Two Men In One Look (Complete...

By Galaxie_Genie

7.3K 1K 518

There was a story about two men who fell in love with the same man But their story had already been a sad end... More

Chapter 0
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22(Final)
Extra 1(20th Century)
နှုတ်ဆက်စကား

Chapter 13

235 33 14
By Galaxie_Genie

Unicode

ဗလာနယ်မြေထဲအညိုရောင်တွေစွန်းထင်းနေခဲ့တယ်

"အစ်ကိုထွက်မသွားပါဘူး မငိုပါနဲ့တော့"

ဝိန်း၏ရင်ခွင်ထဲတွင်ဂျီမင်းသည်လုံးလုံးလျားလျားနစ်မြုပ်နေသည်။အချိန်အတော်ကြာသည်အထိဝိန်းကသူ့ကိုလွှတ်မပေး။

အလွမ်းသယ်သည့်အရှိန်ရပ်သွားပြီဖြစ်၍အနည်းငယ်အိုးတိုးအမ်းတမ်းခံစားလာရကာရှက်ပင်ရှက်လာရသည်။
ထို့ကြောင့်သူ၏လက်ကိုမြှောက်လိုက်ကာအတင်းကာရောဖက်ထားသောဝိန်း၏လက်မောင်းကိုခပ်ဖွဖွပုတ်လိုက်သည်။ဒီအချိန်မှသာဝိန်းကသူ့ကိုလွှတ်ပေးလိုက်သည်။

"အမ် အဟမ်း..."

ဝိန်းကသူ့ကိုလွှတ်လိုက်သည့်အချိန်တွင်ဂျီမင်း၏မျက်နှာကခရမ်းချဉ်သီးတစ်လုံးကဲ့သို့ပင်နီရဲနေသည်။

"ကျွန်တော်...ကိုယ်...?"

"ရ..ရပါတယ်..အရင်ကလိုပဲဆက်ဆံပါ"

ယခုအချိန်တွင်ဂျီမင်းသည်သူ၏မျက်နှာကြီးကိုတစ်နေရာရာသို့သာသွားပြီးအပ်ထားလိုက်ချင်တော့သည်။
ဝိန်းကိုကြည့်လေ ပို၍ရှက်လာရလေပင်။

ဝီလီယမ်ကသူဆိုတာလက်ခံလိုက်ရပြီးနောက်ပိုင်းဝိန်းရဲ့အကြည့်များကယခင်ကနှင့်မတူတော့ပေ။
ချက်ချင်းဆိုသလိုချစ်ခြင်းများကပျော်ဝင်လာပြီးနူးညံ့မှုများပြည့်လျှံသွားရသည်။

အော် တတ်လည်းတတ်နိုင်ပါပေ့။

"မင်းကတကယ်ကိုပဲအစ်ကိုပေါ့လေ"

ဝိန်းကဂျီမင်း၏ပါးပြင်ကိုခပ်ဖွဖွပွတ်ကာစိုက်ကြည့်ရင်းမေးသည်။

"၂၁ရာစုကအစ်ကိုကမင်းပဲကိုး
၂၁ရာစုကအစ်ကိုကဒီလိုမျိုးလား"

"ဘာဖြစ်လို့လဲ"

"ကိုယ်နည်းနည်းတော့မကြိုက်ပေမယ့်အစ်ကိုဖြစ်နေတော့ချစ်ပါတယ်"

"ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ
ဘယ်သူကအတင်းကြိုက်ခိုင်းနေလို့လဲ"

"မင်းကရှပ်ပြာနိုင်တယ်လေ"

"မစ္စတာဝိန်း ကျွန်တော်က၂၀ရာစုတုန်းကဝီလီယမ်ပေမယ့်၂၁ရာစုမှာတော့ပတ်ဂျီမင်းပါပဲ
မစ္စတာဝိန်းကြိုက်တဲ့ပုံစံမဟုတ်ပါဘူး
ပြီးတော့မစ္စတာဝိန်းကကြိုက်တာမကြိုက်တာကိုလည်းကျွန်တော်ကဂရုမစိုက်ပါဘူး"

"ဟင့်အင်း အစ်ကိုဖြစ်နေသရွေ့ဘယ်လိုပုံစံပဲဖြစ်ဖြစ်ကိုယ်ကချစ်ပါတယ်"

ဝိန်းကတစ်ဖန်ဂျီမင်းကိုအနီးဆုံးသို့ဆွဲယူလိုက်ပြန်ပြီးပါးပြင်အားငြင်ငြင်သာသာတို့ထိကာနမ်းလိုက်သည်။
ထို့နောက်ဂျီမင်း၏အညိုရောင်ဆံနွယ်များကိုလက်ဖြင့်ကစားနေရင်းတိုးဖွဖွမေးလာသည်။

"အဲ့ဒီ၂၁ရာစုမှာရောကိုယ်ရှိလား
ကိုယ်နဲ့တွေ့ခဲ့လား"

ဂျီမင်းအသာခေါင်းခါပြလိုက်သည်။
ဝိန်းနဲ့တူတဲ့လူကိုလုံးဝ၂၁ရာစုမှာမတွေ့ခဲ့။တစ်ခါသောမျှမတည်ရှိခဲ့တာလည်းဖြစ်နိုင်သည်။

ဂျီမင်းခေါင်းခါလိုက်သည်ကိုမြင်လိုက်သောအခါဝိန်း၏မျက်နှာသည်အနည်းငယ်ညှိုးနွမ်းသွားသည်။

"ကိုယ်မင်းကိုမတွေ့သေးတာလည်းဖြစ်နိုင်တယ်
ဘယ်ဘဝရောက်ရောက် ကိုယ်ကအစ်ကို့ကိုပဲအရင်ဆုံးရှာမှာ"

ဝိန်း၏လက်တို့ကသူ၏ဆံနွယ်များကိုအဆက်မပြတ်ဆော့ကစားလျက်ရှိပြီးဂျီမင်းကိုတစ်ချက်တစ်ချက်ငုံ့ကြည့်ကာနှုတ်ခမ်းတို့အားငုံထွေးလေသည်။
ဝိန်းသည်ဖီးလီးယက်စ်၏ခန္ဓာကိုယ်ကိုထိတွေ့နေသည့်တိုင်သူတို့စတွေ့တုန်းကအထိအတွေ့များနှင့်လုံးဝမတူပေ။အလွန်ငြင်သာပြီးစစ်မှန်လွန်းနေသည်။

ဂျီမင်း၏နှလုံးသားသည်လည်းကာယကံရှင်ကအဖြောင့်ဟုကြွေးကြော်ထားပေမယ့်မြို့တော်ဝန်ကြီး၏စစ်မှန်မှုများထဲတဖြည်းဖြည်းဖြင့်ပျော်ဝင်လာခဲ့ပြီးဖြစ်လေသည်။
သတိမထားမိလိုက်သည့်အချိန်တိုလေးအတွင်းမှာတင်သူသည်ဝိန်း၏အနမ်းများကိုတစ်ချက်နှစ်ချက်မျှတုံ့ပြန်လိုက်ပြီးပြီ။

"ဒါနဲ့ကိုယ်အစ်ကို့ကိုရှာတွေ့ပြီ"

"အမ် ဝီလီယမ်ကိုလား
သူဘယ်မှာလဲ"

"လန်ဒန်မှာရှိနေတယ်တဲ့ လူလွှတ်ပြီးစောင့်ရှောက်ခိုင်းထားတယ်
အစ်ကို့ဆီကိုကိုယ်မသွားခင်တခြားလုပ်စရာကိစ္စတစ်ခုရှိတယ် ပြီးတော့မြို့တော်ဝန်အလုပ်တွေကအရမ်းကျပ်နေတာ လန်ဒန်ကိုသွားချင်တိုင်းသွားလို့မရဘူး"

"ဝိန်း ကျွန်တော်ပြောစရာရှိတယ်"

"အင်း ပြောလေ"

"ကျွန်တော်ဘယ်လိုပဲတွေးတွေး မသင်္ကာဘူး
ဟိုစာအုပ်ကိုကျွန်တော်နောက်တစ်ခေါက်ကြည့်လို့ရနိုင်မလား"

"ဘာဖြစ်လို့လဲ"

"ကျွန်တော် ဝိန်းကိုပြောခဲ့တယ်မလား
စာအုပ်ကကျွန်တော့်ကိုခေါ်နေတယ်
သူပြချင်တာတစ်ခုခုရှိလို့နေမယ်"

"ကိုယ်မင်းကိုခွင့်ပြုရင်တောင်အဲ့စာအုပ်ကိုနောက်တစ်ခေါက်ဖွင့်ဖို့ကမဖြစ်နိုင်ဘူး"

"ကျွန်တော်ကြိုးစားကြည့်လို့ရနိုင်တာပဲ"

"သွေးစည်းနဲ့ချိပ်ပိတ်ထားတယ်
အသုံးပြုနေတဲ့ကာလမှာဘယ်သူကမှဖွင့်လို့မရဘူး
အကယ်၍မင်းစမ်းကြည့်ချင်တယ်ဆိုရင်တော့သေတ္တာကဖွင့်ဖို့သော့ကိုကိုယ့်စာကြည့်စားပွဲပေါ်ကအစ်ကို့ဓာတ်ပုံဘောင်ထဲမှာယူလို့ရတယ်"

"ကျွန်တော်...အဲ..ဝီလီယမ်ကိုဘယ်တော့သွားရှာကြမလဲ"

"နောက်ရက်နည်းနည်းကြာရင်ကိုယ်အကြောင်းတစ်ခုခုရှာပြီးလန်ဒန်ကိုသွားမယ်
ဒီအတောအတွင်းမှာBook of Vincရဲ့ကိစ္စကိုအစဖော်တဲ့လူဆီကိုသွားပြီးစစ်ဆေးရဦးမယ်"

"ဝိန်းအခုသွားမှာလား"

"အင်း ခဏပါပဲ"

"ဒါဆိုကျွန်တော်စာအုပ်ကိုကြည့်ဦးမယ်"

"ကိုယ် အစ်ကို့ကိုတွေ့ရဖို့မစောင့်ချင်တော့ဘူး
မင်းလည်းဒီရာစုရဲ့မင်းကိုတွေ့ချင်မယ်လို့ထင်တယ်"

"တွေ့ချင်တယ် ပြီးရင်မေးချင်သေးတယ်
ဘာလို့တုံးပြီးခင်ဗျားကိုထားခဲ့လဲဆိုတာ"

"အစ်ကို့မှာလည်းအကြောင်းတွေရှိခဲ့မှာပါ
ကိုယ်သိပါတယ် အစ်ကိုကအကြောင်းမဲ့ဒီလိုမျိုးလုပ်မှာမဟုတ်ဘူး"

ဝိန်းကပြုံးကာသူ၏ဆံနွယ်စများကိုဖွလိုက်ပြီးဆံပင်စပ်ကြားရှိဦးရေပြားနေရာလေးကိုထိရုံမျှနမ်းသွားသည်။
ဂျီမင်းမှာတစ်ကိုယ်လုံးဓာတ်လိုက်သလိုခံစားလိုက်ရသည့်အတွက်တုန်တောင်တုန်တက်သွားရသည်။
နွေးထွေးမှုလေးကသူ့နဖူးထက်မှာတစ်ဝေ့ဝေ့စွဲထင်ကျန်ရစ်လို့နေခဲ့ပေသည်။

_____

ဇူဘန်ဇကာအကျဉ်းထောင်...

