Beginning For The End (Comple...

By Yoon_Nadi_Maung

12.8K 468 7

၀မ်ရိပေါ်...မင်းကဟိုအစကတည်းက ငါမပိုင်ဆိုင်နိုင်တဲ့ ကြယ်ကလေး ။ 'ရှောင်းကျန့် မင်းရူးနေပြီး မင်းတစ်ကယ်ရူးသွားပ... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17(End)
Extra (final)

Part 7

536 18 0
By Yoon_Nadi_Maung

Beginning For The End -7

လက်နက်အပြည့်စုံ၀တ်ဆင်ပြီး ဆေးတပ်သားတွေ နောက်ဆုံးပြန်ပေးဆွဲခံရတဲ့ အခင်းဖြစ်သွားရာနေရာကို ရိပေါ် အရင်ဆုံးစစ်ဆေးမိတယ်။ သက်သေအချက်လက်မကျန်ဘဲ ၀င်ရောက်စီးနှင်းသွားတဲ့ ခြေရာလက်ရာဘဲ မြင်ရပြီး ကျန်တာဘာတစ်ခုမှ မတွေ့ရဘူး။
" ကျစ်.. ခြေရာလက်ရာမကျန်အောင် ဖျောက်သွားတာဘဲ "
" အရာရှိ ..အရာရှိ‌ေလးက ဟိုတစ်ခါ ‌ဆရာ၀န်လေးနဲ့ပါလာတဲ့ တစ်ယောက်မလား "
" ဟုတ်ပါတယ် ဦးလေး "
" အရာရှိလေး  ဦးလေးအိမ် ခဏလိုက်ခဲ့ပါလား "
" ဟိုလေ ဦးလေး ကျွန်တော် အခုအရေးကြီးကစ္စရှိလို့ပါ ဟို..."
"မကြာပါဘူး အရာရှိကြီး ခဏပါဘဲ ဒီမှာပြောလိုအဆင်မပြေလိုပါ .."
" ဦးလေး ကျွန်တော်အခု  ..."
" အရာရှိလ လာတဲ့ကစ္စကို ဦးလေးသိပါတယ် အဲ့ကြောင့် ခဏလောက် လိုက်ခဲ့နော် ဒီနေရာက စကားပြောလို့အဆင်မပြေလို့ "
" ဦးလေးဘာကိုပြောချင်တာလည်း မဟုတ်မှ.. ဦးလေး ခဏစောင့်ပါအုံး "

"အရာရှိလေး အိမ်ထဲ၀င်သွားလိုက်နော် ဦးလေး ဆေးကြိုထားတာလေးသွားယူပြီး လိုက်ခဲ့မယ် "
" ဦးလေး..."
'နယ်ခံဖြစ်တဲ့အပြင် အခုလိုအိမ်ထိခေါ်လာပုံထောက်  ပြန်ပေးဆွဲသွားနဲ့ပတ်သက်ပြီး တစ်ခုခု သိထားတာကြောင့် ဖြစ်လိမ့်မယ် '
အန္တာရယ်ပြုမဲ့ပုံလည်း မပေါ်တာကြောင့် ရိပေါ် အိမ်ထဲ ၀င်ဖို့စုံးဖြတ်ချက်ချလိုက်တယ်။ တစ်ခုခုသိရလည်း ဘာမှမသိရတာနဲ့စာရင် အမြတ်ဘဲလေ ။  အိမ်ထဲ ၀င်၀င်ချင် ကုတင်ပေါ် လှဲနေတဲ့ သူကြောင့် ရိပေါ် ပထမဆုံး နှုတ်ကထွက်မိတဲ့ နာမ်စားလေးတစ်ခု။

