြစ်သည်။
ဝန်ထမ်းတွေသည်လည်း မျက်တောင်လေးပုတ်ခပ်ပုတ်ခပ်ဖြင့် မျက်နှာလွှဲကုန်ကြသည် ။ သူတို့သည်လည်း ထိုသို့သော ဝမ်းနည်းဖွယ်မျိုး မခံစားနိုင်ကြ၍ ဖြစ်လိမ့်မည် ။
“ ပျော်ပျော်ရွှင်ရွှင် နေရပြီး နွေးထွေးပြီး.....ကြင်နာတတ်တဲ့ မိသားစုလေးဆီမှာ....အချစ်ခံရပါစေ။ အကယ်၍...ကျွန်တော်တို့...ကံမကုန်ခဲ့သေးရင်..ပြန်ဆုံကြရအောင်...ကျွန်တော်နဲ့ Jung kook ကသေချာပေါက် စောင့်နေမှာပါ... hyung..."
နောက်တစ်ဖန် ပြန်နမ်းလိုက်သည်က နဖူးပြေပြေလေးကို။ ထို့နောက် Tae hyung သည်ဘာစကားမှမဆိုတော့ကာ ဖယ်ပေးလိုက်သည် ။ ဝန်ထမ်းများသည် လုပ်စရာရှိတာ လုပ်ပြီးသွားသည်နှင့် ကုတင်ကို တွန်းကာ အခန်းထဲမှ တွန်းထုတ်သွားတော့သည် ။
ရုတ်တရက် ကျွန်တော်တို့သည် ဝေးကွာသွားသလို ခံစားလာရသည်။ တကယ်လည်းဝေးကွာသွားခဲ့ပြီ မိုင်ပေါင်း ထောင်သောင်းများစွာ ။ အခန်းထဲတွင် ကုတင်လဲမရှိတော့သလို ၊ hyung လဲမရှိတော့ပါ ။ အခန်းတွင်းလေထုသည် ငြိမ်သက်နေလျက် ။
.......................
Two days later....//
နှစ်ရက်ခန့်လောက်ကြာတော့ ho-seok hyung ရဲ့သေဆုံးမှုအတွက် လုပ်စရာရှိသော ဈာပနများနှင့် ကိစ္စများကိုလည်း လုပ်ပေးကြပြီးပြီဖြစ်သည် ။ ဒီနေ့တော့ သူတို့သူငယ်ချင်းတွေသီးသန့် ho-seok hyung ဆီ သွားနှုတ်ဆက်ကြမည် ဖြစ်သည် ။
“ အဆင်သင့်ဖြစ်ပြီဆို သွားကြရအောင်။ "
“ ဟုတ်ကဲ့။ "
Jung kookတို့နဲ့ jiminတို့အုပ်စု။ လက်ထဲတွင်လည်း နှင်းဆီပန်း နီနီ တစ်ပွင့်ဆီဖြင့်။ ကားထဲသို့ အလျိုလျိုဝင်သွားကြပြီး ကားအမဲရောင်နှစ်စီးသည် ရှေ့ဆင့်နောက်ဆင့်ထွက်သွားကြတော့သည် ။
မိုးတွေကလည်း တအုံအုံ့။
နှင်းဆီနီနီတွေလည်း ခပ်မှိုင်းမှိုင်း။
အပြုံးတွေလည်း ဆိတ်ငြိမ်လို့ ဒီနေ့ဟာ အဆင်းမဲ့နေ့။
အရောင်မစုံသော နေ့ဟာ မည်သို့ အဓိပ္ပာယ်ရှိမည်နည်း။
တောက်ပနေသော ကြယ်။
လင်းလက်နေသော ကြယ်။
ယခုမှာတော့ ကြွေလွင့်ခဲ့ရပြီ ။
