စွဲမက်ဖွယ်ကောင်းသော မိန်းမပျိ...

By PyaeNway

247K 24.2K 362

( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်... More

Description
1. မီးထဲတွင် ပြန်လည်မွေးဖွားခြင်း
2. စိတ်ထားယုတ်ညံတဲ့ အဒေါ်
3. ပထမဆုံးအကြိမ် တွေ့ဆုံခြင်း
4. အိမ်ဟောင်းရှိ လျှိုဝှက်ချက်များ
5. ဇီတန်ဥယျာဥ်မှ သူခိုး
6. ယုတ်ညံသောအစေခံကို အပြစ်ပေးခြင်း
7. သစ်ခွလက်ဆောင်ပေးဖို့ အစီအစဥ်ဆွဲခြင်း
8. မြို့တော်သို့ မောင်းနှင်လာခြင်း
9. မြို့တော်တံခါးတွင် ခိုက်ရန်ဖြစ်ပွားခြင်း
10. ကြောင်သူတော်ယောင်ဆောင်သော အမကို အနိုင်ယူခြင်း
11. မို့ဟွာဝမ်အား နှုတ်ဆက်ဂါရဝပြုခြင်း
12. အဒေါ်ဖန်၏အကြောင်းကို ဖော်ထုတ်ခြင်း
13. လိဟွာဥယျာဥ်​တွင် အဒေါ်ဖန်၏ ကာကွယ်ပြောဆိုခြင်း
14. ရန်သူများ ထပ်မံတွေ့ဆုံခြင်း
15. မိုရွှမ်မင် ငြင်းပယ်ခံရသည်
16. ချင်ဝေ့ဥယျာဥ်၌ ညီနှမများကြား တိုက်ပွဲ
17. ဗိုလ်ချုပ်အိမ်တော်တွင် ဝမ်းကွဲများ တွေ့ဆုံကြခြင်း
18 . ပိုင်ရီဟောက်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း
19 . တွေ့ဆုံသည်
20 . အပေးအယူ
21. ညီအစ်မနှစ်ယောက် ရန်ဖြစ်ရင်း အပြစ်ပေးခံရတယ်
22. အဒေါ်ဖန်က လှည့်ကွက်တွေ ထပ်သုံးပြန်တယ်
23. စာအုပ်ဟောင်းရှိ မှတ်စုများ
24. ထူးဆန်းသော ပြန်လည်ပေးဆပ်ခြင်း ဘုရားကျောင်း
25. ဗုဒ္ဓခန်းမတွင် မိတ်ဟောင်းဆွေဟောင်းနဲ့ တွေ့ဆုံခြင်း
26 . ဗိမာန်တော်ရှိ လူယုတ်မာ ဇာတ်ကွက်များ
27. သူမ၏ဖျားနာမှုကိုအသုံးချ၍ ကြံစည်ခြင်း
28. အကြီးဆုံးအမ၏ အကြံအစည်ကျဆုံးခြင်း (1)
29. အကြီးဆုံးအမ၏ အကြံအစည်ကျဆုံးခြင်း (2)
30. မို့ရွှီတုန်းက ဝင်ရောက်နှောက်ယှက်သည် ။
31. အဒေါ်ကိုအပြစ်တင်သည်
32. မိသားစုဓလေ့ထုံးစံများ (1)
33. မိသားစုဓလေ့ထုံးစံများ (2)
34 . ဖခင်၏အမွေကို စီစဉ်ကူညီပေးခြင်း။
35. တော်ဝင်မင်းသမီး မင်ဇူး
36. မို့ရွှမ်မင် ဖျားနာဟန်ဆောင်သည်
37. မို့ရွှမ်မင်၏ကြံစည်မှုကို ဖျက်ဆီးခြင်း
38. နောက်ကွယ်က လှည့်ကွက်
39. အကြံအစည်ကို ပြောင်းပြန်လှန်ခြင်း
40 . အမေနဲ့သမီနှစ်ယောက်က ဖုချင်ဥယျာဥ်တွင် ထပ်ကြံစည်ပြန်သည်
41. ပန်းလေးမြတ်ပွဲ
42. သခင်မလေး လင်းမင်ရန်
43 . တရားဝင်သမီး
44. နတ်ဆိုးဆန်ပြီး လတစ်စင်းကဲသို့ လှပသောအမျိုးသားနှစ်ဦး
45 . ယုရန်ချန်၏ အမျက်ဒေါ်သ
46. ပြိုင်ပွဲ
47 . ပန်းလေးမြတ်ပွဲ၌ ဧကရီ
48 .တော်ဝင်မင်းသမီးသည် အတိတ်ကို ပြန်အမှတ်ရသောအခါ ဒေါသကြီးလာသည်
49. ဒါအားလုံးဟာ ဥပဒေတစ်ခုပါပဲ
50 . မို့ရွှမ်မင်၏ သရုပ်မှန်
51. နန်းတော်၌ တစ်ညတာ ကုန်ဆုံးခြင်း
52. မို့ရွှမ်မင်၏ မြင့်မြတ်သောအိပ်မက်များအဆုံးသတ်ခြင်း
53. မို့ရွှမ်မင်၏ စုတ်ပြဲနေသော ဂုဏ်သိက္ခာကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာခဲ့သည်
54. သခင်မရွှီ
55. နန်းတော်မှ တစ်စုံတစ်ယောက်၏ မထင်မှတ်ထားသော အသွင်အပြင်
56. လျှို့ဝှက်ဆန်းကြယ်ပြီး လူဆိတ်ညံနေသော ခြံဝင်း
57. ဧကရီသည် မင်းသားရှောင်ထံ အလှတရားများ ပေးပို့သည်
58. ဧကရီ၏ အစီအစဥ်
59. ထိုအဝတ်အစားများနှင့် ပြဿနာ
60. အောင်သွယ်တော် မို့ရွှီတုန်း
61. သခင်ယု
62. ယုမိသားစု၏ အကြံ
63. ရန်သူများ တွေ့ဆုံခြင်း
64 . အတိတ်၏မုန်းတီးမှုနှင့် ယနေ့မုန်းတီးမှု
65. တန်ပြန်တိုက်ခိုက်မှု
66. စိတ်အနှောက်အယှက်ဖြစ်စေသော မင်းသာရှောင်
67. ရန်ယင်းကုက သူမကို ရင်းနှီးဖို့ကြိုးစားတယ်
