ကူးပြောင်းလာတိုင်း အမျိုးသားဇ...

By Swae_Nyoe

154K 15.6K 144

ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့... More

Description
Part 1
Part 2
Part 3
Part 4
Part 5.1
Part 5.2
Part 6
Part 7
Part 8
Part 9.1
Part 9.2
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18.1
တယ်လီဂရုရရှိပါကြောင်း..
Part 18.2
Part 18.3
Part 19.1
Part 19.2
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26.1
Part 26.2
Part 27
Part 28
Part 29
Part 30
Part 31
Part 32
ပေးဂရု ပြီးဆုံးကြောင်း ကြေညာချက်..
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 47
Part 48.1
Part 48.2
Part 48.3
Part 49.1
Part 49.2
Part 49.3
Part 50.1
Part 50.2
Part 50.3
Part 51.1
Part 51.2
Part 52
Part 53.1
Part 53.2
Part 53.3
Part 54
Part 55.1
Part 55.2
Part 55.3
Part 56
Part 57.1
Part 57.2
Part 57.3
Part 58
Part 59.1
Part 59.2
Part 60.1
Part 60.2
Part 60.3
Part 61
Part 62
Part 63
Part 64
Part 65
Part 66.1
Part 66.2
Part 67
Part 68
Part 69.1
Part 69.2
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part 105
Part 106
Part 107
Part 108
Telegram ကို လာခဲ့နော်
Part 109
Part 110
Completed in Telegram
Part 111
Part 111.2
🌹ဇူလိုင်လလယ် အထူးပရိုမိုးရှင်း🌹
🌹ဇူလိုင်လလယ်ပရိုမိုးရှင်းမှာ ဘာတွေ ဖတ်ဖို ဝင်သင့်လဲ🌹
🌹🌹🌹ဇူလိုင်လလယ် အထူးပရိုမိုရှင်း နောက်ဆုံးနေ့လေးပါ🌹🌹🌹
💥ခွေးစာတွေ ကြိုက်လား။ ဒါဆို ဖတ်သင့်တာက ဒါလေးတွေနော် 👇👇

Part 46

926 116 2
By Swae_Nyoe

အပိုင်း(၄၆) သူမဂရုအစိုက်ဆုံးက ငါဘဲ။

နင်မုန့်က အပြစ်မကင်းသလို ဖြစ်သွားသည်။ သူမ၏မြေးရှေ့တွင် လက်ပူးလက်ကြပ် မိသွားသည်။

"ရှက်စရာကောင်းလိုက်တာ"

သူမက ချုံခယ့်ခယ့်နှင့်အတူ ရှိနေရင်း အလန့်တကြား ယခုလေးတင် အော်လိုက်လေသည်။ ထိုသို့ အော်လိုက်ခြင်းက သူ့ကြောင့်မှန်းသာ သိသွားလျှင် သူ၏သူမအပေါ် အမြင်ကပြင်းပြင်းထန်ထန် ပျက်ဆီးသွားနိုင်သည်။

"အာ.. ချီရှီ ဘာလို့ဒီကို ရောက်နေတာလဲ"

ရှီချီကပြောသည်။

"ငါမင်းကိုတစ်ချက် ကြည့်ရုံနှင့် မြင်တယ်"

နင်မုန့် "..."

"အဖြေကလဲ ကြောက်ဖို့ကောင်းလိုက်တာ"

အနောက်မှ ခြေလှမ်းသံတိုးတိုး ထွက်လာပြီးနောက်တွင် ရေချိုးခန်းထဲမှ ကောင်မလေးနှစ်ယောက်ကလဲ သတိထားမိကြပြီး ထွက်လာကြသည်။

လျိုရွှမ်းရီ မျက်နှာကလဲ ပျက်နေသည်။ သူမကမေးသည်။

"နင်တို့ချောင်းနားထောင်နေတာလား"

သူမကဒီကိစ္စကို အခြားလူများကို မပြောချင်ချေ။ သူမ၏ရင်ထဲတွင်သာ တစ်သက်လုံးသိမ်းထားရန် ဆုံးဖြတ်ထားခဲ့သည်။ သူမ၏အတန်းဖော်က ဖိအားပေးသောကြောင့်သာ ဒီညတွင်ဝန်ခံ လိုက်ရသည်။ သို့သော်အခြားလူများက ချောင်းနားထောင်မည်ဟု မမျှော်လင့်ထားမိချေ။ သူမ၏အတန်းဖော်ကလဲ စီနီယာအထက်တန်းမှ အမများကို မြင်သောအခါ ယခင်အကြောင်းများကို ပြန်သတိရသွားပြီး သံသယအပြည့်ဖြင့် မေးလိုက်သည်။

"စီနီယာအစ်မတို စီနီယာအစ်မတို့ ဘာလို့လျိုရွှမ်းရီ ကိစ္စကိုအရမ်း ဂရုစိုက်နေတာလဲ"

ချောင်ခက်ခဲ့က လှည့်ကြည့်ပြီးမေးလာသည်။

"အစကတည်းက နင်ကအလန့်တကြား ရုတ်တရက် ထအော်တာလေ ဒီတော့အခြား လူတွေကအာရုံစိုက်မိ သွားတာပေါ့"

သူမကမူလက သိချင်စိတ်ပြင်းပြ ရုံသာဖြစ်ခဲ့သည်။ ယခုတွင်လည်း သိချင်စိတ်က ရှိနေသေးပြန်သည်။

နင်မုန့်က သူမကိုတတောင်နှင့် ထိုးပြီးရှင်းပြသည်။

"ငါတို့ရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်ပါဘူး တစ်ကယ်တော့ နင်တို့နှစ်ယောက် ငြင်းခုန်သံကို ကြားပြီးတစ်ခုခု ဖြစ်နေပြီလို့ ထင်လိုက်တာ မမျှော်လင့်ထားဘဲ ချောင်းနားထောင်သလို ဖြစ်သွားတော့တာဘဲ"

လျိုရွှမ်းက ဆက်ပြောမလာတော့ချေ။

သူမတို့၏ အစပိုင်းက အသံကမတိုးကြောင်း သေချာသည်။ ထို့ကြောင့် အခြားလူများက ဆူညံသံကြောင့် ရောက်လာသည်မှာလဲ အံ့ဩစရာမရှိချေ။ သူမတို့က ဆူလွန်းသောကြောင့် ဟုသာလက်ခံ ရတော့ပေမည်။

အဆုံးတွင်နင်မုန့်က မနေနိုင်တော့ဘဲ မေးလာသည်။

"လျိုရွှမ်း နင် နင့်ရဲ့အတန်းဖော်ကို ပြောလိုက်တာအမှန်ဘဲလား"

သူမ၏မျက်နှာတွင် မျက်နှာဖုန်းတစ်ခု ရှိနေပြီး အသက်ဝင်နေသလို သင်္ကေတများက ဆက်တိုက်ပြောင်းလဲ နေခြင်းဆိုလျှင် ... မည်သို့ပင်ကြားရစေကာမူ ဇာတ်ညွှန်းရေးထားသော ပုံပြင်တစ်ပုဒ်နှင့် တူနေပေလိမ့်မည်။

လျိုရွှမ်းက ပြောသည်။

"ဒါကနင့်နဲ့မဆိုင်ပါဘူး"

နင်မုန့်က နှာခေါင်းတစ်ရှုံ့ရှုံ့ လုပ်ကြည်သော် ထိူကောင်းမလေး၏ ကိုယ်ပေါ်မှမည်သည့် အနံ့မှမရချေ။ သူမကစနစ်ကို မေးလိုက်သည်။

"ဒီကောင်မလေးက ကိုယ်ပေါ်မှ သေဆုံးခြင်း ရနံ့ရှိလား"

စနစ်ကပြောသည်။

"ရှိတယ် မင်းမြင်နေရတဲ့ အနက်ရောင်လေထုဘဲ"

သူမကနားမလည်သည်။ကို စိုးရိမ်သဖြင့် စနစ်ကထပ်မှန်ရှင်းပြသည်။

"သေဆုံးခြင်းလေထု ဒါပေါ့ဒါက သေလူတစ်ယောက် ရဲ့ဝင်သက်ဘဲ အညှိုးအတေးနဲ့လဲ တူတယ်ဒါပေမဲ့ တော်တော်လေးကွာခြားတယ် ဒီအနံ့ကပုတ်လုနီးပါး ဖြစ်နေပြီး သေဆုံးခြင်း လေထဲကထွက်လာတဲ့ အနံ့ပြင်းအားက သိပ်မကြာခင်မှ သေတော့မယ်လို့ ထင်ရလောက်အောင် နီးကပ်နေတယ်"

နင်မုန့်၏အမြင်တွင် လျိုရွှမ်း၏ရုပ်သွင်ကိုပင် ထင်ရှားစွာမမြင် နိုင်တော့ချေ။ အနက်ရောင် လေထုက သိပ်သည်းစွာဖြင့် အပြည့်ရှိနေပြီး မည်းမှောင်နေသောအရာကိုသာ မြင်ရတော့သည်။ သူမက တစ်ဖက်သူ၏ မျက်နှာကို ယခင်ကတည်းက မမြင်ဖူးခဲ့လျှင် သာမန်လူတစ်ယောက်က ဒီလိုမျက်နှာထား ပြောင်းလဲသွားမည်ဟု မယုံကြည်နိုင်လောက်ချေ။

ရှီချီကနင်မုန့်ကို သူ၏အနားသို့ ဆွဲခေါ်ပြီးခပ်တိုးတိုး ပြောသည်။

"ဟုတ်လား မင်းကြည့်ရတာ မျက်နှာဖုံးပြဿနာကို ဖြေရှင်းဖိုမလိုတော့ဘူးဘဲ"

ချုံခယ့်ခယ့်ကလဲ သူ၏အနားသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။ လျိုရွှမ်းက မျက်လုံးပြူသွားပြီး မယုံကြည်နိုင်သလို ဖြစ်သွားသည်။

