Zawgyi
ဒန္နာရီက ခ်ဲလ္ရဲ႕စကားကို အေလးကိုမထားေပ၊သူက ရႈ~ကို ေခၚေဆာင္လိုက္သည္၊ဒန္နာရီ သူ႕ရဲ႕spiritကို ေခၚေဆာင္ေနခ်ိန္မွာပဲ ခ်ဲလ္က အလင္းစြမ္းအားကို စတင္အသုံးျပဳေနေတာ့သည္၊
ခ်ဲလ္ရဲ႕ေဘးပတ္ဝန္းက်င္က လင္းလက္ေတာက္ပလာၿပီး လူတိုင္းက အမြမ္းတင္ေျပာလာၾကေတာ့သည္၊
"အလင္းစြမ္းအားအသုံးျပဳသူေတြထဲမွာ အဆင့္တစ္ဆယ္ထိခ်ိတ္ထားတဲ့သူလို႔မေျပာရဘူး သူ႕ရဲ႕အလင္းစြမ္းအားက နတ္ဆိုးစစ္သူႀကီးကိုေတာင္ ေၾကာက္႐ြံတဲ့ခံစားခ်က္ေတြေပးမွာေသခ်ာတယ္"
"ဒီတစ္ေခါက္ေတာ့ ေဂ်ာ့ဖေရးရဲ႕ခ်စ္သူေလးရႉံးမယ္ထင္တယ္"
"ဟုတ္မွာေပါ့ သူက အလင္းစြမ္းအားရွင္မွမဟုတ္တာ"
"ဘာျဖစ္နိုင္မလဲမွမသိတာ..."
ခ်ဲလ္ရဲ႕အေမွာင္ေက်ာက္တိုင္က အေရာင္ေဖ်ာ့လာကာ အလင္းေရာင္ေက်ာက္တိုင္ဘက္ကို အနည္းငယ္တိုးလာေတာ့သည္၊ထိုခ်ိန္မွာ လူတိုင္းမ်က္စိစူးခ်င္တဲ့အထိေတာက္ပတဲ့အလင္းေရာင္ထြက္ေပၚလာေတာ့သည္၊
"ဒါႀကီးက...!"
ဒန္နာရီရဲ႕ေနာက္ဘက္မွာ လင္းလက္ေတာက္ပေနတဲ့လိပ္ျပာႀကီးကိုလူတိုင္းက အံ့အားသင့္စြာၾကည့္ေနေတာ့သည္၊ထိုေနာက္မွာေတာ့ အလင္းစြမ္းအားမ်ားထြက္ေပၚလာၿပီး ေရွ႕က အေမွာ္ေက်ာက္တိုင္ဟာ မ်က္ေတာင္တစ္ခတ္အတြင္းမွာ အလင္းေက်ာက္တိုင္အျဖစ္ေျပာင္းလဲသြားေတာ့သည္၊
ပထမက ဒန္နာရီက ရႈ~ရဲ႕စြမ္းအားကို အသုံးခ်ဖိဳ႕ရည္႐ြယ္ခ်က္မရွိေပမယ့္ ဒီၿပိဳင္ပြဲက အေတာ္ကိုအေရးပါမွန္းနားလည္သည္၊ဒါေၾကာင့္ သခင္က်ားျဖဴရဲ႕စြမ္းအားနဲ႕အနိုင္ရခဲ့ရင္ ခ်ဲလ္အတြက္ ရႉံးနိမ့္ျခင္းက ဘာမွထူးျခားမည္မဟုတ္သည္ကို ဒန္နာရီကသိၿပီးသားပင္၊ဒါေၾကာင့္ သူ႕ရဲ႕ကိုယ္ပိုင္စြမ္းအားနဲ႕သာ တိုက္ခိုက္ရန္ေ႐ြးခ်ယ္လိုက္ျခင္းျဖစ္သည္၊ၿပီးေတာ့ အျပတ္အသတ္တိုက္ခိုက္လိုက္ျခင္းသာျဖစ္သည္၊
[ဒန္နာရီ ရိုစဲဆလပ္အနိုင္ရရွိသည္...အဆင့္သတ္မွတ္ခ်က္ ျပန္လည္စီသပ္သည္]
[ဒန္နာရီရိုစဲဆလပ္ အဆင့္ (52) ဂုဏ္ယူပါသည္]
Systemရဲ႕ေၾကျငာခ်က္ၿပီးဆုံးသြားတဲ့အခ်ိန္မွာ လူတိုင္းက အာေစးေနၾကေတာ့သည္၊ပထမႏွစ္ရဲ႕ပထမတန္းကေက်ာင္းသားတစ္ေယာက္က အဆင့္တစ္ရာသတ္မွတ္ခ်က္ထဲကို ဝင္သြားတယ္၊ဒါဘယ္လိုေတာင္ေၾကာက္စရာေကာင္းခ်က္ႀကီးလဲ၊
ခ်ဲလ္ကလည္း ေၾကျငာခ်က္ၾကားၿပီးတာေတာင္ သူရႉံးနိမ့္သြားသည္ကိုမယုံၾကည္နိုင္ေသးေပ၊သူက အရွိန္အဝါေတြျပန္သိမ္းသြားတဲ့ဒန္နာရီကိုစိုက္ၾကည့္ေနမိသည္၊
"မင္းမွာ အလင္းစြမ္းအားအသုံးျပဳနိုင္တဲ့spiritရွိတယ္..."
