Let me Love you

By hhi_hein

7.5K 1K 148

You can run away from me as much as you like, But in the end you have to come back to me , love ♡ More

LMLY (1)
LMLY (2)
LMLY (3)
LMLY (4)
LMLY (5)
LMLY (6)
LMLY (7)
LMLY ( 9 )

LMLY (8)

574 89 22
By hhi_hein


Zawgi









ဘာဖွဈခငြျနတောလဲ ။

ဒါက ဝတ်တရားအရလုပျနတောလား
မသိပမေယ့ျ Jennie စိတျထဲတော့ သူမကို
လာပွီး Flirt နတေယျလို့ပဲ ခံစားနရေတယျ ။

မနေ့ကကြ တခွားသူနဲ့ Date နတေယ့ျ
လူက အခုကမြှ ဘာလို့လာပွီး
လိုတာထကျပိုပွီး လာဂရုစိုကျပွနတောလဲ ။

















































_






































_






မရှိတော့ personal ကိစ်စဖွဈမယျ


ဘာ personal ကိစ်စတှမြေား
ရှိနသေလဲမသိ ။



TBC.

ကွာသှားပါတယျ :'))))

Unicode




ဧည့်ခန်းထဲက ရောက်လာတယ့်
Jennie ရဲ့မျက်နှာဟာ ခပ်တင်းတင်းပင် ။
သူ့ကိုတောင် ရှိတယ်ဆိုတာ သတိထားမိရဲ့လား
မသိ ။ ချက်ချင်း အိမ်ပြင်ထွက်သွားတယ့်
Jennie အနောက်ကို Jisoo အမှီလိုက်
ခဲ့ရသည် ။

အနောက်က ခြေသံကို ကြားလို့
ထင်ပါရဲ့ ။ Jennie က လှည့်ကြည့်လာသည် ။
ဘာလဲဆိုတယ့် သဘောနဲ့ မျက်ခုံးပင့်ပြသည် ။

" ဟို...အပြင်မှာ ကားမတွေ့လို့
ကားမပါလာဘူး မှတ်လား..."

" ဟုတ်ကဲ့ "

" ဟို အဲ့ဆို လိုက်ပို့ပေးမယ်လေ "

" တော်ပါပြီ ။ ကျွန်မ Taxi နဲ့ပဲ
ပြန်လိုက်ပါ့မယ် "

စကားဆုံးတာနဲ့ ပြန်လှည့်ထွက်ဖို့
ပြင်နေတယ့် Jennie ရဲ့ လက်ကို လှမ်းဆွဲ
လိုက်မိသည် ။

" အချိန်လွန်နေပြီ...ဒီအချိန် Taxi စီးလို့
မကောင်းပါဘူး ။ လိုက်ပို့ပေးပါ့မယ် "

ပြောပြီး အရှေ့က ထွက်သွားတယ့်
Kim Jisoo ကြောင့် သူမမှာ
ဘာမှပင် မပြောလိုက်နိုင် ။ ဒီလူက
ဘာဖြစ်ချင်နေတာလဲ ။

ဒါက ဝတ္တရားအရလုပ်နေတာလား
မသိပေမယ့် Jennie စိတ်ထဲတော့ သူမကို
လာပြီး Flirt နေတယ်လို့ပဲ ခံစားနေရတယ် ။

မနေ့ကကျ တခြားသူနဲ့ Date နေတယ့်
လူက အခုကျမှ ဘာလို့လာပြီး
လိုတာထက်ပိုပြီး လာဂရုစိုက်ပြနေတာလဲ ။

အမြင်ကတ်ဖို့ ကောင်းလိုက်တာ ။

သူမ ခြံထဲက ထွက်လာတော့
Jisoo က ကားအဆင်သင့်နဲ့ စောင့်နေသည် ။
စောင့်နေကာမှတော့ မလိုက်လို့‌လည်း
မကောင်းတော့တာမို့ ကားထဲ
ဝင်ထိုင်လိုက်သည် ။