"ကျန့်ကော... ကျန့်ကော ဘယ်လိုဖြစ်ပြီး"
" အရာရှိ‌လေးကို ခေါ်လာတာ ဒါကြောင့်လေ ဒေါက်တာလေးကိုတွေ့တော့  လက်မောင်းက ဒဏ်ရာကြောင့်သွေးထွက်လွန်ပြီး သတိမေ့နေတာ  စခန်းကိုသတင်းပေးဖို့ကျ စောင့်ကြည့်နေတဲ့ မျက်၀န်းတွေရှိနေလို့လေ ဦးလေးအိမ်ကိုခေါ်လာခဲ့တာ .. အရာရှိလေးက ဟိုတစ်ခါ ဆရာ၀န်လေးနဲ့ပါလာတာမို့ ယုံကြည့်လိုရမယ်ထင်လို့ အိမ်ကိုခေါ်လာခဲ့တာ "
" ကျန့်ကော ..အခြေအနေကစိုးရိမ်ရလား ..."
"မစိုးရိမ်ရတော့ပါဘူး.. သွေးထွက်လွန်ထားတဲ့အတွက် သတိမေ့နေတာ  မကြာခင်သတိရလာပါလိမ့်မယ် .."
"ကျေးဇူးတင်ပါတယ် ဦးလေး အခုလိုကူညီပေးတာ"
"မလိုပါဘူး.. ဒေါက်တာလေးက ဦးလေးတို့‌အပေါ် ကျေးဇူးအများကြီးရှိပါတယ် ရောက်လာတာမကြာသေးပင်မဲ့ ဒေါက်တာလေးကြောင့် အသက်ရှင်တဲ့ သူတွေ အများကြီးပါ "

"အ့့့့့"
"ကျန့်ကော .. သတိရလာပြီးလား သက်သာလား လက်မောင်းက နာနေသေးလား တစ်ခြားနေရာတွေကော နာသေးလား "
"ရိ ...ရိပေါ် မလား ဆူလိုက်တာ မင်းအဲ့လိုတွေ အများကြီးမေးတော့ ငါ ဘယ်ကနေစဖြေရမလဲ "
" ကျွန်တော် စိတ်ပူနေတာ ကျွန်တော် ခများကိုစိတ်ပူနေတာ "
"အ့.. ရိပေါ် ဖြေးဖြေးသက်သက် ဖက်ပါကွ ..နာလိုက်တာ "
"  ဟမ် .. တောင် ..တောင်ပန်းပါတယ် ကျွန်တော် စိတ်လောသွားလို့ပါ အရမ်းနာသွားလား "
" နည်းနည်းပါ ..  ငါဒီကိုဘယ်လိုရောက်လာတာလဲ ..ဟမ် ရိပေါ် ငါ့ ငါအဖွဲ့သားတွေ ပြန်လွတ်လာပြီးလား ... မင်းးမင်းကကော ဘယ်လိုရောက်လာတာလဲ "
" ကျွန်တော်ကရှေ့ပြေးတပ်သားအနေနဲ့ အရင်‌စစ်ဆေးဖို့ လာတာ.. အဖွဲ့သားတွေ တည်နေရာက အခုထိမသိရသေးဘူး "
" ဘာ .. ဘာလို့ မင်းတစ်ယောက်ထဲလည်း.. တစ်ခြားတပ်အကူတွေကော ဘယ်မှာလဲ ငါအဖွဲ့သားတွေကို ကယ်ထုတ်ရမယ်လေ"

"အထက်အမိန့်က ၂၄ နာရီတောင် စောင့်ရမှာ အဲ့တာကြောင့် စစ်ဆင်ရေးကို တရား၀င်စတင်လို့မရသေးဘူး.."
"၂၄ နာရီဆို ငါအဖွဲ့သားတွေအတွက် အန္တာရယ် များလွန်းတယ် ငါအဲ့လောက်ထိမစောင့်နိုင်ဘူး ငါကိုတိုင်သွားရမယ် "
" ကျန့်ကော.. တစ်ယောက်ထဲ ဘယ်သွားမလို့လည်း တည်နေရာ အတိကျလည်း သိရတာမဟုတ်သေးဘူး... ကျွန်တော်စုံးစမ်းမှာပါ.. ကျန့်ကောက စခန်းကိုပြန်လိုက်ပြီး ဆေးကုသမူခံယူလိုက်နော် "
" ရိပေါ် အဖမ်းခံထားရတာ ငါအဖွဲ့သားတွေ သူတို့ကြောင့် ငါလွတ်လာတာ ဒါကိုငါက ‌အေးဆေးအနားယူရမှာလား .. မင်းတည်နေရာမသိပင်မဲ့ ငါသိတယ်.. မင်းတို့က အထက်အမိန့်ရမှ အလုပ်လုပ်လို့ရမဲ့သူ.. ဒါပေမဲ့ ငါကမတူဘူး ငါအဖွဲ့သား‌တွေကို ငါကယ်ထုတ်မှာ "
" ကျန့်ကော.. တည်နေရာသိရင် ကျွန်တော်ကိုပြောပြ ကျန့်ကော အဖွဲ့သားတွေ တစ်ယောက်မကျန် ကျွန်တော် ကယ်ထုတ်ပေးမှာမို့ ကျန့်ကောကတော့ အဲ့ကိုလိုက်ခဲ့လိုမဖြစ်ဘူးနော် "