အနာဂတ်ကောင်းကောင်းရှိပေမယ့် စွန့်လွှတ်ခဲ့ရပြီ။
ပြန်ပြင်လို့မရတော့တဲ့ သေဆုံးခြင်းဟာ သေချာပေါက်ရင်နာစရာ။
တိမ်တိုက်လေးလိုပဲ လေပြင်းကိုအကြိတ်အနယ် အံတုရင်း အဆုံးမှာတော့ အားနည်းတဲ့သူသာ ရှုံးစမြဲ ။ အရမ်းကြီး တဖက်သက်ဆန်ဆန်တွေးလို့မရဘူး။ အရှုံးဆိုတာ အဆိုးထဲက အကောင်းတစ်ခုပေါ့ ။ ထပ်ပြီး ရှင်သန်ရမဲ့နေ့ရက်တွေကို ရင်နာနာနဲ့ ရေတွက်ရင်း စောင့်ဆိုင်းနေစရာမလိုတော့ဘူးပေါ့။
ငြိမ်းချမ်းသွားခဲ့ပြီ ထာဝရ။ စိတ်မချမ်းမြေ့စရာ အိမ်ကြီးအိမ်ကောင်းမှာလဲမနေရတော့ဘူး ။ ကြောက်လွန်းလှပါတယ်ဆိုတဲ့ ကုသမှုလည်းခံယူစရာမလိုတော့ဘူး ။ ငိုယိုအော်ဟစ်နေတဲ့ စိတ်ပျက်စရာအသံတွေကိုလည်း ထပ်ပြီး မကြားရတော့ဘူး ။ ထိုဝဋ်ကြွေးတွေကြားထဲမှ လွတ်မြောက်သွားခဲ့ပြီ ။
သို့ပေမယ့် တွယ်ငြိစရာ မေတ္တာတွေနဲ့ပြည့်နက်နေတဲ့ မိသားစုထက်ပိုသော လူတစ်စုကိုတော့ ချန်ရစ်ခဲ့ရင်းပေါ့ ။ တစ်လမ်းကိုရွေးချယ်ရင် တစ်လမ်းကိုလက်လွှတ်ပေးရစမြဲ ။ သူမရွေးချယ်ခဲ့ပါပဲ လက်လွှတ်ခဲ့ရပါပြီ ။ တကိုယ်ကောင်းဆန်သွားခဲ့ရင် ဒီဘဝကနေပဲ တောင်းပန်လိုက်ပါတယ် ။ ကိုယ်မရှိလို့ မဖြစ်သာ သိသားနဲ့ ချန်ရစ်ခဲ့ရတဲ့အတွက် တကယ်ဝမ်းနည်းရပါတယ်။
ထားသွားခဲ့တဲ့သူထက် ကျန်ရစ်ခဲ့ရတဲ့သူက ပိုခံစားရတယ်တဲ့ ။ အဲ့လိုမဟုတ်ခဲ့ပါဘူး ။ ကျန်ရစ်ခဲ့တဲ့လူတွေနဲ့တန်းတူ သူလည်းခံစားရပါသည် ။ အဲ့ဒီထက်ပိုရင် ပိုနေလိမ့်အုံးမည် ။ တစ်ဦးတည်းသော မိသားစုလေး ၊ နွေးထွေးသော အသိုက်အမြုံလေးကို သူရင်နာနာနဲ့ပင် ထားရစ်ခဲ့ရသည် ။
ဘယ်တော့မှ ကျေးဇူးမတင်ခဲ့မိတဲ့ သူ့မွေးပစ်မိဘများကို ယခုအခါတော့ သူကျေးဇူးတင်မိပါသည် ။ လူ့လောကထဲကို ခေါ်လာပေးခဲ့လို့ ၊ မေတ္တာတွေနဲ့ပြည့်နေတဲ့ လူတစ်စုနဲ့ ဆုံတွေ့ခွင့်ပေးခဲ့လို့...သူတစ်ခါတော့ ကျေးဇူးတင်မိပါသည် ။
တောင်းပန်လိုက်ပါတယ်...။
နောက်ဘဝတွေများရှိခဲ့ရင် ကိုယ်ထပ်ပြီး မင်းတို့ဆီလာခဲ့ပါ့မယ် ။
