Two Men In One Look (Complete...

By Galaxie_Genie

7.3K 1K 518

There was a story about two men who fell in love with the same man But their story had already been a sad end... More

Chapter 0
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22(Final)
Extra 1(20th Century)
နှုတ်ဆက်စကား

Chapter 11

240 41 11
By Galaxie_Genie

Unicode

ဟောင်းနွမ်းနေသောလက်မှတ်လေးတစ်စုံ

"Book Of Vinc
ဝိန်းမျိုးရိုးအဆက်ဆက်ထိန်းသိမ်းလာခဲ့ပြီးအချိန်ယန္တရားကိုစေစားနိုင်တဲ့စာအုပ်
နောက်တစ်မျိုးပြောရရင်သိပ်ကိုအန္တရာယ်များလှတဲ့စာအုပ်ပဲ"

"ဒါဆိုတစ်ယောက်ယောက်ကသုံးထားတာလား"

"ဖြစ်နိုင်တယ် ဒီကိုမင်းရောက်လာခဲ့တာကလည်းအဲ့ဒါကြောင့်"

"ကျွန်တော်စာအုပ်ကိုတွေ့ရင်ကျွန်တော်လာခဲ့တဲ့ခေတ်ကိုပြန်သွားလို့ရနိုင်လား"

"မရနိုင်ဘူး အသုံးပြုသူကမင်းကိုလုပ်စေချင်တဲ့ရည်ရွယ်ချက်တစ်ခုရှိတယ် အဲ့ဒီရည်ရွယ်ချက်ပြီးမြောက်မှပဲမင်းကကိုယ်လာခဲ့တဲ့နေရာကိုပြန်သွားနိုင်လိမ့်မယ်"

"အဲ့လိုမှမဟုတ်ရင်ရောပြန်သွားလို့မရဘူးလား
နောက်ထပ်နည်းလမ်းရှိရမှာပေါ့"

"တခြားနည်းလမ်းမရှိဘူး"

"ကျွန်တော့်ခေါတ်မှာဆိုကျွန်တော်ကတက္ကသိုလ်ကျောင်းသားပဲရှိသေးတာ ခင်ဗျားတို့ရဲ့ဒီလိုရှုပ်ထွေးပွေလီနေတဲ့ဇာတ်လမ်းထဲကိုဘာဆိုင်လို့ရောက်လာပြီးပြဿနာလိုက်ရှင်းနေရတာတုန်း"

"မဟုတ်မှလွဲရော ကျွန်တော်ကဖီးလစ်ဝင်စားထားလို့လား"

ဂျီမင်းကသိချင်စိတ်ပြင်းပြစွာဖြင့်ဝိန်းအားမေးလိုက်သည်။
ဝိန်းကတော့စိတ်ဝင်စားမှုတစ်ချက်မျှတောင်မပြဘဲတစ်ဖက်ကိုမျက်နှာလှည့်သွားကာကြမ်းပြင်ပေါ်မှကော်ဇောကိုဆွဲလှန်လိုက်သည်။

"ခင်ဗျားတကယ်လူမှုရေးခေါင်းပါးတာပဲ
စကားပြောနေရင်ပြန်ပြောရမယ်မှန်းနားမလည်ဘူးလား"

"မင်းကိုကိုယ်စည်းကမ်းတွေပြောပြထားတယ်လေ"

"အခုအဲ့ဒါနဲ့ဘာဆိုင်လို့လဲ!!"

"စည်းမျဉ်းနံပါတ်၃ စကားကိုတည်တည်တံ့တံ့ပြော
အပိုစကားတွေမပြောနဲ့"

"ကျွန်တော်အခုအတည်ပဲပြောနေတာလေ"

"ယုတ္တိမရှိဘူး"

"ဘာ..အဲ့တာကြောင့်ဘဲပစ်ခံရတာ"

"မင်းဘာပြောတာလဲ အဲ့ဒီစကားကဘာအဓိပ္ပါယ်လဲ"

"ယုတ္တိမရှိတဲ့စကားတွေပြောနေတာလေ
မသိချင်နဲ့"

"ယုတ္တိမရှိဘူးဆိုမှကိုယ်ကလည်းတစ်ခုပြန်မေးချင်သေးတယ် မင်းဘာလို့အဲ့သလောက်ရိုင်းစိုင်းနေရတာလဲ
မင့်အသက်အရွယ်နဲ့ဆိုကိုယ်က၁၀နှစ်ကျော်လောက်ပိုကြီးတယ်မဟုတ်လား"

"ကျွန်တော်ကဘယ်မှာရိုင်းစိုင်းနေလို့လဲ
စကားပြောနေတာကိုပြန်မပြောတဲ့လူလောက်တော့ရိုင်းစိုင်းမယ်မထင်ဘူး"

ဝိန်းသည်ချက်ချင်းပင်သွေးအန်သွားချင်စိတ်ကိုထိန်းလိုက်ပြီးလှန်လက်စဖြစ်နေသောကော်ဇောကိုဆွဲလှန်နေလိုက်သည်။
ကော်ဇောကိုလှန်လိုက်သောအခါအောက်အထဲတွင်သော့ခလောက်ဖြင့်ပိတ်ထားသောအံဝှက်တံခါးလေးတစ်ခုရှိသည်။ဝိန်းကအင်္ကျီလက်ထဲမှသော့ကိုယူလိုက်ပြီးထိုတံခါးအားဖွင့်လိုက်သည်။
တံခါးပွင့်သွားပြီးနောက်ထပ်မံထွက်ပေါ်လာသည်ကအိုဟောင်းနေသည့်သေတ္တာတစ်လုံး။

"အဲ့ထဲမှာရှိတာလား"

"...."

သေတ္တာကိုမလိုက်ပြီးကြမ်းပြင်ပေါ်ချလိုက်သည်။
ထို့နောက်စားပွဲပေါ်ရှိစာအုပ်တစ်အုပ်အားဆွဲယူကာ၎င်းစာအုပ်အတွင်းမှသော့အသေးတစ်ချောင်းကိုထပ်မံထုတ်ယူလိုက်ပြန်သည်။
ဝိန်းလုပ်နေသမျှကိုဂျီမင်းကမျက်လုံးလေးကလယ်ကလယ်ဖြင့်မျက်တောင်မခတ်တမ်းကြည့်နေသည်။

သေတ္တာပွင့်သွားသည့်အချိန်တွင်အထဲ၌ရှိနေသောဖုန်များကလွတ်လပ်မှုရရှိသွားသည့်နှယ်အပြင်ကိုအားပါးတရတိုးထွက်လာသည်။
သေတ္တာထဲတွင်စာအုပ်တစ်အုပ်ရှိနေသည်။
အဲ့စာအုပ်ကအညိုရောင်သားရေအဖုံး၊ရွှေရောင်စာတန်းထိုးထားတဲ့အမည်နဲ့
Book Of Vinc။

ရွှေရောင်စာလုံးများကလှိုင်းလုံးများသဖွယ်တရွေ့ရွေ့ ရွေ့လျားနေပြီးမသိနိုင်သောအက္ခရာများကိုဖော်ကြူးနေလေသည်။တစ်ခဏလောက်ကြာလျှင်စုသွားလိုက် ကွဲကွာသွားလိုက်ဖြင့်ပုံသဏ္ဌာန်အားဖြင့်ခန့်မှန်းမရသောပုံရိပ်များကစာအုပ်၏အညိုရောင်အဖုံးဝယ်ပျံ့နှံ့နေသည်။ထို့ပြင်စာအုပ်၏အပေါ်တွင်ချိပ်စည်းတစ်ခုကရှိနေသေးသည်။

"သေချာပေါက်ကိုစာအုပ်ကအသုံးပြုခံထားရတာပဲ"

ဝိန်းက၄င်းရွှေရောင်စာလုံးများအပေါ်လက်ညှိုးဖြင့်အသာအယာထိတွေ့လိုက်ရင်းမှပင်ဂျီမင်းအားလှမ်းကြည့်လိုက်သည်။

သူ၏မြင်ကွင်းထဲပေါ်လာသည်ကဖီးလစ်၏မျက်နှာ။
သို့သော်ဖီးလစ်မဟုတ်ခဲ့။
အထိုကောင်လေးဖီးလစ်သည်ဘာတွေကိုများစဉ်းစားခဲ့ပါသနည်း။

Book Of Vinc၏အသုံးပြုပုံကိုသိလျှင်
သက်ရောက်လာမည့်ဆိုးကျိုးကိုလည်းသိလောက်မှာအမှန်ပင်။

