ထိမ်း​​မြားပဏ္ဏာအင်ပါယာ

By zuriiiiii8

11.8K 1.4K 99

လူတစ်ယောက်က သေခြင်းတရားကိုတောင် မျက်ကွယ်ပြုပြီး မင်းကို ချစ်နိုင်တယ်ဆိုရင် သူဟာ မင်းနဲ့ ဘယ်တော့မှ မခွဲခွာနိ... More

အခန်း ၁ /ဓားစာခံမင်းသား(ဓားစာခံမင္းသား)
အခန်း၂/ပထမဆုံးတွေ့ဆုံခြင်း(ပထမဆုံးေတြ႕ဆုံျခင္း)
အခန်း ၃ /ဒူးထောက်အပြစ်ပေးခြင်း(ဒူးေထာက္အျပစ္ေပးျခင္း)
You must read this ><
အခန်း ၄/ဆေးသောက်ချိန်(ေဆးေသာက္ခ်ိန္)
အခန်း၅/နိုင်လိုမင်းထက်ဧကရာဇ်(နိုင္လိုမင္းထက္ဧကရာဇ္)
အခန်း ၆/ကိုယ်တော့်ကိုဝတ်ရုံတော်ပြင်ဆင်ပေး
အခန်း၇/သက်မဲ့နှလုံးသား
အခန်း၈/အမြော်အမြင်ရှိသောအမေးအဖြေ
အခန်း ၉/အဆောင်တော်အပြောင်းအလဲ
အခန်း ၁၀/အဆိပ်ကိုမြည်းစမ်းခြင်း
အခန်း ၁၁/ ရေချိုးချိန်
အခန်း ၁၂/ ထုံရှစ်
အခန်း ၁၃/ဝတ်ရုံလက်ဖြတ်
အခန်း ၁၄/ပန်းချီဆွဲချိန်
အခန်း ၁၆ /ရင်ဖိုဖွယ်အိပ်မက်
အခန်း ၁၇/ သက်တော်စောင့်ခွေး
အခန်း ၁၈/အားမုံ့
好消息
အခန်း ၁၉ /တန်ပြန်တိုက်ခိုက်မှု
အခန်း ၂၀/ အရူး
启事

အခန်း ၁၅ /တေးကဗျာ

331 48 3
By zuriiiiii8

-အရောင်အသွေးစုံသော ဘဝအလယ် ချည်နှော
င်တွယ်ငြိစိတ်အစုံဟာ အေးချမ်းလေသော
ရပ်မှာ-

ဝေ့လျန်၏ စကားတစ်ခွန်းက လီဖုချွမ်ကို အ
တွေးများသွားစေသည်။ လီဖုချွန်သည် အတန်င
ယ်ကြာ ဟိုဟိုသည်သည် စဥ်းစားပြီးသည့်နောက်
တွင် အပြုံးတုတစ်ခုကို ဖန်တီးယူပြီး ဝေ့လျန်ကို ပြန်မေးသည်။

"လျန်သခင်လေးမှာ ကျွန်တော်မျိုးကို ဘာများတောင်းဆိုချင်တာရှိလို့လဲမသိဘူး"

လီဖုချွမ်သည် ဝေ့လျန်က မျက်နှာသာပေးခံရသ
ည်နှင့်တစ်ချိန်တုန်းက အနိုင်ကျင့်စော်ကားခံရသမျှကို တုံ့ပြန်လက်စားချေလိမ့်မည်ဟု ထင်ခဲ့ဖူး
သည်။ သို့ရာတွင် ဝေ့လျန် ပြောလာသည့် စကားက မောက်မာခြင်းအလျဥ်းမရှိဘဲ နူးညံ့သိမ်မွေ့နေလိမ့်မည်ဟု သူ လုံးဝ မထင်ထားမိချေ။

"ကုန်းကုန်းက အရှင်ဧကရာဇ်အနားမှာ နှစ်ပေါင်းများစွာ အမှုထမ်းလာတဲ့ မိန်းမစိုးမဟုတ်လား ပြီးတော့ အခုဆိုရင် ကျွန်တော်ကလည်း အရှင်ဧက
ရာဇ်ကို ခစားတဲ့လူတစ်ယောက်ဖြစ်နေပြီ...ကျွန်
တော်တို့ နှစ်ယောက်က ရပ်တည်မှုချင်းတူတယ် ဒါကြောင့်မို့ အချင်းချင်း တစ်ယောက်နဲ့တစ်ယော
က် ခက်ခဲအောင် မလုပ်ကြရင်ကောင်းမယ်လို့ ပြောချင်တာပါ"

ဝေ့လျန်က ယဥ်ယဥ်ကျေးကျေး အကြံပေးသ
ည်။

လီဖုချွမ်၏ မျက်လုံးများမှာ ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားရသည်။

ဒါကချစ်ကြည်ရေးယူတဲ့သဘောလား?

အရှင်ဧကရာဇ်၏ စိတ်သဘောထားသည် ရေပေါ်တွင် ပေါလောမျောနေတတ်သော ဘဲစာပင်များ၊ အမြစ်မရှိသော ပေါင်းပင်များနှင့် ဆင်တူသည်။မည်သည့်သူစိမ်းကမှ ငယ်ရွယ်စဥ်ကတည်းက အပြန်အလှန် သိကျွမ်းလာသော သူနှင့် အရှင်ဧ
ကရာဇ်တို့အကြားမှ ရင်းနှီးမှုမျိုးကို လွယ်လင့်တကူ ဖန်တီးယူနိုင်လိမ့်မည်မဟုတ်ပေ။ ယခုမူ အရှ
င်ဧကရာဇ်သည် လျန်သခင်လေးကို သဘောကျနေခြင်းကြောင့် မျက်နှာသာပေးထားခြင်းဖြစ်သ
ည်။ အရှင်ဧကရာဇ် စိတ်ပြောင်းသွားသည့်တစ်
နေ့တွင် မျက်နှာသာပေးခံထားရသော လျန်သခ
င်လေးသည် ပထမဆုံး ထိခိုက်လာမည့်လူဖြစ်ပြီး နန်းတော်ထဲတွင် ယခုလိုမျိုး အေးချမ်းစွာ နေထို
င်ဖြတ်သန်းနိုင်တော့မည် မဟုတ်ပေ။

လျန်သခင်လေးက တကယ်ကို အမြော်အမြင်ရှိသားပဲ။

လူအများကို ထိန်းချုပ်နိုင်သော နေရာတစ်ခုကို တက်လှမ်းသွားနိုင်သူဟာ အတွေ့အကြံများသော ယောကျာ်းတစ်ဦးမဟုတ်ရာ လီဖုချွမ်သည် ခဏကြာအောင် စဥ်းစားနေပြီးနောက် မျက်နှာပေါ်တွ
င် ရှုပ်ထွေးသော အမူအရာတချို့ ပေါ်လာသည်။

"ကျွန်တော်မျိုးလို နိမ့်ကျတဲ့ မိန်းမစိုးတစ်ယော
က်က လျန်သခင်လေးကို ဘယ်လိုများ အတိုက်
အခံလုပ်ဝံ့ပါ့မလဲ"

"အရင်တစ်ခေါက်တုန်းက ကျွန်တော့်ကြောင့် ကုန်းကုန်း အပြစ်ပေးခံလိုက်ရတယ်မဟုတ်လား အနည်းနဲ့အများတော့ မကျေနပ်တဲ့စိတ်မျိုး ကျန်နေအုံးမှာပါ ဒါက ဖြစ်တတ်တဲ့ လူ့သဘာဝပဲမို့ ကျွန်တော် နားလည်ပါတယ် အဲ့ဒီနေ့တုန်းက နေသိပ်မကောင်းသေးလို့ စိတ်ရှုပ်နေတာနဲ့ ကုန်းကု
န်းကို အခက်တွေ့အောင် လုပ်မိသွားတယ်...အဲ့ဒီအတွက် တောင်းပန်ပါရစေ"

ဝေ့လျန်က ရိုးရိုးသားသား တောင်းပန်ပြီး ခေါင်းတစ်ချက် ငုံ့လိုက်သည်။

လီဖုချွမ်မှာ 'ကျွန်တော်မျိုးမခံယူဝံ့ပါဘူး'ဟု တ
ရိုတသေ တုံ့ပြန်တော့မည့်ဆဲဆဲတွင် ဝေ့လျန်က စကားဆက်သည်။

"ပြီးတော့ ကုန်းကုန်း ကျွန်တော့်ကို သတိထားပြီး စောင့်ကြည့်နေတာ အဲ့ဒီနေ့တုန်းက ကိစ္စကြောင့်မဟုတ်ဘဲ ကျွန်တော်က ချူလူမျိုးတစ်ယောက်ဖြစ်နေလို့ အရှင်မင်းကြီးကို အန္တရာယ်ပေးမှာ စိုး
ရိမ်တဲ့စိတ်နဲ့ စောင့်ကြည့်နေတယ်ဆိုတာကိုလည်း သိပါတယ်"

လီဖုချွမ် ဆွံ့အသွားရချေပြီ။ ယခုအချိန်တွင် ဝေ့လျန်ကို သူ ဘာတစ်ခွန်းမှ ပြန်မပြောရဲတော့ချေ။

ဤသည်မှာ ဝေ့လျန်ကို သူမယုံကြည်နိုင်ရခြင်း
၏ အဓိက အကြောင်းအရင်းဖြစ်သည်။

သူသည် ငယ်ရွယ်စဥ်ကတည်းက ချင်ဧကရာဇ်အနားတွင် အမှုထမ်းခဲ့ခြင်းကြောင့် ချင်ဧကရာဇ်အနေနှင့် မည်သို့မည်ပုံ ခက်ခက်ခဲခဲ ကြီးပြင်းလာရကြောင်းကို သူအသိဆုံးဖြစ်သည်။

×××

အသက်ရှစ်နှစ်မပြည့်ခင်အထိ ယွယ့်သခင်လေးနှင့် မယ်တော်ယွင်ကျီတို့ဟာ စွန့်ပစ်ခံနန်းဆောင်တွင်သာ နေထိုင်ခဲ့ရပြီး ကာကွယ်စောင့်ရှောက်ပေးမည့်သူမရှိပါဘဲနှင့် ခက်ခက်ခဲခဲ ရှင်သန်လာခဲ့ရသည်။ သို့သော်လည်း ယွယ့်သခင်လေးမှာ အသက်ကိုးနှစ်အရွယ်တွင် ရုတ်တရက် ထီးနန်းအတင်ခံခဲ့ရပြီး ထိုအချိန်မှစ၍ ရုပ်သေးဘုရင်အဖြစ် ထိန်းချုပ်ခံရကာ နေ့စဥ်နေ့တိုင်း အကြော
က်တရားများဖြင့် နေထိုင်ခဲ့ရသည်။

ထလီဖုချွမ်သည် ထီးနန်းတက်လာသော ဘုရင်ငယ်ထံတွင် အမှုထမ်းရန် စေလွှတ်ခံခဲ့ရသည်။ဘုရင်ငယ်လေးသည် မယ်တော်ယွင်ကျီ၏ သေ
ဆုံးမှုကြောင့် စွန့်ပစ်ခံထားရသော အကောင်ပေါ
က်လေးလို နှုတ်ဆိတ်နေတတ်သည်။ သူ၏ စူးရှကြည်လင်သော မျက်ဝန်းတစ်စုံသည် ဝမ်းနည်းစိတ်ပျက်မှုတို့ဖြင့် အသက်မဲ့နေပြီး တစ်နေကုန် စကားတစ်ခွန်းမျှမဆိုဘဲ လောကကြီးကို တိတ်
တဆိတ် ငေးကြည့်နေတတ်သည်။

ထိုအချိန်တုန်းက သူတို့အားလုံးသည် ငယ်ရွယ်
သော မိန်းမစိုးများဖြစ်ကြပြီး ခေါင်းဆောင်ဖြစ်သူက ဘုရင်ငယ်လေးကို ပျော်ရွှင်အောင် လုပ်ပေးနိုင်သူ မည်သူ့ကိုမဆို ဆုလာဘ်များ ချီးမြှင့်မည်ဟု အမိန့်ထုတ်ခဲ့သည်။