"အင္း ရွိတယ္...တကယ္ေတာ့ ခင္ဗ်ားက ကြၽန္ေတာ့္ကို ဘယ္ေနရာမွကို မယွဥ္နိုင္ဘူး ၿပီးေတာ့ ကိုကိုနဲ႕ကြၽန္ေတာ့္ကို ထိုက္တန္လား မတန္ဘူးလားဆိုတာ ခင္ဗ်ားတို႔ဆုံးျဖတ္စရာမဟုတ္ဘူး..."
ဒန္နာရီက ထိုစကားေျပာၿပီးေနာက္မွာ ၿပိဳင္ပြဲကေနထြက္လာေတာ့သည္၊ထိုေနာက္မွာ ေဂ်ာ့ဖေရးဆီကိုသာ သြားလိုက္သည္၊
"ဂုဏ္ယူပါတယ္" ေဘးနားရွိ ရွီရယ္တို႔ကလည္းဂုဏ္ယူစကားေျပာလိုက္သည္၊ဒန္နာရီကစကားနည္းနည္းေျပာလိုက္ၿပီးေနာက္မွာ ေဂ်ာ့ဖေရးလက္ကိုကိုင္ကာ သူတို႔ႏွစ္ေယာက္က အတူထြက္သြားေတာ့သည္၊
သူတို႔ေတြမသိခဲ့တာ ဒန္နာရီရဲ႕အနိုင္ရရွိမႈေၾကာင့္ ခ်ဲလ္ရဲ႕ႏွလုံးသားမွာ အေမွာင္စြမ္းအားမ်ားကပ္ၿငိသြားေတာ့သည္၊သူဟာ ေဂ်ာ့ဖေရးနဲ႕ဒန္နာရီကို မုန္းတီးစြာစိုက္ၾကည့္ၿပီးေနာက္မွာ ထြက္သြားေတာ့သည္၊အျခားသူေတြက သူ႕ကို လာေရာက္ႏွစ္သိမ့္ေပးေနတာေတာင္ သူဟာ ဒန္နာရီကိုမုန္းတီးေနဆဲပင္၊ဒန္နာရီက ေဂ်ာ့ဖေရးကို လုယူသြား႐ုံသာမကဘူး လူအမ်ားေရွ႕မွာ သူ႕ရဲ႕မာနကို ရိုက္ခ်ိဳးသြားခဲ့သည္၊
ဒန္နာရီ ရိုစဲဆလပ္...တစ္ေန႕မွာ ဒီအေႂကြးကို မင္းျပန္ေပးဆပ္ရလိမ့္မယ္၊
----
ေဂ်ာ့ဖေရးနဲ႕ဒန္နာရီကေတာ့ ခ်ဲလ္ရဲ႕အေတြးေတြကို မသိေပ၊သူတို႔ဟာ လူသြားစၾကၤံမွာတစ္ေယာက္လက္တစ္ေယာက္ကိုင္ထားရင္း ေလွ်ာက္ေနေတာ့သည္၊သူတို႔ႏွစ္ေယာက္လုံးက စကားေတြမေျပာေပမယ့္ ေလထုကေတာ့ သက္ေသာင့္သက္သာနဲ႕သာတည္ရွိေနေတာ့သည္၊ေဘးကေနျဖတ္သြားတဲ့သူေတြကလည္း ၿပဳံးစိစိနဲ႕သာ၊
ေဂ်ာ့ဖေရးက ဒန္နာရီရဲ႕အိပ္ေဆာင္နားေရာက္မွ လက္ကိုလႊတ္ေပးလိုက္ၿပီး
"ဒန္ျပင္ေပးလိုက္တဲ့အကၤ်ီက အကာအကြယ္က အေတာ္ျမင့္တယ္၊ဂ်ဴရိန္းနဲ႕တိုက္ခိုက္ေနတုန္းက အဲ့အကာကြယ္ေၾကာင့္ ကိုယ့္ဆီဘာမွမထိခိုက္ခဲ့ဘူး"လို္ေျပာလိုက္ေတာ့ ဒန္နာရီက ဂုဏ္ယူစြာၿပဳံးသြားေတာ့သည္၊
"ေနာက္ဆိုရင္ ကိုကို႔နားမွာ အေကာင္းဆုံးေသာတိုက္ခိုက္ေရးပါတနာအေနနဲ႕ေတာင္ ရွိေနအုံးမွာ"
"ကိုယ့္အနားမွာ ဒီအတိုင္းေလးရပ္ၿပီး ၿပဳံးေန႐ုံနဲ႕ ရၿပီ..."
"ဒါေပမယ့္ ကြၽန္ေတာ့္အတြက္ ကိုကို႔ကိုဂုဏ္တက္ေစခ်င္တယ္..."
ေဂ်ာ့ဖေရးက ဒန္နာရီစကားေၾကာင့္ရယ္ေမာလိုက္သည္၊သူ႕မ်က္ဝန္းထဲမွာ အေပ်ာ္ေတြျပည့္သိပ္ေနၿပီး ဒီလူသားေလးကို အသည္းယားေနေတာ့သည္၊
ဒီလူသားေလးမသိဘူးလား...၊ဒီလူကသာ ဒီလူသားေလး ဂုဏ္တက္ေအာင္ အသည္းအသန္ႀကိဳးစားေနခဲ့တာကိုေပါ့၊
"ဒန္ရဲ႕တည္ရွိမႈကိုက ကိုယ့္အတြက္ဂုဏ္ယူစရာပါပဲ..."
