စည်းချက်မညီသော ရင်ခုန်သံ

By Koe-Amara-Mg

17.7K 622 32

အသက်အရွယ် ကွာခြားတဲ့ လူနှစ်ယောက်၏ အိမ်ထောင်ရေး ရိုမန့်တစ် ဇာတ်လမ်းလေးပါ။ More

စည်းချက်မညီသော ရင်ခုန်သံ Part 1
စည်းချက်မညီသော ရင်ခုန်သံ Part 2
စည်းချက်မညီသော ရင်ခုန်သံ Part 3
စည်းချက်မညီသော ရင်ခုန်သံ Part 4
စည်းချက်မညီသော ရင်ခုန်သံ Part 5
စည်းချက်မညီသော ရင်ခုန်သံ Part6
စည်းချက်မညီသော ရင်ခုန်သံ Part7
စည်းချက်မညီသော ရင်ခုန်သံ Part8
စည်းချက်မညီသော ရင်ခုန်သံ Part10
စည်းချက်မညီသော ရင်ခုန်သံ Part11
Part 12
Part 13

စည်းချက်မညီသော ရင်ခုန်သံ Part9

544 29 0
By Koe-Amara-Mg

               စည်းချက်မညီသော ရင်ခုန်သံ

                             အခန်း (၉)
.

" ကောင်းပြီလေ... သားကိုလာခေါ်တာဆိုရင် မင်းခေါ်သွားလို့ရတယ်။ဒါပေမဲ့ ကလေးအဖေကိုတော့
သားကိုခေါ်မသွားခင် ငါ တွေ့ရမှဖြစ်မယ်။ငါ ပြောတာကို မင်းဘက်က လုပ်မပေးနိုင်ရင်တော့... သားကိုခေါ်သွားခွင့် ဘယ်တော့မှ ရမှာ မဟုတ်ဘူး "

တစ်ခါလာလည်း သားရဲ့အဖေ သားအဖေဆိုတဲ့
စကားနဲ့ အကြပ်ကိုင်နေတဲ့ သူ့ကို ဒြာ,တော်တော်ဒေါသထွက်မိသလို အမြင်လည်းကပ်လာသည်။

နောက်ပြီး သူအကြပ်ကိုင်တိုင်း ဒြာ,ကလည်း ကြောက်မယ့်သူ မဟုတ်ပါဘူး။

" ဦးအဂ္ဂမာန် က သားရဲ့အဖေကို အသည်းအသန် တွေ့ချင်နေမှတော့... ဒြာ က တွေ့ပေးရမှာပေါ့ "

" ဘာ..! "

" ဘာလို့ အရမ်းအံ့သြတုန်လှုပ်သွားတဲ့ ပုံစံဖြစ်နေရတာလဲ။ရှင်ပဲ သားရဲ့အဖေကို သိပ်တွေ့ချင်တာမလား။အဲ့ဒါကြောင့် ဒြာကတွေ့ပေးမယ်။ ရှင့်ဘက်က အဆင်သင့်ဖြစ်မယ့် အချိန်ကိုပြော "

သူမကအတည်ပေါက်နဲ့ ပြောနေတာမို့...
မာန်,ကိုယ်စုံစမ်းထားတာတွေပင် မှားများနေသလားလို့ အတွေးပင်ဝင်လာမိသည်။

ထိုအထွေးက မာန်, ခေါင်းထဲမှာ ကြာကြာမနေနိုင်ပါဘူး။ဘာလို့ဆိုတော့ သူမက ကိုယ့်ကိုအမြဲစိတ်ဒုက္ခပေးရမယ့် နေသာထိုင်သာရှိတဲ့ သူမျိုးဆိုတာကို သတိရမိတာကြောင့်ပင်။ပြီးတော့ ကိုယ်နဲ့ ရုပ်ချင်းချွတ်စွပ်တူနေတဲ့ သားက သူမဘက်ကလက်မခံလည်း ကိုယ့်ကလေးဆိုတာ သေချာသည်။

" ရှင့်ပုံစံကြည့်ရတာ သားအဖေကို ဒြာက ပြမပေးနိုင်ဘူးလို့ ထင်ထားတဲ့ ပုံပဲ။ဘယ်လိုလုပ်မလဲ... သားက ရှင့်သားမဟုတ်တာကို ဒြာကသက်သေပြပေးတော့မှာဆိုတော့... တုန်လှုပ်သွားတယ်မလား "

သူမကခနဲ့ပြုံးလေးနဲ့ပြောလာတော့...
မာန်, သဘောကျစွာနဲ့ ပြုံးမိ၏။

" တုန်လှုပ်သွားတာပေါ့... မင်း သားရဲ့အဖေကို ခေါ်လာပေးတော့မှာမို့လို့ တုန်လှုပ်သွားတာမျိုးတော့ မဟုတ်ဘူး။ငါ့ဆီကနေ သားကိုပြန်ခေါ်သွားရဖို့အတွက် လုပ်ဇာတ်ခင်းဖို့.... မင်း ခေါ်လာတော့မယ့်
ဘယ်ကမှန်းမသိတဲ့ ကလေကချေကောင်ကို အဖေတော်ရမယ့် သားအတွက် တုန်လှုပ်သွားတာ "