များမကြာမီတွင် လိမ္မာပါးနပ်ပြီး တက်ကြွသော ကလေးတစ်သိုက်သည် ဘုရင်လေး၏ စိတ်အာရုံကို ဆွဲဆောင်ရန် အတတ်နိုင်ဆုံး ကြိုးစားကြပြီး ကစားစရာအရုပ်ပေါင်းစုံနှင့် ချဥ်းကပ်သူများရှိသလို တတွတ်တွတ် စကားလိုက်ပြောနေသူများလည်းရှိကြသည်။

ထိုအချိန်တုန်းက လီဖုချွမ်ကို 'ရှောင်ဖူးကျစ်'ဟု ခေါ်ဝေါ်ဆဲဖြစ်ပြီး သူသည် အခြားကလေးများထက် ပျော့ညံံ့ပြီး လူအများနှင့် အရောတဝင်မနေတတ်သူလည်းဖြစ်သည်။ များမကြာမီတွင် အပြ
င်သို့ ရောက်မှန်းမသိ ရောက်သွားပြီး ကြီးကျယ်ခမ်းနားသော ဆုလာဘ်အတွက် အသည်းအသန် ကြိုးစားနေကြသော ရွယ်တူကလေးတစ်သိုက်ကို အပြင်မှ ရပ်ကြည့်နေခဲ့သည်။

ရယ်မောသံများဖြင့် ဆူညံနေသော ကလေးတစ်သိုက်အကြားတွင် ဝန်းရံခံထားရသော ဘုရင်ငယ်လေးသည် စကားတစ်ခွန်းမှ ပြန်မပြောဘဲ မျက်
လွှာချထားသည်။ဘေးပတ်ဝန်းကျင်မှ သက်ဝင်လှုပ်ရှားမှုများဟာ သူနှင့် ကမ္ဘာချင်း ခြားနေသည့်အလားပင်။

ခန္ဓာကိုယ်ဟာ လူအစုအဝေးအကြားတွင် ပိတ်လှောင်ခံထားရသော်လည်း စိတ်အာရုံမှာ အား
လုံးနှင့် ဝေးရာအရပ်တွင် ငြိမ်းချမ်းနေပုံရသည်။

ရှောင်ဖူးကျစ်သည် ဘုရင်ငယ်လေးကို ကြည့်ပြီး မယ်တော်ဖြစ်သူကို လွမ်းဆွတ်နေသည်ဟု ထင်မိသွားသည်။ ရှောင်ဖူးကျစ်ကိုယ်တိုင်လည်း နန်း
တော်အပြင်ဘက်မှ မိခင်ဖြစ်သူကို လွမ်းဆွတ်သည့်အခါ ဘုရင်ငယ်လေးလို အမူအရာမျိုးဖြစ်သွားတတ်သည်။

နောက်ဆုံးတွင် ဘုရင်ငယ်လေးဟာ စိတ်ရှုပ်သွား
ပုံရပြီး နှုတ်ခမ်းများကို ဖွင့်ဟ၍ 'ထွက်သွားကြ'
ဟူသော စကားတစ်ခွန်းကို ထုတ်ပြောခဲ့သည်။

ထိုစကားကြောင့် မိန်းမစိုးငယ်များမှာ ကြောက်လန့်သွားကြပြီး ချက်ချင်း ပါးစပ်ပိတ်ကာ မြေ
ပြင်ပေါ်သို့ ဒူးထောက်ချရင်း တောင်းပန်လာကြတော့သည်။

သို့ပေမဲ့ ရှောင်ဖူးကျစ်က ဘုရင်ငယ်လေး၏ အ
နားသို့ သတိထားပြီး တိုးလာသည်။

"အရှင်ဧကရာဇ် ကျွန်တော်မျိုးကို ပုံပြင်တစ်ပုဒ် ပြောပြခွင့်ပြုပါ"

အမှန်တွင် ထိုပုံပြင်ဟာ ဆန်းကြယ်ပြီး စိတ်ဝင်
စားစရာကောင်းသော ပုံပြင်တစ်ပုဒ် မဟုတ်ပေ။ မိခင်တိုင်းနီးပါး သားသမီးကို ပြောပြတတ်သော ပုံပြင်တစ်ပုဒ်သာဖြစ်သည်။

ရှောင်ဖူးကျစ်ကိုလည်း မိခင်ဖြစ်သူက ပြောပြခဲ့ခြင်းဖြစ်သည်။ ရှောင်ဖူးကျစ်သည် ဆင်းရဲနွမ်း
ပါးသော မိသားစုအခြေအနေကြောင့် နန်းတော်ထဲသို့ ရောက်လာရခြင်းဖြစ်ပြီး နန်းတော်အပြင်ဘက်မှ မိခင်ဖြစ်သူကို လွမ်းဆွတ်သည့်အချိန်
များတွင် ပုံပြင်လေးကို ပြန်ကြားယောင်နေတတ်
သည်။ ထို့ကြောင့် အရှင်ဧကရာဇ်လည်း သူ့နည်း
တူစွာ ခံစားနေရသည်ဟု ထင်မှတ်ပြီး ကလေး
တိုင်းနီးပါး ကြားဖူးသော ပုံပြင်တစ်ပုဒ်ကို ပြောပြခဲ့သည်။

ကတုန်ကယင်ဖြင့် ပုံပြင်တစ်ပုဒ်လုံး ပြောပြပြီးသည့်နောက်တွင် ဘုရင်ငယ်လေးက သူ့ကို ခေါ
င်းမော့ကြည့်လာသည်။

"နာမည်ဘယ်လိုခေါ်လဲ"

ရှောင်ဖူးကျစ်သည် မြေပြင်ပေါ်သို့ လျင်မြန်စွာ ဒူးထောက်ချလိုက်သည်။

"ကျွန်တော်မျိုးရဲ့နာမည်က ရှောင်ဖူးကျစ်လို့ခေါ်ပါတယ်"

"သိပြီ"

ဘုရင်ငယ်လေးက ပေါ့ပေါ့ပါးပါး တုံ့ပြန်ခဲ့သည်။

သို့ပေမဲ့ ထိုစကားလုံးနှစ်လုံး ထွက်လာသည့်နေ့မှစ၍ ရှောင်ဖူးကျစ်သည် အရှင်မင်းကြီး၏ အပါးတွင် အမှုထမ်းရသော မိန်းမစိုးတစ်ဦးဖြစ်လာပြီး တစ်ဆယ့်နှစ်တိုင်ခဲ့ပြီဖြစ်သည်။

နောက်ပိုင်းတွင် လီဖုချွမ်သည် သူပြောပြခဲ့သော ပုံပြင်တစ်ပုဒ်ကို အရှင်ဧကရာဇ်၏ မယ်တော်က အရှင်ဧကရာဇ်ကို အခေါက်ပေါင်းများစွာ ပြောပြဖူးကြောင်း သိခဲ့ရသည်။

ထိုအချိန်တုန်းက အရှင်ဧကရာဇ်သည် လွတ်လပ်စွာ ပျော်ပျော်ပါးပါး ဆော့ကစားနေသင့်သော ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦးဖြစ်သော်လ
ည်း မယ်တော်ကြီး၏ ချုပ်ကိုင်မှုအောက်တွင် အားအင်မရှိသော သိုးငယ်တစ်ကောင်လို ကြိုး
စားရုန်းကန်ခဲ့ရသည်။

မယ်တော်ကြီးသည် တိုင်းတစ်ပါးသား ဆွေမျိုးများနှင့် ပူးပေါင်းကာ အင်ပါယာကို နောက်ကွယ်မှ ထိန်းချုပ်ခဲ့သည်။ မည်သူကမှ ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦးကို ချင်အင်ပါယာ၏ ဧကရာ
ဇ်အဖြစ် မသတ်မှတ်ခဲ့ကြချေ။

ပိုဆိုးသည်မှာ ရုပ်သေးဘုရင်ငယ်ကို လုပ်ကြံပြီး အခြားတစ်ဦးနှင့် အစားထိုးရန် ကြိုးစားခဲ့ကြသေးသည်။

ထိုအချိန်မှစ၍ လုပ်ကြံသူများမှာ ကုန်သွားသည်ဟူ၍ မရှိတော့ပေ။ အစေခံများ ပြင်ဆင်ပေးသော လက်ဖက်ရည်တစ်ခွက်သည် ၎င်းတို့၏ ဝတ်ရုံလက်ထဲတွင်ဝှက်ထားသော အပ်တစ်ချော
င်းကြောင့် အဆိပ်တစ်ခွက်လည်းဖြစ်သွားနိုင်သ
ည်။ စားတော်ပွဲတွင်လည်း အဆိပ်ပါနိုင်သလို ဝတ်ရုံများအစ အခန်းတွင်း ထွန်းညှိထားသော အမွှေးနံ့သားပေါင်းအစရှိသဖြင့် ဒြပ်ရှိအရာမှန်
သမျှ အရှင်ဧကရာဇ်၏ အသက်ကို အချိန်မရွေး
နှုတ်ယူသွားနိုင်သည်။

ညအိပ်ချိန်တွင်တောင်မှ လှစ်ခနဲ ဝင်လာနိုင်သော အေးတိအေးစက် ဓားမြှောင်တစ်ချောင်းကို အစဥ်အမြဲ သတိကပ်ထားရသည်။

ထို့ကြောင့် အရှင်ဧကရာဇ် ငယ်ရွယ်စဥ်တုန်းက အသတ်ခံရမည်ကို ကြောက်ရွံ့သောစိတ်နှင့် အရိ
ပ်မည်းကြီးများပမာ အိပ်မက်ဆိုးများကြောင့် စိ
တ်ပူပင်မှုများပြီး အားနည်းဖျော့တော့နေလေ့ရှိသည်။ 

အရှင်ဧကရာဇ်သည် မည်သူ့ကိုမှ မယုံကြည်ရဲတော့ဘဲ တစ်ချိန်က သူယုံကြည်ခဲ့ဖူးသော လီဖုချွမ်ကိုပင်လျှင် စည်းတစ်ခုခြားပြီး ဆက်ဆံခဲ့သည်။ 

အရှင်ဧကရာဇ်သည် အသက်တစ်ဆယ့်လေးနှစ်အရွယ်တွင် မယ်တော်ကြီးကို ဖြုတ်မချနိုင်ခင်အထိ ဤဒုက္ခများကို ငါးနှစ်တိုင်တိုင် တောင့်ခံခဲ့သည်။ ထိုနေ့တုန်းက အရှင်ဧကရာဇ်၏ နံဘေးတွင် လီဖုချွမ်ရှိနေပြီး သုံးပေရှည်သော အဖြူရောင် ပိုးသားလိပ်ကို သူကိုယ်တိုင် မယ်တော်ကြီးထံ အပ်နှင်းပေးခဲ့ရသေးသည်။ 

အရှင်ဧကရာဇ်က မယ်တော်ကြီးကို နောက်ဆုံးအနေနှင့် စကားတစ်ခွန်းပြောခဲ့သည်။

"မယ်တော်ကြီး လွှတ်လိုက်တဲ့လူက ကိုယ်တော့်ရဲ့
မယ်တော်ကို ရေတွင်းထဲ တွန်းချလိုက်တဲ့ အချိန်တုန်းက ကိုယ်တော် အဲ့ဒီနေရာမှာ ရှိနေခဲ့တယ်"

ဤလျှို့ဝှက်ချက်ကို ကြားရသည့်အခိုက်တွင် လီဖုချွမ် အကြီးအကျယ် ထိတ်လန့်သွားရသည်။

အရှင်ဧကရာဇ်က သူ့ရဲ့မယ်တော် ရေတွင်းထဲ တွန်းချခံလိုက်ရတာကို သူ့မျက်လုံးနဲ့ မြင်ခဲ့ရတာလား?