" မင်းတစ်ယောက်ထဲ သွားလို့မဖြစ်ဘူးလေ .. ငါတို့နှစ်ယောက်လုံးသွားပြီး ဟိုရောက်မှ အစီစဉ်ဆွဲရအောင်နော် ရိပေါ် "
"ဟူးးး ကျန့်ကော ကျွန်တော်ကို ကတိတစ်ခုပေးရမယ် ကျွန်တော်ကို ကတိပေးနိုင်မယ် ဆိုရင် ကျန့်ကောကို ကျွန်တော်နဲ့ လိုက်ခဲ့ ခိုင်းမယ် "
" ပေးတယ် ပေးတယ် ဘာဖြစ်ဖြစ် ပေးတယ် အဓိက ငါလိုက်ခဲ့ရရင် ကျေနပ်တယ် "
" ဟိုရောက်ရင် ဘာဖြစ်ဖြစ် ကျွန်တော် စကားနားထောင်ပြီး ကျွန်တော် ပြောတဲ့အတိုင်း လိုက်နာရမယ် ဘယ်လိုလည်း ကတိတည်နိုင်မလား "
" အင်းအင်း မင်းစကားနားထောင်မယ် "
"ဟုတ်ပြီး ဒါဆို သွားကျရအောင် "

/////////////////////

"နေရာကတော်ရုံလူရှာမတွေ့နိုင်တဲ့ နေရာဘဲ အပုန်းကောင်းလိုက်ကျတာ "
"ရိပေါ် ငါ့အဖွဲ့သားတွေက အဲ့အရှေ့က ဂိုထောင်ထဲမှာ .. ဂိုထောင်ထဲ အစောင့်ရှိမဲ့ပုံမရဘူး အစောင့်တွေက အပြင်မှာဘဲချထားတာ"
" အုပ်စုလိုက် ထွက်လာရင် ရိပ်မိသွားမှာဘဲ တစ်ခါထဲ အကုန်လုံးစုသွားလို့ရရင် ပိုအဆင်ပြေမယ်ထင်တယ် "
" ငါထွက်လာတဲ့ ဂိုထောင်အနောက်ဘက်မှာ ကားတစ်စီးတွေ့ခဲ့တယ် အဖွဲ့သားတွေအတွက် အဆင်ပြေလောက်တယ် "
" ကားသံကြားရင် သူတို့ရောက်လာလိမ့်မယ် ကျန့်ကော အန္တာရယ်မကင်းဘူး "
"ငါလည်း အဲ့တာဘဲတွေးပူတာ ..သူတို့မှာကလက်နက်အပြည့်အစုံနဲ့ အုပ်စုလိုက်ရောက်လာရင် အားလုံးအတွက်မလွယ်လောက်ဘူး .. မျှားခေါ်ဖို့ကျ လူလုံးထွက်ပြရမှာ  ဒါက သက်သက်မဲ့ အသေခံသလိုကြီး ဖြစ်နေမှာ "
" ကျန့်ကော အရင်ဆုံး ဂိုထောင်ထဲ ၀င်ပြီး အခြေအနေလေ့လာရအောင် "
"အင်း "