" ဘာ! ကလေကချေကောင် ဟုတ်လား "

" ဟုတ်တယ်။ မင်းလိုလူဆိုးမလေးကို ကိုယ့်လိုလူကောင်းကလွဲပြီး ဘယ်လူကောင်းကမှ သဘောကျ ကျမှာ မဟုတ်ဘူး "

သူ့စကားက ဒြာ့ကို အထင်သေးလွန်းတဲ့ပုံစံပေါက်နေပြီး၊သူကလွဲရင် ဘယ်ယောက်ျားကမှ ဒြာ့ကိုမယူတော့မည်ပုံစံမျိုးဖြစ်နေတာကြောင့်... ဒြာ, ဒေါသကထောင်းခနဲထွက်သွားရသည်။ဒေါသကြောင့်ရော မခံချင်စိတ်ကြောင့်ရော သူ့ကို စကားနဲ့ပြန်ချေပလိုက်သည်။

" အဟင်း ရှင်က ဒြာ့ကိုအထင်သေးနေတာပဲ။စောင့်ကြည့်နေလိုက် သားအဖေက အိုနေပြီဖြစ်တဲ့ ရှင့်ထက် အဆတစ်ရာသာတယ်ဆိုတာ ဒြာ,ကပြပေးမယ် "

" ကိုယ့်ထက်သာတယ်ပေါ့... "

" အင်း ရှင့်ထက်အများကြီး အများကြီး သာတယ် "

ဒြာ,အမြင်ကပ်ကပ်နဲ့ပြောပစ်လိုက်သည်။

" အင်း ကောင်းပြီလေ မင်းလူကိုခေါ်လာခဲ့လိုက်ပါ။ကိုယ့်ထက်ဘယ်လောက်သာလည်း သိရတာပေါ့ "

" ခေါ်လာခဲ့မယ်။ရှင့်ဘက်ကသာ သားကို ဒြာ,ခေါ်သွားမယ့် အချိန်ကျရင် အသာတကြည်နဲ့ထည့်ပေးဖို့ ပြင်ထား "

" ဟုတ်ပါပြီ၊ ဒါနဲ့ မင်း လူကိုဒီနေ့ခေါ်လာမှာမလား "

" ဒီ ဒီနေ့တော့ ဘယ်လိုလုပ်ရမှာလဲ။သားအဖေနဲ့မတွေ့တာ ကြာပြီ၊ပြီးတော့ သူက ရှင့်ထက်တောင် အရမ်းအလုပ်များတဲ့ သူ "

သူအနိုင်ယူနေတာကိုမခံနိုင်တော့လို့သာ သားရဲ့အဖေကိုခေါ်လာမယ်လို့သာ ပြောနေတာ။တကယ်က ဘယ်သူ့ကို သားရဲ့အဖေအဖြစ် ဟန်ဆောင်ခိုင်းရမယ်ဆိုတာတောင် မသိသေးဘူး။အဲ့ကြားထဲသူက ဒြာ,လုပ်ဇာတ်ခင်းမယ်ဆိုတာ ကြိုသိနေတယ်အလားပြောသေးတာမို့... မျက်နှာကို ဟန်မပျက်အောင် ထိန်းလိုက်ရသေးသည်။

" ဪ... ဒါဆိုရင် အလုပ်အရမ်းများတဲ့ မင်းလူကိုတွေ့ရမှာဖို့ ကိုယ်က ဘယ်လောက်ထိ စောင့်ပေးရမှာလဲ။ကိုယ်လည်း အလုပ်အားနေတဲ့ သူတော့ မဟုတ်ဘူးနော် "

" မပူပါနဲ့.. ဒြာ,က သားကိုရှင့်ဆီမှာ ကြာကြာထားချင်တဲ့ သူမဟုတ်ပါဘူး။ဖြစ်နိုင်ရင် အခုတောင် ခေါ်သွားချင်တာ။မဖြစ်လို့သာ ရှင့်ဆီမှာထားသွားရမှာ "

" ကိုယ့်ဆီမှာ သားကို မင်း မထားချင်မှန်းသိတယ်။ကိုယ်သိချင်တာက သားရဲ့အဖေကို ကိုယ့်ဆီ ဘယ်အချိန်ခေါ်လာမယ်ဆိုတာကိုပဲ သိချင်တယ်။အဲ့ဒါမှ
မင်းတို့လာတဲ့အခါ အလွယ်တကူ တွေ့နိုင်အောင် ကိုယ့်အလုပ်ချိန်တချို့ကို ကြိုတင်ဖယ်ထားမလို့ "

" မနက်ဖြန် "

" မနက်ဖြန်... "

" ဟုတ်တယ် "

" သေချာလို့လား... မနက်ဖြန် ကို "

" သေချာတယ် "

" ကောင်းပြီလေ ကိုယ်စောင့်နေမယ်။ သားနဲ့အတူ
မင်းတို့နှစ်ယောက် ကို... "

" ဒါဆို ဒြာသွားတော့မယ်။သားကိုတော့ သေချာ ဂရုစိုက်ပါ။သား ညဘက်မနေရင်၊ငိုရင် ဒြာ့ဆီဖုန်းဆက်ပေးပါ။အမြန်လာခဲ့မယ် "