ထိုမြင်ကွင်းမျိုးကို မြင်ခဲ့ရသော်လည်း အရှင်ဧ
ကရာဇ်သည် ငိုကြွေးခြင်းမပြုခဲ့သလို ဝမ်းနည်းပူဆွေးသောအမူအရာမျိုးလည်းရှိမနေဘဲ နောက်တစ်နေ့တွင် သူ့ကို စွန့်ပစ်ခံနန်းဆောင်မှ ခေါ်ထု
တ်သွားသော မယ်တော်ကြီးကို လိမ္မာယဥ်ကျေးစွာ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့သည်။

ဤနည်းအားဖြင့် ရာဇပုလ္လင်ပေါ်တွင် ထိုင်ခွင့်ရခဲ့သည်။

ထို့နောက်တွင်မူ မျိုးနွယ်စုကိုးခုလုံးကို အမြစ်ပြတ်သုတ်သစ်ရန် ငါးနှစ်ကြာ စီစဥ်ခဲ့သည်။

ထိုအချိန်တုန်းက ချင်ဧကရာဇ်မင်းကျီယွယ့်သ
ည် ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦးသာဖြစ်နေသေးသည်။

ဒီအသက်အရွယ်လေးနဲ့ ဘယ်လောက်တောင် ရင့်ကျက်နေခဲ့တာလဲ။

လီဖုချွမ်သည် အရှင်ဧကရာဇ်ကို သနားလည်း သနားသလို အမှန်တကယ်လည်း လေးစားရိုသေခဲ့သည်။

နောင်ခုနစ်နှစ်အကြာတွင်၊ ချင်ဧကရာဇ်သည် အင်ပါယာခြောက်ခုကို တိုက်ခိုက်သိမ်းပိုက်ပြီး နယ်ပယ်အနှံ့အပြားတွင် သွေးချောင်းစီး သတ်
ဖြတ်ကာ အများက ကြောက်ရွံ့ရသော နိုင်လိုမင်းထက် ဧကရာဇ်တစ်ပါးဖြစ်လာခဲ့သည်။

လီဖုချွမ်သည်ပင် ခွန်အားကြီးသော ဧကရာဇ်တစ်ပါးအဖြစ်သို့ ပြောင်းလဲလာခြင်းကို စိတ်တွင် အသိအမှတ်ပြုမိသည်။ သို့ပေမဲ့ ကျီယွယ့်က င
ယ်ရွယ်စဥ်တုန်းကထက် ပို၍ စကားနည်းသထက်နည်းသွားခဲ့သည်။

မည်သို့ပင်ဖြစ်စေ လီဖုချွမ်သည် အရှင်ဧကရာဇ်အပေါ် သစ္စာရှိနေအုံးမည်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ အန္တရာယ်ပြုခွင့်ပေးမည်မဟု
တ်ပေ။

လီဖုချွမ်သည် အတိတ်မှတ်ဥာဏ်များထဲမှ ပြန်ရောက်လာပြီး သူ့အရှေ့တွင် ရပ်နေသော လူငယ်လေးကို ကြည့်လိုက်သည်။

ဝေ့လျန်သည် မတူသော မျိုးရိုးတစ်ခုမှ ဆင်းသ
က်လာသူဖြစ်ပြီး နောက်ကွယ်တွင် ခန့်မှန်း၍ မရနိုင်သောရည်ရွယ်ချက်မျိုးစုံ ရှိနေလိမ့်မည်။ မှန်ပေသည်။ ဝေ့လျန်ကို လီဖုချွမ် ဘယ်တုန်းကမှ မယုံကြည်ခဲ့ပေ။

"ကျွန်တော်က ချူအင်ပါယာရဲ့ မင်းသားတစ်ပါးဆိုပေမဲ့ စွန့်ပစ်ခံထားရတဲ့ သားတော်တစ်ပါးဆိုရင်လည်း မမှားပါဘူး သူတို့နဲ့ အဆက်အဆံမရှိတော့တာ အရမ်းကြာနေပြီ"

"ဒါပေမဲ့ ချင်အင်ပါယာကို ရောက်လာတဲ့အချိန်မှာ အရှင်ဧကရာဇ်က ကျွန်တော့်ကို ကောင်း
ကောင်းမွန်မွန် ဆက်ဆံပေးခဲ့တယ် အဲ့ဒီကျေးဇူးကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး"

"ကျွန်တော့်မှာ တခြားရည်ရွယ်ချက်ရှိနေမှာကို ကုန်းကုန်း စိုးရိမ်စရာမလိုပါဘူး"

ဝေ့လျန်က ခပ်ဖျော့ဖျော့ ပြုံးပြသည်။

"ဒီနေ့ ဒီလိုစကားတွေ ပြောနေတယ်ဆိုတာ ကုန်းကုန်းအမြင်ကြည်အောင် လုပ်ကြံပြီး ပြောနေတာမဟုတ်ဘူး ကျွန်တော့်အတွက် သက်တောင့်သက်
သာ နေခွင့်ရအောင် ပြောနေတာလည်းမဟုတ်ဘူး ကျွန်တော့်ကို ခက်ခဲအောင်မလုပ်ဖို့ပဲ ပြောချင်တာပါ"

လီဖုချွမ်သည် အတန်ငယ်ကြာ စဥ်းစားပြီးနောက် ဝေ့လျန်ကို အလေးအနက် ပြန်ဖြေသည်။

" သခင်လေးက ချူလူမျိုး၊ အရှင်ဧကရာဇ်က ချင်အင်ပါယာရဲ့ ဧကရာဇ် ချင်လူမျိုးပါ ချူလူ
မျိုးတွေ အရှင်ဧကရာဇ်ကို ဘယ်လောက်အထိ မုန်းနေကြမှန်း ကျွန်တော်မျိုး သိပါတယ် သခင်လေးက ရိုးရိုးသားသား ထုတ်ပြောလာတာဆိုတော့ ကျွန်တော်မျိုးကိုလည်း ပွင့်ပွင့်လင်းလင်း ပြောခွင့်ပြုပါ အရှင်ဧကရာဇ်ကို  အန္တရာယ်ဖြစ်အောင် လုပ်ချင်တဲ့ ရည်ရွယ်ချက်ရှိရင် ဘယ်လိုနည်းလမ်းမျိုးပဲ သုံးပါစေ ကျွန်တော်မျိုးရဲ့ အသ
က်နဲ့ အလဲထပ်လုပ်ပြီး ပြန်ပေးဆပ်ခိုင်းမယ်ဆိုတာကို သိထားပေးပါ"

"ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး"

သူ့တွင် လုပ်ကြံမည့် အတွေးမျိုးရှိသော်လည်း...
ချင်ဧကရာဇ်အနေနှင့် သူ့ကို အလွန်အကျွံ ညှင်း
ပန်းနှိပ်စက်ခဲ့ခြင်းအတွက် ကိုယ့်ကိုယ်ကိုယ် အ
ပြစ်တင်ရုံသာရှိလိမ့်မည်။

သို့သော်လည်း ယခုအချိန်တွင် ချင်ဧကရာဇ်ကို သူလုပ်ကြံအုံးမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော်ချင်ဧကရာဇ်သည် အင်ပါယာခုနစ်ခုကို ဟန်ချက်ညီညီ ထိန်းချုပ်ထားပြီး ကမ္ဘာလောကကြီးကို အေးချမ်းသာယာစွာ နေခွင့်ပြုထားခြင်းကြောင့်ဖြစ်သည်။ ယခုလိုအချိန်မျိုးတွင် ချင်ဧ
ကရာဇ်ကို လုပ်ကြံလိုက်ပါက တစ်လောကလုံး ကမောက်ကမဖြစ်ကုန်ပြီး ကျီယွယ့်ကဲ့သို့ ပြန်လ
ည်တည့်မတ်ပေးမည့် ဧကရာဇ်မျိုး မရှိနိုင်တော့
သည်ဖြစ်ရာ လုပ်ကြံသူကို သမိုင်းမှတ်တမ်းများ
ထဲတွင် အဆိုးရွားဆုံး ရာဇဝတ်သားအဖြစ် ထည့်
သွင်းရေးသားကြလိမ့်မည်။

သို့မျှမကသေး ဝေ့လျန်သည် သူက ကျီယွယ့်ကဲ့သို့ အရာအားလုံးကို ပြန်လည်တည့်မတ်ပြီး ထိန်းချုပ်နိုင်လိမ့်မည်ဟု ရာနှုန်းပြည့် ယုံကြည်သည်။

မည်သို့ပင်ဖြစ်စေ ၎င်းက ပျင်းရိဖွယ် ကောင်းလွန်းသော အလုပ်တစ်ခုဖြစ်နေခြင်းကြောင့် သူ လုံးဝ မလုပ်ချင်ပေ။

သူသည်  ကမ္ဘာကြီးကို အုပ်စိုးရခြင်းထက် ဘယ်အရပ်ကိုမဆို လွတ်လပ်စွာ ခရီးနှင်ခွင့်ရသော ဘဝကို ပိုတန်ဖိုးထားသည်။

လီဖုချွမ်သည် ဝေ့လျန်ထံမှ လေးနက်သော စ
ကားတစ်ခွန်းကို ကြားရသော်လည်း အပြည့်အဝ မယုံကြည်နိုင်သေးပေ။ ထိုအစား သူ့သဘော
ထားကို အနည်းငယ်ပြောင်းလဲပေးလိုက်ပြီး ယ
ခင်ကကဲ့သို့ ဝေ့လျန်အပေါ် ကန့်လန့်မတိုက်တော့ရန် ဆုံးဖြတ်ချက်ချလိုက်သည်။

မိတ်ဆွေရှိခြင်းက ရန်သူရှိခြင်းထက် ပိုကောင်းသည်။ အကြမ်းအားဖြင့် မိတ်ဆွေမဖြစ်နိုင်လျှင်တောင် ရန်သူတော့ မဖြစ်သင့်ပေ။

ဤအကြောင်းကို တွေးပြီး လီဖုချွမ်၏ မျက်နှာပေါ်တွင် ပါးနပ်သော အပြုံးတစ်ခုပေါ်လာသည်။

"လျန်သခင်လေး အေးအေးဆေးဆေး ဆက်ပြီး လေကောင်းလေသန့်ရှုနှင့်ပါအုံး...သခင်လေးရဲ့ အချိန်တွေကို ကျွန်တော်မျိုးကြောင့် အလဟသမဖြစ်စေချင်ပါဘူး...အခုပဲ ထွက်သွားပေးပါမယ်"

ဝေ့လျန် ခေါင်းညိတ်ပြလိုက်သည်။ ရှည်လျားသော စင်္ကြံန်လမ်း၏ အဆုံးတွင် လီဖုချွမ် ပျော
က်ကွယ်သွားချိန်မှသာ ဝေ့လျန်၏ အမူအရာက ပေါ့ပေါ့ပါးပါး ပြန်ဖြစ်သွားသည်။

သူသည် လီဖုချွမ်ထံမှ အကောင်းမြင်ခံချင်၍ ယ
ခုလို ညှိနှိုင်းရခြင်း မဟုတ်ပေ။ လီဖုချွမ်ကို ဒေါ
သထွက်ရလောက်သည်အထိ ရန်စမိလျှင်တောင် သူက ကြောက်ရွံ့နေမည့် လူစားမျိုးလည်း မဟု
တ်ပြန်ပေ။

သို့ပေမဲ့ လီဖုချွမ်က ချင်ဧကရာဇ်ကို နားလည်
သည်။

ချင်ဧကရာဇ်အပါးတွင် အခစားဝင်ရသော မိန်းမ
စိုးတစ်ဦးဖြစ်သည့်အလျှောက် ချင်ဧကရာဇ်နှင့် ပတ်သတ်သမျှ အရာအားလုံးကို ကျူးချွေ့ထက် ပိုသိပြီး ပိုနားလည်သည်။ယခုအချိန်တွင် ဝေ့လျန်၏ ဘဝသည် ချင်ဧကရာဇ်နှင့် သက်ဆိုင်နေပြီဖြစ်ရာ  ချင်ဧကရာဇ်နှင့် ပတ်သတ်သမျှ အရာ
အားလုံးကို သိထားရန်လည်း လိုအပ်လာချေပြီ။

ပထမခြေလှမ်းတွင် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို မတည်ဆောက်နိုင်ပါက နောင်တွင် အကျိုးရှိမည့် အကူအညီတစ်ခု ဖြစ်မလာနိုင်ပေ။ 
×××

အဆောင်တော်ထဲသို့ ဝေ့လျန် ပြန်ရောက်လာချိ
န်တွင် ကျီယွယ့်က မျက်လုံးလှန်ကြည့်ပြီး မေးသ
ည်။ 

"စိတ်ကြည်သွားပြီလား"

ဝေ့လျန် နဂိုနေရာတွင် ပြန်ထိုင်လိုက်သည်။

"လေကောင်းလေသန့်ရှုလိုက်ရလို့ အဆင်ပြေသွားပါပြီ"