Book Of Vincကိုအသုံးပြုလိုက်သည့်လက်ခံဝိညာဉ်သည်ပထမဆုံးအဆင့်အဖြစ်မှတ်ဉာဏ်ယုတ်လျော့မှုများကိုကြုံတွေ့ရပေမည်။
အရေးကြီးဆုံးဖြစ်သောအချက်အလက်များ၊ထိတ်လန့်ခဲ့ရသောဖြစ်ရပ်များ၊ဘဝ၏အရေးပါဆုံးသောလူပုဂ္ဂိုလ်များကိုပါမေ့သွားနိုင်ခဲ့ပြီးဒုတိယအဆင့်တွင်ဝိညာဉ်၏ဖြစ်တည်မှုသည်ကွယ်ပျောက်လာရမည်ဖြစ်သည်။တဖြည်းဖြည်းလုံးပါးလာရပြီးနောက်ပိုင်းတွင်နောက်ဆုံးအဆင့်အဖြစ်ဝိညာဉ်သည်အမှုန်အမွှားလေးများအဖြစ်ချေမှုန်းခံရကာကမ္ဘာလောကကြီးတွင်ဘယ်တုန်းကမျှမတည်ရှိခဲ့သလိုမျိုးဖြစ်သွားလိမ့်မည်။

အချိန်နှင့်ဖြစ်တည်မှုများကိုပြောင်းလဲခြင်း၊ဝင်ရောက်စွက်ဖက်ခြင်းသည်ပိတ်ပင်တားဆီးထားသောအရာတစ်ခုဖြစ်လေသည်။Book Of Vincသည်စကြဝဋ္ဌာကြီး၏ပုံမှန်လည်ပတ်နေသောဗဟိုချက်မကိုဖျက်ဆီးနိုင်သောအရာဖြစ်သည်။
ထိုစာအုပ်သည်မသမာသူများ၏လက်ထဲသို့ရောက်သွားပါကလက်ခံကိုယ်သာမက၄င်း၏စကြဝဋ္ဌာကြီးတစ်ခုလုံးပါပျက်စီးသွားနိုင်သည့်အတွက်စာအုပ်ကိုထိန်းသိမ်းသူများကအဆက်ဆက်လျှို့ဝှက်စွာဖြင့်လက်ဆင့်ကမ်းခဲ့ကြသည်မှာယခုဝိန်းမျိုးရိုးအထိပင်ရောက်ရှိလာပြီးဖြစ်သည်။

မထင်မှတ်စွာပဲ မည်သူမှမသိခဲ့လေသည့်စာအုပ်သည်ထင်ထင်ရှားရှားထွက်ပေါ်လို့လာခဲ့ပြီ။
ဤကိစ္စသည်ဂျီမင်းပြောခဲ့သည့်သူသေသွားပြီးနောက်ပိုင်းဖြစ်လာသည့်အကြောင်းအရာများနှင့်ဆက်စပ်မှုရှိကိုရှိရမည်။

"စာအုပ်ကိုဖီးလီးယက်စ်ကသုံးခဲ့တာပဲ
ကျွန်တော်မထင်ထားဘူး
သူဒီလောက်ရဲရင့်မယ်လို့"

"အမှန်ပဲ အခုလောလောဆယ်ဒီစာအုပ်နဲ့ပက်သက်ပြီးဘာမှလုပ်လို့မရသေးဘူး"

"မစ္စတာဝိန်း ကျွန်တော်တို့နောက်ကွယ်ကကြိုးကိုင်သူကိုဘယ်လိုမြန်မြန်ရှာသင့်လဲ
ရက်ကတဖြည်းဖြည်းနီးလာပြီ
ခင်ဗျားသေသွားရင်ကျွန်တော်တစ်ယောက်တည်းကျန်ခဲ့တော့မှာ"

"ခင်ဗျားအဲ့လိုတစ်ကိုယ်ကောင်းဆန်ပြီးသေသွားလို့တော့မရဘူး ကျွန်တော့်ခေါတ်ကိုပြန်ရဦးမယ်
ဒီလိုမွန်းကြပ်စရာကောင်းတယ်၂၀ရာစုကြီးမှာမနေချင်ဘူးးး"

"အရည်မရအဖတ်မရစကားတွေပြောနေပြန်ပြီ"

ဝိန်းကတိတ်တဆိတ်ရေရွတ်လိုက်ရင်းစာအုပ်ကိုသေတ္တာဟောင်းထဲပြန်ထည့်လိုက်သည်။
အံတံခါးဝှက်ကိုအသာပြန်ပိတ်လိုက်ပြီးထိုအပေါ်မှကော်ဇောကိုပြန်အုပ်လိုက်သည်။
ထို့နောက်လက်မှဖုန်မှုန့်များကိုခါလိုက်ကာမတ်တတ်ပြန်ရပ်လိုက်သည်။

ဘေးနားမှပြန့်ကျဲနေသောစာအုပ်ပုံကြီးကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီးဝိန်း၏အကြည့်စူးစူးရဲရဲများကဂျီမင်းဆီကိုရောက်လာသည်။

"စာအုပ်တွေကိုသူ့နေရာနဲ့သူပြန်စီ..."

"ဘာ...ဘာပြောတာ"

"ကိုယ်ပြောတာ စာအုပ်တွေကိုသူ့ပထမထားထားတဲ့အတိုင်းပြန်စီ
အကုန်လုံးမင်းဖွထားတာပဲမလား"

"မစ္စတာဝိန်း ကျေးဇူးပြုပြီးမဖြစ်နိုင်တာတွေမပြောပါနဲ့လား"

"ဖြစ်နိုင်တယ် ညနေအပြီးစီထား"

ဝိန်းကစကားတစ်ခွန်းသာပြောပြီးစာကြည့်ခန်းထဲမှတစ်လှမ်းစီထွက်သွားတော့သည်။
ဝိန်းထွက်သွားပြီးဂျီမင်းသည်လည်းစာအုပ်ပုံကြီးကိုကြည့်ကာကိုယ့်ကိုယ်ကိုယ်ဆွဲကြိုးချသေချင်စိတ်ပင်ပေါက်သွားရသည်။

ဆွဲချတုန်းကသာမသိသာပေမယ့်
ပြန်စီရမည့်စာအုပ်များမှာတော့တစ်လှေကြီးပင်။

ဂျီမင်းသည်စာအုပ်ပုံကြီးကိုတစ်လှည့် စာကြည့်ခန်း၏တံခါးကိုတစ်လှည့်ကြည့်နေရင်းမှစကားတစ်ခွန်းကိုသာကျယ်ကျယ်လောင်လောင်ပြောနိုင်တော့သည်။

"သောက်အဘိုးကြီး
ဒါကြောင့်မို့ဘဲပစ်ခံရတာ!!"

"ဒီလောက်များတာငါကဘယ်လိုလုပ်တစ်ညနေတည်းနဲ့အပြီးရှင်းနိုင်မှာလဲ"

ဂျီမင်းမှာပြောရင်းဖြင့်စာအုပ်များကိုကောက်ကိုင်ကာဗီဒိုပေါ်တွင်ပြန်စီရတော့သည်။
မလုပ်၍ကလည်းမဖြစ်...
မိမိခေါတ်သို့ပြန်သွားရေးအတွက်ဝိန်းကအဓိကအရေးပါနေတာကြောင့်သူ့စကားကိုလန်ကဆန်လုပ်၍မဖြစ်ပေ။

"လမ်းသွားရင်းချီးကားတိုက်ပါစေ
ငှက်ပျောခွံနင်းပြီးချော်လဲပါစေ
ချီးပုံတက်နင်းမိပါစေ...$%&#%"

ကျိန်ဆဲနည်းမျိုးစုံဖြင့်ဆဲပြီးသကာလဂျီမင်း၏မျက်လုံးများတွင်အရောင်များဘလင်းဘလင်းဖြစ်အောင်လုပ်နိုင်သောအရာတစ်ခုကိုတွေ့လိုက်ရလေသည်။
ဤကားအခြားမဟုတ်၊မီးရထားများအကြောင်းပါသည့်စာအုပ်ကလေးပင်ဖြစ်သည်။

"ဒီ ဒီစာအုပ်က...ငါစာကြည့်တိုက်မှာတွေ့ခဲ့တဲ့စာအုပ်..?"

