LMLY (6)

707 100 6
                                    

Unicode


မနေ့ညက ဝိုင်နည်းနည်းနဲ့
ဆိုဂျူနည်းနည်းပဲ ဝင်ခဲ့ပေမယ့်
နိုးလာတော့ နည်းနည်းမူးနောက်နောက်
ဖြစ်နေသည် ။
သူမဘေးနားမှာ ရောက်နေတယ့်
ဖုန်းကို ကောက်ယူလိုက်သည် ။

ဘယ်အချိန်လည်း ကြည့်ဖို့
ယူလိုက်တာ မှန်ပေမယ့်
ဖုန်းဖန်သားပြင်ပေါ်က Message
တစ်စောင်ကြောင့် ငေါက်ခနဲ
‌ထထိုင်လိုက်မိသည် ။

' ဟုတ်ကဲ့ Good morning ပါ '

အချိန်က မနေ့ည 11:46 က ။
ဘယ်အရူးက Jennie ကို ဒီလို
ပို့ထားတာလဲ ။ 12 တောင် မကျော်သေးတယ့်
အချိန်ထဲက ဖြစ်သည် ။

Jennie Message chat ထဲ
ဝင်ကြည့်ပြီးတော့ သူမကိုယ်သူမ
ကျိန်ဆဲလိုက်မိသည် ။

" ချီးပဲ ငါက စပို့ထားတာလား...။
ဘယ်သူ့ကို ပို့ထားမိတာလဲ..."

Unknown ဖြစ်နေတယ့်
ဖုန်းနံပတ်သာ ရှိတယ့် ဖုန်းကို
သူမ ကောက်ဆက်လိုက်သည် ။
College က အကြီးအကဲတွေတော့
ဖြစ်နေလောက်ပါဘူး ။
Jennie က သူတို့ကို နမည်တွေနဲ့
မှတ်ထားတာ ။

ဒါဆို အခု unknown ဖုန်းနံပတ်က
ဘယ်သူလဲ ။ ဘယ်သူ့ကို သူမ
ဒီလို ရူးကြောင်ကြောင်
စာပို့လိုက်တာလဲ ။ အပို့ခံရတယ့်လူက
လည်း ခပ်ကြောင်ကြောင်
‌ငကြောင်တစ်ယောက်ဖြစ်မယ်
ထင်တယ် ။

သူမ ဒီလိုရူးကြောင်ကြောင်ပို့တယ့်
စာကို ဒီလိုရူးကြောင်ကြောင်
ပြန်ပို့ပေးကတည်းက
ဒါ‌ သူမကိုကြောင်ဖို့
စောင့်နေတယ့်လူပဲနေမှာ ။

တဖက်က ဖုန်းကိုင်လိုက်သည် ။
Jennie မဝံ့မရဲ ဘာပြောရမှန်း
မသိဘဲ ငြိမ်နေတော့ တဖက်ကနေ

" Jennie..."

Jennie ကိုယ့်ပါးစပ်ကိုယ်
အုပ်လိုက်မိတယ် ။ ဒါJisoo ရဲ့
အသံပဲ ။ သူ့ရဲ့ဩရှရှအသံ‌နဲ့ Jennie
လို့ ခေါ်တတ်တယ့်အသံကို
အသည်းထဲစွဲတယ့်အထိ
မှတ်မိတယ် ။

" Jisooလား..."

" ဟုတ်ကဲ့ Jisoo ပါ ။ ဒါနဲ့ အမ်...."

ဘာဆက်ပြောရမှန်းမသိဘဲ
Jisoo အသံတိတ်သွားသည် ။ သူ
Jennie ကို ဘာပြောသင့်တာလဲ ။

" အမူးပြေသွားပြီလား မေးလိုက်..."

နားနားသို့ ကပ်လာတယ့် Yujin ရဲ့
အသံကြောင့် လန့်သွားသည် ။
သူမျက်မှောင်ကြုံ၍ ကြည့်လိုက်တော့၊
Yujin က သူ့ကို ‌လျှာထုတ်ပြောင်၍
အိမ်ပေါ်ထပ် ပြေးတက်သွားသည် ။

Let me Love you Where stories live. Discover now