ကျီယွယ့်က 'အင်း'ဟု အသံပြုပြီးနောက် တည်
ငြိမ် သော လေသံဖြင့် နောက်တစ်ခွန်း ဆက်မေး
သည်။

"ကိုယ်တော့်အနားမှာ နေရတာ အဲ့ဒီလောက်တော
င် စိတ်မွန်းကျပ်ဖို့ကောင်းလား"

တူကိုင်ထားသော ဝေ့လျန်၏ လက်တစ်စုံဟာလေထုအလယ်တွင် ရပ်တန့်သွားသည်။

ဤသည်မှာ အသက်ကို နှုတ်ယူနိုင်သော မေးခွန်းမျိုးဖြစ်သည်။

ချင်ဧကရာဇ်ကို နံဘေးတွင် ထားပြီး 'ဟုတ်ပါတ
ယ် အရှင်ဧကရာဇ်အနားမှာနေရတာမွန်းကြပ်ပါတယ်'ဟု ပြန်ဖြေစရာ အကြောင်းအရင်း လုံးဝ မရှိချေ။ ၎င်းက 'ကျွန်တော့်ကိုသတ်ပါ'ဟု တောင်းဆိုခြင်းနှင့် အချိုးညီမျှသည်။

အဆောင်တော်က ကျဥ်းကျပ်ပြီး အပူချိန် များလွန်းခြင်းကြောင့် အပြင်ထွက်၍ လေကောင်းလေသန့်ရှုရပါသည်ဟု ပြန်ဖြေလျှင်လည်း အေးခဲနေသော ဆီးနှင်းတောထဲသို့ ခြောက်နာရီနီးပါး မောင်းထုတ်ခံရပေအုံးမည်။

အဖြေနှစ်ခုစလုံးတွင် တစ်ခုကမှ ချင်ဧကရာဇ်ကို စိတ်ကျေနပ်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။

ကျစ်..ကျစ်...ဒီခွေးရူးဧကရာဇ်ကတော့ တကယ်မလွယ်တာပဲ

ဝေ့လျန်က ရှက်ရွံ့နေသော အမူအရာလေးနှင့် ပြန်ဖြေလိုက်သည်။

"အဲ့ဒီလိုမဟုတ်ရပါဘူး ကျွန်တော်မျိုးက မနေ့ညတုန်းက အရှင်ဧကရာဇ်နဲ့ အသက်ရှုမဝတဲ့အထိ နမ်းခဲ့ကြတာကို ပြန်တွေးမိသွားရုံပါ"

ဝေ့လျန်၏ စကားကြောင့် ကျီယွယ့်မှာ ဟင်းချိုသောက်နေရင်း တဟွတ်ဟွတ် သီးသွားရလေသ
ည်။

"အရှင်ဧကရာဇ် သတိထားပြီးသောက်ပါ"

ဘေးပတ်ချာလည်တွင် ရပ်နေသော နန်းတွင်းအမှုထမ်းများသည် စကားဝိုင်းကို ခိုးနားထောင်နေကြပြီး ဝေ့လျန်၏ စကားကို ကြားရအခိုက်
တိုင်ပင်ထားသကဲ့သို့ တစ်ပြိုင်တည်း ခေါင်းငုံ့သွားကြတော့သည်။

ကျီယွယ့်သည် နှုတ်ခမ်းကို လက်ကိုင်ပုဝါဖြင့် သုတ်ပြီး စိုးစဥ်းမျှ အရှက်မရှိသော ဝေ့လျန်၏ အရှေ့တွင် သူတစ်ဦးတည်းကသာ ဤနည်းအ
တိုင်း အရှက်ရပြီး မျက်နှာမပျက်သင့်ဟု ခံစားရသည်။ ထို့ကြောင့် သူက ဘာမှမဖြစ်ဟန် လျစ်
လျူရှုပြီး ပြန်မေးလိုက်သည်။

"မင်းကို ဘယ်လို အသက်ရှုမဝအောင် လုပ်မိသွားတာလဲ"

ဝေ့လျန် အတန်ငယ် လန့်သွားရသည်။

"အရှင်ဧကရာဇ် ဒီနေရာမှာ လူတွေအများကြီးရှိနေတာ ပြောဖို့မသင့်တော်...."

"ရတယ် ပြော"

ဝေ့လျန် မည်မျှအရည်ထူကြောင်း သူသိချင်သ
ည်။

ဝေ့လျန်သည် နီမြန်းနေသော မျက်နှာလေးနှင့် နန်းတွင်းအမှုထမ်းများကို ရှက်ကိုးရှက်ကန်း လှည့်ကြည့်သည်။

အဟား...မင်းလုပ်နိုင်တော့ဘူးမဟုတ်လား?

ထိုအခြင်းအရာကိုမြင်လျှင် ကျီယွယ့်သည် အပြ
တ်အသတ် အနိုင်ရသွားသော အောင်နိုင်သူတစ်ယောက်လို ချက်ချင်း ခံစားလိုက်ရသည်။

သို့ပေမဲ့ အပျော်မဆုံးခင်တွင် သူ့အရှေ့မှ ကောင်လေးက ခေါင်းငုံ့ပြီး လေသံတိုးတိုးဖြင့် ရေရွတ်လာသည်။

"နွေဦးရယ် ကုန်လေပြီ...နွေးထွေးသာယာမှုတို့ လွှမ်းခြုံလေသော ကန့်လန့်ကာအောက်ဝယ် စီးချက်တကျ လှုပ်ရှားသံမှာ လှိုက်ဖိုဖွယ်အတိပင်...
ဟိုတစ်စ သည်တစ်စ ပြန့်ကျဲလေသော ပျားပတုံးရောင် ဆံနွယ်ရှည်ဟာ ကပိုကရိုလေးပေမို့....ရဲပါပေ့ နံသာဆီမီးတိုင်မှာ အရောင်တဖျပ်ဖျပ်နှင့် အ
ရည်ကြည်ရွှန်းလဲ့ မျက်ဝန်းတစ်စုံကို နှုတ်ခမ်းပါးလေးဖြင့် ဖိကပ်လို့ နှစ်သိမ့်ရရှာလေတယ်...လှပစွာ စီခြယ်လေသော မဂ်လာကုတင်ထက် အတင်းပွေ့ဖက် အကြင်သူနှစ်ဦးမှာ တဆတ်ဆတ် တုန်
ယင်နေသည်မို့ မိုးသောက်ယံတိုင် ပိုးဖဲစောင်တစ်ထည် လွှားလို့ထားရလေတယ်"

တူဖြင့် ညှပ်ကိုင်ထားသော ပုစွန်ပေါင်းဖက်ထုပ်လေးခမျာမှာ ဘုတ်ခနဲ ပြုတ်ကျသွားလေတော့
သည်။

ကျီယွယ့်သည် ဝေ့လျန်က ဤအမျှ အရှက်သိ
က္ခာမဲ့လွန်းသော တေးကဗျာတစ်ပုဒ်ကို နေရာတွင် လက်တန်းဖွဲ့သီကာ ရွတ်ပြလာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားမိပေ။

ဝေ့လျန်၏ မျက်နှာပေါ်မှ ရှက်ရွံ့မှုဟာ အတုအ
ယောင်မျှသာဖြစ်ပြီး အမှန်တကယ် ရှက်ရွံ့သွားရသူကား ကျီယွယ့်ဖြစ်သည်။

ကျီယွယ့်သည် ဝေ့လျန်ရွတ်ပြသော တေးကဗျာကို နားထောင်နေရင်း တစ်ဝက်တစ်ပျက်မှာပင် နားရွက်ဖျားများ နီရဲတွတ်လာသည်။

"တော်...တော်တော့ မင်း ဘာဖြစ်လို့ ဒီလောက်တောင် "

ဒီလောက်တောင် စကားပြောတဲ့နေရာမှာ အရှက်
အကြောက်မရှိရတာလဲ!

ဝေ့လျန်က အံ့သြသွားသော အမူအရာလေးနှင့် ရိုးရိုးသားသား ပြန်ပြောသည်။

"အရှင်ဧကရာဇ်ပဲ ပြောခိုင်းတာမဟုတ်ဘူးလား"

ကျီယွယ့်သည် နှဖူးကို လက်ဖြင့် ထောက်ထားရင်း ဝေ့လျန်တစ်ယောက်ကြောင့် ခေါင်းကိုက်လာသလို ခံစားလိုက်ရလေသည်။

"ရပြီ ဆက်မပြောနဲ့တော့"

ဆက်ပြောပါနဲ့တော့...ငါမင်းကို ကြောက်ပါတယ်

ကြောက်တယ်ဆိုတာကိုလည်း ဝန်ခံပါတယ်ကွာ

-

-

-

-

T/N: ဝေ့လျန်ရွတ်ပြတဲ့ကဗျာလေးကို laoshiကသူ့ရဲ့အတွေးနဲ့ သူကိုယ်တိုင် ဖန်တီးထားတာမို့အရေးအသား သိပ်မလှပေမဲ့ ဝေ့လျန်ရွတ်ပြနေတယ်လို့မှတ်ယူပြီး အရမ်း အသုံးအနှုန်းလှပြီး
နားဝင်ချိုတဲ့ ကဗျာတစ်ပုဒ်လို ကြားယောင်ပေးကြပါတဲ့ရှင်။ ကိုယ့်ရဲ့ကဗျာဘာသာပြန်လေးကိုလည်း ချစ်တဲ့စိတ်လေးနဲ့ပဲ နားလည်ပေးကြပါနော်။မနေ့ထဲက တစ်ပိုင်းလုံး ဘာသာပြန်ပြီးသွားပေမဲ့ ကဗျာကို ဖွဲ့နွဲ့ပြီး မပြန်တတ်လို့ ချန်ထားခဲ့ရတာနဲ့ မတင်ပေးလိုက်ရဘူး။

ဒါဂိတ်ဆုံးပဲ အချစ်တို့ရေ~~ကိုယ်မရတော့ဘူး~
ဝူးဟူး T_T

................................×××...................................

                  
                     (ေတးကဗ်ာ)

-အေရာင္အေသြးစုံေသာ ဘဝအလယ္ ခ်ည္ႏွောင္တြယ္ၿငိစိတ္အစုံဟာအးခ်မ္းေလေသာပ္မွာ-

ေဝ့လ်န္၏ စကားတစ္ခြန္းက လီဖုခြၽမ္ကို အ
ေတြးမ်ားသြားေစသည္။ လီဖုခြၽန္သည္ အတန္င
ယ္ၾကာ ဟိုဟိုသည္သည္ စဥ္းစားၿပီးသည့္ေနာက္
တြင္ အၿပဳံးတုတစ္ခုကို ဖန္တီးယူၿပီး ေဝ့လ်န္ကို ျပန္ေမးသည္။

"လ်န္သခင္ေလးမွာ ကြၽန္ေတာ္မ်ိဳးကို ဘာမ်ားေတာင္းဆိုခ်င္တာရွိလို႔လဲမသိဘူး"

လီဖုခြၽမ္သည္ ေဝ့လ်န္က မ်က္ႏွာသာေပးခံရသ
ည္ႏွင့္တစ္ခ်ိန္တုန္းက အနိုင္က်င့္ေစာ္ကားခံရသမွ်ကို တုံ႕ျပန္လက္စားေခ်လိမ့္မည္ဟု ထင္ခဲ့ဖူး
သည္။ သို႔ရာတြင္ ေဝ့လ်န္ ေျပာလာသည့္ စကားက ေမာက္မာျခင္းအလ်ဥ္းမရွိဘဲ ႏူးညံ့သိမ္ေမြ႕ေနလိမ့္မည္ဟု သူ လုံးဝ မထင္ထားမိေခ်။

"ကုန္းကုန္းက အရွင္ဧကရာဇ္အနားမွာ ႏွစ္ေပါင္းမ်ားစြာ အမႈထမ္းလာတဲ့ မိန္းမစိုးမဟုတ္လား ၿပီးေတာ့ အခုဆိုရင္ ကြၽန္ေတာ္ကလည္း အရွင္ဧက
ရာဇ္ကို ခစားတဲ့လူတစ္ေယာက္ျဖစ္ေနၿပီ...ကြၽန္
ေတာ္တို႔ ႏွစ္ေယာက္က ရပ္တည္မႈခ်င္းတူတယ္ ဒါေၾကာင့္မို႔ အခ်င္းခ်င္း တစ္ေယာက္နဲ႕တစ္ေယာ
က္ ခက္ခဲေအာင္ မလုပ္ၾကရင္ေကာင္းမယ္လို႔ ေျပာခ်င္တာပါ"

ေဝ့လ်န္က ယဥ္ယဥ္ေက်းေက်း အႀကံေပးသ
ည္။

လီဖုခြၽမ္၏ မ်က္လုံးမ်ားမွာ ပုတ္ခတ္ပုတ္ခတ္ျဖစ္သြားရသည္။

ဒါကခ်စ္ၾကည္ေရးယူတဲ့သေဘာလား?