ဝိန်းသည်ရှေ့ရှိစားပွဲကိုငေးကြည့်နေရင်းမှပင်တစ်ခုခုကိုစဉ်းစားနေပုံရသည်။
သူ၏မျက်နှာကရေပြင်ညီလိုတည်ငြိမ်လျက်ရှိပြီးတင်းမာနေသည်။လက်ထဲတွင်လည်းသစ်ကြားသီးနှစ်လုံးကိုကိုင်ထားလျက်ရှိပြီး၎င်းတို့ကိုလှည့်ကာကစားနေသည်။

သူစောင့်နေသောအချိန်အတွင်းမှာဝယ်တစ်ဖက်ခြမ်းမှအကျဉ်းသားဝတ်စုံဝတ်ထားသောလူတစ်ယောက်ကအေးအေးလူလူ သူရှိရာနေရာသို့လျှောက်လာပြီးထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။ဝိန်းကအခြားအဖက်ခြမ်းရှိရဲသားတစ်ယောက်ကိုမျက်ရိပ်ပြလိုက်သောအခါထိုရဲသားကအလိုက်တသိပင်အခန်းထဲမှထွက်ခွာသွားလေသည်။
ယခုသူတို့နှစ်ယောက်ကြားတွင်သံဇကာတစ်ချပ်သာကွာခြားတော့သည်။

ထိုလူ၏မျက်လုံးအစုံတို့မှာပတ်ဝန်းကျင်သို့ဝေ့ဝိုက်ကစားလျက်ဂဏာမငြိမ်ပဲရှိလေသည်။
သည့်အပြင်သူ၏နှုတ်ခမ်းဝတွင်လည်းလှောင်ပြုံးတစ်ခုကိုချိတ်ဆွဲထားသေး၏။
ထိုလူမှာကားအခြားမဟုတ်၊နယ်ပယ်ပေါင်းဟိုးလေးတကျော်ကျော်ဖြစ်ပါသည့်သတင်းဖြန့်ချီသူဂျိမ်းဝက်စတန်ပင်ဖြစ်တော့သည်။

"မြို့တော်ဝန်ကြီးကဒီအထိတောင်တကူးတကလာတွေ့ရတယ်ဆိုတော့ဘာတွေများကိစ္စရှိလို့ပါလဲ"

"ငါမင်းကိုမေးစရာရှိတယ်"

"ကျွန်တော်ကတော့အမှန်ကိုဖြေချင်မှဖြေမှာ"

"ကိစ္စမရှိဘူး"

"ဒါဆိုကောင်းပြီလေ"

ဝိန်းကဂျိမ်း၏မျက်လုံးများကိုစိုက်ကြည့်လိုက်သည်။
ဝိန်းမျက်ဝန်းများ၏အရှိန်အဟုန်ပြင်းမှုကတစ်ဖက်လူမျက်နှာတောင်ပေါက်ထွက်သွားတော့မလိုလို။

"မင်း Book Of Vincရဲ့သတင်းစကားကိုဘယ်သူ့ဆီကိုရောင်းလိုက်တာလဲ"

"အိုး အဲ့ဒီခင်ဗျားထိန်းသိမ်းထားတဲ့စာအုပ်ကိုပြောနေတာလား"

"..."

"အမှန်ပဲ ကျွန်တော်တစ်စုံတစ်ယောက်ကိုရောင်းလိုက်တယ်
သိတဲ့အတိုင်းကျွန်တော်ကသတင်းဖြန့်ချီသူလေ
အဲ့ဒီတော့စာအုပ်ကခင်ဗျားဆီမှာပါရှိတယ်ဆိုတဲ့အကြောင်းထပ်ပြီးရောင်းလိုက်တယ်"

"ဘယ်သူ့ဆီကိုလဲ"

"ကျွန်တော်ကဘာကိစ္စပြောရမှာတုန်း
အကျိုးအမြတ်မရှိဘဲအလုပ်မလုပ်ဘူး"

"ငါကလည်းအတုံ့အပြန်မရှိဘဲအလုပ်မလုပ်တတ်ပါဘူး"

"ဆိုတော့မြို့တော်ဝန်ကြီး ခင်ဗျားမှာဘာတွေကမ်းလှမ်းစရာရှိလဲ"

ဂျိမ်းကရယ်ရယ်မောမောပင်ဝိန်းကိုကြည့်ကာပြောလေသည်။ဝိန်းကိုယ်တိုင်သည်လည်းအပြုံးမမည်သောအပြုံးတစ်ခုဖြင့်ဂျိမ်းကိုပြန်လည်၍ပြုံးပြလိုက်သည်။
ထိုအပြုံးသည်သာမန်လူအဖို့ရိုးရိုးအပြုံးတစ်ခုသာဖြစ်သော်လည်းအကြောင်းသိသူအဖို့ကတော့ကျောပြင်တစ်ခုလုံးကြက်သီးတဖြန်းဖြန်းထသွားစေသည်။

"ဂျိမ်းဝက်စတန် ငါဒီကိုဘာမှမပြင်ဆင်ဘဲလာခဲ့တယ်လို့မင်းထင်နေတာလား"

ဝိန်းကသစ်ကြားသီးကိုခွာနေရင်းတန်းလန်းဂျိမ်းကိုတစ်ချက်မျှကြည့်ကာပြောလိုက်သည်။
သူ၏လက်ချောင်းများကအင်မတန်အေးဆေးနိုင်လှပြီးသစ်ကြားသီး၏အခွံများအားတစ်စချင်းစီဖဲ့ခြွေနေသည်။

"ဒါပေါ့ ဒါပေါ့ဗျာ
မြို့တော်ဝန်ဝိန်းကဉာဏ်ထက်မြက်တဲ့လူဆိုတာကျွန်တော်သိပြီးသားပါ ဒါကြောင့်လည်းကျွန်တော်ကခင်ဗျားနဲ့ခင်ဗျားရဲ့အဲ့ဒီ..ဘာလဲ..စုံထောက်ဆီမှာလွယ်လွယ်ကူကူအဖမ်းခံရပြီးဇူဘန်ဇကာကိုရောက်လာတာပဲလေ
အံ့သြစရာမရှိပါဘူး"

"ဒါဆိုမင်းဘာကြောင့်ငါ့ကိုမပြောပြတာလဲ"

"ဖောက်သည်တွေရဲ့အချက်အလက်ဆိုတာလူတိုင်းကိုပြောလို့မရဘူး ထိန်းသိမ်းထားရတယ်"

"အမန်ဒါဝက်စတန်ကမင်းရဲ့ညီမ မဟုတ်လား"

ဂျိမ်း၏သရော်နေသောအပြုံးမှာချက်ချင်းရပ်တန့်သွားရသည်။သို့သော်ဂျိမ်းမှာအကင်းပါးသူပီပီထိုအပြုအမူကစက္ကန့်ပိုင်းလေးအတွင်းမှာတင်ပျက်ပျယ်သွားသည်။
သူကဂရုမစိုက်သလိုပုံစံဖမ်းပြီး၎င်းကိစ္စကသူ့အတွက်ဘယ်လောက်မျှအရေးမပါသည့်နှယ်ဆက်လက်ရယ်နေလိုက်သည်။

ဂျိမ်းသည်ရယ်နေသော်လည်းရင်ထဲကအပူမီးကတမြေ့မြေ့လောင်ကျွမ်းနေသည်။
ဝိန်းကလည်းဂျိမ်း၏ဖြစ်အင်အားသတိထားမိဟန်ရသည်။

"ဒီတော့မင်းငါ့ကိုပြောပြလိုက်တာအကောင်းဆုံးပဲ"

"သူကကျွန်တော့်ညီမမဟုတ်ဘူး
အမန်ဒါဆိုတာဘယ်သူမှန်းတောင်ကျွန်တော်မသိဘူး"

"အဟက်..."

ဝိန်းသည်တစ်ချက်မျှရယ်မိသွားသည်။
၄င်းဂျိမ်းဝက်စတန်မှာအလွန့်အလွန်သရုပ်ဆောင်ကောင်းလွန်းလှသည်။
သူ့ညီမအမန်ဒါကိုယ်တိုင်ကဝန်ခံထားပြီးတာတောင်သူကမသိဟူ၍ငြင်းချင်သေးသည်။

"တော်ပြီ အချိန်ကုန်တယ်
မင်းငါ့ကိုမပြောဘူးဆိုရင်မင်းညီမကို..."

ဝိန်းကဆက်မပြောတော့ဘဲရပ်ထားလိုက်ကာလက်ထဲရှိကျန်ရှိနေသောနောက်ဆုံးသစ်ကြားသီးကိုလက်ဗလာဖြင့်ခြေမွလိုက်သည်။သစ်ကြားသီးခွံအစများမှာဝိန်း၏လက်ကြားထဲမှာပျံ့ထွက်လာပြီးစားပွဲပေါ်သို့ပြုတ်ကျသွားသည်။

"ခင် ခင်ဗျား ဒီလိုပက်စက်ယုတ်မာတဲ့လူ
ခင်ဗျားမြို့တော်ဝန်တောင်ဖြစ်သင့်ရဲ့လား"

"မင်းငါ့ကိုကောင်းကောင်းမွန်မွန်ပြောပြလိုက်ရင်အဆင်ပြေနေတာပဲ မင်းရဲ့ညီမကလည်းသတင်းဖြန့်ချီသူပဲမလား
သတင်းရောင်းလိုက်တဲ့လူကိုပြောပြရင်မင်းရဲ့ညီမဒီထောင်ထဲမရောက်စေရဘူး
ဒါငါ့ရဲ့ကမ်းလှမ်းမှုပဲ"

ဝိန်းကသူ၏လက်နှစ်ဖက်အချင်းချင်းပွတ်ကာအမှုန့်များကိုခါလိုက်သည်။ဂျိမ်း၏မျက်နှာမှာပြုံးရွှင်နေရာမှဒေါသအမျက်ခြောင်းခြောင်းထွက်နေသည့်အနေအထားသို့ပြောင်းလဲသွားသည်။

