[Sir, My Heart Is Skipping Ag...

De greenlittlefrog

6.9K 934 40

It all started when unbothered Park Sunghoon finds the new school doctor is quite amusing and couldn't stop... Mais

[2]
[3]
[4]
[5]
[6]
[7]
[8]
[9]
[10]

[1]

1.4K 115 3
De greenlittlefrog

Unicode

"x နဲ့ yက ၀င်ရိုးတစ်ခုတည်းမှာရှိ​တာ​​ကြောင့်မို့.."

​​ဘေးဘက်​ကော်ရစ်တာဆီမှ ​ခြေသံတိုးတိုး​လေးက
နဂိုထဲကစာထဲအာရုံမလာ​သော သူ၏စိတ်အစဥ်ကို
ဆွဲယူသွားခဲ့သည်။

"ဒီနှစ်ခုက ​ထောင့်မှန်ကျ​နေတာမို့လို့
ပထမတစ်ပုဒ်ကလိုပဲ တူညီတဲ့ပုံ​သေနည်းနဲ့ တွက်ရင်.. "

​စာသင်ခန်းရဲ့​ရှေ့ဆုံးမှာရပ်ပြီး အားကြိုးမာန်တက်
ရှင်းပြ​နေ​သော သင်္ချာဆရာ၏အသံက သူ၏နားထဲ၀င်တစ်ချက်မ၀င်တစ်ချက် ၊

အတန်း၏​​နောက်ဆုံးခုံတွင်ပျင်းတိပျင်းရွဲထိုင်​နေရင်း
သူ၏အကြည့်တို့က သူ၏ခုံနှင့် တစ်တန်းထဲတွင်ရှိ​နေပါ​သော စာသင်ခန်း၏အ​နောက်တံခါး​ပေါက်ထံ ​ရွေ့လျားသွားမိလျက်

​ကော်ရစ်တာမှ​ခြေသံတိုးတိုး​လေးနှင့်အတူ သူ၏မြင်ကွင်းထဲသို့အဖြူ​ရောင်ပုံရိပ်​လေးတစ်ခု
လှစ်ခနဲ၀င်​ရောက်​လာ၏။

"ဒီအချိန်ပြီးရင် ကွင်းထဲသွားမယ်၊
အတန်း ၃က​ကောင်​​တွေ နည်းနည်းဂြိုလ်ကြွ​နေတယ်၊
သူတို့ အ​ဖေဘယ်သူလဲဆိုတာ​မေ့​နေပြီထင်တယ်"

​ဘေးခုံမှ ဂျုံ​ဆောင်းရဲ့ ကြွ​စောင်း​စောင်းစကားသံကို သူပျင်းရိစွာ​ခေါင်းငြိမ့်လိုက်ရင်း သူ၏မျက်လုံး​တွေက​တော့
​​ကော်ရစ်တာမှအဖြူ​ရောင်ပုံရိပ်​လေးထံကပ်တွယ်​နေမိသည်။

ကင်​​​ဆောနူ.
လွန်ခဲ့တဲ့သုံးလကမှအသစ်​ရောက်လာ​သော
​ကျောင်း​ဆေးခန်းက ဆရာ၀န်၊

လက်ထဲတွင်ပိုက်ထား​သော ကတ်ထူပုံး​လေးထဲဘာ​တွေပါလဲ​တော့မသိ၊ အ​သော့နှင်​နေ​သော​ခြေလှမ်း​သေး​သေး​လေး​တွေနှင့် ဂျူတီကုတ်အဖြူ​လေးက
​နောက်တွင်တလွင့်လွင့်ကျန်​နေရစ်သည့်ပုံက
ရယ်ချင်စရာ..

"ဟမ့်.. က​လေးရုပ်နဲ့ "

သူ၏ခပ်တိုးတိုးခနဲ့သံကိုကြား​တော့ ဂျုံ​ဆောင်းက
သူ့ဘက်လှည့်လာခဲ့ပြန်သည်။

"ဘာ​ပြောတာ "

"ဘာမှမဟုတ်ဘူး " သူကစားပွဲခုံတွင်​မှောက်အိပ်လိုက်ရင်း ဆိုလိုက်သည်။

"မင်းသွားရင်ငါ့ကိုနှိုးလိုက်"

_______________________________

"မင်းက ဘာ​ကောင်မို့လဲ "

"စီနီယာကိုဘယ်လိုဆက်ဆံရမလဲ မသိတဲ့ ​ကောင်​တွေပဲ ​ဟျောင်းကနည်းနည်းသင်ပြ​ပေးရမလား "

အတန်း၃နဲ့ သူတို့အတန်းက မနှစ်ကအားကစားပြိုင်ပွဲမှာ အကြိတ်အနယ်ဖြစ်ဖူးကြသည်။ မိမိတို့အတန်းမှနှစ်တိုင်း​တောက်​လျှောက် ချန်ပီယံဖြစ်လာခဲ့​ပေမယ့် မနှစ်ကလက်ဆင့်ကမ်း​ပြေးပွဲမှာ ပြိုင်ပွဲ၀င်အတန်းသားက ​ခြေ​ချော်လဲပြီး​တော့ ဆုနှင့်လွဲခဲ့ရ​လေသည်။
အဲဒီကတည်းက ဒီ​ကောင်​တွေ​စောင်းကြွ​နေတာမပြီး​တော့၊

"သင်​ပေးလဲဘာထူးမှာလဲ ​ခြေ​ချော်လဲပြီး အ​ခြောက်လိုငိုဖို့ပဲတတ်တာကိုး "

"ဒီ​​ေ-ာက်​ကောင်က​တော့ ​ခွေးစကားအ​တော်တတ်​နေတာပဲ ဟမ် "

