Unicode🍊
သူတို့ရပ်နေသည့်နေရာနှင့်အကွာ
မှာ.....တဖြည်းဖြည်းနှင့်
လူတွေစု အုံလာပြီး.......အကြည့်တွေအားလုံး
ကတော့....
သူတို့နှစ်ယောက်ဆီမှာ...........
"အဟမ်း"မြို့အုပ်မင်း ရဲ့ ချောင်းဟန့်သံ
ကြားမှ လူအားလုံးလဲ ပုံမှန်ပြန်ဖြစ်သွား
သလို.....Khaotung ဟာလဲ
မျက်စောင်းလေးထိုးကာ...ထွက်သွား
ပြီဖြစ်သည်။
"ဘာကြောင့်များ ဒီလောက်ထိ
သည်းခံ နေရတာလဲ.....
မြို့အုပ်မင်း ရယ်....ဒီလောက် အပြောအဆို
ရမ်းကားနေတာ....
တကယ်တော့ မှတ်လောက်သားလောက်အောင် အချုပ်ထဲကို...ထည့်လိုက်တာ
မဟုတ်ဘူး"
မြို့အုပ်မင်း ရဲ့
အပါးတော်မြဲ......အတွင်းရေးမှူးPat(ပတ်ပ်)
ဟာ သူနဲ့အမျိုးတော်ရမည့် အမျိုးသားလေး
ကိုပြောဆိုနေလိုက်လေခြင်း။
"တကယ်ဆို.....
ကျွန်တော် အဲ့လိုလုပ်ခဲ့ရင် ခဗျားက
သူတို့မိသားစု မျက်နှာနဲ့တားရမှာ
မဟုတ်ဘူးလား"
မြို့အုပ်မင်း အဲ့သလိုပြောလိုက်မှ
Pat(ပတ်ပ်) သတ်ပြင်းသဲ့သဲ့ချလို့......
"ကျွန်တော် သူတို့မိသားစု ကို
သဘောကျသလောက်....အဲ့ဒီ့ကောင်လေးကို
တော့ သဘောမကျပါဘူး မြို့အုပ်မင်း ရယ်..
ရှေ့လျှောက်တော့.........
ခက်ရချည်ရဲ့ဗျာ"
ငိုင်နေတဲ့ Pat(ပတ်ပ်) ကို
မြို့အုပ်မင်း စောင်းငဲ့ ကြည့်လို့ သဘောကျ
စွာ ရယ်လိုက်ရင်း.......
"ထင်သလောက်လဲ....ကျွန်တော့်အသေးကောင်လေးက မဆိုးပါဘူးPat(ပတ်ပ်)ရယ်...
အလိုလိုက်ခံ လူတန်းစားလေးမို့ ထင်ပါရဲ့
...မဆိုသလောက်လေး
ဂျစ်ကန်ကန်နိုင်နေရုံပါ....."
အခုမှ စတွေ့တဲ့ လူတစ်ယောက်ကို
မြို့အုပ်မင်း က ဘယ်တုန်းကမှ သူ့စကားထဲ
ထည့်ပြောခဲ့တာမဟုတ်......
မြို့အုပ်မင်း ရဲ့ အိမ်အပြန်လမ်းဟာ
ထင်ထားတာထက်ကို သာယာခဲ့
သည်..... လမ်းတစ်လျှောက်
ကြွေကျလာတဲ့ သစ်ရွက်လေးတွေကို
ကြည့်ရင်း..တစ်စုံတစ်ယောက်ရဲ့
မျက်နှာကို မြင်ယောင်ကာ သဘောကျလာကာ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလာပြန်သည်။
ဒုက္ခပါပဲ....မြို့အုပ်မင်း တော့ နေ့တိုင်းသာ
ဒါမျိုးခံစားနေရရင် မြင်ယောင်နေမိရင်
Pat(ပတ်ပ်)ပြောသလို ကြာလာရင်
ခက်ရချည်ရဲ့ဗျာ.....
တလှပ်လှပ်နဲ့ ခုန်နေတာလား
တုန်နေတာလားမသိတဲ့ နှလုံးသားကို
လက်လေးနဲ့ဖိထားတုန်း
"ဘာကြောင့်များ အသေးကောင်လေး လို့
ခေါ်ရတာတုန်း မြို့အုပ်မင်း ရဲ့...