ဂျိမ်းကသူ၏ကိုယ်ရေးရာဇဝင်နှင့်ပက်သက်၍ဘယ်တုန်းကမှထုတ်ဖော်လေ့မရှိ။
သူတင်မဟုတ် သတင်းဖြန့်ချီသူအားလုံးလိုလိုကသူတို့၏ကိုယ်ရေးအချက်အလက်များသည်အထူးလုံခြုံမှုရှိသည်ဟူ၍ထင်မှတ်ကြစမြဲပင်။
အဘယ်ကြောင့်ဆိုသော်သတင်းဖြန့်ချီသူများသည်အလင်းထဲကလှုပ်ရှားကြသူများမဟုတ်၊အမှောင်ထဲကထောင့်တစ်နေရာမှလှုပ်ရှားကြသူများဖြစ်နေသောကြောင့်ဖြစ်သည်။

လူတွေ့မခံ အမြင်မခံသောကြွက်စုတ်လိုလူစားမျိုးဖြစ်ရာသတင်းဖြန့်ချီသူများကိုမည်သူကမျှမဖမ်းမိသလိုသတ်ဖို့လည်းမကြိုးစားနိုင်ခဲ့ပါချေ။ဤသို့ဖြင့်ဗြိတိန်၏နယ်မြေတစ်လွှားတွင်သတင်းဖြန့်ချီသူများကနေရာအနှံ့အပြားတွင်ပေါ်ပေါက်လာပြီးအတွင်းမှနေ၍ကောင်းကောင်းကြီးလှိုက်စားနေခဲ့သည်မှာယခုထက်ထိအောင်ပင်ဖြစ်သည်။

"ခင်ဗျားမှာတစ်ခုခုရှိနေတယ်
ဒါကိုကျွန်တော်ခံစားမိတယ်"

"မင်းသိစရာမလိုပါဘူး"

"အမန်ဒါကခင်ဗျားလက်ထဲမှာလား"

ဝိန်းကဘာမှပြန်မပြောဘဲဟုတ်မှန်ကြောင်းထောက်ခံသည့်အနေဖြင့်ခေါင်းတစ်ချက်သာငြိမ့်ပြလိုက်သည်။

"ဒါဆိုရင်...အင်း..."

"ဂျိမ်း မင်းနဲ့စကားပြောရတာငါ့ရဲ့အချိန်တွေသိပ်ကုန်တာပဲ
မပြောနိုင်ဘူးဆိုလည်းထားလိုက်တော့
ဒီနေရာမှာမကြာခင်မင်းညီမကိုတွေ့ဖို့သာပြင်ထားပါ"

ဝိန်းကပြောပြောဆိုဆိုပင်ထပြန်ရန်ခြေလှမ်းစလိုက်သည်။သူအခန်းထဲကမထွက်ခင်မှာပဲနောက်ကျောဘက်ဆီမှပျံ့လွင့်လာသောဂျိမ်း၏စကားသံကိုကြားလိုက်ရသည်။

"အဲ့ဒီသူကိုကျွန်တော်မမြင်ရဘူး
ဒါပေမယ့်သူကမိန်းကလေးတစ်ယောက်ဆိုတာကိုတော့သိတယ် သူမကပြောတယ် ဒီသတင်းစကားကိုသူ့တစ်ယောက်ဆီပဲရောင်းရင်ရွှေချိန်တစ်ရာပေးမယ်တဲ့
နောက်ပြီးဒီကိစ္စအခြားသူတွေဆီပါပေါက်ကြားလို့မဖြစ်ဘူး မင်းရဲ့အလုပ်ကိုကောင်းကောင်းလုပ်ပါလို့သူမကပြောခဲ့တယ်

အဲ့ဒီအချိန်တုန်းကတော့ကျွန်တော်ကBook Of Vincရဲ့အကြောင်းကိုကြားဖူးနားဝပဲရှိသေးတာ
ခင်ဗျားလက်ထဲမှာမှန်းလည်းမသိဘူး
ဒါပေမယ့်သဲလွန်စတွေကလည်းရှိတယ်လေ

ကျွန်တော်လူတိုင်းနဲ့ချိတ်ဆက်ပြီးစုံစမ်းတော့အဲ့ဒီစာအုပ်အကြောင်းကရေးတေးတေးပေါ်လာတော့တာပဲ
တည်နေရာကိုလည်းကျွန်တော်သိလိုက်ရတယ်
ဒါပေမယ့်တည်နေရာကတိတိကျကျမရှိဘူး
ဘာတွန်နားလို့ပြောကြတယ်"

"ဘယ်သူကသိနိုင်မှာလဲ
စာအုပ်ကဘာတွန်ရဲ့မြို့တော်ဝန်ကြီးဆီမှာရှိနေတာကိုးဗျ ဒါနဲ့နောက်တော့ကျွန်တော်သူမနဲ့ဆက်သွယ်လိုက်တယ်
လိုချင်တဲ့အချက်အလက်တွေအကုန်ရပြီလို့လေ
သူမအဲ့နေ့ကရောက်လာတယ်

ထုံးစံအတိုင်းကျွန်တော်သူမကိုမမြင်ရပါဘူး
တည်နေရာကိုပါသိပြီလို့ကျွန်တော်ပြောတော့သူမကဘယ်မှာလဲမေးတယ် ကျွန်တော်ကဘယ်မှာလွယ်လွယ်ပြောပြပါ့မလဲ
ဒါနဲ့သူမကနောက်ထပ်ရွှေချိန်တစ်ရာထပ်ပေးပြန်တယ်
အဲ့ဒါကြောင့်ပဲစာအုပ်ကဘာတွန်မြို့တော်ဝန်လက်ထဲမှာရှိနေကြောင်းကျွန်တော်ရောင်းခဲ့တယ်"

"ကျွန်တော်သိတာဒါအကုန်ပဲ"

"အဲ့ဒီသူ့နဲ့ပက်သက်ပြီးထင်ရှားတဲ့အမှတ်အသားမတွေ့ခဲ့ဘူးလား"

"ဒါတွေကလွန်ခဲ့တဲ့၅နှစ်ကျော်ကကိစ္စတွေလေ
ကျွန်တော်ဘယ်လိုလုပ်များမှတ်မိနိုင်ပါ့မလဲ
ဇာတ်ကြောင်းပြန်ပြောပြနိုင်တာတင်ကျေးဇူးတင်..အမ်..နေဦး..သူမရဲ့ခေါင်းမှာငှက်မွှေးတစ်ချောင်းရှိတယ်
နောက်ပြီးကျွန်တော်ပြန်စဉ်းစားကြည့်တာအဲ့နေ့ကသူမမုဆိုးမအင်္ကျီကိုဝတ်ထားတယ်
သူကမုဆိုးမတစ်ယောက်ဖြစ်မယ်လို့ထင်တယ်"

"ဒါဆိုလုံလောက်ပြီ"

"ကျွန်တော့်ဘက်ကကိစ္စပြီးသွားတဲ့အတွက်အမန်ဒါ့ကိုပြန်လွှတ်ပေးပါ"

"ကောင်းပြီ"

ဝိန်းကတံခါးဝဆီကိုလျှောက်သွားသည်။
သူတံခါးကိုဆွဲဖွင့်လိုက်ပြီးနောက်ပါးသို့တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။
ဂျိမ်းဝက်စတန်မှာထိုင်မြဲအတိုင်းထိုင်နေလျက်ခေါင်းငိုက်စိုက်ချထားသည်။သူ၏ညီမ မလွတ်မြောက်မှာစိုးရိမ်နေပုံလည်းရသည်။

"ကောင်းမွန်တဲ့စကားဝိုင်းတစ်ခုဖြစ်ခဲ့ပါတယ်
မစ္စတာဝက်စတန်"

ထို့နောက်တွင်ဇူဘန်ဇကာအကျဉ်းထောင်၏တံခါးသည်ဒုန်းခနဲပိတ်သွားခဲ့လေတော့သည်။

____

ဂျီမင်းသည်စာကြည့်ခန်းတံခါးကိုဖြည်းညင်းစွာတွန်းဖွင့်လိုက်သည်။တံခါးကခပ်ရေးရေးလေးပွင့်ထွက်သွားပြီးနောက်ဝိန်း၏စာကြည့်စားပွဲနှင့်နောက်ဘက်ခြမ်းမှစာအုပ်စင်များကမြင်ကွင်းထဲရောက်ရှိနှင့်ပြီးဖြစ်လေသည်။

'ငါ့ကိုလာရှာပါ'

'ငါ့မှာပြောစရာတွေရှိနေတယ်'

ထပ်မံ၍အသံတစ်သံကသူ့နားထဲကိုတိုးညင်းစွာဝင်ရောက်လာသည်။ထိုအသံကအဝေးကပြောနေတာထက်သူ့နားအနီးတွင်တစ်ဝေ့ဝေ့ဝဲကာလေသံဖြင့်ပြောကြားနေသယောင်။
ဂျီမင်းသည်ကြောက်တတ်သူဖြစ်သဖြင့်သူ၏ခန္ဓာကိုယ်တစ်ကိုယ်လုံးရှိကြက်သီးမွှေးများကထိုအသံကြားရလေတိုင်းထောင်တက်သွားလေ့ရှိသည်။
သို့သော်ထိုအသံမှာကျင့်သားရနေပြီဖြစ်၍ယခင်ကလောက်တော့တုန်လှုပ်ခြင်းမရှိတော့ပါပေ။

ဂျီမင်းသည်စာကြည့်ခန်းထဲဝင်ပြီးဟိုကြည့်ဒီကြည့်လုပ်လိုက်သေးသည်။ဤအခန်းထဲသို့ဒုတိယမြောက်ခြေချမိခြင်းဖြစ်သော်လည်းအခန်းကပထမအကြိမ်နှင့်သိပ်မတူ။
ကိစ္စမရှိပါ ဝိန်းပြောင်းလိုက်တာဖြစ်နိုင်သည်။

စားပွဲပေါ်ရှိမှောက်ထားသောဓာတ်ပုံဘောင်လေးတစ်ခုကိုယူလိုက်သည်။
ဓာတ်ပုံဘောင်ထဲမှဝီလီယမ်ကမျက်လုံးများပိတ်အောင်အထိရယ်မောကာပြုံးရွှင်နေသည်။
ဂျီမင်းသည်ဓာတ်ပုံလေးကိုလက်ညှိုးဖြင့်ခပ်ဖွဖွတို့ထိမိလိုက်သည်။

သူဝီလီယမ်အဖြစ်ပြန်ရောက်ခဲ့သော်လည်းစန္ဒရားတီးခတ်သည့်မှတ်ဉာဏ်၊အကသင်ခဲ့သည့်မှတ်ဉာဏ်၊စတွေ့ခဲ့သည့်မှတ်ဉာဏ်ကလွဲ၍မည်သည့်အရာ ဘာဆိုဘာမျှမမှတ်မိပါ။အရေးကြီးသည့်အစိတ်အပိုင်းများကိုသူမမှတ်မိဘဲချိုမြိန်သောအကြောင်းအရာလေးများကိုပဲပြန်မှတ်မိနေသည်။

ဂျီမင်းသည်သူ့ခေါင်းသာသူတစ်ပတ်လည်သွားအောင်ရိုက်ပုတ်လိုက်ချင်သည်။
အဘယ်ကြောင့်များအရေးကြီးသည့်ဟာများကိုမမှတ်မိဘဲယခုအတွက်အသုံးမဝင်လှသည့်အနှီမြို့တော်ဝန်နှင့်ကလူ၏ကမြှူ၏ကိစ္စများကိုသာမှတ်မိနေရပါသလဲ။

အမှန်စင်စစ်ဂျီမင်း၏အတွေးမှာမှားသည်။
မည်သူကများဆိုးရွားစုတ်ပြတ်နေသည့်မှတ်ဉာဏ်အပိုင်းအစတွေကိုဦးနှောက်ထဲထာဝရသိမ်းဆည်းထားချင်မလဲ။ထို့အစားချိုမြိန်သောအရာလေးများကိုသာနည်းနည်းမျှရှိစေကာမူသေတစ်ဖန်တစ်သက်ဆုံးမှတ်ထားလိုက်သည်ကမှကောင်းသေးသည်။

"ဟူးးး ၂၁ရာစုကိုပြန်ချင်တယ်
ငါ့အိပ်ခန်းလေး ငါ့ဖုန်းလေး
ငါ့ရေခဲမုန့် ..."