"နင်ကဘယ်လို ဖြေရှင်းရမယ်ဆိုတာကို သိတာလား"

သူမ၏အတန်းဖော်က သူမထက်ပို၍ တည်ငြိမ်သည်။ သူမယဉ်ကျေးစွာ ပြောလာသည်။

"စီနီယာ ကျွန်မရဲသူငယ်ချင်းကို ဘယ်လိုကယ်ရမလဲ ဆိုတာသိပါသလား ဒီကိစ္စကို လုံလုံခြုံခြုံနှင့် ဖြေရှင်းနိုင်မှာပါလား"

သူမကအစက မယုံချေ။ ယခုမူသူမ တွေးကြည့်ပြီးနောက်တွင် လျိုရွှမ်းကသူမကို လိမ်စရာအကြောင်း မရှိဟုထင်သည်။ ပို၍ဆိုးသည်မှာ တစ်ဖက်သူက မည်သို့ပြုမူ နေကြောင်းကိုပင် သူမကထင်ထင်ရှားရှား မြင်ခဲ့ပြီးသားသာ ဖြစ်သည်။ အလွန်ဘဲကြောက်လန့် နေသောကြောင့်သာ မဟုတ်ရင်ယခုလို ဟန်ဆောင်နေခဲ့မည် မဟုတ်ချေ။

သူမကရှီချီ၏ အိင်္ကျီလက်ကို ဆွဲသည်။

"နင်ယခင်တစ်ခေါက်က နင့်ရဲ့မျက်နှာက အရမ်းကိုဖြူဖျော့ သွားတာနော်"

သူမကထိုသို့ ပြောလာမည်ဟု မျှော်လင့်ထားသော ရှီချီက တစ်ခဏခန့် ကြောင်သွားပြီးမှသာ ရယ်လိုက်သည်။ သူ၏အသံက ပိုတိုးသွားသည်။

"အဲ့ဒီအချိန်က ငါနည်းနည်း နေလို့မကောင်းရုံပါ"

သူကလျိုရွှမ်းကို လှည့်ကြည့်ပြီးနောက် နဂိုအတိုင်း မျက်နှာသေဖြစ်သွားသည်။

"အဖြစ်အပျက်အားလုံးကို ငါသိဖို့လိုတယ်"

လျိုရွှမ်းက မယုံချေ။ သို့သော်သူမ၏ အတန်းဖော်က လေသံတိုးတိုးဖြင့် ဆွဲဆောင်နေသည်။

"နင်ဒီအခွင့်ရေးကို ယူသင့်တယ် ဒီစီနီယာရဲ့ နောက်ခံက သာမာန်မဟုတ်ဘူးလို့ သူတို့ပြောတာ ငါကြားထားတယ် သူကတစ်ခုခုကို သိထားလောက်တယ်"

သူမ၏စကားများက စိတ်ပိုင်းဆိုင်ရာ နှစ်သိပ်မှုပေးနိုင်သော အသံမျိုးသကဲ့သို့ ဖြစ်လာသဖြင့် အဆုံးတွင်လျိုရွှမ်းက ရွေးချယ်စရာ မရှိဘဲလက်ခံ လိုက်ရတော့သည်။ သူမကပြောသည်။

"အခန်းလွတ်တစ်ခုကို ရှာရအောင် ငါဒီနေရာမှာတော့ မပြောနိုင်ဘူး နင်တို့အားလုံး ငါ့ကိုယုံနိုင်ဖို့ဘဲ မျှော်လင့်တယ်"

ကျောင်းက ညတိုင်း(၁၂)နာရီတွင် ပိတ်ပြီးလက်ရှိက (၁၀)နာရီထိုးနေလေရာ အချိန်အများအပြား ရလေသည်။

တစ်ခန်းလုံးက လူရှင်းပြီး မည်းမှောင်နေသည်။က ကြောက်စရာကောင်းသည်။ နင်မုန့်ကရှီချီကို ခပ်တိုးတိုးမေးပြန်သည်။

"နင်တစ်ကယ်သွားမှာလား"

သူမကထိုကိစ္စတွင် ဘာမှမကူညီနိုင်ချေ။ သူမ၏မြေးကိုလဲ ဒဏ်ရာမရစေချင်ချေ။ မည်သို့ပင်ဆိုစေ မည်သည့်ကိစ္စတွင်မဆို လုံခြုံးရေးက အရေးကြီးဆုံးပင် ဖြစ်သည်။ သူမတစ်ကိုယ်ကောင်း ဆန်သည်။ဟု ပြော၍လည်းရသည်။ ရှီချီကမျက်မှောင် နည်းနည်းကျုံ့ပြီးနောက် သူ၏မျက်နှာထားကို ပြန်ဖြေလျော့လိုက်ကာ တောင့်တင်းစွာပြောလာသည်။

"ငါတို့အားလုံးက အတန်းဖော်တွေ ဖြစ်နေမှတော့ တစ်ယောက်ကိုတစ်ယောက် ကူညီသင့်တာပေါ့"

ချုံခယ့်ခယ့်က နှုတ်ခမ်းကိုမဲ့သည်။

"သူကရိုးသားသလိုလိုနဲ့ ပြောနေတာဘဲ"

သူမကဒီအတိုင်း ဘေးတွင်ရပ်နေသူသာ ဖြစ်သည်။ ထို့ကြောင့်ရှီချီက သူမကြောင့်သွားခြင်း မဟုတ်လောက်ချေ။ သူကအရာအားလုံးကို မြင်ထားပြီး သောကြောင့်သာ ဖြစ်လောက်သည်။

သူတို့အဖွဲ့က လျိုရွှမ်း၏အတန်းသို့ သွားလိုက်သည်။ ထိုအတန်းတွင်လည်း မည်သူမှမရှိတော့ချေ။ နောက်ဆုံး တစ်ယောက်ကိုလည်း လျိုရွှမ်းကတံခါးမပိတ်ရန် ပြောထားသဖြင့် သူမတို့ကမီးဖွင့်ရန်သာ လိုအပ်သည်။ လူတိုင်းကထို်ငပြီးသောအခါ လျိုရွှမ်းကသူမ၏ အတွေးကိုစုစည်းပြီးနောက် ပြောပြလာသည်။

"ငါ.."

သူမကစပြောပြီးနောက် ပြန်ရပ်သွားပြန်ရာ မိနစ်အနည်းငယ် ကြာပြီးနောက်ပါးစပ်ကို ပြန်ဖွင့်လာပြီး ပြောသည်။

"လွန်ခဲ့တဲ့ တစ်လကဘဲစရအောင်"

နင်မုန့်က သတိလက်လွတ် ရှီချီအနားသို့ တိုးသွားသည်။ သူတို့ကပြတင်းပေါက် နားတွင်ထိုင်နေခြင်း ဖြစ်ပြီးအပြင်က အလွန်မှောင်နေသည်။ အခန်းတစ်ခုတည်းကသာ မီးလင်းနေသဖြင့် ကြောင်တောင်တောင် နိုင်ပြီးကျောချမ်းစရာ ကောင်းလွန်းနေသည်။

ရှီချီကသူမကို ကြည့်လာသော်လည်း ဘာစကားမှ မဆိုချေ။

လျိုရွှမ်းက သူမတို့၏ လှုပ်ရှားမှုကို သတိမထားမိဘဲ ပြောလာခဲ့သည်။

"လွန်ခဲ့တဲ့လ အမျိုးသားနေ့ကပေါ့ ငါအိမ်မှာပျင်းနေပြီး ဘာမှလုပ်စရာ ရှိမနေဘူး အထက်တန်းဂျူနီယာ အတန်းဖော်အနည်းငယ်ကလဲ ငါ့ကိုအပြင်ထွက်ပြီး ပျော်ပါးဖို့ဖိတ်ခေါ်ကြတယ် သူတို့ကဆွေးနွေးရင်းနဲ့ နေရာတစ်ခုကို ရွေးလိုက်တယ်"

သူမကထိုနေရာကို ယခင်ကမကြားဖူးခဲ့ချေ။ အကြောင်းမူကာ ထိုနေရာက လူသိနည်းလွန်းသောကြောင့် ဖြစ်သည်။ လူအများအပြားကလဲ မသိကြချေ။ သို့သော်ထိုနေရာက အလွန်ပျော်စရာ ကောင်းလေသည်။

ထိုနေရာတွင် အလွန်ရှည်သော မြစ်ကြီးရှိပြီး တစ်ချက်ကြည့်ရုံဖြင့် မြစ်၏အဆုံးကို မြင်နိုင်သည်။

ထိုညကသူတို့က မြစ်ဘေးရှိရွာတွင် နေခဲ့ကြပြီး နောက်နေ့မှသာ မြစ်စီသွားကာ အသားကင်စားရင်း ငါးဖမ်းရင်း စခန်းချကာ ဆော့ကစားရန် ဆုံးဖြတ်ခဲ့ကြသည်။ ပို၍ဆိုးသည်မှာ မြစ်နားကအေးသဖြင့် အပူကိုလည်း စိုးရိမ်ရန်မလိုအပ်ချေ။

လျိုရွှမ်းက ယခင်ကထိုသို့ တောရွာနေသော ခံစားချက်မျိုးကို မရခဲ့ဖူးချေ။ ထို့ကြောင့်အလွန် စိတ်လှုပ်ရှားခဲ့သည်။

ရွာရှိလူများကလဲ သူတို့ကဒီလို ကျေးရွာဘဝကို အတွေ့အကြုံ ယူရန်ရောက်လာသည်။ဟုသာ သိထားကြသည်။ ထို့ကြောင့် မြစ်ကမ်းဘေးသို့ သွားပြီးနောက်ရက်တွင် ဆော့ကစားချင်ကြောင်း ကြားသောအခါ အဝေးသို့လျှောက် မသွားရန်နှင့် ရေထဲမဆင်းရန် ပြောခဲ့ကြသည်။