အမှန်ပင်။
ဂျီမင်းတွေ့ခဲ့သည့်အချိန်တုန်းကစာအုပ်မှာဝါကျင့်ကျင့်အရောင်ဖြင့်ညှိုးနွမ်းနေခဲ့သော်လည်းယခုမှာမူအသစ်ကျပ်ချွတ်အတိုင်း။

ဂျီမင်းသည်စာရွက်များကိုအလျင်အမြန်လှန်လှောကာကြည့်လိုက်သည်။စာအုပ်သည်အခန်းဆုံးထိမပြီးသေးပေ။
ရေးထားသမျှကတစ်ဝက်လောက်သာရှိနေပြီးနောက်ပိုင်းမှာဗလာစာရွက်များသာ။

ထိုစာအုပ်ကိုတွေ့ခဲ့တုန်းကအဖုံးသာမြင်ခဲ့ရပြီးBook of Vincကိုသာသူစိတ်ဝင်စားနေခဲ့တဲ့အတွက်အထဲမှာဘာရေးထားတယ်ဆိုတာမသိလိုက်ရ။
မည်သို့ပင်ဖြစ်စေ သူနှစ်သက်သဘောကျသောအကြောင်းအရာနှင့်ပက်သက်တဲ့စာအုပ်အားရေး၍မပြီးသေးခင်ဖတ်ရသည့်အရသာကဘာနှင့်မျှမလဲနိုင်။
နေ့ရက်အပိုင်းအခြားများကသစ်လွင်နေခဲ့သလိုလို။

"နေဦး ဒီစာအုပ်ကသောမတ်စ်ဝိန်းရဲ့အခန်းထဲမှာ
ရေးလို့ကလည်းမပြီးသေးဘူးဆိုတော့ဒါ..ဒါကိုသောမတ်စ်ဝိန်းကရေးထားတာပေါ့"

"အိုးမိုင်ဂေါ့ ဝှက်သယ်ဖတ်!!"

"အဘိုးကြီးသောမတ်စ်ဝိန်းကဒါမျိုးတွေရေးနိုင်တယ်
မထင်ထားဘူး ဝါးးးး"

"နေစမ်း ငါဖတ်ကြည့်မယ်"

Train
Where we first met

စာအုပ်၏အစလေးတွင်ဤကဲ့သို့လက်ရေးစောင်းစောင်းလေးများဖြင့်အစပြုထားသည်။
ဂျီမင်းသည်စာရွက်များကိုထပ်ကျော်လိုက်ပြန်သည်။
တစ်ခုသောစာရွက်၏ထောင့်ဆုံးတွင်လက်မှတ်လေးတစ်ခု။

Thomas Wayne

ထိုလက်မှတ်နားလေးကိုဂျီမင်းလက်ညှိုးလေးဖြင့်သာခပ်ဖွဖွထိတွေ့လိုက်လေသည်။
မည်းနက်နေသောဖောင်တိန်မှင်များဖြင့်သွက်သွက်ကလေးရေးထိုးထားသည်ဟုထင်ရလောက်အောင်လက်မှတ်လေးကစောင်းနေသည်။

ထိုစာမျက်နှာ၏နောက်ဘက်ခြမ်းတွင်ဘာမှမရှိတော့ချေ။
အဲ့ဒီအစားစာအုပ်အကြားညှပ်ထားတဲ့ဝါကျင်ကျင်စာရွက်အပိုင်းအစလေးကလျှောခနဲထွက်ကျလာသည်။

"ဒါကဘာတုန်း"

စာရွက်ဝါအပိုင်းအစလေးပေါ်တွင်နောက်ထပ်လက်မှတ်တစ်ခုကလွဲပြီးဘာမှရှိမနေခဲ့ပေ။
သို့သော်ထိုလက်မှတ်ကလေးကိုဖတ်လိုက်ရသည့်အချိန်တွင်ဂျီမင်းစိတ်ထဲတစ်မျိုးတစ်မည်ခံစားလိုက်ရသည်။

William Arthur

သေချာပေါက်ကိုဝီလီယမ့်ရဲ့လက်မှတ်ကလေး။
စာအုပ်ကသာသစ်လွင်ပုံပေါ်သော်လည်းလက်မှတ်ကလေးမှာနွမ်းလျနေပုံ။

ဂျီမင်း၏စိတ်မှာမည်သူမျှမဖိတ်ခေါ်ဘဲအတိတ်သို့တစ်ဖန်ပြန်ရောက်သွားတော့သည်။
အတိတ်ရဲ့ပုံရိပ်များကတော့အိုဟောင်းနေသောပန်းချီကားလေးတစ်ချပ်အတိုင်း....
ရထားတစ်စင်းကတော့ခရီးနှင်နေတုန်း...

"ဟေး မင်းနာမည်ဘယ်လိုခေါ်လဲ"

"ဘာလို့ပြောရမှာလဲ"

"မင်းကလည်းစွာလိုက်တာ
ဒါလေးမေးတာကို"

"မတတ်သာလို့သာဒီအတန်းစီးရတာ
ရိုးရိုးတန်းတွဲကလူတွေကစိတ်ကုန်စရာပဲ"

"အဲ့လိုတော့ပြောလို့ရမလား
အထက်တန်းပဲဖြစ်ဖြစ် ရိုးရိုးတန်းပဲဖြစ်ဖြစ်
အကုန်လုံးကသာမန်လူတွေပဲကို"

"...."

"ဒီကသခင်လေးကသိပ်ကိုအခြေကြီးတာပဲ"

"သခင်လေးမဟုတ်ဘူး
မြို့တော်ဝန်လောင်း"

"ဟုတ်လှချည်လား မြို့တော်ဝန်လောင်းပေါ့"

"အင်း"

"ဒါဆိုနောင်တစ်ချိန်မှာမြို့တော်ဝန်ကြီးဖြစ်လာမှာပေါ့
ငါမင်းကိုကြိုပြီးပေါင်းထားရမယ်"

"ကျွန်တော်ကတော့ခင်ဗျားကိုအပေါင်းအသင်းမလုပ်ချင်ပါဘူး"

"မင်းအပေါင်းအသင်းမလုပ်ချင်လည်းလုပ်ရမှာပဲ
ငါ့နာမည်ကဝီလီယမ်
မျိုးရိုးကအာသာ
ဝီယီယမ်အာသာ"

"ခင်ဗျားကိုဘယ်သူကမေးနေလို့လဲ"

"အော် ကောင်လေးရယ်
လူတစ်ယောက်နဲ့အပေါင်းအသင်းဖြစ်ပြီဆိုမှတော့နာမည်မပြောလို့ရမလား"

"ရတယ်"

ဝီလီယမ်ကဘာမှမပြောတော့ပဲသူ၏အိတ်ထဲမှစာအုပ်တစ်အုပ်ကိုယူကာဖောင်တိန်တစ်ချောင်းဖြင့်ရေးနေတော့သည်။သူသည်ဖောင်တိန်၏အစွန်းကိုပါးပြင်၌ထောက်ကာအရှေ့မျက်နှာချင်းဆိုင်ခုံတွင်ရှိနေသောမြို့တော်ဝန်လောင်းလေးအားငေးစိုက်ကြည့်လိုက်သည်။

"မင်းတကယ်ပဲ နာမည်မပြောတော့ဘူးလား
အနည်းဆုံးတော့မင်းရဲ့မျိုးရိုးလေးပဲဖြစ်ဖြစ်ပြောသင့်တယ်"

"ဝိန်း..."

"အမ်..ဟုတ်ပြီ
ဝိန်း မျိုးရိုးကဝိန်း"

"နာမည်ကရော.."

"တော်ပြီ မျိုးရိုးပဲ"

"ဟုတ်ပါပြီဗျာ"

ဝိန်းကတစ်ချက်သာကြည့်ပြီးပြတင်းပေါက်ဘက်သို့ပြန်လှည့်သွားသည်။
သူ့ကြည့်ရသည်မှာလောကကြီးအားအတော်စိတ်ကုန်နေပုံပင်ပေါက်နေလေသည်။
ဝီလီယမ်ကလည်းဝိန်းကြည့်ရာနေရာသို့လိုက်ကြည့်လိုက်ရင်း...

"လှတယ်နော်"

"ဘာကလဲ"

"မင်း...ကြည့်နေတဲ့မြင်ကွင်း"

"ရူးနေလား ဒီအတိုင်းမြက်ခင်းပြင်တွေပဲ"

"တန်ဖိုးထားရင်လှတာချည်းပါပဲ"

ဝိန်းသည်ထိုသူပြောသမျှကိုဂရုမပြုဘဲလျစ်လျူသာရှူထားလိုက်တော့သည်။
ဝီလီယမ်ကထပ်မံမေးပြန်သည်။

"ဆိုတော့မစ္စတာဝိန်း မင်းနေတဲ့မြို့ကဘာလဲ"

"ခင်ဗျားတစ်ခုပြီးတစ်ခုကျွန်တော့်ဆီကနေသိရအောင်ကြိုးစားနေတာလား"

"အင်းလေ ဒါကငါ့အလုပ်ပဲကို"

"ဘယ်အလုပ်ကများဒီလိုစကားကိုအများကြီးပြောပြီးသူများအကြောင်းသိချင်ရတာလဲ"

"ငါ့အလုပ်တော့မဟုတ်သေးဘူး
ငါဖြစ်လာမယ့်အလုပ်"

"...."