ဤမျှလောက်ကိစ္စများစွာဖြစ်ပျက်ခဲ့ပြီးသော်လည်းဂျီမင်း၏၂၁ရာစုသို့ပြန်ချင်သောစိတ်ဆန္ဒမှာပြင်းပြစွာကျန်နေတုန်း။ဝိန်းကသူ့ကိုနမ်းနေသည် ဖက်နေသည်ကိုလက်ခံပေးထားသည်ကလည်းဝိန်း၏စိတ်ဒဏ်ရာကိုအနည်းငယ်လောက်ကုစားနိုင်မည်လားဆိုသည့်မျှော်လင့်ချက်နှင့်ပင်ဖြစ်သည်။

အတိတ်ကမိမိသည်ဝိန်းကိုမည်မျှပင်ချစ်ခဲ့သည်ဆိုဦးတော့။ယခုသူသည်ဝီလီယမ်အာသာမဟုတ်တော့။
၂၁ရာစုမှပတ်ဂျီမင်းသာဖြစ်လေ၏။
ထို့အပြင်သူသည်အဖြောင့်တစ်ယောက်ဖြစ်သည့်အတွက်ယောကျာ်းတစ်ယောက်နှင့်ကလူ၏ကမြှူ၏ကိစ္စများမှာသူနှင့်လုံးဝသက်ဆိုင်ခဲ့ခြင်းမရှိပါချေ။
သူ၏အလွန်အင်မတန်မှကောင်းမွန်လှသောစိတ်ထားကြောင့်သာဤကိစ္စရပ်များကိုလက်ခံထားခဲ့ခြင်းသာဖြစ်လေသည်။

ဓာတ်ပုံဘောင်အနောက်မှသော့ကိုထုတ်ယူလိုက်ကာကော်ဇောကိုလှန်လိုက်ပြီးအတွင်းမှသေတ္တာအားထုတ်ယူလိုက်သည်။သေတ္တာမှာယခင်ကကဲ့သို့ဖုန်အလိမ်းလိမ်းတက်မနေခဲ့သည့်အတွက်ညစ်ပတ်မှာလည်းသိပ်ပြီးစိုးရိမ်စရာမလိုပေ။

သော့ဖြင့်ထိုးဖွင့်လိုက်သောအခါထိုသေတ္တာသည်ပွင့်လာပြီးအထဲမှစာအုပ်တစ်အုပ်သည်ထွက်လာပေ၏။
Book Of Vinc၏အငွေ့အသက်များမှာနောက်ဆုံးမြင်ခဲ့သည့်အချိန်ကထက်ပိုပြီးလန်းဆန်းနေသယောင်။

ဝိန်းပြောသည့်အတိုင်းပင်ထိုစာအုပ်ကသွေးစည်းဖြင့်ချိပ်ပိတ်ထားပေ၏။

'မင်းရဲ့လက်ကိုစည်းပေါ်တင်လိုက်'

မရှေးမနှောင်းပင်အသံတစ်သံကထွက်လာပြီးသူ၏လက်ကိုစာအုပ်၏ချိပ်စည်းပေါ်တင်လိုက်ဖို့ပြောလာသည်။
ဂျီမင်းလည်းမဆိုင်းမတွပင်စာအုပ်ပေါ်သို့လက်ဝါးတင်လိုက်သည်။

မည်သူကထင်မည်လဲ။
ဂျီမင်း၏လက်ဖဝါးမှအလယ်မှကန့်လန့်ပြတ်ရှသွားပြီးသွေးများကထိုနေရာမှတစ်ဆင့်စာအုပ်၏အဖုံးပေါ်သို့ပျံ့နှံ့သွားသည်။

"ဝှက်သယ်ဖတ်!"

ဂျီမင်းအလျင်အမြန်ပင်လက်ပြန်ရုတ်လိုက်သော်လည်းမမှီတော့ပေ။သူ၏နားထဲတွင်တဝီဝီအော်သံများကအသံချင်းထပ်လာပြီးအမြင်အာရုံများလည်းဝေဝါးလာကာသူ၏ဝိညာဉ်မှာစကြဝဋ္ဌာအပြင်ဘက်သို့ဆောင့်တွန်းခံလိုက်ရသည်ဟူ၍ပင်ထင်မှတ်မိတော့သည်။
ဂျီမင်းနောက်ဆုံးမြင်လိုက်သည်ကာကြမ်းပြင်ပေါ်သို့လွတ်ကျသွားသောBook Of Vincနှင့်တဖြတ်ဖြတ်လှန်သွားသောစာရွက်ဖြူများပင်ဖြစ်လေ၏။

ဂျီမင်းမျက်လုံးနှစ်လုံးကိုဖွင့်လိုက်သည်။
၄င်းတို့မှာဖွင့်မရနိုင်အောင်ပိတ်နေတာမျိုးလည်းမဟုတ်ပါပေ။စူးရှနေသောအလင်းရောင်ကသူ၏အမြင်အာရုံအတွင်းသို့မဆိုင်းမတွဝင်ရောက်လာသည်။
သူရောက်နေသည်ကအဖြူရောင်ဗလာနယ်မြေကြီးပင်ဖြစ်ပေ၏။

၄င်းမှာဘာမှမရှိသောအဖြူရောင်ဗလာစာရွက်တစ်ရွက်လိုပင်။သူနင်းနေသောအောက်ခြေကိုပင်မမြင်ရပါ။
အကုန်လုံး အရာအားလုံးကအဖြူရောင်ကြီးများသာဖြစ်လေသည်။

"ငါသေသွားပြီးနတ်ပြည်ရောက်သွားတာလား
ဒါလည်းအေးတာပဲ
အမှုတွေကိုခေါင်းခြောက်အောင်စဉ်းစားစရာမလိုတော့ဘူး ဟေးဟေး"

ဂျီမင်းသည်ဟိုလျှောက်ဒီလျှောက်အနည်းငယ်လုပ်လိုက်သည်။သို့တိုင်အောင်အရာအားလုံးကအဖြူရောင်ဖြစ်နေတုန်း။
သူ၏မျက်နှာပေါ်သို့ဝဲကျလာသောဆံနွယ်များကိုဖယ်လိုက်ရာယင်းတို့မှာအညိုရောင်ဟုတ်မနေခဲ့ဘဲမဟူရာရောင်များဖြစ်နေခဲ့သည်။

မထင်မှတ်ဘဲဂျီမင်းအရပ်လေးမျက်နှာသို့ဝေ့ပတ်ကာကြည့်ရှုလိုက်သည်။
သူနှင့်၇မီတာခန့်အကွာအဝေးတွင်ကျောခိုင်းထားသောအညိုရောင်ပုံရိပ်တစ်ရိပ်ကရှိနေခဲ့သည်။
သူ၏အညိုရောင်ပွယောင်းယောင်းဆံနွယ်များကအနည်းငယ်လှုပ်ရှားလို့နေခဲ့ပြီးထိုလူသည်ဂျီမင်းမှန်ကြည့်လိုက်တိုင်းပေါ်လာသည့်လူ။

"ဖီးလီးယက်စ်..?"

___

နောက်တစ်ပိုင်းကျဖီးလစ်ကိုတွေ့ရပါပြီ😭
.
.
.
Zawgyi

ဗလာနယ္ေျမထဲအညိဳေရာင္ေတြစြန္းထင္းေနခဲ့တယ္

"အစ္ကိုထြက္မသြားပါဘူး မငိုပါနဲ႔ေတာ့"

ဝိန္း၏ရင္ခြင္ထဲတြင္ဂ်ီမင္းသည္လံုးလံုးလ်ားလ်ားနစ္ျမဳပ္ေနသည္။အခ်ိန္အေတာ္ၾကာသည္အထိဝိန္းကသူ႔ကိုလႊတ္မေပး။

အလြမ္းသယ္သၫ့္အရိွန္ရပ္သြားၿပီျဖစ္၍အနည္းငယ္အိုးတိုးအမ္းတမ္းခံစားလာရကာရွက္ပင္ရွက္လာရသည္။
ထို႔ေၾကာင့္သူ၏လက္ကိုေျမႇာက္လိုက္ကာအတင္းကာေရာဖက္ထားေသာဝိန္း၏လက္ေမာင္းကိုခပ္ဖြဖြပုတ္လိုက္သည္။ဒီအခ်ိန္မွသာဝိန္းကသူ႔ကိုလႊတ္ေပးလိုက္သည္။

"အမ္ အဟမ္း..."

ဝိန္းကသူ႔ကိုလႊတ္လိုက္သၫ့္အခ်ိန္တြင္ဂ်ီမင္း၏မ်က္ႏွာကခရမ္းခ်ဉ္သီးတစ္လံုးကဲ့သို႔ပင္နီရဲေနသည္။

"ကြၽန္ေတာ္...ကိုယ္...?"