အရွင္ဧကရာဇ္၏ စိတ္သေဘာထားသည္ ေရေပၚတြင္ ေပါေလာေမ်ာေနတတ္ေသာ ဘဲစာပင္မ်ား၊ အျမစ္မရွိေသာ ေပါင္းပင္မ်ားႏွင့္ ဆင္တူသည္။မည္သည့္သူစိမ္းကမွ ငယ္႐ြယ္စဥ္ကတည္းက အျပန္အလွန္ သိကြၽမ္းလာေသာ သူႏွင့္ အရွင္ဧ
ကရာဇ္တို႔အၾကားမွ ရင္းႏွီးမႈမ်ိဳးကို လြယ္လင့္တကူ ဖန္တီးယူနိုင္လိမ့္မည္မဟုတ္ေပ။ ယခုမူ အရွ
င္ဧကရာဇ္သည္ လ်န္သခင္ေလးကို သေဘာက်ေနျခင္းေၾကာင့္ မ်က္ႏွာသာေပးထားျခင္းျဖစ္သ
ည္။ အရွင္ဧကရာဇ္ စိတ္ေျပာင္းသြားသည့္တစ္
ေန႕တြင္ မ်က္ႏွာသာေပးခံထားရေသာ လ်န္သခ
င္ေလးသည္ ပထမဆုံး ထိခိုက္လာမည့္လူျဖစ္ၿပီး နန္းေတာ္ထဲတြင္ ယခုလိုမ်ိဳး ေအးခ်မ္းစြာ ေနထို
င္ျဖတ္သန္းနိုင္ေတာ့မည္ မဟုတ္ေပ။

လ်န္သခင္ေလးက တကယ္ကို အေျမာ္အျမင္ရွိသားပဲ။

လူအမ်ားကို ထိန္းခ်ဳပ္နိုင္ေသာ ေနရာတစ္ခုကို တက္လွမ္းသြားနိုင္သူဟာ အေတြ႕အႀကံမ်ားေသာ ေယာက်ာ္းတစ္ဦးမဟုတ္ရာ လီဖုခြၽမ္သည္ ခဏၾကာေအာင္ စဥ္းစားေနၿပီးေနာက္ မ်က္ႏွာေပၚတြ
င္ ရႈပ္ေထြးေသာ အမူအရာတခ်ိဳ႕ ေပၚလာသည္။

"ကြၽန္ေတာ္မ်ိဳးလို နိမ့္က်တဲ့ မိန္းမစိုးတစ္ေယာ
က္က လ်န္သခင္ေလးကို ဘယ္လိုမ်ား အတိုက္
အခံလုပ္ဝံ့ပါ့မလဲ"

"အရင္တစ္ေခါက္တုန္းက ကြၽန္ေတာ့္ေၾကာင့္ ကုန္းကုန္း အျပစ္ေပးခံလိုက္ရတယ္မဟုတ္လား အနည္းနဲ႕အမ်ားေတာ့ မေက်နပ္တဲ့စိတ္မ်ိဳး က်န္ေနအုံးမွာပါ ဒါက ျဖစ္တတ္တဲ့ လူ႕သဘာဝပဲမို႔ ကြၽန္ေတာ္ နားလည္ပါတယ္ အဲ့ဒီေန႕တုန္းက ေနသိပ္မေကာင္းေသးလို႔ စိတ္ရႈပ္ေနတာနဲ႕ ကုန္းကု
န္းကို အခက္ေတြ႕ေအာင္ လုပ္မိသြားတယ္...အဲ့ဒီအတြက္ ေတာင္းပန္ပါရေစ"

ေဝ့လ်န္က ရိုးရိုးသားသား ေတာင္းပန္ၿပီး ေခါင္းတစ္ခ်က္ ငုံ႕လိုက္သည္။

လီဖုခြၽမ္မွာ 'ကြၽန္ေတာ္မ်ိဳးမခံယူဝံ့ပါဘူး'ဟု တ
ရိုတေသ တုံ႕ျပန္ေတာ့မည့္ဆဲဆဲတြင္ ေဝ့လ်န္က စကားဆက္သည္။

"ၿပီးေတာ့ ကုန္းကုန္း ကြၽန္ေတာ့္ကို သတိထားၿပီး ေစာင့္ၾကည့္ေနတာ အဲ့ဒီေန႕တုန္းက ကိစၥေၾကာင့္မဟုတ္ဘဲ ကြၽန္ေတာ္က ခ်ဴလူမ်ိဳးတစ္ေယာက္ျဖစ္ေနလို႔ အရွင္မင္းႀကီးကို အႏၱရာယ္ေပးမွာ စိုး
ရိမ္တဲ့စိတ္နဲ႕ ေစာင့္ၾကည့္ေနတယ္ဆိုတာကိုလည္း သိပါတယ္"

လီဖုခြၽမ္ ဆြံ႕အသြားရေခ်ၿပီ။ ယခုအခ်ိန္တြင္ ေဝ့လ်န္ကို သူ ဘာတစ္ခြန္းမွ ျပန္မေျပာရဲေတာ့ေခ်။

ဤသည္မွာ ေဝ့လ်န္ကို သူမယုံၾကည္နိုင္ရျခင္း
၏ အဓိက အေၾကာင္းအရင္းျဖစ္သည္။

သူသည္ ငယ္႐ြယ္စဥ္ကတည္းက ခ်င္ဧကရာဇ္အနားတြင္ အမႈထမ္းခဲ့ျခင္းေၾကာင့္ ခ်င္ဧကရာဇ္အေနႏွင့္ မည္သို႔မည္ပုံ ခက္ခက္ခဲခဲ ႀကီးျပင္းလာရေၾကာင္းကို သူအသိဆုံးျဖစ္သည္။

အသက္ရွစ္ႏွစ္မျပည့္ခင္အထိ ယြယ့္သခင္ေလးႏွင့္ မယ္ေတာ္ယြင္က်ီတို႔ဟာ စြန့္ပစ္ခံနန္းေဆာင္တြင္သာ ေနထိုင္ခဲ့ရၿပီး ကာကြယ္ေစာင့္ေရွာက္ေပးမည့္သူမရွိပါဘဲႏွင့္ ခက္ခက္ခဲခဲ ရွင္သန္လာခဲ့ရသည္။ သို႔ေသာ္လည္း ယြယ့္သခင္ေလးမွာ အသက္ကိုးႏွစ္အ႐ြယ္တြင္ ႐ုတ္တရက္ ထီးနန္းအတင္ခံခဲ့ရၿပီး ထိုအခ်ိန္မွစ၍ ႐ုပ္ေသးဘုရင္အျဖစ္ ထိန္းခ်ဳပ္ခံရကာ ေန႕စဥ္ေန႕တိုင္း အေၾကာ
က္တရားမ်ားျဖင့္ ေနထိုင္ခဲ့ရသည္။

ထလီဖုခြၽမ္သည္ ထီးနန္းတက္လာေသာ ဘုရင္ငယ္ထံတြင္ အမႈထမ္းရန္ ေစလႊတ္ခံခဲ့ရသည္။ဘုရင္ငယ္ေလးသည္ မယ္ေတာ္ယြင္က်ီ၏ ေသ
ဆုံးမႈေၾကာင့္ စြန့္ပစ္ခံထားရေသာ အေကာင္ေပါ
က္ေလးလို ႏႈတ္ဆိတ္ေနတတ္သည္။ သူ၏ စူးရွၾကည္လင္ေသာ မ်က္ဝန္းတစ္စုံသည္ ဝမ္းနည္းစိတ္ပ်က္မႈတို႔ျဖင့္ အသက္မဲ့ေနၿပီး တစ္ေနကုန္ စကားတစ္ခြန္းမွ်မဆိုဘဲ ေလာကႀကီးကို တိတ္
တဆိတ္ ေငးၾကည့္ေနတတ္သည္။

ထိုအခ်ိန္တုန္းက သူတို႔အားလုံးသည္ ငယ္႐ြယ္
ေသာ မိန္းမစိုးမ်ားျဖစ္ၾကၿပီး ေခါင္းေဆာင္ျဖစ္သူက ဘုရင္ငယ္ေလးကို ေပ်ာ္႐ႊင္ေအာင္ လုပ္ေပးနိုင္သူ မည္သူ႕ကိုမဆို ဆုလာဘ္မ်ား ခ်ီးျမႇင့္မည္ဟု အမိန့္ထုတ္ခဲ့သည္။

မ်ားမၾကာမီတြင္ လိမၼာပါးနပ္ၿပီး တက္ႂကြေသာ ကေလးတစ္သိုက္သည္ ဘုရင္ေလး၏ စိတ္အာ႐ုံကို ဆြဲေဆာင္ရန္ အတတ္နိုင္ဆုံး ႀကိဳးစားၾကၿပီး ကစားစရာအ႐ုပ္ေပါင္းစုံႏွင့္ ခ်ဥ္းကပ္သူမ်ားရွိသလို တတြတ္တြတ္ စကားလိုက္ေျပာေနသူမ်ားလည္းရွိၾကသည္။

ထိုအခ်ိန္တုန္းက လီဖုခြၽမ္ကို 'ေရွာင္ဖူးက်စ္'ဟု ေခၚေဝၚဆဲျဖစ္ၿပီး သူသည္ အျခားကေလးမ်ားထက္ ေပ်ာ့ညံံ့ၿပီး လူအမ်ားႏွင့္ အေရာတဝင္မေနတတ္သူလည္းျဖစ္သည္။ မ်ားမၾကာမီတြင္ အျပ
င္သို႔ ေရာက္မွန္းမသိ ေရာက္သြားၿပီး ႀကီးက်ယ္ခမ္းနားေသာ ဆုလာဘ္အတြက္ အသည္းအသန္ ႀကိဳးစားေနၾကေသာ ႐ြယ္တူကေလးတစ္သိုက္ကို အျပင္မွ ရပ္ၾကည့္ေနခဲ့သည္။

ရယ္ေမာသံမ်ားျဖင့္ ဆူညံေနေသာ ကေလးတစ္သိုက္အၾကားတြင္ ဝန္းရံခံထားရေသာ ဘုရင္ငယ္ေလးသည္ စကားတစ္ခြန္းမွ ျပန္မေျပာဘဲ မ်က္
လႊာခ်ထားသည္။ေဘးပတ္ဝန္းက်င္မွ သက္ဝင္လႈပ္ရွားမႈမ်ားဟာ သူႏွင့္ ကမၻာခ်င္း ျခားေနသည့္အလားပင္။

ခႏၶာကိုယ္ဟာ လူအစုအေဝးအၾကားတြင္ ပိတ္ေလွာင္ခံထားရေသာ္လည္း စိတ္အာ႐ုံမွာ အား
လုံးႏွင့္ ေဝးရာအရပ္တြင္ ၿငိမ္းခ်မ္းေနပုံရသည္။

ေရွာင္ဖူးက်စ္သည္ ဘုရင္ငယ္ေလးကို ၾကည့္ၿပီး မယ္ေတာ္ျဖစ္သူကို လြမ္းဆြတ္ေနသည္ဟု ထင္မိသြားသည္။ ေရွာင္ဖူးက်စ္ကိုယ္တိုင္လည္း နန္း
ေတာ္အျပင္ဘက္မွ မိခင္ျဖစ္သူကို လြမ္းဆြတ္သည့္အခါ ဘုရင္ငယ္ေလးလို အမူအရာမ်ိဳးျဖစ္သြားတတ္သည္။