လျိုရွှမ်းတို့ကလဲ ဒါကိုစိတ်ထဲမထား ခဲ့ချေ။ သူတို့ကလဲ ရေထဲဆင်းရန် ဆန္ဒမရှိခဲ့ကြချေ။ အကြောင်းမူကာ နွေရာသီတွင် အပူရှပ်တက် သောကြောင့် မစမ်းသပ်ကြည့်ရဲသောကြောင့် ဖြစ်သည်။

သူတို့က သူတို့စခန်းချရန် ရွက်ဖျင်တဲအသီးသီးကို ယူပြီးနောက်တစ်နေ့ညနေတွင် မြစ်အနားသို့ စားစရာအပြည့်ဖြင့် သွားလိုက်ကြသည်။

စခန်းချပြင်ဆင်ပြီးနောက် မြစ်ကိုအလွန်သိချင်စိတ် ပြင်းပြလာသဖြင့် ငါဖမ်းကာမစားသောက်ခင် လျှောက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့်သူတို့က သိပ်သည်းသော တောအုပ်များ ဝိုင်းပတ်နေသော မြစ်နားတွင် လမ်းလျောက်ကြပြီး ဝေးသည်။ထက်ဝေးသည့် နေရာသို့ လျောက်သွားခဲ့မိကြသည်။ သို့သော်အဆုံးကို မမြင်ရသေးချေ။ သို့ရာတွင်သူတို့က မြစ်တစ်ဖက်ခြမ်းနှင့် ဆက်ထားဟန်တူသော တံတားတစ်စင်းကို မြင်လိုက်ရသည်။ မျက်နှာချင်းဆိုင်တွင်လည်း တောအုပ်တစ်ခုက ရှိနေပြီးသူတို့ လာခဲ့သောဖက်နှင့် တူသည်။

သိချင်စိတ်ပြင်းပြသွားသော လျိုရွှမ်းက သူတို့နှင့်အတူ တံတားပေါ်သို့ တက်လိုက်သွားလိုက်သည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် ကျောက်တုံးတံတားက အလွန်အိုနေမှန်း သိသာပြီးမျက်နှာ ပြင်ပေါ်တွင်လည်း သစ်ရွက်များနှင့် ရှုပ်ပွနေသည်။ သူတို့ကလဲ ဓာတ်ပုံရိုက်ယူကြသည်။ အားလုံးက တစ်ဖက်ခြမ်းသို့ သွားပြီးတစ်ချက် ကြည့်လိုက်ကြသည်။

ဟိုဖက်ကလဲ တူညီနေလောက်မလား ပိုပြီးစိတ်လှုပ်ရှားစရာ ကောင်းလောက်မလား ပိုပြီးပျော်စရာ ကောင်းလောက်မလား။

သူမ၏နားထဲတွင် ရေစီးသံကို ဆက်တိုက်ကြားနေရသည်။

လျိုရွှမ်းက အဖွဲ့၏နောက်ဆုံးမှ လျှောက်လာနေခြင်းဖြစ်ပြီး သူမကတံတားပေါ် တက်လိုက်ချိန်တွင် တစ်စုံတစ်ရာပေါ် တက်နင်းလိုက်မိကာ မြေပြင်သို့လဲ ကြသွားသည်။ သူမက တက်နင်းမိသော အရာကိုကောက်ကြည့် လိုက်သောအခါ မျက်နှာဖုံးတစ်ခု ဖြစ်နေကြောင်းမြင်လိုက်ရသည်။ မျက်နှာဖုံးတစ်ခုလုံးက မဲနေပြီးဘာမှ ရှိမနေခဲ့ချေ။ အပေါ်ပိုင်း မျက်နှာပုံပန်း သွင်ပြင်နေရာကို လှီးဖြတ်ထားသလို ဖြစ်နေပြီး မျက်နှာဖုံးကို ကိုင်ထားသောလက်ကပင် ခြစ်ရာအများ ပြားကိုစမ်းမိလိုက်သည်။

အခြားလူများက သိချင်စိတ်ပြင်းပြစွာဖြင့် အနားကပ်လာသည်။ လျိုရွှမ်း၏ခြေထောက်က မနာချေ။ သူမကပြောပြီး မျက်နှာဖုံးကို မျက်နှာပေါ်ကပ်ပြလိုက်ကာ ကြည့်ကောင်းမကောင်း မေးလိုက်သည်။ မျက်နှာဖုံးတွင် မည်သည့်ရုပ်သွင်မှ မရှိသလို သင်္ကေတများလဲ မရှိချေ။ထို့ကြောင့် သူမကကပ်လိုက်သောအခါ သူမ၏မျက်လုံးက ဟိုရွှေ့ဒီရွှေ့ လုပ်ပြခြင်းသာ ပေါ်လာသည်။ သို့သော်ကွက်တိ မကျနေချေ။ တစ်ခုလုံးက မည်းမှောင်နေခြင်း ဖြစ်သည်။ မိန်းကလေးများကမူ မလှဟုဆိုကြသည်။ မပျော်မရွှင် ဖြစ်သွားသော လျိုရွှမ်းကမျက်နှာဖုံးကို လွှင့်ပစ်လိုက်ပြီး ထရပ်ကာ သူတို့နှင့်အတူ မူလနေရာသို့ ပြန်လာခဲ့ကြသည်။ ထိုသို့ဖြင့် အသားကင်စားရင်း ထိုမျက်နှာဖုံ အကြောင်းကို မေ့သွားသည်။

စခန်းရှိရာသို့ ပြန်လာခဲ့ပြီးနောက်တွင် သူမကထိုကိစ္စကို စိတ်ထဲမထားတော့ချေ။

သိပ်မကြာခင် ကျောင်းကပြန်စတက်ရသည်။

လျိုရွှမ်းက သူမ၏မျက်နှာကို မထိရဲချေ။

"ငါ့ရဲ့အိမ်မှာ ကိုယ်လုံးပေါ်မှန်ကြီး ရှိတယ်ငါအဲ့ဒီနေ့က ဝတ်စုံအသစ်ဝယ်လာပြီး အိမ်မှာစမ်းဝတ် ကြည့်ခဲ့တာ မမျှော်လင့်ထားဘဲ ငါ့ရဲ့မျက်နှာပေါ်မှာ အဲ့ဒီအနက်ရောင် မျက်နှာဖုံးက ဖျက်ခနဲပေါ်လာတာကို မြင်လိုက်ရတယ်"

သို့သော်ဖျက်ခနဲ ပေါ်လာသဖြင့် သူမရှင်းရှင်းလင်းလင်း မမြင်ခဲ့ရချေ။

ထိုအချိန်က သူမကများများစားစား မတွေးခဲ့ဘဲ စိတ်ကဂယောင် ချောက်ချားဖြစ်နေသည်။ဟု တွေးခဲ့ပြီးဝတ်စုံ ကိုသာအာရုံစိုက်လိုက်မိသဖြင့် ချက်ချင်းဆိုသလို မေ့သွားသည်။

နောက်တစ်ရက်တွင် သူမကကျောင်းသို့ လာပြီးမှန်ကြည့်သည်။ ရေချိုခန်းထဲတွင် သူမကမျက်နှာဖုံးကို ပြန်မြင်သောအခါ သူမတံတားပေါ်တွင် မြင်ခဲ့သောတစ်ခုနှင့် တစ်ထေရာတည်း တူကြောင်းသိလိုက် ရသည်။

ထိုအချိန်တွင် ဒါကအချိန်တို မဟုတ်တော့ဘဲ ဆယ်စက္ကန့်အတိ ကြာသည်။ သူမရှင်းရှင်းလင်းလင်း မြင်ရန်လုံလောက် နေပြီဖြစ်သည်။ လျိုရွှမ်းက ပြောသည်။

"ငါအဲ့ဒီအချိန်က အရမ်းအံံဩသွားတာ နောက်တော့မျက်နှာဖုံးက ပြန်ပြောက်သွားတယ် ငါဒါကို မမေ့နိုင်တော့ဘူး တတိယတစ်ကြိမ် ငါပြန်မြင်တာကတော့ နင်တို့နဲ့ဒီရေချိုးခန်းထဲမှာ ဆုံတဲ့အချိန်ဘဲ အဲ့ဒီအချိန်က အဲ့ဒီမျက်နှာဖုံး ပေါ်မှာသင်္ကေတတွေ စပေါ်လာတာကို မြင်တွေ့ခဲ့ရတယ်"

သူမကစကားကို ရပ်ပြီးထိုသင်္ကေတများကို ဖော်ပြရန် ကြိုးစားသည်။

ရှီချီကရုတ်တရက် ပြောသည်။

"ဆွဲပြလိုက်"

လျိုရွှမ်းက ကြောင်သွားသည်။

သူမကလဲ ထိုစီနီယာကို ကြည့်သည်။ သူမကအထက်တန်းသို့ ပထဦးဆုံး ဝင်လာခဲ့စဉ်ကတည်းက သူမတို့၏ ကျောင်းတွင်အလွန် ကြည့်ကောင်းသော စီနီယာတစ်ယောက် ရှိကြောင်းကြားထား ဖူးလေသည်။

သူတို့ကတစ်ထပ်တည်း ဖြစ်သောကြောင့်လည်း ကောင်မလေးအမျာစုက နေ့တိုင်းလိုလို အိမ်သာထဲသို့ အတူသွားတတ်လေရာ သူနှင့်မမျှော်လင့်ဘဲ တွေ့နိုင်ရန် မျှော်လင့်ကြလေသည်။ သို့သော်မည်သူကမှ သူနဲ့အောင်မြင်စွာ ပက်ပင်းတိုးခြင်း မရှိကြောင်း ကြားခဲ့ရလေသည်။

သူမ၏အတန်းဖော်က တစ်တောင်ဖြင့် တို့လာပြီးနောက် လျိုရွှမ်းကိုအသိ ပြန်ဝင်စေသည်။ သူမကခပ်မြန်မြန် ပြောလိုက်သည်။