"ရ..ရပါတယ္..အရင္ကလိုပဲဆက္ဆံပါ"

ယခုအခ်ိန္တြင္ဂ်ီမင္းသည္သူ၏မ်က္ႏွာႀကီးကိုတစ္ေနရာရာသို႔သာသြားၿပီးအပ္ထားလိုက္ခ်င္ေတာ့သည္။
ဝိန္းကိုၾကၫ့္ေလ ပို၍ရွက္လာရေလပင္။

ဝီလီယမ္ကသူဆိုတာလက္ခံလိုက္ရၿပီးေနာက္ပိုင္းဝိန္းရဲ့အၾကၫ့္မ်ားကယခင္ကႏွင့္မတူေတာ့ေပ။
ခ်က္ခ်င္းဆိုသလိုခ်စ္ျခင္းမ်ားကေပ်ာ္ဝင္လာၿပီးႏူးညံ့မႈမ်ားျပၫ့္လ်ွံသြားရသည္။

ေအာ္ တတ္လည္းတတ္ႏိုင္ပါေပ့။

"မင္းကတကယ္ကိုပဲအစ္ကိုေပါ့ေလ"

ဝိန္းကဂ်ီမင္း၏ပါးျပင္ကိုခပ္ဖြဖြပြတ္ကာစိုက္ၾကၫ့္ရင္းေမးသည္။

"၂၁ရာစုကအစ္ကိုကမင္းပဲကိုး
၂၁ရာစုကအစ္ကိုကဒီလိုမ်ိဳးလား"

"ဘာျဖစ္လို႔လဲ"

"ကိုယ္နည္းနည္းေတာ့မႀကိဳက္ေပမယ့္အစ္ကိုျဖစ္ေနေတာ့ခ်စ္ပါတယ္"

"ႀကိဳက္ခ်င္ႀကိဳက္ မႀကိဳက္ခ်င္ေန
ဘယ္သူကအတင္းႀကိဳက္ခိုင္းေနလို႔လဲ"

"မင္းကရွပ္ျပာႏိုင္တယ္ေလ"

"မစၥတာဝိန္း ကြၽန္ေတာ္က၂၀ရာစုတုန္းကဝီလီယမ္ေပမယ့္၂၁ရာစုမွာေတာ့ပတ္ဂ်ီမင္းပါပဲ
မစၥတာဝိန္းႀကိဳက္တဲ့ပံုစံမဟုတ္ပါဘူး
ၿပီးေတာ့မစၥတာဝိန္းကႀကိဳက္တာမႀကိဳက္တာကိုလည္းကြၽန္ေတာ္ကဂရုမစိုက္ပါဘူး"

"ဟင့္အင္း အစ္ကိုျဖစ္ေနသေရြ့ဘယ္လိုပံုစံပဲျဖစ္ျဖစ္ကိုယ္ကခ်စ္ပါတယ္"

ဝိန္းကတစ္ဖန္ဂ်ီမင္းကိုအနီးဆံုးသို႔ဆြဲယူလိုက္ျပန္ၿပီးပါးျပင္အားျငင္ျငင္သာသာတို႔ထိကာနမ္းလိုက္သည္။
ထို႔ေနာက္ဂ်ီမင္း၏အညိုေရာင္ဆံႏြယ္မ်ားကိုလက္ျဖင့္ကစားေနရင္းတိုးဖြဖြေမးလာသည္။

"အဲ့ဒီ၂၁ရာစုမွာေရာကိုယ္ရိွလား
ကိုယ္နဲ႔ေတြ့ခဲ့လား"

ဂ်ီမင္းအသာေခါင္းခါျပလိုက္သည္။
ဝိန္းနဲ႔တူတဲ့လူကိုလံုးဝ၂၁ရာစုမွာမေတြ့ခဲ့။တစ္ခါေသာမ်ွမတည္ရိွခဲ့တာလည္းျဖစ္ႏိုင္သည္။

ဂ်ီမင္းေခါင္းခါလိုက္သည္ကိုျမင္လိုက္ေသာအခါဝိန္း၏မ်က္ႏွာသည္အနည္းငယ္ၫွိုးႏြမ္းသြားသည္။

"ကိုယ္မင္းကိုမေတြ့ေသးတာလည္းျဖစ္ႏိုင္တယ္
ဘယ္ဘဝေရာက္ေရာက္ ကိုယ္ကအစ္ကို႔ကိုပဲအရင္ဆံုးရွာမွာ"

ဝိန္း၏လက္တို႔ကသူ၏ဆံႏြယ္မ်ားကိုအဆက္မျပတ္ေဆာ့ကစားလ်က္ရိွၿပီးဂ်ီမင္းကိုတစ္ခ်က္တစ္ခ်က္ငံု႔ၾကၫ့္ကာႏႈတ္ခမ္းတို႔အားငံုေထြးေလသည္။
ဝိန္းသည္ဖီးလီးယက္စ္၏ခႏၶာကိုယ္ကိုထိေတြ့ေနသၫ့္တိုင္သူတို႔စေတြ့တုန္းကအထိအေတြ့မ်ားႏွင့္လံုးဝမတူေပ။အလြန္ျငင္သာၿပီးစစ္မွန္လြန္းေနသည္။

ဂ်ီမင္း၏ႏွလံုးသားသည္လည္းကာယကံရွင္ကအေျဖာင့္ဟုေႂကြးေၾကာ္ထားေပမယ့္ၿမိဳ႔ေတာ္ဝန္ႀကီး၏စစ္မွန္မႈမ်ားထဲတျဖည္းျဖည္းျဖင့္ေပ်ာ္ဝင္လာခဲ့ၿပီးျဖစ္ေလသည္။
သတိမထားမိလိုက္သည့္အခ်ိန္တိုေလးအတြင္းမွာတင္သူသည္ဝိန္း၏အနမ္းမ်ားကိုတစ္ခ်က္နွစ္ခ်က္မ်ွတံု႔ျပန္လိုက္ၿပီးၿပီ။

"ဒါနဲ႔ကိုယ္အစ္ကို႔ကိုရွာေတြ့ၿပီ"

"အမ္ ဝီလီယမ္ကိုလား
သူဘယ္မွာလဲ"

"လန္ဒန္မွာရိွေနတယ္တဲ့ လူလႊတ္ၿပီးေစာင့္ေရွာက္ခိုင္းထားတယ္
အစ္ကို႔ဆီကိုကိုယ္မသြားခင္တျခားလုပ္စရာကိစၥတစ္ခုရိွတယ္ ၿပီးေတာ့ၿမိဳ႔ေတာ္ဝန္အလုပ္ေတြကအရမ္းက်ပ္ေနတာ လန္ဒန္ကိုသြားခ်င္တိုင္းသြားလို႔မရဘူး"

"ဝိန္း ကြၽန္ေတာ္ေျပာစရာရွိတယ္"

"အင္း ေျပာေလ"

"ကြၽန္ေတာ္ဘယ္လိုပဲေတြးေတြး မသကၤာဘူး
ဟိုစာအုပ္ကိုကြၽန္ေတာ္ေနာက္တစ္ေခါက္ၾကည့္လို႔ရနိုင္မလား"

"ဘာျဖစ္လို႔လဲ"

"ကြၽန္ေတာ္ ဝိန္းကိုေျပာခဲ့တယ္မလား
စာအုပ္ကကြၽန္ေတာ့္ကိုေခၚေနတယ္
သူျပခ်င္တာတစ္ခုခုရွိလို႔ေနမယ္"

"ကိုယ္မင္းကိုခြင့္ျပဳရင္ေတာင္အဲ့စာအုပ္ကိုေနာက္တစ္ေခါက္ဖြင့္ဖို႔ကမျဖစ္နိုင္ဘူး"

"ကြၽန္ေတာ္ႀကိဳးစားၾကည့္လို႔ရနိုင္တာပဲ"

"ေသြးစည္းနဲ႔ခ်ိပ္ပိတ္ထားတယ္
အသံုးျပဳေနတဲ့ကာလမွာဘယ္သူကမွဖြင့္လို႔မရဘူး
အကယ္၍မင္းစမ္းၾကည့္ခ်င္တယ္ဆိုရင္ေတာ့ေသတၱာကဖြင့္ဖို႔ေသာ့ကိုကိုယ့္စာၾကည့္စားပြဲေပၚကအစ္ကို႔ဓာတ္ပံုေဘာင္ထဲမွာယူလို႔ရတယ္"

"ကြၽန္ေတာ္...အဲ..ဝီလီယမ္ကိုဘယ္ေတာ့သြားရွာၾကမလဲ"

"ေနာက္ရက္နည္းနည္းၾကာရင္ကိုယ္အေၾကာင္းတစ္ခုခုရွာၿပီးလန္ဒန္ကိုသြားမယ္
ဒီအေတာအတြင္းမွာBook of Vincရဲ႕ကိစၥကိုအစေဖာ္တဲ့လူဆီကိုသြားၿပီးစစ္ေဆးရဦးမယ္"

"ဝိန္းအခုသြားမွာလား"

"အင္း ခဏပါပဲ"

"ဒါဆိုကြၽန္ေတာ္စာအုပ္ကိုၾကည့္ဦးမယ္"

"ကိုယ္ အစ္ကို႔ကိုေတြ႕ရဖို႔မေစာင့္ခ်င္ေတာ့ဘူး
မင္းလည္းဒီရာစုရဲ႕မင္းကိုေတြ႕ခ်င္မယ္လို႔ထင္တယ္"

"ေတြ႕ခ်င္တယ္ ၿပီးရင္ေမးခ်င္ေသးတယ္
ဘာလို႔တံုးၿပီးခင္ဗ်ားကိုထားခဲ့လဲဆိုတာ"

"အစ္ကို႔မွာလည္းအေၾကာင္းေတြရွိခဲ့မွာပါ
ကိုယ္သိပါတယ္ အစ္ကိုကအေၾကာင္းမဲ့ဒီလိုမ်ိဳးလုပ္မွာမဟုတ္ဘူး"

ဝိန္းကၿပံဳးကာသူ၏ဆံႏြယ္စမ်ားကိုဖြလိုက္ၿပီးဆံပင္စပ္ၾကားရွိဦးေရျပားေနရာေလးကိုထိရံုမ်ွနမ္းသြားသည္။
ဂ်ီမင္းမွာတစ္ကိုယ္လံုးဓာတ္လိုက္သလိုခံစားလိုက္ရသည့္အတြက္တုန္ေတာင္တုန္တက္သြားရသည္။
ေႏြးေထြးမႈေလးကသူ႔နဖူးထက္မွာတစ္ေဝ့ေဝ့စြဲထင္က်န္ရစ္လို႔ေနခဲ့ေပသည္။

_____

ဇူဘန္ဇကာအက်ဥ္းေထာင္...

