part11

233 14 1
                                    

ရှောင်ကျန့်သတိထားမိနေတာကြာပီ
ရိပေါ်သူ့ယောကျာ်းဖြစ်သူ ပြောင်းလဲနေတာ

အရင်ဆိုသူ့အပေါ်မှာနွေးနွေးထွေးထွေးနဲ့ဂရုစိုက်လွန်းတဲ့ ယောကျာ်းက အခုတော့သူ့အပေါ်
အေးစက်လာခဲ့ပီ
ရှောင်ကျန့်ကတော့ ရိပေါ်ကအနားမကပ်လဲ
လိုက်ကပ်နေတာပါပဲ
ရှောင်ကျန့်စိတ်ထဲ ရိပေါ်ကသူ့ကိုစိတ်ဆိုးနေမယ်
ဒါမှမဟုတ် ကိစ္စတစ်ခုခုကို စိတ်ခုနေမယ်
ဒါကြောင့်သူ့ကိုလျစ်လျှူရှု့နေတာပေါ့
ရိပေါ်လား သူ့ကိုအကြောင်းမရှိဘဲပစ်ထားမှာ

ရှောင်ကျန့်ရဲ့ကိုယ်ဝန်ကလဲ မွေးခါနီးနေပီ
ယောကျာ်းလေးကိုယ်ဝန်ဆောင်မလို့
ဘယ်အချိန်ထမွေးမလဲ မသိနိုင်ဘူး
ရှောင်ကျန့်က မိဘအိမ်ကိုလဲအသိမပေးတာကြောင့် နေ့စေ့လစေ့လို့ပြောလို့ရတဲ့
ကိုယ်ဝန်သည်ရှောင်ကျန့်က
ရိပေါ် အလုပ်သွားချိန်ဆို အိမ်မှာတစ်ယောက်ထဲ

ကိုယ်ဝန်လွယ်ထားရသူမို့အရင်လို
လွယ်လွယ်ကူလမ်းမလျှောက်နိုင်ခဲ့
ရှောင်ကျန့်အတွက် တကယ်ကိုမှခက်ခဲတဲ့ကာလ
ပါပဲ
ရိပေါ်ကတော့ ခုတလောအလုပ်အရမ်းရှုပ်နေပုံရတယ်
ရှောင်ကျန့်က အလုပ်မှာပင်ပန်းလာတဲ့ရိပေါ်ကို
အိမ်မှာသက်သောင့်သက်သာနေစေချင်ပေမယ့်
ရိပေါ်ကအိမ်ပြန်လာလဲ ရုံးကစာရင်းတွေအိမ်သယ်ပီးလုပ်နေတက်တယ်

အလုပ်ခုံမှာထိုင်ပီးအလုပ်လုပ်နေတဲ့ ရိပေါ်ကို
ရှောင်ကျန့်ထိုင်ကြည့်နေတာအတော်ကြာပီ

တကယ်ဆိုရှောင်ကျန့်အိပ်ချင်နေပီ
ဒါပေမယ့် သူ့ယောကျာ်းကိုလဲစောင့်ချင်​သေးတာကြောင့် နာရီတကြည့်ကြည့်ပဲတက်နိုင်တယ်

"မောင်"

"မောင်.....မောင်လို့....."

"အွန်းးပြောလေကွာ သဲငယ်"

"အချိန်လင့်နေပီ မောင်ရဲ့ နားပါတော့လား"

"..........

"မောင် ပြောတာကြားရဲ့လား နားတော့လို့"

"ခနလေးပါကွာ မောင့်အလုပ်ကအရေးကြီးနေလို့"

"သဲငယ်အိပ်ချင်အိပ်တော့လေ"

"ငါကမောင်နဲ့အိပ်ချင်တာလေ "

𝙈𝙞𝙨𝙜𝙪𝙞𝙙𝙚𝙙 𝙡𝙤𝙫𝙚( မောင့်ဆိုင်သူ )Where stories live. Discover now