"ဝိန်း မင်းသိလား
ငါကစုံထောက်တစ်ယောက်ဖြစ်ချင်တာ"

"ဒီအတိုင်းငွေကြောင့်မဟုတ်ဘူး
ဆင်းရဲတဲ့လူတွေ သူတို့ရဲ့အမှုတွေအတွက်ငှားရမ်းခနည်းနည်းနဲ့ဖြေရှင်းပေးနိုင်မယ့်စုံထောက်
အကယ်၍အဲ့ဒီအလုပ်ကအန္တရာယ်များနေခဲ့မယ်ဆိုရင်တောင်ငါဘယ်တော့မှနောက်ဆုတ်ဖြစ်မှာမဟုတ်တဲ့အလုပ်"

"အခုမှတွေ့တဲ့လူတစ်ယောက်ကိုအကုန်လုံးပြောပြနေတာဦးနှောက်မရှိရာကျတယ်"

"အခုမှတွေ့တဲ့လူကစစ်မှန်နေရင်ရော"

"ခင်ဗျားဘယ်လိုသိလဲ"

"အင်း ငါ့မှာလျှို့ဝှက်နည်းလမ်းရှိတယ်
ပြောပြရမလား
ဒါကလျှို့ဝှက်ချက်မို့ပေါက်ကြားသွားလို့တော့မရဘူး
အနားတိုးလာခဲ့"

"ထားလိုက်တော့ မသိချင်ဘူး"

"အဟား စတာပါ
တကယ်တော့လျှို့ဝှက်နည်းလမ်းဆိုတာမရှိပါဘူး"

"မင်းကိုတွေ့လိုက်ကတည်းကငါခံစားမိပါတယ်
မင်းကအစစ်အမှန်ဆိုတာထက်ကိုပိုတယ်
ငါ့ရဲ့ဖြစ်ချင်တဲ့ရည်ရွယ်ချက်ကိုပြောပြတယ်ဆိုတာကလည်းဒီလိုပဲပြောပြချင်လာလို့
တကယ်ဖြစ်ချင်မှဖြစ်မှာလေ"

ထို့နောက်သူတို့နှစ်ယောက်၏စကားဝိုင်းတွင်တိတ်ဆိတ်ခြင်းကတစ်ဖန်ကြီးစိုးသွားပြန်သည်။
ဝီလီယမ်ကစာအုပ်ကိုသာကြည့်နေပြီးတစ်ခုခုကိုရေးနေသည်။ဝိန်းကတော့ရထား၏ပြတင်းပေါက်အပြင်ဘက်သို့သာငေးရင်းဝေ့ဝဲတိုက်ခတ်လာသောလေညင်းများကပန်းကလေးများကိုကလူကျီစားနေသည့်မြင်ကွင်းကိုကြည့်ရှုနေလေသည်။လေပြေနွေးနွေးကြောင့်ဝိန်းရဲ့ဆံနွယ်တွေဟာလေထဲမှာတလွင့်လွင့်...

"အဟမ်း..ဒါမင်းကိုပေးတာ"

"ဘာလုပ်ဖို့လဲ"

"ငါ့ရဲ့လက်မှတ်လေ...သိမ်းထားလို့ရအောင်လို့"

ခပ်သော့သော့ရေးထိုးထားတဲ့စာရွက်အပိုင်းအစလေးပေါ်ကလက်မှတ်ကိုဝိန်းကစိတ်မရှည်စွာဆွဲယူကာအင်္ကျီရင်ဘတ်ထဲထည့်လိုက်သည်။

"စိတ်ရှုပ်စရာ"

"နောင်တစ်ချိန်ကျငါစုံထောက်ဖြစ်လာတဲ့အခါဒီလက်မှတ်ကိုသာငါ့ဆီယူလာခဲ့
အကုန်လုံးဖြေရှင်းပေးမယ်
အဲ့ဒီအချိန်ကျမြို့တော်ဝန်ကြီးဝိန်းတောင်ဖြစ်နေလောက်ပြီ ဟားဟား"

ဝီလီယမ်ကမျက်လုံးတွေမှိတ်သွားရလောက်အောင်ထိအသားကုန်ရယ်မောလိုက်သည်။
သူ့အသံကြောင့်ဘေးထိုင်ခုံကလူတွေပါသူတို့နှစ်ယောက်ကိုကြည့်လာသည်။
ဝိန်းမှာတော့ဖြင့်ရှက်လွန်း၍ဒီနေရာတင်အငွေ့ပျံပြီးပျောက်ကွယ်သွားချင်သည်။

"ခင်ဗျားအရမ်းစကားများလွန်းတယ်
ကျေးဇူးပြုပြီးတိတ်တိတ်နေပေးလို့ရမလား"

"ကောင်းပါပြီ ကောင်းပါပြီ
ငါမင်းကိုမနှောင့်ယှက်တော့ပါဘူး"

ထိုပိတ်ကားလိပ်လေးသည်ခဏတာမျှသာကြာမြင့်ခဲ့သော်လည်းငယ်ရွယ်မှုတို့ကကိန်းအောင်းလျက်။
ဂျီမင်း၏စိတ်အစဉ်တို့ကယခုအချိန်ကိုပြန်ရောက်လာသည်။

"ဝိန်း သူ.."

"ဝီလီယမ် အတိတ်တွေကတကယ်လှပခဲ့တာပဲ"

စာအုပ်ကိုထပ်မံလှန်ကြည့်လိုက်သည်။
ပထမစာမျက်နှာကိုကျော် ဒုတိယစာမျက်နှာတွင်သူတွေ့ခဲ့တဲ့ပန်းချီကားချပ်တွေလိုပဲ ဝီလီယမ်နဲ့စတွေ့ခဲ့တဲ့ရိုးရိုးတွဲရထားပေါ်ကအချိန်လေးများကိုပြန်ပြောင်းရေးထားလေသည်။
အဆုံးလက်မှတ်ထိုးထားတဲ့စာရွက်ကလေးတွင်တော့ဤကဲ့သို့ရေးထားခဲ့လေသည်။

ရထားဆိုတဲ့နေရာကိုသိပ်သဘောကျတယ်
အစ်ကိုနဲ့ပထမဆုံးဆုံတွေ့ခွင့်ရခဲ့တဲ့နေရာလေးဖြစ်နေခဲ့လို့...

အကယ်၍ထပ်မံဆုံတွေ့ကြမယ်ဆိုရင်လည်း
ရိုးရိုးတန်းတွဲပေါ်ကနေရာလေးမှာပဲဆုံတွေ့ချင်ပါတယ်

               Thomas Wayn

Long time no seeပါ ဟီးဟီး
.
.
.

Zawgyi

ေဟာင္းႏြမ္းေနေသာလက္မွတ္ေလးတစ္စံု

"Book Of Vinc
ဝိန္းမ်ိဳးရိုးအဆက္ဆက္ထိန္းသိမ္းလာခဲ့ၿပီးအခ်ိန္ယႏၲရားကိုေစစားနိုင္တဲ့စာအုပ္
ေနာက္တစ္မ်ိဳးေျပာရရင္သိပ္ကိုအႏၲရာယ္မ်ားလွတဲ့စာအုပ္ပဲ"

"ဒါဆိုတစ္ေယာက္ေယာက္ကသံုးထားတာလား"

"ျဖစ္နိုင္တယ္ ဒီကိုမင္းေရာက္လာခဲ့တာကလည္းအဲ့ဒါေၾကာင့္"

"ကြၽန္ေတာ္စာအုပ္ကိုေတြ႕ရင္ကြၽန္ေတာ္လာခဲ့တဲ့ေခတ္ကိုျပန္သြားလို႔ရနိုင္လား"

"မရနိုင္ဘူး အသံုးျပဳသူကမင္းကိုလုပ္ေစခ်င္တဲ့ရည္႐ြယ္ခ်က္တစ္ခုရွိတယ္ အဲ့ဒီရည္႐ြယ္ခ်က္ၿပီးေျမာက္မွပဲမင္းကကိုယ္လာခဲ့တဲ့ေနရာကိုျပန္သြားနိုင္လိမ့္မယ္"

"အဲ့လိုမွမဟုတ္ရင္ေရာျပန္သြားလို႔မရဘူးလား
ေနာက္ထပ္နည္းလမ္းရွိရမွာေပါ့"