" သားကိုမပူပါနဲ့။မင်းကိုသားက နဲနဲလေးတောင် သတိမရပါဘူး။သတိမရအောင်လို့လည်း ကိုယ်ကထားထားတယ် "

ဒြာ,ကို သတိမရအောင်ထားထားတယ်တဲ့လား...။
သားကိုတွေ့တာဖြင့် မကြာသေးဘူး။ဒြာ့ဆီကနေ
ခေါ်ထုတ်သွားဖို့ လုပ်နေတာများ သိသာလိုက်တာ။စောင့်ကြည့်နေလိုက် ဒြာ့သားကို ရှင့်ဆီကနေ ကြန်ခေါ်ပြမယ်။

" ဒြာ သွားတော့မယ် "

" မင်း ဘယ်မှာတည်းမှာလဲ။ရန်ကုန်မှာ မင်း တည်းလို့ရမယ့် အသိအိမ်လည်းမရှိသလောက်ပဲ။နေ့ဘက် မင်း လုပ်စရာရှိတာလုပ်ပြီး၊ညကို ကိုယ်နဲ့လာအိပ်မလား။သားလည်းရှိ... "

" ရှင်နဲ့ အိပ်စရာလား! အိပ်ချင်အိပ် ဒြာ့ယောက်ျားနဲ့ပဲ အိပ်မှာပေါ့။စကားကိုဆင်ဆင်ခြင်ခြင်နဲ့ပြော "

" စကားမှားသွားတာ။ ကိုယ်ပြောချင်တာက အဲ့လိုသဘောမဟုတ်ဘူး။ကိုယ့်အိမ်မှာ အိပ်မလားလို့
ပြော ပြော...! "

" ဒုန်း! "

" အဟင်း လူဆိုးမလေး စိတ်ကလည်း ကြီးလိုက်တာ "

စကားလေးမှားသွားတာကို ခြေကိုဆောင့်လျှောက်ပြီး၊တံခါးကို ခပ်ကြမ်းကြမ်း ဖွင့်ထွက်သွားတဲ့ သူမ။

မနက်ဖြန်ကျရင် ဘယ်လိုပုံစံမျိုးနဲ့ သားကိုခေါ်နိုင်ဖို့
ဘယ်လိုပုံစံမျိုးနဲ့ ရောက်လာအုံးမလဲမသိ။သေချာတာကတော့ သူမနှင့်ပတ်သက်တဲ့ အတွေးလေးကအစ မာန့်ကို ရင်ခုန်စေကာ၊ရင်လည်းတုန်စေသည်။

သူမ ကလေးအမေသာဖြစ်လာတယ် ဆိုးတဲ့အကျင့်လေးက အရင်တိုင်း မပြောင်းလဲသွားသေး။အဲ့လိုဆိုးတာကို အရင်က ချစ်ရမယ်ဆိုတာကို မသိခဲ့မိ။အခုသိရတော့ သူမက ကိုယ့်ကို အနားကပ်ခွင့်ရဖို့ဆိုတာ ဝေးလို့... အကြည့်တောင်မှ မျက်ဝန်းခြင်း ဖြတ်ခနဲ ဆုံမိတာနဲ့ ဆတ်ခနဲလွှဲပစ်သွားသည်လေ။

မပြောင်းလဲဘဲရှိနေသေးတဲ့ ဆိုးတဲ့ အကျင့်လေးအတိုင်း၊အရင်ကအတိုင်း ကိုယ့်အပေါ်မှာ ချစ်ကျွမ်းဝင်ပြီး၊သဘောနေကျတဲ့ သူမ၏ စိတ်လေးလည်း အခုထိ မပြောင်းမလဲနဲ့ ရှိနေသေးရင် ဘယ်လောက်များ ကောင်းလိုက်မလဲ။

သူမဘက်က ပြောင်းလဲသွားတာ မှန်ပေမယ့်...
အရင်တိုင်း ပြန်ဖြစ်ဖို့ ကြိုးစားနိုင်တဲ့ အခွင့်အရေးရှိနေသေးလို့ အတော်လေး ကံကောင်းတယ်လို့ ပြောရမည်။

ပြီးတော့ မာန့်မှာ ကံကောင်းခြင်းအဆောင် သားလေးလည်းရှိနေပြီ မဟုတ်လား။သားအမေကတော့
ကံကောင်းခြင်းလေးပေါ့။

....

