"ကျွန်တော့်ရဲ့မြို့အုပ်မင်း''
Da Kim_Bora_kitty
8.4K 490 125
Unicode🍁 မြို့ကလာတဲ့ကောင်လေးတစ်ယောက်နှင့် နယ်မြို့လေးက မြို့အုပ်မင်းလေးတို့ တွေ့ ဆုံကြသောအခါ............ သူတ... Altro
🍁//Chapter-1//🍁
🍁//Chapter-3//🍁
🍁//Chapter-4//🍁
🍁//Chapter-5//🍁
🍁//Chapter-6//🍁
🍁//Chapter-7//🍁
🍁//Chapter-8//🍁
🍁//Chapter-9//🍁
🍁//Chapter-10//🍁
🍁//Chapter-11//🍁
🍁//Chapter-12//🍁
🍁//Chapter-13//🍁(Final)
🍁//Chapter-2//🍁
699 36 11
Da Kim_Bora_kitty
Unicode🍊
"မဟုတ်တာ အဒေါ်ရယ်....... ကိုယ့်မြို့က
မြို့သားတွေ အဆင်ပြေတယ်
ကြားရတာနဲ့တင်ကို ကျွန်တော်စိတ်ချမ်းသာ
လှပါပြီဗျာ"
ဘာပဲ ဖြစ်ဖြစ်လေ ၊ သူ့ဘာ့သာ ဘယ်လောက်ပဲ
ကြည့်ကောင်းနေပါစေ....
မင်းသားခေါင်း ဆောင်းထားတဲ့ ဘီလူးလို
ပဲနေမှာ တကယ်ထဲ မထင်ရက်စရာပါကွာ။
" ဒီမှာ ဒီမှာ"
လှည့်ထွက် သွားဖို့ လုပ်နေတဲ့သူ့ကို လှမ်းခေါ်တဲ့ ယောက်ျားလေးကြောင့် သူ့ခြေလှမ်း
တွေရပ်တန့်ရပြန်သည်။
သူများခေါ်လို့ သွားနေရာမှ ချက်ချင်း
ရပ်တန့်ဖူးတာဟာ......
ဒါသူ့ဘဝရဲ့ ပထမဆုံးအကြိမ်။
"ေပြာပါ...ကောင်ငယ်လေး...ကျွန်တော်
ဘာများကူညီပေးရအုန်းမလဲ''
ခပ်သဲ့သဲ့လေးပြုံးကာ သူကမေးတော့
Khaotung ဆိုတဲ့ သူ့ရဲ့ မပြောင်းလဲ
တဲ့ပုံစံ အတိုင်း မျက်မှောင်ကြီး
ကျုံ့လျက်.............
"ဒီမှာKhunခင်ဗျ
အရင်ဦးဆုံး.......အဲ့ဒီ့ ကောင်ငယ်လေး
ဆိုတဲ့ အသုံးအနှုန်းလေးကိုပြင်ပါ....
ခင်ဗျားထပ် ကျုပ်က အရမ်းကြီးမငယ်နိုင်
တာမလို့ပါ။
Khaotung ရဲ့ ရန်တွေ့စကားကြောင့်
မြို့အုပ်မင်းနောက်က အဖော်ပါလာတဲ့
ေကာင်လေးဟာ ခေါင်းကုတ်ပြီး....
Khaotung ကို ထွက်သွားဖို့ရာ
ခြေဟန်လက်ဟန်ဖြင့်ပြောပြနေသည်။
Khaotung မြင်ခဲ့ပေမဲ့ ဘယ်အရာကိုမှ
ဂရုမစိုက်တတ်တာဟာ သူ့ရဲ့ အကျင့်
တစ်ခုလိုဖြစ်နေသည့်
အလား သတိပေးနေသည့် ကောင်လေး
ကိုလည်းဂရုမစိုက်။
''ဆိုတော့ကား...ဒီကခင်ဗျားလေး ရဲ့
နာမည်ကိုမှ ကျွန်တော်ကမသိပဲ"
အကျိုးအကြောင်း စီလျော်လှတဲ့ မြို့အုပ်မင်း
ရဲ့အဖြေဟာ...