ဒန္နာရီရဲ႕နားထိပ္ေလးေတြက ရဲတက္သြားေတာ့သည္၊သူဟာ သူ႕ထက္ ေခါင္းတစ္လုံးေက်ာ္သည့္ျမင့္တဲ့လူကိုေမာ့ၾကည့္လိုက္သည္၊သူတို႔ႏွစ္ေယာက္ၾကားက အရပ္ကြာျခားမႈက သိသာလွသည္၊
"ေနာက္တစ္လေက်ာ္ထိ ကိုယ္မအားေတာ့ဘူး စစ္ေျမျပင္ကိုသြားရလိမ့္မယ္..."
ေဂ်ာ့ဖေရးစကားေၾကာင့္ ဒန္နာရီက အနည္းငယ္စိတ္ပူသြားေတာ့သည္၊
"အာလ္ႏြန္ရစ္ကို ကိုကိုနဲ႕ေခၚသြား..." ဒန္နာရီစကားေၾကာင့္ ေဂ်ာ့ဖေရးေခါင္းညိတ္လိုက္သည္၊ပထမေတာ့ အာလ္ႏြန္ရစ္ကို ဒန္နာရီဆီထားခဲ့ဖို႔စိတ္ကူးရွိေသာ္လည္း ေက်ာင္းေတာ္မွာ အေစာင့္အေရွာက္ေတြမ်ားတာေၾကာင့္ မလိုအပ္ဘူးလို႔ေတြးမိလိုက္သည္၊
"ေကာင္းၿပီ ေနာက္တစ္လေနတာနဲ႕ ကိုကို တန္းျပန္လာခဲ့မယ္"
ေဂ်ာ့ဖေရးက ေျပာလိုက္ၿပီးေနာက္မွာ ဒန္နာရီကိုေပြ႕ဖက္လိုက္သည္၊ထို႔ေနာက္မွာေတာ့ သူဟာထြက္သြားေတာ့သည္၊ဒန္နာရီလည္း ေဂ်ာ့ဖေရးထြက္သြားမွ သူ႕အိပ္ေဆာင္ထဲဝင္ရန္အလုပ္မွာ အေမွာင္စြမ္းအင္ကို ခံစားမိလိုက္တာေၾကာင့္ မ်က္ေမွာင္ၾကဳတ္သြားေတာ့သည္၊
ထိုခ်ိန္မွာ တစ္ေယာက္ေယာက္ကလမ္းေလွ်ာက္လာတာကိုလည္း ဒန္နာရီကျမင္လိုက္သည္၊ၿပီးေတာ့ ျပင္းထန္တဲ့အေမွာင္စြမ္းအားကိုလည္း ခံစားမိလိုက္သည္၊
"အန္ဒီးယား" ဒန္နာရီက အန္ဒီးယားရဲ႕မ်က္ႏွာကိုျမင္လိုက္ခ်ိန္မွာ အံ့ၾသသြားတာေတာ့ အမွန္ေပ၊ၿပီးေတာ့မွ သူဟာ သတိထားလိုက္သည္၊
"ဒန္နာရီ" အန္ဒီးယားကလည္း သူ႕ကိုျမင္သြားၿပီး ေလွာင္ရိပ္မ်ားျဖတ္သန္းသြားေတာ့သည္၊အန္ဒီးယားရဲ႕မ်က္ဝန္းထဲမွာ ဒန္နာရီကိုမုန္းတီးမႈမ်ားျပည့္သိပ္ေနၿပီး ပတ္ဝန္းက်င္က အေမွာင္စြမ္းအားေတြကလည္း ပိုထူထပ္လာေတာ့သည္၊
"မင္း...နတ္ဆိုးေတြနဲ႕ပူေပါင္းလိုက္တာလား" ဒန္နာရီစကားေၾကာင့္ အန္ဒီးယားကအနည္းငယ္ထိပ္လန့္သြားေပမယ့္ တည္ၿငိမ္ေအာင္လုပ္လိုက္သည္၊အခုတေလာ သူ႕ကိုယ္ထဲက စြမ္းအားေတြက မတိမက်ျဖစ္ေနၿပီး နတ္ဆိုးစြမ္းအားေတြကို ေကာင္းစြာမထိန္းခ်ဳပ္နိုင္ေသးေပ၊ ဒါေပမယ့္ ခႏၶာကိုယ္ထဲမွာ အေတာမသတ္နိုင္ေအာင္ ႀကီးထြားလာတဲ့စြမ္းအားေတြေၾကာင့္ အန္ဒီးယားကေပ်ာ္႐ႊင္ေနမိသည္၊
ဒါေပမယ့္ ဒန္နာရီကိုျမင္လိုက္ရတဲ့အခ်ိန္မွာေတာ့ သူ႕ရဲ႕ေဒါသကထပ္မံနိုးထလာေတာ့သည္၊
"မင္းမွာ သက္ေသရွိလို႔လား"