" သမီး ဒြာ ဖုန်းမဆက်ဘာဆက်နဲ့ ရုတ်တရက်ကြီး ဘယ်လိုဖြစ်ပြီး ရန်ကုန် ရောက်လာရတာလဲ။အန်တီကလေ သမီးတို့ကို အမြဲသတိရနေတာ။သမီးက
အဆက်အသွယ်ဖြတ်ထားလို့သာ အဆက်အသွယ် ပြတ်သလို ဖြစ်နေတာ "

" ဒြာ့မှာ အရေးကြီးကိစ္စရှိနေလို့  ဒီမနက်ပဲ ရန်ကုန်ကို ရောက်လာတာပါ။အဆက်အသွယ်က တမင် ဖြတ်ထားတာတော့ မဟုတ်ဘူး။သားလေးတစ်ဖက်နဲ့ ရုန်းကန်နေရတဲ့ အချိန်မို့ ရန်ကုန်ဘက်ကိုအဆက်ပြတ်သွားတာ။ဟိုမှာ အခြေကျသွားတော့လည်း ဒီမှာဖြစ်ပျက်ခဲ့တာတွေကို မေ့ပစ်ချင်တာကြောင့်ရော၊သားတစ်ဖက်နဲ့ အလုပ်တွေများနေတာကြောင့်ရောနဲ့ အဆက်အသွယ်ပြတ်သလို ဖြစ်သွားရတာပါ အန်တီ "

" ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ကွယ်။အခုလို သမီးရောက်လာတော့ အန်တီဖြင့် အရမ်းဝမ်းသာတာပဲ။ရန်ကုန်လာတာ သမီးတစ်ယောက်တည်းလား ဘယ်မှာတည်းလဲ။အန်တိီတို့အိမ်မှာ တည်းချင်လည်းရတယ်နော် သမီးဒြာ "

" ဒြာတစ်ယောက်တည်းလာခဲ့တာပါ။တည်းဖို့နေရာကတော့ မရှိသေးပါဘူး "

" ဒါဆို အိမ်မှာ တည်းပေါ့ သမီးရဲ့... "

" ဟုတ်ကဲ့ အန်တီ။ဒါနဲ့လေ သူရ ရော ဟင် "

" သမီး သူငယ်ချင်းလား... ခဏနေဆိုရင် ပြန်ရောက်လာတော့မယ်။Carshow room ဖွင့်ချင်တယ်ပြောလို့ မနှစ်ကဖွင့်ပေးလိုက်တယ်။Showroom ဖွင့်ပေးပြီးကတည်းက သမီးသူငယ်ချင်းကို အန်တီ့မှာ မနက်နဲ့ ညနေတစ်ခါပဲ
သူ့မျက်နှာကို မြင်ရတယ်။အချိန်တိုင်း သူ့အလုပ်မှာပဲ သွားနေတယ်လေ "

" အမေတို့ကတော့လေ သားလေးတစ်ယောက်ရှိလို့သာ တော်တော့တယ်နော်... အမြဲပဲ တွေ့ရာလူကို
သားအကြောင်း အတင်းတုပ်တယ် "

ဒေါ်သင်ဇာ သမီးဒြာနဲ့စကားပြောနေစဥ် သားက
အပြင်ကနေ ပြန်ရောက်လာသည်။

" အဲ့လို အတုပ်မခံချင်ရင် အမေ့အနားမှာ တစ်ရက်လောက် အချိန်ပြည့်လေးနေပေးပါလေ "

" မ​ချေင်ပါဘူး။အိမ်မှာနေရတာ ပျင်းစရာကောင်းတယ် "

" အရင်က ပျင်းစရာကောင်းရင်တောင် ဒီနေ့တော့
သား ပျင်းမှာ မဟုတ်ဘူး။ဒီမှာ ဘယ်သူ ရောက်နေလဲ ကြည့်လိုက်ပါအုံး သား "

အမေ့စကားကြောင့် သူရ,အား ကျောခိုင်းအနေအထားနဲ့ ထိုင်နေတဲ့ မိန်းကလေးရှေ့ကိုသွား၍
ခြေစုံရပ်လိုက်သည်။

" လင်း သု ဒြာ..... နင် ဟုတ် ဟုတ်ပါတယ် နော်. "

" အင်း ငါ ဟုတ်တယ် "

" ရား... နင် တကယ်နေနိုင်လိုက်တာ။ဖုန်းနံပတ်ပါပြောင်းပြီး ငါတို့သူငယ်ချင်းတွေကို အဆက်ဖြတ်ထားလိုက်တာများ နှစ်ကိုချီလို့... "

" ဆောရီး... နင်တို့ကို ပစ်ထားသလို ဖြစ်သွားတယ် "

" ဖြစ်သွားတာမဟုတ်ဘူး။ပစ်ကိုထားခဲ့တာ... ပြောပါဦး အခုမှ ရုတ်တရက်ကြီး ရောက်လာရတဲ့ အကြောင်းလေး.... "

" ငါ နင့်အကူအညီလိုလို့ပါ သူရ "

" ငါ့အကူအညီ ဟုတ်လား "

" ဟုတ်တယ် "

" ဘယ်လို အကူအညီမျိုးလိုတာလဲ ပြော... "

" ငါ့သားရဲ့အဖေ "

" ဘာ...! "

............ ပြန်စတင်ပေးမယ်နော်

#ကိုးအမရာမောင်

               စည္းခ်က္မညီေသာ ရင္ခုန္သံ

                             အခန္း (၉)
.