68. အဖေနှင့်ဒုတိယဦးလေးကြား သဘောတူညီချက်
69. ပိုင်ရီဟောက်၏ အစီအစဥ်
70. မိုဟယ်၏ စိတ်ခံစားချက်များကို အသုံးချခြင်း
71. ချင်းကို လေ့လာရန် ဖိအားပေးသည်
72. သခင်မအိုကြီးမို ပြန်ရောက်လာပြီ
73. ဘက်လိုက်သော သခင်မကြီး
74. ယုစီလုံက မို့အိမ်တော်ကို လာရောက်သည်
74. ယုစီလုံက မို့အိမ်တော်ကို လာရောက်သည်
75. ယုတ္တိမရှိသော ယုစီလုံ ကို နှင်ထုတ်ခြင်း
76. မင်းသားရှောင်သည် သူ့ချစ်သူနှင့် ညအချိန်တွင် တွေ့ဆုံသည်
77. ကိုယ်လုပ်တော်သမီးများက ဒုက္ခဖြစ်စေသည်
78. မို့ရွှမ်ချောင် ထိမှန်သွားသည်
79. အခြားအစီအစဉ်ဖြင့် သွားခြင်း
80. ဇီးပွင့်သစ်တောတွင် မင်းသားရှောင် နှင့် ထပ်မံတွေ့ဆုံသည်
81. မင်းသားရှောင်က အကြွေးပြန်ဆပ်ဖို့ တောင်းဆိုတယ်
82. မို့ရွှမ်မင်၏ အရန်အစီအစဉ်
83. မို့အိမ်တော်၏ အတွင်းရင်ပြင်တွင် ပြဿနာတက်ခြင်း
84. မို့ရွှမ်မင်က သနားဟန်ဆောင်သည်
85. မို့ရွှမ်မင်၏ အဆိပ်ကို ဖော်ထုတ်ခြင်း
86. မို့ရွှီတုန်းကို ပြစ်ဒဏ်ပေးခြင်း
87. မနာလိုသော ဝမ်းကွဲ ရန်ယင်းကု
88. စာကြည့်ဆောင်အတွင်း မနာလိုသောအမျိုးသမီးနှစ်ဦး
89. ငါ မင်းကို တက်ဖို့ ကူညီပေးမယ်
90. မို့အိမ်တော်ကို မီးရှို့သည်
91. မင်းသားရှောင်က မီးလောင်ကျွမ်းမှုကို စောင့်ကြည့်သည်
92. မို့ဟွာဝမ်ကို ရာထူးတိုးမြှင့်ပေးခြင်း
93. အဒေါ်ဖန်က သူမ၏ကိုယ်ဝန်ကို ကြေငြာလိုက်တယ်
94. မို့ရွှီတုန်း မူးမေ့လဲခြင်း
95. မို့ရွှီတုန်းသည် အသက်ရှင်လိုသောဆန္ဒကို ဆုံးရှုံးသည်
96. ပိုင်ရီဟောက် ရောက်ရှိလာခြင်း
97. မင်းသားချူးက မင်းသားရှောင် အ်ိမ်တော်သိို့ အလည်ပတ်ရောက်လာသည်
98. ဆယ်မိုင်ကြာပန်းများနှင့် မယုံနိုင်စရာမြင်ကွင်း
99. မို့ရွှီတုန်းရဲ့ နှလုံးသားထဲကကြိုးထုံး
100. ည၌ သီးသန့် စကားဝိုင်း
101. လိဟွာဥယျာဉ်ရှိ မိခင်နှင့်သမီးကြားရှိ အစီအစဉ်
102. အစီအစဥ် ပေါ်လာသည်
103. ပြန်လမ်းမရှိသော မိုဟယ်
104. ချင်းလျံ ဘုရားကျောင်းသို့ခရီးစဉ်
105. ဘုရားကျောင်းထဲမှာ မို့ရွှီတုန်းက ​​အစီအစဥ်တစ်ခုနဲ့ ပိတ်မိသွားတယ်
106. ယုစီလုံ၏ ရှုံးနိမ့်မှုအတွက် အပြစ်တင်ခံရခြင်း
107. မိုက်မဲသော အစီအစဉ်
108. ယုစီလုံ၏ မကောင်းတဲ့ဆန္ဒ
109. သူမကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေမည့် နေရာကောင်း
110. ယုစီလုံ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့သည်
111. တော်ဝင်မင်းသမီး ရုတ်တရက် ပေါ်လာပြီး ကူညီပေးသည်
112. ချင်းလျံဘုရားကျောင်းမှ ဇီးပွင့်များ၏ ရနံ့
113. မို့ရွီတုန်းကို တဖန် ဆန့်ကျင်ရန် ကြံစည်သော ခေါင်းမာသည့် သခင်မယု
114 . အခြားသူများကို အပုပ်ချရန် ကြိုးစားသောသူများ၏ ကံတရား
115. ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှု
116. လျှို့ဝှက်ဆန်းကြယ်သော မို့ရွှီတုန်း၏ ပန်းထိုးဆိုင်
117. အဒေါ်ရဲ့ ချစ်စဖွယ်လုပ်ထားတဲ့ အိတ်နဲ့ ကျောက်စိမ်း
118. မို့ရွှမ်မင်၏ နောက်ထပ် ဆိုးရွားသော ဇာတ်ကွက်
119. နောက်ထပ်ဖြစ်ရပ်တစ်ခု
120. နောက်ထပ်ဖြစ်ရပ်တစ်ခု(2)
121. ချင်ဝေ့ဥယျာဥ်တွင် အဒေါ်ဖန်၏ ကလေးဆုံးရှုံးခြင်း
122.ပန်းကြာပန်းကို ခေါင်းအုံးအောက်တွင် တွေ့ရှိခဲ့တယ်
123. ဆိုးညစ်သောသားအမိသုံးယောက်က မို့ရွှီတုန်းကိုနှင်ထုတ်သည်
125. အဒေါ်ဖန်သည် သူမ၏ မကောင်းမှုများအတွက် ပေးဆပ်ခဲ့ပြီး သူမ၏အဆင့်အတန်းကို ဆုံးရှ
126. အေးစက်ပြီး မှောင်မိုက်နေသော မိုအိမ်တော်၏ နှက်သစ်ကူးအကြို
