အချစ်ကို ကျော်လွန်၍
By GemFot5
10.9K 876 224
Geminifourth More
2🌻
3🌻
4🌻
5🌻
6🌻
အမှားစာ
7🌻
8🌻
9🌻
10🌻 ‼️
11🌻
12🌻
13🌻
14🌻
15🌻
16🌻
17🌻
1🌻
1.4K 63 7
By GemFot5
အနောက်တိုင်းဝတ်စုံနှင့်လိုက်ဖက်စွာ ဝတ်ဆင်ထားတဲ့ ကောင်လေးနှစ်ယောက် တစ်ယောက်မှာ လှပသောအပြုံးတွေပြုံးထားလျက် နောက်တစ်ယောက်မှာ အလိုမကျစွာဖြင့် မျက်မှောင်ကြုတ်ကာစိတ်မပါစွာဖြင့်။
"Gem နည်းနည်းလောက်ပြုံးထားပေးပါလား"
"ပြုံးတယ်ဆိုတာ စိတ်ပျော်ရွှင်မှပြုံးလို့ရတာ ခုငါ့ပုံစံက ပျော်နေပုံပေါက်နေလို့လား"
Fourthလဲ gemစကားကြောင့်ဘာမှပြန်မပြောဖြစ်ခဲ့ ဧည့်သည်တွေကိုသာ အားနားစွာကြည့်ပြီး
"တောင်းပန်ပါတယ်ဗျ ကျွန်တော့်အမျိုးသားက စကားနည်းလို့ပါ"
Fourthလဲ ဧည့်သည်တွေကိုနှုတ်ဆက်လိုက် သူ့အမျိုးသားနဲ့မိတ်ဆက်ပေးလိုက်နဲ့ အတော်လေးပင်ပန်းနေပြီး။Gemကတော့ fourthဘေးတွင်ရှိနေမဲ့ fourthကိုရှိတယ်လို့တောင်မထင်။
"Gem.."
ခေါ်သံကြောင့် Geminiရောfourthပါလှည့်ကြည့်လာ​သည်။
"မ"
"ဟင့် မောင် မင်းအရမ်းရက်စက်တယ် မ မှာတော့မောင့်ကိုချစ်လိုက်ရတာ ဟင့်.." Gemရဲ့ ရင်ဘတ်ကို ထုရိုက်စွာပြောလာတဲ့ အစ်မမွတ်
"မ မောင် တောင်းပန်ပါတယ် "လို့ပြောပြီး ကျွန်တော့ဘက်လှည့်ကာ
"အားလုံးမင်းကြောင့်ဖြစ်ရတာ fourth Nattawat မင်းကြောင့်ပဲ"
ကျွန်တော်နားမလည်တော့ဘူး ခုgemက ကျွန်တော့်ကိုခု ဘာတွေပြောနေလဲဆိုတာ
"Gem မင်းဘာတွေပြောနေတာလဲ ငါကဘာလုပ်မိလို့ငါ့ကိုဒီလောက်တောင်မုန်းနေရတာလဲ"
"ဘာလုပ်မိလို့ ဟုတ်လား ငါ့အကိုလမ်းမလျှောက်နိုင်အောင်လုပ်ခဲ့တာမင်းလေ..နောက်ပြီး ငါ့အမေကိုခြိမ်ခြောက်ပြီး ငါ့ကို မင်းအတင်းယူခဲ့တာတွေက မင်းဘာမှမလုပ်ခဲ့ဘူးလို့ပြောထွက်တယ်နော်"
Gemက fourthမျက်နှာကိူ မုန်းတီးစွာကြည့်ပြီးပြောလာခဲ့သည်။ တော်သေးတာ ကျွန်တော့တို့စကားပြောနေတဲ့နေရာက ဧည့်သည်တွေနဲ့ ဝေးနေလို့။
Fourthလဲ စကားမများချင်တော့ကြောင့် စကားလမ်းကြောင်းလွဲလိုက်သည်။
"အစ်မ မွတ်လဲ ပြန်တော့လေ ညနက်နေပြီး "ဆိုကာပြောလိုက်တော့
"မင်း မောင်းထုတ်စရာမလိုပါဘူး တို့လဲပြန်တော့မှာပါ" ခုနကနဲ့မတူစွာ ပြောင်းလဲသွားတဲ့ အစ်မမွတ်မျက်နှာကြောင့် fourthတကယ်ပင်အံသြမိပါသည်။
"မောင် မပြန်တော့မယ် "
"မောင်လိုက်ပို့ပေးမယ် မ"
Gemရဲ့ လက်တစ်ဖက်အား ကျွန်တော်ဆွဲပြီးတားမိသည်။