ဒီကားကို မနေ့က မိန်းကလေးကော
စီးခဲ့သေးလားမသိ ။

အိမ်ပြန်နေတယ့်လမ်းတစ်လျှောက်လုံး
ကိုယ့်ကိုကိုယ် စိတ်ကောက်မှန်းမသိ
စိတ်ကောက်နေတယ့် Jennie နဲ့
ဘေးနားက ကောင်မလေးနဲ့ အရိပ်အကဲကို
တကြည့်ကြည့် လုပ်နေတယ့် Jisoo တို့ကြား
လေထုဟာ အေးစက် တိတ်ဆိတ်နေသည် ။

မနေနိုင်စွာဖြင့် Jisoo ကပဲ

" ဟို...တစ်ခုခု စားမလားဟင် "

" တော်ပါပြီ "

" ဒီနားမှာ ညဈေးတန်းရှိတယ်ကြားတယ် ။
အရမ်းစုံတယ်တယ့်..."

သိပ်ကို သွားချင်နေပုံပေါ်တယ့်
Jisoo ကို မသိမသာ မျက်စောင်းထိုးလိုက်မိတယ် ။ ပြီးတော့ ရွဲ့ချင်တယ့် စိတ်ဖြင့်

" Date ဖို့အတွက်နေရာကောင်းပဲ ။ Jisoo ရဲ့
ကောင်မလေးနဲ့အတူပဲ သွားလိုက်ပါ..."

သူမပြောလိုက်သော စကားကြောင့်
Jisoo က အူကြောင်ကြောင်ဖြင့်
သူမကို လာကြည့်လာသည် ။ ကားအရှိန်ကိုလည်း အနည်းငယ် လျော့လိုက်တာကို
သတိထားမိသည် ။

" ကောင်မလေး ? ဘာတွေပြောနေတာလဲ
Jennie ရဲ့ ။ ငါ့မှာ ကောင်မလေး မရှိပါဘူး..."

" အော်...ဟုတ်သားနော် ။ အခုမှ စတွေ့ကြတာ
ဆိုတော့ အချိန်ယူရအုံးမှာပဲ ။ Blind date တွေက အဲ့လိုပါပဲ ။ တွေ့ပြီးရင် ရင်းနှီးဖို့
အချိန်ယူကြရတယ် ဒါပေမယ့် နောက်ပိုင်းကြရင် အဆင်ပြေသွားမှာပါ..."

" Blind date?  Jennie လုပ်ခဲ့တာလား "

ကားကို လမ်းဘေးချရပ်ပြီး
သူမကို မေးခွန်းပြန်ထုတ်နေတယ့်
Jisoo ကြောင့် မျက်မှောင်ကြုံ၍ သူ့ကို
ကြည့်လိုက်မိသည် ။ တကယ်ပါပဲ
စိတ်ကို မရှည်ချင်တော့ဘူး ။

"  ကျွန်မက လုပ်စရာလား ။ Blind date လုပ်တယ်ဆိုတာကလေ ကိုယ့်အစွမ်းအစကိုယ်
မယုံကြည်တယ့်လူတွေပဲ လုပ်တာ ။ ကျွန်မကတော့ ကျွန်မအစွမ်းအစနဲ့ပဲ ‌Date မှာ..."

"  Date နေတယ့် လူရှိတာလား..."

" အခုတော့ မရှိသေးပါဘူး ။ နောက်ကျရင်တော့ မပြောတတ်ဘူးလေ ။ အမ်...မကြာခင်တော့ Date ဖြစ်တော့မယ်ထင်တယ် ။ ဘေးပတ်ပတ်လည်က Joohyun တို့ကော
Jisoo တို့ကောက  အတွဲတွေနဲ့ချည်းပဲဆိုတော့လေ ကျွန်မလည်း လိုအပ်လာပြီထင်တယ်..."

သူမ ပြောတယ့် စကားကို
အူကြောင်ကြောင်ရုပ်နဲ့ စဉ်းစားဟန်ပြုနေတယ့်
Kim Jisoo ကို တော်တော်လေး
ကြည့်မရဖြစ်လာပြီ ။

" Joohyun က Seulgi နဲ့မို့
မှန်ပေမယ့်....ငါကကော ဘာလို့လဲဟင် "

" Date နေတယ့် ကောင်မလေး
ရှိတယ် မဟုတ်ဘူးလား..."