"ကောင်းပြီ"

သူမ၏ပုံဆွဲ စွမ်းရည်က ဖြစ်ဖြစ်မြောက်မြောက် ပြောလောက်အောင် ပြောင်မြောက်ခြင်း မရှိသော်လည်း ရိုးရှင်းသောပုံစံ များကိုဆွဲနိုင်သေးသည်။ သူမကလျှင်မြန်စွာဖြင့် အကြမ်းစာရွက်ပေါ်တွင် ရေးဆွဲပြပြီး သူတို့ကိုပြသည်။

"ဒီလိုအတိုင်းဘဲ အစပိုင်းတုန်းက ဒီလိုသင်္ကေတ ပေါ်လာတာ"

နင်မုန့်က ခေါင်းဆန့်ကာကြည်သည်။

စာရွက်ပြောင်ပေါ်တွင် မျက်နှာဖုံး၏ ပုံကြမ်းရှိနေပြီး မျက်နှာသွင်ပြင်လည်း ပါသည်။ အလွန်ရိုးရှင်းပြီး သာမာန်ဟန်ဖြင့် ဆွဲထားခြင်းသာလျှင် ဖြစ်သည်။ သင်္ကေတကမူ အကြမ်းဖျင်းခြစ်ထား သလိုမျိုးမျက်နှာဖုံး၏ ဘယ်ဘက်ခြမ်းတွင် ရှိသည်။

လျိုရွှမ်းက ဝိုင်းပြပြီးနောက် ဆက်ဆွဲရင်းပြောသည်။

"ရက်နည်းနည်းကြာတော့ မျက်နှာဖုံးငါ့ရဲ့ မျက်နှာမှာ ရှိတဲ့အချိန်က နည်းနည်းကြာလာတာကို ငါတွေ့ရတယ် မိနစ်ပိုင်းကနေ တစ်နာရီထိ ဖြစ်လာပြီး သင်္ကေတတွေကလဲ ပိုများလာတယ်"

နင်မုန့်ကသူမ၏ မျက်နှာကို စိုက်ကြည့်နေပြီးနောက်တွင် အနက်ရောင်လေထု ကိုသာမြင်ရပြန်သည်။

မျက်နှာဖုံးက သေချာပေါက် ရှိနေမှာဘဲ ဒါကကျိမ်စာ ဖြစ်လောက်တယ် သရဲတစ်ယောက်ယောက်က ဝတ်သွားလို့များလား ကောင်းတဲ့ဟာတော့ မဖြစ်နိုင်ဘူး

ရှီချီကလက်ဆန့်ပြီးနောက် ထိုစာရွက်ကိုယူကာ အာရုံစိုက်လိုက်သည်။

သင်္ကေတပုံစံက ထပ်မနေသော်လည်း တစ်ခုနဲ့တစ်ခုထပ်နေသည်။ မျက်နှာဖုံးတစ်ခုလုံးကို သိပ်သည်းစွာဖြင့် ရှုပ်နေသော အစင်းကြောင်းများလို အစီစဉ်မကျစွာ ရှိနေခြင်းလဲ ဖြစ်သည်။

လျိုရွှမ်းက နှုတ်ခမ်းကိုသပ်ပြီးနောက် ခြောက်ကပ်လာသလို ခံစားလာရသည်။

"လွန်ခဲ့တဲ့လဝက်က စပြီးနာရီအနည်းငယ်ထိ ကြာလာတယ် အခုတော့အမြဲတမ်း ငါ့ရဲ့မျက်နှာမှာ ရှိနေပြီ ငါကတစ်နေကုန် မျက်နှာဖုံး ဝတ်ထားရတဲ့ လူတစ်ယောက်လိုဘဲ"

သူမကဒီမျက်နှာဖုံးကို နေ့တိုင်းမြင်နေရသည်။ သူမ၏စိတ်ထဲတွင် တွေးရုံဖြင့်မျက်နှာဖုံး၏ ပုံစံတိုင်းကို အတိအကျ မှတ်မိနိုင်သည်။

သူမကအခြား လူများကိုမေးသည့် အချိန်တိုင်း သူမ၏ရုပ်ရည်ကိုသာ မြင်ရကြောင်းပြောကြသည်။ သူမကမည်သူ့ကို မေးစေကာမူ ထိုအတိုင်းသာ ဖြစ်သည်။

တစ်ခါတစ်လေတွင် သူမဘာသာ တွေးမိသည်။ သူတို့မြင်ရသမျှက အမှန်ဖြစ်ပြီး သူမမြင်ရသမျှက ပုံရိပ်ယောင်သာ ဖြစ်လိုက်ချင်သည်။

တစ်ခါတစ်ရံတွင်လည်း သူမမြင်နေရသောအရာက အမှန်ဖြစ်ပြီး အခြားလူများ မြင်နေရသောအရာက ပုံရိပ်ယောင် ဖြစ်ကြောင်း ပြန်တွေးမိပြန်သည်။ တစ်ရက်တွင် သူမ၏မျက်နှာကို ဆုံးရှုံးရတော့မည်ဟု ခံစားရလာသည်။ အချိန်ကြာလာသည့်အခါ သူမကအခြားလူများကို မေးမြန်းခြင်းမရှိတော့ဘဲ အမှန်တရားကိုသာ မျိုသိပ်ထားလိုက်တော့သည်။

သူမကဖျော့တော့စွာ ပြောနေသော်လည်း လူတိုင်းကဂရုတစ်စိုက် နားထောင်နေကြသဖြင့် ကောင်းစွာကြားရသည်။ အားလုံး၏သွေားများက အေးစက်သွားကြသည်။

လျိုရွှမ်းက ဆက်ပြောနေသေးသည်။

"ငါမျက်နှာဖုံး တွေ့ခဲ့တဲ့နေရာကို သွားချင်ခဲ့ပေမဲ့ အဲ့ဒီနေရာကို ဘယ်လိုသွားရလဲ ဆိုတာ မမှတ်မိတော့ဘူး ငါ့ရဲ့အတန်းဖော်တွေ အားလုံးကလဲ ကျောင်းတက်နေကြတော့ ငါပိတ်ရက်မှ သူတို့ကိုဆက်သွယ် လိုရတယ်"

တိုက်ဆိုင်လွန်းသည်မှာ မနက်ဖြန်က ပိတ်ရက်ဖြစ်သည်။ သူမကအဓိက သော့ချက်က ထိုမျက်နှာဖုံးနှင့် သက်ဆိုင်နေသည်။ဟု ခံစားနေရသည်။ သူမထိုလွှင့်ပစ် ခဲ့သောမျက်နှာဖုံးကို ပြန်ရှာတွေ့လျှင် ပြဿနာကို‌ ဖြေရှင်းနိုင်ပေလိမ့်မည်။

ရှီချီက စာရွက်ကို ပြန်ချပြီးနောက် သူမမျက်နှာကို ပတ်နေသော အနက်ရောင်လေထုကို ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာစကား ပြောလိုက်သည်။

"မင်းသာရက်အနည်းငယ် နောက်ကျသွားရင် ကယ်ဖို့မျှော်လင့်ချက် မရှိတော့ဘူး"

လျိုရွှမ်းက အေးခဲသွားသည်။

သူမ၏အတန်းဖော်နှင့် ချုံခယ့်ခယ့်တို့က သူမ၏ရုပ်ရည်ကို မြင်နိုင်သောကြောင့် သူမ၏မျက်နှာပေါ်မှ ကြောက်လန့်မှုက ပို၍ပြင်းထန်ကြောင်းကိုသာ ခံစားမိလိုက်သည်။

...

"သူမကအရင်တိုင်းဘဲ ဟိုကိစ္စ ဒီကိစ္စတွေကို အရမ်းဂရုစိုက်နေတယ် ဒါပေမဲ့ သူမဂရုအစိုက်ဆုံးက ငါဖြစ်နေတုန်းပါဘဲ"

ရှီချီရဲ့ လျှို့ဝှက်ဒိုင်ယာရီ

Zawgyi

အပိုင္း(၄၆) သူမဂ႐ုအစိုက္ဆုံးက ငါဘဲ။

နင္မုန႔္က အျပစ္မကင္းသလို ျဖစ္သြားသည္။ သူမ၏ေျမးေရွ႕တြင္ လက္ပူးလက္ၾကပ္ မိသြားသည္။

"ရွက္စရာေကာင္းလိုက္တာ"

သူမက ခ်ဳံခယ့္ခယ့္ႏွင့္အတူ ရွိေနရင္း အလန႔္တၾကား ယခုေလးတင္ ေအာ္လိုက္ေလသည္။ ထိုသို႔ ေအာ္လိုက္ျခင္းက သူ႔ေၾကာင့္မွန္းသာ သိသြားလွ်င္ သူ၏သူမအေပၚ အျမင္ကျပင္းျပင္းထန္ထန္ ပ်က္ဆီးသြားႏိုင္သည္။

"အာ.. ခ်ီရွီ ဘာလို႔ဒီကို ေရာက္ေနတာလဲ"

ရွီခ်ီကေျပာသည္။

"ငါမင္းကိုတစ္ခ်က္ ၾကည့္႐ုံႏွင့္ ျမင္တယ္"

နင္မုန႔္ "..."