"ဟင်းအင်း မသွားပါနဲ့ gem အိမ်မှာငါတစ်ယောက်ထဲကြောက်လို့ပါ"
Gemရဲ့ ကျန်တဲ့ လက်တစ်ဖက်ကိုလဲ မွတ်ကဆွဲထားပြီး
"မောင်ပြော ခုချိန် မတစ်ယောက်ထဲပြန်သွားရင် မောင်စိတ်ချလို့လား" နောက်ဆုံးတော့ ကျွန်တော်သာ အလျော့ပေးလိုက်ပြီး
"လိုက်ပို့ပေးလိုက်ပါ gem ငါအိမ်ထဲ ဝင်နှင့်ပြီး"
Fourthလဲ gemနဲ့ အစ်မမွတ်အား ကျောခိုင်းပြီး အိမ်ထဲဝင်လာခဲ့လိုက်သည်။
Gemနောက်ဆုံး ကျောခိုင်းတဲ့ သူကငါဘဲဖြစ်ပါရစေ။
Fourthတို့ရဲ့ လက်ထပ်ပွဲကို နှစ်ဖက်မိသာစုမှတစ်ယောက်မှမလာခဲ့ပေ။ တစ်ညလုံးအခန်းထဲတွင် fourthတစ်ယောက်ထဲ နာရီပေါင်းများစွာငိုနေမိသည်။
ကံတရားကြီးမတရားလိုက်တာနော်။ ဘာလို့ ကျွန်တော်မှဒီလိုအဖြစ်မျိုးတွေကိုလာကြုံတွေ့ရတာလဲ။
ညက Gemပြန်မလာပါ။မွတ်ပို့ပေးလာတဲ့ gemအိပ်နေတဲ့ အပုံတွေ fourthဖုန်းထဲအပြည့် gemက အိပ်နေတာတောင်ကြည့်ကောင်းနေတုန်းဘဲ။
Fourthနိုးလားတော့ ညက ငိုထားတာကြောင့် ခေါင်းအနည်းငယ်ကိုက်နေသည်။ဒါပေမဲ့ ဆက်အိပ်နေလို့မဖြစ် Gemပြန်လာရင်စားဖို့ fourthပြင်ဆင်ပေးရအုံးမယ်ပြီးရင် fourthလဲ ဆေးရုံသွားရအုံးမှာမို့။fourth အိပ်ယာမှထကာ ဆေးရုံသွားမို့အားလုံးပြင်ဆင်ပြီးတာနဲ့ အောက်ထပ်အား ဆင်းလာခဲ့သည်။
Gemအတွက် မနက်စားပြင်နေချိန် အိမ်ရှေ့မှကားသံကြောင့် gemပြန်လာပြီးထင်တယ် ခနကြာတော့gem မီးဖိုးခန်းထဲသို့ ဝင်လာသည်။
"Gem ပြန်လာပြီးလာ ဒီမှာ Gemငါမင်းအတွက် မနက်စာ လက်ဖက်ရည်နဲ့ ကိတ်လေးလိုက်ထားပေးတယ်နော် "
"မလိုဘူး ငါအပြင်မှာစားခဲ့ပြီး"
"အင်းပါ အဒါဆိုလဲ ငါဆေးရုံသွားတော့မယ် Gem "
Fourthလဲ ဘာမှတွေးမနေတော့ဘဲ ဆေးရုံကိုသာလာခဲ့လိုက်တော့သည်။
ဆေးရုံရောက်တော့ ဆေးရုံကလူတွေက ကျွန်တော်အားကြည့်နေကြသည်။ ဘာလို့လဲ ငါ့မျက်နှာမှာတစ်ခုခုပေနေလို့လား မဟုတ်လောက်ပါဘူး လာတုန်းကတောင် ကားမှန်နဲ့ကြည့်ခဲ့ပါသေးတယ်။ fourthလဲ ထွေးထွေးထူထူကိစ္စမဟုတ်တာကြောင့် ကိုယ့်ရုံခန်းဆီတာလျှောက်လာခဲ့တော့သည်။ အခန်းထဲရောက်တော့ စစ်ဆေးရမဲ့ ဆေးမှတ်တမ်းတွေသာစစ်နေလိုက်သည်။ခနကြာတော့ fordဆိုတဲ့ သူ့ရဲ့တစ်ဦးတည်းသော သူငယ်ချင်းလေး ရောက်လာပြီး
"Fourth မင်းအဆင်ပြေရဲ့လား"
" Ai ford မင်းကပါ ဘာလို့ငါ့ကို ထူးဆန်းတဲ့အကြည့်တွေနဲ့ကြည့်နေတာလဲ ငါဆေးရုံရောက်ထဲ ဆေးရုံကလူတွေ ဝိုင်းကြည့်နေကြတာ "