"တျခားနည္းလမ္းမရွိဘူး"

"ကြၽန္ေတာ့္ေခါတ္မွာဆိုကြၽန္ေတာ္ကတကၠသိုလ္ေက်ာင္းသားပဲရွိေသးတာ ခင္ဗ်ားတို႔ရဲ႕ဒီလိုရႈပ္ေထြးေပြလီေနတဲ့ဇာတ္လမ္းထဲကိုဘာဆိုင္လို႔ေရာက္လာၿပီးျပႆနာလိုက္ရွင္းေနရတာတုန္း"

"မဟုတ္မွလြဲေရာ ကြၽန္ေတာ္ကဖီးလစ္ဝင္စားထားလို႔လား"

ဂ်ီမင္းကသိခ်င္စိတ္ျပင္းျပစြာျဖင့္ဝိန္းအားေမးလိုက္သည္။
ဝိန္းကေတာ့စိတ္ဝင္စားမႈတစ္ခ်က္မ်ွေတာင္မျပဘဲတစ္ဖက္ကိုမ်က္နွာလွည့္သြားကာၾကမ္းျပင္ေပၚမွေကာ္ေဇာကိုဆြဲလွန္လိုက္သည္။

"ခင္ဗ်ားတကယ္လူမႈေရးေခါင္းပါးတာပဲ
စကားေျပာေနရင္ျပန္ေျပာရမယ္မွန္းနားမလည္ဘူးလား"

"မင္းကိုကိုယ္စည္းကမ္းေတြေျပာျပထားတယ္ေလ"

"အခုအဲ့ဒါနဲ႔ဘာဆိုင္လို႔လဲ!!"

"စည္းမ်ဥ္းနံပါတ္၃ စကားကိုတည္တည္တံ့တံ့ေျပာ
အပိုစကားေတြမေျပာနဲ႔"

"ကြၽန္ေတာ္အခုအတည္ပဲေျပာေနတာေလ"

"ယုတိၱမရွိဘူး"

"ဘာ..အဲ့တာေၾကာင့္ဘဲပစ္ခံရတာ"

"မင္းဘာေျပာတာလဲ အဲ့ဒီစကားကဘာအဓိပၸါယ္လဲ"

"ယုတၱိမရွိတဲ့စကားေတြေျပာေနတာေလ
မသိခ်င္နဲ႔"

"ယုတၱိမရွိဘူးဆိုမွကိုယ္ကလည္းတစ္ခုျပန္ေမးခ်င္ေသးတယ္ မင္းဘာလို႔အဲ့သေလာက္ရိုင္းစိုင္းေနရတာလဲ
မင့္အသက္အ႐ြယ္နဲ႔ဆိုကိုယ္က၁၀နွစ္ေက်ာ္ေလာက္ပိုႀကီးတယ္မဟုတ္လား"

"ကြၽန္ေတာ္ကဘယ္မွာရိုင္းစိုင္းေနလို႔လဲ
စကားေျပာေနတာကိုျပန္မေျပာတဲ့လူေလာက္ေတာ့ရိုင္းစိုင္းမယ္မထင္ဘူး"

ဝိန္းသည္ခ်က္ခ်င္းပင္ေသြးအန္သြားခ်င္စိတ္ကိုထိန္းလိုက္ၿပီးလွန္လက္စျဖစ္ေနေသာေကာ္ေဇာကိုဆြဲလွန္ေနလိုက္သည္။
ေကာ္ေဇာကိုလွန္လိုက္ေသာအခါေအာက္အထဲတြင္ေသာ့ခေလာက္ျဖင့္ပိတ္ထားေသာအံဝွက္တံခါးေလးတစ္ခုရွိသည္။ဝိန္းကအက်ႌလက္ထဲမွေသာ့ကိုယူလိုက္ၿပီးထိုတံခါးအားဖြင့္လိုက္သည္။
တံခါးပြင့္သြားၿပီးေနာက္ထပ္မံထြက္ေပၚလာသည္ကအိုေဟာင္းေနသည့္ေသတၱာတစ္လံုး။

"အဲ့ထဲမွာရွိတာလား"

"...."

ေသတၱာကိုမလိုက္ၿပီးၾကမ္းျပင္ေပၚခ်လိုက္သည္။
ထို႔ေနာက္စားပြဲေပၚရွိစာအုပ္တစ္အုပ္အားဆြဲယူကာ၄င္းစာအုပ္အတြင္းမွေသာ့အေသးတစ္ေခ်ာင္းကိုထပ္မံထုတ္ယူလိုက္ျပန္သည္။
ဝိန္းလုပ္ေနသမ်ွကိုဂ်ီမင္းကမ်က္လံုးေလးကလယ္ကလယ္ျဖင့္မ်က္ေတာင္မခတ္တမ္းၾကည့္ေနသည္။

ေသတၱာပြင့္သြားသည့္အခ်ိန္တြင္အထဲ၌ရွိေနေသာဖုန္မ်ားကလြတ္လပ္မႈရရွိသြားသည့္နွယ္အျပင္ကိုအားပါးတရတိုးထြက္လာသည္။
ေသတၱာထဲတြင္စာအုပ္တစ္အုပ္ရွိေနသည္။
အဲ့စာအုပ္ကအညိဳေရာင္သားေရအဖံုး၊ေရႊေရာင္စာတန္းထိုးထားတဲ့အမည္နဲ႔
Book Of Vinc။

ေရႊေရာင္စာလံုးမ်ားကလႈိင္းလံုးမ်ားသဖြယ္တေ႐ြ႕ေ႐ြ႕ ေ႐ြ႕လ်ားေနၿပီးမသိနိုင္ေသာအကၡရာမ်ားကိုေဖာ္ၾကဴးေနေလသည္။တစ္ခဏေလာက္ၾကာလ်ွင္စုသြားလိုက္ ကြဲကြာသြားလိုက္ျဖင့္ပံုသဏၭာန္အားျဖင့္ခန္႔မွန္းမရေသာပံုရိပ္မ်ားကစာအုပ္၏အညိဳေရာင္အဖံုးဝယ္ပ်ံ႕နွံ႔ေနသည္။ထို႔ျပင္စာအုပ္၏အေပၚတြင္ခ်ိပ္စည္းတစ္ခုကရွိေနေသးသည္။

"ေသခ်ာေပါက္ကိုစာအုပ္ကအသံုးျပဳခံထားရတာပဲ"

ဝိန္းက၄င္းေရႊေရာင္စာလံုးမ်ားအေပၚလက္ညႇိဳးျဖင့္အသာအယာထိေတြ႕လိုက္ရင္းမွပင္ဂ်ီမင္းအားလွမ္းၾကည့္လိုက္သည္။

သူ၏ျမင္ကြင္းထဲေပၚလာသည္ကဖီးလစ္၏မ်က္နွာ။
သို႔ေသာ္ဖီးလစ္မဟုတ္ခဲ့။
အထိုေကာင္ေလးဖီးလစ္သည္ဘာေတြကိုမ်ားစဥ္းစားခဲ့ပါသနည္း။

Book Of Vinc၏အသံုးျပဳပံုကိုသိလ်ွင္
သက္ေရာက္လာမည့္ဆိုးက်ိဳးကိုလည္းသိေလာက္မွာအမွန္ပင္။

Book Of Vincကိုအသံုးျပဳလိုက္သည့္လက္ခံဝိညာဥ္သည္ပထမဆံုးအဆင့္အျဖစ္မွတ္ဉာဏ္ယုတ္ေလ်ာ့မႈမ်ားကိုႀကံဳေတြ႕ရေပမည္။
အေရးႀကီးဆံုးျဖစ္ေသာအခ်က္အလက္မ်ား၊ထိတ္လန္႔ခဲ့ရေသာျဖစ္ရပ္မ်ား၊ဘဝ၏အေရးပါဆံုးေသာလူပုဂၢိဳလ္မ်ားကိုပါေမ့သြားနိုင္ခဲ့ၿပီးဒုတိယအဆင့္တြင္ဝိညာဥ္၏ျဖစ္တည္မႈသည္ကြယ္ေပ်ာက္လာရမည္ျဖစ္သည္။တျဖည္းျဖည္းလံုးပါးလာရၿပီးေနာက္ပိုင္းတြင္ေနာက္ဆံုးအဆင့္အျဖစ္ဝိညာဥ္သည္အမႈန္အမႊားေလးမ်ားအျဖစ္ေခ်မႈန္းခံရကာကမာၻေလာကႀကီးတြင္ဘယ္တုန္းကမ်ွမတည္ရွိခဲ့သလိုမ်ိဳးျဖစ္သြားလိမ့္မည္။