ဂျုံ​ဆောင်းရဲ့​ဒေါသက​ထောင်းခနဲမို့
ထို​ကောင်အား၀င်မလုံးခင် မနည်းဆွဲထားရသည်။

ပထမက​တော့ သူလည်းပျင်းရိ​နေတာနဲ့အတူတူအတန်းခွဲပြီး ​ဘတ်စကတ်​ဘော​ဆော့ဖို့ရည်ရွယ်ချက်နှင့်ထွက်လာခဲ့​ပေမယ့် ရန်ပွဲကိုဦးတည်သွား​စေမယ်ဟု မ​တွေးထားမိ၊ အတန်း၃က​ကောင်​တွေမှာ အားကစားစိတ်ဓါတ်ဟူ၍မရှိ၊ ​သူများကိုရန်စဖို့​လောက်ပဲတတ်ကာအောက်တန်းကျပြီး ရွံစရာ​ကောင်းသည်။

သူ ဂျုံ​​ဆောင်း၏လက်​မောင်းအားဆွဲလိုက်ကာ
ဆိုလိုက်သည်။

"သွားမယ် "

ဂျုံ​ဆောင်းကမ​ကျေမနပ်​တောက်​​ခေါက်သံနှင့်အတူ
သူဆွဲ​ခေါ်ရာ​တရွတ်တိုက်နီးပါး ပါလာခဲ့သည်။

သူက ရန်ဖြစ်ဖို့ရာပျင်းရိလွန်း​နေပြီး
သည်လိုငချွတ်​​ကောင်​တွေနှင့် ဖက်ဖြစ်ဖို့လည်းစိတ်မပါ၊

"ဘာလဲ ​ပြေးပြီလား င​ကြောက်​လေး​တွေ.."

"​ပြေးဖို့ပဲတတ်တာမလား၊  "

"လဲသွားတဲ့အ​ခြောက်​လေး​ရော၊ ​နေ​ကောင်းရဲ့လား။
အာ..​မေ့လို့ အခုထိ​ဆေးရုံမှာလို့ကြားတယ်၊ ဟုတ်လား၊​ခြေ​ထောက်​တော်​တော်ထိသွားတယ်ဆို စိတ်မ​ကောင်းစရာပဲ၊ ကျိုးသွားရင်ပို​ကောင်းမှာ​နော်
ဟား..ဟား..ဟား.."

"တစ်ခါတည်း​ခေါင်းနဲ့​ဆောင့်ပြီး ဂန့်သွားရင်အ​ကောင်းဆုံးပဲ"

"​မ​အေ**"

ဂျုံ​ဆောင်း၏ဆဲဆိုသံနှင့်အတူ ရုန်းဖယ်သွား​သောလက်အား သူလိုက်ဆွဲမ​နေ​တော့၊

ထိုအစား သူကပို၍သွက်လက်​​သော​ခြေလှမ်းတို့ဖြင့်
​နောက်ကိုလှည့်ကာ ထိုဂြိုလ်ကြွ​နေ​သော ချဥ်စုတ်စုတ်မျက်နှာအား ခွပ်ခနဲ အားအပြည့်ဖြင့်ထိုးချလိုက်​တော့သည်။

လဲကျသွား​သောကိုယ်ထည်နှင့်အတူ ထိုလူ၏နှာ​ခေါင်းနှစ်​​ပေါက်ထံမှ ယိုစီးကျလာ​သော အနီ​ရောင်အရည်များ..

ပတ်၀န်းကျင်က ၂စက္ကန့်ခန့်တိတ်ဆိတ်သွားဟန်ပင်၊

ထို့​နောက် ထိုလူက နာကျင်စွာငြီးငြူသံနှင့်အတူ
သူ၏နှာ​ခေါင်းမှ​သွေးများကို လက်ဖြင့်ပွတ်ယူရင်း
​ဒေါသတကြီးဆိုလာ​​လေသည်။

"-ီးပဲ မင်း​တော့​သေပြီ !"

_____________________________

ရန်ပွဲက အတန်း၁ကရှင်းဂျယ်ယွန်းတစ်​ယောက်
ကွင်း​ဘေးကဖြတ်မသွားခင်အထိကြာမြင့်ခဲ့သည်ဟုဆိုရမည်။

သိပ်မကြာခင်မှာပင် အတန်းကြီးတချို့နှင့် ကာယဆရာလည်း​ရောက်လာပြီး ရန်ပွဲအားအပြီးသတ်​စေခဲ့သည်။

ကာယဆရာဖြစ်သူမှာ မိမိတို့အား​သေ​လောင်​အောင် ဆူဆဲပစ်ချင်​နေပုံရ​သော်လည်း ​သွေးထွက်လွန်ကာ ​မျော့​နေပြီဖြစ်​သော အတန်း၃ဘက်က​ကောင်​ကြောင့်
​ဆေးရုံပို့ရန်အလုပ်များ​နေသည််မို့ အချိန်မရပုံပင်၊

မတတ်နိုင် ​စည်း​ဖောက်ကာ ​ခေါက်ဓါးအ​သေးကို အရင်ထုတ်လာသည်က ထို​ကောင်အမှားဖြစ်သည်၊ မိမိက ကိုယ်အထိမနာရ​​အောင် ဖိထားလိုက်ရုံသာ၊

အတန်းကြီး​တွေနဲ့အတူပါလာ​​သော ဟီဆွန်း​​ဟျောင်းမှ သူ့အားမျက်​မှောင်ကျုံ့လျက်ကြည့်​ရင်း အနားသို့​လျှောက်လာခဲ့သည်။

"ထိသွား​သေးလား "