ေနာက္ဆုံးတြင္ ဘုရင္ငယ္ေလးဟာ စိတ္ရႈပ္သြား
ပုံရၿပီး ႏႈတ္ခမ္းမ်ားကို ဖြင့္ဟ၍ 'ထြက္သြားၾက'
ဟူေသာ စကားတစ္ခြန္းကို ထုတ္ေျပာခဲ့သည္။

ထိုစကားေၾကာင့္ မိန္းမစိုးငယ္မ်ားမွာ ေၾကာက္လန့္သြားၾကၿပီး ခ်က္ခ်င္း ပါးစပ္ပိတ္ကာ ေျမ
ျပင္ေပၚသို႔ ဒူးေထာက္ခ်ရင္း ေတာင္းပန္လာၾကေတာ့သည္။

သို႔ေပမဲ့ ေရွာင္ဖူးက်စ္က ဘုရင္ငယ္ေလး၏ အ
နားသို႔ သတိထားၿပီး တိုးလာသည္။

"အရွင္ဧကရာဇ္ ကြၽန္ေတာ္မ်ိဳးကို ပုံျပင္တစ္ပုဒ္ ေျပာျပခြင့္ျပဳပါ"

အမွန္တြင္ ထိုပုံျပင္ဟာ ဆန္းၾကယ္ၿပီး စိတ္ဝင္
စားစရာေကာင္းေသာ ပုံျပင္တစ္ပုဒ္ မဟုတ္ေပ။ မိခင္တိုင္းနီးပါး သားသမီးကို ေျပာျပတတ္ေသာ ပုံျပင္တစ္ပုဒ္သာျဖစ္သည္။

ေရွာင္ဖူးက်စ္ကိုလည္း မိခင္ျဖစ္သူက ေျပာျပခဲ့ျခင္းျဖစ္သည္။ ေရွာင္ဖူးက်စ္သည္ ဆင္းရဲႏြမ္း
ပါးေသာ မိသားစုအေျခအေနေၾကာင့္ နန္းေတာ္ထဲသို႔ ေရာက္လာရျခင္းျဖစ္ၿပီး နန္းေတာ္အျပင္ဘက္မွ မိခင္ျဖစ္သူကို လြမ္းဆြတ္သည့္အခ်ိန္
မ်ားတြင္ ပုံျပင္ေလးကို ျပန္ၾကားေယာင္ေနတတ္
သည္။ ထို႔ေၾကာင့္ အရွင္ဧကရာဇ္လည္း သူ႕နည္း
တူစြာ ခံစားေနရသည္ဟု ထင္မွတ္ၿပီး ကေလး
တိုင္းနီးပါး ၾကားဖူးေသာ ပုံျပင္တစ္ပုဒ္ကို ေျပာျပခဲ့သည္။

ကတုန္ကယင္ျဖင့္ ပုံျပင္တစ္ပုဒ္လုံး ေျပာျပၿပီးသည့္ေနာက္တြင္ ဘုရင္ငယ္ေလးက သူ႕ကို ေခါ
င္းေမာ့ၾကည့္လာသည္။

"နာမည္ဘယ္လိုေခၚလဲ"

ေရွာင္ဖူးက်စ္သည္ ေျမျပင္ေပၚသို႔ လ်င္ျမန္စြာ ဒူးေထာက္ခ်လိဳက္သည္။

"ကြၽန္ေတာ္မ်ိဳးရဲ႕နာမည္က ေရွာင္ဖူးက်စ္လို႔ေခၚပါတယ္"

"သိၿပီ"

ဘုရင္ငယ္ေလးက ေပါ့ေပါ့ပါးပါး တုံ႕ျပန္ခဲ့သည္။

သို႔ေပမဲ့ ထိုစကားလုံးႏွစ္လုံး ထြက္လာသည့္ေန႕မွစ၍ ေရွာင္ဖူးက်စ္သည္ အရွင္မင္းႀကီး၏ အပါးတြင္ အမႈထမ္းရေသာ မိန္းမစိုးတစ္ဦးျဖစ္လာၿပီး တစ္ဆယ့္ႏွစ္တိုင္ခဲ့ၿပီျဖစ္သည္။

ေနာက္ပိုင္းတြင္ လီဖုခြၽမ္သည္ သူေျပာျပခဲ့ေသာ ပုံျပင္တစ္ပုဒ္ကို အရွင္ဧကရာဇ္၏ မယ္ေတာ္က အရွင္ဧကရာဇ္ကို အေခါက္ေပါင္းမ်ားစြာ ေျပာျပဖူးေၾကာင္း သိခဲ့ရသည္။

ထိုအခ်ိန္တုန္းက အရွင္ဧကရာဇ္သည္ လြတ္လပ္စြာ ေပ်ာ္ေပ်ာ္ပါးပါး ေဆာ့ကစားေနသင့္ေသာ ကိုးႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦးျဖစ္ေသာ္လ
ည္း မယ္ေတာ္ႀကီး၏ ခ်ဳပ္ကိုင္မႈေအာက္တြင္ အားအင္မရွိေသာ သိုးငယ္တစ္ေကာင္လို ႀကိဳး
စား႐ုန္းကန္ခဲ့ရသည္။

မယ္ေတာ္ႀကီးသည္ တိုင္းတစ္ပါးသား ေဆြမ်ိဳးမ်ားႏွင့္ ပူးေပါင္းကာ အင္ပါယာကို ေနာက္ကြယ္မွ ထိန္းခ်ဳပ္ခဲ့သည္။ မည္သူကမွ ကိုးႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦးကို ခ်င္အင္ပါယာ၏ ဧကရာ
ဇ္အျဖစ္ မသတ္မွတ္ခဲ့ၾကေခ်။

ပိုဆိုးသည္မွာ ႐ုပ္ေသးဘုရင္ငယ္ကို လုပ္ႀကံၿပီး အျခားတစ္ဦးႏွင့္ အစားထိုးရန္ ႀကိဳးစားခဲ့ၾကေသးသည္။

ထိုအခ်ိန္မွစ၍ လုပ္ႀကံသူမ်ားမွာ ကုန္သြားသည္ဟူ၍ မရွိေတာ့ေပ။ အေစခံမ်ား ျပင္ဆင္ေပးေသာ လက္ဖက္ရည္တစ္ခြက္သည္ ၎တို႔၏ ဝတ္႐ုံလက္ထဲတြင္ဝွက္ထားေသာ အပ္တစ္ေခ်ာ
င္းေၾကာင့္ အဆိပ္တစ္ခြက္လည္းျဖစ္သြားနိုင္သ
ည္။ စားေတာ္ပြဲတြင္လည္း အဆိပ္ပါနိုင္သလို ဝတ္႐ုံမ်ားအစ အခန္းတြင္း ထြန္းညွိထားေသာ အေမႊးနံ႕သားေပါင္းအစရွိသျဖင့္ ျဒပ္ရွိအရာမွန္
သမွ် အရွင္ဧကရာဇ္၏ အသက္ကို အခ်ိန္မေ႐ြး
ႏႈတ္ယူသြားနိုင္သည္။

ညအိပ္ခ်ိန္တြင္ေတာင္မွ လွစ္ခနဲ ဝင္လာနိုင္ေသာ ေအးတိေအးစက္ ဓားျမႇောင္တစ္ေခ်ာင္းကို အစဥ္အၿမဲ သတိကပ္ထားရသည္။

ထို႔ေၾကာင့္ အရွင္ဧကရာဇ္ ငယ္႐ြယ္စဥ္တုန္းက အသတ္ခံရမည္ကို ေၾကာက္႐ြံ႕ေသာစိတ္ႏွင့္ အရိ
ပ္မည္းႀကီးမ်ားပမာ အိပ္မက္ဆိုးမ်ားေၾကာင့္ စိ
တ္ပူပင္မႈမ်ားၿပီး အားနည္းေဖ်ာ့ေတာ့ေနေလ့ရွိသည္။

အရွင္ဧကရာဇ္သည္ မည္သူ႕ကိုမွ မယုံၾကည္ရဲေတာ့ဘဲ တစ္ခ်ိန္က သူယုံၾကည္ခဲ့ဖူးေသာ လီဖုခြၽမ္ကိုပင္လွ်င္ စည္းတစ္ခုျခားၿပီး ဆက္ဆံခဲ့သည္။

အရွင္ဧကရာဇ္သည္ အသက္တစ္ဆယ့္ေလးႏွစ္အ႐ြယ္တြင္ မယ္ေတာ္ႀကီးကို ျဖဳတ္မခ်နိဳင္ခင္အထိ ဤဒုကၡမ်ားကို ငါးႏွစ္တိုင္တိုင္ ေတာင့္ခံခဲ့သည္။ ထိုေန႕တုန္းက အရွင္ဧကရာဇ္၏ နံေဘးတြင္ လီဖုခြၽမ္ရွိေနၿပီး သုံးေပရွည္ေသာ အျဖဴေရာင္ ပိုးသားလိပ္ကို သူကိုယ္တိုင္ မယ္ေတာ္ႀကီးထံ အပ္ႏွင္းေပးခဲ့ရေသးသည္။

အရွင္ဧကရာဇ္က မယ္ေတာ္ႀကီးကို ေနာက္ဆုံးအေနႏွင့္ စကားတစ္ခြန္းေျပာခဲ့သည္။

"မယ္ေတာ္ႀကီး လႊတ္လိုက္တဲ့လူက ကိုယ္ေတာ့္ရဲ႕
မယ္ေတာ္ကို ေရတြင္းထဲ တြန္းခ်လိဳက္တဲ့ အခ်ိန္တုန္းက ကိုယ္ေတာ္ အဲ့ဒီေနရာမွာ ရွိေနခဲ့တယ္"

ဤလွ်ို႔ဝွက္ခ်က္ကို ၾကားရသည့္အခိုက္တြင္ လီဖုခြၽမ္ အႀကီးအက်ယ္ ထိတ္လန့္သြားရသည္။

အရွင္ဧကရာဇ္က သူ႕ရဲ႕မယ္ေတာ္ ေရတြင္းထဲ တြန္းခ်ခံလိုက္ရတာကို သူ႕မ်က္လုံးနဲ႕ ျမင္ခဲ့ရတာလား?

ထိုျမင္ကြင္းမ်ိဳးကို ျမင္ခဲ့ရေသာ္လည္း အရွင္ဧ
ကရာဇ္သည္ ငိုေႂကြးျခင္းမျပဳခဲ့သလို ဝမ္းနည္းပူေဆြးေသာအမူအရာမ်ိဳးလည္းရွိမေနဘဲ ေနာက္တစ္ေန႕တြင္ သူ႕ကို စြန့္ပစ္ခံနန္းေဆာင္မွ ေခၚထု
တ္သြားေသာ မယ္ေတာ္ႀကီးကို လိမၼာယဥ္ေက်းစြာ ေကာင္းေကာင္းမြန္မြန္ ဆက္ဆံခဲ့သည္။

ဤနည္းအားျဖင့္ ရာဇပုလႅင္ေပၚတြင္ ထိုင္ခြင့္ရခဲ့သည္။

ထို႔ေနာက္တြင္မူ မ်ိဳးႏြယ္စုကိုးခုလုံးကို အျမစ္ျပတ္သုတ္သစ္ရန္ ငါးႏွစ္ၾကာ စီစဥ္ခဲ့သည္။

ထိုအခ်ိန္တုန္းက ခ်င္ဧကရာဇ္မင္းက်ီယြယ့္သ
ည္ ကိုးႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦးသာျဖစ္ေနေသးသည္။

ဒီအသက္အ႐ြယ္ေလးနဲ႕ ဘယ္ေလာက္ေတာင္ ရင့္က်က္ေနခဲ့တာလဲ။

လီဖုခြၽမ္သည္ အရွင္ဧကရာဇ္ကို သနားလည္း သနားသလို အမွန္တကယ္လည္း ေလးစားရိုေသခဲ့သည္။

ေနာင္ခုနစ္ႏွစ္အၾကာတြင္၊ ခ်င္ဧကရာဇ္သည္ အင္ပါယာေျခာက္ခုကို တိုက္ခိုက္သိမ္းပိုက္ၿပီး နယ္ပယ္အႏွံ႕အျပားတြင္ ေသြးေခ်ာင္းစီး သတ္
ျဖတ္ကာ အမ်ားက ေၾကာက္႐ြံ႕ရေသာ နိုင္လိုမင္းထက္ ဧကရာဇ္တစ္ပါးျဖစ္လာခဲ့သည္။