မီးခိုးရောင်နုနု အုတ်ဂူလေးရှေ့ ။ အမဲရောင်လူတစ်စုသည် လက်ထဲတွင် နှင်းဆီနီနီတစ်ပွင့်ဆီဖြင့် ကြေကွဲခြင်းကို ပြသနေခဲ့သည်။ ထို့နောက် အုတ်ဂူရှေ့ တစ်ယောက်ချင်းဆီပင် လက်ထဲက နှင်းဆီပန်းနီနီကိုအမှတ်တရပြုလုပ်ထားကြကာ နှုတ်ဆက်ခြင်းအမှုအား ပြုကြသည်။
“ ကျွန်တော်ဘာမှမတောင်းဆိုချင်ပါဘူး...။ ဒါပေမယ့် တစ်ခုလေးတော့ တောင်းဆိုပါရစေ....နောက်ထပ် ရွေးချယ်မှုတစ်ခုပြုလုပ်ခွင့်ရခဲ့ရင် အရင်ဆုံး hyung ထားရစ်ခဲ့တဲ့ ကျွန်တော်တို့ကို သတိရပေးပါ.. ..။ "
Jung kook စကားအဆုံးတွင် Tae hyung သည် အုတ်ဂူလေးရှေ့ရောက်လာခဲ့သည် ။ သံယောဇဉ်ပိုတွယ်တတ်သော Tae hyung ဟာဆိုရင် အလူးအလဲခံစားခဲ့ပုံရပါသည်။ ယခုနေ့တွင်လည်း မျက်ကွင်း ညိုညိုဖြင့် Tae hyung ဟာလုံးလုံး ညို့မှိုင်းနေခဲ့ပါသည် ။ အပြုံးချိုချိုလေးတွေလည်း တိတ်ဆိတ်လို့ နှုတ်ခမ်းတွန့်ရုံတောင် မပြုံးခဲ့ပါ ။
“ ကျွန်တော်ကတော့ ဘာမှထပ်ပြီးမပြောတော့ပါဘူး..."
အသံပြတ်သွားခဲ့တဲ့ Tae hyung ဟာ ထပ်ပြီး ငိုနေပြန်ပြီထင်သည် ။ နောက်ကလူတွေသည် ဘယ်လိုမှမနေနိုင် ။ Jung kook ဟာဆိုရင်လည်း ဘေးတစ်ချက်တစ်ဖက်ကိုသာ မျက်နှာမူနေလျက် ။
“ ချစ်တယ်... hyung.."
Tae hyung သည် မြေပြင်ပေါ် ပျော့ခွေကာ ထိုင်လျက်လှဲကျသွားသည်။ အားလုံးဟာ စိတ်ပူပြီး ပြေးထူဖို့ လုပ်ခဲ့ကြပေမယ့် သူတို့ထင်သလိုမျိုး အားမရှိတော့၍ လှဲကျသွားခြင်းမျိုးမဟုတ်ဘဲ Tae hyung ဟာမခံစားနိုင်တော့၍ မြေပြင်ပေါ်ထိုင်ချကာ ငိုကြွေးနေခြင်းဖြစ်သည် ။ Jung kook သည် အနားလာကာ Tae hyung ကိုဖက်ထားလိုက်ပြီး ကျောပြင်ကိုလဲ ခပ်ဖွဖွပုတ်ပေးနေခဲ့သည် ။