အနည်းငယ်​ပေါက်ပြဲ​နေ​သောနှုတ်ခမ်းကိုလက်မဖြင့်တို့ကြည့်ရင်း သူမသာမယာစွာပြန်​ဖြေလိုက်သည်။

"နည်းနည်း "

"​အဲဒီ​​သောက်​ကောင်​တွေအရင်စတာ ၊
ဓါး​တောင်ထုတ်လာတယ် ၊ ​အဲ​ခွေးမျိုးကို ငါအ​​သေလုပ်မှာ "

ဂျုံ​ဆောင်း၏​ကျောင်းယူနီ​ဖောင်းက ညစ်​ပေလျက် တွန့်​ကြေ​နေခဲ့သည်။

စီနီယာတန်းမှအတန်း​ခေါင်း​ဆောင်လည်းဖြစ်
ပတ်​ဆောင်ဟွန်း၏တ၀မ်းကွဲအစ်ကိုလည်းဖြစ်သူ
လီဟီဆွန်းက​တော့ မိမိ​ရှေ့မှအရှူပ်ထုတ်နှစ်​ကောင်ကို
မျက်​​မှောင်ကျုံ့လျက်ကာကြည့်မိ​တော့သည်။

"​တော်လိုက်​တော့၊ ဒီတစ်ခါဖြစ်တဲ့ကိစ္စကကြီးတယ်၊
ဓါးထုတ်လာတာက ဟိုဘက်ကဆို​ပေမယ့် မင်းတို့အပြစ်လည်းလွတ်မယ်ထင်လား၊ အ၀တ်အစားလဲပြီး ​ဆေးခန်းကိုသွား၊ ပြီးရင်​တော့ ခံ၀န်​ရေး မိဘ​တွေ​​ခေါ်ပြီး ရုံးခန်းမှာ​သွားစောင့်​နေ​၊ "

"ရှီးဘားလ်.."

ခပ်တိုးတိုးကျိန်ဆဲသံနှင့်အတူ ဂျုံ​ဆောင်းလည်း မ​ကျေမနပ်နှင့်လှည့်ထွက်သွားခဲ့​တော့သည်။

"ပြီး​တော့မင်း "

လှည့်ထွက်ခါနီးသူ့အား သြ၀ါဒ​ခြွေ​တော့မည့်ပုံ​ပေါ်​နေသဖြင့် ပတ်​ဆောင်ဟွန်း စိတ်ထဲမှ ကျိန်ဆဲမိရင်း ပါး​စောင်အားလျှာဖြင်ွအသာထိုးလိုက်မိသည်။

"ခဏခဏပြသနာရှာမ​နေလို့မရဘူးလား၊
အိမ်ကလူ​တွေ​တွေက တချိန်လုံးမင်းပြသနာချည်းပဲ လိုက်ရှင်း​ပေး​နေဖို့အချိန်မရှိဘူး၊ အထက်တန်းပဲ​ရောက်​နေပြီ နည်းနည်းရင့်ကျက်စမ်းပါ၊
တကယ်​သေသွားရင်ဘယ်လိုလုပ်မလဲ၊
ငယ်ငယ်ရွယ်ရွယ်နဲ့​ထောင်ထဲ၀င်ချင်​နေတာလား "

"အင်း ..​ကျောင်းတက်ရတာအရမ်းပျင်းလို့​လေ "

"ဒီ​ခွေးမျိုး.."

"အာ..ပြီး​တော့ အဲ​ကောင်မ​သေဘူး၊ အလတ်ကြီး၊
သူ့ဘာသူအ​ကြောက်လွန်ပြီး​မျော့သွားတာ ၊
သွားပြီ၊ ရုံးခန်းမှာ​စောင့်​နေမယ်၊ "

​ကျောခိုင်းရင်းတာ့တာပြသွား​သော တ၀မ်းကွဲညီီဂြိုလ်​ကောင်အား လီဟီဆွန်း​မေတ္တာ​တွေသာပို့မိနေ​တော့သည်။

________________________

"စပ်ရင်နည်းနည်းသည်းခံ​နော် "

ပတ်​ဆောင်ဟွန်းတစ်​ယောက် ​ခုံတွင်​တောင့်​တောင့်ကြီးထိုင်ရင်း သူ၏​ရှေ့မှ ၅စင်တီမီတာခန့်သာ
ကွာ​ေ၀း​သော မျက်နှာ​လေးအားကြည့်​နေမိသည်။

နှုတ်ခမ်း​ထောင့်ထံမှ စပ်ဖျင်းဖျင်းအထိအ​တွေ့နှင့်အတူ တဖျက်ဖျက်ခတ်သွား​သော မျက်​တောင်​ရှည်များ၊

အာရုံစူးစိုက်​နေ​သော အ​ရောင်​ဖျော့​ဖျော့မျက်၀န်းများ၊ အဆီများများရှိပုံ​ပေါ်​သော ခပ်အိအိပါးစုန့်တို့က ​​ဖောင်းတက်လာသည်နှင့်အတူ စု၀ိုင်း​နေ​သော နှုတ်ခမ်းတစ်စုံထံမှ သူ၏နှုတ်ခမ်း​ထောင့်ထံသို့ ခပ်​အေး​အေး​​လေစု​လေး တိုး​​ေ၀ှ့လာလျှင် သူချက်ချင်း​ခေါင်းကို​နောက်ဆုတ်ကာ​​ရှောင်လိုက်မိသည်။

"ဘာလုပ်တာလဲ "

ကိုယ်ကို​​ရှေ့သို့ကိုင်းလျက်သားနှင့်
သူ့အားနားမလည်သည့်နှယ် ကြည့်လာသည့်
အညို​ရောင်မျက်လုံး၀ိုင်း၀ိုင်းများ၊

"စပ်​နေမှာစိုးလို့မှုတ်​ပေးတာ​လေ "

စကား​ပြောလိုက်တိုင်းပွင့်ဟလာ​သော ခပ်ချွန်ချွန်နှုတ်ခမ်း​များက နှုတ်ခမ်းအဆီဆိုးထားသည့်နှယ်
ရွှန်းစို​နေခဲ့သည်။

"ခင်များဆီက ဘတ်တီးရီးယား​တွေကူးကုန်မှာ "

"ဘာ."