ဝိန္းသည္ေရွ႕ရွိစားပြဲကိုေငးၾကည့္ေနရင္းမွပင္တစ္ခုခုကိုစဥ္းစားေနပံုရသည္။
သူ၏မ်က္နွာကေရျပင္ညီလိုတည္ၿငိမ္လ်က္ရွိၿပီးတင္းမာေနသည္။လက္ထဲတြင္လည္းသစ္ၾကားသီးနွစ္လံုးကိုကိုင္ထားလ်က္ရွိၿပီး၄င္းတို႔ကိုလွည့္ကာကစားေနသည္။

သူေစာင့္ေနေသာအခ်ိန္အတြင္းမွာဝယ္တစ္ဖက္ျခမ္းမွအက်ဥ္းသားဝတ္စံုဝတ္ထားေသာလူတစ္ေယာက္ကေအးေအးလူလူ သူရွိရာေနရာသို႔ေလ်ွာက္လာၿပီးထိုင္ခံုတြင္ဝင္ထိုင္လိုက္သည္။ဝိန္းကအျခားအဖက္ျခမ္းရွိရဲသားတစ္ေယာက္ကိုမ်က္ရိပ္ျပလိုက္ေသာအခါထိုရဲသားကအလိုက္တသိပင္အခန္းထဲမွထြက္ခြာသြားေလသည္။
ယခုသူတို႔နွစ္ေယာက္ၾကားတြင္သံဇကာတစ္ခ်ပ္သာကြာျခားေတာ့သည္။

ထိုလူ၏မ်က္လံုးအစံုတို႔မွာပတ္ဝန္းက်င္သို႔ေဝ့ဝိုက္ကစားလ်က္ဂဏာမၿငိမ္ပဲရွိေလသည္။
သည့္အျပင္သူ၏နႈတ္ခမ္းဝတြင္လည္းေလွာင္ၿပံဳးတစ္ခုကိုခ်ိတ္ဆြဲထားေသး၏။
ထိုလူမွာကားအျခားမဟုတ္၊နယ္ပယ္ေပါင္းဟိုးေလးတေက်ာ္ေက်ာ္ျဖစ္ပါသည့္သတင္းျဖန္႔ခ်ီသူဂ်ိမ္းဝက္စတန္ပင္ျဖစ္ေတာ့သည္။

"ၿမိဳ႕ေတာ္ဝန္ႀကီးကဒီအထိေတာင္တကူးတကလာေတြ႕ရတယ္ဆုိေတာ့ဘာေတြမ်ားကိစၥရွိလို႔ပါလဲ"

"ငါမင္းကိုေမးစရာရွိတယ္"

"ကြၽန္ေတာ္ကေတာ့အမွန္ကိုေျဖခ်င္မွေျဖမွာ"

"ကိစၥမရွိဘူး"

"ဒါဆိုေကာင္းၿပီေလ"

ဝိန္းကဂ်ိမ္း၏မ်က္လံုးမ်ားကိုစိုက္ၾကည့္လိုက္သည္။
ဝိန္းမ်က္ဝန္းမ်ား၏အရွိန္အဟုန္ျပင္းမႈကတစ္ဖက္လူမ်က္နွာေတာင္ေပါက္ထြက္သြားေတာ့မလိုလို။

"မင္း Book Of Vincရဲ႕သတင္းစကားကိုဘယ္သူ႔ဆီကိုေရာင္းလိုက္တာလဲ"

"အိုး အဲ့ဒီခင္ဗ်ားထိန္းသိမ္းထားတဲ့စာအုပ္ကိုေျပာေနတာလား"

"..."

"အမွန္ပဲ ကြၽန္ေတာ္တစ္စံုတစ္ေယာက္ကိုေရာင္းလိုက္တယ္
သိတဲ့အတိုင္းကြၽန္ေတာ္ကသတင္းျဖန္႔ခ်ီသူေလ
အဲ့ဒီေတာ့စာအုပ္ကခင္ဗ်ားဆီမွာပါရွိတယ္ဆိုတဲ့အေၾကာင္းထပ္ၿပီးေရာင္းလိုက္တယ္"

"ဘယ္သူ႔ဆီကိုလဲ"

"ကြၽန္ေတာ္ကဘာကိစၥေျပာရမွာတုန္း
အက်ိဳးအျမတ္မရွိဘဲအလုပ္မလုပ္ဘူး"

"ငါကလည္းအတံု႔အျပန္မရွိဘဲအလုပ္မလုပ္တတ္ပါဘူး"

"ဆိုေတာ့ၿမိဳ႕ေတာ္ဝန္ႀကီး ခင္ဗ်ားမွာဘာေတြကမ္းလွမ္းစရာရွိလဲ"

ဂ်ိမ္းကရယ္ရယ္ေမာေမာပင္ဝိန္းကိုၾကည့္ကာေျပာေလသည္။ဝိန္းကိုယ္တိုင္သည္လည္းအၿပံဳးမမည္ေသာအၿပံဳးတစ္ခုျဖင့္ဂ်ိမ္းကိုျပန္လည္၍ၿပံဳးျပလိုက္သည္။
ထိုအၿပံဳးသည္သာမန္လူအဖို႔ရိုးရိုးအၿပံဳးတစ္ခုသာျဖစ္ေသာ္လည္းအေၾကာင္းသိသူအဖို႔ကေတာ့ေက်ာျပင္တစ္ခုလံုးၾကက္သီးတျဖန္းျဖန္းထသြားေစသည္။

"ဂ်ိမ္းဝက္စတန္ ငါဒီကိုဘာမွမျပင္ဆင္ဘဲလာခဲ့တယ္လို႔မင္းထင္ေနတာလား"

ဝိန္းကသစ္ၾကားသီးကိုခြာေနရင္းတန္းလန္းဂ်ိမ္းကိုတစ္ခ်က္မ်ွၾကည့္ကာေျပာလိုက္သည္။
သူ၏လက္ေခ်ာင္းမ်ားကအင္မတန္ေအးေဆးနိုင္လွၿပီးသစ္ၾကားသီး၏အခြံမ်ားအားတစ္စခ်င္းစီဖဲ့ေႁခြေနသည္။

"ဒါေပါ့ ဒါေပါ့ဗ်ာ
ၿမိဳ႕ေတာ္ဝန္ဝိန္းကဉာဏ္ထက္ျမက္တဲ့လူဆိုတာကြၽန္ေတာ္သိၿပီးသားပါ ဒါေၾကာင့္လည္းကြၽန္ေတာ္ကခင္ဗ်ားနဲ႔ခင္ဗ်ားရဲ႕အဲ့ဒီ..ဘာလဲ..စံုေထာက္ဆီမွာလြယ္လြယ္ကူကူအဖမ္းခံရၿပီးဇူဘန္ဇကာကိုေရာက္လာတာပဲေလ
အံ့ၾသစရာမရွိပါဘူး"

"ဒါဆိုမင္းဘာေၾကာင့္ငါ့ကိုမေျပာျပတာလဲ"

"ေဖာက္သည္ေတြရဲ႕အခ်က္အလက္ဆိုတာလူတိုင္းကိုေျပာလို႔မရဘူး ထိန္းသိမ္းထားရတယ္"

"အမန္ဒါဝက္စတန္ကမင္းရဲ႕ညီမ မဟုတ္လား"

ဂ်ိမ္း၏သေရာ္ေနေသာအၿပံဳးမွာခ်က္ခ်င္းရပ္တန္႔သြားရသည္။သို႔ေသာ္ဂ်ိမ္းမွာအကင္းပါးသူပီပီထိုအျပဳအမူကစကၠန္႔ပိုင္းေလးအတြင္းမွာတင္ပ်က္ပ်ယ္သြားသည္။
သူကဂရုမစိုက္သလိုပံုစံဖမ္းၿပီး၄င္းကိစၥကသူ႔အတြက္ဘယ္ေလာက္မ်ွအေရးမပါသည့္နွယ္ဆက္လက္ရယ္ေနလိုက္သည္။

ဂ်ိမ္းသည္ရယ္ေနေသာ္လည္းရင္ထဲကအပူမီးကတေျမ့ေျမ့ေလာင္ကြၽမ္းေနသည္။
ဝိန္းကလည္းဂ်ိမ္း၏ျဖစ္အင္အားသတိထားမိဟန္ရသည္။

"ဒီေတာ့မင္းငါ့ကိုေျပာျပလိုက္တာအေကာင္းဆံုးပဲ"

"သူကကြၽန္ေတာ့္ညီမမဟုတ္ဘူး
အမန္ဒါဆိုတာဘယ္သူမွန္းေတာင္ကြၽန္ေတာ္မသိဘူး"

"အဟက္..."

ဝိန္းသည္တစ္ခ်က္မ်ွရယ္မိသြားသည္။
၄င္းဂ်ိမ္းဝက္စတန္မွာအလြန္႔အလြန္သရုပ္ေဆာင္ေကာင္းလြန္းလွသည္။
သူ႔ညီမအမန္ဒါကိုယ္တိုင္ကဝန္ခံထားၿပီးတာေတာင္သူကမသိဟူ၍ျငင္းခ်င္ေသးသည္။

"ေတာ္ၿပီ အခ်ိန္ကုန္တယ္
မင္းငါ့ကိုမေျပာဘူးဆိုရင္မင္းညီမကို..."

ဝိန္းကဆက္မေျပာေတာ့ဘဲရပ္ထားလိုက္ကာလက္ထဲရွိက်န္ရွိေနေသာေနာက္ဆံုးသစ္ၾကားသီးကိုလက္ဗလာျဖင့္ေျခမြလိုက္သည္။သစ္ၾကားသီးခြံအစမ်ားမွာဝိန္း၏လက္ၾကားထဲမွာပ်ံ႕ထြက္လာၿပီးစားပြဲေပၚသို႔ျပဳတ္က်သြားသည္။

"ခင္ ခင္ဗ်ား ဒီလိုပက္စက္ယုတ္မာတဲ့လူ
ခင္ဗ်ားၿမိဳ႕ေတာ္ဝန္ေတာင္ျဖစ္သင့္ရဲ႕လား"

"မင္းငါ့ကိုေကာင္းေကာင္းမြန္မြန္ေျပာျပလိုက္ရင္အဆင္ေျပေနတာပဲ မင္းရဲ႕ညီမကလည္းသတင္းျဖန္႔ခ်ီသူပဲမလား
သတင္းေရာင္းလိုက္တဲ့လူကိုေျပာျပရင္မင္းရဲ႕ညီမဒီေထာင္ထဲမေရာက္ေစရဘူး
ဒါငါ့ရဲ႕ကမ္းလွမ္းမႈပဲ"

ဝိန္းကသူ၏လက္နွစ္ဖက္အခ်င္းခ်င္းပြတ္ကာအမႈန္႔မ်ားကိုခါလိုက္သည္။ဂ်ိမ္း၏မ်က္နွာမွာၿပံဳးရႊင္ေနရာမွေဒါသအမ်က္ေျခာင္းေျခာင္းထြက္ေနသည့္အေနအထားသို႔ေျပာင္းလဲသြားသည္။