127. နှင်းကျသော နှစ်သက်ကူးညတွင် လျှောက်လည်ခြင်း (1)
128. နှင်းကျသော နှစ်သက်ကူးညတွင် လျှောက်လည်ခြင်း (2)
129. တင်အိမ်တော်၏ အလှလေး
130. အမျိုးသမီးဂျင်၏ ဓားသွား ဆံညှပ်
131. တစ်ဦးစီသည် ၎င်းတို့၏ ကိုယ်ပိုင် စိတ်ကူးများ ရှိသည်
132 . နှစ်သစ်ကူးအကြိုညတွင် မင်းသားရှောင် လုပ်ကြံခံရမှု
133. သီးသန့် တွေ့ဆုံပြီး အကြံစည်များချမှတ်ခြင်း
134. မို့ရွှမ်မင်သည် သူ့ညီမကို ကြံစည်ရန် သနားဟန်ဆောင်သည်
135. ရှန်းမင် မျှော်စင်တွင် အားလုံးစုဝေကြခြင်း
136. ကစားပွဲကောင်းများ တစ်ခုပြီးတစ်ခု
137 . မို့ရွီတုန်းသည် အမှောင်ထဲတွင် ခိုးကြောင်ခိုးဝှက်ကြည့်သည်
138. ဖန်ယုလန် ဒဏ်ရာရပြီး ကုသမူခံယူခဲ့ရသည်
139. စစ်ဝန်ကြီးအိမ်က မိုရွှမ်မင်ကို လက်ထပ်ဖို့ တောင်းရမ်းသည်
140. အဖေနဲ့သမီးကြားက အချိုးအကွေ့
141. စာကြည့်ဆောင်တွင် လှပသောမြွေက အသနားခံခြင်း
142.အားကိုးမရသော ကောလဟာလ
143. စီမာလင်းရန်၏အခြားအမျိုးသမီး
144. ဒေါ်သထွက်ဖို့ကောင်းသော သခင်လေးလိယွီမို
145. မို့ရွှမ်မင် အရိုက်ခံရသည်
146. ယုရန်ချန်ရဲ့ ကံဆိုးမှု
147. စီမာလင်းရန် မြို့တော်သို့ အမြန်ပြန်လာရခြင်း
148 . ကြီးမြတ်သောအိမ်တော်ကြီး လေးခု၏ ဒုက္ခ
149. လန်ချိလု မို့အိမ်တော်သို့ဝင်ရောက်လာခြင်း
150. အသရေပျက်ခြင်း
151. သူမ၏အဒေါ် ဘယ်လိုမှမဖြစ်လာနိုင်ဘူး
152. နန်းတော်တွင် တိုက်မိခြင်း
153. ထူးခြားသောနည်းလမ်းများဖြင့် မို့ရွှမ်မင် နန်းတော်ထဲသို့ ဝင်ရောက်ခြင်း
154.ဘယ်သူက အိမ်ရှေ့စံ ဖြစ်လာနိုင်သလဲ
155. စိတ်အနှောက်အယှက်ဖြစ်စေသော သူ
156. ယုရန်ချန်သည် မို့ရွှီတုန်းကို ခြိမ်းခြောက်သော်လည်း သူသာလျှင် အရှက်ကွဲခဲ့သည်
157 . ဧကရာဇ်ကိုယ်လုပ်တော်များကြား ပြိုင်ဆိုင်မှု
158. ခမ်းနားထည်ဝါသော ဝတ်စုံပေါ်ရှိ လိပ်ပြာနှစ်ကောင်
159. ဧည့်ခံပွဲ၌ အချစ်ကဗျာ
160. နန်းတော်ရှိ အိမ်အကူ၏ လျှို့ဝှက်သတင်းစကား
161. အချစ်ကဗျာကို ဘယ်သူရေးခဲ့သလဲ နှင့် နောက်ကွယ်က လျှို့ဝှက်ဆက်ဆံရေးကို ရှာဖွေခြ
162 . ပွဲအပြီးတွင် ဒုက္ခတွင်းပိတ်မိနေခြင်း
163 . အမှောင်ထဲရွိ သိမ်မွေ့သောထောင်ချောက်
164. ဇာတ်လမ်းကြည့်ရန် နေရာကောင်းတစ်ခု
165. ချင်းဖန်ဥယျာဉ်ရှိ စိတ်ဝင်စားစရာဇာတ်ပွဲ
166. ယုမင်ရုံ၏ အဖုအထစ်များ
167. ချင်းဖန်ဥယျာဉ်ရှိ စိတ်ဝင်စားစရာဇာတ်ပွဲ
168. အမှုကို ဦးဆောင်နေသောသူသည် မည်သူနည်း
169. စိတ်ဝင်စားစရာကောင်းသော ပွဲ
170. မင်ဇူးနန်းတော်တွင် တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်နေခဲ့သည်
171. တော်ဝင်ညီအစ်ကိုများ
172. နောက်ကလိုက်လာတဲ့ အလှလေး
173.နာကြည်းမှု
174. နန်းတော်အပြင်ဘက်တွင် ပြန်ပေးဆွဲခြင်း
175. ရထားပြေးခြင်းနှင့် ဘဝ၏သေခြင်းရှင်ကြား ရုန်းကန်ခြင်း
176 . အမှိုက်စုံတွဲ
177. ပိုမိုနက်ရှိုင်းသောခံစားချက်နှင့် ရှုပ်ယှက်ခတ်မှု
178. ထိုပရမ်းပတာသည် မည်သူအတွက် အကျိုးရှိသနည်း
179. ချန်မြို့စားကတော်သည် တိုက်ပွဲစတင်ရန် ရောက်ရှိလာခဲ့သည်
180. မြို့စားကတော်သည် အိမ်သို့ ရှက်စိတ်ဖြင့် ပြန်သွားရသည်
181.ဆိုးညစ်သော အလှတရားက သူ့ကိုယ်သူ ဒဏ်ရာအနာတရဖြစ်စေခြင်းဖြင့် ပြောင်မြောက်သောလှည
182 . ချင်ဝေ့ ဥယျာဉ်ရှိ နောက်ထပ် မြှောက်ပင့်ပွဲ
183.လက်ဝတ်ရတနာတွေ အများကြီးရှိခဲ့တယ်
184. သူတို့၏ ကိုယ်ပိုင် အစီအစဉ်
185. အချစ်၏သင်္ကေတ