လီဖုခြၽမ္သည္ပင္ ခြန္အားႀကီးေသာ ဧကရာဇ္တစ္ပါးအျဖစ္သို႔ ေျပာင္းလဲလာျခင္းကို စိတ္တြင္ အသိအမွတ္ျပဳမိသည္။ သို႔ေပမဲ့ က်ီယြယ့္က င
ယ္႐ြယ္စဥ္တုန္းကထက္ ပို၍ စကားနည္းသထက္နည္းသြားခဲ့သည္။

မည္သို႔ပင္ျဖစ္ေစ လီဖုခြၽမ္သည္ အရွင္ဧကရာဇ္အေပၚ သစၥာရွိေနအုံးမည္ျဖစ္ၿပီး မည္သူတစ္ဦးတစ္ေယာက္ကိုမွ အႏၱရာယ္ျပဳခြင့္ေပးမည္မဟု
တ္ေပ။

လီဖုခြၽမ္သည္ အတိတ္မွတ္ဥာဏ္မ်ားထဲမွ ျပန္ေရာက္လာၿပီး သူ႕အေရွ႕တြင္ ရပ္ေနေသာ လူငယ္ေလးကို ၾကည့္လိုက္သည္။

ေဝ့လ်န္သည္ မတူေသာ မ်ိဳးရိုးတစ္ခုမွ ဆင္းသ
က္လာသူျဖစ္ၿပီး ေနာက္ကြယ္တြင္ ခန့္မွန္း၍ မရနိုင္ေသာရည္႐ြယ္ခ်က္မ်ိဳးစုံ ရွိေနလိမ့္မည္။ မွန္ေပသည္။ ေဝ့လ်န္ကို လီဖုခြၽမ္ ဘယ္တုန္းကမွ မယုံၾကည္ခဲ့ေပ။

"ကြၽန္ေတာ္က ခ်ဴအင္ပါယာရဲ႕ မင္းသားတစ္ပါးဆိုေပမဲ့ စြန့္ပစ္ခံထားရတဲ့ သားေတာ္တစ္ပါးဆိုရင္လည္း မမွားပါဘူး သူတို႔နဲ႕ အဆက္အဆံမရွိေတာ့တာ အရမ္းၾကာေနၿပီ"

"ဒါေပမဲ့ ခ်င္အင္ပါယာကို ေရာက္လာတဲ့အခ်ိန္မွာ အရွင္ဧကရာဇ္က ကြၽန္ေတာ့္ကို ေကာင္း
ေကာင္းမြန္မြန္ ဆက္ဆံေပးခဲ့တယ္ အဲ့ဒီေက်းဇူးကို ဘယ္ေတာ့မွ ေမ့မွာမဟုတ္ဘူး"

"ကြၽန္ေတာ့္မွာ တျခားရည္႐ြယ္ခ်က္ရွိေနမွာကို ကုန္းကုန္း စိုးရိမ္စရာမလိုပါဘူး"

ေဝ့လ်န္က ခပ္ေဖ်ာ့ေဖ်ာ့ ၿပဳံးျပသည္။

"ဒီေန႕ ဒီလိုစကားေတြ ေျပာေနတယ္ဆိုတာ ကုန္းကုန္းအျမင္ၾကည္ေအာင္ လုပ္ႀကံၿပီး ေျပာေနတာမဟုတ္ဘူး ကြၽန္ေတာ့္အတြက္ သက္ေတာင့္သက္
သာ ေနခြင့္ရေအာင္ ေျပာေနတာလည္းမဟုတ္ဘူး ကြၽန္ေတာ့္ကို ခက္ခဲေအာင္မလုပ္ဖို႔ပဲ ေျပာခ်င္တာပါ"

လီဖုခြၽမ္သည္ အတန္ငယ္ၾကာ စဥ္းစားၿပီးေနာက္ ေဝ့လ်န္ကို အေလးအနက္ ျပန္ေျဖသည္။

" သခင္ေလးက ခ်ဴလူမ်ိဳး၊ အရွင္ဧကရာဇ္က ခ်င္အင္ပါယာရဲ႕ ဧကရာဇ္ ခ်င္လူမ်ိဳးပါ ခ်ဴလူ
မ်ိဳးေတြ အရွင္ဧကရာဇ္ကို ဘယ္ေလာက္အထိ မုန္းေနၾကမွန္း ကြၽန္ေတာ္မ်ိဳး သိပါတယ္ သခင္ေလးက ရိုးရိုးသားသား ထုတ္ေျပာလာတာဆိုေတာ့ ကြၽန္ေတာ္မ်ိဳးကိုလည္း ပြင့္ပြင့္လင္းလင္း ေျပာခြင့္ျပဳပါ အရွင္ဧကရာဇ္ကို အႏၱရာယ္ျဖစ္ေအာင္ လုပ္ခ်င္တဲ့ ရည္႐ြယ္ခ်က္ရွိရင္ ဘယ္လိုနည္းလမ္းမ်ိဳးပဲ သုံးပါေစ ကြၽန္ေတာ္မ်ိဳးရဲ႕ အသ
က္နဲ႕ အလဲထပ္လုပ္ၿပီး ျပန္ေပးဆပ္ခိုင္းမယ္ဆိုတာကို သိထားေပးပါ"

"ဘယ္ေတာ့မွ ျဖစ္လာမွာမဟုတ္ဘူး"

သူ႕တြင္ လုပ္ႀကံမည့္ အေတြးမ်ိဳးရွိေသာ္လည္း...
ခ်င္ဧကရာဇ္အေနႏွင့္ သူ႕ကို အလြန္အကြၽံ ညွင္း
ပန္းႏွိပ္စက္ခဲ့ျခင္းအတြက္ ကိုယ့္ကိုယ္ကိုယ္ အ
ျပစ္တင္႐ုံသာရွိလိမ့္မည္။

သို႔ေသာ္လည္း ယခုအခ်ိန္တြင္ ခ်င္ဧကရာဇ္ကို သူလုပ္ႀကံအုံးမည္မဟုတ္ေပ။ အဘယ္ေၾကာင့္ဆိုေသာ္ခ်င္ဧကရာဇ္သည္ အင္ပါယာခုနစ္ခုကို ဟန္ခ်က္ညီညီ ထိန္းခ်ဳပ္ထားၿပီး ကမၻာေလာကႀကီးကို ေအးခ်မ္းသာယာစြာ ေနခြင့္ျပဳထားျခင္းေၾကာင့္ျဖစ္သည္။ ယခုလိုအခ်ိန္မ်ိဳးတြင္ ခ်င္ဧ
ကရာဇ္ကို လုပ္ႀကံလိုက္ပါက တစ္ေလာကလုံး ကေမာက္ကမျဖစ္ကုန္ၿပီး က်ီယြယ့္ကဲ့သို႔ ျပန္လ
ည္တည့္မတ္ေပးမည့္ ဧကရာဇ္မ်ိဳး မရွိနိုင္ေတာ့
သည္ျဖစ္ရာ လုပ္ႀကံသူကို သမိုင္းမွတ္တမ္းမ်ား
ထဲတြင္ အဆိုး႐ြားဆုံး ရာဇဝတ္သားအျဖစ္ ထည့္
သြင္းေရးသားၾကလိမ့္မည္။

သို႔မွ်မကေသး ေဝ့လ်န္သည္ သူက က်ီယြယ့္ကဲ့သို႔ အရာအားလုံးကို ျပန္လည္တည့္မတ္ၿပီး ထိန္းခ်ဳပ္နိုင္လိမ့္မည္ဟု ရာႏႈန္းျပည့္ ယုံၾကည္သည္။

မည္သို႔ပင္ျဖစ္ေစ ၎က ပ်င္းရိဖြယ္ ေကာင္းလြန္းေသာ အလုပ္တစ္ခုျဖစ္ေနျခင္းေၾကာင့္ သူ လုံးဝ မလုပ္ခ်င္ေပ။

သူသည္ ကမၻာႀကီးကို အုပ္စိုးရျခင္းထက္ ဘယ္အရပ္ကိုမဆို လြတ္လပ္စြာ ခရီးႏွင္ခြင့္ရေသာ ဘဝကို ပိုတန္ဖိုးထားသည္။

လီဖုခြၽမ္သည္ ေဝ့လ်န္ထံမွ ေလးနက္ေသာ စ
ကားတစ္ခြန္းကို ၾကားရေသာ္လည္း အျပည့္အဝ မယုံၾကည္နိုင္ေသးေပ။ ထိုအစား သူ႕သေဘာ
ထားကို အနည္းငယ္ေျပာင္းလဲေပးလိုက္ၿပီး ယ
ခင္ကကဲ့သို႔ ေဝ့လ်န္အေပၚ ကန့္လန့္မတိုက္ေတာ့ရန္ ဆုံးျဖတ္ခ်က္ခ်လိဳက္သည္။

မိတ္ေဆြရွိျခင္းက ရန္သူရွိျခင္းထက္ ပိုေကာင္းသည္။ အၾကမ္းအားျဖင့္ မိတ္ေဆြမျဖစ္နိုင္လွ်င္ေတာင္ ရန္သူေတာ့ မျဖစ္သင့္ေပ။

ဤအေၾကာင္းကို ေတြးၿပီး လီဖုခြၽမ္၏ မ်က္ႏွာေပၚတြင္ ပါးနပ္ေသာ အၿပဳံးတစ္ခုေပၚလာသည္။

"လ်န္သခင္ေလး ေအးေအးေဆးေဆး ဆက္ၿပီး ေလေကာင္းေလသန့္ရႈႏွင့္ပါအုံး...သခင္ေလးရဲ႕ အခ်ိန္ေတြကို ကြၽန္ေတာ္မ်ိဳးေၾကာင့္ အလဟသမျဖစ္ေစခ်င္ပါဘူး...အခုပဲ ထြက္သြားေပးပါမယ္"

ေဝ့လ်န္ ေခါင္းညိတ္ျပလိုက္သည္။ ရွည္လ်ားေသာ စၾကၤံန္လမ္း၏ အဆုံးတြင္ လီဖုခြၽမ္ ေပ်ာ
က္ကြယ္သြားခ်ိန္မွသာ ေဝ့လ်န္၏ အမူအရာက ေပါ့ေပါ့ပါးပါး ျပန္ျဖစ္သြားသည္။

သူသည္ လီဖုခြၽမ္ထံမွ အေကာင္းျမင္ခံခ်င္၍ ယ
ခုလို ညွိႏွိုင္းရျခင္း မဟုတ္ေပ။ လီဖုခြၽမ္ကို ေဒါ
သထြက္ရေလာက္သည္အထိ ရန္စမိလွ်င္ေတာင္ သူက ေၾကာက္႐ြံ႕ေနမည့္ လူစားမ်ိဳးလည္း မဟု
တ္ျပန္ေပ။

သို႔ေပမဲ့ လီဖုခြၽမ္က ခ်င္ဧကရာဇ္ကို နားလည္
သည္။

ခ်င္ဧကရာဇ္အပါးတြင္ အခစားဝင္ရေသာ မိန္းမ
စိုးတစ္ဦးျဖစ္သည့္အေလွ်ာက္ ခ်င္ဧကရာဇ္ႏွင့္ ပတ္သတ္သမွ် အရာအားလုံးကို က်ဴးေခြၽ႕ထက္ ပိုသိၿပီး ပိုနားလည္သည္။ယခုအခ်ိန္တြင္ ေဝ့လ်န္၏ ဘဝသည္ ခ်င္ဧကရာဇ္ႏွင့္ သက္ဆိုင္ေနၿပီျဖစ္ရာ ခ်င္ဧကရာဇ္ႏွင့္ ပတ္သတ္သမွ် အရာ
အားလုံးကို သိထားရန္လည္း လိုအပ္လာေခ်ၿပီ။

ပထမေျခလွမ္းတြင္ ေကာင္းမြန္ေသာ ဆက္ဆံေရးတစ္ခုကို မတည္ေဆာက္နိုင္ပါက ေနာင္တြင္ အက်ိဳးရွိမည့္ အကူအညီတစ္ခု ျဖစ္မလာနိုင္ေပ။

အေဆာင္ေတာ္ထဲသို႔ ေဝ့လ်န္ ျပန္ေရာက္လာခ်ိ
န္တြင္ က်ီယြယ့္က မ်က္လုံးလွန္ၾကည့္ၿပီး ေမးသ
ည္။