"သက္ေသ...မင္းပတ္ဝန္းက်င္က အေမွာင္စြမ္းအားေတြကို ဟာသမ်ားထင္ေနလား" အန္ဒီးယားဟာမ်က္ေမွာင္ၾကဳတ္သြားၿပီးေနာက္မွာ သူဟာဒန္နာရီကို ဘာမွဆက္မေျပာေတာ့ပဲ ေျပးထြက္သြားေတာ့သည္၊ဒန္နာရီကလည္း ေျပးလိုက္သြားရန္ စိတ္ကူးမရွိေပ၊၊
သူက ေျပးထြက္သြားတဲ့အန္ဒီးယားရဲ႕ေက်ာျပင္ကိုသာၾကည့္ရင္း အေတြးမ်ားေနေတာ့သည္၊အန္ဒီးယားရဲ႕မိခင္ ကလီနာကလည္း နတ္ဆိုးေတြနဲ႕ပတ္သတ္ေနမွန္း ဒန္နာရီရိပ္မိထားသည္၊ဒါေပမယ့္ အန္ဒီးယားထြက္လာတုန္းက ဘာနတ္ဆိုးစြမ္းအားမွမရွိသည္ကို သူသိၿပီးသားေပ၊
*ဒီေက်ာင္းေတာ္မွာ ငါတို႔မသိတာေတြရွိပုံရတယ္၊အဲ့လူငယ္က နတ္ဆိုးတစ္ေကာင္နဲ႕စာခ်ဳပ္ခ်ဳပ္လိုက္တာေနမယ္*
ဇီနိုစကားေၾကာင့္ ဒန္နာရီအနည္းငယ္ေတာ့ေတြးေတာမိလိုက္သည္၊ဒီေက်ာင္းေတာ္ကို စေရာက္တုန္းကလည္း အေမွာင္စြမ္းအင္တစ္ခ်ိဳ႕ကို ခံစားမိလိုက္ေသးသည္၊
'ကြၽန္ေတာ္ ဒီကိစၥကို တိုင္တန္းလိုက္ရမလား'
*ရမယ္မထင္ဘူး... အဲ့နတ္ဆိုးက ဘယ္သူမွမသိရွိေအာင္ ေက်ာင္းသားတစ္ေယာက္နဲ႕စာခ်ဳပ္ခ်ဳပ္လိုက္တယ္ဆိုရင္ ဘုရင္အဆင့္ျဖစ္ေလာက္တယ္၊အန္ဒီးယားဆိုတဲ့လူငယ္ဆီ ပထမအဆင့္ျဖစ္တဲ့နတ္ဆိုးစြမ္းအားေပါင္းစည္းတာဆိုရင္ေတာ့ ေနာက္တစ္ေန႕ မင္းသြားတိုင္တန္းလည္း... သူ႕ဆီကေန နတ္ဆိုးစြမ္းအားေတြစစ္ေဆးလို႔ရေတာ့မွာမဟုတ္ဘူး*
ဇီနိုရဲ႕ရွင္းျပခ်က္ေတြေၾကာင့္ ဒန္နာရီသက္ျပင္းခ်လိဳက္မိသည္၊
'ဒါဆိုရင္ ဘာဆက္လုပ္ရမလဲ'
*မင္းရဲ႕စြမ္းအားေတြျမႇင့္တင္မွ ရလိမ့္မယ္ ဒါမွမဟုတ္ မင္းထက္ အင္အားႀကီးတဲ့တစ္စုံတစ္ေယာက္က သူ႕ကိုစေတြ႕ရင္ပိုေကာင္းလိမ့္မယ္... *
*အဲ့ဆိုရင္ သူစြမ္းအားအသုံးျပဳတဲ့ခ်ိန္က်ရင္ သတိထားမိလာလိမ့္မယ္ ဒါေပမယ့္ သူကၾကားေနေမွာ္ေက်ာက္တုံးေတြ သုံးရင္ေတာ့ ဖမ္းရခက္လိမ့္မယ္*
ဒန္နာရီက ဆရာဇီနိုစကားေတြကိုေသခ်ာနားေထာင္လိုက္ၿပီး သူကအခန္းထဲကိုျပန္ဝင္လာေတာ့သည္၊အစတည္းက အန္ဒီးယားက သူ႕ကိုမုန္းတီးေနသလို သူကလည္း အန္ဒီးယားကိုမုန္းတီးလွသည္၊
အတိတ္ရဲ႕တံခါးဝကို ျဖတ္သန္းၿပီးေနာက္မွာ သူစိတ္ေတြက ရွင္းလင္းသြားခဲ့ေပမယ့္ အန္ဒီးယားက ဘာလို႔သူ႕ကိုမ်က္မုန္းက်ိဳးေနမွန္းနားမလည္ေသးေပ၊
သူက အန္ဒီးယားထက္သာတာဆိုရင္လို႔ စြမ္းအားသာရွိၿပီး က်န္တာေတြအကုန္လုံးမွာ အန္ဒီးယားက သူ႕ထက္သာလွသည္၊၊ဒါေတာင္ ဘာေၾကာင့္ အၿမဲတေစ သူ႕ကိုဗီလိန္လုပ္ေနခဲ့ရတာလဲ၊
"သူ႕ကို ကြၽန္ေတာ္တို႔ေစာင့္ၾကည့္ေနတာ အေကာင္းဆုံးထင္တယ္..."