အဲ့တာလေးတော့ ကျွန်တော်မျိုးကို
ပြောပြပါအုန်း"
Pat(ပတ်ပ်)ရဲ့ အမေးကြောင့်
နဂိုထပ်ကို ပိုခုန်လာတဲ့ နှလုံးခုန်သံတွေကြောင့် သေ သွားမှာတောင် ဆိုးရပါတယ်
ဒီနှလုံးသားရဲ့ ဝေဒနာ ကို အသေးကောင်လေး ကုသမှပဲပျောက်တော့မယ်ထင်ပါရဲ့ဗျာ၊ ခင်ဗျားလေးသိပ်ဆိုးတာပဲ ကျုပ်ကိုရင်ခုန်အောင်အဝေးကြီးကနေ....
လာလုပ်သွားတယ်။
"အင်း...ဒီအတိုင်းချစ်စရာကောင်းလို့"
အဲ့တော့မှ ခေါင်းလေးတညိမ့်ညိမ့် နဲ့
Pat(ပတ်ပ်)နားလည်စ ပြုလာတော့သည်။
"ဒါနဲ့..နေပါအုန်း
အဲ့ဒါကြီးကတော့ မမြန်လွန်းဘူးလား.....မြို့အုပ်မင်းရဲ့"
Pat(ပတ်ပ်)ရဲ့အမေးကြောင့်
မြို့အုပ်မင်း က ရေနွေးကြမ်းသောက်နေရာမှ
နှုတ်ခမ်းလေးတို့ ကွေးညွတ်လာပြန်တော့သည်။
"ကျုပ်က မြန်ခိုင်းတာမှ မဟုတ်တာပဲ......Pat(ပတ်ပ်)ရယ်"
"အိုဗျာ......ကျွန်တော် ကတော့လေ
အဲ့ကောင်လေးနဲ့ဆိုရင် ကျွန်တော်တို့ရဲ့
မြို့အုပ်မင်း ကို အရမ်းနှမြောတာပဲဗျာ"
ရေနွေးကြမ်းကို ခပ်ကြမ်းကြမ်းမော့လို့
ပြောချလာတဲ့ Pat(ပတ်ပ်)တစ်ယောက်
ကြောင့် ရယ်ခဲ့ရပြန်သည်။
မထင်မှတ်ပဲရောက်ရှိလာတဲ့ မြို့အုပ်မင်း ရဲ့
ဆောင်းရာသီလက်ဆောင်လေး
ကြောင့်ထင်ပါရဲ့ဗျာ....ဒီတစ်နေ့လုံး
အပြုံးပန်းတွေဝေနေမိတာ။
"Pat(ပတ်ပ်)ရယ်....အသေးကောင် လေးက
ထင်သလောက်လဲ မဆိုးပါဘူးဗျာ....
တော်တော်...ဒီနေ့ ဒီချိန် ဒီအကြောင်း
ဆက်ပြောနေရင် ခင်ဗျားနဲ့ကျုပ်
စကားများရတော့မယ်ထင်တယ်......
ကျုပ်ကိုသာ ထပ်ရောက်လာတဲ့ အစီရင်ခံစာ
တွေသာ ပြတော့....ဟုတ်ပြီလား"
စားပွဲပေါ်ရောက်ချလာတဲ့ စာအုပ်ကိုသာ
တစိမ့်စိမ့် ထိုင်ကြည့်နေလိုက်မိသည်။
စာတွေအစား Khaotung ဆိုတဲ့
အသေးကောင်လေးရဲ့ မျက်နှာကို
မြင်နေရတဲ့အကြောင်း.......
Pat(ပတ်)ကို ပြောပြလိုက်ပြန်ရင်လဲ
ထပ်ပြီး ကျုပ်ရဲ့ အသေးကောင်လေးကို
သာ ထပ်ပြီး အမြင်မကြည်တဲ့...
အကြောင်းပဲ ပြောနေအုန်းမှာမို့......
"Pat(ပတ်ပ်)......အစီရင်ခံစာတွေ
ကို ခင်ဗျားပဲ ကျုပ်ကို ဖတ်ပြတော့ဗျာ...
ကျုပ်မျက်လုံးတွေ ဒီနေ့ ကောင်းကောင်း
အလုပ်မလုပ်ဘူး..ဖြစ်နေတယ်...
ကူညီပါဗျာ...."
ကုလားထိုင်ကို ကျောမှီ ထိုင်ရင်း
မြို့အုပ်မင်း က ပြောတော့... . .Pat(ပတ်ပ်)က ခပ်သဲ့သဲ့ ရယ်လာရင်း......
"အဲ့လယ့်....
မြင်ယောင်နေမိပြီမလား...မြို့အုပ်မင်း
ဒီလိုပါပဲ...ဖြစ်တတ်ပါတယ်လေ...ချစ်တတ်စ..ရူးတတ်စ...လူတွေက ဒီအတိုင်းပါပဲ
.....ခဏပဲ ဖြစ်ဖြစ် အနားယူ လိုက်ပါ.....