Jennie ခပ်စွာစွာလေသံဖြင့်
စိတ်မရှည်စွာ ပြန်မေးလိုက်သည် ။
မသိတယ့် လူတွေမြင်ရင် အတွဲတွေ
စကားများနေတယ် ထင်လောက်တယ် ။

" မရှိပါဘူး...ပေါက်ပေါက်ရှာရှာ..."

" ညာမနေနဲ့ ! မနေ့က Ice cream ဆိုင်မှာ
ထိုင် Date နေတာ ကျွန်မတွေ့တယ် "

" Ice cream ဆိုင်မှာ Date တယ် ?
မ Date ပါဘူး..."

တကယ်ပါပဲ အူတူတူ ရုပ်နဲ့
ဒီ Kim Jisoo !

" Date ပါတယ်ဆို ! "

" အတည် မ Date ပါဆိုဘူး "

" အဲ့ဆို အတူထိုင်နေတယ့် မိန်းကလေးက
ဘယ်သူလဲ ! "

" အော်...အဲ့...အဲ့တာက ဆိုင်ထဲမှာ
ဝိုင်းအလွတ်မရှိလို့ ဝင်ပြီး လာထိုင်နေတာပါ ။
သိတောင်မသိဘူး အဲ့တာ ပထမဆုံး မြင်ဖူးတာပဲ "

" အဲ့တာဆို ဘာလို့ ပြုံးပြီး စကားပြောနေကြတာလဲ! "

" သူက နေရာပေးလို့ ကျေးဇူးတင်ကြောင်း
ပြောနေတာပါ "

" ကျေးဇူးတင်စကားပြောတာ
အဲ့လောက်ကြာလား..."

" ဟို...အဲ့တာက သူက အခုမှ ဆိုးလ်ရောက်လာတာမို့  စားသောက်ဆိုင်တွေအကြောင်း
မေးနေလို့ပါ  "

" အတူတူစားကြမို့လား "

သူမမေးလိုက်တော့ Jisoo က
ပြာပြာသလဲပင် လက်ခါပြီး

" မဟုတ်ပါဘူး...Jennie ကလဲ ။
သူဟာသူ စားမို့ပါ ။ ဒီတိုင်း အကြံပြုချက်
ပေးလိုက်ရုံပါပဲ..."

Jennie ဘာမှ ဆက်မပြောပဲ
တိတ်နေလိုက်သည် ။ ဘေးနားက
Jisoo က လက်ဖဝါးနှစ်ခုကို ပွတ်နေရင်း
ဟိုကြည့်ဒီကြည့်နှင့် အူကြောင်ကြောင်လေး
လုပ်နေသည် ။

' အူယားစရာ '

ပြသာနာရှာသလို ရစ်သလိုများ
ဖြစ်သွားလားမသိ ။ Jennie နဲ့လည်း
မဆိုင်ပါဘဲနဲ့ ။

စိတ်ကလည်း ဘာလို့
လွတ်ကျသွားမှန်းမသိ ။ ဒါပေမယ့်လည်း
စိတ်ထဲ ကျေနပ်သွားသလိုတော့
ခံစားလိုက်ရသည် ။ ဘာကြောင့်မှန်းရယ်
တော့မသိပါ ။

" ကားဘယ်အချိန်ထိ ရပ်ထားအုံးမှာလဲ "

" အာ....ဟုတ်သား "

သူမမေးလိုက်ကာမှ Jisoo
သတိဝင်တယ့်ဟန်နဲ့ ‌ကားကို နေရာကနေ
ဖြေးဖြေးချင်းထွက်လာခဲ့သည် ။

" ဟို...အိမ်လိုက်ပို့ပေးရမှာလား..."

တွန့်ဆုတ် တွန့်ဆုတ်အသံနဲ့ မေးတယ့်
Jisoo အမေးကို မဖြေသေးဘဲ
ချောင်းတစ်ချက်ဟန့်လိုက်မိသည် ။ ပြီးမှ
ခပ်တည်တည်မျက်နှာနဲ့ Jisoo ကို
ကြည့်လိုက်ကာ

" ညဈေးတန်းသွားမယ်ဆို..."