*သူက မင္းကို မုန္းတီးၿပီး မင္းေနရာကိုလိုခ်င္ေနတာဆိုရင္ ငါတို႔ဘက္က ေစာင့္ၾကည့္စရာမလိုရင္ေတာင္ သူကလိုက္ယွဥ္ၿပိဳင္ေနလိမ့္မယ္*
နတ္ဆိုးစြမ္းအားကို ယူသုံးတဲ့သူေတြက ဘယ္လိုအားသာခ်က္ေတြကိုပိုင္ဆိုင္ရလဲ၊
*စြမ္းအားပိုျမႇင့္တက္သြားတာမ်ိဳးေပါ့၊နတ္ဆိုးရဲ႕စြမ္းအားအဆင့္အတန္းျမႇင့္မားေလေလ ငွားယူထားတဲ့လူကလည္း စြမ္းအင္ပိုျမင့္လာေလေလပဲ*
*ငါထင္တာမမွားဘူးဆိုရင္ အန္ဒီးယားက ေနာက္တစ္ပတ္ေလာက္ဆိုရင္ ေၾကးအဆင့္ကိုဝင္ေရာက္လာလိမ့္မယ္*
ဒန္နာရီက ဇီနိုစကားေတြကိုနားေထာင္ၿပီးေနာက္မွာ သူဟာစိတ္ထဲမွာ အေမွာင္စြမ္းအားနဲ႕ပတ္သတ္ၿပီး သူသိတာနည္းေသးေၾကာင္းသေဘာေပါက္လိုက္သည္၊အန္ဒီးယားက နတ္ဆိုးနဲ႕စာခ်ဳပ္ခ်ဳပ္ခဲ့ရင္ ေက်ာင္းေတာ္အတြက္ ဆိုးဝါးတဲ့ကိစၥေတြျဖစ္လာနိုင္သည္၊
ဒန္နာရီက တစ္ညလုံး ထိုအေၾကာင္းေတြနဲ႕ပတ္သတ္တာကိုေတြးေတာေနရင္း ေနာက္ဆုံးမွာအိပ္ေပ်ာ္သြားေတာ့သည္၊
-*-*-*-*-*-*-*-*-*-
Chapter -97ေမွ်ာ္
-*-*-*-*-*-
Unicode
ဒန်နာရီက ချဲလ်ရဲ့စကားကို အလေးကိုမထားပေ၊သူက ရှု~ကို ခေါ်ဆောင်လိုက်သည်၊ဒန်နာရီ သူ့ရဲ့spiritကို ခေါ်ဆောင်နေချိန်မှာပဲ ချဲလ်က အလင်းစွမ်းအားကို စတင်အသုံးပြုနေတော့သည်၊
ချဲလ်ရဲ့ဘေးပတ်ဝန်းကျင်က လင်းလက်တောက်ပလာပြီး လူတိုင်းက အမွမ်းတင်ပြောလာကြတော့သည်၊
"အလင်းစွမ်းအားအသုံးပြုသူတွေထဲမှာ အဆင့်တစ်ဆယ်ထိချိတ်ထားတဲ့သူလို့မပြောရဘူး သူ့ရဲ့အလင်းစွမ်းအားက နတ်ဆိုးစစ်သူကြီးကိုတောင် ကြောက်ရွံတဲ့ခံစားချက်တွေပေးမှာသေချာတယ်"
"ဒီတစ်ခေါက်တော့ ဂျော့ဖရေးရဲ့ချစ်သူလေးရှူံးမယ်ထင်တယ်"
"ဟုတ်မှာပေါ့ သူက အလင်းစွမ်းအားရှင်မှမဟုတ်တာ"
"ဘာဖြစ်နိုင်မလဲမှမသိတာ..."
ချဲလ်ရဲ့အမှောင်ကျောက်တိုင်က အရောင်ဖျော့လာကာ အလင်းရောင်ကျောက်တိုင်ဘက်ကို အနည်းငယ်တိုးလာတော့သည်၊ထိုချိန်မှာ လူတိုင်းမျက်စိစူးချင်တဲ့အထိတောက်ပတဲ့အလင်းရောင်ထွက်ပေါ်လာတော့သည်၊
"ဒါကြီးက...!"
ဒန်နာရီရဲ့နောက်ဘက်မှာ လင်းလက်တောက်ပနေတဲ့လိပ်ပြာကြီးကိုလူတိုင်းက အံ့အားသင့်စွာကြည့်နေတော့သည်၊ထိုနောက်မှာတော့ အလင်းစွမ်းအားများထွက်ပေါ်လာပြီး ရှေ့က အမှော်ကျောက်တိုင်ဟာ မျက်တောင်တစ်ခတ်အတွင်းမှာ အလင်းကျောက်တိုင်အဖြစ်ပြောင်းလဲသွားတော့သည်၊
ပထမက ဒန်နာရီက ရှု~ရဲ့စွမ်းအားကို အသုံးချဖို့ရည်ရွယ်ချက်မရှိပေမယ့် ဒီပြိုင်ပွဲက အတော်ကိုအရေးပါမှန်းနားလည်သည်၊ဒါကြောင့် သခင်ကျားဖြူရဲ့စွမ်းအားနဲ့အနိုင်ရခဲ့ရင် ချဲလ်အတွက် ရှူံးနိမ့်ခြင်းက ဘာမှထူးခြားမည်မဟုတ်သည်ကို ဒန်နာရီကသိပြီးသားပင်၊ဒါကြောင့် သူ့ရဲ့ကိုယ်ပိုင်စွမ်းအားနဲ့သာ တိုက်ခိုက်ရန်ရွေးချယ်လိုက်ခြင်းဖြစ်သည်၊ပြီးတော့ အပြတ်အသတ်တိုက်ခိုက်လိုက်ခြင်းသာဖြစ်သည်၊
[ဒန်နာရီ ရိုစဲဆလပ်အနိုင်ရရှိသည်...အဆင့်သတ်မှတ်ချက် ပြန်လည်စီသပ်သည်]
[ဒန်နာရီရိုစဲဆလပ် အဆင့် (52) ဂုဏ်ယူပါသည်]
Systemရဲ့ကြေငြာချက်ပြီးဆုံးသွားတဲ့အချိန်မှာ လူတိုင်းက အာစေးနေကြတော့သည်၊ပထမနှစ်ရဲ့ပထမတန်းကကျောင်းသားတစ်ယောက်က အဆင့်တစ်ရာသတ်မှတ်ချက်ထဲကို ဝင်သွားတယ်၊ဒါဘယ်လိုတောင်ကြောက်စရာကောင်းချက်ကြီးလဲ၊
ချဲလ်ကလည်း ကြေငြာချက်ကြားပြီးတာတောင် သူရှူံးနိမ့်သွားသည်ကိုမယုံကြည်နိုင်သေးပေ၊သူက အရှိန်အဝါတွေပြန်သိမ်းသွားတဲ့ဒန်နာရီကိုစိုက်ကြည့်နေမိသည်၊
"မင်းမှာ အလင်းစွမ်းအားအသုံးပြုနိုင်တဲ့spiritရှိတယ်..."