သူပါးစပ်ထဲရှိရာ​လျှောက်​ပြော​မိလျှင်
တဖက်လူထံမှ မျက်​စောင်းကဒိုင်းခနဲ​ရောက်လာခဲ့သည်။

ကြည့်ပါလား၊ ဘယ်လိုကြည့်ကြည့်ငါးနှစ်သားရုပ်နဲ့

သူ့ထက်ငယ်တဲ့ပုံ​ပေါက်တဲ့ဒီလူက ဘယ်လိုလုပ် ​ကျောင်းဆရာ၀န်ဖြစ်မှာလဲ ၊ လိမ်​နေတာပဲဖြစ်မှာ၊

​ဆေးတို့ထား​သော၀ါဂွမ်းကို မ​ကျေမနပ်ပစ်ချလိုက်ပြီး ​ဆေးပုလင်းများကိုသိမ်း​နေသည့်ပုံကပင် ရယ်စရာ​​ကောင်းလွန်း​နေသည်။

ဟမ့်..

သူနှာ​ခေါင်းရှုံ့ကာထွက်သွားမည်အလုပ်

​နောက်​ကျောကအသံစူးစူး​လေးကထွက်လာခဲ့သည်။

"ဒါကဘယ်လဲ "

သူက​ဘောင်းဘီအိတ်ထဲလက်ထည့်ထားလျက်မှ
​နောက်ပြန်လှည့်ကြည့်လိုက်သည်။

"ဘယ်ဖြစ်ဖြစ်​ပေါ့၊
ဘာလဲ​ ​ကျောင်း​ဆေးခန်းက​ရော
​ဆေးဖိုး​ပေးရ​​သေးတာလား "

ထိုဆရာ၀န်​ပေါက်စက​တော့ သူ၏ရန်စသံကို ဂရုစိုက်ဖို့ပင်ပျင်း​နေသည့်ဟန်ဖြင့် လက်အိတ်တဖက်စွပ်လိုက်ပြီး ကျန်လက်တဖက်က သူ၏အင်္ကျီစက်ိုဆွဲလျက် အခန်းထဲပြန်​​ခေါ်လာခဲ့သည်။

"ခင်များ ဘာလုပ်."

သူ့စကားမဆုံးခင်မှာပဲ လက်ဖျံသို့ကျ​ရောက်လာ​သော ​လောင်ကျွမ်းသည့်အထိအ​တွေ့က
သူ့အား ပင့်သက်ပင်ရှိုက်မိ​စေ​လေ၏။

"အာ့.."

​သွေး​အေး​သောဆရာ၀န်​လေးက​တော့
သူ၏လက်ဖျံမှ သူပင်သတိမထားမိ​သော
ပြတ်ရှရာကြီးအား
အရက်ပြန်တစ်ပုလင်းလုံး​မှောက်ထားပုံရသည်
ဂွမ်းစဖြင့် အ​သေဖိကပ်ထားခဲ့​လေသည်။

"​သွေးတိတ်သွားရင် ၂ချက်ချုပ်ရမယ် "

သူ၏မ​ကျေမနပ်အကြည့်ကို မသိချင်​ယောင်​ဆောင်လျက် ဆရာ၀န်​လေးမှာ သူ၏​first aid kit​လေးကိုဖွင့်လျက် အပ်​ကောက်​လေးအား ဟန်ပါပါပိုးသတ်​နေရင်းဆိုလာသည်။

"အစိမ်းချုပ်မှာဆို​တော့ နာလည်းသည်းခံ​နော် "

ပါးအို့​လေးများမို့တက်လျက် မျက်လုံး​လေးများ​ကွေးသည်အထိပြုံးလျက် ဆိုလာသည့် မျက်နှာ​လေးကိုကြည့်လျက် သူ့မှာ ရယ်သာရယ်လိုက်ချင်​တော့သည်။



Zawgyi


"x နဲ႕ yက ၀င္ရိုးတစ္ခုတည္းမွာရွိ​တာ​​ေၾကာင့္မို႔.."

​​ေဘးဘက္​ေကာ္ရစ္တာဆီမွ ​ေျခသံတိုးတိုး​ေလးက
နဂိုထဲကစာထဲအာ႐ုံမလာ​ေသာ သူ၏စိတ္အစဥ္ကို
ဆြဲယူသြားခဲ့သည္။

"ဒီႏွစ္ခုက ​ေထာင့္မွန္က်​ေနတာမို႔လို႔
ပထမတစ္ပုဒ္ကလိုပဲ တူညီတဲ့ပုံ​ေသနည္းနဲ႕ တြက္ရင္.. "

​စာသင္ခန္းရဲ႕​ေရွ႕ဆုံးမွာရပ္ၿပီး အားႀကိဳးမာန္တက္
ရွင္းျပ​ေန​ေသာ သခၤ်ာဆရာ၏အသံက သူ၏နားထဲ၀င္တစ္ခ်က္မ၀င္တစ္ခ်က္ ၊

အတန္း၏​​ေနာက္ဆုံးခုံတြင္ပ်င္းတိပ်င္း႐ြဲထိုင္​ေနရင္း
သူ၏အၾကည့္တို႔က သူ၏ခုံႏွင့္ တစ္တန္းထဲတြင္ရွိ​ေနပါ​ေသာ စာသင္ခန္း၏အ​ေနာက္တံခါး​ေပါက္ထံ ​ေ႐ြ႕လ်ားသြားမိလ်က္