ဒီနေ့က.. ရုံးပိတ်ရက်ပဲလေ..ကြီးကြီးမားမား၊ပြဿနာတို့၊ ကိစ္စတို့ ဘာတို့ ထွေထွေးထူးထူးလဲမရှိပါဘူး အမှုကိစ္စတွေလည်း မရှိတာကြာ
ခဲ့ပြီမလား....နားလိုက်ပါ
နားလိုက်တာ..အကောင်းဆုံး..
ဖြစ်ပါလိမ့်မယ် မြို့အုပ်မင်း ဗျာ"
"မဟုတ်တာပဲဗျာ.....
ကြီးသောအမှုငယ်စေ....ငယ်သောအမှု
ပပျောက်စေတဲ့......
အမှုငယ်လေး ဆိုပြီး လျစ်လျူရှု ထားလိုက်
ရင်...ကြာတော့...ပိုဆိုးကုန်တော့ မှာပေါ့
ကျုပ်ကိုယ်တိုင် တာဝန်ယူထားတဲ့
နယ်မြေမြို့မှာတော့ ရာဇဝတ်မှုတွေ
ကင်းလေကောင်းလေပဲ....
အဲ့ဒါတွေဟာလဲ ကျုပ်တို့ရဲ့ တာဝန်တွေပဲ
မဟုတ်လား.....
ကျုပ်ကို ပြောပြပါ...အစီရင်ခံစာ
တွေကိုသာ...."
"ဟုတ်ကဲ့...... သဘောပါ
မြို့အုပ်မင်း ရယ်..အစီရင်ခံစာတွေကို
ကျွန်တော် ဖတ်ပြပါ့မယ်"
လူငယ် တစ်ယောက် ဖြစ်သော်ငြား
ပညာကလည်းမငယ် ၊ စာရိတ္တကလည်းမြင့်မားတဲ့ မြို့အုပ်မင်း ရောက်လာပြီးတဲ့
နောက်ပိုင်း...
ဒီနယ်မြို့ငယ်လေး...တစ်ဝိုက်မှာ
အမှုကိစ္စကြီးကြီးရယ်လို့မရှိတော့...
တိကျပြတ်သားပြီး သနားကြင်နာ တတ်တဲ့
မြို့အုပ်မင်း လေးရဲ့ ကျေးဇူးကြောင့်
တစ်နယ်လုံး စည်ပင်ဝပြော သာယာ
နေခဲ့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
Chapter -3 THE END
အစစ အရာရာ အားလုံးကို ဂရုစိုက်ကြပါ
ထုခွန်တို့ယေ🍊
ကျေနာ့်သားလေးတွေကိုလဲ နေ့တိုင်း
ချစ်ဖို့ မမေ့ကြနဲ့🐿🐾
(Saturdayကလေကွာ အိမ်ကမြှောင်မြှောင်တို့တွေ အရမ်းဆိုးတာပဲရယ် ထိန်းလို့မရတော့ဘူး🙊🌻)
/////////////////////////////////////////////////////////
Zawgyi🍊
မှာ.....တဖြည်းဖြည်းနှင့်
ကတော့....
သလို.....Khaotung ဟာလဲ
ပြီဖြစ်သည်။
သည်းခံ နေရတာလဲ.....
ရမ်းကားနေတာ....
မဟုတ်ဘူး"
မြို့အုပ်မင်း ရဲ့
"တကယ်ဆို.....
မဟုတ်ဘူးလား"
ရှေ့လျှောက်တော့.........
ခက်ရချည်ရဲ့ဗျာ"
စွာ ရယ်လိုက်ရင်း.......
...မဆိုသလောက်လေး
ထည့်ပြောခဲ့တာမဟုတ်......
သည်..... လမ်းတစ်လျှောက်
ခက်ရချည်ရဲ့ဗျာ.....
လက်လေးနဲ့ဖိထားတုန်း
ပြောပြပါအုန်း"
လာလုပ်သွားတယ်။
"ဒါနဲ့..နေပါအုန်း
မြင်နေရတဲ့အကြောင်း.......
ကူညီပါဗျာ...."
"အဲ့လယ့်....
"မဟုတ်တာပဲဗျာ.....
ပပျောက်စေတဲ့......
ကင်းလေကောင်းလေပဲ....
မဟုတ်လား.....
တွေကိုသာ...."
"ဟုတ်ကဲ့...... သဘောပါ
နောက်ပိုင်း...
နေခဲ့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
Chapter -3 THE END
ထုခွန်တို့ယေ🍊
ကျနေျာ့သားလေးတှကေိုလဲ နေ့တိုင်း
ချစ်ဖို့ မမေ့ကြနဲ့🐿🐾
/////////////////////////////////////////////////////////