124.အမျိုးသမီးများ၏နှလုံးသားများက အရက်စက်ဆုံးဖြစ်သည်

763 109 2
By PyaeNway

သူမသည် မို၏သမီးမဟုတ်တော့ဟု ဆိုလိုရင်းက သူမသည် မျိုးနွယ်စုတစ်ခု၏ မျိုးရိုးလိုက်သော မိုအိမ်မှ နှင်ထုတ်ခံရမည်ဟူသော အဓိပ္ပါယ်ဖြစ်ပြီး အမှန်ပင် သူတို့စိတ်ထဲတွင် ရှိနေသည့် စိတ်ကူးပင် ဖြစ်သည်။ 

သူမသည် မို့အိမ်တော်မှ ထွက်သွားပြီးနောက် အဒေါ်ဖန်၏ ကိုယ်ဝန်ဖျက်ချမှုအတွက် ဖခင်က အပြစ်ရှိသလိုခံစားရကာ အဒေါ်ဖန်သည် အဓိက ဇနီးရာထူးကို ရရှိမည်ဖြစ်သည်။  ထိုအချိန်တွင် မို့ရွှမ်မင်သည် တရားဝင်သမီးဖြစ်လာပြီး မိုယုဖန်သည် တရားဝင်သားဖြစ်လာမည်ဖြစ်သည်။  မိုအိမ်တော်တစ်ခုလုံးသည်လည်း အဒေါ်ဖန်၏ ထိန်းချုပ်မှုတွင် ရှိနေမည်ဖြစ်သည်။

အဒေါ်ဖန်သည် အလွန်သနားညှာတာစိတ်မရှိသောကြောင့် သူမ၏ မမွေးသေးသောကလေးကိုပင် အသုံးပြု၍ တိုက်ပွဲကိုအနိုင်ယူခဲ့သည်။ 

အိမ်က နှင်ထုတ်ခံရတဲ့ မိန်းကလေးဟာ အကြာကြီး အသက်ရှင်နိုင်မှာ မဟုတ်ဘူး။  ထို့အပြင် သူတို့က သူမကို အသက်မရှင်စေရဟု ယုံကြည်ခဲ့သည်။

အဒေါ်ဖန်နှင့် သူ့သမီးတို့သည် သူမ၏ယခင်ဘဝကကဲ့သို့ပင် ရက်စက်ကြမ်းကြုတ်ပြီး မိုယုဖန်သည် စိတ်မထိန်းနိုင်တော့ဘဲ ဟန်တောင်မဆောင်နိုင်တော့ချေ ။

"တတိယညီမ မင်းတကယ်လုပ်ခဲ့မိရင်တောင် မင်းရဲ့အသက်ကို ခွင့်လွတ်ပေးဖို့ အဖေ့ကို တို့တောင်းပန်မယ်။ ဒါပေမယ့် ဒီလို အပြစ်ကင်းတဲ့ဘဝလေးတစ်ခု မင်းလက်ထဲမှာပဲ ကုန်ဆုံးသွားခဲ့ပြီမို့ မင်း မိုအိမ်တော်မှာ ဆက်မနေသင့်တော့ဘူး။  မင်းရဲ့အပြုအမူကြောင့် မိုအိမ်ကြီးတစ်ခုလုံး ရှုပ်ပွသွားလိမ့်မယ်။ အဖေက မင်းကြောင့် မိုအိမ်တော်ရဲ့ ကျော်ကြားမှုကို ဒီလောက်ပျက်ပြားစေမှာ မဟုတ်ဘူး။" 

မို့ရွှမ်မင်သည် မို့ရွီတုန်းကို ညင်သာစွာ ကြည့်ကာ သူမအတွက် ပြောလိုသည့်အတိုင်း ပြုမူသည်။  သို့သော် သူမစကားများ၏ အဓိပ္ပါယ်မှာ မိုဟွာဝမ်ကို မျက်မှောင်ကြုတ်သွားစေသည်။

မို့ဟွာဝမ်သည် မို့ရွှမ်မင်အား အတွေးနက်နေသည့်အတိုင်း မှောင်မိုက်စွာကြည့်နေ၏။  ထို့နောက် သူ့မျက်လုံးများ အေးစက်လာသည်။  နူးညံ့သိမ်မွေ့သော သူ၏ ပထမဆုံးသောသမီးသည် တုန်းအာကို မိုအိမ်တော်မှ နှင်ထုတ်လိုခြင်း ဖြစ်သည်။ 

"ဖေဖေ၊ သမီး ဆရာပိုင်ကို ဒီကို သွားပြီး ဖိတ်ပါရစေ" မို့ရွီတုန်းက အေးစက်စွာပြုံးပြီး မို့ရွှမ်မင်နဲ့ စကားမပြောချင်တော့ဘူး။  ထို့နောက် သူမသည် မိုဟွာဝမ်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ 

မို့ရွှမ်မင်နဲ့ မို့ယုဖန်တို့ရဲ့ ရည်ရွယ်ချက်က တော်တော်ရှင်းပါတယ်။  ဒါပေမယ့် အနည်းဆုံးတော့ သူမကို ကာကွယ်ဖို့ ကြိုးစားရင်း ပျော့ညံ့ဟန်ဆောင်တဲ့ အဒေါ်ဖန်ကို လျစ်လျူရှုခဲ့တဲ့ သူ့အဖေကို သူမ တော်တော်လေး ကျေနပ်ခဲ့ပါတယ်။  ဟုတ်ပါတယ်၊ အဒေါ်ဖန်နဲ့ မို့ရွှမ်မင်ကို မော့ကြည့်လိုက်တဲ့အခါမှာတော့ မို့ဟွာဝမ်ရဲ့ မျက်လုံးထဲမှာ အညစ်အကြေးတွေကို သူမ မြင်ခဲ့ပါတယ်။

အဲဒီအချိန်တွင် သူတို့ နောက်ကြောင်းပြန်လှည့်ဖို့ လမ်းမရှိတော့ဘူး။  မို့ဟွာဝမ်က တစ်ယောက်ယောက်ကို ဆရာပိုင်ကို ဖိတ်ခိုင်းပြီး သူ့ကို စျေးကြီးကြီးနဲ့ ကမ်းလှမ်းခဲ့သည် ။

ဆရာပိုင်သည် တုန်းအာအတွက် သက်သေပြရန် လာခဲ့ရသည်။  ဆရာပိုင်က အမြန်ရောက်လာပြီး တော်ဝင်သမားတော် လိကိုလည်း ခေါ်လာခဲ့တယ်။  ခဏကြာတော့ ချင်ဝေ့ဥယျာဥ်ထဲကို သူတို့ ရောက်သွားတယ်။ 