"အေျဖကလဲ ေၾကာက္ဖို႔ေကာင္းလိုက္တာ"

အေနာက္မွ ေျခလွမ္းသံတိုးတိုး ထြက္လာၿပီးေနာက္တြင္ ေရခ်ိဳးခန္းထဲမွ ေကာင္မေလးႏွစ္ေယာက္ကလဲ သတိထားမိၾကၿပီး ထြက္လာၾကသည္။

လ်ိဳ႐ႊမ္းရီ မ်က္ႏွာကလဲ ပ်က္ေနသည္။ သူမကေမးသည္။

"နင္တို႔ေခ်ာင္းနားေထာင္ေနတာလား"

သူမကဒီကိစၥကို အျခားလူမ်ားကို မေျပာခ်င္ေခ်။ သူမ၏ရင္ထဲတြင္သာ တစ္သက္လုံးသိမ္းထားရန္ ဆုံးျဖတ္ထားခဲ့သည္။ သူမ၏အတန္းေဖာ္က ဖိအားေပးေသာေၾကာင့္သာ ဒီညတြင္ဝန္ခံ လိုက္ရသည္။ သို႔ေသာ္အျခားလူမ်ားက ေခ်ာင္းနားေထာင္မည္ဟု မေမွ်ာ္လင့္ထားမိေခ်။ သူမ၏အတန္းေဖာ္ကလဲ စီနီယာအထက္တန္းမွ အမမ်ားကို ျမင္ေသာအခါ ယခင္အေၾကာင္းမ်ားကို ျပန္သတိရသြားၿပီး သံသယအျပည့္ျဖင့္ ေမးလိုက္သည္။

"စီနီယာအစ္မတို စီနီယာအစ္မတို႔ ဘာလို႔လ်ိဳ႐ႊမ္းရီ ကိစၥကိုအရမ္း ဂ႐ုစိုက္ေနတာလဲ"

ေခ်ာင္ခက္ခဲ့က လွည့္ၾကည့္ၿပီးေမးလာသည္။

"အစကတည္းက နင္ကအလန႔္တၾကား ႐ုတ္တရက္ ထေအာ္တာေလ ဒီေတာ့အျခား လူေတြကအာ႐ုံစိုက္မိ သြားတာေပါ့"

သူမကမူလက သိခ်င္စိတ္ျပင္းျပ ႐ုံသာျဖစ္ခဲ့သည္။ ယခုတြင္လည္း သိခ်င္စိတ္က ရွိေနေသးျပန္သည္။

နင္မုန႔္က သူမကိုတေတာင္ႏွင့္ ထိုးၿပီးရွင္းျပသည္။

"ငါတို႔ရည္႐ြယ္ခ်က္ရွိရွိ လုပ္တာမဟုတ္ပါဘူး တစ္ကယ္ေတာ့ နင္တို႔ႏွစ္ေယာက္ ျငင္းခုန္သံကို ၾကားၿပီးတစ္ခုခု ျဖစ္ေနၿပီလို႔ ထင္လိုက္တာ မေမွ်ာ္လင့္ထားဘဲ ေခ်ာင္းနားေထာင္သလို ျဖစ္သြားေတာ့တာဘဲ"

လ်ိဳ႐ႊမ္းက ဆက္ေျပာမလာေတာ့ေခ်။

သူမတို႔၏ အစပိုင္းက အသံကမတိုးေၾကာင္း ေသခ်ာသည္။ ထို႔ေၾကာင့္ အျခားလူမ်ားက ဆူညံသံေၾကာင့္ ေရာက္လာသည္မွာလဲ အံ့ဩစရာမရွိေခ်။ သူမတို႔က ဆူလြန္းေသာေၾကာင့္ ဟုသာလက္ခံ ရေတာ့ေပမည္။

အဆုံးတြင္နင္မုန႔္က မေနႏိုင္ေတာ့ဘဲ ေမးလာသည္။

"လ်ိဳ႐ႊမ္း နင္ နင့္ရဲ႕အတန္းေဖာ္ကို ေျပာလိုက္တာအမွန္ဘဲလား"

သူမ၏မ်က္ႏွာတြင္ မ်က္ႏွာဖုန္းတစ္ခု ရွိေနၿပီး အသက္ဝင္ေနသလို သေကၤတမ်ားက ဆက္တိုက္ေျပာင္းလဲ ေနျခင္းဆိုလွ်င္ ... မည္သို႔ပင္ၾကားရေစကာမူ ဇာတ္ၫႊန္းေရးထားေသာ ပုံျပင္တစ္ပုဒ္ႏွင့္ တူေနေပလိမ့္မည္။

လ်ိဳ႐ႊမ္းက ေျပာသည္။

"ဒါကနင့္နဲ႔မဆိုင္ပါဘူး"

နင္မုန႔္က ႏွာေခါင္းတစ္ရႈံ႕ရႈံ႕ လုပ္ၾကည္ေသာ္ ထိူေကာင္းမေလး၏ ကိုယ္ေပၚမွမည္သည့္ အနံ႔မွမရေခ်။ သူမကစနစ္ကို ေမးလိုက္သည္။

"ဒီေကာင္မေလးက ကိုယ္ေပၚမွ ေသဆုံးျခင္း ရနံ႔ရွိလား"

စနစ္ကေျပာသည္။

"ရွိတယ္ မင္းျမင္ေနရတဲ့ အနက္ေရာင္ေလထုဘဲ"

သူမကနားမလည္သည္။ကို စိုးရိမ္သျဖင့္ စနစ္ကထပ္မွန္ရွင္းျပသည္။

"ေသဆုံးျခင္းေလထု ဒါေပါ့ဒါက ေသလူတစ္ေယာက္ ရဲ႕ဝင္သက္ဘဲ အညႇိဳးအေတးနဲ႔လဲ တူတယ္ဒါေပမဲ့ ေတာ္ေတာ္ေလးကြာျခားတယ္ ဒီအနံ႔ကပုတ္လုနီးပါး ျဖစ္ေနၿပီး ေသဆုံးျခင္း ေလထဲကထြက္လာတဲ့ အနံ႔ျပင္းအားက သိပ္မၾကာခင္မွ ေသေတာ့မယ္လို႔ ထင္ရေလာက္ေအာင္ နီးကပ္ေနတယ္"

နင္မုန႔္၏အျမင္တြင္ လ်ိဳ႐ႊမ္း၏႐ုပ္သြင္ကိုပင္ ထင္ရွားစြာမျမင္ ႏိုင္ေတာ့ေခ်။ အနက္ေရာင္ ေလထုက သိပ္သည္းစြာျဖင့္ အျပည့္ရွိေနၿပီး မည္းေမွာင္ေနေသာအရာကိုသာ ျမင္ရေတာ့သည္။ သူမက တစ္ဖက္သူ၏ မ်က္ႏွာကို ယခင္ကတည္းက မျမင္ဖူးခဲ့လွ်င္ သာမန္လူတစ္ေယာက္က ဒီလိုမ်က္ႏွာထား ေျပာင္းလဲသြားမည္ဟု မယုံၾကည္ႏိုင္ေလာက္ေခ်။

ရွီခ်ီကနင္မုန႔္ကို သူ၏အနားသို႔ ဆြဲေခၚၿပီးခပ္တိုးတိုး ေျပာသည္။

"ဟုတ္လား မင္းၾကည့္ရတာ မ်က္ႏွာဖုံးျပႆနာကို ေျဖရွင္းဖိုမလိုေတာ့ဘူးဘဲ"

ခ်ဳံခယ့္ခယ့္ကလဲ သူ၏အနားသို႔ ျဖည္းညႇင္းစြာ ေလွ်ာက္လာသည္။ လ်ိဳ႐ႊမ္းက မ်က္လုံးျပဴသြားၿပီး မယုံၾကည္ႏိုင္သလို ျဖစ္သြားသည္။

"နင္ကဘယ္လို ေျဖရွင္းရမယ္ဆိုတာကို သိတာလား"

သူမ၏အတန္းေဖာ္က သူမထက္ပို၍ တည္ၿငိမ္သည္။ သူမယဥ္ေက်းစြာ ေျပာလာသည္။

"စီနီယာ ကြၽန္မရဲသူငယ္ခ်င္းကို ဘယ္လိုကယ္ရမလဲ ဆိုတာသိပါသလား ဒီကိစၥကို လုံလုံၿခဳံၿခဳံႏွင့္ ေျဖရွင္းႏိုင္မွာပါလား"

သူမကအစက မယုံေခ်။ ယခုမူသူမ ေတြးၾကည့္ၿပီးေနာက္တြင္ လ်ိဳ႐ႊမ္းကသူမကို လိမ္စရာအေၾကာင္း မရွိဟုထင္သည္။ ပို၍ဆိုးသည္မွာ တစ္ဖက္သူက မည္သို႔ျပဳမူ ေနေၾကာင္းကိုပင္ သူမကထင္ထင္ရွားရွား ျမင္ခဲ့ၿပီးသားသာ ျဖစ္သည္။ အလြန္ဘဲေၾကာက္လန႔္ ေနေသာေၾကာင့္သာ မဟုတ္ရင္ယခုလို ဟန္ေဆာင္ေနခဲ့မည္ မဟုတ္ေခ်။

သူမကရွီခ်ီ၏ အိက်ႌလက္ကို ဆြဲသည္။

"နင္ယခင္တစ္ေခါက္က နင့္ရဲ႕မ်က္ႏွာက အရမ္းကိုျဖဴေဖ်ာ့ သြားတာေနာ္"

သူမကထိုသို႔ ေျပာလာမည္ဟု ေမွ်ာ္လင့္ထားေသာ ရွီခ်ီက တစ္ခဏခန႔္ ေၾကာင္သြားၿပီးမွသာ ရယ္လိုက္သည္။ သူ၏အသံက ပိုတိုးသြားသည္။

"အဲ့ဒီအခ်ိန္က ငါနည္းနည္း ေနလို႔မေကာင္း႐ုံပါ"

သူကလ်ိဳ႐ႊမ္းကို လွည့္ၾကည့္ၿပီးေနာက္ နဂိုအတိုင္း မ်က္ႏွာေသျဖစ္သြားသည္။

"အျဖစ္အပ်က္အားလုံးကို ငါသိဖို႔လိုတယ္"

လ်ိဳ႐ႊမ္းက မယုံေခ်။ သို႔ေသာ္သူမ၏ အတန္းေဖာ္က ေလသံတိုးတိုးျဖင့္ ဆြဲေဆာင္ေနသည္။

"နင္ဒီအခြင့္ေရးကို ယူသင့္တယ္ ဒီစီနီယာရဲ႕ ေနာက္ခံက သာမာန္မဟုတ္ဘူးလို႔ သူတို႔ေျပာတာ ငါၾကားထားတယ္ သူကတစ္ခုခုကို သိထားေလာက္တယ္"