" ေကာင္းၿပီေလ... သားကိုလာေခၚတာဆိုရင္ မင္းေခၚသြားလို႔ရတယ္။ဒါေပမဲ့ ကေလးအေဖကိုေတာ့
သားကိုေခၚမသြားခင္ ငါ ေတြ႕ရမွျဖစ္မယ္။ငါ ေျပာတာကို မင္းဘက္က လုပ္မေပးနိုင္ရင္ေတာ့... သားကိုေခၚသြားခြင့္ ဘယ္ေတာ့မွ ရမွာ မဟုတ္ဘူး "

တစ္ခါလာလည္း သားရဲ႕အေဖ သားအေဖဆိုတဲ့
စကားနဲ႕ အၾကပ္ကိုင္ေနတဲ့ သူ႕ကို ျဒာ,ေတာ္ေတာ္ေဒါသထြက္မိသလို အျမင္လည္းကပ္လာသည္။

ေနာက္ၿပီး သူအၾကပ္ကိုင္တိုင္း ျဒာ,ကလည္း ေၾကာက္မယ့္သူ မဟုတ္ပါဘူး။

" ဦးအဂၢမာန္ က သားရဲ႕အေဖကို အသည္းအသန္ ေတြ႕ခ်င္ေနမွေတာ့... ျဒာ က ေတြ႕ေပးရမွာေပါ့ "

" ဘာ..! "

" ဘာလို႔ အရမ္းအံ့ၾသတုန္လႈပ္သြားတဲ့ ပုံစံျဖစ္ေနရတာလဲ။ရွင္ပဲ သားရဲ႕အေဖကို သိပ္ေတြ႕ခ်င္တာမလား။အဲ့ဒါေၾကာင့္ ျဒာကေတြ႕ေပးမယ္။ ရွင့္ဘက္က အဆင္သင့္ျဖစ္မယ့္ အခ်ိန္ကိုေျပာ "

သူမကအတည္ေပါက္နဲ႕ ေျပာေနတာမို႔...
မာန္,ကိုယ္စုံစမ္းထားတာေတြပင္ မွားမ်ားေနသလားလို႔ အေတြးပင္ဝင္လာမိသည္။

ထိုအေထြးက မာန္, ေခါင္းထဲမွာ ၾကာၾကာမေနနိုင္ပါဘူး။ဘာလို႔ဆိုေတာ့ သူမက ကိုယ့္ကိုအၿမဲစိတ္ဒုကၡေပးရမယ့္ ေနသာထိုင္သာရွိတဲ့ သူမ်ိဳးဆိုတာကို သတိရမိတာေၾကာင့္ပင္။ၿပီးေတာ့ ကိုယ္နဲ႕ ႐ုပ္ခ်င္းခြၽတ္စြပ္တူေနတဲ့ သားက သူမဘက္ကလက္မခံလည္း ကိုယ့္ကေလးဆိုတာ ေသခ်ာသည္။

" ရွင့္ပုံစံၾကည့္ရတာ သားအေဖကို ျဒာက ျပမေပးနိုင္ဘူးလို႔ ထင္ထားတဲ့ ပုံပဲ။ဘယ္လိုလုပ္မလဲ... သားက ရွင့္သားမဟုတ္တာကို ျဒာကသက္ေသျပေပးေတာ့မွာဆိုေတာ့... တုန္လႈပ္သြားတယ္မလား "

သူမကခနဲ႕ၿပဳံးေလးနဲ႕ေျပာလာေတာ့...
မာန္, သေဘာက်စြာနဲ႕ ၿပဳံးမိ၏။

" တုန္လႈပ္သြားတာေပါ့... မင္း သားရဲ႕အေဖကို ေခၚလာေပးေတာ့မွာမို႔လို႔ တုန္လႈပ္သြားတာမ်ိဳးေတာ့ မဟုတ္ဘူး။ငါ့ဆီကေန သားကိုျပန္ေခၚသြားရဖို႔အတြက္ လုပ္ဇာတ္ခင္းဖို႔.... မင္း ေခၚလာေတာ့မယ့္
ဘယ္ကမွန္းမသိတဲ့ ကေလကေခ်ေကာင္ကို အေဖေတာ္ရမယ့္ သားအတြက္ တုန္လႈပ္သြားတာ "

" ဘာ! ကေလကေခ်ေကာင္ ဟုတ္လား "

" ဟုတ္တယ္။ မင္းလိုလူဆိုးမေလးကို ကိုယ့္လိုလူေကာင္းကလြဲၿပီး ဘယ္လူေကာင္းကမွ သေဘာက် က်မွာ မဟုတ္ဘူး "

သူ႕စကားက ျဒာ့ကို အထင္ေသးလြန္းတဲ့ပုံစံေပါက္ေနၿပီး၊သူကလြဲရင္ ဘယ္ေယာက္်ားကမွ ျဒာ့ကိုမယူေတာ့မည္ပုံစံမ်ိဳးျဖစ္ေနတာေၾကာင့္... ျဒာ, ေဒါသကေထာင္းခနဲထြက္သြားရသည္။ေဒါသေၾကာင့္ေရာ မခံခ်င္စိတ္ေၾကာင့္ေရာ သူ႕ကို စကားနဲ႕ျပန္ေခ်ပလိုက္သည္။

" အဟင္း ရွင္က ျဒာ့ကိုအထင္ေသးေနတာပဲ။ေစာင့္ၾကည့္ေနလိုက္ သားအေဖက အိုေနၿပီျဖစ္တဲ့ ရွင့္ထက္ အဆတစ္ရာသာတယ္ဆိုတာ ျဒာ,ကျပေပးမယ္ "

