အပိုင်း(၄၅) သူမရဲ့မျက်နှာပေါ်ကမျက်နှာဖုံး။
အထက်တန်းကျောင်း ဒုတိယနှစ်နှင့် တတိယနှစ်တွင် လူအများက အတန်းပြီးသည်နှင့် ကျောင်းအပြင်သို့သာ တိုက်ရိုက်ထွက်ကာ မုန့်ဝယ်လေ့ရှိသည်။
"လျိုရွှမ်း နင် မနေ့က စီနီယာအစ်မတွေကို ရန်စမိခဲ့သေးလား"
သူမ၏ တစ်တန်းထဲထိုင်သည့် အတန်းဖော်က ရုတ်တရက်ထမေးလိုက်သည်။
လျိုရွှမ်းက ကြောင်သွားပြီးနောက် ပြန်ဖြေသည်။
"မစပါဘူး။ ငါတတိယနှစ်က ဘယ်သူနဲ့မှမသိဘူး"
ဂျူရီယာနှစ်နှင့် ဒုတိယနှစ်က လျှောက်လမ်းများနှင့် သာမန်အသုံးပြုသောနေရာများကို ဝေမျှ၍ အသုံးပြုသော်လည်း သူတို့ကြားတွင် မည်သည့်ဆက်နွယ်မှုမှ မရှိချေ။ သူတို့က ကိုယ့်အဆောက်ဦးသို့သာ တိုက်ရိုက်သွားလေ့ရှိကြလေသည်။
သူမ၏အတူထိုင်ဖော်ကျောင်းသူက ပဟေဠိဖြစ်သလိုပြောလာသည်။
"ဒါဆို ဘာလို့ မနေ့ကနဲ့ဒီနေ့မှာ လူတစ်ယောက်ကလာပြီး နင့်ရဲ့အကြောင်းကို စုံစမ်းတာလဲ ပြောရရင် နင်မနေ့မှ ဘာဖြစ်ခဲ့တာလဲ နင်ငါ့ကိုတောင် မပြောပြဘူး။ ဆရာမကတောင် နင်ဘာဖြစ်နေတာလဲလို့ ငါ့ကိုလာမေးသေးတယ်"
လျိုရွှမ်း က ခါးသီးသောမျက်နှာထားဖြင့် တောင်းပန်သည်။
"ငါတောင်းပန်ပါတယ်"
သူမအတန်းဖော်က ဒေါသအနည်းငယ်ထွက်သွားသည်။ သူမကတောင်းပန်မှုကို လိုချင်ခြင်းမဟုတ်ချေ။
"ငါတို့အတူထိုင်နေတာ ဘယ်လောက်ကြာပြီလဲ နင်ငါ့ဆီက ဖုံးကွယ်ထားနေသေးတာလား ငါနင်တောင်းပန်တာကို မကြားချင်ဘူး။"
သူမက ဘာမှလုပ်စရာမရှိလျှင် မှန်သာကြည့်နေတတ်သည်။ ထို့ကြောင့် ကျောင်းသို့ လက်တဝါးစာရှိသော မှန်အဝိုင်းကို ယူဆောင်လာလေ့ရှိသည်။ သူမ မနေ့ညက စာလေ့လာနေချိန်က လျိုရွှမ်း က ဘာဖြစ်သည်မသိ ရုတ်တရက်မှန်မှ သူမ၏ပုံရိပ်ကိုကြည့်ပြီး ထအော်လေသည်။ ထိုသို့ဖြင့် မှန်ကအသိမ်းခံရပြီး ပြန်လည်သုံးသပ်မှု စာစီစာကုံးကို ရေးရတော့မည်ဖြစ်သည်။
ဒါကပြဿနာမရှိသေးချေ။ အဓိကပြဿနာက လျှိုရွှမ်း က ထိုအချိန်က ဖြစ်နေသောမျက်နှာထားက သူမကိုအံ့ဩစေခြင်းဖြစ်သည်။ ဒါကပုံမှန်မဟုတ်ချေ။ သူမက သရဲတစ်ကောင်ကို မြင်ရသလိုမျိုး ဖြစ်နေခြင်းဖြစ်သည်။
တကယ်ပဲ ဒီလောက်ထိကြောက်သွားရလောက်အောင် မှန်ထဲမှာ ဘာကိုမြင်လိုက်ရလို့လဲ
မှန်ထဲကလူက ကိုယ့်ရုပ်ကိုပြန်မြင်ရတာပဲ။ ဘာကိုကြောက်စရာကောင်းနေမှာလဲ
လျိုရွှမ်း က မဖြေချေ။ ခေါင်းကိုသာငုံ့ထားသည်။
သူမရဲ့အတန်းဖော်ကသာ သူမ၏ထိုသို့ အ နေသလိုမျိုး ဟန်ဆောင်နေကြောင်းကို မြင်သောအခါ နှလုံးသားထဲမှမီးတောက်က ပို၍ကြီးမားလာပြီး ခေါင်းကိုလှည့်ကာ သူမကို ဆက်စကားမပြောတော့ချေ။ သူမက အလွန်ဒေါသထွက်သွားသည်။
လျိုရွှမ်း ကလည်း လှုပ်ရှားမှုကိုကြားသောအခါ သူမ၏နှလုံးသားက စိတ်အေးသွားသလို ခံစားလိုက်ရသည်။ သူမကလည်း ပြောပြချင်သည်။ သို့သော် သူမကသာ ထိုထူးခြားပြီး ကွဲပြားသောအရာကို မြင်နေရသူဖြစ်သည်။
ငါကပြောပြရင်တောင် ငါ့ကိုယုံကြည်ကြမှာလား သေချာပေါက် သံသယဝင်ကြမှာပဲ။
လွန်ခဲ့သောနှစ်ရက်အတွင်း သူမက ဘုရားကျောင်းများစွာသို့ သွားရောက်ကာ ဆုတောင်းဝတ်ပြုခဲ့သည်။ သို့သော် မည်သည့်အသုံးဝင်မှုက မရှိလာခဲ့ချေ။ သူမကို အပြင်ထွက်ဆော့ကစားရန် ဖိတ်ခေါ်ခဲ့သော ထိုသူငယ်ချင်းများကိုပင် ကျိန်ဆဲမိသွားသည်။
ယခု သူမက ဒီလိုဆိုးရွားသော အခြေအနေမျိုးတွင် ပိတ်မိနေသော်လည်း အခြားသူများက မမြင်နိုင်သလို သက်ရောက်ခံရခြင်းလည်း မရှိနေခဲ့ချေ။
သူမ၏မှန်ထဲမှ မျက်နှာအကြောင်း တွေးမိသော် သူမ၏အတွေးများက အေးစက်သွားသလို ခံစားလိုက်ရသည်။
မတော်တဆမှုဖြစ်ပြီး လဝက်ခန့်ကြာပြီးနောက် နင်မုန့် က လျိုရွှမ်း ကို ထပ်တွေ့ရသည်။
သူမဘက်မှကြည့်လျှင် သူမ၏မျက်နှာရှိ အမဲစက်များပြည့်နေသောကြောင့် ဖြစ်နေသည်။ ထိုအနက်ရောင်လေထုက သိပ်သည်းလွန်းပြီး မျက်နှာရုပ်သွင် အားလုံးကို ဖုံးကွယ်လုမတတ် ဖြစ်နေသည်။ သူမ၏မျက်နှာကိုပင် ထင်ထင်ရှားရှား မမြင်နိုင်တော့ချေ။
ချုံခယ့်ခယ့် က မျက်မှောင်ကျုံ့သည်။
"ဘာလို့ ဒီကောင်မလေးက အသက်မဲ့သလိုဖြစ်နေတာလဲ သူမကြည့်ရတာ အရမ်းကြောက်နေသလိုပဲ။ ငါ့ရဲ့မသိစိတ်အရ သူမရဲ့အနားကိုမကပ်နဲ့လို့ ပြောနေသလိုပဲ"
ထိုမသိစိတ်အရ သူမထိုမိန်းကလေး၏အနားသို့ မကပ်ခြင်းက အကောင်းဆုံးဖြစ်နိုင်သည်။
နင်မုန့်က ထိုစကားကြောင့် ဆွံ့အသွားသည်။ သူမ အချိန်အတော်တန်ကြာသည်အထိ ဘာစကားမှ မပြောနိုင်တော့ချေ။
ထိုကောင်မလေးက လက်ဆေးပြီးနောက် မှန်ကို အချိန်အကြာကြီး စိုက်ကြည့်နေသည်။ ယခင်တစ်ခေါက်ကကဲ့သို့ မအော်တော့ချေ။ သူမက ကျင့်သားရနေသလိုမျိုး ဒီတစ်ကြိမ်တွင် ဘာကိုမှမမြင်တော့သလိုမျိုး ဖြစ်သွားသည်။
သို့ရာတွင် သူမကနောက်ပြန်လှည့်ပြီး သူတို့နှစ်ယောက်ကိုမြင်သောအခါ ကြောင်သွားသည်။
နင်မုန့်က မနေနိုင်ဘဲ ရှေ့တက်ကာ အသံတိုးတိုးဖြင့်မေးလိုက်သည်။
"အတန်းဖော် နင်နောက်ဆုံးတစ်ကြိမ် ငါတို့ကိုတွေ့တုန်းက နင့်ရဲ့မျက်နှာက...."