သူမ၏စကားမ်ားက စိတ္ပိုင္းဆိုင္ရာ ႏွစ္သိပ္မႈေပးႏိုင္ေသာ အသံမ်ိဳးသကဲ့သို႔ ျဖစ္လာသျဖင့္ အဆုံးတြင္လ်ိဳ႐ႊမ္းက ေ႐ြးခ်ယ္စရာ မရွိဘဲလက္ခံ လိုက္ရေတာ့သည္။ သူမကေျပာသည္။

"အခန္းလြတ္တစ္ခုကို ရွာရေအာင္ ငါဒီေနရာမွာေတာ့ မေျပာႏိုင္ဘူး နင္တို႔အားလုံး ငါ့ကိုယုံႏိုင္ဖို႔ဘဲ ေမွ်ာ္လင့္တယ္"

ေက်ာင္းက ညတိုင္း(၁၂)နာရီတြင္ ပိတ္ၿပီးလက္ရွိက (၁၀)နာရီထိုးေနေလရာ အခ်ိန္အမ်ားအျပား ရေလသည္။

တစ္ခန္းလုံးက လူရွင္းၿပီး မည္းေမွာင္ေနသည္။က ေၾကာက္စရာေကာင္းသည္။ နင္မုန႔္ကရွီခ်ီကို ခပ္တိုးတိုးေမးျပန္သည္။

"နင္တစ္ကယ္သြားမွာလား"

သူမကထိုကိစၥတြင္ ဘာမွမကူညီႏိုင္ေခ်။ သူမ၏ေျမးကိုလဲ ဒဏ္ရာမရေစခ်င္ေခ်။ မည္သို႔ပင္ဆိုေစ မည္သည့္ကိစၥတြင္မဆို လုံၿခဳံးေရးက အေရးႀကီးဆုံးပင္ ျဖစ္သည္။ သူမတစ္ကိုယ္ေကာင္း ဆန္သည္။ဟု ေျပာ၍လည္းရသည္။ ရွီခ်ီကမ်က္ေမွာင္ နည္းနည္းက်ဳံ႕ၿပီးေနာက္ သူ၏မ်က္ႏွာထားကို ျပန္ေျဖေလ်ာ့လိုက္ကာ ေတာင့္တင္းစြာေျပာလာသည္။

"ငါတို႔အားလုံးက အတန္းေဖာ္ေတြ ျဖစ္ေနမွေတာ့ တစ္ေယာက္ကိုတစ္ေယာက္ ကူညီသင့္တာေပါ့"

ခ်ဳံခယ့္ခယ့္က ႏႈတ္ခမ္းကိုမဲ့သည္။

"သူက႐ိုးသားသလိုလိုနဲ႔ ေျပာေနတာဘဲ"

သူမကဒီအတိုင္း ေဘးတြင္ရပ္ေနသူသာ ျဖစ္သည္။ ထို႔ေၾကာင့္ရွီခ်ီက သူမေၾကာင့္သြားျခင္း မဟုတ္ေလာက္ေခ်။ သူကအရာအားလုံးကို ျမင္ထားၿပီး ေသာေၾကာင့္သာ ျဖစ္ေလာက္သည္။

သူတို႔အဖြဲ႕က လ်ိဳ႐ႊမ္း၏အတန္းသို႔ သြားလိုက္သည္။ ထိုအတန္းတြင္လည္း မည္သူမွမရွိေတာ့ေခ်။ ေနာက္ဆုံး တစ္ေယာက္ကိုလည္း လ်ိဳ႐ႊမ္းကတံခါးမပိတ္ရန္ ေျပာထားသျဖင့္ သူမတို႔ကမီးဖြင့္ရန္သာ လိုအပ္သည္။ လူတိုင္းကထို္ငၿပီးေသာအခါ လ်ိဳ႐ႊမ္းကသူမ၏ အေတြးကိုစုစည္းၿပီးေနာက္ ေျပာျပလာသည္။

"ငါ.."

သူမကစေျပာၿပီးေနာက္ ျပန္ရပ္သြားျပန္ရာ မိနစ္အနည္းငယ္ ၾကာၿပီးေနာက္ပါးစပ္ကို ျပန္ဖြင့္လာၿပီး ေျပာသည္။

"လြန္ခဲ့တဲ့ တစ္လကဘဲစရေအာင္"

နင္မုန႔္က သတိလက္လြတ္ ရွီခ်ီအနားသို႔ တိုးသြားသည္။ သူတို႔ကျပတင္းေပါက္ နားတြင္ထိုင္ေနျခင္း ျဖစ္ၿပီးအျပင္က အလြန္ေမွာင္ေနသည္။ အခန္းတစ္ခုတည္းကသာ မီးလင္းေနသျဖင့္ ေၾကာင္ေတာင္ေတာင္ ႏိုင္ၿပီးေက်ာခ်မ္းစရာ ေကာင္းလြန္းေနသည္။

ရွီခ်ီကသူမကို ၾကည့္လာေသာ္လည္း ဘာစကားမွ မဆိုေခ်။

လ်ိဳ႐ႊမ္းက သူမတို႔၏ လႈပ္ရွားမႈကို သတိမထားမိဘဲ ေျပာလာခဲ့သည္။

"လြန္ခဲ့တဲ့လ အမ်ိဳးသားေန႔ကေပါ့ ငါအိမ္မွာပ်င္းေနၿပီး ဘာမွလုပ္စရာ ရွိမေနဘူး အထက္တန္းဂ်ဴနီယာ အတန္းေဖာ္အနည္းငယ္ကလဲ ငါ့ကိုအျပင္ထြက္ၿပီး ေပ်ာ္ပါးဖို႔ဖိတ္ေခၚၾကတယ္ သူတို႔ကေဆြးေႏြးရင္းနဲ႔ ေနရာတစ္ခုကို ေ႐ြးလိုက္တယ္"

သူမကထိုေနရာကို ယခင္ကမၾကားဖူးခဲ့ေခ်။ အေၾကာင္းမူကာ ထိုေနရာက လူသိနည္းလြန္းေသာေၾကာင့္ ျဖစ္သည္။ လူအမ်ားအျပားကလဲ မသိၾကေခ်။ သို႔ေသာ္ထိုေနရာက အလြန္ေပ်ာ္စရာ ေကာင္းေလသည္။

ထိုေနရာတြင္ အလြန္ရွည္ေသာ ျမစ္ႀကီးရွိၿပီး တစ္ခ်က္ၾကည့္႐ုံျဖင့္ ျမစ္၏အဆုံးကို ျမင္ႏိုင္သည္။

ထိုညကသူတို႔က ျမစ္ေဘးရွိ႐ြာတြင္ ေနခဲ့ၾကၿပီး ေနာက္ေန႔မွသာ ျမစ္စီသြားကာ အသားကင္စားရင္း ငါးဖမ္းရင္း စခန္းခ်ကာ ေဆာ့ကစားရန္ ဆုံးျဖတ္ခဲ့ၾကသည္။ ပို၍ဆိုးသည္မွာ ျမစ္နားကေအးသျဖင့္ အပူကိုလည္း စိုးရိမ္ရန္မလိုအပ္ေခ်။

လ်ိဳ႐ႊမ္းက ယခင္ကထိုသို႔ ေတာ႐ြာေနေသာ ခံစားခ်က္မ်ိဳးကို မရခဲ့ဖူးေခ်။ ထို႔ေၾကာင့္အလြန္ စိတ္လႈပ္ရွားခဲ့သည္။

႐ြာရွိလူမ်ားကလဲ သူတို႔ကဒီလို ေက်း႐ြာဘဝကို အေတြ႕အႀကဳံ ယူရန္ေရာက္လာသည္။ဟုသာ သိထားၾကသည္။ ထို႔ေၾကာင့္ ျမစ္ကမ္းေဘးသို႔ သြားၿပီးေနာက္ရက္တြင္ ေဆာ့ကစားခ်င္ေၾကာင္း ၾကားေသာအခါ အေဝးသို႔ေလွ်ာက္ မသြားရန္ႏွင့္ ေရထဲမဆင္းရန္ ေျပာခဲ့ၾကသည္။

လ်ိဳ႐ႊမ္းတို႔ကလဲ ဒါကိုစိတ္ထဲမထား ခဲ့ေခ်။ သူတို႔ကလဲ ေရထဲဆင္းရန္ ဆႏၵမရွိခဲ့ၾကေခ်။ အေၾကာင္းမူကာ ေႏြရာသီတြင္ အပူရွပ္တက္ ေသာေၾကာင့္ မစမ္းသပ္ၾကည့္ရဲေသာေၾကာင့္ ျဖစ္သည္။

သူတို႔က သူတို႔စခန္းခ်ရန္ ႐ြက္ဖ်င္တဲအသီးသီးကို ယူၿပီးေနာက္တစ္ေန႔ညေနတြင္ ျမစ္အနားသို႔ စားစရာအျပည့္ျဖင့္ သြားလိုက္ၾကသည္။

စခန္းခ်ျပင္ဆင္ၿပီးေနာက္ ျမစ္ကိုအလြန္သိခ်င္စိတ္ ျပင္းျပလာသျဖင့္ ငါဖမ္းကာမစားေသာက္ခင္ ေလွ်ာက္ၾကည့္ရန္ ဆုံးျဖတ္လိုက္သည္။