Beomgu သည်သည်းမခံစားနိုင်တော့၍ yeon jun ရင်ခွင်ထဲတွင် ငိုကြွေးနေမိသည် ။ Park jimin သည်လည်း အံကြိတ်ထားကာ မြေပြင်ကိုသာ စိုက်စိုက်ကြည့်နေသည် ။ ခနတာ ဆုံတွေ့ခွင့်ရခဲ့ပေမယ့် ho-seok hyung သည်ဖော်ဖော်ရွေရွေ ကြင်ကြင်နာနာလေးမို့ jimin တို့အဖွဲ့သည် စိတ်ရင်းထဲကပင် ခင်မင်ခဲ့ကြသည် ။ အမြဲတမ်း ပြုံးပျော်နေတတ်တဲ့ ho-seok hyung ကြောင့် သူတို့သည်လည်း စိတ်ညစ်စရာများရှိခဲ့ရင်ပင် မေ့ပျောက်ကာ အပျော်တွေ ကူးစက်ကုန်ကြသည်။
ခနတာ ခင်မင်ခဲ့ကြပေမယ့် ho-seok hyung သည် သူတို့ရဲ့ နေရောင်ခြည်လေး ၊ သူတို့ရဲ့ ပျော်ရွှင်ဖွယ်အရာလို ဖြစ်တည်မှုမျိုးလေး အဖြစ် တည်ရှိခဲ့သည် ။ ထိုဖြစ်တည်မှုလေးသည် ချက်ချင်းပျောက်ကွယ်သွားတော့ သူတို့သည်လည်း အကိုတို့နည်းတူ ဝမ်းနည်းကြေကွဲခဲ့ကြရသည် ။ သူတို့အားလုံးတွင် ဝမ်းနည်းစိတ်သည် ကိုယ်စီကိုယ်စီ စိုးမိုးလျက်။
ဒီနေ့သည်လည်း ဝမ်းနည်းစရာပင် ။
.....................................။
အချိန်တစ်လကျော်လွန်ပြီးသောအခါ
အရာရာဟာ ပုံမှန်ပြန်လည်ပတ်နေခဲ့ပေမယ့် အဆင်ပြေမ နေခဲ့။ တစ်ခုခုဆို ပြန်မြင်ယောင်လာသော အပြုံးတွေ။
အသံကြည်ကြည်လေးတွေ။
ရုတ်တရက်ပျောက်ကွယ်သွားတော့
အကုန်လုံးက မှိုင်းပြပြရယ်။
အဆိုးဆုံးကတော့ Kim Tae hyung ။
ကျောင်းပုံမှန်မလာတော့ဘူး။
တစ်ပတ်မှာ သုံးရက်လောက်သာ လာတတ်ပြီး လာရင်လည်း
အိပ်နေတတ်သည်။
ဘယ်သူကမှ ကောင်းသည် ဆိုးသည်မပြောကြ။
နေသာသလိုလွတ်ထားပေးကြသည်။
ယခုလည်း ခုံပေါ်မှောက်အိပ်နေပြန်သည်။
ဒီလောက်အိပ်တာ လူက ဝမလာတဲ့အပြင်
ပို၍ပင် ချောင်ချသွားကာ မျက်တွင်းညိုညိုတွေနဲ့။
“ အကို...ဒီမှာ။ "
စာရေးခုံပေါ် Banana milk ဗူးလေးချပေးကာ အနားတွင်ဝင်ထိုင်လာသော ကောင်လေးကို Jung kook နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလိုက်သည်။
“ အကို Tae hyung အတွက်ရော။ "
Strawberry milk နောက်တစ်ဗူးလေးအား ချပေးလိုက်သည်။ အကို Tae hyung သည် တုပ်တုပ်မှမလှုပ်။ အကိုက အားနာသလိုကြည့်လာသည် ။ jimin လည်း ရတယ်ဟုသော သဘောဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