လျိုရွှမ်းက စကားကိုဖြတ်ပြောသည်။
"နင်မြင်နိုင်တာလား နင်တစ်ခုခု မမြင်နိုင်ဘူးဆိုရင် ကိုယ့်ကိစ္စကိုပဲ ဂရုစိုက်။ နင်မြင်နိုင်တော့မှ ငါ့ကိုလာပြော"
ထိုသို့ပြောပြီးနောက် သူမက နောက်လှည့်ကာ ထွက်သွားသည်။
ချုံခယ့်ခယ့် က သူမကို လှမ်းဆွဲပြီး အံ့အားတကြီးမေးလိုက်သည်။
"သောက်ကျိုးနဲ ငါတို့က ကြင်ကြင်နာနာနဲ့ မေးမြန်းတာကို ငါတို့ကိုဒီလိုဆက်ဆံစရာလား နင်နင် ဒီကောင်မလေးကို မေ့လိုက်တော့။ ဒီအတိုင်း အဲ့ဒီကောင်မလေးက အဆင့်လည်းမကောင်းသလို မိသားစုမှာလည်း ပြဿနာတွေရှိနေတာ"
သူမက ထိုသို့သောလူမျိုးတွေနှင့် ယခင်ကလည်း ဆုံဖူးသည်။ သို့သော် ထိုမျှအထိ ကြီးကျယ်သော အမူအရာမျိုးကိုမူ မကြုံဖူးသေးချေ။
နောက်ဆုံးတစ်ကြိမ် သူမက လျိုရွှမ်းကို မြင်ခဲ့ချိန်က သူမကယဉ်ကျေးကာ အပြုအမူကောင်းသေးသည်။ သို့သော် လဝက်ခန့်သာ ကြာသေးသော်လည်း အမူအရာက အလွန်အမင်းဆိုးရွားနေပြီး စရိုက်ကပင်ပြောင်းသွားသည်။
နင်မုန့်က မနေနိုင်ဘဲ စနစ်ကို ရုတ်တရက်မေးလိုက်သည်။
"ဒီကောင်မလေးက အဆုံးသတ်တော့မယ်"
ချုံခယ့်ခယ့် က သူမကိုဆွဲသည်။
"သွားစို့"
သူမကို ချုံခယ့်ခယ့်က ဆွဲခေါ်သွားခြင်းနောက် လိုက်သွားလိုက်ပြီးနောက် စနစ်ကိုလည်း မေးလိုက်သည်။
"ဘာကို အဆုံးသတ်မှာလဲ ဘာလို့ မျက်နှာကိုဝိုင်းထားတဲ့ အဲ့ဒီအနက်ရောင်လေထုက ခန္ဓာကိုယ်တစ်ခုလုံးကို ဖြန့်ကျက်သွားတာလဲ"
စနစ်ကရှင်းပြသည်။
"အဲ့ကောင်မလေးက မထိခဲ့သင့်တဲ့ အရာတစ်ခုခုကို ထိခဲ့မိလို့ဖြစ်လိမ့်မယ်။ ဒါကြောင့် တန်ကြေးပေးရတာပဲ။ မင်းက သူမဘာကို ထိခဲ့သလဲဆိုတာကို မေးကြည့်သင့်တယ်"
သူတို့၏လက်ရှိနောက်ခံနှင့် သေချာပေါက် ဘာကိုမှမေး၍ရမည် မဟုတ်ချေ။
အတန်းသို့ပြန်ပြီးနောက် နင်မုန့် က ထိုအကြောင်းကို ဆက်တွေးမိနေသေးသည်။ သူမ၏ဘေးနားမှ ရှီချီ က သူမ၏စက္ကူရုပ်လေးကို စာအုပ်အဖုံးအဖြစ်သုံးပြီး သူမကိုတို့နေသည်။ နင်မုန့် က လျင်မြန်စွာဖြင့် ရှောင်လုရီ လေးကိုကယ်ပြီး သူ့ကိုစကြည့်လိုက်သည်။ သို့သော် သူမက မမျှော်လင့်ထားသည်မှာ ရှီချီက မျက်မှောင်ကျုံ့ပြီး အသံတိုးတိုးဖြင့် မေးလာသည်။
"မင်း မသန့်ရှင်းတဲ့ အရာတစ်ခုခုနဲ့ တွေ့ခဲ့မိသေးလား"
နင်မုန့် က ခေါင်းခါသည်။
"မတွေ့ပါဘူး"
သူမက ယခုတလော အလွန်ခပ်အေးအေး ဖြစ်နေခဲ့သည်။ သရဲတစ်ကောင်နှင့်မျှ မတွေ့ချေ။ ဒါက ကောင်းမွန်သောဘဝကို ပိုင်ဆိုင်နေသည်ဟု ဆို၍ရသည်။ ကြောက်လန့်စရာအကြောင်းလည်း မရှိချေ။
ရှီချီ ၏ နှာခေါင်းထိပ်ဖျားက အနားသို့ကပ်လာပြီး တရှုံ့ရှုံ့လုပ်သွားကာ အမူအရာက မသက်မသာဖြစ်သွားသည်။ ထိုအခြေအနေကို မြင်သောအခါ နင်မုန့် က လေသံတိုးတိုးဖြင့်မေးသည်။
"နင်မြင်လို့လား နင်တစ်ခုခုကို အနံ့ရလို့လား"
ငါ့ရဲ့နားမှာ သရဲရှိနေတာလား စနစ်ကတောင် မမြင်နိုင်ဘူးလား
ရှီချီ က ထူးမခြားနားသလို ပြောလိုက်သည်။
"ငါ သေဆုံးခြင်းအနံ့ရတယ်"
နင်မုန့် က နေရာတွင်ပင် အေးခဲသွားသည်။
သူမက ထိုသေဆုံးခြင်းအနံ့က ဘာဖြစ်ကြောင်း သိသည်။ သဘာဝအလျောက်ပင် သေခါနီးလူများ၊ သေပြီးသော လူများထံမှသာ ရနိုင်သည်။ ထိုသေဆုံးခြင်းရနံ့က သေရမည့်အချိန် နီးကပ်လာသည့်အခါ ပို၍ပြင်းထန်လာလေ့ရှိပြီး ပုပ်သိုးဆွေးမြည့်နေသော အနံ့မျိုးဖြစ်သည်။
ငါ့ပေါ်မှာ ရနေတယ်။ နင်မုန့်က အထိတ်တလန့်စနစ်ကိုမေးသည်။
"ဒီခန္ဓာကိုယ်က သေပြီးတာကြာလို့များ အခုက နွေရာသီရောက်တော့ အနံ့ဆိုးတွေ ထွက်လာတာလား"
စနစ်ကပြောသည်။
"မင်းအတွေးများနေပြီ။ ဒါက စနစ်က သေချာရွေးချယ်ပေးထားတာပဲ။ ဒီလိုကိစ္စမျိုး ဘယ်လိုဖြစ်နိုင်မှာလဲ မင်းက လျိုရွှမ်းရဲ့ အနားကို အတင်းကပ်မိသွားလို့ အနံ့အသက်စွဲလာတာ ဖြစ်လောက်တယ်"
နင်မုန့် က ထိုစကားကြားမှသာ စိတ်အေးသွားရသည်။
သူမက ရှီချီကို လျိုရွှမ်းရဲ့အကြောင်း ပြောပြလိုက်ပြီးနောက်တွင် သူမ၏မျက်နှာပေါ်ရှိ မကောင်းသော လေထုအခြေအနေအကြောင်းကိုလည်း ပြောပြလိုက်သည်။ သူမက အချိန်မီတွေ့သွားမည့် ပုံစံရကြောင်း ခံစားရလေသည်။
ရှီချီ က စားပွဲကို တဒေါက်ဒေါက်ခေါက်ပြီး နားထောင်နေသည်။
"အဲ့ဒီကောင်မလေးအနားကို မကပ်နဲ့"
နင်မုန့် က နာခံစွာဖြင့်ပြန်ဖြေသည်။
"အင်း"
ငါ့ရဲ့အကြီးဆုံးမြေးကို ဘယ်သူက ဒီလောက်ထိ အင်အားကြီးအောင် လုပ်ထားလို့လဲ။ ငါသူ့ရဲ့စကားကို နားထောင်ဖို့ပဲလိုတယ်။ သူ့ရဲ့ခြေသလုံးကို ဖက်ထားနိုင်သမျှ ကာလပတ်လုံး အန္တရာယ်ကင်းမည်။
...