မို့ဟွာဝမ်က သူတို့ကို နှုတ်ဆက်ပြီးနောက် မို့ရွှီတုန်းသည် ပန်းကြာပန်းနှင့် အမွှေးတိုင်များကို သူတို့ရှေ့တွင် တင်ထားစေခဲ့သည်။ 

"ဒါက မှို ပါ၀င်တဲ့ အမွှေးတိုင်တွေလား။ ဒါကရော ပန်းကြာပန်းလား ?" တော်ဝင်သမားတော်လိက သူတို့ကို ကောက်ကိုင်လိုက်ပြီး ထူးထူးခြားခြား ကြည့်တယ်။ 

“ဟုတ်ပါတယ်၊ တော်ဝင်သမားတော် မင်းလည်း ဒါကို သဘောတူတယ်မလား။ တတိယညီမက သူလုပ်ခဲ့တာတွေကို ဝန်ခံဖို့ ငြင်းဆိုပေမဲ့ အခု တော်ဝင်သမားတော်က ဒီမှာ ရှိနေတယ်။  ဒါမှ မြို့တော်ကလူတိုင်း သိလိမ့်မယ်။  စောစောက ဝန်ခံခဲ့မယ်ဆိုရင် မင်းက သိပ်အရှက်ကွဲမှာ မဟုတ်ဘူး။" မို့ရွှမ်မင်က သက်ပြင်းချလိုက်ပြီး မို့ရွှီတုန်းအတွက် စိတ်မကောင်းဖြစ်ပုံရတယ်။

"ပထမအမ ၊ တော်ဝင်သမားတော်က ဘာမှတောင်မပြောသေးဘူး ၊ အမက တို့ပဲလို့ ဘာလို သေချာနေရတာလဲ"  မို့ရွှီတုန်းက အေးစက်စွာ ပြုံးပြလိုက်သည်။

သူတို့သည် ကြောင်သူတော်ယောင်ဆောင်နေသော ရင်းနှီးသောညီအစ်မများအဖြစ် ဟန်ဆောင်ခြင်းကို ရပ်တန့်ခဲ့သည်။

မို့ရွှီတုန်းသည် မို့ရွှမ်မင်၏မာနကြောင့်ဖြစ်စေ မုသားဖြစ်စေ နှလုံးသားထဲတွင် ဝှက်ထားသမျှအားလုံးကို ကျယ်ကျယ်လောင်လောင်ပြောစေချင်သည်။  ယခုတော့ သူမသည် ၎င်းတို့အားလုံးကို ရှင်းရှင်းလင်းလင်းပြသနိုင်ခဲ့ပြီး အဒေါ်ဖန်၏ချစ်လှစွာသော ပထမဆုံးသမီးနှင့် တစ်ဦးတည်းသောသားတို့သည် သူမအား အမှန်တကယ်နှင်ထုတ်စေချင်ခဲ့သည်ကို ဖခင်ကို အသိပေးနိုင်ခဲ့သည်။အထူးသဖြင့် မျက်နှာဖျော့ဖျော့နဲ့ အိပ်ယာပေါ်မှာ လဲလျောင်းနေတဲ့ ပျော့ညံ့တဲ့ အမျိုးသမီးက သူ့သားကို သူမကိုယ်တိုင် သတ်ပစ်ခဲ့တယ်။

သူ၏ လှပသော ကိုယ်လုပ်တော်နှင့် ချစ်လှစွာသော သားသမီးများသည် အမှန်တကယ်ပင် မည်ကဲ့သို့ ဖြစ်သည်ကို သူ အဖြေရှာရပေမည်။

"တော်ဝင်သမားတော် ၊ အဲဒါတွေက ဘာလဲ" မို့ဟွာဝမ်က တော်ဝင်သမားတော်ကို မေးတယ်။

ပိုင်ရီဟောက်က အလွန်တည်ငြိမ်နေပြီး တော်ဝင်သမားတော်လိ၏လက်ထဲမှ အရာများကို တစ်ချက်ကြည့်လိုက်ကာ ပြုံးပြီး ဘာမှပြန်မပြောပေ။  သူက မို့ရွှီတုန်းကို ဆက်ကြည့်လိုက်တော့ အရမ်း ငြိမ်သက်နေတာတွေ့ရသည် ။

"အမွှေးတိုင်တွေမှာ မှိုအနံ့မရှိဘူး၊ ဒါပေမယ့် အာရုံကြောတွေကို တည်ငြိမ်အောင်သုံးတဲ့ ဆေးတချို့ပါရှိတယ်။ ဒီဆေးဟာ အားနည်းသူတွေအတွက် အသုံးဝင်ပြီး ပိုမိုကောင်းမွန်တဲ့ အိပ်စက်ခြင်းကို အထောက်အကူပြုနိုင်ပါတယ်။  ပြီးတော့ ဒါက ပန်းကြာပန်းမဟုတ်ပါဘူး ၊ ဒါက အာရုံကြောတွေကို ငြိမ်သက်စေပြီး အိပ်ပျော်စေဖို့အတွက်လည်း အသုံးပြုတဲ့ မြကြာပန်းပါ " တော်ဝင်သမားတော်သည် အမွှေးတိုင်များနှင့် “ပန်းကြာပန်း” ကို လက်ထဲတွင် ညွှန်ပြပြီး ပြောလိုက်သည်။

ထိုအရာကို ကြားလိုက်ရတော့ အားလုံး အံ့သြသွားကြသည်။

မဟုတ်သေးဘူး ၊ အဲလိုသာမဟုတ်ရင် အဒေါ်ဖန်က ဘာမှားခဲ့လို့ ကလေးပျက်ကျသွားတာလဲ?