သူ့အတွက်တော့...စိတ်ဆိုးစရာ၊စိတ်ဘဝင်
မကျစရာ အကြောင်းအရင်း အလိုလို
ဖြစ်လာခဲ့သည်။
"ဒီမှာKhunခင်ဗျ.....
နာမည်ပေးသိရအောင်လည်း ကျွန်တော်နဲ့
ခင်ဗျားက မိတ်ဆွေခင်ပွန်းတွေလည်းမဟုတ်ပါဘူး၊
ကျွန်တော်ပြောမယ်...ဒီလို ေဈးကြီးတဲ့ အဝတ်အစားတွေ ကို တစ်ဝက်ဈေးနဲ့တောင်
မဟုတ်ပဲ...
အများကြီး ဈေးလျှော့ပြီး ရောင်းခိုင်းမှတော့
ဈေးသည်တွေ အကုန်လုံး အရင်းပြုတ်
ကုန်တော့မှာပေါ့.....
မြို့အုပ်မင်းဖြစ်ပြီး...ခင်ဗျားဒါလေးတောင်
မတွေးတတ်ဘူးလား..တကယ်ပဲ"
မြို့အုပ်မင်း ဆိုတဲ့ကောင်ကလေ အမြင်ကပ်
စရာကောင်းလောက်အောင်....
အပြုံးမပျက် ခဲ့ဘူး၊
ဒါဟာ Khaotung ကို အရေးမလုပ်ဘူး
ဆိုတဲ့သဘောကို သက်ရောက်နေပြီ မဟုတ်လား။
''မှားကုန်ပါပြီ သားလေးရယ်...မြို့အုပ်မင်း
ကိုတောင်းပန်လိုက်ပါ။''
ဆိုင်ပိုင်ရှင် အဒေါ်က တစ်လှည့်
မြို့အုပ်မင်း အနားက ကောင်လေးက
တစ်လှည့်ပြောလာသည်။
အဲ့ဒီ့ မြို့အုပ်မင်း ဆိုတဲ့ အကောင်က
ဘယ်လောက်တောင် ခြိမ်းခြောက်ထားတယ်
မသိပါဘူး သူ့ကိုမြင်ရင်ကို
တုန်လှုပ်လို့...................
''ဒီမှာ.......တောင်းလဲမတောင်းပန်နိုင်သလို
ပြန်လဲ လုံးဝ မပြန်နိုင်ဘူး၊မှားတဲ့လူကမှ
တကယ် တောင်းပန်သင့်တာ။
တစ်ခွန်းမကျန် ကပ်ကပ်လန်အောင်
ရန်တွေ့တတ်တဲ့ ကောင်လေးကို
မြို့အုပ်မင်းကတော့ ငေးကြည့်မပျက်
ငေးကြည့်နေခဲ့သည်။
ဆောင်းရာသီထဲပဲရောက်နေလို့လား....
မြို့အုပ်မင်းစိတ်ကြည်နေလို့ပဲလား
မဟုတ်ရင် ဒီကောင်လေးတော့ မလွယ်ဘူး.....
အခက်မသင့်ရင်တော့....ဒုက္ခပါပဲ။
"ဘာဖြစ်နေတာလဲ Khaotung........
ဟင် မြို့အုပ်မင်း "
လိမ္မော်သီးခြင်းကိုဆွဲပြီးလာတဲ့ အစ်မဖြစ်သူ
ဟာ Khaotung ကိုမေးနေတုန်း.....
မြို့အုပ်မင်း ကိုမြင်သွားတာမို့ အရိုအသေပေးတော့
မြို့အုပ်မင်း ကလည်းထိုနည်းတူပဲ...
မြို့အုပ်မင်း ကို မီးဟုန်းဟုန်းတောက်တဲ့
အကြည့်တွေနဲ့ကြည့်နေတဲ့ Khaotung ကြောင့် အစ်မဖြစ်သူမှာ ရင်တမမနဲ့....