ဂ်ိမ္းကသူ၏ကိုယ္ေရးရာဇဝင္နွင့္ပက္သက္၍ဘယ္တုန္းကမွထုတ္ေဖာ္ေလ့မရွိ။
သူတင္မဟုတ္ သတင္းျဖန္႔ခ်ီသူအားလံုးလိုလိုကသူတို႔၏ကိုယ္ေရးအခ်က္အလက္မ်ားသည္အထူးလံုၿခံဳမႈရွိသည္ဟူ၍ထင္မွတ္ၾကစၿမဲပင္။
အဘယ္ေၾကာင့္ဆိုေသာ္သတင္းျဖန္႔ခ်ီသူမ်ားသည္အလင္းထဲကလႈပ္ရွားၾကသူမ်ားမဟုတ္၊အေမွာင္ထဲကေထာင့္တစ္ေနရာမွလႈပ္ရွားၾကသူမ်ားျဖစ္ေနေသာေၾကာင့္ျဖစ္သည္။

လူေတြ႕မခံ အျမင္မခံေသာႂကြက္စုတ္လိုလူစားမ်ိဳးျဖစ္ရာသတင္းျဖန္႔ခ်ီသူမ်ားကိုမည္သူကမ်ွမဖမ္းမိသလိုသတ္ဖို႔လည္းမႀကိဳးစားနိုင္ခဲ့ပါေခ်။ဤသို႔ျဖင့္ၿဗိတိန္၏နယ္ေျမတစ္လႊားတြင္သတင္းျဖန္႔ခ်ီသူမ်ားကေနရာအနွံ႔အျပားတြင္ေပၚေပါက္လာၿပီးအတြင္းမွေန၍ေကာင္းေကာင္းႀကီးလႈိက္စားေနခဲ့သည္မွာယခုထက္ထိေအာင္ပင္ျဖစ္သည္။

"ခင္ဗ်ားမွာတစ္ခုခုရွိေနတယ္
ဒါကိုကြၽန္ေတာ္ခံစားမိတယ္"

"မင္းသိစရာမလိုပါဘူး"

"အမန္ဒါကခင္ဗ်ားလက္ထဲမွာလား"

ဝိန္းကဘာမွျပန္မေျပာဘဲဟုတ္မွန္ေၾကာင္းေထာက္ခံသည့္အေနျဖင့္ေခါင္းတစ္ခ်က္သာၿငိမ့္ျပလိုက္သည္။

"ဒါဆိုရင္...အင္း..."

"ဂ်ိမ္း မင္းနဲ႔စကားေျပာရတာငါ့ရဲ႕အခ်ိန္ေတြသိပ္ကုန္တာပဲ
မေျပာနိုင္ဘူးဆိုလည္းထားလိုက္ေတာ့
ဒီေနရာမွာမၾကာခင္မင္းညီမကိုေတြ႕ဖို႔သာျပင္ထားပါ"

ဝိန္းကေျပာေျပာဆိုဆိုပင္ထျပန္ရန္ေျခလွမ္းစလိုက္သည္။သူအခန္းထဲကမထြက္ခင္မွာပဲေနာက္ေက်ာဘက္ဆီမွပ်ံ႕လြင့္လာေသာဂ်ိမ္း၏စကားသံကိုၾကားလိုက္ရသည္။

"အဲ့ဒီသူကိုကြၽန္ေတာ္မျမင္ရဘူး
ဒါေပမယ့္သူကမိန္းကေလးတစ္ေယာက္ဆိုတာကိုေတာ့သိတယ္ သူမကေျပာတယ္ ဒီသတင္းစကားကိုသ႔ူတစ္ေယာက္ဆီပဲေရာင္းရင္ေရႊခ်ိန္တစ္ရာေပးမယ္တဲ့
ေနာက္ၿပီးဒီကိစၥအျခားသူေတြဆီပါေပါက္ၾကားလို႔မျဖစ္ဘူး မင္းရဲ႕အလုပ္ကိုေကာင္းေကာင္းလုပ္ပါလို႔သူမကေျပာခဲ့တယ္

အဲ့ဒီအခ်ိန္တုန္းကေတာ့ကြၽန္ေတာ္ကBook Of Vincရဲ႕အေၾကာင္းကိုၾကားဖူးနားဝပဲရွိေသးတာ
ခင္ဗ်ားလက္ထဲမွာမွန္းလည္းမသိဘူး
ဒါေပမယ့္သဲလြန္စေတြကလည္းရွိတယ္ေလ

ကြၽန္ေတာ္လူတိုင္းနဲ႔ခ်ိတ္ဆက္ၿပီးစံုစမ္းေတာ့အဲ့ဒီစာအုပ္အေၾကာင္းကေရးေတးေတးေပၚလာေတာ့တာပဲ
တည္ေနရာကိုလည္းကြၽန္ေတာ္သိလိုက္ရတယ္
ဒါေပမယ့္တည္ေနရာကတိတိက်က်မရွိဘူး
ဘာတြန္နားလို႔ေျပာၾကတယ္"

"ဘယ္သူကသိနိုင္မွာလဲ
စာအုပ္ကဘာတြန္ရဲ႕ၿမိဳ႕ေတာ္ဝန္ႀကီးဆီမွာရွိေနတာကိုးဗ် ဒါနဲ႔ေနာက္ေတာ့ကြၽန္ေတာ္သူမနဲ႔ဆက္သြယ္လိုက္တယ္
လိုခ်င္တဲ့အခ်က္အလက္ေတြအကုန္ရၿပီလို႔ေလ
သူမအဲ့ေန႔ကေရာက္လာတယ္

ထံုးစံအတိုင္းကြၽန္ေတာ္သူမကိုမျမင္ရပါဘူး
တည္ေနရာကိုပါသိၿပီလို႔ကြၽန္ေတာ္ေျပာေတာ့သူမကဘယ္မွာလဲေမးတယ္ ကြၽန္ေတာ္ကဘယ္မွာလြယ္လြယ္ေျပာျပပါ့မလဲ
ဒါနဲ႔သူမကေနာက္ထပ္ေရႊခ်ိန္တစ္ရာထပ္ေပးျပန္တယ္
အဲ့ဒါေၾကာင့္ပဲစာအုပ္ကဘာတြန္ၿမိဳ႕ေတာ္ဝန္လက္ထဲမွာရွိေနေၾကာင္းကြၽန္ေတာ္ေရာင္းခဲ့တယ္"

"ကြၽန္ေတာ္သိတာဒါအကုန္ပဲ"

"အဲ့ဒီသူ႔နဲ႔ပက္သက္ၿပီးထင္ရွားတဲ့အမွတ္အသားမေတြ႕ခဲ့ဘူးလား"

"ဒါေတြကလြန္ခဲ့တဲ့၅နွစ္ေက်ာ္ကကိစၥေတြေလ
ကြၽန္ေတာ္ဘယ္လိုလုပ္မ်ားမွတ္မိနိုင္ပါ့မလဲ
ဇာတ္ေၾကာင္းျပန္ေျပာျပနိုင္တာတင္ေက်းဇူးတင္..အမ္..ေနဦး..သူမရဲ႕ေခါင္းမွာငွက္ေမႊးတစ္ေခ်ာင္းရွိတယ္
ေနာက္ၿပီးကြၽန္ေတာ္ျပန္စဥ္းစားၾကည့္တာအဲ့ေန႔ကသူမမုဆိုးမအက်ႌကိုဝတ္ထားတယ္
သူကမုဆိုးမတစ္ေယာက္ျဖစ္မယ္လို႔ထင္တယ္"

"ဒါဆိုလံုေလာက္ၿပီ"

"ကြၽန္ေတာ့္ဘက္ကကိစၥၿပီးသြားတဲ့အတြက္အမန္ဒါ့ကိုျပန္လႊတ္ေပးပါ"

"ေကာင္းၿပီ"

ဝိန္းကတံခါးဝဆီကိုေလ်ွာက္သြားသည္။
သူတံခါးကိုဆြဲဖြင့္လိုက္ၿပီးေနာက္ပါးသို႔တစ္ခ်က္ေစာင္းငဲ့ၾကည့္လိုက္သည္။
ဂ်ိမ္းဝက္စတန္မွာထိုင္ၿမဲအတိုင္းထိုင္ေနလ်က္ေခါင္းငိုက္စိုက္ခ်ထားသည္။သူ၏ညီမ မလြတ္ေျမာက္မွာစိုးရိမ္ေနပံုလည္းရသည္။

"ေကာင္းမြန္တဲ့စကားဝိုင္းတစ္ခုျဖစ္ခဲ့ပါတယ္
မစၥတာဝက္စတန္"

ထို႔ေနာက္တြင္ဇူဘန္ဇကာအက်ဥ္းေထာင္၏တံခါးသည္ဒုန္းခနဲပိတ္သြားခဲ့ေလေတာ့သည္။

____

ဂ်ီမင္းသည္စာၾကည့္ခန္းတံခါးကိုျဖည္းညင္းစြာတြန္းဖြင့္လိုက္သည္။တံခါးကခပ္ေရးေရးေလးပြင့္ထြက္သြားၿပီးေနာက္ဝိန္း၏စာၾကည့္စားပြဲနွင့္ေနာက္ဘက္ျခမ္းမွစာအုပ္စင္မ်ားကျမင္ကြင္းထဲေရာက္ရွိနွင့္ၿပီးျဖစ္ေလသည္။

'ငါ့ကိုလာရွာပါ'

'ငါ့မွာေျပာစရာေတြရွိေနတယ္'

ထပ္မံ၍အသံတစ္သံကသူ႔နားထဲကိုတိုးညင္းစြာဝင္ေရာက္လာသည္။ထိုအသံကအေဝးကေျပာေနတာထက္သူ႔နားအနီးတြင္တစ္ေဝ့ေဝ့ဝဲကာေလသံျဖင့္ေျပာၾကားေနသေယာင္။
ဂ်ီမင္းသည္ေၾကာက္တတ္သူျဖစ္သျဖင့္သူ၏ခနၶာကိုယ္တစ္ကိုယ္လံုးရွိၾကက္သီးေမႊးမ်ားကထိုအသံၾကားရေလတိုင္းေထာင္တက္သြားေလ့ရွိသည္။
သို႔ေသာ္ထိုအသံမွာက်င့္သားရေနၿပီျဖစ္၍ယခင္ကေလာက္ေတာ့တုန္လႈပ္ျခင္းမရွိေတာ့ပါေပ။

ဂ်ီမင္းသည္စာၾကည့္ခန္းထဲဝင္ၿပီးဟိုၾကည့္ဒီၾကည့္လုပ္လိုက္ေသးသည္။ဤအခန္းထဲသို႔ဒုတိယေျမာက္ေျခခ်မိျခင္းျဖစ္ေသာ္လည္းအခန္းကပထမအႀကိမ္နွင့္သိပ္မတူ။
ကိစၥမရွိပါ ဝိန္းေျပာင္းလိုက္တာျဖစ္နိုင္သည္။

စားပြဲေပၚရွိေမွာက္ထားေသာဓာတ္ပံုေဘာင္ေလးတစ္ခုကိုယူလိုက္သည္။
ဓာတ္ပံုေဘာင္ထဲမွဝီလီယမ္ကမ်က္လံုးမ်ားပိတ္ေအာင္အထိရယ္ေမာကာၿပံဳးရႊင္ေနသည္။
ဂ်ီမင္းသည္ဓာတ္ပံုေလးကိုလက္ညႇိဳးျဖင့္ခပ္ဖြဖြတို႔ထိမိလိုက္သည္။