အခ်ိန္နွင့္ျဖစ္တည္မႈမ်ားကိုေျပာင္းလဲျခင္း၊ဝင္ေရာက္စြက္ဖက္ျခင္းသည္ပိတ္ပင္တားဆီးထားေသာအရာတစ္ခုျဖစ္ေလသည္။Book Of Vincသည္စၾကဝ႒ာႀကီး၏ပံုမွန္လည္ပတ္ေနေသာဗဟိုခ်က္မကိုဖ်က္ဆီးနိုင္ေသာအရာျဖစ္သည္။
ထိုစာအုပ္သည္မသမာသူမ်ား၏လက္ထဲသို႔ေရာက္သြားပါကလက္ခံကိုယ္သာမက၄င္း၏စၾကဝ႒ာႀကီးတစ္ခုလံုးပါပ်က္စီးသြားနိုင္သည့္အတြက္စာအုပ္ကိုထိန္းသိမ္းသူမ်ားကအဆက္ဆက္လ်ွိဳ႕ဝွက္စြာျဖင့္လက္ဆင့္ကမ္းခဲ့ၾကသည္မွာယခုဝိန္းမ်ိဳးရိုးအထိပင္ေရာက္ရွိလာၿပီးျဖစ္သည္။

မထင္မွတ္စြာပဲ မည္သူမွမသိခဲ့ေလသည့္စာအုပ္သည္ထင္ထင္ရွားရွားထြက္ေပၚလို႔လာခဲ့ၿပီ။
ဤကိစၥသည္ဂ်ီမင္းေျပာခ့ဲသည့္သူေသသြားၿပီးေနာက္ပိုင္းျဖစ္လာသည့္အေၾကာင္းအရာမ်ားနွင့္ဆက္စပ္မႈရွိကိုရွိရမည္။

"စာအုပ္ကိုဖီးလီးယက္စ္ကသံုးခဲ့တာပဲ
ကြၽန္ေတာ္မထင္ထားဘူး
သူဒီေလာက္ရဲရင့္မယ္လို႔"

"အမွန္ပဲ အခုေလာေလာဆယ္ဒီစာအုပ္နဲ႔ပက္သက္ၿပီးဘာမွလုပ္လို႔မရေသးဘူး"

"မစၥတာဝိန္း ကြၽန္ေတာ္တို႔ေနာက္ကြယ္ကႀကိဳးကိုင္သူကိုဘယ္လိုျမန္ျမန္ရွာသင့္လဲ
ရက္ကတျဖည္းျဖည္းနီးလာၿပီ
ခင္ဗ်ားေသသြားရင္ကြၽန္ေတာ္တစ္ေယာက္တည္းက်န္ခဲ့ေတာ့မွာ"

"ခင္ဗ်ားအဲ့လိုတစ္ကိုယ္ေကာင္းဆန္ၿပီးေသသြားလို႔ေတာ့မရဘူး ကြၽန္ေတာ့္ေခါတ္ကိုျပန္ရဦးမယ္
ဒီလိုမြန္းၾကပ္စရာေကာင္းတယ္၂၀ရာစုႀကီးမွာမေနခ်င္ဘူးးး"

"အရည္မရအဖတ္မရစကားေတြေျပာေနျပန္ၿပီ"

ဝိန္းကတိတ္တဆိတ္ေရ႐ြတ္လိုက္ရင္းစာအုပ္ကိုေသတၱာေဟာင္းထဲျပန္ထည့္လိုက္သည္။
အံတံခါးဝွက္ကိုအသာျပန္ပိတ္လိုက္ၿပီးထိုအေပၚမွေကာ္ေဇာကိုျပန္အုပ္လိုက္သည္။
ထို႔ေနာက္လက္မွဖုန္မႈန္႔မ်ားကိုခါလိုက္ကာမတ္တတ္ျပန္ရပ္လိုက္သည္။

ေဘးနားမွျပန္႔က်ဲေနေသာစာအုပ္ပံုႀကီးကိုတစ္ခ်က္ေဝ့ၾကည့္လိုက္ၿပီးဝိန္း၏အၾကည့္စူးစူးရဲရဲမ်ားကဂ်ီမင္းဆီကိုေရာက္လာသည္။

"စာအုပ္ေတြကိုသူ႔ေနရာနဲ႔သူျပန္စီ..."

"ဘာ...ဘာေျပာတာ"

"ကိုယ္ေျပာတာ စာအုပ္ေတြကိုသူ႔ပထမထားထားတဲ့အတိုင္းျပန္စီ
အကုန္လံုးမင္းဖြထားတာပဲမလား"

"မစၥတာဝိန္း ေက်းဇူးျပဳၿပီးမျဖစ္နိုင္တာေတြမေျပာပါနဲ႔လား"

"ျဖစ္နိုင္တယ္ ညေနအၿပီးစီထား"

ဝိန္းကစကားတစ္ခြန္းသာေျပာၿပီးစာၾကည့္ခန္းထဲမွတစ္လွမ္းစီထြက္သြားေတာ့သည္။
ဝိန္းထြက္သြားၿပီးဂ်ီမင္းသည္လည္းစာအုပ္ပံုႀကီးကိုၾကည့္ကာကိုယ့္ကိုယ္ကိုယ္ဆြဲႀကိဳးခ်ေသခ်င္စိတ္ပင္ေပါက္သြားရသည္။

ဆြဲခ်တုန္းကသာမသိသာေပမယ့္
ျပန္စီရမည့္စာအုပ္မ်ားမွာေတာ့တစ္ေလွႀကီးပင္။

ဂ်ီမင္းသည္စာအုပ္ပံုႀကီးကိုတစ္လွည့္ စာၾကည့္ခန္း၏တံခါးကိုတစ္လွည့္ၾကည့္ေနရင္းမွစကားတစ္ခြန္းကိုသာက်ယ္က်ယ္ေလာင္ေလာင္ေျပာနိုင္ေတာ့သည္။

"ေသာက္အဘိုးႀကီး
ဒါေၾကာင့္မို႔ဘဲပစ္ခံရတာ!!"

"ဒီေလာက္မ်ားတာငါကဘယ္လိုလုပ္တစ္ညေနတည္းနဲ႔အၿပီးရွင္းနိုင္မွာလဲ"

ဂ်ီမင္းမွာေျပာရင္းျဖင့္စာအုပ္မ်ားကိုေကာက္ကိုင္ကာဗီဒိုေပၚတြင္ျပန္စီရေတာ့သည္။
မလုပ္၍ကလည္းမျဖစ္...
မိမိေခါတ္သို႔ျပန္သြားေရးအတြက္ဝိန္းကအဓိကအေရးပါေနတာေၾကာင့္သူ႔စကားကိုလန္ကဆန္လုပ္၍မျဖစ္ေပ။

"လမ္းသြားရင္းခ်ီးကားတိုက္ပါေစ
ငွက္ေပ်ာခြံနင္းၿပီးေခ်ာ္လဲပါေစ
ခ်ီးပံုတက္နင္းမိပါေစ...$%&#%"

က်ိန္ဆဲနည္းမ်ိဳးစံုျဖင့္ဆဲၿပီးသကာလဂ်ီမင္း၏မ်က္လံုးမ်ားတြင္အေရာင္မ်ားဘလင္းဘလင္းျဖစ္ေအာင္လုပ္နိုင္ေသာအရာတစ္ခုကိုေတြ႕လိုက္ရေလသည္။
ဤကားအျခားမဟုတ္၊မီးရထားမ်ားအေၾကာင္းပါသည့္စာအုပ္ကေလးပင္ျဖစ္သည္။

"ဒီ ဒီစာအုပ္က...ငါစာၾကည့္တိုက္မွာေတြ႕ခဲ့တဲ့စာအုပ္..?"