"အင်း ရှိတယ်...တကယ်တော့ ခင်ဗျားက ကျွန်တော့်ကို ဘယ်နေရာမှကို မယှဥ်နိုင်ဘူး ပြီးတော့ ကိုကိုနဲ့ကျွန်တော့်ကို ထိုက်တန်လား မတန်ဘူးလားဆိုတာ ခင်ဗျားတို့ဆုံးဖြတ်စရာမဟုတ်ဘူး..."
ဒန်နာရီက ထိုစကားပြောပြီးနောက်မှာ ပြိုင်ပွဲကနေထွက်လာတော့သည်၊ထိုနောက်မှာ ဂျော့ဖရေးဆီကိုသာ သွားလိုက်သည်၊
"ဂုဏ်ယူပါတယ်" ဘေးနားရှိ ရှီရယ်တို့ကလည်းဂုဏ်ယူစကားပြောလိုက်သည်၊ဒန်နာရီကစကားနည်းနည်းပြောလိုက်ပြီးနောက်မှာ ဂျော့ဖရေးလက်ကိုကိုင်ကာ သူတို့နှစ်ယောက်က အတူထွက်သွားတော့သည်၊
သူတို့တွေမသိခဲ့တာ ဒန်နာရီရဲ့အနိုင်ရရှိမှုကြောင့် ချဲလ်ရဲ့နှလုံးသားမှာ အမှောင်စွမ်းအားများကပ်ငြိသွားတော့သည်၊သူဟာ ဂျော့ဖရေးနဲ့ဒန်နာရီကို မုန်းတီးစွာစိုက်ကြည့်ပြီးနောက်မှာ ထွက်သွားတော့သည်၊အခြားသူတွေက သူ့ကို လာရောက်နှစ်သိမ့်ပေးနေတာတောင် သူဟာ ဒန်နာရီကိုမုန်းတီးနေဆဲပင်၊ဒန်နာရီက ဂျော့ဖရေးကို လုယူသွားရုံသာမကဘူး လူအများရှေ့မှာ သူ့ရဲ့မာနကို ရိုက်ချိုးသွားခဲ့သည်၊
ဒန်နာရီ ရိုစဲဆလပ်...တစ်နေ့မှာ ဒီအကြွေးကို မင်းပြန်ပေးဆပ်ရလိမ့်မယ်၊
----
ဂျော့ဖရေးနဲ့ဒန်နာရီကတော့ ချဲလ်ရဲ့အတွေးတွေကို မသိပေ၊သူတို့ဟာ လူသွားစင်္ကြံမှာတစ်ယောက်လက်တစ်ယောက်ကိုင်ထားရင်း လျှောက်နေတော့သည်၊သူတို့နှစ်ယောက်လုံးက စကားတွေမပြောပေမယ့် လေထုကတော့ သက်သောင့်သက်သာနဲ့သာတည်ရှိနေတော့သည်၊ဘေးကနေဖြတ်သွားတဲ့သူတွေကလည်း ပြုံးစိစိနဲ့သာ၊
ဂျော့ဖရေးက ဒန်နာရီရဲ့အိပ်ဆောင်နားရောက်မှ လက်ကိုလွှတ်ပေးလိုက်ပြီး
"ဒန်ပြင်ပေးလိုက်တဲ့အင်္ကျီက အကာအကွယ်က အတော်မြင့်တယ်၊ဂျူရိန်းနဲ့တိုက်ခိုက်နေတုန်းက အဲ့အကာကွယ်ကြောင့် ကိုယ့်ဆီဘာမှမထိခိုက်ခဲ့ဘူး"လို်ပြောလိုက်တော့ ဒန်နာရီက ဂုဏ်ယူစွာပြုံးသွားတော့သည်၊
"နောက်ဆိုရင် ကိုကို့နားမှာ အကောင်းဆုံးသောတိုက်ခိုက်ရေးပါတနာအနေနဲ့တောင် ရှိနေအုံးမှာ"
"ကိုယ့်အနားမှာ ဒီအတိုင်းလေးရပ်ပြီး ပြုံးနေရုံနဲ့ ရပြီ..."
"ဒါပေမယ့် ကျွန်တော့်အတွက် ကိုကို့ကိုဂုဏ်တက်စေချင်တယ်..."
ဂျော့ဖရေးက ဒန်နာရီစကားကြောင့်ရယ်မောလိုက်သည်၊သူ့မျက်ဝန်းထဲမှာ အပျော်တွေပြည့်သိပ်နေပြီး ဒီလူသားလေးကို အသည်းယားနေတော့သည်၊
ဒီလူသားလေးမသိဘူးလား...၊ဒီလူကသာ ဒီလူသားလေး ဂုဏ်တက်အောင် အသည်းအသန်ကြိုးစားနေခဲ့တာကိုပေါ့၊
"ဒန်ရဲ့တည်ရှိမှုကိုက ကိုယ့်အတွက်ဂုဏ်ယူစရာပါပဲ..."
