2🌻

373 35 7
                                    

"Fourth ထစမ်း ဘာလို့ အိမ်ရှေ့မှာ အိပ်နေတာလဲ"

Gemအသံကြားမှ ကျွန်တော် နိုးလာသည် တစ်ညလုံးဒီအိမ်ရှေ့မှာ gemအပြန်လာကို စောင့်နေခဲ့တာ ခြင်တွေလဲ ကိုက်လွန်လို့ လက်မှာရော လည်ပင်မှာတွေပါ အနီဖုတွေအများကြီးဘဲ။

"သော့အပိုယူထားလေ..ငါကအိမ်ပြန်လာချင်မှပြန်လာမှာ"

"အင်း နောက်တစ်ခါယူထားပါ့မယ် ဒါနဲ့ gem မနက်စာစားပြီးလား" အရဲစွန့်ပြီးမေးလိုက်တော့

"မစားရသေးဘူး ဒီမှာ မ လဲမစားရသေးဘူး ငါ့တို့ကို မနက်စာတစ်ခုခုပြင်ပေး fourth "

Fourth  အစ်မမွတ်အားအခုမှတွေ့သည်။ ဟုတ်သာဘဲ ငါသာgemတစ်ယောက်ထဲကိုဘဲ မြင်နေတာ။အစ်မမွတ်လက်ထဲမှာလဲ ခရီးသွားအိတ်တစ်လုံးကို ကိုင်ထားသေးသည်။

Gemကိုကြည့်လိုက်တော့ Gemက

"မက ငါတို့နဲ့ ဒီမှာနေမှာ"

"Gem မင်းဘာပြောလိုက်တာလဲ ငါလုံးဝလက်မခံနိုင်ဘူး ယောင်္ကျားလေးနှစ်ယောက်ထဲရှိတဲ့ အိမ်မှာအစ်မမွတ်နဲ့ဘယ်လိုမှမသင့်တော်ဘူးလေ Gemရယ်"

"ဘာလို့ မသင့်တော်ရမှာလဲ တို့ရည်းစားအိမ်မှာ တို့လိုက်နေတာလေ"တစ်ချိန်လုံးငြိမ်နေတဲ့ အစ်မမွတ်က ဝင်ပြောလာသည်။

"ဒါပေမဲ့ ...

"တော်လိုက်တော့ fourth မင်းဒါဘဲဆက်ပြောနေမယ်ဆို ငါ မနဲ့ ငါ့ကွန်ဒိုမှာဘဲ ပြန်နေလိုက်မယ်"

Gemစကားကြောင့် fourthဘာမှဆက်မပြောတော့ဘဲ

"ဟုတ်ပါပြီး gemရယ် ဒီမှာဘဲနေပါ ကွန်ဒိုမှာတော့သွားပြန်မနေလိုက်ပါနဲ့နော်"နောက်ဆုံးတော့လည်း ကျွန်တော်ဘဲအရှုံးသမားပေါ့ gemရယ်။

အစ်မမွတ်ကတော့ အောင်နိုင်သူအပြုံးဖြင့် gemနဲ့အတူ အိမ်ထဲသို့ ဝင်သွားခဲ့ပြီး။ခုထိအိမ်ထဲမဝင်ရသေးဘဲ အိမ်ရှေ့မှာကျန်နေခဲ့တာ ကျွန်တော်ရယ်ပါ။ သူအခုထိဘာတစ်ခုမှကို သေချာနားမလည်တော့ဘူး။

"မင်း အဲ့မှာဘဲ တစ်နေ့လုံးရပ်နေတော့မှာလား Fourth ငါတို့စားဖို့အတွက်မပြင်ဆင်ပေးတော့ဘူး" gemအသံကြားမှ အတွေးတွေလေထဲလွင့်ပြယ်ကုန်ကာ အိမ်ထဲသို့အပြေးလေးဝင်လာခဲ့သည်။

အချစ်ကို ကျော်လွန်၍Where stories live. Discover now