မို့ဟွာဝမ်သည် သူပြောသမျှကို ကြားခဲ့ပြီး စိတ်သက်သာရာရသွားခဲ့သည်။

ဟုတ်ပါတယ်၊ အဲဒါက တုန်းအာမဟုတ်ပါဘူး၊ တုန်းအာက ဒီလို ကြောက်စရာကောင်းတဲ့ လုပ်ရပ်ကို လုပ်ဖို့အတွက် ကြင်နာလွန်းတယ်။

မိုဟွာဝမ်သည် ထိုစကားကြားရသောအခါ စိတ်သက်သာရာရသွားသည်။  အခု တုန်းအာက အဲဒါကို မလုပ်တဲ့အတွက် အရေးမကြီးတော့ဘူး။ သူ အဲဒီကလေးကို အရင်ကတည်းက မလိုချင်ခဲ့ဘူး။  သူမ၏ကလေးကြောင့် သူမက မိုအိမ်တော်တစ်ခုလုံးရဲ့ သခင်မဖြစ်စေချင်တာလား ။ ဒီခွေးမမှာ ရူးသွပ်တဲ့ အစီအစဥ်တစ်ခု ရှိရမည် ။

"ဘယ်လိုဖြစ်နိုင်မှာလဲ၊ အဲဒါက ပန်းကြာပန်း အမှန်ပဲ!"  ဘေးမှာ ရပ်နေတဲ့ သမားတော်က "ပန်းကြာပန်းရဲ့ အရောင်နဲ့ အကြည့်က တခြားအရာတွေ ဘယ်လိုဖြစ်နိုင်မှာလဲ" ဟု အော်ပြောလိုက်သည်။

“ဒီပညာမဲ့သမားတော်က ဘယ်ကလာတာလဲ၊ ဆေးပညာနည်းနည်းပါးပါးသိရုံနဲ့ တခြားသူတွေကို သံသယဝင်ဖို့ ဘယ်လိုတောင် သတ္တိရှိတာလဲ။ မင်း မယုံရင် တခြား သမားတော်တွေကို စမ်းသပ်ကြည့်ဖို့ ဖိတ်ခေါ်နိုင်ပါတယ်။ ချနမ်းမှာ ဒီ မြကြာပန်းသည် ပန်းကြာပန်း နှင့်တူတယ် ။ ဒါပေမဲ့ ပန်းကြာပန်းရဲ့အရောင်က ခရမ်းရောင်ဖျော့ဖျော့ဖြစ်ပြီး မြကြာပန်းနှင့် အနည်းငယ် ကွဲပြားသည်။  သူတို့ရဲ့ ပုံပန်းသဏ္ဍာန်တွေက ဆင်တူပေမယ့် လုပ်ဆောင်ချက်တွေကတော့ လုံးဝကွဲပြားပါတယ်။ ကျုပ်စီရင်ချက်ကို မင်းက ဘယ်လိုသံသယရှိနိုင်ရတာလဲ" တော်ဝင်သမားတော်လိက ထိုသမားတော် တစ်ချက်ကြည့်လိုက်ပြီး ​ပြောလိုက်သည် ။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

မို့ရွှမ်မင်ဟာဘယ်လောက်ပဲ အေးအေးဆေးဆေး နေပါစေ၊ ထိန်းချုပ်တတ်ပါစေ ၊ သူမဟာ ဒီလိုမျိုး တစ်ခါမှ မကြားခဲ့ဖူးတဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ပါပဲ။

သူမသည် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး လောလောဆယ် သူ့ကိုသတ်ပစ်ချင်သလိုလိုနဲ့ သမားတော်ကို ကြည့်လိုက်တယ်။  သူမသည် မို့ရွီတုန်း၏ အမွှေးတိုင်များကို ပြောင်းလဲရန် တစ်စုံတစ်ဦးကို တောင်းဆိုခဲ့ပြီး အဒေါ်ဖန်သည် ပန်းကြာပန်းကို ယူဆောင်လာခဲ့သည်။

မိုယုဖန်သည် ထိုနေရာတွင် အေးခဲသွားပြီး အဒေါ်ဖန်က ထိတ်လန့်စွာ မျက်လုံးဖွင့်လိုက်သည်။ သမားတော်သည်တုန်လှုပ်ခြောက်ခြားနေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။

"အဒေါ်ဖန် ၊ မင်း တို့အခန်းထဲကို ယူလာတဲ့ ပန်းကြာပန်းက ဘာကြောင့် မြကြာပန်းအဖြစ် ပြောင်းလဲသွားတာလဲ သိချင်သလား။"  မို့ရွှီတုန်းက တောက်ပသောမျက်လုံးများဖြင့် ပြုံးကာ "ပထမအမနဲ့ ပထမအကိုက တို့ကို အဒေါ်ဖန်ကို ထိခိုက်စေတဲ့သူလို တစ်ချိန်လုံးပြောခဲ့တာ အခုရော ဘာထပ်ပြောချင်သေးလဲ "

"မို့ရွှီတုန်း ၊ ကျုပ်တို့ကို စွပ်စွဲဖို့ မကြိုးစားနဲ့  " မိုယုဖန်က ဒေါသတကြီး အော်လိုက်သည် ။ 

"အဒေါ်ဖန်က ပန်းကြာပန်းကို ယူလာတာလား"  မိုဟွာဝမ်၏ အာရုံစူးစိုက်မှုသည် မို့ရွီတုန်း၏စကားကြောင့် အေးစက်သောမျက်နှာဖြင့် အဒေါ်ဖန်အား စိုက်ကြည့်နေသည်။  ဒီခွေးမက သူ့ကလေးနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတာကို ရှာတွေ့မှာကြောက်လို့ သူမက ဒီလို အစီအစဥ်ကို ချမှတ်ခဲ့တာလား။ 

"တော်ဝင်သမားတော်လိ ၊ ကျုပ်ကိုယ်လုပ်တော်ရဲသွေးခုန်နှုန်းကို ခံစားကြည့်ပါ။ အဲသမားတော်က ရောဂါကို အချိန်အတော်ကြာအောင် ရှာနေပေမယ့် ကောက်ချက်မချနိုင်သေးဘူး။ ကျေးဇူးပြုပြီး ကျုပ်ကိုယ်လုပ်တော်ကို ကြည့်စမ်းပါဦး။ ကျုပ် ကလေးကို ဆုံးရှုံးလိုက်ရလို့ စိတ်မသက်မသာဖြစ်ရတယ်။" 

မို့ဟွာဝမ်က မတ်တပ်ထရပ်ပြီး တော်ဝင်သမားတော်လိထံ ဦးညွှတ်ကာ ဒေါသထွက်နေသော မိုယုဖန်ကို လုံးဝလျစ်လျူရှုလိုက်သည်။ 