ဒန်နာရီရဲ့နားထိပ်လေးတွေက ရဲတက်သွားတော့သည်၊သူဟာ သူ့ထက် ခေါင်းတစ်လုံးကျော်သည့်မြင့်တဲ့လူကိုမော့ကြည့်လိုက်သည်၊သူတို့နှစ်ယောက်ကြားက အရပ်ကွာခြားမှုက သိသာလှသည်၊
"နောက်တစ်လကျော်ထိ ကိုယ်မအားတော့ဘူး စစ်မြေပြင်ကိုသွားရလိမ့်မယ်..."
ဂျော့ဖရေးစကားကြောင့် ဒန်နာရီက အနည်းငယ်စိတ်ပူသွားတော့သည်၊
"အာလ်နွန်ရစ်ကို ကိုကိုနဲ့ခေါ်သွား..." ဒန်နာရီစကားကြောင့် ဂျော့ဖရေးခေါင်းညိတ်လိုက်သည်၊ပထမတော့ အာလ်နွန်ရစ်ကို ဒန်နာရီဆီထားခဲ့ဖို့စိတ်ကူးရှိသော်လည်း ကျောင်းတော်မှာ အစောင့်အရှောက်တွေများတာကြောင့် မလိုအပ်ဘူးလို့တွေးမိလိုက်သည်၊
"ေကာင်းပြီ နောက်တစ်လနေတာနဲ့ ကိုကို တန်းပြန်လာခဲ့မယ်"
ဂျော့ဖရေးက ပြောလိုက်ပြီးနောက်မှာ ဒန်နာရီကိုပွေ့ဖက်လိုက်သည်၊ထို့နောက်မှာတော့ သူဟာထွက်သွားတော့သည်၊ဒန်နာရီလည်း ဂျော့ဖရေးထွက်သွားမှ သူ့အိပ်ဆောင်ထဲဝင်ရန်အလုပ်မှာ အမှောင်စွမ်းအင်ကို ခံစားမိလိုက်တာကြောင့် မျက်မှောင်ကြုတ်သွားတော့သည်၊
ထိုချိန်မှာ တစ်ယောက်ယောက်ကလမ်းလျှောက်လာတာကိုလည်း ဒန်နာရီကမြင်လိုက်သည်၊ပြီးတော့ ပြင်းထန်တဲ့အမှောင်စွမ်းအားကိုလည်း ခံစားမိလိုက်သည်၊
"အန်ဒီးယား" ဒန်နာရီက အန်ဒီးယားရဲ့မျက်နှာကိုမြင်လိုက်ချိန်မှာ အံ့သြသွားတာတော့ အမှန်ပေ၊ပြီးတော့မှ သူဟာ သတိထားလိုက်သည်၊
"ဒန်နာရီ" အန်ဒီးယားကလည်း သူ့ကိုမြင်သွားပြီး လှောင်ရိပ်များဖြတ်သန်းသွားတော့သည်၊အန်ဒီးယားရဲ့မျက်ဝန်းထဲမှာ ဒန်နာရီကိုမုန်းတီးမှုများပြည့်သိပ်နေပြီး ပတ်ဝန်းကျင်က အမှောင်စွမ်းအားတွေကလည်း ပိုထူထပ်လာတော့သည်၊
"မင်း...နတ်ဆိုးတွေနဲ့ပူပေါင်းလိုက်တာလား" ဒန်နာရီစကားကြောင့် အန်ဒီးယားကအနည်းငယ်ထိပ်လန့်သွားပေမယ့် တည်ငြိမ်အောင်လုပ်လိုက်သည်၊အခုတလော သူ့ကိုယ်ထဲက စွမ်းအားတွေက မတိမကျဖြစ်နေပြီး နတ်ဆိုးစွမ်းအားတွေကို ကောင်းစွာမထိန်းချုပ်နိုင်သေးပေ၊ ဒါပေမယ့် ခန္ဓာကိုယ်ထဲမှာ အတောမသတ်နိုင်အောင် ကြီးထွားလာတဲ့စွမ်းအားတွေကြောင့် အန်ဒီးယားကပျော်ရွှင်နေမိသည်၊
ဒါပေမယ့် ဒန်နာရီကိုမြင်လိုက်ရတဲ့အချိန်မှာတော့ သူ့ရဲ့ဒေါသကထပ်မံနိုးထလာတော့သည်၊
"မင်းမှာ သက်သေရှိလို့လား"
"သက်သေ...မင်းပတ်ဝန်းကျင်က အမှောင်စွမ်းအားတွေကို ဟာသများထင်နေလား" အန်ဒီးယားဟာမျက်မှောင်ကြုတ်သွားပြီးနောက်မှာ သူဟာဒန်နာရီကို ဘာမှဆက်မပြောတော့ပဲ ပြေးထွက်သွားတော့သည်၊ဒန်နာရီကလည်း ပြေးလိုက်သွားရန် စိတ်ကူးမရှိပေ၊၊
သူက ပြေးထွက်သွားတဲ့အန်ဒီးယားရဲ့ကျောပြင်ကိုသာကြည့်ရင်း အတွေးများနေတော့သည်၊အန်ဒီးယားရဲ့မိခင် ကလီနာကလည်း နတ်ဆိုးတွေနဲ့ပတ်သတ်နေမှန်း ဒန်နာရီရိပ်မိထားသည်၊ဒါပေမယ့် အန်ဒီးယားထွက်လာတုန်းက ဘာနတ်ဆိုးစွမ်းအားမှမရှိသည်ကို သူသိပြီးသားပေ၊