သူဝီလီယမ္အျဖစ္ျပန္ေရာက္ခဲ့ေသာ္လည္းစႏၵရားတီးခတ္သည့္မွတ္ဉာဏ္၊အကသင္ခဲ့သည့္မွတ္ဉာဏ္၊စေတြ႕ခဲ့သည့္မွတ္ဉာဏ္ကလြဲ၍မည္သည့္အရာ ဘာဆိုဘာမ်ွမမွတ္မိပါ။အေရးႀကီးသည့္အစိတ္အပိုင္းမ်ားကိုသူမမွတ္မိဘဲခ်ိဳၿမိန္ေသာအေၾကာင္းအရာေလးမ်ားကိုပဲျပန္မွတ္မိေနသည္။

ဂ်ီမင္းသည္သူ႔ေခါင္းသာသူတစ္ပတ္လည္သြားေအာင္ရိုက္ပုတ္လိုက္ခ်င္သည္။
အဘယ္ေၾကာင့္မ်ားအေရးႀကီးသည့္ဟာမ်ားကိုမမွတ္မိဘဲယခုအတြက္အသံုးမဝင္လွသည့္အနွီၿမိဳ႕ေတာ္ဝန္နွင့္ကလူ၏ကျမႇဴ၏ကိစၥမ်ားကိုသာမွတ္မိေနရပါသလဲ။

အမွန္စင္စစ္ဂ်ီမင္း၏အေတြးမွာမွားသည္။
မည္သူကမ်ားဆိုး႐ြားစုတ္ျပတ္ေနသည့္မွတ္ဉာဏ္အပိုင္းအစေတြကိုဦးေနွာက္ထဲထာဝရသိမ္းဆည္းထားခ်င္မလဲ။ထို႔အစားခ်ိဳၿမိန္ေသာအရာေလးမ်ားကိုသာနည္းနည္းမ်ွရွိေစကာမူေသတစ္ဖန္တစ္သက္ဆံုးမွတ္ထားလိုက္သည္ကမွေကာင္းေသးသည္။

"ဟူးးး ၂၁ရာစုကိုျပန္ခ်င္တယ္
ငါ့အိပ္ခန္းေလး ငါ့ဖုန္းေလး
ငါ့ေရခဲမုန္႔ ..."

ဤမ်ွေလာက္ကိစၥမ်ားစြာျဖစ္ပ်က္ခဲ့ၿပီးေသာ္လည္းဂ်ီမင္း၏၂၁ရာစုသို႔ျပန္ခ်င္ေသာစိတ္ဆႏၵမွာျပင္းျပစြာက်န္ေနတုန္း။ဝိန္းကသူ႔ကိုနမ္းေနသည္ ဖက္ေနသည္ကိုလက္ခံေပးထားသည္ကလည္းဝိန္း၏စိတ္ဒဏ္ရာကိုအနည္းငယ္ေလာက္ကုစားနိုင္မည္လားဆိုသည့္ေမ်ွာ္လင့္ခ်က္နွင့္ပင္ျဖစ္သည္။

အတိတ္ကမိမိသည္ဝိန္းကိုမည္မ်ွပင္ခ်စ္ခဲ့သည္ဆိုဦးေတာ့။ယခုသူသည္ဝီလီယမ္အာသာမဟုတ္ေတာ့။
၂၁ရာစုမွပတ္ဂ်ီမင္းသာျဖစ္ေလ၏။
ထို႔အျပင္သူသည္အေျဖာင့္တစ္ေယာက္ျဖစ္သည့္အတြက္ေယာက်ာ္းတစ္ေယာက္နွင့္ကလူ၏ကျမႇဴ၏ကိစၥမ်ားမွာသူနွင့္လံုးဝသက္ဆိုင္ခဲ့ျခင္းမရွိပါေခ်။
သူ၏အလြန္အင္မတန္မွေကာင္းမြန္လွေသာစိတ္ထားေၾကာင့္သာဤကိစၥရပ္မ်ားကိုလက္ခံထားခဲ့ျခင္းသာျဖစ္ေလသည္။

ဓာတ္ပံုေဘာင္အေနာက္မွေသာ့ကိုထုတ္ယူလိုက္ကာေကာ္ေဇာကိုလွန္လိုက္ၿပီးအတြင္းမွေသတၱာအားထုတ္ယူလိုက္သည္။ေသတၱာမွာယခင္ကကဲ့သို႔ဖုန္အလိမ္းလိမ္းတက္မေနခဲ့သည့္အတြက္ညစ္ပတ္မွာလည္းသိပ္ၿပီးစိုးရိမ္စရာမလိုေပ။

ေသာ့ျဖင့္ထိုးဖြင့္လိုက္ေသာအခါထိုေသတၱာသည္ပြင့္လာၿပီးအထဲမွစာအုပ္တစ္အုပ္သည္ထြက္လာေပ၏။
Book Of Vinc၏အေငြ႕အသက္မ်ားမွာေနာက္ဆံုးျမင္ခဲ့သည့္အခ်ိန္ကထက္ပိုၿပီးလန္းဆန္းေနသေယာင္။

ဝိန္းေျပာသည့္အတိုင္းပင္ထိုစာအုပ္ကေသြးစည္းျဖင့္ခ်ိပ္ပိတ္ထားေပ၏။

'မင္းရဲ႕လက္ကိုစည္းေပၚတင္လိုက္'

မေရွးမေနွာင္းပင္အသံတစ္သံကထြက္လာၿပီးသူ၏လက္ကိုစာအုပ္၏ခ်ိပ္စည္းေပၚတင္လိုက္ဖို႔ေျပာလာသည္။
ဂ်ီမင္းလည္းမဆိုင္းမတြပင္စာအုပ္ေပၚသို႔လက္ဝါးတင္လိုက္သည္။

မည္သူကထင္မည္လဲ။
ဂ်ီမင္း၏လက္ဖဝါးမွအလယ္မွကန္႔လန္႔ျပတ္ရွသြားၿပီးေသြးမ်ားကထိုေနရာမွတစ္ဆင့္စာအုပ္၏အဖံုးေပၚသို႔ပ်ံ႕နွ႔ံသြားသည္။

"ဝွက္သယ္ဖတ္!"

ဂ်ီမင္းအလ်င္အျမန္ပင္လက္ျပန္ရုတ္လိုက္ေသာ္လည္းမမွီေတာ့ေပ။သူ၏နားထဲတြင္တဝီဝီေအာ္သံမ်ားကအသံခ်င္းထပ္လာၿပီးအျမင္အာရံုမ်ားလည္းေဝဝါးလာကာသူ၏ဝိညာဥ္မွာစၾကဝ႒ာအျပင္ဘက္သို႔ေဆာင့္တြန္းခံလိုက္ရသည္ဟူ၍ပင္ထင္မွတ္မိေတာ့သည္။
ဂ်ီမင္းေနာက္ဆံုးျမင္လိုက္သည္ကာၾကမ္းျပင္ေပၚသို႔လြတ္က်သြားေသာBook Of Vincနွင့္တျဖတ္ျဖတ္လွန္သြားေသာစာ႐ြက္ျဖဴမ်ားပင္ျဖစ္ေလ၏။

ဂ်ီမင္းမ်က္လံုးနွစ္လံုးကိုဖြင့္လိုက္သည္။
၄င္းတို႔မွာဖြင့္မရနိုင္ေအာင္ပိတ္ေနတာမ်ိဳးလည္းမဟုတ္ပါေပ။စူးရွေနေသာအလင္းေရာင္ကသူ၏အျမင္အာရံုအတြင္းသို႔မဆိုင္းမတြဝင္ေရာက္လာသည္။
သူေရာက္ေနသည္ကအျဖဴေရာင္ဗလာနယ္ေျမႀကီးပင္ျဖစ္ေပ၏။

၄င္းမွာဘာမွမရွိေသာအျဖဴေရာင္ဗလာစာ႐ြက္တစ္႐ြက္လိုပင္။သူနင္းေနေသာေအာက္ေျခကိုပင္မျမင္ရပါ။
အကုန္လံုး အရာအားလံုးကအျဖဴေရာင္ႀကီးမ်ားသာျဖစ္ေလသည္။

"ငါေသသြားၿပီးနတ္ျပည္ေရာက္သြားတာလား
ဒါလည္းေအးတာပဲ
အမႈေတြကိုေခါင္းေျခာက္ေအာင္စဥ္းစားစရာမလိုေတာ့ဘူး ေဟးေဟး"

ဂ်ီမင္းသည္ဟိုေလ်ွာက္ဒီေလ်ွာက္အနည္းငယ္လုပ္လိုက္သည္။သို႔တိုင္ေအာင္အရာအားလံုးကအျဖဴေရာင္ျဖစ္ေနတုန္း။
သူ၏မ်က္နွာေပၚသို႔ဝဲက်လာေသာဆံႏြယ္မ်ားကိုဖယ္လိုက္ရာယင္းတို႔မွာအညိဳေရာင္ဟုတ္မေနခဲ့ဘဲမဟူရာေရာင္မ်ားျဖစ္ေနခဲ့သည္။

မထင္မွတ္ဘဲဂ်ီမင္းအရပ္ေလးမ်က္နွာသို႔ေဝ့ပတ္ကာၾကည့္ရႈလိုက္သည္။
သူနွင့္၇မီတာခန္႔အကြာအေဝးတြင္ေက်ာခိုင္းထားေသာအညိဳေရာင္ပံုရိပ္တစ္ရိပ္ကရွိေနခဲ့သည္။
သူ၏အညိဳေရာင္ပြေယာင္းေယာင္းဆံႏြယ္မ်ားကအနည္းငယ္လႈပ္ရွားလို႔ေနခဲ့ၿပီးထိုလူသည္ဂ်ီမင္းမွန္ၾကည့္လိုက္တိုင္းေပၚလာသည့္လူ။

"ဖီးလီးယက္စ္..?"

___

ေနာက္တစ္ပိုင္းက်ဖီးလစ္ကိုေတြ႕ရပါၿပီ😭

Continue Reading

You'll Also Like

1.3M 56.6K 103
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
900K 20.7K 49
In wich a one night stand turns out to be a lot more than that.
3.1M 253K 66
ကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔
1.1K 222 7
‌ကျွန်တော့်ချစ်သူ "လူဆိုးလေ" "မင်းသိပ်ဆိုးတယ်ဆော့ဂျင် ကိုယ်ငြိမ်မခံတော့မဲ့တစ်နေ့ ဘယ်သူပိုဆိုးလဲဆိုတာ ကိုယ်လက်တွေ့ပြရလိမ့်မယ်"