𝙈𝙞𝙨𝙜𝙪𝙞𝙙𝙚𝙙 𝙡𝙤𝙫𝙚(...

De Chel6385

3.3K 153 44

"ဘယ်နေရာလွှဲမှားသွားမှန်းမသိပေမယ့် ငါတို့တွေ့ခဲ့တဲ့အချိန်တွေစောလွန်းတယ်မောင်" BJYXSZD Mais

intro
part1
part2
part3
part4
part5
part6
part7
part8
part 9
part10
part11
part12

part13

238 6 2
De Chel6385

ရိပေါ် ဒီညနေတော့ ရုံးဆင်းရင်အိမ်ပြန်ဖို့တွေးထားမိတယ် သည်းငယ်လဲ နေ့စေ့လစေ့ ကြီးနဲ့ သူ့ကိုယ်‌လိုအပ်နေမှာသည်းငယ်လို ယောကျာ်းလေးတစ်ယောက်က သူနဲ့မျိုးတူ ရိပေါ်ရဲ့သွေးသားကို လွယ်ပေးထားတာနဲ့တင် အရမ်းကို ကျေးဇူးတင်စရာကောင်းနေပီ
သည်းငယ်အတွက် လိုအပ်တာလေးတွေနဲ့ ရေခဲသေတ္တာထဲ ဖြည့်ဖို့အတွက် အသားနဲ့ အရွက်တချို့ဝယ်ရမယ် မနက်က သည်းငယ်အတွက် ခေါက်ဆွဲပြင်ပေးခဲ့တာမို့ ဘာတွေလိုအပ်နေပီလဲ ဆိုတာ သူမှတ်ထားခဲ့လိုက်တာ
.
.
.ရှောင်ကျန့်က ဒီနေ့လဲ ပြန်လာမှာမသေချာတဲ့ရိပေါ်ကို အိမ်ရှေ့ထွက်ပီး စောင့်တယ် မောင့်ကို မျှော်ရတာ အကျင့်တောင်ဖြစ်နေပီ  ရှောင်ကျန့်တို့နေတဲ့ ရပ်ကွက်လေးက အေးချမ်းတာမို့ ညနေစောင်းနေလဲ
တခြား လမ်းမတွေပေါ်မှာလို ကလေးတွေ ပြေးပီးဆော့နေတာကို မတွေ့ရ ရှောင်ကျန့်နဲ့ ရိပေါ်ကို
လက်ထပ်ခါစ ကဆို ရိပေါ်ခေါ်သွားလို့ ရှောင်ကျန့်ရောက်ဖူးတယ် ရိပေါ်မားမားရဲ့ အစ်မအိမ်တဲ့
တကယ့်ကို မယုံနိုင်စရာပါပဲ အရမ်းချမ်းသားတဲ့ ရိပေါ်တို့မှာလဲ သာမာန်လူတန်းစား ဆွေမျိုးရှိနေတယ်ဆိုတာ ရိပေါ်ရဲ့ အဒေါ်က အရမ်းဖော်ရွှေတယ် ရှောင်ကျန့်ကိုလဲ ချစ်တယ်

ရိပေါ်ရဲ့ မားမားအကြောင်းတွေ ပြောပြတာမှအများကြီး ရိပေါ်မားမားက အရမ်းလှကြောင်း သိုသိုသိပ်သိပ်နဲ့ နေတက်ကြောင်း ‌ကအစငယ်ငယ်တုန်းက
ကျောင်းမှာစာအရမ်းတော်ကြောင်းပါ ပါတယ်
ရိပေါ်ရဲ့ မားကစာရေးဆရာမတဲ့ အရမ်းလဲ တော်တာဆိုပဲ ဒါပေမယ့် ရိပေါ်ပါးပါးနဲ့ အကြောင်းပါပီးလက်ထပ်ယူလိုက်ရတော့  သူ့ဝါသနာကို စွန့်လွှတ်ခဲ့ရတယ်တဲ့
ရှောင်ကျန့်သိတယ် မောင့်ရဲ့ အဒေါ် ကသူ့ညီမကို အရမ်းချစ်တယ်ဆိုတာစကားပြောရင်းမျက်လုံးတွေကတစ်ဆင့်ခံစားမိတယ် မောင့်ပါးပါး အကြောင်းပြောတော့သိသိသာသာ ညှိုးကျသွားတဲ့ မျက်ဝန်းတွေ ရှောင်ကျန့်အဲ့တုန်းက တွေးမိသေးတယ် မောင်ရောသူရော ပညာမစုံသေးခင် ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်တည်နိုင်သေးခင် အခုလိုတစ်အိုးတစ်အိမ်ထူထောင်လိုက်တာက စောလွန်းသလားလို့ နောင်တရလို့မဟုတ်ပေမယ့် မောင်ပင်ပန်းနေတာကို သူမကြည့်ရက်ဘူး