*ဒီကျောင်းတော်မှာ ငါတို့မသိတာတွေရှိပုံရတယ်၊အဲ့လူငယ်က နတ်ဆိုးတစ်ကောင်နဲ့စာချုပ်ချုပ်လိုက်တာနေမယ်*
ဇီနိုစကားကြောင့် ဒန်နာရီအနည်းငယ်တော့တွေးတောမိလိုက်သည်၊ဒီကျောင်းတော်ကို စရောက်တုန်းကလည်း အမှောင်စွမ်းအင်တစ်ချို့ကို ခံစားမိလိုက်သေးသည်၊
'ကျွန်တော် ဒီကိစ္စကို တိုင်တန်းလိုက်ရမလား'
*ရမယ်မထင်ဘူး... အဲ့နတ်ဆိုးက ဘယ်သူမှမသိရှိအောင် ကျောင်းသားတစ်ယောက်နဲ့စာချုပ်ချုပ်လိုက်တယ်ဆိုရင် ဘုရင်အဆင့်ဖြစ်လောက်တယ်၊အန်ဒီးယားဆိုတဲ့လူငယ်ဆီ ပထမအဆင့်ဖြစ်တဲ့နတ်ဆိုးစွမ်းအားပေါင်းစည်းတာဆိုရင်တော့ နောက်တစ်နေ့ မင်းသွားတိုင်တန်းလည်း... သူ့ဆီကနေ နတ်ဆိုးစွမ်းအားတွေစစ်ဆေးလို့ရတော့မှာမဟုတ်ဘူး*
ဇီနိုရဲ့ရှင်းပြချက်တွေကြောင့် ဒန်နာရီသက်ပြင်းချလိုက်မိသည်၊
'ဒါဆိုရင် ဘာဆက်လုပ်ရမလဲ'
*မင်းရဲ့စွမ်းအားတွေမြှင့်တင်မှ ရလိမ့်မယ် ဒါမှမဟုတ် မင်းထက် အင်အားကြီးတဲ့တစ်စုံတစ်ယောက်က သူ့ကိုစတွေ့ရင်ပိုကောင်းလိမ့်မယ်... *
*အဲ့ဆိုရင် သူစွမ်းအားအသုံးပြုတဲ့ချိန်ကျရင် သတိထားမိလာလိမ့်မယ် ဒါပေမယ့် သူကကြားနေမှော်ကျောက်တုံးတွေ သုံးရင်တော့ ဖမ်းရခက်လိမ့်မယ်*
ဒန်နာရီက ဆရာဇီနိုစကားတွေကိုသေချာနားထောင်လိုက်ပြီး သူကအခန်းထဲကိုပြန်ဝင်လာတော့သည်၊အစတည်းက အန်ဒီးယားက သူ့ကိုမုန်းတီးနေသလို သူကလည်း အန်ဒီးယားကိုမုန်းတီးလှသည်၊
အတိတ်ရဲ့တံခါးဝကို ဖြတ်သန်းပြီးနောက်မှာ သူစိတ်တွေက ရှင်းလင်းသွားခဲ့ပေမယ့် အန်ဒီးယားက ဘာလို့သူ့ကိုမျက်မုန်းကျိုးနေမှန်းနားမလည်သေးပေ၊
သူက အန်ဒီးယားထက်သာတာဆိုရင်လို့ စွမ်းအားသာရှိပြီး ကျန်တာတွေအကုန်လုံးမှာ အန်ဒီးယားက သူ့ထက်သာလှသည်၊၊ဒါတောင် ဘာကြောင့် အမြဲတစေ သူ့ကိုဗီလိန်လုပ်နေခဲ့ရတာလဲ၊
"သူ့ကို ကျွန်တော်တို့စောင့်ကြည့်နေတာ အကောင်းဆုံးထင်တယ်..."
*သူက မင်းကို မုန်းတီးပြီး မင်းနေရာကိုလိုချင်နေတာဆိုရင် ငါတို့ဘက်က စောင့်ကြည့်စရာမလိုရင်တောင် သူကလိုက်ယှဥ်ပြိုင်နေလိမ့်မယ်*
နတ်ဆိုးစွမ်းအားကို ယူသုံးတဲ့သူတွေက ဘယ်လိုအားသာချက်တွေကိုပိုင်ဆိုင်ရလဲ၊
*စွမ်းအားပိုမြှင့်တက်သွားတာမျိုးပေါ့၊နတ်ဆိုးရဲ့စွမ်းအားအဆင့်အတန်းမြှင့်မားလေလေ ငှားယူထားတဲ့လူကလည်း စွမ်းအင်ပိုမြင့်လာလေလေပဲ*
*ငါထင်တာမမှားဘူးဆိုရင် အန်ဒီးယားက နောက်တစ်ပတ်လောက်ဆိုရင် ကြေးအဆင့်ကိုဝင်ရောက်လာလိမ့်မယ်*
ဒန်နာရီက ဇီနိုစကားတွေကိုနားထောင်ပြီးနောက်မှာ သူဟာစိတ်ထဲမှာ အမှောင်စွမ်းအားနဲ့ပတ်သတ်ပြီး သူသိတာနည်းသေးကြောင်းသဘောပေါက်လိုက်သည်၊အန်ဒီးယားက နတ်ဆိုးနဲ့စာချုပ်ချုပ်ခဲ့ရင် ကျောင်းတော်အတွက် ဆိုးဝါးတဲ့ကိစ္စတွေဖြစ်လာနိုင်သည်၊
ဒန်နာရီက တစ်ညလုံး ထိုအကြောင်းတွေနဲ့ပတ်သတ်တာကိုတွေးတောနေရင်း နောက်ဆုံးမှာအိပ်ပျော်သွားတော့သည်၊
-*-*-*-*-*-*-*-*-*-
Chapter -97မျှော်