​ေကာ္ရစ္တာမွ​ေျခသံတိုးတိုး​ေလးႏွင့္အတူ သူ၏ျမင္ကြင္းထဲသို႔အျဖဴ​ေရာင္ပုံရိပ္​ေလးတစ္ခု
လွစ္ခနဲ၀င္​ေရာက္​လာ၏။

"ဒီအခ်ိန္ၿပီးရင္ ကြင္းထဲသြားမယ္၊
အတန္း ၃က​ေကာင္​​ေတြ နည္းနည္းၿဂိဳလ္ႂကြ​ေနတယ္၊
သူတို႔ အ​ေဖဘယ္သူလဲဆိုတာ​ေမ့​ေနၿပီထင္တယ္"

​ေဘးခုံမွ ဂ်ဳံ​ေဆာင္းရဲ႕ ႂကြ​ေစာင္း​ေစာင္းစကားသံကို သူပ်င္းရိစြာ​ေခါင္းၿငိမ့္လိုက္ရင္း သူ၏မ်က္လုံး​ေတြက​ေတာ့
​​ေကာ္ရစ္တာမွအျဖဴ​ေရာင္ပုံရိပ္​ေလးထံကပ္တြယ္​ေနမိသည္။

ကင္​​​ေဆာႏူ.
လြန္ခဲ့တဲ့သုံးလကမွအသစ္​ေရာက္လာ​ေသာ
​ေက်ာင္း​ေဆးခန္းက ဆရာ၀န္၊

လက္ထဲတြင္ပိုက္ထား​ေသာ ကတ္ထူပုံး​ေလးထဲဘာ​ေတြပါလဲ​ေတာ့မသိ၊ အ​ေသာ့ႏွင္​ေန​ေသာ​ေျခလွမ္း​ေသး​ေသး​ေလး​ေတြႏွင့္ ဂ်ဴတီကုတ္အျဖဴ​ေလးက
​ေနာက္တြင္တလြင့္လြင့္က်န္​ေနရစ္သည့္ပုံက
ရယ္ခ်င္စရာ..

"ဟမ့္.. က​ေလး႐ုပ္နဲ႕ "

သူ၏ခပ္တိုးတိုးခနဲ႕သံကိုၾကား​ေတာ့ ဂ်ဳံ​ေဆာင္းက
သူ႕ဘက္လွည့္လာခဲ့ျပန္သည္။

"ဘာ​ေျပာတာ "

"ဘာမွမဟုတ္ဘူး " သူကစားပြဲခုံတြင္​ေမွာက္အိပ္လိုက္ရင္း ဆိုလိုက္သည္။

"မင္းသြားရင္ငါ့ကိုႏွိုးလိုက္"

_______________________________

"မင္းက ဘာ​ေကာင္မို႔လဲ "
"စီနီယာကိုဘယ္လိုဆက္ဆံရမလဲ မသိတဲ့ ​ေကာင္​ေတြပဲ ​ေဟ်ာင္းကနည္းနည္းသင္ျပ​ေပးရမလား "

အတန္း၃နဲ႕ သူတို႔အတန္းက မႏွစ္ကအားကစားၿပိဳင္ပြဲမွာ အႀကိတ္အနယ္ျဖစ္ဖူးၾကသည္။ မိမိတို႔အတန္းမွႏွစ္တိုင္း​ေတာက္​ေလွ်ာက္ ခ်န္ပီယံျဖစ္လာခဲ့​ေပမယ့္ မႏွစ္ကလက္ဆင့္ကမ္း​ေျပးပြဲမွာ ၿပိဳင္ပြဲ၀င္အတန္းသားက ​ေျခ​ေခ်ာ္လဲၿပီး​ေတာ့ ဆုႏွင့္လြဲခဲ့ရ​ေလသည္။
အဲဒီကတည္းက ဒီ​ေကာင္​ေတြ​ေစာင္းႂကြ​ေနတာမၿပီး​ေတာ့၊

"သင္​ေပးလဲဘာထူးမွာလဲ ​ေျခ​ေခ်ာ္လဲၿပီး အ​ေျခာက္လိုငိုဖို႔ပဲတတ္တာကိုး "

"ဒီ​​ေ-ာက္​ေကာင္က​ေတာ့ ​ေခြးစကားအ​ေတာ္တတ္​ေနတာပဲ ဟမ္ "

ဂ်ဳံ​ေဆာင္းရဲ႕​ေဒါသက​ေထာင္းခနဲမို႔
ထို​ေကာင္အား၀င္မလုံးခင္ မနည္းဆြဲထားရသည္။

ပထမက​ေတာ့ သူလည္းပ်င္းရိ​ေနတာနဲ႕အတူတူအတန္းခြဲၿပီး ​ဘတ္စကတ္​ေဘာ​ေဆာ့ဖို႔ရည္႐ြယ္ခ်က္ႏွင့္ထြက္လာခဲ့​ေပမယ့္ ရန္ပြဲကိုဦးတည္သြား​ေစမယ္ဟု မ​ေတြးထားမိ၊ အတန္း၃က​ေကာင္​ေတြမွာ အားကစားစိတ္ဓါတ္ဟူ၍မရွိ၊ ​သူမ်ားကိုရန္စဖို႔​ေလာက္ပဲတတ္ကာေအာက္တန္းက်ၿပီး ႐ြံစရာ​ေကာင္းသည္။

သူ ဂ်ဳံ​​ေဆာင္း၏လက္​ေမာင္းအားဆြဲလိုက္ကာ
ဆိုလိုက္သည္။

"သြားမယ္ "

ဂ်ဳံ​ေဆာင္းကမ​ေက်မနပ္​ေတာက္​​ေခါက္သံႏွင့္အတူ
သူဆြဲ​ေခၚရာ​တ႐ြတ္တိုက္နီးပါး ပါလာခဲ့သည္။

သူက ရန္ျဖစ္ဖို႔ရာပ်င္းရိလြန္း​ေနၿပီး
သည္လိုငခြၽတ္​​ေကာင္​ေတြႏွင့္ ဖက္ျဖစ္ဖို႔လည္းစိတ္မပါ၊

"ဘာလဲ ​ေျပးၿပီလား င​ေၾကာက္​ေလး​ေတြ.."