"ဒါနဲ့....Min(မင်မ်)ရဲ့မောင်လေးဆိုလား....မတူဘူးနော် အစ်မဖြစ်သူနဲ့"
စရယ် နောက်ရယ် ပြောနေတဲ့မြို့အုပ်မင်းကို
Khaotung ကတော့ နေမြဲအတိုင်းမျက်စောင်းထိုးလို့နေသည်။ Khaotung ဒီမြို့လေးကို မရောက်ခင်အထိ မြို့အုပ်မင်း ကို အဲ့လိုအကြည့်မျိုးနှင့် ကြည့်ရဲသူတစ်ယောက်မှ မရှိ.......
"ဟုတ်ပါတယ် မြို့အုပ်မင်း Firstရှင့်
ကျွန်မမောင်လေးအရင်းပါ..Khaotung Thanawat တဲ့ ရောက်ရောက်ချင်း
မြို့အုပ်မင်း ကို ဘာပြဿနာရှာလိုက်လဲတော့ မသိပေမဲ့ သူ့အစား..
ကျွန်မပဲ တောင်းပန်ပါတယ်နော်.....
အဖေက အလိုလိုက်ထားတယ်ထင်ပါရဲ့ရှင်.....သူကနည်းနည်းတော့
ဆိုးချင်တယ်"
အားနာဟန်နဲ့ မြို့အုပ်မင်း ကို
အစ်မဖြစ်သူက တောင်းပန်နေလေတော့....
''ဟာ....ဘာလို့တောင်းပန်နေရမှာလဲ
သူကမှ မဟုတ်တာတွေ လုပ်လို့ တောင်းပန်ရမဲ့သူပါ...မမရဲ့"
ပါးစပ်ရော လက်ပါ လက်ရဲဇက်ရဲ နိုင်တဲ့
ကောင်လေးဟာ မြို့အုပ်မင်း ကို လက်ညှိုး
ငေါက်ငေါက်ထိုး၍
ပြောလာသည်။
မြို့အုပ်မင်းက သူ့ရဲ့ လက်ညိုးလေးကို
ဆုပ်ကိုင်လိုက်ပြီး......
"ကျွန်တော့်ကို လက်ညှိုးထိုးရင်လေ..
ကျွန်တော်ကအဲ့လူကို
တစ်သက်လုံးနောင်တရသွားအောင်
လုပ်ရမှ​ကျေနပ်တာနော်...အသေးကောင် လေး"
အသေးကောင်လေး..သူ့နှုတ်ဖျားထံမှ တစ်ဆင့် ရေရွတ်လိုက်သော သူ့အတွက်နာမ်စားဟာ
အသေးကောင်လေးတဲ့။
"ကောင်ငယ်လေးလို့ ခေါ်တာမကြိုက်ဘူး
ဆိုလို့"
သူ့လက်ညှိုးကို ဆုပ်ကိုင်ထားတဲ့
မြို့အုပ်မင်း ကိုသာ ငေးကြည့်နေတာကြောင့်
ထပ်ကာရှင်းပြလိုက်တော့
လက်ညှိုးလေးကို ပြန်ရုတ်သိမ်းသွား
ပြီး။
''ဘယ်လို လူလဲမသိပါဘူးဗျာ မမရာ.....ပြန်ကြရအောင်"
နောက်ထပ် ထပ်ပြီး ပထမ ဆုံးအကြိမ်အဖြစ်
မြို့အုပ်မင်း ဟာ သူ့ရဲ့ထံမှ ပုခုံးကို ဝင်တိုက်ခြင်းခံ လိုက်ရပြန်သည်။
ဒီကောင်လေးနဲ့မှ....ပထမဆုံးအကြိမ်တွေ
မြို့အုပ်မင်း ဆီမှာ ပိုပိုများလာမယ်
ထင်ပါရဲ့။
"ဒါနဲ့လေ အသေးကောင် လေးရဲ့.....
ကျွန်တော်က မတရားမလုပ်တတ်ဘူး...၊
ပြီးတော့ ကျွန်တော်က....အသေးကောင်လေး
ထင်နေတဲ့ လူတန်းစားမျိုးထဲကမဟုတ်ဘူး..။"
ဘယ်သူဘယ်လိုထင်ထင် ကိုယ်မှန်ရာကို
မြို့အုပ်မင်းကလုပ်ခဲ့တာမျိုးပဲများပေမဲ့....
