"ဆရာ"
"ဆရာ့ကို လူတစ်ယောက်က တွေ့ချင်လို့ပါတဲ့"
"နာမည်က ဘယ်သူတဲ့လဲဗျ"
"သူ့နာမည်က Kim Seokjin တဲ့ဆရာ"
"Jin!"
ဂျူတီ ဆရာမလေးက သူ့အားတွေ့ချင်တဲ့သူရှိတယ်ဆိုလို့ နာမည်မေးလိုက်တော့ ချစ်ရတဲ့ သူငယ်ချင်း ကလေးပေါက်စ ဖြစ်နေတာကြောင့် အမြန်နေရာကနေထကာ အပြေးအလွှား ထွက်တွေ့ရတော့တယ်။
"Taehyung ~"
သူရောက်တော့ ကောင်ငယ်လေးက ထိုင်ခုံတစ်ခုမှာ ထိုင်ရင်း သူ့အလာကို စောင့်ကြိုနေသည်။
ထို့နောက် သူ့နားနေခန်းအား ခေါ်လာလိုက်တော့တယ်။
"ထိုင်လေ Jin~ ဘာဖြစ်လို့လဲ မျက်နှာလဲ မကောင်းပါလား။ နေမကောင်းဘူးလား"
အပြောထက် လက်လျင်တဲ့ Taehyung ပါလေ။ ပါးစပ်ကလည်း မေးသလို လက်ကလည်း သူ့နာဖူးအား ပူမပူ စမ်းနေလေပြီသာစဖြစ်၏။
"ငါ ကောင်းပါတယ်Tae"
အရင်ကလို တက်"ကြွ"မရှိတဲ့သူက သူ့အား အဆင်ပြေပါတယ်ဆိုပြီး ယုံအောင် လိမ် ပြောနေပြန်လေပြီ။
"တကယ်တော့ ငါhoseokကို တွေ့ခဲ့တယ်"
မတွေ့တာ နှစ်တွေကြာပြီဖြစ်တဲ့ သူငယ်ချင်းနဲ့ ရုပ်ချင်းဆင်တဲ့သူကို လမ်းမှာ အမှတ်တမှတ်တွေ့ခဲ့တယ် ပြောရမလား?။
မျက်တောင် တစ်ချက်ခတ်စာအတွင်း ပျောက်သွားတဲ့သူကြောင့် ဒါက တကယ်ပဲ hoseok လား၊ မဟုတ်ဘူးလား ဆိုတာ Seokjinအတပ်မပြောနိုင်ချေ။
"သူခု ဘယ်မှာလဲ"
"မသိဘူး ငါအမြင်မှားတာလဲ ဖြစ်နိုင်တယ်"
"ဒါနဲ့ Taehyung"
"အင်း။ ပြောလေ"
"မင်း ခုတလော သူငယ်ချင်း အသစ်ရနေပြီလား"
"ဘာလို့လဲ Jin"
"ခုတလော မတွေ့ဖြစ်လို့ ဒီတိုင်း ငါက မေးကြည့်တာပါ"
"မဟုတ်မှ မင်းထက် တစ်ခြားသူကို ပိုခင်သွားမှာ ကြောက်နေတာလား"
"......"ဘာအသံမှ မထွက်တော့ပဲ ငြိမ်သွားတဲ့ သူကို ခေါင်းသာ အသာရမ်းနိုင်တော့သည်။
"ဒီကလေး ဦးနှောက်ကတော့ လူကို ပင်းပန်းစေတဲ့အရာတွေ တွေးနေပြန်ပြီလား?"