" ကိုယ့္ထက္သာတယ္ေပါ့... "

" အင္း ရွင့္ထက္အမ်ားႀကီး အမ်ားႀကီး သာတယ္ "

ျဒာ,အျမင္ကပ္ကပ္နဲ႕ေျပာပစ္လိုက္သည္။

" အင္း ေကာင္းၿပီေလ မင္းလူကိုေခၚလာခဲ့လိုက္ပါ။ကိုယ့္ထက္ဘယ္ေလာက္သာလည္း သိရတာေပါ့ "

" ေခၚလာခဲ့မယ္။ရွင့္ဘက္ကသာ သားကို ျဒာ,ေခၚသြားမယ့္ အခ်ိန္က်ရင္ အသာတၾကည္နဲ႕ထည့္ေပးဖို႔ ျပင္ထား "

" ဟုတ္ပါၿပီ၊ ဒါနဲ႕ မင္း လူကိုဒီေန႕ေခၚလာမွာမလား "

" ဒီ ဒီေန႕ေတာ့ ဘယ္လိုလုပ္ရမွာလဲ။သားအေဖနဲ႕မေတြ႕တာ ၾကာၿပီ၊ၿပီးေတာ့ သူက ရွင့္ထက္ေတာင္ အရမ္းအလုပ္မ်ားတဲ့ သူ "

သူအနိုင္ယူေနတာကိုမခံနိုင္ေတာ့လို႔သာ သားရဲ႕အေဖကိုေခၚလာမယ္လို႔သာ ေျပာေနတာ။တကယ္က ဘယ္သူ႕ကို သားရဲ႕အေဖအျဖစ္ ဟန္ေဆာင္ခိုင္းရမယ္ဆိုတာေတာင္ မသိေသးဘူး။အဲ့ၾကားထဲသူက ျဒာ,လုပ္ဇာတ္ခင္းမယ္ဆိုတာ ႀကိဳသိေနတယ္အလားေျပာေသးတာမို႔... မ်က္ႏွာကို ဟန္မပ်က္ေအာင္ ထိန္းလိုက္ရေသးသည္။

" ဪ... ဒါဆိုရင္ အလုပ္အရမ္းမ်ားတဲ့ မင္းလူကိုေတြ႕ရမွာဖို႔ ကိုယ္က ဘယ္ေလာက္ထိ ေစာင့္ေပးရမွာလဲ။ကိုယ္လည္း အလုပ္အားေနတဲ့ သူေတာ့ မဟုတ္ဘူးေနာ္ "

" မပူပါနဲ႕.. ျဒာ,က သားကိုရွင့္ဆီမွာ ၾကာၾကာထားခ်င္တဲ့ သူမဟုတ္ပါဘူး။ျဖစ္နိုင္ရင္ အခုေတာင္ ေခၚသြားခ်င္တာ။မျဖစ္လို႔သာ ရွင့္ဆီမွာထားသြားရမွာ "

" ကိုယ့္ဆီမွာ သားကို မင္း မထားခ်င္မွန္းသိတယ္။ကိုယ္သိခ်င္တာက သားရဲ႕အေဖကို ကိုယ့္ဆီ ဘယ္အခ်ိန္ေခၚလာမယ္ဆိုတာကိုပဲ သိခ်င္တယ္။အဲ့ဒါမွ
မင္းတို႔လာတဲ့အခါ အလြယ္တကူ ေတြ႕နိုင္ေအာင္ ကိုယ့္အလုပ္ခ်ိန္တခ်ိဳ႕ကို ႀကိဳတင္ဖယ္ထားမလို႔ "

" မနက္ျဖန္ "

" မနက္ျဖန္... "

" ဟုတ္တယ္ "

" ေသခ်ာလို႔လား... မနက္ျဖန္ ကို "

" ေသခ်ာတယ္ "

" ေကာင္းၿပီေလ ကိုယ္ေစာင့္ေနမယ္။ သားနဲ႕အတူ
မင္းတို႔ႏွစ္ေယာက္ ကို... "

" ဒါဆို ျဒာသြားေတာ့မယ္။သားကိုေတာ့ ေသခ်ာ ဂ႐ုစိုက္ပါ။သား ညဘက္မေနရင္၊ငိုရင္ ျဒာ့ဆီဖုန္းဆက္ေပးပါ။အျမန္လာခဲ့မယ္ "

" သားကိုမပူပါနဲ႕။မင္းကိုသားက နဲနဲေလးေတာင္ သတိမရပါဘူး။သတိမရေအာင္လို႔လည္း ကိုယ္ကထားထားတယ္ "

ျဒာ,ကို သတိမရေအာင္ထားထားတယ္တဲ့လား...။
သားကိုေတြ႕တာျဖင့္ မၾကာေသးဘူး။ျဒာ့ဆီကေန
ေခၚထုတ္သြားဖို႔ လုပ္ေနတာမ်ား သိသာလိုက္တာ။ေစာင့္ၾကည့္ေနလိုက္ ျဒာ့သားကို ရွင့္ဆီကေန ၾကန္ေခၚျပမယ္။

" ျဒာ သြားေတာ့မယ္ "