ဘယ်သူကမှ မထင်ထားသည်မှာ လျိုရွှမ်း၏ မတော်တဆဖြစ်ရပ်က သူတို့၏အာရုံကို တစ်ကြိမ်ပြီးတစ်ကြိမ် ဆွဲဆောင်နေခဲ့ပြီး ထိုညနေ ပြန်လှန်လေ့ကျင့်ခန်းလုပ်သော အတန်းပြီးနောက်တွင်လည်း တဖန်စလာပြန်သည်။
ယခုတလော ချုံခယ့်ခယ့် က လျိုရွှမ်း ၏ အကြောင်းများကိုသာ နေ့စဉ်ရက်ဆက် စုံစမ်းနေသဖြင့် နင်မုန့် ကို သူမနှင့်တောက်လျှောက် တရွတ်တိုက်ဆွဲမခေါ်သွားနိုင်တော့ချေ။ ထို့အပြင် ရှီချီ ကလည်း တစ်တန်းပြီးတစ်တန်း အတန်းချိန်တွင် အချိန်ပြည့်ရှိနေလေရာ ချုံခယ့်ခယ့် အနေဖြင့် နင်မုန့် ကို ပေါ်တင်မဆွဲခေါ်သွားရဲချေ။
အထက်တန်းအစမှ အထက်တန်းတတိယနှစ်အထိ ချုံခယ့်ခယ့် က ဆရာများထက် ရှီချီကို အကြောက်ဆုံးဖြစ်သည်။
သူက သူမ၏ရှေ့တွင် ဘာမှမလုပ်ခဲ့ဖူးသော်လည်း၊ ဆိုးရွားသောအပြုအမူမျိုး မရှိခဲ့ဖူးသော်လည်း သူမ၏နှလုံးသားထဲမှပင် အလိုလိုကြောက်နေသည်။
သူမ၏မသိစိတ်ကလည်း သူ့ကိုရန်မစရန်ပြောနေသည်။
ချုံခယ့်ခယ့် ၏ မသိစိတ်က အမြဲတိကျသည်။ သူမငယ်စဉ်ကတည်းက တစ်ကြိမ်သော်မျှ အမှားမဖြစ်စေခဲ့ဘူးချေ။ သူမကိုပင် ကားတိုက်မှုမှ ကယ်တင်ခဲ့ပေးသည်။ ထို့ကြောင့် သူမက ထိုမသိစိတ်ကို အလွန်ယုံသည်။ သူမက နင်နင်ကို နှောက်ယှက်သည့်အချိန်တိုင်း သူမ၏နှလုံးသားပေါ်တွင် ခပ်ရေးရေး မကောင်းသောခံစားချက်ကိုရသည်။ သူမကသာ ဂရုမစိုက်လျှင် သတိမထားမိလောက်အောင် နည်းပါးသည်။
ထိုသို့ဖြစ်ခဲ့ဖူးသော်လည်း နောက်ဆုံးတစ်ကြိမ်တွင် သရဲပုံပြင်အကြောင်းပြောသောအချိန်က ထိုခံစားချက်က ပို၍ပီပြင်လာခဲ့ပြီး ပြင်းထန်လာခဲ့သည်။
ထို့ကြောင့် သူမက ရေချိုးခန်းအတူသွားမည်ဟု ဖုံးကွယ်ကာခေါ်သွားမှသာ ခံစားချက်ပိုကောင်းသည်။
နောက်ဆုံးပြန်လှန်လေ့ကျင့်ခန်းလုပ်သည့် အချိန်ဖြစ်သဖြင့် အဆောင်ထဲရှိလူတိုင်းနီးပါးက ပြန်သွားကြပြီဖြစ်သည်။
ချုံခယ့်ခယ့် နှင့် နင်မုန့် တို့က ပစ္စည်းများကိုသိမ်းရင်းဖြင့် နောက်ကျသွားခဲ့သည်။ သူတို့က စာသင်ခန်းထဲမှ ထွက်လိုက်သည့်အချိန်တွင် လျှောက်လမ်းပေါ်မှလာသော ငြင်းခုံသံများကို ကြားလိုက်ရသည်။ ထိုအသံထဲမှတစ်သံက လျိုရွှမ်း ၏ အသံမှန်း သူတို့က သိလိုက်ရသည်။
မျက်နှာချင်းဆိုင်မှကောင်မလေးက အလွန်ဒေါသထွက်နေသည်။
"နင်ငါ့ကို ဘာမှမပြောပြဘူး။ နင်ငါ့ကို စိုးရိမ်အောင်လုပ်တယ်။ နင်ငါ့ကို သောက်ကျိုးနဲစိတ်အေးအောင် မလုပ်နိုင်ဘူးလား လျိုရွှမ်း နင့်ရဲ့ဦးနှောက်မှာ အပေါက်ရှိနေလား"
လျိုရွှမ်း က ခေါင်းကိုငုံ့ထားပြီး ခေါင်းကိုထပ်ခါပြသည်။
တစ်ဖက်ကကောင်မလေးက အချိန်အတန်ကြာပြောနေသော်လည်း နောက်ဆုံးတွင်မူ အသံကနူးညံ့သွားပြီး မေးလိုက်သည်။
"နင်ဘာတွေဖြစ်နေလဲဆိုတာ ငါ့ကိုမပြောပြနိုင်ဘူးလား ငါတို့လေးနှစ်တောင်အတူရှိခဲ့ကြတာလေ"
ဂျူနီယာအထက်တန်းတွင် သုံးနှစ်ဖြစ်ပြီး စီနီယာတန်းတွင် တစ်နှစ်ဖြစ်သည်။
အချိန်အတန်ကြာပြီးနောက် မည်သည့်အသံမှ ထွက်မလာသည့်အခါ ကောင်မလေးက ဆက်မေးသည်။
"နင်ဒါကိုတောင် ပြောဖို့တွန့်ဆုတ်နေတုန်းပဲလား ဒါဆိုရင် ငါတို့ရဲ့ဆက်ဆံရေးကို ဒီနေရာပဲဖြတ်တောက်ရအောင်။ အခုကစပြီး ငါတို့ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးသလိုမျိုးပဲ ဆက်ဆံကြရအောင်။ နင်ငါ့ကို ထပ်ပြီးလည်းဖုံးကွယ်ထားစရာ မလိုတော့ဘူးပေါ့"
လျှောက်လမ်းတွင် မီးထွန်းထားသည်။ သို့သော် သူတို့၏အသံကမူ တိုးသထက်တိုးသွားလေသည်။
ချုံခယ့်ခယ့် က နင်မုန့် ကိုဆွဲသည်။
"ချောင်းနားထောင်တာ မကောင်းဘူးဆိုပေမဲ့လည်း အဲ့ဒီကောင်မလေးဘာဖြစ်သွားလဲ ငါတကယ်သိချင်တယ်။ သူမရဲ့အသားအရည်က တော်တော်လေးကိုဆိုးနေတာ။ နောက်ပြီး တစ်ဖက်ကကောင်မလေးက လျိုရွှမ်း ရဲ့ အတူထိုင်တဲ့ ထိုင်ခုံဖော်လေ"
နင်မုန့်က လွန်ဆွဲနေသော ခံစားချက်မျိုး ရနေပြီးနောက် သူမ၏တောက်ပသောမျက်ဝန်းများဖြင့် ခပ်တိုးတိုးပြောလိုက်သည်။
"ငါတို့... သွားနားထောင်ကြမလား"
ချုံခယ့်ကလည်း ခေါင်းညိမ့်သည်။
"ကောင်းပြီ။ ခဏလောက်ပါပဲ"
အဆောင်ထဲရှိ အတန်းအများစုက ပြီးသွားသဖြင့် မီးများမှိတ်သွားကြပြီဖြစ်ပြီး လျှောက်လမ်းမှမီးရောင်ဖျော့ဖျော့ကသာ ကျန်ရစ်တော့ကာ သူတို့၏တည်ရှိမှုကို ဖုံးကွယ်ပေးထားနိုင်သည်။
လျိုရွှမ်း ၏ အသံကထွက်လာသည်။
"ငါပြောရင် နင်ယုံမှာလား"
သူမ၏အတန်းဖော်က အေးစက်သောမျက်နှာထားဖြင့် ပြန်မေးသည်။
"နင်ငါ့ကိုမပြောသေးဘဲ ငါယုံမယုံနင်ဘယ်လိုလုပ်သိမှာလဲ"
သို့ရာတွင် ထိုမှတခဏတွင် လျိုရွှမ်း ၏ စကားကြောင့် သူမကကြောင်သွားပြီး အချိန်အတန်ကြာသည်အထိ မတုံ့ပြန်နိုင်တော့ချေ။ သူမက မယုံကြည်နိုင်သလိုဖြစ်သွားသည်။
လျိုရွှမ်း က ပြောသည်။
"ငါငါ့ရဲ့မျက်နှာပေါ်မှာ သရဲမျက်နှာဖုံးကို မြင်ရတယ်။ ဒါက ငါရဲ့မျက်နှာတစ်ခုလုံးကို ကာနေပြီး ဖယ်ရှားလို့လည်း မရဘူး။ အဲ့ဒါတင်မကပဲ မျက်နှာဖုံးပေါ်က သင်္ကေတတွေက အသက်ဝင်လာသလို တဖြည်းဖြည်း ပြောင်းနိုင်နေတယ်"
ချောင်းနားထောင်သောနှစ်ယောက်လုံးက ဆံပင်မွှေးထောင်သွားကြသည်။