"​ေျပးဖို႔ပဲတတ္တာမလား၊  "

"လဲသြားတဲ့အ​ေျခာက္​ေလး​ေရာ၊ ​ေန​ေကာင္းရဲ႕လား။
အာ..​ေမ့လို႔ အခုထိ​ေဆး႐ုံမွာလို႔ၾကားတယ္၊ ဟုတ္လား၊​ေျခ​ေထာက္​ေတာ္​ေတာ္ထိသြားတယ္ဆို စိတ္မ​ေကာင္းစရာပဲ၊ က်ိဳးသြားရင္ပို​ေကာင္းမွာ​ေနာ္
ဟား..ဟား..ဟား.."

"တစ္ခါတည္း​ေခါင္းနဲ႕​ေဆာင့္ၿပီး ဂန့္သြားရင္အ​ေကာင္းဆုံးပဲ"

"​မ​ေအ**"

ဂ်ဳံ​ေဆာင္း၏ဆဲဆိုသံႏွင့္အတူ ႐ုန္းဖယ္သြား​ေသာလက္အား သူလိုက္ဆြဲမ​ေန​ေတာ့၊

ထိုအစား သူကပို၍သြက္လက္​​ေသာ​ေျခလွမ္းတို႔ျဖင့္
​ေနာက္ကိုလွည့္ကာ ထိုၿဂိဳလ္ႂကြ​ေန​ေသာ ခ်ဥ္စုတ္စုတ္မ်က္ႏွာအား ခြပ္ခနဲ အားအျပည့္ျဖင့္ထိုးခ်လိဳက္​ေတာ့သည္။

လဲက်သြား​ေသာကိုယ္ထည္ႏွင့္အတူ ထိုလူ၏ႏွာ​ေခါင္းႏွစ္​​ေပါက္ထံမွ ယိုစီးက်လာ​ေသာ အနီ​ေရာင္အရည္မ်ား..

ပတ္၀န္းက်င္က ၂စကၠန့္ခန့္တိတ္ဆိတ္သြားဟန္ပင္၊

ထို႔​ေနာက္ ထိုလူက နာက်င္စြာၿငီးျငဴသံႏွင့္အတူ
သူ၏ႏွာ​ေခါင္းမွ​ေသြးမ်ားကို လက္ျဖင့္ပြတ္ယူရင္း
​ေဒါသတႀကီးဆိုလာ​​ေလသည္။

"-ီးပဲ မင္း​ေတာ့​ေသၿပီ !"

_____________________________

ရန္ပြဲက အတန္း၁ကရွင္းဂ်ယ္ယြန္းတစ္​ေယာက္
ကြင္း​ေဘးကျဖတ္မသြားခင္အထိၾကာျမင့္ခဲ့သည္ဟုဆိုရမည္။

သိပ္မၾကာခင္မွာပင္ အတန္းႀကီးတခ်ိဳ႕ႏွင့္ ကာယဆရာလည္း​ေရာက္လာၿပီး ရန္ပြဲအားအၿပီးသတ္​ေစခဲ့သည္။

ကာယဆရာျဖစ္သူမွာ မိမိတို႔အား​ေသ​ေလာင္​ေအာင္ ဆူဆဲပစ္ခ်င္​ေနပုံရ​ေသာ္လည္း ​ေသြးထြက္လြန္ကာ ​ေမ်ာ့​ေနၿပီျဖစ္​ေသာ အတန္း၃ဘက္က​ေကာင္​ေၾကာင့္
​ေဆး႐ုံပို႔ရန္အလုပ္မ်ား​ေနသည္္မို႔ အခ်ိန္မရပုံပင္၊

မတတ္နိုင္ ​စည္း​ေဖာက္ကာ ​ေခါက္ဓါးအ​ေသးကို အရင္ထုတ္လာသည္က ထို​ေကာင္အမွားျဖစ္သည္၊ မိမိက ကိုယ္အထိမနာရ​​ေအာင္ ဖိထားလိုက္႐ုံသာ၊

အတန္းႀကီး​ေတြနဲ႕အတူပါလာ​​ေသာ ဟီဆြန္း​​ေဟ်ာင္းမွ သူ႕အားမ်က္​ေမွာင္က်ဳံ႕လ်က္ၾကည့္​ရင္း အနားသို႔​ေလွ်ာက္လာခဲ့သည္။

"ထိသြား​ေသးလား "

အနည္းငယ္​ေပါက္ၿပဲ​ေန​ေသာႏႈတ္ခမ္းကိုလက္မျဖင့္တို႔ၾကည့္ရင္း သူမသာမယာစြာျပန္​ေျဖလိုက္သည္။

"နည္းနည္း "

"​အဲဒီ​​ေသာက္​ေကာင္​ေတြအရင္စတာ ၊
ဓါး​ေတာင္ထုတ္လာတယ္ ၊ ​အဲ​ေခြးမ်ိဳးကို ငါအ​​ေသလုပ္မွာ "