" မင္း ဘယ္မွာတည္းမွာလဲ။ရန္ကုန္မွာ မင္း တည္းလို႔ရမယ့္ အသိအိမ္လည္းမရွိသေလာက္ပဲ။ေန႕ဘက္ မင္း လုပ္စရာရွိတာလုပ္ၿပီး၊ညကို ကိုယ္နဲ႕လာအိပ္မလား။သားလည္းရွိ... "

" ရွင္နဲ႕ အိပ္စရာလား! အိပ္ခ်င္အိပ္ ျဒာ့ေယာက္်ားနဲ႕ပဲ အိပ္မွာေပါ့။စကားကိုဆင္ဆင္ျခင္ျခင္နဲ႕ေျပာ "

" စကားမွားသြားတာ။ ကိုယ္ေျပာခ်င္တာက အဲ့လိုသေဘာမဟုတ္ဘူး။ကိုယ့္အိမ္မွာ အိပ္မလားလို႔
ေျပာ ေျပာ...! "

" ဒုန္း! "

" အဟင္း လူဆိုးမေလး စိတ္ကလည္း ႀကီးလိုက္တာ "

စကားေလးမွားသြားတာကို ေျခကိုေဆာင့္ေလွ်ာက္ၿပီး၊တံခါးကို ခပ္ၾကမ္းၾကမ္း ဖြင့္ထြက္သြားတဲ့ သူမ။

မနက္ျဖန္က်ရင္ ဘယ္လိုပုံစံမ်ိဳးနဲ႕ သားကိုေခၚနိုင္ဖို႔
ဘယ္လိုပုံစံမ်ိဳးနဲ႕ ေရာက္လာအုံးမလဲမသိ။ေသခ်ာတာကေတာ့ သူမႏွင့္ပတ္သက္တဲ့ အေတြးေလးကအစ မာန့္ကို ရင္ခုန္ေစကာ၊ရင္လည္းတုန္ေစသည္။

သူမ ကေလးအေမသာျဖစ္လာတယ္ ဆိုးတဲ့အက်င့္ေလးက အရင္တိုင္း မေျပာင္းလဲသြားေသး။အဲ့လိုဆိုးတာကို အရင္က ခ်စ္ရမယ္ဆိုတာကို မသိခဲ့မိ။အခုသိရေတာ့ သူမက ကိုယ့္ကို အနားကပ္ခြင့္ရဖို႔ဆိုတာ ေဝးလို႔... အၾကည့္ေတာင္မွ မ်က္ဝန္းျခင္း ျဖတ္ခနဲ ဆုံမိတာနဲ႕ ဆတ္ခနဲလႊဲပစ္သြားသည္ေလ။

မေျပာင္းလဲဘဲရွိေနေသးတဲ့ ဆိုးတဲ့ အက်င့္ေလးအတိုင္း၊အရင္ကအတိုင္း ကိုယ့္အေပၚမွာ ခ်စ္ကြၽမ္းဝင္ၿပီး၊သေဘာေနက်တဲ့ သူမ၏ စိတ္ေလးလည္း အခုထိ မေျပာင္းမလဲနဲ႕ ရွိေနေသးရင္ ဘယ္ေလာက္မ်ား ေကာင္းလိုက္မလဲ။

သူမဘက္က ေျပာင္းလဲသြားတာ မွန္ေပမယ့္...
အရင္တိုင္း ျပန္ျဖစ္ဖို႔ ႀကိဳးစားနိုင္တဲ့ အခြင့္အေရးရွိေနေသးလို႔ အေတာ္ေလး ကံေကာင္းတယ္လို႔ ေျပာရမည္။

ၿပီးေတာ့ မာန့္မွာ ကံေကာင္းျခင္းအေဆာင္ သားေလးလည္းရွိေနၿပီ မဟုတ္လား။သားအေမကေတာ့
ကံေကာင္းျခင္းေလးေပါ့။

....

" သမီး ျဒာ ဖုန္းမဆက္ဘာဆက္နဲ႕ ႐ုတ္တရက္ႀကီး ဘယ္လိုျဖစ္ၿပီး ရန္ကုန္ ေရာက္လာရတာလဲ။အန္တီကေလ သမီးတို႔ကို အၿမဲသတိရေနတာ။သမီးက
အဆက္အသြယ္ျဖတ္ထားလို႔သာ အဆက္အသြယ္ ျပတ္သလို ျဖစ္ေနတာ "

" ျဒာ့မွာ အေရးႀကီးကိစၥရွိေနလို႔  ဒီမနက္ပဲ ရန္ကုန္ကို ေရာက္လာတာပါ။အဆက္အသြယ္က တမင္ ျဖတ္ထားတာေတာ့ မဟုတ္ဘူး။သားေလးတစ္ဖက္နဲ႕ ႐ုန္းကန္ေနရတဲ့ အခ်ိန္မို႔ ရန္ကုန္ဘက္ကိုအဆက္ျပတ္သြားတာ။ဟိုမွာ အေျခက်သြားေတာ့လည္း ဒီမွာျဖစ္ပ်က္ခဲ့တာေတြကို ေမ့ပစ္ခ်င္တာေၾကာင့္ေရာ၊သားတစ္ဖက္နဲ႕ အလုပ္ေတြမ်ားေနတာေၾကာင့္ေရာနဲ႕ အဆက္အသြယ္ျပတ္သလို ျဖစ္သြားရတာပါ အန္တီ "