သူမအပြောကြောင့် ချက်ချင်း ပြုံးသွားတယ့်
Jisoo ကို ကြည့်ပြီး Jennie ပါ တဖက် ကား‌ပြတတင်း‌ေပါက်ဘက်လှည့်ကာ
နှစ်ခြိုက်စွာပင် ပြုံးလိုက်မိတော့တသည်...။

_

ညမုန့်ဈေးတန်းက ပြန်ရောက်တော့
Jisoo က သူမကို အိမ်လိုက်ပို့ပေးသည် ။
သူမ ကားပေါ်က ဆင်းကာ  အိမ်မှာ
စားဖို့ဆိုပြီး Jisoo  ဝယ်ပေးလိုက်တယ့်
ကားနောက်ခန်းက စားစရာအထုပ်တွေကို
ယူမယ်လုပ်တော့ Jisoo က ကားပေါ်က
ဆင်းလာပြီး အထုပ်တွေကို သယ်ပေးသည် ။

Jennie သူ့လက်ထဲက ယူမယ်လုပ်တော့
သူက ခေါင်းခါပြီး

" သယ်ပြီး လိုက်ပို့ပေးပါ့မယ်...။ Jennie က
ဟိုဘက်က အိတ်ကို သယ်လာလိုက်ပါ "

သူမေ့ငေါ့ပြရာ ကြည့်ပြီး
သူမ သွားယူကာ အိတ်ထဲကိုကြည့်လိုက်မိတော့
Ice cream ဗူးတွေဖြစ်‌သည် ။  အကုန်လုံးက
သူမ သဘောကျတယ့်  flavor တွေပဲမို့
သဘောတကျပြုံးမိသွားရင်း Jisoo ကို
ကြည့်မိတော့ Jisoo က သူမကို ကြည့်ရင်း
နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေသည် ။

အဲ့နောက် Jisoo က သူမကို
တိုက်ခန်းထဲထိ စားစရာအထုပ်တွေ
သယ်ကူပြီး လိုက်ပို့ပေးသည် ။

ဒီနေ့ အိမ်ရှင်းထားမိတာ
တော်သေးတယ် ပြောရမည် ။ မဟုတ်ရင်
Jennie တစ်ယောက် မျက်နှာပူနေရမှာ ။

" Coffee သောက်အုံးမလား "

စားပွဲပေါ် စားစရာ အထုပ်တွေ
သေချာအစီအစဉ်တကျချပေးနေတယ့်
Jisoo ကို ကြည့်ရင်း သူမ မေးလိုက်သည် ။ 
Jisoo က ခေါင်းအသာခါပြရင်း

" တော်ပါပြီ...။ အများကြီးစားလာတာဆိုတော့
ဗိုက်ပြည့်နေပါပြီ "

" Coffee က ဗိုက်ဆာမှ သောက်တယ့်ဟာ
မဟုတ်တာ "

သူ့ကို မျက်နှာဆူပုတ်ပုတ်နဲ့ အလိုမကျစွာ
ပြောနေတယ့် မိန်းကလေးကြောင့်
Jisoo ပြုံးမိသွားပြန်သည် ။

သူ့ကို ‌သောက်မလားလို့ မေးခွန်းမေးတာ
ဒီတိုင်းသက်သက်ပဲနေမယ် ။ သူ မသောက်ဘူးဆိုလည်း မသောက်ဘဲနေလို့မရဘူးဆိုတာ
ဆူပုတ်ပုတ် မိန်းကလေးရဲ့ မျက်နှာပေးနဲ့တင်
နားလည်လိုက်ပြီ ။

သူခေါင်းညိမ့်ပြီး သောက်ပါ့မယ် လို့
ပြောကာမှ ကျေနပ်သွားသလို တစ်ချက်ပြုံး
သွားရင်း Coffee သွားဖျော်တယ့် Jennie
ကို ကြည့်ရင်း Jisoo ရဲ့ရင်ထဲ ကြည်နူးမှုတွေ
အများကြီး စီးဆင်းသွားလို ခံစားလိုက်ရသည် ။

ဒီမိန်းကလေးက သူ့ညီမကို စာပြနေတယ့်
Guide ပြီးတော့ College တစ်ခုရဲ့
Professor ဆိုတာတောင်
မယုံချင်သလိုဖြစ်လာပြီ....။

' ချစ်ဖို့ကောင်းလိုက်တာ...'