"စိတ္ၾကည္သြားၿပီလား"

ေဝ့လ်န္ နဂိုေနရာတြင္ ျပန္ထိုင္လိုက္သည္။

"ေလေကာင္းေလသန့္ရႈလိုက္ရလို႔ အဆင္ေျပသြားပါၿပီ"

က်ီယြယ့္က 'အင္း'ဟု အသံျပဳၿပီးေနာက္ တည္
ၿငိမ္ ေသာ ေလသံျဖင့္ ေနာက္တစ္ခြန္း ဆက္ေမး
သည္။

"ကိုယ္ေတာ့္အနားမွာ ေနရတာ အဲ့ဒီေလာက္ေတာ
င္ စိတ္မြန္းက်ပ္ဖို႔ေကာင္းလား"

တူကိုင္ထားေသာ ေဝ့လ်န္၏ လက္တစ္စုံဟာေလထုအလယ္တြင္ ရပ္တန့္သြားသည္။

ဤသည္မွာ အသက္ကို ႏႈတ္ယူနိုင္ေသာ ေမးခြန္းမ်ိဳးျဖစ္သည္။

ခ်င္ဧကရာဇ္ကို နံေဘးတြင္ ထားၿပီး 'ဟုတ္ပါတ
ယ္ အရွင္ဧကရာဇ္အနားမွာေနရတာမြန္းၾကပ္ပါတယ္'ဟု ျပန္ေျဖစရာ အေၾကာင္းအရင္း လုံးဝ မရွိေခ်။ ၎က 'ကြၽန္ေတာ့္ကိုသတ္ပါ'ဟု ေတာင္းဆိုျခင္းႏွင့္ အခ်ိဳးညီမွ်သည္။

အေဆာင္ေတာ္က က်ဥ္းက်ပ္ၿပီး အပူခ်ိန္ မ်ားလြန္းျခင္းေၾကာင့္ အျပင္ထြက္၍ ေလေကာင္းေလသန့္ရႈရပါသည္ဟု ျပန္ေျဖလွ်င္လည္း ေအးခဲေနေသာ ဆီးႏွင္းေတာထဲသို႔ ေျခာက္နာရီနီးပါး ေမာင္းထုတ္ခံရေပအုံးမည္။

အေျဖႏွစ္ခုစလုံးတြင္ တစ္ခုကမွ ခ်င္ဧကရာဇ္ကို စိတ္ေက်နပ္ေအာင္ လုပ္နိုင္လိမ့္မည္ မဟုတ္ေပ။

က်စ္..က်စ္...ဒီေခြး႐ူးဧကရာဇ္ကေတာ့ တကယ္မလြယ္တာပဲ။

ေဝ့လ်န္က ရွက္႐ြံ႕ေနေသာ အမူအရာေလးႏွင့္ ျပန္ေျဖလိုက္သည္။

"အဲ့ဒီလိုမဟုတ္ရပါဘူး ကြၽန္ေတာ္မ်ိဳးက မေန႕ညတုန္းက အရွင္ဧကရာဇ္နဲ႕ အသက္ရႈမဝတဲ့အထိ နမ္းခဲ့ၾကတာကို ျပန္ေတြးမိသြား႐ုံပါ"

ေဝ့လ်န္၏ စကားေၾကာင့္ က်ီယြယ့္မွာ ဟင္းခ်ိဳေသာက္ေနရင္း တဟြတ္ဟြတ္ သီးသြားရေလသ
ည္။

"အရွင္ဧကရာဇ္ သတိထားၿပီးေသာက္ပါ"

ေဘးပတ္ခ်ာလည္တြင္ ရပ္ေနေသာ နန္းတြင္းအမႈထမ္းမ်ားသည္ စကားဝိုင္းကို ခိုးနားေထာင္ေနၾကၿပီး ေဝ့လ်န္၏ စကားကို ၾကားရအခိုက္
တိုင္ပင္ထားသကဲ့သို႔ တစ္ၿပိဳင္တည္း ေခါင္းငုံ႕သြားၾကေတာ့သည္။

က်ီယြယ့္သည္ ႏႈတ္ခမ္းကို လက္ကိုင္ပုဝါျဖင့္ သုတ္ၿပီး စိုးစဥ္းမွ် အရွက္မရွိေသာ ေဝ့လ်န္၏ အေရွ႕တြင္ သူတစ္ဦးတည္းကသာ ဤနည္းအ
တိုင္း အရွက္ရၿပီး မ်က္ႏွာမပ်က္သင့္ဟု ခံစားရသည္။ ထို႔ေၾကာင့္ သူက ဘာမွမျဖစ္ဟန္ လ်စ္
လ်ဴရႈၿပီး ျပန္ေမးလိုက္သည္။

"မင္းကို ဘယ္လို အသက္ရႈမဝေအာင္ လုပ္မိသြားတာလဲ"

ေဝ့လ်န္ အတန္ငယ္ လန့္သြားရသည္။

"အရွင္ဧကရာဇ္ ဒီေနရာမွာ လူေတြအမ်ားႀကီးရွိေနတာ ေျပာဖို႔မသင့္ေတာ္...."

"ရတယ္ ေျပာ"

ေဝ့လ်န္ မည္မွ်အရည္ထူေၾကာင္း သူသိခ်င္သ
ည္။

ေဝ့လ်န္သည္ နီျမန္းေနေသာ မ်က္ႏွာေလးႏွင့္ နန္းတြင္းအမႈထမ္းမ်ားကို ရွက္ကိုးရွက္ကန္း လွည့္ၾကည့္သည္။

အဟား...မင္း မလုပ္နိုင္ေတာ့ဘူးမဟုတ္လား?

ထိုအျခင္းအရာကိုျမင္လွ်င္ က်ီယြယ့္သည္ အျပ
တ္အသတ္ အနိုင္ရသြားေသာ ေအာင္နိုင္သူတစ္ေယာက္လို ခ်က္ခ်င္း ခံစားလိုက္ရသည္။

သို႔ေပမဲ့ အေပ်ာ္မဆုံးခင္တြင္ သူ႕အေရွ႕မွ ေကာင္ေလးက ေခါင္းငုံ႕ၿပီး ေလသံတိုးတိုးျဖင့္ ေရ႐ြတ္လာသည္။

"ႏြေဦးရယ္ ကုန္ေလၿပီ...ႏြေးေထြးသာယာမႈတို႔ လႊမ္းၿခဳံေလေသာ ကန့္လန့္ကာေအာက္ဝယ္ စီးခ်က္တက် လႈပ္ရွားသံမွာ လွိုက္ဖိုဖြယ္အတိပင္...
ဟိုတစ္စ သည္တစ္စ ျပန့္က်ဲေလေသာ ပ်ားပတုံးေရာင္ ဆံႏြယ္ရွည္ဟာ ကပိုကရိုေလးေပမို႔....ရဲပါေပ့ နံသာဆီမီးတိုင္မွာ အေရာင္တဖ်ပ္ဖ်ပ္ႏွင့္ အ
ရည္ၾကည္႐ႊန္းလဲ့ မ်က္ဝန္းတစ္စုံကို ႏႈတ္ခမ္းပါးေလးျဖင့္ ဖိကပ္လို႔ ႏွစ္သိမ့္ရရွာေလတယ္...လွပစြာ စီျခယ္ေလေသာ မဂ္လာကုတင္ထက္ အတင္းေပြ႕ဖက္ အၾကင္သူႏွစ္ဦးမွာ တဆတ္ဆတ္ တုန္
ယင္ေနသည္မို႔ မိုးေသာက္ယံတိုင္ ပိုးဖဲေစာင္တစ္ထည္ လႊားလို႔ထားရေလတယ္"

တူျဖင့္ ညွပ္ကိုင္ထားေသာ ပုစြန္ေပါင္းဖက္ထုပ္ေလးခမ်ာမွာ ဘုတ္ခနဲ ျပဳတ္က်သြားေလေတာ့
သည္။

က်ီယြယ့္သည္ ေဝ့လ်န္က ဤအမွ် အရွက္သိ
ကၡာမဲ့လြန္းေသာ ေတးကဗ်ာတစ္ပုဒ္ကို ေနရာတြင္ လက္တန္းဖြဲ႕သီကာ ႐ြတ္ျပလာလိမ့္မည္ဟု လုံးဝ မေမွ်ာ္လင့္ထားမိေပ။

ေဝ့လ်န္၏ မ်က္ႏွာေပၚမွ ရွက္႐ြံ႕မႈဟာ အတုအ
ေယာင္မွ်သာျဖစ္ၿပီး အမွန္တကယ္ ရွက္႐ြံ႕သြားရသူကား က်ီယြယ့္ျဖစ္သည္။

က်ီယြယ့္သည္ ေဝ့လ်န္႐ြတ္ျပေသာ ေတးကဗ်ာကို နားေထာင္ေနရင္း တစ္ဝက္တစ္ပ်က္မွာပင္ နား႐ြက္ဖ်ားမ်ား နီရဲတြတ္လာသည္။

"ေတာ္...ေတာ္ေတာ့ မင္း ဘာျဖစ္လို႔ ဒီေလာက္ေတာင္ "

ဒီေလာက္ေတာင္ စကားေျပာတဲ့ေနရာမွာ အရွက္
အေၾကာက္မရွိရတာလဲ!

ေဝ့လ်န္က အံ့ၾသသြားေသာ အမူအရာေလးႏွင့္ ရိုးရိုးသားသား ျပန္ေျပာသည္။

"အရွင္ဧကရာဇ္ပဲ ေျပာခိုင္းတာမဟုတ္ဘူးလား"

က်ီယြယ့္သည္ ႏွဖူးကို လက္ျဖင့္ ေထာက္ထားရင္း ေဝ့လ်န္တစ္ေယာက္ေၾကာင့္ ေခါင္းကိုက္လာသလို ခံစားလိုက္ရေလသည္။

"ရၿပီ ဆက္မေျပာနဲ႕ေတာ့"

ဆက္မေျပာပါနဲ႕ေတာ့...ငါမင္းကို ေၾကာက္ပါတယ္။

ေၾကာက္တယ္ဆိုတာကိုလည္း ဝန္ခံပါတယ္ကြာ။

-

-

-

-

T/N: ေဝ့လ်န္႐ြတ္ျပတဲ့ကဗ်ာေလးကို laoshiကသူ႕ရဲ႕အေတြးနဲ႕ သူကိုယ္တိုင္ ဖန္တီးထားတာမို႔အေရးအသား သိပ္မလွေပမဲ့ ေဝ့လ်န္႐ြတ္ျပေနတယ္လို႔မွတ္ယူၿပီး အရမ္း အသုံးအႏႈန္းလွၿပီး
နားဝင္ခ်ိဳတဲ့ ကဗ်ာတစ္ပုဒ္လို ၾကားေယာင္ေပးၾကပါတဲ့ရွင္။ ကိုယ့္ရဲ႕ကဗ်ာဘာသာျပန္ေလးကိုလည္း ခ်စ္တဲ့စိတ္ေလးနဲ႕ပဲ နားလည္ေပးၾကပါေနာ္။မေန႕ထဲက တစ္ပိုင္းလုံး ဘာသာျပန္ၿပီးသြားေပမဲ့ ကဗ်ာကို ဖြဲ႕ႏြဲ႕ၿပီး မျပန္တတ္လို႔ ခ်န္ထားခဲ့ရတာနဲ႕ မတင္ေပးလိုက္ရဘူး။

ဒါဂိတ္ဆုံးပဲ အခ်စ္တို႔ေရ~~ကိုယ္မရေတာ့ဘူး~
ဝူးဟူး T_T

...................................................................

Continue Reading

You'll Also Like

5.2K 812 6
Type -Light Novel (CN) Name -你的后脑勺有朵花, A flower on the back of his head Author -西子绪 English translator -Wordrain Status in COO -3 chapters Genre Ro...
264K 9.5K 40
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
67.9K 7.5K 143
မူရင်းရေးသားသူ : မန့်မန့်ဟယ့်ချီသော်။ စုစုပေါင်းအပိုင်း : ၁၃၂ပိုင်းနှင့်အချပ်ပို ၄ ပိုင်း။ ယွီဆွေ့ x ရှစ်လော့။
1.5M 64.4K 75
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...