ဒါက လျိုရွှမ်း အဲ့ဒီ့နေ့က သူတို့ကိုမေးခဲ့တော့ သူမမျှော်လင့်ထားတဲ့အဖြေလား
လျိုရွှမ်း က ဆက်ပြောပြသည်။
"ငါလွန်ခဲ့တဲ့တစ်လက စမြင်ရတာ။ အဲ့ဒီ့အချိန် ငါထင်ယောင်ထင်မှား ဖြစ်တယ်လို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ လွန်ခဲ့တဲ့လဝက်လောက်ကအထိ ငါမှန်ကိုကြည့်တိုင်း အချိန်တိုင်းမြင်နေရတယ်။ ငါ ငါ့ရဲ့မျက်နှာကိုတောင် မမြင်နိုင်တော့ဘူး"
သူမ၏နောက်ဆုံးစကားက အသံတိုးသွားပြီး အော်သံကပါလာသည်။
နင်မုန့် ၏ ကျောများက စိမ့်တက်သွားသလို ခံစားလိုက်ရသည်။ သူမက မှန်တွင်သူမ၏ကိုယ်ပိုင်မျက်နှာကို မမြင်ရပဲ ထူးဆန်းသော သရဲမျက်နှာကိုသာ အချိန်တိုင်းမြင်နိုင်နေပြီဆိုလျှင် သာမန်လူတစ်ယောက်ဆိုရင် ရူးသွားနိုင်သည်။
ချုံခယ့် က သူမ၏လက်မောင်းကို ဆိတ်သည်။
"နင်နင် ငါတို့မကြားသင့်တာကို ကြားလိုက်မိပြီထင်တယ်။ ငါတို့နှုတ်ပိတ်ခံရတော့မှာလား"
အဆောင်ထဲမှ မီးတိုင်းကပိတ်သွားပြီး သူတို့ဘက်အခြမ်းက ပိုမှောင်သွားသဖြင့် နှစ်ယောက်လုံး၏ ရေချိုးခန်းထဲမှအရိပ်က မှန်တွင်ထင်ဟပ်နေကာ ဝေဝါးလာသည်။
"နင်မယုံဘူးမဟုတ်လား"
လျိုရွှမ်း က မေးသည်။
အခြားလူများက သူမကို မယုံကြည်နိုင်ကြောင်း သူမကသိထားပြီးသားဖြစ်သည်။ သူမကိုယ်တိုင်သာအတွေ့အကြုံမရှိလျှင် သူမကလည်း အခြားလူများကလာပြောလျှင် ယုံလိမ့်မည်မဟုတ်ပေ။
သူမ၏အတန်းဖော်က အတွေးယာဉ်ကြောက နိုးထလာသလိုမျိုး အံ့အားတကြီးပြောလာသည်။
"ငါမယုံတာမဟုတ်ဘူး။ နင်ပြောတာက ကြောက်စရာကောင်းလွန်းလို့ ငါတခဏလောက်ကြောင်သွားတာပါ။ နင် နင့်ရဲ့မျက်နှာပေါ်မှာ မျက်နှာဖုံးတစ်ခုရှိနေတာလား"
လျိုရွှမ်း ၏ စကားက ကျောချမ်းစရာကောင်းလွန်းသဖြင့် သူမကကြောက်သွားသည်။ ဒါကသရဲပုံပြင်ကို နားထောင်နေရသလိုမျိုး သူမအသံကျယ်ကျယ်ပင် မပြောရဲတော့ချေ။ သူမ၏အတန်းဖော်က တံတွေးမြိုချပြီးမေးသည်။
"နင်ပြောတဲ့မျက်နှာဖုံးက ဘာနဲ့တူလဲ ငါတို့အရင်ကမြင်ဖူးလား"
လျိုရွှမ်း ၏စိတ်က ပြန်ငြိမ်သွားသည်။
"ငါအရင်က မမြင်ဖူးဘူး။ ဒါက ငါတို့မြင်ခဲ့ဖူးတဲ့ မျက်နှာဖုံးတွေနဲ့လည်းမတူဘူး။ အရောင်ကအနက်ရောင်၊ သင်္ကေတကတော့ နေ့တိုင်းပြောင်းနေတာ"
နေ့တိုင်းလိုလို သူမကမှန်ကိုကြည့်သမျှကာလပတ်လုံး ကွာခြားမှုကို သတိထားမိမည်ဖြစ်သည်။ သင်္ကေတ၏အရေအတွက်က တိုးသထက်တိုးလာပြီး ကြောင်တောင်တောင်ပို၍နိုင်လာသည်။ သူမ၏မျက်လုံးများကပင် ပြူးထွက်တော့မလို ခံစားရသည်။
သူမ၏မျက်လုံးကိုပင် နှိုက်ထုတ်ချင်စိတ်ပေါက်ခဲ့ရသည်။ သို့သော် သူမက ပြန်ထိန်းထားနိုင်ခဲ့သည်။
အချိန်တစ်ခုကြာပြီးနောက် ထိုလျှောက်လမ်းတစ်ခုလုံးက တိတ်ဆိတ်သွားသည်။
နင်မုန့် က ဒီနေရာမှ ထွက်သွားချင်နေပြီဖြစ်သည်။ သူမက အနားရှိလူကိုပြောလိုက်သည်။
"ခယ်ခယ် နားမထောင်တော့ဘဲ နေရအောင်။ ငါတို့ဆက်ပြီးနားထောင်နေရင် ငါတို့ပြန်တဲ့အခါ ညအမှောင်မှာ လမ်းလျှောက်ရမှာ"
ချုံခယ့်ခယ့်က တည်ငြိမ်စွာဖြင့် ခေါင်းလှည့်ကြည့်လိုက်သည်။
"ကောင်းပြီ။ နားမထောင်တော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အမှန်တရားကို သိရပြီးပြီပဲ။ ဒီလိုဖြစ်နေမယ်လို့ ငါမထင်ထားမိဘူး။ သူမက အမှန်တရားကိုပြောနေလား လိမ်နေလား ဆိုတာဘယ်သူသိနိုင်မှာလဲ"
သို့ရာတွင် ထိုကိစ္စက အမှန်တရားဖြစ်နေမည်ဟု သူတို့က မမျှော်လင့်ထားလောက်ချေ။
သူမက ကြောက်နေသော်လည်း တစ်ချိန်ထဲတွင်ပဲ သိချင်စိတ်ကပြင်းပြနေသည်။
ထိုမျက်နှာဖုံးက မည်သည့်ပုံသဏ္ဍာန်နှင့်တူကြောင်း၊ မည်သည့်အတွက်ကြောင့် လျိုရွှမ်း ၏မျက်နှာပေါ်ရောက်နေကြောင်း သိချင်သေးသည်။
လျိုရွှမ်း က လိမ်သည်လည်း ဖြစ်နိုင်သည်။ သို့သော် သူမအတွက် မည်သည့်အတွက်မှ အကျိုးအမြတ်မရှိလေရာ သူမက အလိမ်အညာစကားကို ပြောရန်မလိုလောက်ချေ။ ထို့ကြောင့် အချက်အလက်များစွာက ပုံမှန်မဟုတ်ကြောင်း ပြသနေသည်။
နင်မုန့် နှင့် ချုံခယ့်ခယ့် တို့က လှည့်လိုက်သောအခါ သူတို့၏အနောက်တွင် လူတစ်ယောက်ရှိနေကြောင်း သိလိုက်ပြီး အသားကုန်အော်လိုက်ကြသည်။
"အား..."
ရှီချီကလည်း ကူကယ်ရာမဲ့စွာဖြင့်ပြောသည်။
"ဘာတွေအော်နေတာလဲ"
နင်မုန့်က ပါးစပ်ကိုအုပ်ပြီးနောက် ချောင်းနှစ်ကြိမ်ခန့်ဟမ့်ကာ ချုံခယ့်ခယ့် ကို တံတောင်ဖြင့်တွတ်လျက်မေးသည်။
"နင်ကဘာလို့ ငါတို့ရဲ့နောက်မှာ ရုတ်တရက်ပေါ်လာတာလဲ"
ကြောက်လွန်းလို့ သေတော့မလို့။ သူကရပ်နေတာ အနက်ရောင်အရိပ်တစ်ခုလိုပဲ။
ရှီချီ ၏အကြည့်က နင်မုန့် ထံရောက်သွားသည်။
"အဲ့ဒီ မိန်းကလေးအနားကို မကပ်နဲ့လို့ ငါမပြောထားဘူးလား"
သူ၏အကြည့်က အတန်းဖော်နှင့်အတူ သူတို့ထံလျှောက်လာသော လျိုရွှမ်း ထံရောက်သွားသည်။ သူ၏ကျောက်စိမ်းကဲ့သို့ တောက်ပလွန်းသော မျက်နှာက ထူးဆန်းသောအကြည့်ကို ပြောင်းသွားသည်။
ရှီချီက အကြည့်ကို ရုတ်ပြီးနောက် လေသံကပြောင်းသွားသည်။
"မင်းရဲ့ခန္ဓာကိုယ်အတွက် မကောင်းဘူး"
ငါ့ကို ကြောက်လွန်းလို့အော်တယ်တဲ့ ဘယ်တောင်တောင်မုန်းဖို့ကောင်းလိုက်သလဲ။