"ဒေါက်တာရှောင်း .. ကပ္ပတိန် ၀မ် ဘယ်လိုရောက်လာတဲ့ အန္တာရယ်များတယ်လေ "
"ရူးး စိုးရိမ်စရာမရှိတော့ဘူး အားလုံးကို ကယ်ထုတ်သွားမှာမလို့ မစိုးရိမ်ကျနဲ့ ... အခုအားလုံးကြိုးဖြည်ပြီးသွားရင် ဒေါက်တာရှောင်းနောက်လိုက်သွား.. ဂိုထောင်အနောက်ဘက်မှာ ကရှိတယ်..ကားကျွမ်းကျင်စွာမောင်းတက်တဲ့သူပါလား "
" ကျွန်တော် မောင်းတက်တယ် "
"ဟုတ်ပြီး အားလုံးအသံမထွက်စေဘဲ ကားပေါ်ရောက်အောင်သွားကျပါ.. သေနတ်သံကြားတာနဲ့ ကားမောင်းပြိး လမ်းကြောင်းအတိုင်း ‌သွားပါ ဘယ်သူတားတားကားမရပ်ဘဲနဲ့ စခန်းရောက်မဲ့အထိမောင်းသွား  မရှင်းတာရှိလား "
" ရိပေါ် မင်းဘာလုပ်ဖို့တွေးနေတာလည်း "
" ကျန့်ကော ဘာမှမပူနဲ့နော် အဖွဲ့သားတွေနဲ့ တစ်ခါထဲလိုက်သွား.. ကျွန်တော် ဒီဘက်မှာ မျှားခေါ်ထားလိုက်မယ် "
" ၀မ်ရိပေါ် ... သူတို့ဘက်မှာ အင်အားဘယ်လောက်ရှိလည်းသိတာတောင်မဟုတ်ဘူး မင်းအခုလိုတစ်ယောက်ထဲ ၀င်သွားရင် ဘယ်လောက်အန္တာရယ်များလိုက်လည်း "

" ကျွန်တော်က ကပ္ပတိန် တစ်ယောက်ပါ စစ်ဆင်ရေးတွေအများကြီး လုပ်ဘူးတယ် ဒီလောက်က ဘာမှမဖြစ်ပါဘူး ကျန့်ကောသာ အဖွဲ့သားတွေနဲ့အတူ လွတ်မြောက်အောင် လုပ်နော် "
" ရိပေါ် .."
" ကျန့်ကော ကျွန်တော်ကို ကတိပေးထားတယ်လေ ကျွန်တော်စကားနားထောင် နော်... အားလုံး ကားရှိရာ အသံမထွက်အောင် ဂရုစိုက်သွားကျပါ  ပထမဆုံး သေနတ်သံကြားတာနဲ့ ကျွန်တော် အချက်ပျြယ်လို့ သဘောထားပြီး ဘာဖြစ်ဖြစ် ဂရုမစိုက်ဘဲ စခန်းရောက်တဲ့သွားပါ ."
"ရိပေါ် ..."
"ကျန့်ကော လူတွေ ၀င်မလာခင် မြန်မြန်သွားတော့"

*ကိုယ့်ကစ္စထဲတစ်ခြားသူကြား၀င်ပါတဲ့အတွက် စိတ်မအေးနိုင်ပါ အမှန်ဆို ကိုလွတ်ရူန်ူးလို့ရပင်မဲ့ လစ်လှူမရှူနိုင်တာကြောင့် ကိုယ့်ထောင်ချောက်ထဲ ကိုပြန်၀င်ပါနေမိပြန်တယ်*

ပစ်ခတ်မူအရေအတွက်များလာတာနဲ့အမျှ လျော့ကျလာတဲ့ကျည်အရေအတွက်ကြောင့် ရိပေါ် မလွတ်နိုင်တာကြိမ်းသေသလောက်ရှိနေပြီး တစ်ယောက်နဲ့အများဆိုတော့ ရိပေါ်ထင်သလောက် ခရီးမတွင်ခဲ့ဘူး။ ကျည်ကုန်တာနဲ့ မကြာပါဘူး ရိပေါ် ထိုလူတွေလက်ထဲရောက်တာပါဘဲ ။