ထို႔ေၾကာင့္သူတို႔က သိပ္သည္းေသာ ေတာအုပ္မ်ား ဝိုင္းပတ္ေနေသာ ျမစ္နားတြင္ လမ္းေလ်ာက္ၾကၿပီး ေဝးသည္။ထက္ေဝးသည့္ ေနရာသို႔ ေလ်ာက္သြားခဲ့မိၾကသည္။ သို႔ေသာ္အဆုံးကို မျမင္ရေသးေခ်။ သို႔ရာတြင္သူတို႔က ျမစ္တစ္ဖက္ျခမ္းႏွင့္ ဆက္ထားဟန္တူေသာ တံတားတစ္စင္းကို ျမင္လိုက္ရသည္။ မ်က္ႏွာခ်င္းဆိုင္တြင္လည္း ေတာအုပ္တစ္ခုက ရွိေနၿပီးသူတို႔ လာခဲ့ေသာဖက္ႏွင့္ တူသည္။

သိခ်င္စိတ္ျပင္းျပသြားေသာ လ်ိဳ႐ႊမ္းက သူတို႔ႏွင့္အတူ တံတားေပၚသို႔ တက္လိုက္သြားလိုက္သည္။ တစ္ခ်က္ၾကည့္႐ုံျဖင့္ပင္ ေက်ာက္တုံးတံတားက အလြန္အိုေနမွန္း သိသာၿပီးမ်က္ႏွာ ျပင္ေပၚတြင္လည္း သစ္႐ြက္မ်ားႏွင့္ ရႈပ္ပြေနသည္။ သူတို႔ကလဲ ဓာတ္ပုံ႐ိုက္ယူၾကသည္။ အားလုံးက တစ္ဖက္ျခမ္းသို႔ သြားၿပီးတစ္ခ်က္ ၾကည့္လိုက္ၾကသည္။

ဟိုဖက္ကလဲ တူညီေနေလာက္မလား ပိုၿပီးစိတ္လႈပ္ရွားစရာ ေကာင္းေလာက္မလား ပိုၿပီးေပ်ာ္စရာ ေကာင္းေလာက္မလား။

သူမ၏နားထဲတြင္ ေရစီးသံကို ဆက္တိုက္ၾကားေနရသည္။

လ်ိဳ႐ႊမ္းက အဖြဲ႕၏ေနာက္ဆုံးမွ ေလွ်ာက္လာေနျခင္းျဖစ္ၿပီး သူမကတံတားေပၚ တက္လိုက္ခ်ိန္တြင္ တစ္စုံတစ္ရာေပၚ တက္နင္းလိုက္မိကာ ေျမျပင္သို႔လဲ ၾကသြားသည္။ သူမက တက္နင္းမိေသာ အရာကိုေကာက္ၾကည့္ လိုက္ေသာအခါ မ်က္ႏွာဖုံးတစ္ခု ျဖစ္ေနေၾကာင္းျမင္လိုက္ရသည္။ မ်က္ႏွာဖုံးတစ္ခုလုံးက မဲေနၿပီးဘာမွ ရွိမေနခဲ့ေခ်။ အေပၚပိုင္း မ်က္ႏွာပုံပန္း သြင္ျပင္ေနရာကို လွီးျဖတ္ထားသလို ျဖစ္ေနၿပီး မ်က္ႏွာဖုံးကို ကိုင္ထားေသာလက္ကပင္ ျခစ္ရာအမ်ား ျပားကိုစမ္းမိလိုက္သည္။

အျခားလူမ်ားက သိခ်င္စိတ္ျပင္းျပစြာျဖင့္ အနားကပ္လာသည္။ လ်ိဳ႐ႊမ္း၏ေျခေထာက္က မနာေခ်။ သူမကေျပာၿပီး မ်က္ႏွာဖုံးကို မ်က္ႏွာေပၚကပ္ျပလိုက္ကာ ၾကည့္ေကာင္းမေကာင္း ေမးလိုက္သည္။ မ်က္ႏွာဖုံးတြင္ မည္သည့္႐ုပ္သြင္မွ မရွိသလို သေကၤတမ်ားလဲ မရွိေခ်။ထို႔ေၾကာင့္ သူမကကပ္လိုက္ေသာအခါ သူမ၏မ်က္လုံးက ဟိုေ႐ႊ႕ဒီေ႐ႊ႕ လုပ္ျပျခင္းသာ ေပၚလာသည္။ သို႔ေသာ္ကြက္တိ မက်ေနေခ်။ တစ္ခုလုံးက မည္းေမွာင္ေနျခင္း ျဖစ္သည္။ မိန္းကေလးမ်ားကမူ မလွဟုဆိုၾကသည္။ မေပ်ာ္မ႐ႊင္ ျဖစ္သြားေသာ လ်ိဳ႐ႊမ္းကမ်က္ႏွာဖုံးကို လႊင့္ပစ္လိုက္ၿပီး ထရပ္ကာ သူတို႔ႏွင့္အတူ မူလေနရာသို႔ ျပန္လာခဲ့ၾကသည္။ ထိုသို႔ျဖင့္ အသားကင္စားရင္း ထိုမ်က္ႏွာဖုံ အေၾကာင္းကို ေမ့သြားသည္။

စခန္းရွိရာသို႔ ျပန္လာခဲ့ၿပီးေနာက္တြင္ သူမကထိုကိစၥကို စိတ္ထဲမထားေတာ့ေခ်။

သိပ္မၾကာခင္ ေက်ာင္းကျပန္စတက္ရသည္။

လ်ိဳ႐ႊမ္းက သူမ၏မ်က္ႏွာကို မထိရဲေခ်။

"ငါ့ရဲ႕အိမ္မွာ ကိုယ္လုံးေပၚမွန္ႀကီး ရွိတယ္ငါအဲ့ဒီေန႔က ဝတ္စုံအသစ္ဝယ္လာၿပီး အိမ္မွာစမ္းဝတ္ ၾကည့္ခဲ့တာ မေမွ်ာ္လင့္ထားဘဲ ငါ့ရဲ႕မ်က္ႏွာေပၚမွာ အဲ့ဒီအနက္ေရာင္ မ်က္ႏွာဖုံးက ဖ်က္ခနဲေပၚလာတာကို ျမင္လိုက္ရတယ္"

သို႔ေသာ္ဖ်က္ခနဲ ေပၚလာသျဖင့္ သူမရွင္းရွင္းလင္းလင္း မျမင္ခဲ့ရေခ်။

ထိုအခ်ိန္က သူမကမ်ားမ်ားစားစား မေတြးခဲ့ဘဲ စိတ္ကဂေယာင္ ေခ်ာက္ခ်ားျဖစ္ေနသည္။ဟု ေတြးခဲ့ၿပီးဝတ္စုံ ကိုသာအာ႐ုံစိုက္လိုက္မိသျဖင့္ ခ်က္ခ်င္းဆိုသလို ေမ့သြားသည္။

ေနာက္တစ္ရက္တြင္ သူမကေက်ာင္းသို႔ လာၿပီးမွန္ၾကည့္သည္။ ေရခ်ိဳခန္းထဲတြင္ သူမကမ်က္ႏွာဖုံးကို ျပန္ျမင္ေသာအခါ သူမတံတားေပၚတြင္ ျမင္ခဲ့ေသာတစ္ခုႏွင့္ တစ္ေထရာတည္း တူေၾကာင္းသိလိုက္ ရသည္။

ထိုအခ်ိန္တြင္ ဒါကအခ်ိန္တို မဟုတ္ေတာ့ဘဲ ဆယ္စကၠန႔္အတိ ၾကာသည္။ သူမရွင္းရွင္းလင္းလင္း ျမင္ရန္လုံေလာက္ ေနၿပီျဖစ္သည္။ လ်ိဳ႐ႊမ္းက ေျပာသည္။

"ငါအဲ့ဒီအခ်ိန္က အရမ္းအံံဩသြားတာ ေနာက္ေတာ့မ်က္ႏွာဖုံးက ျပန္ေျပာက္သြားတယ္ ငါဒါကို မေမ့ႏိုင္ေတာ့ဘူး တတိယတစ္ႀကိမ္ ငါျပန္ျမင္တာကေတာ့ နင္တို႔နဲ႔ဒီေရခ်ိဳးခန္းထဲမွာ ဆုံတဲ့အခ်ိန္ဘဲ အဲ့ဒီအခ်ိန္က အဲ့ဒီမ်က္ႏွာဖုံး ေပၚမွာသေကၤတေတြ စေပၚလာတာကို ျမင္ေတြ႕ခဲ့ရတယ္"

သူမကစကားကို ရပ္ၿပီးထိုသေကၤတမ်ားကို ေဖာ္ျပရန္ ႀကိဳးစားသည္။

ရွီခ်ီက႐ုတ္တရက္ ေျပာသည္။

"ဆြဲျပလိုက္"

လ်ိဳ႐ႊမ္းက ေၾကာင္သြားသည္။

သူမကလဲ ထိုစီနီယာကို ၾကည့္သည္။ သူမကအထက္တန္းသို႔ ပထဦးဆုံး ဝင္လာခဲ့စဥ္ကတည္းက သူမတို႔၏ ေက်ာင္းတြင္အလြန္ ၾကည့္ေကာင္းေသာ စီနီယာတစ္ေယာက္ ရွိေၾကာင္းၾကားထား ဖူးေလသည္။

သူတို႔ကတစ္ထပ္တည္း ျဖစ္ေသာေၾကာင့္လည္း ေကာင္မေလးအမ်ာစုက ေန႔တိုင္းလိုလို အိမ္သာထဲသို႔ အတူသြားတတ္ေလရာ သူႏွင့္မေမွ်ာ္လင့္ဘဲ ေတြ႕ႏိုင္ရန္ ေမွ်ာ္လင့္ၾကေလသည္။ သို႔ေသာ္မည္သူကမွ သူနဲ႔ေအာင္ျမင္စြာ ပက္ပင္းတိုးျခင္း မရွိေၾကာင္း ၾကားခဲ့ရေလသည္။

သူမ၏အတန္းေဖာ္က တစ္ေတာင္ျဖင့္ တို႔လာၿပီးေနာက္ လ်ိဳ႐ႊမ္းကိုအသိ ျပန္ဝင္ေစသည္။ သူမကခပ္ျမန္ျမန္ ေျပာလိုက္သည္။

"ေကာင္းၿပီ"