အမွန္ပင္။
ဂ်ီမင္းေတြ႕ခဲ့သည့္အခ်ိန္တုန္းကစာအုပ္မွာဝါက်င့္က်င့္အေရာင္ျဖင့္ညႇိဳးႏြမ္းေနခဲ့ေသာ္လည္းယခုမွာမူအသစ္က်ပ္ခြၽတ္အတိုင္း။

ဂ်ီမင္းသည္စာ႐ြက္မ်ားကိုအလ်င္အျမန္လွန္ေလွာကာၾကည့္လိုက္သည္။စာအုပ္သည္အခန္းဆံုးထိမၿပီးေသးေပ။
ေရးထားသမ်ွကတစ္ဝက္ေလာက္သာရွိေနၿပီးေနာက္ပိုင္းမွာဗလာစာ႐ြက္မ်ားသာ။

ထိုစာအုပ္ကိုေတြ႕ခဲ့တုန္းကအဖံုးသာျမင္ခဲ့ရၿပီးBook of Vincကိုသာသူစိတ္ဝင္စားေနခဲ့တဲ့အတြက္အထဲမွာဘာေရးထားတယ္ဆိုတာမသိလိုက္ရ။
မည္သို႔ပင္ျဖစ္ေစ သူနွစ္သက္သေဘာက်ေသာအေၾကာင္းအရာနွင့္ပက္သက္တဲ့စာအုပ္အားေရး၍မၿပီးေသးခင္ဖတ္ရသည့္အရသာကဘာနွင့္မ်ွမလဲနိုင္။
ေန႔ရက္အပိုင္းအျခားမ်ားကသစ္လြင္ေနခဲ့သလိုလို။

"ေနဦး ဒီစာအုပ္ကေသာမတ္စ္ဝိန္းရဲ႕အခန္းထဲမွာ
ေရးလို႔ကလည္းမၿပီးေသးဘူးဆိုေတာ့ဒါ..ဒါကိုေသာမတ္စ္ဝိန္းကေရးထားတာေပါ့"

"အိုးမိုင္ေဂါ့ ဝွက္သယ္ဖတ္!!"

"အဘိုးႀကီးေသာမတ္စ္ဝိန္းကဒါမ်ိဳးေတြေရးနိုင္တယ္
မထင္ထားဘူး ဝါးးးး"

"ေနစမ္း ငါဖတ္ၾကည့္မယ္"

Train
Where we first met

စာအုပ္၏အစေလးတြင္ဤကဲ့သို႔လက္ေရးေစာင္းေစာင္းေလးမ်ားျဖင့္အစျပဳထားသည္။
ဂ်ီမင္းသည္စာ႐ြက္မ်ားကိုထပ္ေက်ာ္လိုက္ျပန္သည္။
တစ္ခုေသာစာ႐ြက္၏ေထာင့္ဆံုးတြင္လက္မွတ္ေလးတစ္ခု။

Thomas Wayne

ထိုလက္မွတ္နားေလးကိုဂ်ီမင္းလက္ညႇိဳးေလးျဖင့္သာခပ္ဖြဖြထိေတြ႕လိုက္ေလသည္။
မည္းနက္ေနေသာေဖာင္တိန္မွင္မ်ားျဖင့္သြက္သြက္ကေလးေရးထိုးထားသည္ဟုထင္ရေလာက္ေအာင္လက္မွတ္ေလးကေစာင္းေနသည္။

ထိုစာမ်က္နွာ၏ေနာက္ဘက္ျခမ္းတြင္ဘာမွမရွိေတာ့ေခ်။
အဲ့ဒီအစားစာအုပ္အၾကားညႇပ္ထားတဲ့ဝါက်င္က်င္စာ႐ြက္အပိုင္းအစေလးကေလ်ွာခနဲထြက္က်လာသည္။

"ဒါကဘာတုန္း"

စာ႐ြက္ဝါအပိုင္းအစေလးေပၚတြင္ေနာက္ထပ္လက္မွတ္တစ္ခုကလြဲၿပီးဘာမွရွိမေနခဲ့ေပ။
သို႔ေသာ္ထိုလက္မွတ္ကေလးကိုဖတ္လိုက္ရသည့္အခ်ိန္တြင္ဂ်ီမင္းစိတ္ထဲတစ္မ်ိဳးတစ္မည္ခံစားလိုက္ရသည္။

William Arthur

ေသခ်ာေပါက္ကိုဝီလီယမ့္ရဲ႕လက္မွတ္ကေလး။
စာအုပ္ကသာသစ္လြင္ပံုေပၚေသာ္လည္းလက္မွတ္ကေလးမွာႏြမ္းလ်ေနပံု။

ဂ်ီမင္း၏စိတ္မွာမည္သူမ်ွမဖိတ္ေခၚဘဲအတိတ္သို႔တစ္ဖန္ျပန္ေရာက္သြားေတာ့သည္။
အတိတ္ရဲ႕ပံုရိပ္မ်ားကေတာ့အိုေဟာင္းေနေသာပန္းခ်ီကားေလးတစ္ခ်ပ္အတိုင္း....
ရထားတစ္စင္းကေတာ့ခရီးနွင္ေနတုန္း...

"ေဟး မင္းနာမည္ဘယ္လိုေခၚလဲ"

"ဘာလို႔ေျပာရမွာလဲ"

"မင္းကလည္းစြာလိုက္တာ
ဒါေလးေမးတာကို"

"မတတ္သာလို႔သာဒီအတန္းစီးရတာ
ရိုးရိုးတန္းတြဲကလူေတြကစိတ္ကုန္စရာပဲ"

"အဲ့လိုေတာ့ေျပာလို႔ရမလား
အထက္တန္းပဲျဖစ္ျဖစ္ ရိုးရိုးတန္းပဲျဖစ္ျဖစ္
အကုန္လံုးကသာမန္လူေတြပဲကို"

"...."

"ဒီကသခင္ေလးကသိပ္ကိုအေျခႀကီးတာပဲ"

"သခင္ေလးမဟုတ္ဘူး
ၿမိဳ႕ေတာ္ဝန္ေလာင္း"

"ဟုတ္လွခ်ည္လား ၿမိဳ႕ေတာ္ဝန္ေလာင္းေပါ့"

"အင္း"

"ဒါဆိုေနာင္တစ္ခ်ိန္မွာၿမိဳ႕ေတာ္ဝန္ႀကီးျဖစ္လာမွာေပါ့
ငါမင္းကိုႀကိဳၿပီးေပါင္းထားရမယ္"

"ကြၽန္ေတာ္ကေတာ့ခင္ဗ်ားကိုအေပါင္းအသင္းမလုပ္ခ်င္ပါဘူး"

"မင္းအေပါင္းအသင္းမလုပ္ခ်င္လည္းလုပ္ရမွာပဲ
ငါ့နာမည္ကဝီလီယမ္
မ်ိဳးရိုးကအာသာ
ဝီယီယမ္အာသာ"

"ခင္ဗ်ားကိုဘယ္သူကေမးေနလို႔လဲ"

"ေအာ္ ေကာင္ေလးရယ္
လူတစ္ေယာက္နဲ႔အေပါင္းအသင္းျဖစ္ၿပီဆိုမွေတာ့နာမည္မေျပာလို႔ရမလား"

"ရတယ္"

ဝီလီယမ္ကဘာမွမေျပာေတာ့ပဲသူ၏အိတ္ထဲမွစာအုပ္တစ္အုပ္ကိုယူကာေဖာင္တိန္တစ္ေခ်ာင္းျဖင့္ေရးေနေတာ့သည္။သူသည္ေဖာင္တိန္၏အစြန္းကိုပါးျပင္၌ေထာက္ကာအေရွ႕မ်က္နွာခ်င္းဆိုင္ခံုတြင္ရွိေနေသာၿမိဳ႕ေတာ္ဝန္ေလာင္းေလးအားေငးစိုက္ၾကည့္လိုက္သည္။

"မင္းတကယ္ပဲ နာမည္မေျပာေတာ့ဘူးလား
အနည္းဆံုးေတာ့မင္းရဲ႕မ်ိဳးရိုးေလးပဲျဖစ္ျဖစ္ေျပာသင့္တယ္"

"ဝိန္း..."

"အမ္..ဟုတ္ၿပီ
ဝိန္း မ်ိဳးရိုးကဝိန္း"

"နာမည္ကေရာ.."

"ေတာ္ၿပီ မ်ိဳးရိုးပဲ"

"ဟုတ္ပါၿပီဗ်ာ"

ဝိန္းကတစ္ခ်က္သာၾကည့္ၿပီးျပတင္းေပါက္ဘက္သို႔ျပန္လွည့္သြားသည္။
သူ႔ၾကည့္ရသည္မွာေလာကႀကီးအားအေတာ္စိတ္ကုန္ေနပံုပင္ေပါက္ေနေလသည္။
ဝီလီယမ္ကလည္းဝိန္းၾကည့္ရာေနရာသို႔လိုက္ၾကည့္လိုက္ရင္း...