ပြောရင် ရှေ့မှာရှိနေတဲ့ အကောင်ပေါက်လေးရဲ့ ဆံပင်တွေကို ဖွလိုက်တော့မှပဲ ခုနက ငြိမ်နေတဲ့ ကိုယ်လူချောလေးက ပြောလာပါတယ်။ "ငါ့ဆံပင်ကို ရှောက်မဖွနဲ့Tae ကြည့်ရဆိုးတယ်"
"ဒီလောက် ချစ်ဖို့ ကောင်းတဲ့ ကလေးလေးက ဘယ်လို လုပ်ကြည့်ရဆိုးမှာလဲ"
"ငါ ကလေး မဟုတ်တော့ဘူး"
"အဲ့ဆို လူကြီးလေးလား"
"Kim Taehyung မင်း ဆက်စနေအုံးမှာဆိုရင် ငါပြန်တော့မယ်"
"ဟားဟား မင်း မကြိုက်ရင် နောက် မစတော့ပါဘူး ဟုတ်ပြီလား ကလေးလေး"
"Taehyung!~"
"ဟားဟား"
"ငါပြန်ပြီ"
ချက်ချင်း ထသွားဖို့ လုပ်နေတဲ့သူကို လက်ကနေ အမြန်ဆွဲထားရတော့တယ်။ ကိုယ်လူချောလေးက သူ့ကို စိတ်ဆိုးနေပြီလေ။
"စိတ်မဆိုးပါနဲ့ကွာ"
"...."
" ဒီလိုလုပ် ဒီနေ့ညနေ့ ကိုယ် မင်းကို မုန့်လိုက်ဝယ်ကျွေးမယ်လေ"
"တကယ်လား"
"တကယ်"
"ဖြစ်ပါ့မလား မင်းက အလုပ်နဲ့"
"ဘယ်လောက်ပဲ အလုပ်က အရေးကြီးနေပါစေ Kim Seokjin ဆိုတဲ့ မင်းလောက်တော့ ဘယ်ဟာမှ အရေးမကြီးဘူး ရပြီလား"
"အွန်း ဒါဆို ငါတို့ ပထမ ဦးဆုံး စတွေ့တုန်းက ဟန်းမြစ်ကို အရင်သွားရမယ်"
"သဘောပါဗျာ"
Crush နဲ့ အပြင်အတူသွားရတော့မှာမို့ ပျော်နေတဲ့ Seokjinဟာ တစ်စုံတစ်ယောက်ရဲ့ စကားကိုပင် သတိမရတော့ချေ။
"အော်...အကို အကို ခုတော့ ဒီညီမလေးကို အလုပ်တွေနဲ့ ပြစ်ထားခဲ့ပြန်ပြီပေါ့"
အလုပ်လုပ်နေတုန်း ဖုန်းလာတာကြောင့် မုန့်အော်ဒါမှာတဲ့ သူထင်၍ ကြည့်လိုက်တော့ အကို ဆက်တာဖြစ်နေလေသည်။
"Hello"
📲"Gina အကို အရေးကြီးတဲ့သူနဲ့ သွားစရာရှိလို့ ဆိုင်ကို ကြည့်ထားပေးနော်။ ပြန်လာရင် Gina အတွက် မုန့်နဲ့ လက်ဆောင်ဝယ်လာမယ်"
"ဆိုင်အတွက်တော့ မပူနဲ့ စိတ်သာချအကို ဒါမဲ့ လက်ဆောင်မပါရင်နေပါစေ မုန့်တော့ပါလာရမယ်နော်"
မုန့်နဲ့ ငါးစာမိသွားခဲ့တဲ့ သူမဟာ ခုတော့ အလုပ်တွေ ပိနေတော့သည်။တကယ်ပဲ ဒီညီမလေးကို အလုပ်တွေတစ်ပုံကြီးနဲ့ ထားခဲ့တဲ့ အကို့ကို စိတ်ဆိုးချင်ပေမဲ့ လက်ခံမိတဲ့ ကိုယ့်စကားကြောင့် စိတ်မဆိုးရက်နိုင်။
ချလွင်~ချလွင်~
တံခါးမှာ ချိတ်ထားတဲ့ ဆွဲလွဲ အသံကြောင့် ဝယ်သူလာပြီ ထင်၍ ကြည့်မိရာ...ဘယ်လိုလုပ် ဒီလူ ဖြစ်နေရပြန်တာလဲ။
"ဒီမှာ ထပ်ပြီး ရှင်ပဲလား"
"ကိုကို ဘယ်သွားလဲ"
သူမေးတာ မဖြေပဲ သူ့အား ပြန်မေးခွန်းထုပ်နေတဲ့ တစ်ယောက်။
"အကိုဘယ်သွား လဲ ဆိုတာတော့ မသိဘူး။ ကျွန်မကိုလည်း ပြောမသွားဘူး ရှင်.."