သူမ၏ပုံဆြဲ စြမ္းရည္က ျဖစ္ျဖစ္ေျမာက္ေျမာက္ ေျပာေလာက္ေအာင္ ေျပာင္ေျမာက္ျခင္း မရွိေသာ္လည္း ႐ိုးရွင္းေသာပုံစံ မ်ားကိုဆြဲႏိုင္ေသးသည္။ သူမကလွ်င္ျမန္စြာျဖင့္ အၾကမ္းစာ႐ြက္ေပၚတြင္ ေရးဆြဲျပၿပီး သူတို႔ကိုျပသည္။

"ဒီလိုအတိုင္းဘဲ အစပိုင္းတုန္းက ဒီလိုသေကၤတ ေပၚလာတာ"

နင္မုန႔္က ေခါင္းဆန႔္ကာၾကည္သည္။

စာ႐ြက္ေျပာင္ေပၚတြင္ မ်က္ႏွာဖုံး၏ ပုံၾကမ္းရွိေနၿပီး မ်က္ႏွာသြင္ျပင္လည္း ပါသည္။ အလြန္႐ိုးရွင္းၿပီး သာမာန္ဟန္ျဖင့္ ဆြဲထားျခင္းသာလွ်င္ ျဖစ္သည္။ သေကၤတကမူ အၾကမ္းဖ်င္းျခစ္ထား သလိုမ်ိဳးမ်က္ႏွာဖုံး၏ ဘယ္ဘက္ျခမ္းတြင္ ရွိသည္။

လ်ိဳ႐ႊမ္းက ဝိုင္းျပၿပီးေနာက္ ဆက္ဆြဲရင္းေျပာသည္။

"ရက္နည္းနည္းၾကာေတာ့ မ်က္ႏွာဖုံးငါ့ရဲ႕ မ်က္ႏွာမွာ ရွိတဲ့အခ်ိန္က နည္းနည္းၾကာလာတာကို ငါေတြ႕ရတယ္ မိနစ္ပိုင္းကေန တစ္နာရီထိ ျဖစ္လာၿပီး သေကၤတေတြကလဲ ပိုမ်ားလာတယ္"

နင္မုန႔္ကသူမ၏ မ်က္ႏွာကို စိုက္ၾကည့္ေနၿပီးေနာက္တြင္ အနက္ေရာင္ေလထု ကိုသာျမင္ရျပန္သည္။

မ်က္ႏွာဖုံးက ေသခ်ာေပါက္ ရွိေနမွာဘဲ ဒါကက်ိမ္စာ ျဖစ္ေလာက္တယ္ သရဲတစ္ေယာက္ေယာက္က ဝတ္သြားလို႔မ်ားလား ေကာင္းတဲ့ဟာေတာ့ မျဖစ္ႏိုင္ဘူး

ရွီခ်ီကလက္ဆန႔္ၿပီးေနာက္ ထိုစာ႐ြက္ကိုယူကာ အာ႐ုံစိုက္လိုက္သည္။

သေကၤတပုံစံက ထပ္မေနေသာ္လည္း တစ္ခုနဲ႔တစ္ခုထပ္ေနသည္။ မ်က္ႏွာဖုံးတစ္ခုလုံးကို သိပ္သည္းစြာျဖင့္ ရႈပ္ေနေသာ အစင္းေၾကာင္းမ်ားလို အစီစဥ္မက်စြာ ရွိေနျခင္းလဲ ျဖစ္သည္။

လ်ိဳ႐ႊမ္းက ႏႈတ္ခမ္းကိုသပ္ၿပီးေနာက္ ေျခာက္ကပ္လာသလို ခံစားလာရသည္။

"လြန္ခဲ့တဲ့လဝက္က စၿပီးနာရီအနည္းငယ္ထိ ၾကာလာတယ္ အခုေတာ့အၿမဲတမ္း ငါ့ရဲ႕မ်က္ႏွာမွာ ရွိေနၿပီ ငါကတစ္ေနကုန္ မ်က္ႏွာဖုံး ဝတ္ထားရတဲ့ လူတစ္ေယာက္လိုဘဲ"

သူမကဒီမ်က္ႏွာဖုံးကို ေန႔တိုင္းျမင္ေနရသည္။ သူမ၏စိတ္ထဲတြင္ ေတြး႐ုံျဖင့္မ်က္ႏွာဖုံး၏ ပုံစံတိုင္းကို အတိအက် မွတ္မိႏိုင္သည္။

သူမကအျခား လူမ်ားကိုေမးသည့္ အခ်ိန္တိုင္း သူမ၏႐ုပ္ရည္ကိုသာ ျမင္ရေၾကာင္းေျပာၾကသည္။ သူမကမည္သူ႔ကို ေမးေစကာမူ ထိုအတိုင္းသာ ျဖစ္သည္။

တစ္ခါတစ္ေလတြင္ သူမဘာသာ ေတြးမိသည္။ သူတို႔ျမင္ရသမွ်က အမွန္ျဖစ္ၿပီး သူမျမင္ရသမွ်က ပုံရိပ္ေယာင္သာ ျဖစ္လိုက္ခ်င္သည္။

တစ္ခါတစ္ရံတြင္လည္း သူမျမင္ေနရေသာအရာက အမွန္ျဖစ္ၿပီး အျခားလူမ်ား ျမင္ေနရေသာအရာက ပုံရိပ္ေယာင္ ျဖစ္ေၾကာင္း ျပန္ေတြးမိျပန္သည္။ တစ္ရက္တြင္ သူမ၏မ်က္ႏွာကို ဆုံးရႈံးရေတာ့မည္ဟု ခံစားရလာသည္။ အခ်ိန္ၾကာလာသည့္အခါ သူမကအျခားလူမ်ားကို ေမးျမန္းျခင္းမရွိေတာ့ဘဲ အမွန္တရားကိုသာ မ်ိဳသိပ္ထားလိုက္ေတာ့သည္။

သူမကေဖ်ာ့ေတာ့စြာ ေျပာေနေသာ္လည္း လူတိုင္းကဂ႐ုတစ္စိုက္ နားေထာင္ေနၾကသျဖင့္ ေကာင္းစြာၾကားရသည္။ အားလုံး၏ေသြားမ်ားက ေအးစက္သြားၾကသည္။

လ်ိဳ႐ႊမ္းက ဆက္ေျပာေနေသးသည္။

"ငါမ်က္ႏွာဖုံး ေတြ႕ခဲ့တဲ့ေနရာကို သြားခ်င္ခဲ့ေပမဲ့ အဲ့ဒီေနရာကို ဘယ္လိုသြားရလဲ ဆိုတာ မမွတ္မိေတာ့ဘူး ငါ့ရဲ႕အတန္းေဖာ္ေတြ အားလုံးကလဲ ေက်ာင္းတက္ေနၾကေတာ့ ငါပိတ္ရက္မွ သူတို႔ကိုဆက္သြယ္ လိုရတယ္"

တိုက္ဆိုင္လြန္းသည္မွာ မနက္ျဖန္က ပိတ္ရက္ျဖစ္သည္။ သူမကအဓိက ေသာ့ခ်က္က ထိုမ်က္ႏွာဖုံးႏွင့္ သက္ဆိုင္ေနသည္။ဟု ခံစားေနရသည္။ သူမထိုလႊင့္ပစ္ ခဲ့ေသာမ်က္ႏွာဖုံးကို ျပန္ရွာေတြ႕လွ်င္ ျပႆနာကို ေျဖရွင္းႏိုင္ေပလိမ့္မည္။

ရွီခ်ီက စာ႐ြက္ကို ျပန္ခ်ၿပီးေနာက္ သူမမ်က္ႏွာကို ပတ္ေနေသာ အနက္ေရာင္ေလထုကို ၾကည့္လိုက္ၿပီးေနာက္ တည္ၿငိမ္စြာစကား ေျပာလိုက္သည္။

"မင္းသာရက္အနည္းငယ္ ေနာက္က်သြားရင္ ကယ္ဖို႔ေမွ်ာ္လင့္ခ်က္ မရွိေတာ့ဘူး"

လ်ိဳ႐ႊမ္းက ေအးခဲသြားသည္။

သူမ၏အတန္းေဖာ္ႏွင့္ ခ်ဳံခယ့္ခယ့္တို႔က သူမ၏႐ုပ္ရည္ကို ျမင္ႏိုင္ေသာေၾကာင့္ သူမ၏မ်က္ႏွာေပၚမွ ေၾကာက္လန႔္မႈက ပို၍ျပင္းထန္ေၾကာင္းကိုသာ ခံစားမိလိုက္သည္။

...

"သူမကအရင္တိုင္းဘဲ ဟိုကိစၥ ဒီကိစၥေတြကို အရမ္းဂ႐ုစိုက္ေနတယ္ ဒါေပမဲ့ သူမဂ႐ုအစိုက္ဆုံးက ငါျဖစ္ေနတုန္းပါဘဲ"

ရွီခ်ီရဲ႕ လွ်ိဳ႕ဝွက္ဒိုင္ယာရီ

Continue Reading

You'll Also Like

375K 61.8K 103
I rely on kisses to clear survival games. 90 Chapters + 9 Extras This is not my own. Totally Credited to original Author.
61.1K 7.5K 74
ဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမ...
516K 75.7K 186
ဘာသာပြန်သူ- စွဲညို့အသင်း (ဘာသာပြန်သူတစ်ဦးတည်း မဟုတ်ပါ) MC ကျန်းလော့က အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်နေသဘောသဘာဝကို ပိုင်ဆိုင်ထားပါတယ်။ ML ချီယုံကကျ စ...
78.1K 5.5K 98
စာစဉ်မိတ်ဆက် လင်းဖန်သည် နတ်ဘုရားအဆင့် အလွန်ချမ်းသာကြွယ်ဝ‌သော ဘဝလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည့် အကောင့်ဝင်ခြင်းစနစ်ကို ရရှိခဲ့သည်။ သူသည် အချက်အပြ...