"လွတယ္ေနာ္"

"ဘာကလဲ"

"မင္း...ၾကည့္ေနတဲ့ျမင္ကြင္း"

"ရူးေနလား ဒီအတိုင္းျမက္ခင္းျပင္ေတြပဲ"

"တန္ဖိုးထားရင္လွတာခ်ည္းပါပဲ"

ဝိန္းသည္ထိုသူေျပာသမ်ွကိုဂရုမျပဳဘဲလ်စ္လ်ဴသာရွဴထားလိုက္ေတာ့သည္။
ဝီလီယမ္ကထပ္မံေမးျပန္သည္။

"ဆိုေတာ့မစၥတာဝိန္း မင္းေနတဲ့ၿမိဳ႕ကဘာလဲ"

"ခင္ဗ်ားတစ္ခုၿပီးတစ္ခုကြၽန္ေတာ့္ဆီကေနသိရေအာင္ႀကိဳးစားေနတာလား"

"အင္းေလ ဒါကငါ့အလုပ္ပဲကို"

"ဘယ္အလုပ္ကမ်ားဒီလိုစကားကိုအမ်ားႀကီးေျပာၿပီးသူမ်ားအေၾကာင္းသိခ်င္ရတာလဲ"

"ငါ့အလုပ္ေတာ့မဟုတ္ေသးဘူး
ငါျဖစ္လာမယ့္အလုပ္"

"...."

"ဝိန္း မင္းသိလား
ငါကစံုေထာက္တစ္ေယာက္ျဖစ္ခ်င္တာ"

"ဒီအတိုင္းေငြေၾကာင့္မဟုတ္ဘူး
ဆင္းရဲတဲ့လူေတြ သူတို႔ရဲ႕အမႈေတြအတြက္ငွားရမ္းခနည္းနည္းနဲ႔ေျဖရွင္းေပးနိုင္မယ့္စံုေထာက္
အကယ္၍အဲ့ဒီအလုပ္ကအႏၲရာယ္မ်ားေနခဲ့မယ္ဆိုရင္ေတာင္ငါဘယ္ေတာ့မွေနာက္ဆုတ္ျဖစ္မွာမဟုတ္တဲ့အလုပ္"

"အခုမွေတြ႕တဲ့လူတစ္ေယာက္ကိုအကုန္လံုးေျပာျပေနတာဦးေနွာက္မရွိရာက်တယ္"

"အခုမွေတြ႕တဲ့လူကစစ္မွန္ေနရင္ေရာ"

"ခင္ဗ်ားဘယ္လိုသိလဲ"

"အင္း ငါ့မွာလ်ွိဳ႕ဝွက္နည္းလမ္းရွိတယ္
ေျပာျပရမလား
ဒါကလ်ွိဳ႕ဝွက္ခ်က္မို႔ေပါက္ၾကားသြားလို႔ေတာ့မရဘူး
အနားတိုးလာခဲ့"

"ထားလိုက္ေတာ့ မသိခ်င္ဘူး"

"အဟား စတာပါ
တကယ္ေတာ့လ်ွိဳ႕ဝွက္နည္းလမ္းဆိုတာမရွိပါဘူး"

"မင္းကိုေတြ႕လိုက္ကတည္းကငါခံစားမိပါတယ္
မင္းကအစစ္အမွန္ဆိုတာထက္ကိုပိုတယ္
ငါ့ရဲ႕ျဖစ္ခ်င္တဲ့ရည္႐ြယ္ခ်က္ကိုေျပာျပတယ္ဆိုတာကလည္းဒီလိုပဲေျပာျပခ်င္လာလို႔
တကယ္ျဖစ္ခ်င္မွျဖစ္မွာေလ"

ထို႔ေနာက္သူတို႔နွစ္ေယာက္၏စကားဝိုင္းတြင္တိတ္ဆိတ္ျခင္းကတစ္ဖန္ႀကီးစိုးသြားျပန္သည္။
ဝီလီယမ္ကစာအုပ္ကိုသာၾကည့္ေနၿပီးတစ္ခုခုကိုေရးေနသည္။ဝိန္းကေတာ့ရထား၏ျပတင္းေပါက္အျပင္ဘက္သို႔သာေငးရင္းေဝ့ဝဲတိုက္ခတ္လာေသာေလညင္းမ်ားကပန္းကေလးမ်ားကိုကလူက်ီစားေနသည့္ျမင္ကြင္းကိုၾကည့္ရႈေနေလသည္။ေလေျပေႏြးေႏြးေၾကာင့္ဝိန္းရဲ႕ဆံႏြယ္ေတြဟာေလထဲမွာတလြင့္လြင့္...

"အဟမ္း..ဒါမင္းကိုေပးတာ"

"ဘာလုပ္ဖို႔လဲ"

"ငါ့ရဲ႕လက္မွတ္ေလ...သိမ္းထားလို႔ရေအာင္လို႔"

ခပ္ေသာ့ေသာ့ေရးထိုးထားတဲ့စာ႐ြက္အပိုင္းအစေလးေပၚကလက္မွတ္ကိုဝိန္းကစိတ္မရွည္စြာဆြဲယူကာအက်ႌရင္ဘတ္ထဲထည့္လိုက္သည္။

"စိတ္ရႈပ္စရာ"

"ေနာင္တစ္ခ်ိန္က်ငါစံုေထာက္ျဖစ္လာတဲ့အခါဒီလက္မွတ္ကိုသာငါ့ဆီယူလာခဲ့
အကုန္လံုးေျဖရွင္းေပးမယ္
အဲ့ဒီအခ်ိန္က်ၿမိဳ႕ေတာ္ဝန္ႀကီးဝိန္းေတာင္ျဖစ္ေနေလာက္ၿပီ ဟားဟား"

ဝီလီယမ္ကမ်က္လံုးေတြမွိတ္သြားရေလာက္ေအာင္ထိအသားကုန္ရယ္ေမာလိုက္သည္။
သူ႔အသံေၾကာင့္ေဘးထိုင္ခံုကလူေတြပါသူတို႔နွစ္ေယာက္ကိုၾကည့္လာသည္။
ဝိန္းမွာေတာ့ျဖင့္ရွက္လြန္း၍ဒီေနရာတင္အေငြ႕ပ်ံၿပီးေပ်ာက္ကြယ္သြားခ်င္သည္။

"ခင္ဗ်ားအရမ္းစကားမ်ားလြန္းတယ္
ေက်းဇူးျပဳၿပီးတိတ္တိတ္ေနေပးလို႔ရမလား"

"ေကာင္းပါၿပီ ေကာင္းပါၿပီ
ငါမင္းကိုမေနွာင့္ယွက္ေတာ့ပါဘူး"

ထိုပိတ္ကားလိပ္ေလးသည္ခဏတာမ်ွသာၾကာျမင့္ခဲ့ေသာ္လည္းငယ္႐ြယ္မႈတို႔ကကိန္းေအာင္းလ်က္။
ဂ်ီမင္း၏စိတ္အစဥ္တို႔ကယခုအခ်ိန္ကိုျပန္ေရာက္လာသည္။

"ဝိန္း သူ.."

"ဝီလီယမ္ အတိတ္ေတြကတကယ္လွပခဲ့တာပဲ"

စာအုပ္ကိုထပ္မံလွန္ၾကည့္လိုက္သည္။
ပထမစာမ်က္နွာကိုေက်ာ္ ဒုတိယစာမ်က္နွာတြင္သူေတြ႕ခဲ့တဲ့ပန္းခ်ီကားခ်ပ္ေတြလိုပဲ ဝီလီယမ္နဲ႔စေတြ႕ခဲ့တဲ့ရိုးရိုးတြဲရထားေပၚကအခ်ိန္ေလးမ်ားကိုျပန္ေျပာင္းေရးထားေလသည္။
အဆံုးလက္မွတ္ထိုးထားတဲ့စာ႐ြက္ကေလးတြင္ေတာ့ဤကဲ့သို႔ေရးထားခဲ့ေလသည္။

ရထားဆိုတဲ့ေနရာကိုသိပ္သေဘာက်တယ္
အစ္ကိုနဲ႔ပထမဆံုးဆံုေတြ႕ခြင့္ရခဲ့တဲ့ေနရာေလးျဖစ္ေနခဲ့လို႔...

အကယ္၍ထပ္မံဆံုေတြ႕ၾကမယ္ဆိုရင္လည္း
ရိုးရိုးတန္းတြဲေပၚကေနရာေလးမွာပဲဆံုေတြ႕ခ်င္ပါတယ္

                                Thomas Wayne 

Long time no seeပါ ဟီးဟီး

Continue Reading

You'll Also Like

15K 486 8
Hunter and Sebastian are extremely successful Warbler co-captains, even though they argue constantly. This is a little story where they go from enemi...
110K 2.5K 23
Sequel to Cherry Blossom: Sharigan. Two years have passed and team 7's pathes will cross again. Will Sakura keep her promise and keep ahold of Sasuke...
191K 4K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
738K 27.2K 102
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...