Coffee ဖျော်ရင်း အလုပ်ရှုပ်နေတယ့်
ကောင်မလေးကို လှမ်းကြည့်ရင်း
Jisoo မှတ်ချက်ပေးလိုက်မိတယ်...။

ထိုစဉ် ဖုန်းထဲ message ဝင်လာတာ
ကြောင့် အိတ်ကပ်ထဲက ထုတ်ကြည့်လိုက်တော့ Yujin ဆီက ဖြစ်သည် ။

' 11တောင်ထိုးနေပြီ '

' အိမ်ပြန်လိုက်ပို့တာလား
ဒါမှမဟုတ် မိန်းမ ခိုးပြေးသွားတာလား ? '

' အဲ့လောက်အထိ အဖြစ်မရှိတာ
သိပေမယ့်လည်း....'

သူ့ကို သက်သက်စနေမှန်းသိတာမို့
သက်ပြင်းချလိုက်မိတယ် ။

'  ထင်ချင်သလိုထင် '

ထို့သို့ပြန်ပို့ပြီး ဖုန်းပြန်ပိတ်လိုက်သည် ။

Jennie နဲ့ သက်သောင့်သက်သာ အရမ်း
ရှိနေတာမျိုးမဟုတ်ပေမယ့် အနေခက်တာမျိုးတော့ အရမ်း မခံစားမိဘူးထင်တယ် ။
သက်သောင့်သက်သာ အရမ်းမရှိဘူးဆိုတာ
ကလည်း သူ စကားသိပ်မပြောတတ်လို့
ထင်ပါတယ် ။

အများအားဖြင့် သူက စကားစတယ့်
ဆိုပေမယ့် စကားဆက်တာက Jennie ပဲ
ဖြစ်မယ်တူတယ် ။ သူက Game ဆော့တယ့်
နေရာမှာပဲတော်တာ စကားဖောင်ဖွဲ့ဖို့တော့
ဘာမှ မသိဘူး  ။

Jennie ကတော့ သူနဲ့ရှိနေတာ  သက်သောင့်သက်သာ ရှိတယ့်ပုံပေါ်တာ
ကြောင့် Jisoo ကျေနပ်မိသည် ။
ပြောစရာရှိတာပြော ၊ မကျေနပ်ရင် မကျေနပ်သလို ဖော်ပြတတ်တယ့် မိန်းက‌လေးမျိူးကို
Jisoo သိပ်သဘောကျသည် ။

Coffee သောက်ပြီးတော့ အတော်လေး
နောက်ကျနေပြီ ဖြစ်တာကြောင့် စကားဖောင်ဖွဲ့ဖို့
မလုပ်တော့ဘဲ ပြန်ရတော့သည် ။
Jennie က တိုက်ခန်းအောက်က Jisoo ရဲ့ကား
ရပ်ထားတယ့် နေရာနားလေးအထိ လိုက်ပို့ပေးသည် ။

" နောက်ကျနေပြီ...ဂရုစိုက်ပြန်အုံးနော် "

Jisoo နှစ်နှစ်ခြိုက်ခြိုက်ပြုံး၍
ခေါင်းညိမ့်လိုက်သည် ။

" ဟုတ်ကဲ့ပါ "

" အိမ်ပြန်ရောက်ရင် ဖုန်း...."