"ခွင့်ပြုပါအုံး"
"...."တစ်ဆိတ်လောက် ဒီတစ်ယောက် ငါ့ကိုရော ၊ ငါ့စကားကိုရော ရှိတယ်လို့ ထင်သေးရဲ့လား။
သူမ စကားပင် ဆုံးအောင် မပြောလိုက်ရ ထွက်သွားတဲ့ သူရယ်...။ ပြောရင်းတန်းလန်း ကျန်ခဲ့တဲ့ သူမရယ် အင်း ဟုတ်တော့ ဟုတ်နေပါပြီလေ။
ခွမ်း!!
ပြန် လာခေါ်မယ်လို့ ပြေားထားပါရဲ့နဲ့..သေချာပြောခဲ့တာကို ခင်ဗျားက ရှိမနေဘူး။
"ကိုကို ခင်ဗျား ဘယ်တွေ သွားနေတာလဲကွာ"
စိတ်ပူတယ်။ခု ခင်ဗျား ဘယ်တွေ သွားနေလဲဆိုတာထက် ခုခင်ဗျား ဘယ်သူနဲ့အတူ ရှိနေတာလဲဆိုတာကို စိတ်ပူတယ်....သိချင်မိတယ်။ မဟုတ်ရင် ကျွန်တော်က ကို့ကို အတွက် လူဆိုးကြီး ဖြစ်နေမှာ။
"သခင်လေး လက်မှာ သွေးတွေ"
"သွား! KimSeokjin ဘယ်မှာ ဘယ်သူနဲ့ အတူရှိနေခဲ့တာကအစ လိုက်ရှာ!"
"ဒါမဲ့ သခင်လေးလက်"
"ငါမင်းကို အမိန့်ပေးနေတာ မကြားဘူးလား!"
"ဟုတ်ကဲ့"
ထွက်သွားတဲ့ Bodyguardနဲ့ လက်က ဒဏ်ရာကို လျစ်လျှူရှုကာ နဂိုထွက်နေတဲ့ ဒေါသအား ပြန်လည် ထိန်းချုပ်ထားလိုက်သည်။
သူရဲ့ ဒီလို ဒေါသထွက်နေတဲ့ပုံအား ခင်ဗျားတွေ့ရင် ကျွန်တော့်ကို ခင်ဗျား ကြောက်သွားမှာ စိုးရိမ်တယ်။
"ကျွန်တော် ခင်ဗျားကို ဘယ်လို အပြစ်ပေးရမလဲ ကိုကို~ "
______________________
"Taehyung မင်းကို ပထမဦးဆုံး ငါစတွေ့တုန်း ဟိုးနားက သစ်ပင်လေးအောက်မှာလေ။အဲ့တုန်းက မင်းက ဂီတာတီးရင်းသီချင်းဆိုနေတာ ပြီးတော့ ဝါးး မင်းက ဂီတာတီးနေတာတောင် ချောပြီး ဆွဲဆောင်မှု့ ရှိလိုက်တာပေါ့။"
အဲ့နောက်မှာပဲ ဘာမဆို အကုန်သိတဲ့ Hoseokကသာ မင်းအကြောင်းနဲ့ မင်း နာမည်ကို ပြောပြခဲ့တာ။
"ခုရော"
"ဟမ်?"
"ခုရော ကိုယ်က အရင်လို ဆွဲဆောင်မှု့ရှိသေးရဲ့လား"
"ဒါပေါ့ ခုထိ မင်းက ဆွဲဆောင်မှုရှိနေတုန်းပါပဲ"
"Jin~"
"အင်း..."
"မင်းက ကိုယ်စတွေ့တဲ့ အချိန်တုန်းက အတိုင်း ဘာမှပြောင်းလဲမသွားဘူးနော်"
ဟော့ဒီ မျက်ဝန်းဝိုင်းလေးတွေ၊ ပါးဖောင်းဖောင်းလေးတွေနဲ့ အကြိမ်ကြိမ် နမ်းရှိုင်းချင်မိတဲ့ နှုတ်ခမ်းပါးလေးရဲ့ အပြုံးတွေကအစ
အရင်အတိုင်းပဲ။
"Tae... Taehyung~ မင်းအဲ့လိုကြီး စိုက်ကြည့်နေရင် ငါမနေတက်ဘူး"
"အဟမ်း! ဒါနဲ့ ရေခဲမုန့်စားချင်လား?"