ရှီချီ ရဲ့လျှို့ဝှက်ဒိုင်ယာရီ
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။
Zawgyi
အပိုင္း(၄၅) သူမရဲ႕မ်က္ႏွာေပၚကမ်က္ႏွာဖုံး။
အထက္တန္းေက်ာင္း ဒုတိယႏွစ္ႏွင့္ တတိယႏွစ္တြင္ လူအမ်ားက အတန္းၿပီးသည္ႏွင့္ ေက်ာင္းအျပင္သို႔သာ တိုက္႐ိုက္ထြက္ကာ မုန႔္ဝယ္ေလ့ရွိသည္။
"လ်ိဳ႐ႊမ္း နင္ မေန႔က စီနီယာအစ္မေတြကို ရန္စမိခဲ့ေသးလား"
သူမ၏ တစ္တန္းထဲထိုင္သည့္ အတန္းေဖာ္က ႐ုတ္တရက္ထေမးလိုက္သည္။
လ်ိဳ႐ႊမ္းက ေၾကာင္သြားၿပီးေနာက္ ျပန္ေျဖသည္။
"မစပါဘူး။ ငါတတိယႏွစ္က ဘယ္သူနဲ႔မွမသိဘူး"
ဂ်ဴရီယာႏွစ္ႏွင့္ ဒုတိယႏွစ္က ေလွ်ာက္လမ္းမ်ားႏွင့္ သာမန္အသုံးျပဳေသာေနရာမ်ားကို ေဝမွ်၍ အသုံးျပဳေသာ္လည္း သူတို႔ၾကားတြင္ မည္သည့္ဆက္ႏြယ္မႈမွ မရွိေခ်။ သူတို႔က ကိုယ့္အေဆာက္ဦးသို႔သာ တိုက္႐ိုက္သြားေလ့ရွိၾကေလသည္။
သူမ၏အတူထိုင္ေဖာ္ေက်ာင္းသူက ပေဟဠိျဖစ္သလိုေျပာလာသည္။
"ဒါဆို ဘာလို႔ မေန႔ကနဲ႔ဒီေန႔မွာ လူတစ္ေယာက္ကလာၿပီး နင့္ရဲ႕အေၾကာင္းကို စုံစမ္းတာလဲ ေျပာရရင္ နင္မေန႔မွ ဘာျဖစ္ခဲ့တာလဲ နင္ငါ့ကိုေတာင္ မေျပာျပဘူး။ ဆရာမကေတာင္ နင္ဘာျဖစ္ေနတာလဲလို႔ ငါ့ကိုလာေမးေသးတယ္"
လ်ိဳ႐ႊမ္း က ခါးသီးေသာမ်က္ႏွာထားျဖင့္ ေတာင္းပန္သည္။
"ငါေတာင္းပန္ပါတယ္"
သူမအတန္းေဖာ္က ေဒါသအနည္းငယ္ထြက္သြားသည္။ သူမကေတာင္းပန္မႈကို လိုခ်င္ျခင္းမဟုတ္ေခ်။
"ငါတို႔အတူထိုင္ေနတာ ဘယ္ေလာက္ၾကာၿပီလဲ နင္ငါ့ဆီက ဖုံးကြယ္ထားေနေသးတာလား ငါနင္ေတာင္းပန္တာကို မၾကားခ်င္ဘူး။"
သူမက ဘာမွလုပ္စရာမရွိလွ်င္ မွန္သာၾကည့္ေနတတ္သည္။ ထို႔ေၾကာင့္ ေက်ာင္းသို႔ လက္တဝါးစာရွိေသာ မွန္အဝိုင္းကို ယူေဆာင္လာေလ့ရွိသည္။ သူမ မေန႔ညက စာေလ့လာေနခ်ိန္က လ်ိဳ႐ႊမ္း က ဘာျဖစ္သည္မသိ ႐ုတ္တရက္မွန္မွ သူမ၏ပုံရိပ္ကိုၾကည့္ၿပီး ထေအာ္ေလသည္။ ထိုသို႔ျဖင့္ မွန္ကအသိမ္းခံရၿပီး ျပန္လည္သုံးသပ္မႈ စာစီစာကုံးကို ေရးရေတာ့မည္ျဖစ္သည္။
ဒါကျပႆနာမရွိေသးေခ်။ အဓိကျပႆနာက လွ်ိဳ႐ႊမ္း က ထိုအခ်ိန္က ျဖစ္ေနေသာမ်က္ႏွာထားက သူမကိုအံ့ဩေစျခင္းျဖစ္သည္။ ဒါကပုံမွန္မဟုတ္ေခ်။ သူမက သရဲတစ္ေကာင္ကို ျမင္ရသလိုမ်ိဳး ျဖစ္ေနျခင္းျဖစ္သည္။
တကယ္ပဲ ဒီေလာက္ထိေၾကာက္သြားရေလာက္ေအာင္ မွန္ထဲမွာ ဘာကိုျမင္လိုက္ရလို႔လဲ
မွန္ထဲကလူက ကိုယ့္႐ုပ္ကိုျပန္ျမင္ရတာပဲ။ ဘာကိုေၾကာက္စရာေကာင္းေနမွာလဲ
လ်ိဳ႐ႊမ္း က မေျဖေခ်။ ေခါင္းကိုသာငုံ႔ထားသည္။
သူမရဲ႕အတန္းေဖာ္ကသာ သူမ၏ထိုသို႔ အ ေနသလိုမ်ိဳး ဟန္ေဆာင္ေနေၾကာင္းကို ျမင္ေသာအခါ ႏွလုံးသားထဲမွမီးေတာက္က ပို၍ႀကီးမားလာၿပီး ေခါင္းကိုလွည့္ကာ သူမကို ဆက္စကားမေျပာေတာ့ေခ်။ သူမက အလြန္ေဒါသထြက္သြားသည္။
လ်ိဳ႐ႊမ္း ကလည္း လႈပ္ရွားမႈကိုၾကားေသာအခါ သူမ၏ႏွလုံးသားက စိတ္ေအးသြားသလို ခံစားလိုက္ရသည္။ သူမကလည္း ေျပာျပခ်င္သည္။ သို႔ေသာ္ သူမကသာ ထိုထူးျခားၿပီး ကြဲျပားေသာအရာကို ျမင္ေနရသူျဖစ္သည္။
ငါကေျပာျပရင္ေတာင္ ငါ့ကိုယုံၾကည္ၾကမွာလား ေသခ်ာေပါက္ သံသယဝင္ၾကမွာပဲ။
လြန္ခဲ့ေသာႏွစ္ရက္အတြင္း သူမက ဘုရားေက်ာင္းမ်ားစြာသို႔ သြားေရာက္ကာ ဆုေတာင္းဝတ္ျပဳခဲ့သည္။ သို႔ေသာ္ မည္သည့္အသုံးဝင္မႈက မရွိလာခဲ့ေခ်။ သူမကို အျပင္ထြက္ေဆာ့ကစားရန္ ဖိတ္ေခၚခဲ့ေသာ ထိုသူငယ္ခ်င္းမ်ားကိုပင္ က်ိန္ဆဲမိသြားသည္။
ယခု သူမက ဒီလိုဆိုး႐ြားေသာ အေျခအေနမ်ိဳးတြင္ ပိတ္မိေနေသာ္လည္း အျခားသူမ်ားက မျမင္ႏိုင္သလို သက္ေရာက္ခံရျခင္းလည္း မရွိေနခဲ့ေခ်။
သူမ၏မွန္ထဲမွ မ်က္ႏွာအေၾကာင္း ေတြးမိေသာ္ သူမ၏အေတြးမ်ားက ေအးစက္သြားသလို ခံစားလိုက္ရသည္။
မေတာ္တဆမႈျဖစ္ၿပီး လဝက္ခန႔္ၾကာၿပီးေနာက္ နင္မုန႔္ က လ်ိဳ႐ႊမ္း ကို ထပ္ေတြ႕ရသည္။
သူမဘက္မွၾကည့္လွ်င္ သူမ၏မ်က္ႏွာရွိ အမဲစက္မ်ားျပည့္ေနေသာေၾကာင့္ ျဖစ္ေနသည္။ ထိုအနက္ေရာင္ေလထုက သိပ္သည္းလြန္းၿပီး မ်က္ႏွာ႐ုပ္သြင္ အားလုံးကို ဖုံးကြယ္လုမတတ္ ျဖစ္ေနသည္။ သူမ၏မ်က္ႏွာကိုပင္ ထင္ထင္ရွားရွား မျမင္ႏိုင္ေတာ့ေခ်။
ခ်ဳံခယ့္ခယ့္ က မ်က္ေမွာင္က်ဳံ႕သည္။
"ဘာလို႔ ဒီေကာင္မေလးက အသက္မဲ့သလိုျဖစ္ေနတာလဲ သူမၾကည့္ရတာ အရမ္းေၾကာက္ေနသလိုပဲ။ ငါ့ရဲ႕မသိစိတ္အရ သူမရဲ႕အနားကိုမကပ္နဲ႔လို႔ ေျပာေနသလိုပဲ"
ထိုမသိစိတ္အရ သူမထိုမိန္းကေလး၏အနားသို႔ မကပ္ျခင္းက အေကာင္းဆုံးျဖစ္ႏိုင္သည္။
နင္မုန႔္က ထိုစကားေၾကာင့္ ဆြံ႕အသြားသည္။ သူမ အခ်ိန္အေတာ္တန္ၾကာသည္အထိ ဘာစကားမွ မေျပာႏိုင္ေတာ့ေခ်။
ထိုေကာင္မေလးက လက္ေဆးၿပီးေနာက္ မွန္ကို အခ်ိန္အၾကာႀကီး စိုက္ၾကည့္ေနသည္။ ယခင္တစ္ေခါက္ကကဲ့သို႔ မေအာ္ေတာ့ေခ်။ သူမက က်င့္သားရေနသလိုမ်ိဳး ဒီတစ္ႀကိမ္တြင္ ဘာကိုမွမျမင္ေတာ့သလိုမ်ိဳး ျဖစ္သြားသည္။
သို႔ရာတြင္ သူမကေနာက္ျပန္လွည့္ၿပီး သူတို႔ႏွစ္ေယာက္ကိုျမင္ေသာအခါ ေၾကာင္သြားသည္။
နင္မုန႔္က မေနႏိုင္ဘဲ ေရွ႕တက္ကာ အသံတိုးတိုးျဖင့္ေမးလိုက္သည္။
"အတန္းေဖာ္ နင္ေနာက္ဆုံးတစ္ႀကိမ္ ငါတို႔ကိုေတြ႕တုန္းက နင့္ရဲ႕မ်က္ႏွာက...."