“ ဘာစားပြီးပြီလဲ jimin...။ "
“ အကိုရော? "
ကိုယ်မေးတာကို မဖြေဘဲ ကိုယ့်ကိုပြန်မေးလာပြန်တဲ့ ကောင်လေးကြောင့် Jung kook ရယ်လိုက်မိသည်။
“ ဘာမှမစားရသေးဘူးမလား? "
ခေါင်းအသာလေးငြိမ့်ပြလိုက်တော့ နှုတ်ခမ်းလေးဆူကာကြည့်လာသည်။ ဒါတွေသည်လည်း မြတ်နိုးရခြင်းတွေထဲက တစ်ခု။
“ စားပါဆိုတဲ့ဟာကို။ ကလေးလည်းမဟုတ်ဘဲ ပြောရခက်လိုက်တာ။ "
“ ကလေးပဲလေ ဒီကကောင်လေးရဲ့ကလေးလေး။ "
မေးစေ့လေး စွဲကိုင်ကာ ပြောလာတဲ့အကိုကြောင့်
ကျူးလစ်ဝါဝါလေး မျက်စောင်းတွေက အော်တို။
“ အာ...။ ချုပ်နမ်းလိုက်မှာနော်။ စိတ်မထိန်းနိုင်ရင်။ "
“ အကဲပိုမနေနဲ့။ "
အဝါရောင်လေးပြီသစွာ လက်မောင်းပေါ် ရိုက်ချက်တွေ ရောက်ပြီးပြီ။
“ နာတယ် ကလေးရဲ့ "
“ နာအောင်ရိုက်တာလေ။ နာမှာပေါ့။ "
“ ကလေးရယ် ကိုယ့်ကို မချစ်ဘူးလား။ "
“ ဘယ်လိုတွေဖြစ်နေတာလဲ။ "
“ အနိုင်ကျင့်လိုက်တာ..."
“ တစ်ချက်တည်း ရိုက်ရသေးတာနော်..."
Banana milk ဗူးကို ပိုက်ကလေးနဲ့ ထိုးဖောက်ရင်း မျက်လုံးလှန်ပြောလာသော ကျူးလစ်ဝါဝါလေးသည် Jung kook အတွက်တကယ်အသဲယားဖွယ်။
“ ရော့...သောက် "
လက်ထဲ ထည့်ပေးကာ Banana milk ကိုသောက်ခိုင်းနေသော ကောင်လေးကို Jung kook စွဲနမ်းချင်လာပြီ။
“ သောက်လို့! "
ခပ်ဆူဆူ အသံလေးကြောင့် ပိုက်ကလေးကို နှုတ်ခမ်းဝထဲ ထည့်လိုက်ပြီး သောက်ရတော့သည်။ တကယ် သူ့စိတ်ကြီးပါပဲ။
“ Jung kook oppa.."
ခေါ်သံကြောင့် ကောင်လေးကိုကြည့်ကာ အချစ်ပိုနေသော မျက်လုံးကို အခန်းပေါက်ဝသို့ ရွေ့လိုက်သည်။ ထင်သည့်အတိုင်း တကယ်စိတ်ညစ်စရာပင်။ ဘာလာလုပ်ပြန်တာလဲ ဒီကောင်မလေး။
Jimin သည်အသံကြားလိုက်ကတည်းက ဟိုလင်ဒရူးမ မှန်းသိလိုက်သည် ။ လှည့်မကြည့်ဘဲ အကို့ကိုသာ စိုက်ကြည့်နေလိုက်ကာ အကြိတ်အနယ် စဉ်းစားကာ ဦးနှောက်တွေအား အလုပ်ပေးလိုက်သည် ။ တွေ့မယ် လင်ဒရူးမ။
“ ဟို....ဒေါ်လေး ( Jung kook အမေ ) က ဒါလေးဝင်ပေးခိုင်းလို့ပါ..."