အပြန်မှာသူတွေးမိတာကို မောင့်ပြောပြတော့ ရှောင်ကျန့်ကို စိတ်ဆိုးသွားတာမှ အကြီးအကျယ် ပီးတော့မောင်က ငိုနေ‌ခဲ့သေးတာ

သည်းငယ်မောင့်ကိုယုံပါတဲ့လေ မောင်လုံးဝမပင်ပန်းဘူးတဲ့ မောင်ဟာလေ အဲ့တုန်းက အရမ်းချစ်ပြတက်ခဲ့တာ

ရှောင်ကျန့်အတွေးထဲမြောနေတုန်း ခပ်ဖွဖွ ကိုင်လှုပ်ခံလိုက်ရတဲ့ ပခုံးနဲ့ ကြားလိုက်ရတဲ့မောင့်အသံဩရှရှ

"ဟိတ်သည်းငယ်လေး ဘာတွေတွေးနေတာတုန်း မောင်ခြံထဲဝင်လာတာတောင် မသိဘူးလား"

"အော် မောင်ပြန်လာတာလား သည်းငယ်က မလာလောက်တော့ဘူးထင်တာကို"

"မောင်ပြန်မလာဘူးထင်တယ်ဆို ဘာလို့သည်းငယ်က စောင့်နေတာလဲ ...."

ပြုံးစစနဲ့ သည်းငယ်ရဲ့စိတ်ကိုမောင်သိနေပါတယ်ဆြိတဲ့အထာနဲ့ မေးလာတဲ့ မောင်

မောင်ဟာလေသူ့စိတ်ကိုသိသလို သိပ်လုပ်တာပဲအရင်က သည်းငယ်စိတ်ကို မောင်သိနေပေမယ့်အခုတော့ မတူတော့ဘူးလေ အမြဲတမ်းမှတ်ထားလို့မှမရတာမောင်ရယ် သည်းငယ် ကိုယ်တိုင်လဲ ပြောင်းလဲသွားတဲ့မောင့်ကို လိုက်မမှီချင်ဘူး အခုမောင့်ရဲ့အရင်ပုံစံကို ပြန်မြင်ရပေမယ့် ဘယ်အချိန် ‌ထပ်ပြောင်းလဲသွားမလဲ သည်းငယ် ကြောက်တယ်မောင်

မွန်းကြပ်လွန်းလို့ ဘာမှ မတွေးချင်ဘူး

"သည်းငယ်က မောင်ပြန်မလာလဲ ထွက်စောင့်နေရတာ
အကျင့်တောင်ဖြစ်နေပီ မောင်ရဲ့"

ရှောင်ကျန့်ရဲ့ စကားကြားတော့ ရိပေါ်မျက်နှာက
သိသိသာသာပျက်တယ်

ဘာတက်နိုင်မှာလဲ သူကိုယ်တိုင်လုပ်ခဲ့တဲ့အရာတွေပဲလေ အရာအားလုံးသိသွားပြီး မင်းစိတ်ညစ်နေမယ့်အစား မောင့်ကိုသာအပစ်မြင်လိုက် သည်းငယ်

"မောင်တို့အိမ်ထဲဝင်ရအောင်လေ မောင်မုန့်တွေဝယ်ခဲ့တယ် လာ သွားစားရအောင်"

"ဟုတ်"

"မောင့်သည်းငယ်လေးက လိမ်မာလိုက်တာကွာ"

"ဟီးးဟီးးဟုတ်တယ်ရော် အဲ့တာမောင့်သည်းငယ်လေးမို့ လိမ္မာတာ "

ရိပေါ်ဘက်က အရင်လိုပြန်နေပြတော့လဲ ရှောင်ကျန့်ဆိုတာ အရာအားလုံးကိုမေ့ပီး ပျော်မိတာပါပဲ သူလိုအပ်နေတာ မောင့်ဆီက အရင်လိုအပြုအမူလေးတွေ

*ငါအေးစက်တာတွေ မကြိုက်ဘူးမောင်ရဲ့*
.
.
.
.ညစာစားပီး အိပ်ယာဝင်တဲ့ထိ အားလုံးကအဆင်ပြေပြေပါပဲ မောင်က ရှောင်ကျန့်ကို အရင်လိုဂရုစိုက်တယ် ဗိုက်လေးပွတ်ပီး သားလေးနဲ့တောင်စကားပြောနေသေးတာ

"ဝေ့ အထဲကအကောင်ပေါက်လေး Daddy ပြောတာကြားရရဲ့လား မင်းပါးပါး ဗိုက်ထဲက အဆင်ပြေပြေထွက်လာနော်"

"Daddy တို့စောင့်နေမယ် "