ပြောနေရင်းမှ ရုတ်တရက် Jennie
စကားရပ်လိုက်မိသည် ။ အဲ့လောက်ထိ
ပြောဖို့ရာအထိ
သူတို့နှစ်ယောက်ဆက်ဆံရေးက
မလုံလောက်သေးဘူး မဟုတ်လား...။

" ဖုန်းဆက်လိုက်ပါ့မယ်‌...အဲ့ဆို သွားပြီနော် Byeee "

သူမကို နှုတ်ဆက်၍ နေရာမှ
မောင်းထွက်သွားသော ပြိုင်ကားလေးကို
မျက်စိတစ်ဆုံးလိုက်ငေးနေမိသည် ။

လူကသာ အူကြောင်ကြောင်ပေမယ့်
သဘောပေါက်ချင်တယ့် နေရာကျတော့
သဘောပေါက်သားပဲလို့
တွေးရင်း ပြုံးမိသွားသည် ။

သူမရဲ့ နှုတ်ခမ်းထက်က
အပြုံးဟာ ဘာကြောင့်များလည်း
သူမ ကိုယ်တိုင်ပင် သတိမထားမိလိုက်ချေ ။

" အရူး..."

_

အလုပ်ကိစ္စကြောင့် အပြင်ရောက်နေရင်း
Jisoo ရဲ့ Company နားရောက်‌နေတာကြောင့်
Jisoo ကို Seulgi ဖုန်းခေါ်လိုက်သည် ။
နေ့လည်စာစားချိန်နီးပြီဆိုတော့
ကြုံတုန်း Kim Jisoo ကို ဈေးကြီးတယ့်
ဆိုင်ခေါ်ပြီး ဝယ်ကျွေးခိုင်းရင်
ကောင်းမလားပေါ့ ။

ဒါပေမယ့် ကျေးဇူးရှင်က
ဖုန်းမကိုင်တာကြောင့် Seulgi သူ့
ရုံးခန်းဆီတက်လာခဲ့လိုက်သည် ။
အခန်းရှေ့ရောက်တော့ Jisoo ရဲ့ အတွင်း
ရေးမှူးက  သူ့ကို နှုတ်ဆက်ပြီး

" အာ...CEO က အပြင်သွားတယ်ရှင့်..."

" အပြင် ? ဘယ်သွားတာလည်း
သိလား "

Seulgi မေးတော့ Jisoo ရဲ့
အတွင်းရေးမှူး ခဏစဉ်းစားဟန်ပြုကာ

" နေ့လယ်စာသွားစားမယ်ဆိုလားပဲ
ဖုန်းပြောပြီး ထွက်သွားပါတယ်ရှင့် ။ Schedule
ထဲမှာတော့ နေ့လယ်ခင်း ချိန်းထားတယ့်လူ
မရှိတော့ personal ကိစ္စဖြစ်မယ်
ထင်ပါတယ် "

" အော်...ဟုတ်ပါပြီ ။ ကျေးဇူးပါနော် "

ထိုသို့ပြောပြီး Seulgi နေရာကနေ
ထွက်လာခဲ့လိုက်သည် ။ Kim Jisoo မှာ
ဘာ personal ကိစ္စတွေများ
ရှိနေသလဲမသိ ။

Game နဲ့ သူ့ညီမ အပြင် မသိတယ့်လူမို့
သူငယ်ချင်းဆိုတောင် Seulgi တစ်ယောက်ပဲ
မယ်မယ်ရရ ရှိတာ ။

' ဒီ Kim Jisoo ငါ့မပြောဘဲ
ကြင်ဖက်များ တွေ့နေသလားပဲ '

TBC.
တကယ့်ကို Long time no see

ရေးထားတာကြာနေပေမယ့်
ခုမှ အဆုံးသတ်လိုက်ရလို့ပါ :')
မျက်လုံးက အားစိုက်လို့
အဆင်မပြေသေးလို့ နားထားရင်း
ပျင်းသွားရင်းနဲ့ တော်တော်လေးကို
ကြာသွားပါတယ် :'))))

Continue Reading

You'll Also Like

188K 4.1K 26
"I only fuck girls who want to be fucked, flipped over and banged, Sunshine and..." "And that's what I want, daddy. Exactly what I want from you." * ...
2.4M 142K 46
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
804K 23.8K 64
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...
1.3M 116K 42
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...