ပိုင်ရီဟောက် သည် ဤအရာ၏ တစ်စိတ်တစ်ပိုင်းကို မလိုလားသောကြောင့် တော်ဝင်သမားတော်ကို ခေါ်ဆောင်လာခြင်းဖြစ်သည် ။ ထို့ပြင် သူသည် အမွှေးတိုင်များ ပြုလုပ်ရန်လည်း ကူညီပေးခဲ့သည်။  အကယ်၍ သူသာ စစ်ဆေးရမည့်သူဖြစ်ခဲ့ပါက မို့ရွှမ်မင်နှင့် မိုယုဖန်တို့သည် ရလဒ်ကို လက်ခံမည်မဟုတ်ပေ။ 

မို့ရွှီတုန်းက သူဘာကိုဆိုလိုသည်ကို သေချာနားလည်သောကြောင့် သူမသည် တော်ဝင်သမားတော်လိကို တိုက်ရိုက်အကူအညီတောင်းခဲ့သည်။ သမားတော်လိသည် တော်ဝင်နန်းတော်ရှိ သမားတော်တစ်ဦးဖြစ်ပြီး သူ့ထက် ယုံကြည်စိတ်ချရသူဖြစ်သည်။

မို့ရွှီတုန်းက ပိုင်ရီဟောက်ရဲ့ ရည်ရွယ်ချက်တွေကို နားလည်ပြီး အဒေါ်ဖန်အတွက် သွေးခုန်နှုန်းခံစားဖို့ တော်ဝင်သမားတော်လိကို ခေါ်လိုက်ခြင်းဖြစ်သည် ။

မို့ရွှိတုန်း၏ မှန်ကန်တဲ့ရွေးချယ်မှုကြောင့် ပိုင်ရီဟောက်ရဲ့ ချောမောတဲ့မျက်နှာမှာ အပြုံးအနည်းငယ်ပေါ်လာတယ်။  သူသည် လက်ဖက်ရည်ကို လက်ဖြင့်ကိုင်ကာ အနည်းငယ်သောက်၍ မို့ရွှီတုန်းကို လေးလေးနက်နက် စိုက်ကြည့်မိသည်။  ထို့နောက် သူသည် ခေါင်းငုံ့ကာ လက်ဖက်ရည်ကိုကြည့်၍ ဘာမှပြန်မပြောပေ။  သူဝင်လာကတည်းက မို့ဟွာဝမ်ကို နှုတ်ဆက်တာကလွဲလို့ ဘယ်သူနဲ့မှ စကားမပြောဖြစ်ဘူး။ 

"ကောင်းပြီ!"  တော်ဝင်သမားတော်လိသည် မိုက်မဲသော သမားတော်ထိုင်သည့် ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ကာ ထိုသမားတော်အား အထင်အမြင်သေးစွာကြည့်လိုက်သည် ။ ပန်းကြာပန်း နှင့် မြကြာပန်း တို့ကို ခွဲ၍ပင် မပြောနိုင်သော ထိုကဲ့သို့သော သမားတော်များကို သူ အမှန်တကယ် နှိမ့်ချ ရှုတ်ချခဲ့သည်။  သူ့ရဲ့ ဆေးကုသမှုက လူနာတွေကို ကြီးကြီးမားမား ထိခိုက်စေနိုင်ပါတယ်။ 

တော်ဝင်သမား​တော်လိ သည် သူပြန်သွားသည့်အချိန်၌ ဤလူလိမ်သမားတော်ကို ဖမ်းဆီးရန် ဧကရာဇ်အား သတင်းပို့မည်ဟု ဆုံးဖြတ်ခဲ့သည်။  ပညာမရှိတဲ့လူတွေကို ဆက်ဆံတာက ပိုက်ဆံအတွက် အသတ်ခံရတာထက်တောင် ပိုဆိုးတယ်။ 

တော်ဝင်သမားတော်သည် မျက်လုံးမှိတ်ပြီး အဒေါ်ဖန်၏ လက်ကောက်ဝတ်ကို ဆုတ်ကိုင်ကာ မျက်မှောင်ကြုတ်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် အဒေါ်ဖန်၏လက်ကို လွှတ်လိုက်ပြီ မိုဟွာဝမ်ကို “ကိုယ်လုပ်တော်က သူ့ကလေးကို ဘယ်တုန်းက ဆုံးရှုံးခဲ့တာလဲ” လို့ ပြောပါတယ်။ 

"လွန်ခဲ့တဲ့ တစ်နာရီလောက်က။" မို့ဟွာဝမ်က ဖြေသည်။ 

"လွန်ခဲ့တဲ့တစ်နာရီလောက်က သူဘာသောက်ခဲ့လဲ"

မိုဟွာဝမ် လှည့်ကြည့်လိုက်ပြီး မိုရီကို ကြည့်လိုက်သည်။  မိုရီက ရှေ့ကို လှမ်းပြီး ဒူးထောက်ထိုင်လိုက်ပြီး ပြောသည် ။ " သခင်ကြီး ၊ အဒေါ်ဖန်က ချင်ဝေ့ဥယျာဥ်ထဲကို နေမကောင်းဖြစ်ပြီး ဝင်လာခဲ့တာ ၊ ဒါကြောင့် ကျုပ်တို့ စားစရာ ဘာမှ မပေးဝံ့ဘူး။ တစ်ခုခု မှားသွားရင် ကျုပ်တို့ရဲ့ တာဝန်ပဲ ဖြစ်လိမ့်မယ်။  အဒေါ်ဖန်က အနားယူဖို့ လျှောက်သွားတော့ သူ့ပတ်ဝန်းကျင်မှာ ကွေ့ရီနဲ့ ကွေ့ဟွာပဲ ရှိတာကို ခြံထဲက အိမ်အကူတွေက မြင်လိုက်ရတယ်။ "

အဒေါ်ဖန်သည် မို့ရွှိတုန်းကြောင့် သော့ခပ်အကျဥ်းချုပ်ချခံရတာကို အိမ်တွင်းရှိလူတိုင်းသိကြသည် ။

အဒေါ်ဖန် အနားယူချိန်မှာ မို့ရွှိတုန်းရဲ့ ခြံထဲက အိမ်အကူတွေက သူ့မဆီက ဘာတစ်ခုမှ မယူဝံ့ကြဘူး။  သူတို့အားလုံး ဒုက္ခမရောက်စေဖို့ သူမနဲ့ တွေ့ဖို့ ရှောင်ကြတယ်။  ဒါနဲ့ အဒေါ်ဖန်က သူတို့ကို ဒုက္ခရောက်စေဖို့အတွက် ခြံထဲမှာ သူတို့အားလုံးကို စုရုံးသွားတယ်။