"မင်းအထဲမှာရှိနေတော့ မင်းပါးပါးကဗိုက်ပူလေးနဲ့ဘောလုံးလေးဖြစ်‌နေတာ လုံးလုံးလေး အရင်လိုသေးသေးလေးကို အားရပါးရဖက်ချင်လှပီကွ "

"ကြားလား အကောင်ပေါက်"

"မောင်ရယ် ကလေးက နားလည်မှာမှ မဟုတ်တာကိုဘာတွေလျှောက်ပြောနေမှန်းမသိ"

"နားလည်ပါတယ်သည်းငယ်ရဲ့ ဟုတ်တယ်မလားအကောင်ပေါက်လေး"

မောင်ဟာလေ ပြောလေကဲလေ ရှောင်ကျန့်ပြောတဲ့စကားကို ဗိုက်ထဲက ကလေးကိုပါ ထောက်ခံခိုင်းနေတာ ဒီလိုဘယ်ရပါ့မလဲ

"ဟွန့်"

"သားလေးက ပြောတယ် မောင်ပြောတာတွေတစ်ခုမှနားမလည်ဘူးတဲ့"

"‌အကောင်ပေါက်လေးက ပြောတယ် Daddyပြောတာတွေကို နားလည်တယ်တဲ့"

"မောင်နော် နားမလည်ဘူးဆို"

"နားလည်တယ်တဲ့"

"မလည်ဘူး"

"လည်တယ်"

"မလည်ပါဘူးဆို မောင်ရာ"

" ဟ ဟ ဟုတ်ပါပီဗျာ မောင့်ကလေးလေးမှန်တယ် "

"လာလာ အခုအိပ်ရအောင် ပါးပါးအားရှိမှ အထဲကအကောင်ပေါက်လေး ကျန်းမာမှာ "

"မောင်ချော့သိပ်မယ်"

"အွန်း မောင်ချော့သိပ်"

‌စောင်သေချာခြုံပေးပီးရင်ခွင်ထဲထည့်ခါ ကျောပုတ်သိပ်နေတဲ့ မောင့်ကြောင့် ရှောင်ကျန့် အရမ်း‌ကြည်နူးမိတယ် မောင့်ဆီက ဒီလိုဂရုစိုက်မှုလေးတွေ မရတာ ဘယ်လောက်‌တောင်ကြာပြီလဲ

အရာအားလုံး ပုံမှန်တိုင်းပြန်ဖြစ်သွားပီထင်ပါရဲ့

*‌ငါထပ်မခံစားချင်တော့ဘူးမောင် မောင့်ဆီကလျှစ်လျူရှု့ခံရတာက ငါ့အတွက်ရှင်သန်ဖို့ခက်ခဲတယ်*

အေးအေးချမ်းချမ်းအိပ်ပျော်သွားတဲ့‌ရှောင်ကျန့်က
ညလယ်မှာ အေးစက်မှုတဖန် လန့်နိုးလာတယ်
အရမ်းအေးတယ်မောင် မိုးတွေအရမ်းရွာတာပဲ အားကိုးကြီးစွာနဲ့ မောင့်ကို ငှဲ့ကြည့်မိတော့ ဘေးမှာမောင်ကရှိမနေပြန်ဘူး

‌အပေါ့အပါး သွားတယ်လို့ထင်လိုက်ပေမယ့် မောင်ကအချိန်တစ်ခုကြာတဲ့ထိ အနားပြန်မရောက်လာခဲ့ပြန်ဘူး

ဝမ်းနည်းစိတ်နဲ့အတူ လျှံတက်လာတဲ့ မျက်ရည်‌တွေ

*မောင်ဟာထားခဲ့ပြန်ပီ  အရာအားလုံးက အရင်တိုင်းပါပဲ ဘာမှမပြောင်းလဲဘူး *

ရှောင်ကျန့်ရယ်မင်းဟာလေနည်းနည်းလေးပြန်ဂရုစိုက်ပြတာနဲ့ ကမ္ဘာကြီးတစ်ခုလုံး အပိုင်ရသွားပီလို့ ထင်နေပြန်ပီ

*ည‌လေးတစ်ညပါပဲမောင်ရယ်ဒီညလေးဆုံးအောင်တောင်ငါ့မှာပျော်ရွင်ခွင့်ဆိုတာမရှိဘူးလား*

__________________________________________
31.8.2023
BJYX🤍






Continue lendo

Você também vai gostar

767K 28.4K 103
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
438K 11.4K 62
❝spencer, all this week you've been holding my hands. what about your germ thing?❞ ❝you were more important.❞ hazel finley is a liar. but she's a da...
139K 6.4K 36
"I can never see you as my wife. This marriage is merely a formality, a sham, a marriage on paper only." . . . . . . She was 10 years younger than hi...
68.5K 1.6K 31
!Uploads daily! Max starts his first year at college. Everything goes well for him and his friends PJ and Bobby until he meets Bradley Uppercrust the...