လ်ိဳ႐ႊမ္းက စကားကိုျဖတ္ေျပာသည္။
"နင္ျမင္ႏိုင္တာလား နင္တစ္ခုခု မျမင္ႏိုင္ဘူးဆိုရင္ ကိုယ့္ကိစၥကိုပဲ ဂ႐ုစိုက္။ နင္ျမင္ႏိုင္ေတာ့မွ ငါ့ကိုလာေျပာ"
ထိုသို႔ေျပာၿပီးေနာက္ သူမက ေနာက္လွည့္ကာ ထြက္သြားသည္။
ခ်ဳံခယ့္ခယ့္ က သူမကို လွမ္းဆြဲၿပီး အံ့အားတႀကီးေမးလိုက္သည္။
"ေသာက္က်ိဳးနဲ ငါတို႔က ၾကင္ၾကင္နာနာနဲ႔ ေမးျမန္းတာကို ငါတို႔ကိုဒီလိုဆက္ဆံစရာလား နင္နင္ ဒီေကာင္မေလးကို ေမ့လိုက္ေတာ့။ ဒီအတိုင္း အဲ့ဒီေကာင္မေလးက အဆင့္လည္းမေကာင္းသလို မိသားစုမွာလည္း ျပႆနာေတြရွိေနတာ"
သူမက ထိုသို႔ေသာလူမ်ိဳးေတြႏွင့္ ယခင္ကလည္း ဆုံဖူးသည္။ သို႔ေသာ္ ထိုမွ်အထိ ႀကီးက်ယ္ေသာ အမူအရာမ်ိဳးကိုမူ မႀကဳံဖူးေသးေခ်။
ေနာက္ဆုံးတစ္ႀကိမ္ သူမက လ်ိဳ႐ႊမ္းကို ျမင္ခဲ့ခ်ိန္က သူမကယဥ္ေက်းကာ အျပဳအမူေကာင္းေသးသည္။ သို႔ေသာ္ လဝက္ခန႔္သာ ၾကာေသးေသာ္လည္း အမူအရာက အလြန္အမင္းဆိုး႐ြားေနၿပီး စ႐ိုက္ကပင္ေျပာင္းသြားသည္။
နင္မုန႔္က မေနႏိုင္ဘဲ စနစ္ကို ႐ုတ္တရက္ေမးလိုက္သည္။
"ဒီေကာင္မေလးက အဆုံးသတ္ေတာ့မယ္"
ခ်ဳံခယ့္ခယ့္ က သူမကိုဆြဲသည္။
"သြားစို႔"
သူမကို ခ်ဳံခယ့္ခယ့္က ဆြဲေခၚသြားျခင္းေနာက္ လိုက္သြားလိုက္ၿပီးေနာက္ စနစ္ကိုလည္း ေမးလိုက္သည္။
"ဘာကို အဆုံးသတ္မွာလဲ ဘာလို႔ မ်က္ႏွာကိုဝိုင္းထားတဲ့ အဲ့ဒီအနက္ေရာင္ေလထုက ခႏၶာကိုယ္တစ္ခုလုံးကို ျဖန႔္က်က္သြားတာလဲ"
စနစ္ကရွင္းျပသည္။
"အဲ့ေကာင္မေလးက မထိခဲ့သင့္တဲ့ အရာတစ္ခုခုကို ထိခဲ့မိလို႔ျဖစ္လိမ့္မယ္။ ဒါေၾကာင့္ တန္ေၾကးေပးရတာပဲ။ မင္းက သူမဘာကို ထိခဲ့သလဲဆိုတာကို ေမးၾကည့္သင့္တယ္"
သူတို႔၏လက္ရွိေနာက္ခံႏွင့္ ေသခ်ာေပါက္ ဘာကိုမွေမး၍ရမည္ မဟုတ္ေခ်။
အတန္းသို႔ျပန္ၿပီးေနာက္ နင္မုန႔္ က ထိုအေၾကာင္းကို ဆက္ေတြးမိေနေသးသည္။ သူမ၏ေဘးနားမွ ရွီခ်ီ က သူမ၏စကၠဴ႐ုပ္ေလးကို စာအုပ္အဖုံးအျဖစ္သုံးၿပီး သူမကိုတို႔ေနသည္။ နင္မုန႔္ က လ်င္ျမန္စြာျဖင့္ ေရွာင္လုရီ ေလးကိုကယ္ၿပီး သူ႔ကိုစၾကည့္လိုက္သည္။ သို႔ေသာ္ သူမက မေမွ်ာ္လင့္ထားသည္မွာ ရွီခ်ီက မ်က္ေမွာင္က်ဳံ႕ၿပီး အသံတိုးတိုးျဖင့္ ေမးလာသည္။
"မင္း မသန႔္ရွင္းတဲ့ အရာတစ္ခုခုနဲ႔ ေတြ႕ခဲ့မိေသးလား"
နင္မုန႔္ က ေခါင္းခါသည္။
"မေတြ႕ပါဘူး"
သူမက ယခုတေလာ အလြန္ခပ္ေအးေအး ျဖစ္ေနခဲ့သည္။ သရဲတစ္ေကာင္ႏွင့္မွ် မေတြ႕ေခ်။ ဒါက ေကာင္းမြန္ေသာဘဝကို ပိုင္ဆိုင္ေနသည္ဟု ဆို၍ရသည္။ ေၾကာက္လန႔္စရာအေၾကာင္းလည္း မရွိေခ်။
ရွီခ်ီ ၏ ႏွာေခါင္းထိပ္ဖ်ားက အနားသို႔ကပ္လာၿပီး တရႈံ႕ရႈံ႕လုပ္သြားကာ အမူအရာက မသက္မသာျဖစ္သြားသည္။ ထိုအေျခအေနကို ျမင္ေသာအခါ နင္မုန႔္ က ေလသံတိုးတိုးျဖင့္ေမးသည္။
"နင္ျမင္လို႔လား နင္တစ္ခုခုကို အနံ႔ရလို႔လား"
ငါ့ရဲ႕နားမွာ သရဲရွိေနတာလား စနစ္ကေတာင္ မျမင္ႏိုင္ဘူးလား
ရွီခ်ီ က ထူးမျခားနားသလို ေျပာလိုက္သည္။
"ငါ ေသဆုံးျခင္းအနံ႔ရတယ္"
နင္မုန႔္ က ေနရာတြင္ပင္ ေအးခဲသြားသည္။
သူမက ထိုေသဆုံးျခင္းအနံ႔က ဘာျဖစ္ေၾကာင္း သိသည္။ သဘာဝအေလ်ာက္ပင္ ေသခါနီးလူမ်ား၊ ေသၿပီးေသာ လူမ်ားထံမွသာ ရႏိုင္သည္။ ထိုေသဆုံးျခင္းရနံ႔က ေသရမည့္အခ်ိန္ နီးကပ္လာသည့္အခါ ပို၍ျပင္းထန္လာေလ့ရွိၿပီး ပုပ္သိုးေဆြးျမည့္ေနေသာ အနံ႔မ်ိဳးျဖစ္သည္။
ငါ့ေပၚမွာ ရေနတယ္။ နင္မုန႔္က အထိတ္တလန႔္စနစ္ကိုေမးသည္။
"ဒီခႏၶာကိုယ္က ေသၿပီးတာၾကာလို႔မ်ား အခုက ေႏြရာသီေရာက္ေတာ့ အနံ႔ဆိုးေတြ ထြက္လာတာလား"
စနစ္ကေျပာသည္။
"မင္းအေတြးမ်ားေနၿပီ။ ဒါက စနစ္က ေသခ်ာေ႐ြးခ်ယ္ေပးထားတာပဲ။ ဒီလိုကိစၥမ်ိဳး ဘယ္လိုျဖစ္ႏိုင္မွာလဲ မင္းက လ်ိဳ႐ႊမ္းရဲ႕ အနားကို အတင္းကပ္မိသြားလို႔ အနံ႔အသက္စြဲလာတာ ျဖစ္ေလာက္တယ္"
နင္မုန႔္ က ထိုစကားၾကားမွသာ စိတ္ေအးသြားရသည္။
သူမက ရွီခ်ီကို လ်ိဳ႐ႊမ္းရဲ႕အေၾကာင္း ေျပာျပလိုက္ၿပီးေနာက္တြင္ သူမ၏မ်က္ႏွာေပၚရွိ မေကာင္းေသာ ေလထုအေျခအေနအေၾကာင္းကိုလည္း ေျပာျပလိုက္သည္။ သူမက အခ်ိန္မီေတြ႕သြားမည့္ ပုံစံရေၾကာင္း ခံစားရေလသည္။
ရွီခ်ီ က စားပြဲကို တေဒါက္ေဒါက္ေခါက္ၿပီး နားေထာင္ေနသည္။
"အဲ့ဒီေကာင္မေလးအနားကို မကပ္နဲ႔"
နင္မုန႔္ က နာခံစြာျဖင့္ျပန္ေျဖသည္။
"အင္း"
ငါ့ရဲ႕အႀကီးဆုံးေျမးကို ဘယ္သူက ဒီေလာက္ထိ အင္အားႀကီးေအာင္ လုပ္ထားလို႔လဲ။ ငါသူ႔ရဲ႕စကားကို နားေထာင္ဖို႔ပဲလိုတယ္။ သူ႔ရဲ႕ေျခသလုံးကို ဖက္ထားႏိုင္သမွ် ကာလပတ္လုံး အႏၲရာယ္ကင္းမည္။
...