Khaotung ကတော့ မြို့အုပ်မင်း ကို
မကောင်းမြင် မကောင်းထင်လို့ မဖြစ်တဲ့
ကောင်လေးဖြစ်သည်။
ဘယ်လိုများ မြို့အုပ်မင်းဖြစ်လာတဲ့ ကောင်ပါလဲ။
x x x x x x x x x x x x x x x x x x. x x
Chapter -2 THE END
သဘောကျမယ်ထင်ပါတယ်
အဂျစ်တို့ရေ
Tuesdayနဲ့Saturdayနေ့တိုင်း အပ်ပုဒိတ်ပေးပါ့မယ်🍊
(ဒါနဲ့ဒီနေ့က Saturdayဆိုတော့Only Friends ထဲက Sandနဲ့Rayကိုလည်းကြည့်ဖို့မေ့မနေကြနဲ့အုန်း ထုခွန်တို့ယေ 🐿🐾)
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
Zawgyi🍊
လှပါပြီဗျာ"
ကြည့်ကောင်းနေပါစေ....
" ဒီမှာ ဒီမှာ"
တွေရပ်တန့်ရပြန်သည်။
ရပ်တန့်ဖူးတာဟာ......
"ပွောပါ...ကောင်ငယ်လေး...ကျွန်တော်
ကျုံ့လျက်.............
"ဒီမှာKhunခင်ဗျ
တာမလို့ပါ။
ကောငျလေးဟာ ခေါင်းကုတ်ပြီး....
တစ်ခုလိုဖြစ်နေသည့်
ကိုလည်းဂရုမစိုက်။
ရဲ့အဖြေဟာ...
ဖြစ်လာခဲ့သည်။
"ဒီမှာKhunခင်ဗျ.....
ကျွန်တော်ပြောမယ်...ဒီလို ဈေးကွီးတဲ့ အဝတ်အစားတွေ ကို တစ်ဝက်ဈေးနဲ့တောင်
မဟုတ်ပဲ...
ကုန်တော့မှာပေါ့.....
စရာကောင်းလောက်အောင်....
အပြုံးမပျက် ခဲ့ဘူး၊
ကိုတောင်းပန်လိုက်ပါ။''
တစ်လှည့်ပြောလာသည်။
တုန်လှုပ်လို့...................
တကယ် တောင်းပန်သင့်တာ။
ငေးကြည့်နေခဲ့သည်။
ဟင် မြို့အုပ်မင်း "
ဆိုးချင်တယ်"
ငေါက်ငေါက်ထိုး၍
ပြောလာသည်။
ဆုပ်ကိုင်လိုက်ပြီး......
ကျွန်တော်ကအဲ့လူကို
အသေးကောင်လေးတဲ့။
ဆိုလို့"
ပြီး။
ထင်ပါရဲ့။
ကောင်လေးဖြစ်သည်။
Chapter -2 THE END
သဘောကျမယ်ထင်ပါတယ်
အဂျစ်တို့ရေ
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
Continua a leggere
Ti piacerà anche
339K 8.9K 32
Hollywood Arts High School is the place to be for the future famous. Jesse Karban considers himself a pretty decent dancer and has been there since f...
3.2K 131 16
"မမရေချယ်ဖြစ်စေချင်သလို မင်းဆရာဝန်ဖြစ်ရမယ် Jam Rachata!!!! " -Film Thanapat " ကျွန်တော့်ဘဝကိုခြယ်လှယ်ချင်တိုင်းခြယ်လှယ်သွားပြီး Daddyကျ ရည်းစားလေးနဲ့...
5.8K 166 43
ကလေးကိုယ့်ဆီက ထွက်သွားရင် ကိုယ့်သေမှာ
54.2K 4.3K 63
🧑🏻ငယ်စဉ်က စိတ်ဒဏ်ရာတွေကြောင့် Psychoဖြစ်ခဲ့ရတဲ့ Tewkao ဟာ ဘယ်သူမှမမြင်နိုင်တဲ့ သူတစ်ယောက်သာမြင်ရတဲ့ Dao ဆိုတဲ့ကောင်လေးကို ခင်တွယိနေမိပါတယ် တစ်နေ့မှ...