" ဘယ္လိုပဲ ျဖစ္ျဖစ္ေပါ့ကြယ္။အခုလို သမီးေရာက္လာေတာ့ အန္တီျဖင့္ အရမ္းဝမ္းသာတာပဲ။ရန္ကုန္လာတာ သမီးတစ္ေယာက္တည္းလား ဘယ်မှာတည်းလဲ။အန်တိီတို့အိမ်မှာ တည္းခ်င္လည္းရတယ္ေနာ္ သမီးျဒာ "

" ျဒာတစ္ေယာက္တည္းလာခဲ့တာပါ။တည္းဖို႔ေနရာကေတာ့ မရွိေသးပါဘူး "

" ဒါဆို အိမ္မွာ တည္းေပါ့ သမီးရဲ႕... "

" ဟုတ္ကဲ့ အန္တီ။ဒါနဲ႕ေလ သူရ ေရာ ဟင္ "

" သမီး သူငယ္ခ်င္းလား... ခဏေနဆိုရင္ ျပန္ေရာက္လာေတာ့မယ္။Carshow room ဖြင့္ခ်င္တယ္ေျပာလို႔ မႏွစ္ကဖြင့္ေပးလိုက္တယ္။Showroom ဖြင့္ေပးၿပီးကတည္းက သမီးသူငယ္ခ်င္းကို အန္တီ့မွာ မနက္နဲ႕ ညေနတစ္ခါပဲ
သူ႕မ်က္ႏွာကို ျမင္ရတယ္။အခ်ိန္တိုင္း သူ႕အလုပ္မွာပဲ သြားေနတယ္ေလ "

" အေမတို႔ကေတာ့ေလ သားေလးတစ္ေယာက္ရွိလို႔သာ ေတာ္ေတာ့တယ္ေနာ္... အၿမဲပဲ ေတြ႕ရာလူကို
သားအေၾကာင္း အတင္းတုပ္တယ္ "

ေဒၚသင္ဇာ သမီးျဒာနဲ႕စကားေျပာေနစဥ္ သားက
အျပင္ကေန ျပန္ေရာက္လာသည္။

" အဲ့လို အတုပ္မခံခ်င္ရင္ အေမ့အနားမွာ တစ္ရက္ေလာက္ အခ်ိန္ျပည့္ေလးေနေပးပါေလ "

" မေခ်င္ပါဘူး။အိမ္မွာေနရတာ ပ်င္းစရာေကာင္းတယ္ "

" အရင္က ပ်င္းစရာေကာင္းရင္ေတာင္ ဒီေန႕ေတာ့
သား ပ်င္းမွာ မဟုတ္ဘူး။ဒီမွာ ဘယ္သူ ေရာက္ေနလဲ ၾကည့္လိုက္ပါအုံး သား "

အေမ့စကားေၾကာင့္ သူရ,အား ေက်ာခိုင္းအေနအထားနဲ႕ ထိုင္ေနတဲ့ မိန္းကေလးေရွ႕ကိုသြား၍
ေျခစုံရပ္လိုက္သည္။

" လင္း သု ျဒာ..... နင္ ဟုတ္ ဟုတ္ပါတယ္ ေနာ္. "

" အင္း ငါ ဟုတ္တယ္ "

" ရား... နင္ တကယ္ေနနိုင္လိုက္တာ။ဖုန္းနံပတ္ပါေျပာင္းၿပီး ငါတို႔သူငယ္ခ်င္းေတြကို အဆက္ျဖတ္ထားလိုက္တာမ်ား ႏွစ္ကိုခ်ီလို႔... "

" ေဆာရီး... နင္တို႔ကို ပစ္ထားသလို ျဖစ္သြားတယ္ "

" ျဖစ္သြားတာမဟုတ္ဘူး။ပစ္ကိုထားခဲ့တာ... ေျပာပါဦး အခုမွ ႐ုတ္တရက္ႀကီး ေရာက္လာရတဲ့ အေၾကာင္းေလး.... "

" ငါ နင့္အကူအညီလိုလို႔ပါ သူရ "

" ငါ့အကူအညီ ဟုတ္လား "

" ဟုတ္တယ္ "

" ဘယ္လို အကူအညီမ်ိဳးလိုတာလဲ ေျပာ... "

" ငါ့သားရဲ႕အေဖ "

" ဘာ...! "

............ ျပန္စတင္ေပးမယ္ေနာ္

#ကိုးအမရာေမာင္

Continue Reading

You'll Also Like

2.5M 345K 50
အနာဂတ်စီမံကိန်းများစွာ ရေးခြစ်ရင်း ကျွန်တော်ဟာ အဖြူ ရောင်မေတ္တာတွေနဲ့ သူ့ဘေးနားမှာ တသက်လုံးနေဖို့ ရည်စူးခဲ့သတဲ့... အဝါရောင် နှင်းဆီပန်းကလေးဟာ မသိလို...
449K 39.1K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
837K 31.8K 20
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023