ပန်းသီးထုတ်လေးအား စာရေးခုံပေါ်တင်ကာပြောလာသော လင်ဒရူးမသည် အကို့ရှေ့ဆိုတော့ မခုတ်တတ်တဲ့ ကြောင်မကြီးပေါ့။ တွေ့အုံးမယ် ကြောင်မကြီးရေ။ မင်းနဲ့ငါနဲ့တော့ ဒီတစ်ခါအတည်တွေ့အုံးမယ် ။
Jung kook အနည်းငယ် စိတ်ရှုပ်သွားသည်။ ဒီလိုမျိုး သူ့အမေက လမ်းကြုံပါးပါ့မလား။ ကိုယ့်အမေအကြောင်း ကိုယ်အသိဆုံး။ ကိုယ့်ဟာကိုယ်ဝယ်ပြီး အမေ့ကိုလွှဲချနေသော ကောင်မလေးကြောင့် Jung kook မှာ ရယ်ရခက် ငိုရခက်။
“ အကိုက ပန်းသီးမကြိုက်ဘူး။ "
ထွက်လာသော စကားသံလေးကြောင့် Jung kook မျက်လုံးတွေ ကောင်လေးဆီ ပြန်အပ်လိုက်သည်။
“ နင်နဲ့ဘာဆိုင်လို့လဲ? "
ဒီကြောင်မကြီး အကိုနဲ့သူ့အကြောင်းကို မသိသေးတဲ့ပုံပဲ။ ပြောပြမယ်။ ပြောပြအုံးမယ်။ တစ်ဆင့်ချင်းစီပေါ့။ ဟားဟား။
“ နင်ကရော ဘာဆိုင်လို့ delivery လာလုပ်နေတာလဲ? "
“ oppa အမေက လာပို့ခိုင်းလို့! "
“ ဟုတ်ရဲ့လား။ "
တစ်ခွန်းမကျန် ရန်ပြန်တွေ့နေတဲ့ ကောင်လေးကိုပဲ Jung kook ပြုံးပြုံးကြီးပဲကြည့်နေလိုက်သည်။ ဝင်မတားပါဘူး။ ကောင်လေးစိတ်ချမ်းသာဖို့က အဓိကမို့ ။
“ နင်ဘာစကားပြောတာလဲ။ "
“ Karea လိုပြောလိုက်တာပဲလေ။ နားမလည်ဘူးလား? "
ခေါင်းလေးယမ်းကာ ဆရာကြီးပုံစံလုပ်နေတဲ့ ကောင်လေးကြောင့် Jung kook အသံမထွက်မိအောင် လက်နဲ့ပိတ်ကာရယ်လိုက်သည်။ အာ တကယ်ချစ်ဖို့ကောင်းလိုက်တာ။
“ ဒါနင့် ကိစ္စမဟုတ်ဘူး။ နင်ဖယ်နေ။ "
“ ဖယ်ရအောင် ဒါငါ့နေရာလေ။ "
“ အရူးလိုလိုနဲ့။ "
“ နင်ကမှ ကြောင်မကြီး! "
“ ဘာ! "
Jieun သည် လက်တပြင်ပြင်နဲ့ ရိုက်ချင်နေသောပုံ။ ကောင်လေးကလည်း ရိုက်ရဲရင်ရိုက်လေ ဟူသော အထာဖြင့် လက်ပိုက်ကာ ခေါင်းတောင် မော့ထားသေးသည်။
“ အားတိုင်း Jung kook oppa နားပဲကပ်မနေနဲ့။ ကိုယ့်နေရာကိုယ်သိ။ ကိုယ့်အခန်းကိုယ်နေ။ "
Jimin သည်ကိုယ်ကသာ ကြောမယ် ကိုယ့်ကိုသော လာကြောတာမကြိုက်သူပြီပြီ ဒေါသများထွက်ချေပြီ။ စိတ်ရှိလက်ရှိတာ လုပ်လိုက်ရင်တော့လား ကြောင်မကြီးတော့နာတော့မယ်။ အဟင်း။ စိတ်လျော့ စိတ်လျော့။ ပါးတွေဘာတွေ ရိုက်မနေတော့ဘူး။ အနုနည်းနဲ့အရမ်းထိမဲ့နည်းကိုပဲ သုံးပေးမယ် ကြောင်မကြီး ။