"အ့့့့ "
" မင်းအခုထိအမှန်တိုင်းမပြောသေးဘူးလား မင်းတို့‌ boss ဘယ်သူလည်း .."
"------"
" မင်းက နောက်ဆုံးအကြိမ်ထိ တင်းခံထားမယ်ပေါ့ (ချက်)"
"ဟျောင့့် စိတ်လျော့ သူဘယ်ဂိုဏ်းကလည်းမသိရသေးဘူး.. ပြီးတော့ ခေါင်းဆောင်က ပစ္စည်းတွေ ဖြတ်ခုတ်နေတဲ့ သူကိုသိချင်နေတာ လူရထားတုန်း အစ်ထားမှမဟုတ်ရင် ခေါင်းဆောင်မေးတဲ့အခါ ဘာမှမ‌ေပြာနိုင်ဘဲနေလိမ့်မယ် လူတစ်ယောက်က ဘယ်အချိန်သတ်သတ်ရတယ် "
" တောက်စ် ..ငါဒီလောက်မေးနေတာ မင်းမြင်တဲ့အတိုင်း ဒီကောင်က တင်းခံနေတာကို "

" မင်းဖယ်တော့့့ ငါမေးလိုက်မယ် ... ‌ဟိုကောင်က စိတ်ကြီးတော့ မင်းသီးခံပေးလိုက်ပါ အခုပြောတော့ မင်းနာမည်က "
"------"
" မင်းကဘယ်ဂိုဏ်းကလည်း "
"-----"
" ငါတို့လိုဘဲ ဂိုဏ်းနာမည်မရှိတာလား   မင်းတို့ခေါင်းဆောင်က ဘယ်သူလည်း "
"-----"
"ခေါင်းဆောင်ပစ္စည်းတွေကို ဖြတ်ခုတ်နေတာ မင်းတို့ ဂိုဏ်းမလား"
" မင်းတို့ ခေါင်းဆောင်က ၀မ်ချောင်လား "
" ကောင်လေး ခေါင်းဆောင်နာမည်ကို လက်လွတ်စပယ်မခေါ်နဲ့ မင်းမှာ အသက်အပိုမပါဘူးမလား "
"ဆေးတပ်သားတွေကို မဆိုင်ဘဲဘာလို့ပြန်ပေးဆွဲတာလည်း "
"မင်းက စပ်စုလိုက်တာ သိချင်တာတွေ အရမ်းများနေပုံဘဲ အင်းး ငါကစိတ်ကောင်းရှိတော့ မင်းကလည်း မကြာခင်သေတော့မှာဆိုတော့ ငါမင်းသိချင်တာတွေပြောပြပေးမယ် .. "

" မင်းတို့ ဒီတစ်ခေါက် လက်နက်ဆေးအ‌‌ေရာင်းအ၀ယ်အတွက် ၀မ်ချောင်ကိုတိုင် လာမှာမလား "
"အဲ့လိုဘဲ ပြောကမလား  ဒါပေမဲ့ အဲ့တာ အယောင်ပြသက်သက်ဘဲ ခေါင်းဆောင်က သူပစ္စည်းတွေ ဖြတ်ခုတ်နေတဲ့ ဂိုဏ်းကို အမိအရဖမ်းချင်နေတာလေ အဲ့တာကြောင့် ကျွန်းပေါ်မှာ နည်းနည်းသောင်းကျန်းပေးပြီး သတင်းဖြန့်လိုက်တဲ့ သဘောပါ "
"ဘာ.. ဒါဆို ကုန်သွယ်မူက အတုအယောင်ဘဲပေါ့ "
" ‌ဒါပေါ့ ဒုံမန်ကျွန်းဆွယ်လို့နေရာမှာ တစ်ကူးတစ်က ကုန်သွယ်မူဘာလုပ်ရမှာလည်း ပေကျင်းမြို့လမ်းမထက် ကုန်သွယ်မူလောက်တောင် မကောင်းတဲ့အရာကို "
"တောက်စ် ဒါဆို ဆေးတပ်သားတွေ ဘာလိုပြန်ပေးဆွဲသေးလည်း "
" ဒါကရှင်းရှင်းလေးပါ ..အတွင်းသတင်းရလို့လေ "
" ဘာသတင်းလည်း "
" ဆေးတပ်သားတွေကြားထဲ သူလျှိုပါတယ်ဆိုလို့လေ စစ်ဆေးလို့ရအောင် လုပ်လိုက်ရုံ ..နေပါအုံး မင်းကဒါတွေသိပြီးဘာလုပ်မှာလည်း "