"Fourth မင်းမသိသေးဘူးလား မင်းအိမ်က မင်းကို အမွေးဖြတ်လိုက်ပြီး သားအဖြစ်ကပါထုတ်လိုက်ကြပြီး"
"အော်" ကျွန်တော် အော်တစ်လုံးသာပြောနိုင်တော့သည်။အစထဲက ဒီလိုဖြစ်မှန်းသိပြီးသာမို့ သိမ့်ပြီးတော့ မအံသြတော့ပါ။
"အခုသိပြီးဆိုတော့ မင်းအဆင်ပြေရဲ့လား fourth"
"အင်း..အဆင်ပြေပါတယ် ဘာမှစိတ်မပူပါနဲ့ကွာ ငါ့အချစ်ရဆုံးသူငယ်ချင်းလေးရယ်"ဆိုကာ fordကို ပြုံးပြလိုက်သည်။
Fordသိတာပေါ့ သူ့သူငယ်ချင်း ဘယ်လောက်ဘဲပြုံးထားပြုံးထား ရင်ဘတ်ထဲမှာတော့ပြိုလဲနေပြီးဆိုတာကို ဒါမဲ့ fordထပ်မမေးတော့ပဲ fourthတစ်ယောက်ထဲအေးအေးဆွေးဆွေးနေရန် အခန်းထွက်ကာ လူနာတွေအား လှည့်ပတ်စစ်ဆေးနေလိုက်တော့သည်။
Fordထွက်သွားမှ fourthတစ်ယောက် ဘယ်ကမှန်းမသိကျလာတဲ့ သူ့ပါးပေါ်က မျည်ရည်တွေကိုထိပြီး ပြုံးနေမိသည်။သူက gemနဲ့ ပတ်သက်လာရင် အရမ်းထိခိုက်လွယ်ပြီး မျက်ရည်ကျသည်အထိ။
ဒါက သူအတွက်အရေးအပါတာကြောင့်Fourth ဆေးရုံမှာ လူနာတွေကို လှည့်ပတ်ကြည့်နေလိုက်သည်။ ထိခိုက်ဒဏ်ရာတွေရလာတဲ့ သူတွေကို ဆေးထည့်ပေးလိုက်၊အဖွားတွေအဖိုးတွေနဲ့စကားပြောလိုက်နဲ့ fourth ရဲ့ ဆေးရုံဆင်းချိန်ကိုတောင်နီးနေပြီး။fourthလဲ ပစ္စည်းတွေသိမ်းပြီး။ Fourthလဲ လက်ပတ်နာရီလေးကိုကြည့်ကာ
"အိုး....5နာရီတောင်ထိုးတော့မယ် gem ထမင်းရောစားပြီးရဲ့မသိဘူး" ဘယ်အချိန်ဘဲဖြစ်ဖြစ် fourthရဲ့ ပထမဆုံးသတိရသူဟာ အမြဲတမ်း geminiဘဲ။
ပစ္စည်းတွေကို သိမ်းကာ အိမ်သို့ပြန်လာခဲ့သည်။ အိမ်ရောက်တော့ အိမ်တံခါးက ပိတ်ထားတာမို့
"သော့အပို ယူထားဖို့မေ့နေတာဘဲ " gemအားဖုန်းဆက်ကြည့်တော့လဲ ဖုန်းမကိုင်တာကြောင့် အိမ်တံခါးလေးကိုမှီကာ gemအပြန်လာကိုသာစောင့်နေလိုက်သည်။
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
ပထမဆုံးရေးတဲ့Ficလေးမို့ အရေးသားညံ့ရင် သည်းခံပြီးဖတ်ပေးပါဗျ🙏💗
Continue Reading
You'll Also Like
1.9M 83.3K 127
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
3K 265 15
Unicode အစထဲက ပုံမှန်မဟုတ်တဲ့ ကျွန်​​တော့်လို လူကို အကို့အပြုံး​တွေက ပိုမိုရူးသွပ်​သွားစေခဲ့တာ. . . 💙 Zawgyi အစထဲက ပုံမွန္မဟုတ္တဲ့ ကြၽန္​​ေတာ့္လို...
3.3K 263 14
102K 2.1K 36
diana, let me be the one to light a fire inside those eyes. in which, aj diana m. tomlinson wakes up from her coma in...