“ အကို့။ ပြောကူပါအုံး.. ကိုယ့်အခန်းကိုယ်နေတဲ့ ကလေးကို ။ ကိုယ့်ချစ်သူနားကိုယ်ကပ်နေတာလေ...။ ကလေးဘာမှားလို့လဲ။ "
အဝါရောင်လေးသည် မျက်လုံးလေး ပေကလပ် ပေကလပ်လုပ်ကာ ၊ ထိုင်ကြည့်နေသော Jung kook ရဲ့လက်မောင်းတစ်ဖက်အား မှီချလိုက်တော့ မာဖီးယားကြီးသည် အံ့ဩကာ အသဲတွေ တဖြုတ်ဖြုတ်ကြွေ။ ဒီ ကျူးလစ်ဝါဝါလေးက အရောင်မျိုးစုံပါလား။
တဖြုတ်ဖြုတ်ကြွေနေတဲ့ အသဲတွေကို ခနရပ်ကာ အဝါရောင်လေးဘက် တိုက်စစ်ကူရတော့သည် ။ တကယ်လည်း အဝါရောင်လေးကို အဲ့လိုပြောတာတော့ မာဖီးယားကိုယ်တိုင်လည်း မခံနိုင်ပါ။ ပျော်ပါစေဆိုပြီး လွှတ်ထားပေးပေမဲ့ အဝါရောင်လေး မဲ့ပြတဲ့အခါ အမဲရောင်လေးသည် ကမ္ဘာပြိုရတော့သည်။
ကြောင်မကြီးသည်လည်း အဝါရောင်လေးအပြုအမူကို အံ့ဩစွာ ကြောင်ကြည့်နေလျက်။
“ အကို့ကောင်လေး အကို့ချစ်သူက အကို့အခန်းထဲလာတာ ဘာများမှားသွားလို့လဲ jieun ။ "
Jung kook ရုပ်တည်နဲ့ပြောလိုက်တော့ ကောင်မလေးသည်
ခပ်ကြောင်ကြောင်။
“ ဘယ်လို...oppa .."
ဒီလောက်ပေါ်လွင်အောင်ပြောနေတာ နားမလည်ဘူးလား ကြောင်မကြီးကတော့ဟု jimin စိတ်ထဲတွင် ပြောပစ်လိုက်သည်။ အပြင်မှာတော့ အကို့လက်ကိုမှီထားလျက် ညှိုးညှိုးငယ်ငယ်မျက်နှာလေးနဲ့။ အဝါရောင်လေးသည် ထိုသို့သော ကလီကမာလေးပါ။
“ jimin က ကိုယ့်ချစ်သူပါ။ ကျေးဇူးပြုပြီး jimin စိတ်ညစ်စေမဲ့စရာမျိုးကို Jieun ကရှောင်ကြဉ်ပေးပါ။ "
“ ရှင် "
“ ပန်းသီးကိုလည်း ပြန်ယူသွားလိုက်ပါ။ "
ကောင်မလေးသည် မယုံကြည်ခြင်းများနဲ့ ဘာမှမပြောနိုင်။ ပန်းသီးထုတ်လေးကိုသာ ဆွဲ၍ တရွေ့ရွေ့နဲ့ပြန်ထွက်သွားတော့သည်။
Jimin သည် အားရပါးရ ရယ်ချင်စိတ်ကို မနည်းထိန်းထားလိုက်ရသည်။ မှတ်ပလား ကြောင်မကြီး။
တွေးလို့မှ မဆုံးသေး နှဖူးပြင်သည် ပူခနဲ။
“ အ့! ဘာလို့ကျွန့်တော့် နဖူးကို တောက်ရတာလဲ။ "
“ မြေခွေးလေးလုပ်မနေနဲ့။ ကိုယ်သိတယ်နော်။"
“ ဘာဖြစ်လဲ။ "
နှဖူးပြင်ကို လက်နဲ့ပွတ်ကာ နှခမ်းဆူဆူနဲ့ ပြောလာသော ကောင်လေးသည် တကယ် တကယ်ကို အသဲယားဖွယ်။
“ သွားတော့မယ်။ "
“ ဘယ်သွားမလို့လဲ..."