"ဓားစာခံတွေ မရှိတော့ဘူး .. နောက်ဘက်ကကားပါ ပါသွားတယ်"
"ဘာ ...ဟျောင့် မင်းလက်ချက်မလား ကျစ်.."
" မင်းတို့က စကားများတာကို..."
" ငါမင်းကိုပြောသားဘဲ အဲ့ကောင်ကို အစထဲကလက်ကတုန်းပြစ်ပါဆိုတာ "
" ဟက်.. ဓားစာခံမရှိလည်း ဘာအရေးလည်း မင်းကိုလက်စတုန်းပြီး တစ်စစီခုတ်ထစ် ခွေးကြွေးလိုက်ရုံပေါ့ ..ဟျောင့်ရှင်းလိုက်တော့ "

///////////1961 ဇာတ်လမ်းကရိုးရိုးလေးသွားထားပင်မဲ့ ထင်သလောက်မရိုးပါဘူးနော်။/////////////

Zawgyi

Beginning For The End -7

" အရာရှိ ..အရာရှိ‌လေးက ဟိုတစ်ခါ ‌ဆရာဝန်လေးနဲ့ပါလာတဲ့ တစ်ယောက်မလား "
" ဟုတ်ပါတယ် ဦးလေး "
" ဦးလေး ကျွန်တော်အခု  ..."

" ဦးလေး..."


"အ့"



/////////////////////

"အင်း "


" ရိပေါ် .."
"ရိပေါ် ..."



"အ့ "
"------"
"ဟျောင့် စိတ်လျော့ သူဘယ်ဂိုဏ်းကလည်းမသိရသေးဘူး.. ပြီးတော့ ခေါင်းဆောင်က ပစ္စည်းတွေ ဖြတ်ခုတ်နေတဲ့ သူကိုသိချင်နေတာ လူရထားတုန်း အစ်ထားမှမဟုတ်ရင် ခေါင်းဆောင်မေးတဲ့အခါ ဘာမှမ‌ပြောနိုင်ဘဲနေလိမ့်မယ် လူတစ်ယောက်က ဘယ်အချိန်သတ်သတ်ရတယ် "

" မင်းဖယ်တော့ ငါမေးလိုက်မယ် ... ‌ဟိုကောင်က စိတ်ကြီးတော့ မင်းသီးခံပေးလိုက်ပါ အခုပြောတော့ မင်းနာမည်က "
"------"
" မင်းကဘယ်ဂိုဏ်းကလည်း "
"-----"
"-----"

" မင်းတို့ ဒီတစ်ခေါက် လက်နက်ဆေးအ‌‌ရောင်းအ၀ယ်အတွက် ၀မ်ချောင်ကိုတိုင် လာမှာမလား "
" ဘာသတင်းလည်း "


////////////4879////////////

Continue Reading

You'll Also Like

105K 18.1K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
374K 7.7K 32
အထန်ကောင်လေးနဲ့ အရမ်းအလို လိုက်တဲ့ daddyကြီးကို မြင်ရမဲ့ ficလေးပါ ‌အမှောင် ficပါ 25+လို့ပြောလို့ရပါတယ် ခလေးတွေ မဖက်ရဲ့ရင် ဝင်မဖတ်ပါနဲ့ (အထန်ကောင်လေး...
38.4K 2.7K 72
ဖတ်ကြည့်နော်😉😉
25.2K 2.4K 10
Inspired by for ya // 蒋小呢.