"အွန်း"
"ဘာအရသာလဲ"
"စတော်ဘယ်ရီ"
"အဲ့ဆို ဒီနားလေးမှာ ခဏစောင့်နေ ကိုယ်ပြန်လာခဲ့မယ်"
"မြန်မြန်လာနော်။ ငါရေခဲမုန့်စားဖို့ကို အကြာကြီး မစောင့်နိုင်ဘူး"
ရေခဲမုန့် ကြိုက်တဲ့ Seokjinအတွက်တော့ တကယ်လဲ မစောင့်နိုင်ချေ။
"ဆိုင်ရှင် ကျွန်တော့်ကို ချောကလက်နဲ့ စတော်ဘယ်ရီ နှစ်ခွက်ပေးပါ"
"ခဏနော် ကောင်လေး"
"ရပါတယ်"
ဟင်းးး တစ်စုံတစ်ယောက်ကတော့ သူ့အား အမေးအမြန်း ထူးလေအုံးမည်။
သူမသိဘူးများထင်နေတာ jinဟာ စတော်ဘယ်ရီနဲ့ ပတ်သတ်တဲ့ အရသာဆို ဘာတစ်ခုမှ မကြိုက်ဘူးဆိုတာ...။
တစ်ခုပါပဲ Kim Seokjin က တကယ့်ငတုံးလေး တစ်ယောက် ဖြစ်နေတယ်ဆိုတာပင်...။
"ဒီမှာ ကောင်လေး မင်း မှာထားတဲ့ဟာ"
Seokjinသိပ်ကြာကြာ မစောင့်ခဲ့လိုက်ရပါဘူး...ထို့နောက် သူ့ရှေ့က မတူညီတဲ့ ရေခဲ့မုန့်ခွက် နှစ်ခွက်အား တစ်လှည့်၊ Taehyung အားတစ်လှည့်...ကြည့်ရင်း စတင်....
"ဘာလို့ ချောကလက် နဲ့ စတော်ဘယ်ရီ ဖြစ်နေတာလဲ"
သူ့ထင်တဲ့အတိုင်း သူ့ရှေ့က အကောင်ပေါက်လေးက မအူမလည်ပုံစံလေးနဲ့ မေးခွန်းတွေ စတင်မေးလာတော့၏။
"အာ...တကယ်တော့ စတော်ဘယ်ရီက တစ်ခွက်စာပဲ ရတော့တာ ဒါတောင် ကံကောင်းလို့ ရတာ"
သူမှာတဲ့ အတိုင်း ပေးလိုက်တဲ့ ဆိုင်ရှင်......
"ဟ..ဟ..ဟက်ချိုး!"
တစ်ခွက်စာပဲ ကျန်တော့တာကြောင့် ချောကလက်တစ်ခု၊ စတော်ဘယ်ရီတစ်ခု ဝယ်ခဲ့တဲ့သူကို Seokjin စိတ်မဆိုးနိုင်။
Taehyung က စတော်ဘယ်ရီ ကြိုက်တဲ့သူမို့ ရေခဲမုန့်ဆိုရင်လဲ စတော်ဘယ်ရီ အရသာပါတဲ့ဟာပဲ စားတက်မှန်းသူသိတယ်။ ဒါ့ကြောင့်သူကပဲ ချောကလက်ကိုရွေးရန်ဖြစ်နိုင်တော့သည်။
"ပေး ဒီကို ချောကလက်"
"စတော်ဘယ်ရီစားမှာဆို"
"ခုနကထိတော့ ဟုတ်တယ် ခုက ချောကလက်ပဲ စားချင်စိတ်ပေါ်လာလို့"
"ဟက်စ့်~"
"ဘာရီတာလဲ"
"မဟုတ်ပါဘူး ဒီတိုင်း ချစ်ဖို့ကောင်းနေလို့"
"....."
