Part 8

526 19 0
                                    

Beginning For The End -8

" ဒိုင်းးးးးးဒိုင်းးးးးးးဒိုင်းးးးး"

သေနတ်သံသာ အဆင့်ဆင့်ထွက်ပေါ်လာပင်မဲ့ အခုချိန်ထိ အသိစိတ်ရှိသေးတာကြောင့် တပ်ကူရောက်လာကျပြီးထင်တယ်။ရိပေါ် အထင်ကို လွဲမှားနေကြောင်း သက်သေပြတာတော့ ဂျုတီကုတ်အဖြူလေးအောက် အနက်ရောက်၀တ်စုံဝတ်ဆင်ထားပြီး သေနတ်ကိုင်ထားတဲ့ လူတစ်ယောက်ကသက်သေပြတယ်။ ခွဲစိတ်ဓါးကိုင်နေကျ လက်က သေနတ်ကိုင်ပြီး ပစ်မှတ်တစ်ယောက်ချင်စီကို လွဲချော်‌မူမရှိအောင် ပစ်နိုင်တဲ့အပြင် တန်ပြန်တိုက်စစ်မဆင်နိုင်အောင် ပျောက်ကျားစနစ်နဲ့ တိုက်ခိုက်နေတဲ့ သူကြောင့် ကျည်ဆံတွေကြား ရိပေါ် ‌စွန့်အနေမိတယ်။ ဂျုတီကုတ်အဖြူရောင်လေး အနားရောက်လာပြီး သေနတ်တစ်လက် လက်ထဲထည့်သွားပေးတဲ့ထိတိုင်အောင် ရိပေါ် မလှုပ်ရှားမိသေးဘူး ။

"၀မ်ရိပေါ် ! မင်းကိုပစ်သွားတာစောင့်နေတာလား "
"ဟမ် အမ် တောင်းးး အယ် အဟမ်းး "
ရိပေါ်လို့အထက်ထက်အခါခါလေ့ကျင့်ထားတဲ့ကပ္ပတိန်တစ်ယောက်နဲ့ ယဉ်တွဲစွာပစ်နိုင်တဲ့ ‌ဒေါက်တာရှောင်းကျန့်က ရိပေါ်အတွက် နားလည်ရခက်စေတယ်။ အရေးပေါ်အခြေအနေမို့ သေနတ်ကိုင်ရတယ်ဆိုရင်တောင် ကျည်တစ်ထောင့် လူတစ်ယောက်လောက်ထိတော့ လက်မတည့်သင့်ဘူးထင်တယ် ။ တစ်ဖက်လူတွေပစ်ခတ်တဲ့ ပစ်ချက်တွေကိုလည်း အလွယ်တစ်ကူရှောင်ရှားနိုင်တဲ့အပြင် ဘယ်နေရာဖြစ်ဖြစ် ချိန်းလိုက်တဲ့ ပစ်မှတ်က လွဲချော်မူမရှိစေဘူး ။ စတွေ့ကတည်းက တစ်မူထူးခြားတဲ့ ဒေါက်တာရှောင်းကျန့်က အခုချိန်ထိ ရိပေါ် နားမလည်နိုင်ဘူး။ ဒေါက်တာရှောင်းကျန့်ဆိုတာ ကပ္ပတိန်၀မ်ရိပေါ်အတွက် နားလည်ရခက်တဲ့ ပုစ္စာလေးတစ်ပုဒ်။
လက်ရည်တူတဲ့ သူနှစ်ယောက် ဖြိုလိုက်တဲ့ လူအုပ်ဟာ အချိန်ခဏလေးအတွင်းအဆုံးသတ်ပါတယ်။ ‌ဒေါက်တာရှောင်းကျန့်က ရိပေါ်မျက်နှာပေါ်က ရူတ်ထွေးမူတစ်ချို့နဲ့မေးခွန်းတွေကို နားလည်တဲ့အလား ဒေါက်တာရှောင်းကျန့် ဘက်ကစကားစလာပါတယ်။

" ရိပေါ်.. ငါကမင်းထင်သလောက်မရိုးရှင်းဘူး"
"ကျန့်ကော ..."
" ရိပေါ် ငါလျောက်တဲ့လမ်းနဲ့မင်းလျောက်တဲ့လမ်းက ကွာခြားမူရှိတယ် ငါတို့နှစ်ယောက်ဦးတည်ရာကတူရင်တောင် လားရာတွေကဆန့်ကျင်ဘက်ဖြစ်တယ် ။မင်းသိထားတဲ့ ငါအကြောင်းတွေက ငါချပြထားတဲ့ ဘက်ခြမ်းတစ်ခုအပြင်မပိုဘူး "
" ကျွန်တော် ထင်နေသလိုတော့မဟုတ်ဘူးမလား"
" မင်းထင်တာ မှန်တယ်.. အဲ့နေ့ကမင်းလိုက်လာတာ ငါနောက်ကို"
" မဟုတ်တာ .. မဖြစ်နိုင်ပါဘူး"
" ရိပေါ် ..ဟောင်ထွားနဲ့ သူ့အဆက်သွယ် လေးယောက်လုံး ကိုငါသတ်ခဲ့တာ "

Beginning For The End (Complete)Where stories live. Discover now