အဒေါ်ဖန် အခန်းထဲကို ရောက်လာကတည်းက တခြားဘယ်သူမှ ဝင်မလာခဲ့ဘူး။ အခန်းထဲမှာ အဒေါ်ဖန်နဲ့ သူ့အိမ်အကူနှစ်ယောက်ပဲရှိတယ်။  သူတို့နှစ်ယောက်သာ ထိုနေရာတွင် အဒေါ်ဖန် ဘာစားသည်ကို သိသော လူနည်းစုပင် ဖြစ်သည် ။

အားလုံးက ကွေ့ဟွာနဲ့ ကွေ့ရီကို မျက်လုံးများစွာဖြင့် စိုက်ကြည့်နေကြတယ်။  မို့ရွီတုန်းသည်သာ ဘေးနားရှိ စားပွဲပေါ်ရှိ ခွက်အလွတ်တစ်လုံးကို စိုက်ကြည့်နေသော တစ်ဦးတည်းသောသူဖြစ်ပြီး လေးလေးနက်နက် တွေးတောနေခဲ့သည် ။

"အဒေါ်က....ဘာမှ.....ဘာမှမစားဘူး..." အားလုံးရဲ့ မျက်လုံးတွေက သူတိုကိုစိုက်ကြည့်နေတာကို မြင်တော့ ကွေ့ဟွာရဲ့ မျက်နှာက ချက်ချင်း ဖြူဖျော့လာပြီး ရှင်းပြရင်း စကားထစ်သွားတယ်။ 

“ကိုယ်လုပ်တော်က ပန်းကြာပန်းကို လွန်ခဲ့တဲ့ တစ်နာရီက မျိုချလိုက်တယ်။ ဒါကြောင့် သူမရဲ့ ကိုယ်ဝန်ကို ပျက်သွားစေခဲ့တာ ဖြစ်မယ် ။ ဘယ်သူကမှ သူ့ကို အစာမကျွေးရင် ဘာဖြစ်သွားတာလဲလို့ ကျုပ်တွေးကြည့်လို့ မရဘူး။ ဒါပေမဲ့ ဖြစ်နိုင်ချေတစ်ခုက ကိုယ်လုပ်တော်က သူမကိုယ်တိုင် ပန်းကြာပန်းကို ယူဆောင်လာပြီး ကိုယ်တိုင်မြိုချခဲ့တာ ဖြစ်လိမ်မည် ။ ဒါပေမဲ့ ထိုကဲသို့ကိစ္စမျိုးကို မိခင်တစ်ဦးက ပြုလုပ်ဖို့ မည်ကဲ့သို ရက်စက်ကြမ်းကြုတ်နိုင်ရတာလဲ "

တော်ဝင်သမားတော်လိသည် ခေါင်းယမ်းကာ မတ်တပ်ထရပ်လိုက်သည်။ သူသည် အဒေါ်ဖန်ကို နောက်ထပ် မကြည့်ချင်တော့ဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီလောက်ရက်စက်တဲ့သူမကို သူ စိတ်ကူးယဉ်ကြည့်လို့တောင် မရဘူး။  ရာထူးအဆင့်အတန်းတစ်ခုရဖို့အတွက် သူ့မ ကလေးကိုယ်သူမ သတ်ပစ်လိုက်တယ်။  နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်တဲ့ မိန်းမတစ်ယောက်က ဒီလိုကြောက်စရာကောင်းတဲ့အမှုကိုပြုလုပ်မည်ဟု သူ စိတ်ကူးမယဉ်နိုင်ခဲ့ပါဘူး။

အမျိုးသမီးများ၏ နှလုံးသားများသည် အရက်စက်ဆုံးပင်။

ယောက်ျားတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကြောင့် သူတို့ဟာ ဒီလောက် ရက်စက်ကြမ်းကြုတ်နိုင်ပါသလား။ တော်ဝင်သမားတော်လိ သည် ထိတ်လန့်သွားသည်။  သူ့မှာ အိမ်တွင် ဇနီးတစ်ယောက်သာရှိ၍ သူ့လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို မကြာခဏ လှောင်ပြောင်ပြောဆိုသော်လည်း ထိုသို့သော ပြဿနာများစွာကို ရှောင်လွှဲနိုင်ခဲ့တယ်လို့ ထင်မိတဲ့အတွက် သူ ကံကောင်းတယ်လို့ ခံစားရတယ်။

"တော်ဝင်သမားတော်လိ ကျေးဇူးပြုပြီး အဲဒီအထဲမှာ ဘာတွေပါလဲ သိနိုင်မလား။"  မို့ရွှီတုန်းသည် စားပွဲပေါ်ရှိ ဖန်ခွက်အလွတ်ကို ယူကာ တော်ဝင်သမားတော်လိ အား ပေးရန်အတွက် မိုလန်ကို တောင်းဆိုလိုက်သည်။ မို့ရွှီတုန်းသည် အဒေါ်ဖန်၏ အေးခဲနေသော မျက်နှာကို ငုံ့ကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည်။

"တစ်ယောက်ယောက်က ဖန်ခွက်ကိုအသုံးပြုပြီး ပန်းကြာပန်းကို စားသုံးထားတယ် ၊ ဒီထဲမှာ ပန်းကြာပန်းအနံ ရှိသေးတယ် " တော်ဝင်သမားတော်လိက ၎င်းကို ရှူရှိုက်ရင်း ပြောလိုက်သည်။

Continue Reading

You'll Also Like

197K 15.2K 34
គ្រាន់តែបើកភ្នែកឡើង គេក៏បានក្លាយទៅជាភរិយារបស់ឧត្តមសេនីយ៍ឯកចនបាត់ទៅហើយ! JEON JUNGKOOK/KIM TAEHYUNG
718K 28.5K 38
🚫⛔ရိုင်းစိုင်းသောအသုံးနှုန်းများပါလာနိုင်ပါသဖြင့် (သတိပေးအပ်ပါသည်)⛔⛔ ကိုယ်ရံတော်နဲ့အမှတ်မထင် အလုပ်စဝင်တဲ့နေ့တွင် မိမိနှင့် အခတ်မသင့် sexa ဆက်စံမိသွ...
1.3M 120K 105
Turƙashi, wannanfa shine cakwakiyoyi ba cakwakiya ba, bamma san yanda zan musalta muku kitimurmurar dake cikin book ɗinnan ba sam, dan wani irin ruɗ...
69.7K 9.7K 73
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...