ဘယ္သူကမွ မထင္ထားသည္မွာ လ်ိဳ႐ႊမ္း၏ မေတာ္တဆျဖစ္ရပ္က သူတို႔၏အာ႐ုံကို တစ္ႀကိမ္ၿပီးတစ္ႀကိမ္ ဆြဲေဆာင္ေနခဲ့ၿပီး ထိုညေန ျပန္လွန္ေလ့က်င့္ခန္းလုပ္ေသာ အတန္းၿပီးေနာက္တြင္လည္း တဖန္စလာျပန္သည္။
ယခုတေလာ ခ်ဳံခယ့္ခယ့္ က လ်ိဳ႐ႊမ္း ၏ အေၾကာင္းမ်ားကိုသာ ေန႔စဥ္ရက္ဆက္ စုံစမ္းေနသျဖင့္ နင္မုန႔္ ကို သူမႏွင့္ေတာက္ေလွ်ာက္ တ႐ြတ္တိုက္ဆြဲမေခၚသြားႏိုင္ေတာ့ေခ်။ ထို႔အျပင္ ရွီခ်ီ ကလည္း တစ္တန္းၿပီးတစ္တန္း အတန္းခ်ိန္တြင္ အခ်ိန္ျပည့္ရွိေနေလရာ ခ်ဳံခယ့္ခယ့္ အေနျဖင့္ နင္မုန႔္ ကို ေပၚတင္မဆြဲေခၚသြားရဲေခ်။
အထက္တန္းအစမွ အထက္တန္းတတိယႏွစ္အထိ ခ်ဳံခယ့္ခယ့္ က ဆရာမ်ားထက္ ရွီခ်ီကို အေၾကာက္ဆုံးျဖစ္သည္။
သူက သူမ၏ေရွ႕တြင္ ဘာမွမလုပ္ခဲ့ဖူးေသာ္လည္း၊ ဆိုး႐ြားေသာအျပဳအမူမ်ိဳး မရွိခဲ့ဖူးေသာ္လည္း သူမ၏ႏွလုံးသားထဲမွပင္ အလိုလိုေၾကာက္ေနသည္။
သူမ၏မသိစိတ္ကလည္း သူ႔ကိုရန္မစရန္ေျပာေနသည္။
ခ်ဳံခယ့္ခယ့္ ၏ မသိစိတ္က အၿမဲတိက်သည္။ သူမငယ္စဥ္ကတည္းက တစ္ႀကိမ္ေသာ္မွ် အမွားမျဖစ္ေစခဲ့ဘူးေခ်။ သူမကိုပင္ ကားတိုက္မႈမွ ကယ္တင္ခဲ့ေပးသည္။ ထို႔ေၾကာင့္ သူမက ထိုမသိစိတ္ကို အလြန္ယုံသည္။ သူမက နင္နင္ကို ေႏွာက္ယွက္သည့္အခ်ိန္တိုင္း သူမ၏ႏွလုံးသားေပၚတြင္ ခပ္ေရးေရး မေကာင္းေသာခံစားခ်က္ကိုရသည္။ သူမကသာ ဂ႐ုမစိုက္လွ်င္ သတိမထားမိေလာက္ေအာင္ နည္းပါးသည္။
ထိုသို႔ျဖစ္ခဲ့ဖူးေသာ္လည္း ေနာက္ဆုံးတစ္ႀကိမ္တြင္ သရဲပုံျပင္အေၾကာင္းေျပာေသာအခ်ိန္က ထိုခံစားခ်က္က ပို၍ပီျပင္လာခဲ့ၿပီး ျပင္းထန္လာခဲ့သည္။
ထို႔ေၾကာင့္ သူမက ေရခ်ိဳးခန္းအတူသြားမည္ဟု ဖုံးကြယ္ကာေခၚသြားမွသာ ခံစားခ်က္ပိုေကာင္းသည္။
ေနာက္ဆုံးျပန္လွန္ေလ့က်င့္ခန္းလုပ္သည့္ အခ်ိန္ျဖစ္သျဖင့္ အေဆာင္ထဲရွိလူတိုင္းနီးပါးက ျပန္သြားၾကၿပီျဖစ္သည္။
ခ်ဳံခယ့္ခယ့္ ႏွင့္ နင္မုန႔္ တို႔က ပစၥည္းမ်ားကိုသိမ္းရင္းျဖင့္ ေနာက္က်သြားခဲ့သည္။ သူတို႔က စာသင္ခန္းထဲမွ ထြက္လိုက္သည့္အခ်ိန္တြင္ ေလွ်ာက္လမ္းေပၚမွလာေသာ ျငင္းခုံသံမ်ားကို ၾကားလိုက္ရသည္။ ထိုအသံထဲမွတစ္သံက လ်ိဳ႐ႊမ္း ၏ အသံမွန္း သူတို႔က သိလိုက္ရသည္။
မ်က္ႏွာခ်င္းဆိုင္မွေကာင္မေလးက အလြန္ေဒါသထြက္ေနသည္။
"နင္ငါ့ကို ဘာမွမေျပာျပဘူး။ နင္ငါ့ကို စိုးရိမ္ေအာင္လုပ္တယ္။ နင္ငါ့ကို ေသာက္က်ိဳးနဲစိတ္ေအးေအာင္ မလုပ္ႏိုင္ဘူးလား လ်ိဳ႐ႊမ္း နင့္ရဲ႕ဦးေႏွာက္မွာ အေပါက္ရွိေနလား"
လ်ိဳ႐ႊမ္း က ေခါင္းကိုငုံ႔ထားၿပီး ေခါင္းကိုထပ္ခါျပသည္။
တစ္ဖက္ကေကာင္မေလးက အခ်ိန္အတန္ၾကာေျပာေနေသာ္လည္း ေနာက္ဆုံးတြင္မူ အသံကႏူးညံ့သြားၿပီး ေမးလိုက္သည္။
"နင္ဘာေတြျဖစ္ေနလဲဆိုတာ ငါ့ကိုမေျပာျပႏိုင္ဘူးလား ငါတို႔ေလးႏွစ္ေတာင္အတူရွိခဲ့ၾကတာေလ"
ဂ်ဴနီယာအထက္တန္းတြင္ သုံးႏွစ္ျဖစ္ၿပီး စီနီယာတန္းတြင္ တစ္ႏွစ္ျဖစ္သည္။
အခ်ိန္အတန္ၾကာၿပီးေနာက္ မည္သည့္အသံမွ ထြက္မလာသည့္အခါ ေကာင္မေလးက ဆက္ေမးသည္။
"နင္ဒါကိုေတာင္ ေျပာဖို႔တြန႔္ဆုတ္ေနတုန္းပဲလား ဒါဆိုရင္ ငါတို႔ရဲ႕ဆက္ဆံေရးကို ဒီေနရာပဲျဖတ္ေတာက္ရေအာင္။ အခုကစၿပီး ငါတို႔ဘယ္တုန္းကမွ မေတြ႕ခဲ့ဖူးသလိုမ်ိဳးပဲ ဆက္ဆံၾကရေအာင္။ နင္ငါ့ကို ထပ္ၿပီးလည္းဖုံးကြယ္ထားစရာ မလိုေတာ့ဘူးေပါ့"
ေလွ်ာက္လမ္းတြင္ မီးထြန္းထားသည္။ သို႔ေသာ္ သူတို႔၏အသံကမူ တိုးသထက္တိုးသြားေလသည္။
ခ်ဳံခယ့္ခယ့္ က နင္မုန႔္ ကိုဆြဲသည္။
"ေခ်ာင္းနားေထာင္တာ မေကာင္းဘူးဆိုေပမဲ့လည္း အဲ့ဒီေကာင္မေလးဘာျဖစ္သြားလဲ ငါတကယ္သိခ်င္တယ္။ သူမရဲ႕အသားအရည္က ေတာ္ေတာ္ေလးကိုဆိုးေနတာ။ ေနာက္ၿပီး တစ္ဖက္ကေကာင္မေလးက လ်ိဳ႐ႊမ္း ရဲ႕ အတူထိုင္တဲ့ ထိုင္ခုံေဖာ္ေလ"
နင္မုန႔္က လြန္ဆြဲေနေသာ ခံစားခ်က္မ်ိဳး ရေနၿပီးေနာက္ သူမ၏ေတာက္ပေသာမ်က္ဝန္းမ်ားျဖင့္ ခပ္တိုးတိုးေျပာလိုက္သည္။
"ငါတို႔... သြားနားေထာင္ၾကမလား"
ခ်ဳံခယ့္ကလည္း ေခါင္းညိမ့္သည္။
"ေကာင္းၿပီ။ ခဏေလာက္ပါပဲ"
အေဆာင္ထဲရွိ အတန္းအမ်ားစုက ၿပီးသြားသျဖင့္ မီးမ်ားမွိတ္သြားၾကၿပီျဖစ္ၿပီး ေလွ်ာက္လမ္းမွမီးေရာင္ေဖ်ာ့ေဖ်ာ့ကသာ က်န္ရစ္ေတာ့ကာ သူတို႔၏တည္ရွိမႈကို ဖုံးကြယ္ေပးထားႏိုင္သည္။
လ်ိဳ႐ႊမ္း ၏ အသံကထြက္လာသည္။
"ငါေျပာရင္ နင္ယုံမွာလား"
သူမ၏အတန္းေဖာ္က ေအးစက္ေသာမ်က္ႏွာထားျဖင့္ ျပန္ေမးသည္။
"နင္ငါ့ကိုမေျပာေသးဘဲ ငါယုံမယုံနင္ဘယ္လိုလုပ္သိမွာလဲ"
သို႔ရာတြင္ ထိုမွတခဏတြင္ လ်ိဳ႐ႊမ္း ၏ စကားေၾကာင့္ သူမကေၾကာင္သြားၿပီး အခ်ိန္အတန္ၾကာသည္အထိ မတုံ႔ျပန္ႏိုင္ေတာ့ေခ်။ သူမက မယုံၾကည္ႏိုင္သလိုျဖစ္သြားသည္။
လ်ိဳ႐ႊမ္း က ေျပာသည္။
"ငါငါ့ရဲ႕မ်က္ႏွာေပၚမွာ သရဲမ်က္ႏွာဖုံးကို ျမင္ရတယ္။ ဒါက ငါရဲ႕မ်က္ႏွာတစ္ခုလုံးကို ကာေနၿပီး ဖယ္ရွားလို႔လည္း မရဘူး။ အဲ့ဒါတင္မကပဲ မ်က္ႏွာဖုံးေပၚက သေကၤတေတြက အသက္ဝင္လာသလို တျဖည္းျဖည္း ေျပာင္းႏိုင္ေနတယ္"
ေခ်ာင္းနားေထာင္ေသာႏွစ္ေယာက္လုံးက ဆံပင္ေမႊးေထာင္သြားၾကသည္။
ဒါက လ်ိဳ႐ႊမ္း အဲ့ဒီ့ေန႔က သူတို႔ကိုေမးခဲ့ေတာ့ သူမေမွ်ာ္လင့္ထားတဲ့အေျဖလား