ဂ်ဳံ​ေဆာင္း၏​ေက်ာင္းယူနီ​ေဖာင္းက ညစ္​ေပလ်က္ တြန့္​ေၾက​ေနခဲ့သည္။

စီနီယာတန္းမွအတန္း​ေခါင္း​ေဆာင္လည္းျဖစ္
ပတ္​ေဆာင္ဟြန္း၏တ၀မ္းကြဲအစ္ကိုလည္းျဖစ္သူ
လီဟီဆြန္းက​ေတာ့ မိမိ​ေရွ႕မွအရႉပ္ထုတ္ႏွစ္​ေကာင္ကို
မ်က္​​ေမွာင္က်ဳံ႕လ်က္ကာၾကည့္မိ​ေတာ့သည္။

"​ေတာ္လိုက္​ေတာ့၊ ဒီတစ္ခါျဖစ္တဲ့ကိစၥကႀကီးတယ္၊
ဓါးထုတ္လာတာက ဟိုဘက္ကဆို​ေပမယ့္ မင္းတို႔အျပစ္လည္းလြတ္မယ္ထင္လား၊ အ၀တ္အစားလဲၿပီး ​ေဆးခန္းကိုသြား၊ ၿပီးရင္​ေတာ့ ခံ၀န္​ေရး မိဘ​ေတြ​​ေခၚၿပီး ႐ုံးခန္းမွာ​သြားေစာင့္​ေန​၊ "

"ရွီးဘားလ္.."

ခပ္တိုးတိုးက်ိန္ဆဲသံႏွင့္အတူ ဂ်ဳံ​ေဆာင္းလည္း မ​ေက်မနပ္ႏွင့္လွည့္ထြက္သြားခဲ့​ေတာ့သည္။

"ၿပီး​ေတာ့မင္း "

လွည့္ထြက္ခါနီးသူ႕အား ၾသ၀ါဒ​ေႁခြ​ေတာ့မည့္ပုံ​ေပၚ​ေနသျဖင့္ ပတ္​ေဆာင္ဟြန္း စိတ္ထဲမွ က်ိန္ဆဲမိရင္း ပါး​ေစာင္အားလွ်ာျဖင္ြအသာထိုးလိုက္မိသည္။

"ခဏခဏျပသနာရွာမ​ေနလို႔မရဘူးလား၊
အိမ္ကလူ​ေတြ​ေတြက တခ်ိန္လုံးမင္းျပသနာခ်ည္းပဲ လိုက္ရွင္း​ေပး​ေနဖို႔အခ်ိန္မရွိဘူး၊ အထက္တန္းပဲ​ေရာက္​ေနၿပီ နည္းနည္းရင့္က်က္စမ္းပါ၊
ဟိုက ဓါးနဲ႕အ​ေသထိုးသြားရင္ဘယ္လိုလုပ္မလဲ၊
ၿပီး​ေတာ့ ဟို​ေကာင္တကယ္​ေသသြားရင္ဘယ္လိုလုပ္မလဲ၊ ငယ္ငယ္႐ြယ္႐ြယ္နဲ႕​ေထာင္ထဲ၀င္ခ်င္​ေနတာလား "

"အင္း ..​ေက်ာင္းတက္ရတာအရမ္းပ်င္းလို႔​ေလ "

"ဒီ​ေခြးမ်ိဳး.."

"အာ..ၿပီး​ေတာ့ အဲ​ေကာင္မ​ေသဘူး၊ အလတ္ႀကီး၊
သူ႕ဘာသူအ​ေၾကာက္လြန္ၿပီး​ေမ်ာ့သြားတာ ၊
သြားၿပီ၊ ႐ုံးခန္းမွာ​ေစာင့္​ေနမယ္၊ "

​ေက်ာခိုင္းရင္းတာ့တာျပသြား​ေသာ တ၀မ္းကြဲညီီဂ
ၿဂိဳလ္​ေကာင္အား လီဟီဆြန္း​ေမတၱာ​ေတြသာပို႔မိေန​ေတာ့သည္။

________________________

"စပ္ရင္နည္းနည္းသည္းခံ​ေနာ္ "

ပတ္​ေဆာင္ဟြန္းတစ္​ေယာက္ ​ခုံတြင္​ေတာင့္​ေတာင့္ႀကီးထိုင္ရင္း သူ၏​ေရွ႕မွ ၅စင္တီမီတာခန့္သာကြာ​ေ၀း​ေသာ မ်က္ႏွာ​ေလးအားၾကည့္​ေနမိသည္။

ႏႈတ္ခမ္း​ေထာင့္ထံမွ စပ္ဖ်င္းဖ်င္းအထိအ​ေတြ႕ႏွင့္အတူ တဖ်က္ဖ်က္ခတ္သြား​ေသာ မ်က္​ေတာင္​ရွည္မ်ား၊

အာ႐ုံစူးစိုက္​ေန​ေသာ အ​ေရာင္​ေဖ်ာ့​ေဖ်ာ့မ်က္၀န္းမ်ား၊ အဆီမ်ားမ်ားရွိပုံ​ေပၚ​ေသာ ခပ္အိအိပါးစုန့္တို႔က ​​ေဖာင္းတက္လာသည္ႏွင့္အတူ စု၀ိုင္း​ေန​ေသာ ႏႈတ္ခမ္းတစ္စုံထံမွ သူ၏ႏႈတ္ခမ္း​ေထာင့္ထံသို႔ ခပ္​ေအး​ေအး​​ေလစု​ေလး တိုး​​ေ၀ွ႕လာလွ်င္ သူခ်က္ခ်င္း​ေခါင္းကို​ေနာက္ဆုတ္ကာ​​ေရွာင္လိုက္မိသည္။

"ဘာလုပ္တာလဲ "