ထွက်သွားဖို့ပြင်နေတဲ့ အဝါရောင်လေးလက်ကို ဆွဲလိုက်တော့ မျက်စောင်းနဲ့ကြည့်လာပြန်သည်။ သူ့ကောင်လေးက နဂါးလေးများလား။
“ ကိုယ့်အတန်း ကိုယ်သွားမလို့ပေါ့...."
“ စိတ်ဆိုးသွားတာလား..."
“ မဆိုးပါဘူး။ စိတ်ကောက်တာ..."
လက်ကိုဖယ်ချကာ လုံးလုံး လုံးလုံးနဲ့ထွက်သွားသော နဂါးလေးကိုကြည့်ကာ Jung kook အသံထွက်အောင်ရယ်မိတော့သည်။ လူကို ပါးစပ်ပိတ်ချိန်တောင်မပေးဘူး။ အမြဲပြုံးပြုံးကြီးဖြစ်အောင် နဂါးလေးက သိပ်လုပ်တာပဲ။
Tae hyungကိုကြည့်မိပြန်တော့ ရယ်နေရာမှ သူပါ ငိုင်ငိုင်ကြီးဖြစ်သွားတော့သည်။ သေသောသူ ကြာရင်မေ့တဲ့။ တစ်လပဲရှိသေးတာပါ။ ကြာရင်တော့ နေသားကျသွားမှာပါ။ ထင်ရသာပါပဲ။
: Happy jk day!!🤍
: ပြန်လာပြီနော်။ ကြာသွားလား။
: ဖြေးဖြေးချင်းဆီ ပြန် up ပေးမယ်နော်။
နေကြာလေးရောပဲ🌻။
#########################
To❤️Kim Tae hyung and Jeon Jung kook
/ မင်းတို့ရဲ့hyung /
“ အင်း "
.......................
Two days later....//
“ ဟုတ်ကဲ့။ "
တောက်ပနေသော ကြယ်။
လင်းလက်နေသော ကြယ်။
တောင်းပန်လိုက်ပါတယ်...။
“ ချစ်တယ်... hyung.."
.....................................။
အသံကြည်ကြည်လေးတွေ။
အိပ်နေတတ်သည်။
“ အကို...ဒီမှာ။ "
“ ဘာစားပြီးပြီလဲ jimin...။ "
“ အကိုရော? "
“ ဘာမှမစားရသေးဘူးမလား? "
“ အကဲပိုမနေနဲ့။ "
“ နာတယ် ကလေးရဲ့ "
“ နာအောင်ရိုက်တာလေ။ နာမှာပေါ့။ "
“ ဘယ်လိုတွေဖြစ်နေတာလဲ။ "
“ အနိုင်ကျင့်လိုက်တာ..."
“ ရော့...သောက် "
“ သောက်လို့! "
“ Jung kook oppa.."
“ နင်နဲ့ဘာဆိုင်လို့လဲ? "
“ ဟုတ်ရဲ့လား။ "
“ နင်ဘာစကားပြောတာလဲ။ "
“ ဒါနင့် ကိစ္စမဟုတ်ဘူး။ နင်ဖယ်နေ။ "
“ အရူးလိုလိုနဲ့။ "
“ နင်ကမှ ကြောင်မကြီး! "
“ ဘာ! "
ခပ်ကြောင်ကြောင်။
“ ဘယ်လို...oppa .."
“ ရှင် "
“ ဘာဖြစ်လဲ။ "
“ သွားတော့မယ်။ "
“ ဘယ်သွားမလို့လဲ..."
“ စိတ်ဆိုးသွားတာလား..."
“ မဆိုးပါဘူး။ စိတ်ကောက်တာ..."
: Happy jk day!!🤍
: ပြန်လာပြီနော်။ ကြာသွားလား။
နေကြာလေးရောပဲ🌻။