လ်ိဳ႐ႊမ္း က ဆက္ေျပာျပသည္။
"ငါလြန္ခဲ့တဲ့တစ္လက စျမင္ရတာ။ အဲ့ဒီ့အခ်ိန္ ငါထင္ေယာင္ထင္မွား ျဖစ္တယ္လို႔ပဲ ထင္ခဲ့တာ။ ဒါေပမဲ့ လြန္ခဲ့တဲ့လဝက္ေလာက္ကအထိ ငါမွန္ကိုၾကည့္တိုင္း အခ်ိန္တိုင္းျမင္ေနရတယ္။ ငါ ငါ့ရဲ႕မ်က္ႏွာကိုေတာင္ မျမင္ႏိုင္ေတာ့ဘူး"
သူမ၏ေနာက္ဆုံးစကားက အသံတိုးသြားၿပီး ေအာ္သံကပါလာသည္။
နင္မုန႔္ ၏ ေက်ာမ်ားက စိမ့္တက္သြားသလို ခံစားလိုက္ရသည္။ သူမက မွန္တြင္သူမ၏ကိုယ္ပိုင္မ်က္ႏွာကို မျမင္ရပဲ ထူးဆန္းေသာ သရဲမ်က္ႏွာကိုသာ အခ်ိန္တိုင္းျမင္ႏိုင္ေနၿပီဆိုလွ်င္ သာမန္လူတစ္ေယာက္ဆိုရင္ ႐ူးသြားႏိုင္သည္။
ခ်ဳံခယ့္ က သူမ၏လက္ေမာင္းကို ဆိတ္သည္။
"နင္နင္ ငါတို႔မၾကားသင့္တာကို ၾကားလိုက္မိၿပီထင္တယ္။ ငါတို႔ႏႈတ္ပိတ္ခံရေတာ့မွာလား"
အေဆာင္ထဲမွ မီးတိုင္းကပိတ္သြားၿပီး သူတို႔ဘက္အျခမ္းက ပိုေမွာင္သြားသျဖင့္ ႏွစ္ေယာက္လုံး၏ ေရခ်ိဳးခန္းထဲမွအရိပ္က မွန္တြင္ထင္ဟပ္ေနကာ ေဝဝါးလာသည္။
"နင္မယုံဘူးမဟုတ္လား"
လ်ိဳ႐ႊမ္း က ေမးသည္။
အျခားလူမ်ားက သူမကို မယုံၾကည္ႏိုင္ေၾကာင္း သူမကသိထားၿပီးသားျဖစ္သည္။ သူမကိုယ္တိုင္သာအေတြ႕အႀကဳံမရွိလွ်င္ သူမကလည္း အျခားလူမ်ားကလာေျပာလွ်င္ ယုံလိမ့္မည္မဟုတ္ေပ။
သူမ၏အတန္းေဖာ္က အေတြးယာဥ္ေၾကာက ႏိုးထလာသလိုမ်ိဳး အံ့အားတႀကီးေျပာလာသည္။
"ငါမယုံတာမဟုတ္ဘူး။ နင္ေျပာတာက ေၾကာက္စရာေကာင္းလြန္းလို႔ ငါတခဏေလာက္ေၾကာင္သြားတာပါ။ နင္ နင့္ရဲ႕မ်က္ႏွာေပၚမွာ မ်က္ႏွာဖုံးတစ္ခုရွိေနတာလား"
လ်ိဳ႐ႊမ္း ၏ စကားက ေက်ာခ်မ္းစရာေကာင္းလြန္းသျဖင့္ သူမကေၾကာက္သြားသည္။ ဒါကသရဲပုံျပင္ကို နားေထာင္ေနရသလိုမ်ိဳး သူမအသံက်ယ္က်ယ္ပင္ မေျပာရဲေတာ့ေခ်။ သူမ၏အတန္းေဖာ္က တံေတြးၿမိဳခ်ၿပီးေမးသည္။
"နင္ေျပာတဲ့မ်က္ႏွာဖုံးက ဘာနဲ႔တူလဲ ငါတို႔အရင္ကျမင္ဖူးလား"
လ်ိဳ႐ႊမ္း ၏စိတ္က ျပန္ၿငိမ္သြားသည္။
"ငါအရင္က မျမင္ဖူးဘူး။ ဒါက ငါတို႔ျမင္ခဲ့ဖူးတဲ့ မ်က္ႏွာဖုံးေတြနဲ႔လည္းမတူဘူး။ အေရာင္ကအနက္ေရာင္၊ သေကၤတကေတာ့ ေန႔တိုင္းေျပာင္းေနတာ"
ေန႔တိုင္းလိုလို သူမကမွန္ကိုၾကည့္သမွ်ကာလပတ္လုံး ကြာျခားမႈကို သတိထားမိမည္ျဖစ္သည္။ သေကၤတ၏အေရအတြက္က တိုးသထက္တိုးလာၿပီး ေၾကာင္ေတာင္ေတာင္ပို၍ႏိုင္လာသည္။ သူမ၏မ်က္လုံးမ်ားကပင္ ျပဴးထြက္ေတာ့မလို ခံစားရသည္။
သူမ၏မ်က္လုံးကိုပင္ ႏႈိက္ထုတ္ခ်င္စိတ္ေပါက္ခဲ့ရသည္။ သို႔ေသာ္ သူမက ျပန္ထိန္းထားႏိုင္ခဲ့သည္။
အခ်ိန္တစ္ခုၾကာၿပီးေနာက္ ထိုေလွ်ာက္လမ္းတစ္ခုလုံးက တိတ္ဆိတ္သြားသည္။
နင္မုန႔္ က ဒီေနရာမွ ထြက္သြားခ်င္ေနၿပီျဖစ္သည္။ သူမက အနားရွိလူကိုေျပာလိုက္သည္။
"ခယ္ခယ္ နားမေထာင္ေတာ့ဘဲ ေနရေအာင္။ ငါတို႔ဆက္ၿပီးနားေထာင္ေနရင္ ငါတို႔ျပန္တဲ့အခါ ညအေမွာင္မွာ လမ္းေလွ်ာက္ရမွာ"
ခ်ဳံခယ့္ခယ့္က တည္ၿငိမ္စြာျဖင့္ ေခါင္းလွည့္ၾကည့္လိုက္သည္။
"ေကာင္းၿပီ။ နားမေထာင္ေတာ့ဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ ငါတို႔အမွန္တရားကို သိရၿပီးၿပီပဲ။ ဒီလိုျဖစ္ေနမယ္လို႔ ငါမထင္ထားမိဘူး။ သူမက အမွန္တရားကိုေျပာေနလား လိမ္ေနလား ဆိုတာဘယ္သူသိႏိုင္မွာလဲ"
သို႔ရာတြင္ ထိုကိစၥက အမွန္တရားျဖစ္ေနမည္ဟု သူတို႔က မေမွ်ာ္လင့္ထားေလာက္ေခ်။
သူမက ေၾကာက္ေနေသာ္လည္း တစ္ခ်ိန္ထဲတြင္ပဲ သိခ်င္စိတ္ကျပင္းျပေနသည္။
ထိုမ်က္ႏွာဖုံးက မည္သည့္ပုံသ႑ာန္ႏွင့္တူေၾကာင္း၊ မည္သည့္အတြက္ေၾကာင့္ လ်ိဳ႐ႊမ္း ၏မ်က္ႏွာေပၚေရာက္ေနေၾကာင္း သိခ်င္ေသးသည္။
လ်ိဳ႐ႊမ္း က လိမ္သည္လည္း ျဖစ္ႏိုင္သည္။ သို႔ေသာ္ သူမအတြက္ မည္သည့္အတြက္မွ အက်ိဳးအျမတ္မရွိေလရာ သူမက အလိမ္အညာစကားကို ေျပာရန္မလိုေလာက္ေခ်။ ထို႔ေၾကာင့္ အခ်က္အလက္မ်ားစြာက ပုံမွန္မဟုတ္ေၾကာင္း ျပသေနသည္။
နင္မုန႔္ ႏွင့္ ခ်ဳံခယ့္ခယ့္ တို႔က လွည့္လိုက္ေသာအခါ သူတို႔၏အေနာက္တြင္ လူတစ္ေယာက္ရွိေနေၾကာင္း သိလိုက္ၿပီး အသားကုန္ေအာ္လိုက္ၾကသည္။
"အား..."
ရွီခ်ီကလည္း ကူကယ္ရာမဲ့စြာျဖင့္ေျပာသည္။
"ဘာေတြေအာ္ေနတာလဲ"
နင္မုန႔္က ပါးစပ္ကိုအုပ္ၿပီးေနာက္ ေခ်ာင္းႏွစ္ႀကိမ္ခန႔္ဟမ့္ကာ ခ်ဳံခယ့္ခယ့္ ကို တံေတာင္ျဖင့္တြတ္လ်က္ေမးသည္။
"နင္ကဘာလို႔ ငါတို႔ရဲ႕ေနာက္မွာ ႐ုတ္တရက္ေပၚလာတာလဲ"
ေၾကာက္လြန္းလို႔ ေသေတာ့မလို႔။ သူကရပ္ေနတာ အနက္ေရာင္အရိပ္တစ္ခုလိုပဲ။
ရွီခ်ီ ၏အၾကည့္က နင္မုန႔္ ထံေရာက္သြားသည္။
"အဲ့ဒီ မိန္းကေလးအနားကို မကပ္နဲ႔လို႔ ငါမေျပာထားဘူးလား"
သူ၏အၾကည့္က အတန္းေဖာ္ႏွင့္အတူ သူတို႔ထံေလွ်ာက္လာေသာ လ်ိဳ႐ႊမ္း ထံေရာက္သြားသည္။ သူ၏ေက်ာက္စိမ္းကဲ့သို႔ ေတာက္ပလြန္းေသာ မ်က္ႏွာက ထူးဆန္းေသာအၾကည့္ကို ေျပာင္းသြားသည္။
ရွီခ်ီက အၾကည့္ကို ႐ုတ္ၿပီးေနာက္ ေလသံကေျပာင္းသြားသည္။
"မင္းရဲ႕ခႏၶာကိုယ္အတြက္ မေကာင္းဘူး"
ငါ့ကို ေၾကာက္လြန္းလို႔ေအာ္တယ္တဲ့ ဘယ္ေတာင္ေတာင္မုန္းဖို႔ေကာင္းလိုက္သလဲ။
ရွီခ်ီ ရဲ႕လွ်ိဳ႕ဝွက္ဒိုင္ယာရီ
Telegram မွာ အၿပီးအထိ တင္ၿပီးပါၿပီေနာ္။