ကိုယ္ကို​​ေရွ႕သို႔ကိုင္းလ်က္သားႏွင့္ သူ႕အားနားမလည္သည့္ႏွယ္ ၾကည့္လာသည့္ အညို​ေရာင္မ်က္လုံး၀ိုင္း၀ိုင္းမ်ား၊

"စပ္​ေနမွာစိုးလို႔မႈတ္​ေပးတာ​ေလ "

စကား​ေျပာလိုက္တိုင္းပြင့္ဟလာ​ေသာ ခပ္ခြၽန္ခြၽန္ႏႈတ္ခမ္း​မ်ားက ႏႈတ္ခမ္းအဆီဆိုးထားသည့္ႏွယ္
႐ႊန္းစို​ေနခဲ့သည္။

"ခင္မ်ားဆီက ဘတ္တီးရီးယား​ေတြကူးကုန္မွာ "

"ဘာ."

သူပါးစပ္ထဲရွိရာ​ေလွ်ာက္​ေျပာ​မိလွ်င္
တဖက္လူထံမွ မ်က္​ေစာင္းကဒိုင္းခနဲ​ေရာက္လာခဲ့သည္။

ၾကည့္ပါလား၊ ဘယ္လိုၾကည့္ၾကည့္ငါးႏွစ္သား႐ုပ္နဲ႕

သူ႕ထက္ငယ္တဲ့ပုံ​ေပါက္တဲ့ဒီလူက ဘယ္လိုလုပ္ ​ေက်ာင္းဆရာ၀န္ျဖစ္မွာလဲ ၊ လိမ္​ေနတာပဲျဖစ္မွာ၊

​ေဆးတို႔ထား​ေသာ၀ါဂြမ္းကို မ​ေက်မနပ္ပစ္ခ်လိဳက္ၿပီး ​ေဆးပုလင္းမ်ားကိုသိမ္း​ေနသည့္ပုံကပင္ ရယ္စရာ​​ေကာင္းလြန္း​ေနသည္။

ဟမ့္..

သူႏွာ​ေခါင္းရႈံ႕ကာထြက္သြားမည္အလုပ္

​ေနာက္​ေက်ာကအသံစူးစူး​ေလးကထြက္လာခဲ့သည္။

"ဒါကဘယ္လဲ "

သူက​ေဘာင္းဘီအိတ္ထဲလက္ထည့္ထားလ်က္မွ
​ေနာက္ျပန္လွည့္ၾကည့္လိုက္သည္။

"႐ုံးခန္း​​ေပါ့၊ ဘာလဲ​ ​ေက်ာင္း​ေဆးခန္းက​ေရာ
​ေဆးဖိုး​ေပးရ​​ေသးတာလား "

ထိုဆရာ၀န္​ေပါက္စက​ေတာ့ သူ၏ရန္စသံကို ဂ႐ုစိုက္ဖို႔ပင္ပ်င္း​ေနသည့္ဟန္ျဖင့္ လက္အိတ္တဖက္စြပ္လိုက္ၿပီး က်န္လက္တဖက္က သူ၏အကၤ်ီစက္ိုဆြဲလ်က္ အခန္းထဲျပန္​​ေခၚလာခဲ့သည္။

"ခင္မ်ား ဘာလုပ္."

သူ႕စကားမဆုံးခင္မွာပဲ လက္ဖ်ံသို႔က်​ေရာက္လာ​ေသာ ​ေလာင္ကြၽမ္းသည့္အထိအ​ေတြ႕က သူ႕အား ပင့္သက္ပင္ရွိုက္မိ​ေစ​ေလ၏။

"အာ့.."

​ေသြး​ေအး​ေသာဆရာ၀န္​ေလးက​ေတာ့ သူ၏လက္ဖ်ံမွ သူပင္သတိမထားမိ​ေသာ ျပတ္ရွရာႀကီးအား
အရက္ျပန္တစ္ပုလင္းလုံး​ေမွာက္ထားပုံရသည့္ ဂြမ္းစျဖင့္ အ​ေသဖိကပ္ထားခဲ့​ေလသည္။

"​ေသြးတိတ္သြားရင္ ၂ခ်က္ခ်ဳပ္ရမယ္ "

သူ၏မ​ေက်မနပ္အၾကည့္ကို မသိခ်င္​ေယာင္​ေဆာင္လ်က္ ဆရာ၀န္​ေလးမွာ သူ၏​first aid kit​ေလးကိုဖြင့္လ်က္ အပ္​ေကာက္​ေလးအား ဟန္ပါပါပိုးသတ္​ေနရင္းဆိုလာသည္။

"အစိမ္းခ်ဳပ္မွာဆို​ေတာ့ နာလည္းသည္းခံ​ေနာ္ "

ပါးအို႔​ေလးမ်ားမို႔တက္လ်က္ မ်က္လုံး​ေလးမ်ား​ေကြးသည္အထိၿပဳံးလ်က္ ဆိုလာသည့္ မ်က္ႏွာ​ေလးကိုၾကည့္လ်က္ သူ႕မွာ ရယ္သာရယ္လိုက္ခ်င္​ေတာ့သည္။





Continue lendo

VocΓͺ tambΓ©m vai gostar

646K 31.1K 26
π“π‘πž π”π§πžπ±π©πžπœπ­πžπ 𝐬𝐞𝐫𝐒𝐞𝐬 ~ 𝐁𝐨𝐨𝐀 𝟐 Sara Zafar, once a vibrant, effervescent spirit, embarks on a new chapter of her life in New Y...
4.1M 260K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
2.4M 141K 46
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
771K 45K 37
|ROSES AND CIGARETTES Book-I| She was someone who likes to be in her shell and He was someone who likes to break all the shells. "Junoon ban chuki ho...