နားရွက်လေးတွေ ရဲတက်လာတဲ့သူက ရှက်နေမှန်း သိသာလှသည်။ ဘယ်လိုလုပ်ရမလဲ? မင်းရှက်နေတာအစ အရမ်းချစ်ဖို့ကောင်းနေတော့ ကိုယ်တို့ကြားက သူငယ်ချင်းဆိုတဲ့ စည်းကို ကိုကိုယ်တိုင် ဖျက်စီးပြစ်လိုက်ရတော့မလား။
နေဝင်စလည်း ပြုလာသလို မှောင်ရိပ်လည်း သမ်းလာပြီ....
"Taehyung ငါတို့ အိမ်ကို ပြန်သင့်ပြီထင်တယ်"
"ကိုယ် လိုက်ပို့မယ်"
"Omm"
တစ်ဖက်မှာတော့...
"ဒီမှာ ဆိုင်ကပိတ်တော့မယ် ရှင်မပြန်သေးဘူးလား"
"......."
တကယ်ပါပဲ တညနေလုံး ဆိုင်ရှေ့မှာ ရပ်နေတာ ခုထိ ဆိုပါတော့ ကြာတော့ သူမတောင် သနားလာလို့ စကားသွားပြောပေမဲ့ လေကို စကားပြောနေရတဲ့အတိုင် ထိုလူကတော့ သူ့အား တစ်လုံးပင် ပြန်မပြောချေ။
ဆိုင်ပိတ်ချိန် ရောက်နေတာကြောင့် ထိုလူဆိုးကောင် ဒီနေရာမှာ ရပ်နေအုံးမယ်ဆိုရင်တောင်မှ သူမကတော့ ဆိုင်ကို ပိတ်ရမှာပဲမလား။ ခတ်တော့ ခတ်ပါပြီ။
"ကျွန်မ စေတနာနဲ့ ပြောမယ်နော်...ခုဒီမှာ ရပ်နေမဲ့အစား ရှင့်အိမ်ရှင် ပြန်တာပဲ ကောင်းမယ်ထင်တယ်။ အကိုက ခုချိန်လောက်ဆို သူ့အိမ်တောင်ပြန်ရောက်နေလောက်ပြီ"
"အင်း"
ဒါပဲလား သူကသာ စကားတွေ အများကြီး ပေဖွဲ့ပြီး ပြောနေတာ တစ်ဖက်က ပြန်ဖြေသံက "အင်း"တဲ့လား။
"သခင်လေး ဒါက ဒီနေ့ သခင်ငယ်လေးရဲ့ အပြင်က ပုံတွေပါ"
"အင်း"
"ကျွန်တော်ခု ကားကို ဘယ်မောင်းရမလဲဗျ"
"Hoseok hyungရဲ့ barကို မောင်း"
__________________________
ကျွန်တော့် နာမည်က Jung Hoseok။ အရင်တုန်းကဆို ကျွန်တော်က တစ်ကျောင်းလုံးရဲ့ အပြုံးပိုင်ရှင်လေးပေါ့။
ကျွန်တော့်မှာ ပိုက်ဆံ၊ငွေးကြေး၊ ပစ္စည်းဥစ္စာ သူ့မှာအကုန်ပြည့်စုံနေပေမဲ့ ကံကြမာရဲ့ အပြောင်းအလဲတွေကြောင့် ချစ်ရတဲ့သူငယ်ချင်းတွေကို ဝေးကွာခဲ့ရတယ်။
ကျွန်တော့် မှာ KimSeokjin နဲ့ Kim Taehyungဆိုတဲ့ အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ရှိတယ်။ အဲ့ထည်းမှာတော့ ငယ်သူငယ်ချင်းဖြစ်တဲ့ Seokjin အကြောင်းကိုတော့ အသိဆုံးပင်။
အဲ့အပြင် ဘယ်သူမှမသိတာက ကျွန်တာ့်မှာ ဝမ်းကွဲညီတစ်ယောက်လဲ ရှိသေးတယ်ဆိုတာ။
နာမည်_Jung hoseok
အသက်_28
အလုက်အကိုင်_CEO
__________________________