~𝖧𝖨𝖬~ : 규진 [ᴄᴏᴍᴘʟᴇᴛᴇᴅ]

By BinxRi

6.4K 636 55

ဘယ်အရာကမှကိုကို့ရဲ့မျက်လုံးထဲမှာလှမနေရင်တောင် ယူဂျင်းကကိုကို့အတွက်အလှဆုံးဖြစ်နေမှာ~♡︎ ~~𝗚𝗬𝗨𝗝𝗜𝗡: 규진~~ 𝐒... More

ကိုကိုနဲ့ကျွန်တော်ကလက်ထပ်ရမယ်တဲ့
ရင်ခုန်အောင် အရမ်းမလုပ်ပါနဲ့ ဟန်ယူဂျင်း
ကိုကိုနဲ့ကျွန်တော့်ရဲ့စေ့စပ်ပွဲလေး (၁)
ကိုကိုနဲ့ကျွန်တော့်ရဲ့စေ့စပ်ပွဲလေး (၂)
ကိုကိုရေ~
ကိုကိုနဲ့ဒိတ်~
အငိုသန်သော ယုန်ပေါက်လေး..
ကိုကိုယူဂျင်းကိုတကယ် မချစ်ဘူး!
Yujinze (ယူဂျင်း၏ဒိုင်ယာရီ)
ကျွန်တော်ကွာရှင်းချင်တယ် ကိုကို..
Yujinze
ချစ်တယ် ကိုကို့ကလေးငယ်

ကျွန်တော်မှားတာပါ ကိုကို

387 48 4
By BinxRi

ဖွင့်မပြောမိတဲ့ ကျွန်တော်မှားတာပါ ကိုကို..
----

"ဟာအိုဟျောင်း"

"ဟမ်"

"ကျွန်တော်ချောတယ်မလား"

"ဒါပေါ ဒီနေရဲ့ သတို့သားလေးအချောဆုံး"

"ဟီးဟီး"

~

"ယူဂျင်း"

"ဗျာ ဟျောင်း"

"အဆင်သင့်ဖြစ်ပြီလား"

"ဟော ကြည့် မျက်ရည်ဝဲလာပြန်ပြီ"

"အင့်"

"အဲ့လိုငိုနေလို့ ဘယ်ဖြစ်မလဲ ယူဂျင်းရယ်"

"ဟျောင်း"

"ဗျာ"

"ကျွန်တော်လက်ထပ်ပြီးရင်လေ"

"အွန်း"

"ကျွန်တော့်ဆီမကြာခဏလာလည်နော် မက်ချူးဟျောင်းရော"

ဒီကလေး သူတို့ကိုဘယ်လောက်ခင်လဲဆိုရင် ဒါသာကြည့်ပေတော့

ဟန်ယူဂျင်းက ကိုကို့အတွက်တင်မက

ဟျောင်းတို့တွေ အတွက်လည်း အလွန်ကို ချစ်ဖို့ကောင်းသည်။

ပြီးတော့ ဟန်ယူဂျင်းဆိုတာ ဟျောင်းတွေရဲ့ အသဲကျော် ပဲလှော်လေးဖြစ်သည်။

"ဒါပေါ့ ခဏခဏလာလည်မယ် အဲ့ကျရင် လာလည်လွန်းလို့ဆိုပြီး မောင်းမထုတ်ရဘူးနော် ဟန်ယူဂျင်းရှီးးး"

"ဟီးဟီး ဟျောင်းကလည်း အခြေအနေအရပေါ့ ဟဲဟဲ"

"ဟီးဟီးဟဲဟဲ တွေလုပ်မနေနဲ့ အရှေ့မှာကြည့်အုံး အာရုံစိုက်ထားအုံး"

မက်ချူးဟျောင်းနှင့် ပြောနေသော ပြောလက်စစကားဝိုင်းကို ဆက်နေတုန်း ဟာအိုဟျောင်း ဝင်ပြောလိုက်သော ကြောင့်ကလေးနှစ်ယောက် ချက်ချင်းပင် အသံတိတ်သွားသည်။

~

သူ(ယူဂျင်း) သူချစ်ရတဲ့ကိုကိုနှင့်လက်ထပ်ရတော့မည်။

တခြားသူသာဆိုပျော်ရွှင်နိုင်နေပေမဲ့ သူ(ယူဂျင်း) ကတော့မပျော်နိုင်ပါ...

အဘယ်ကြောင့်ဆိုသော် ကိုကိုနှင့်သူဟာ တစ်ယောက်နှင့်တစ်ယောက် မချစ်ကြပါ။

အဲ့တာထက် သူ(ယူဂျင်း) ဘက်ကတစ်ဖက်သတ်အချစ်ဆို ပိုမှန်မည်။

ပြီးလျှင် ကိုကို့မှာသူ(ကိုကို) ချစ်ရတဲ့ သူ(မ) ရှိသည်မဟုတ်ပါလား?

အခုကော သူ(ယူဂျင်း)က တတိယမြောက်လူတစ်ယောက် ဖြစ်သွားသည်လား?

အို..ဘာပဲဖြစ်နေပါစေဦး

သူ(ယူဂျင်း) ကိုကို့ ကိုပိုင်ဆိုင်ရတော့မှာပဲဟာ..

~

ယူဂျင်းတွေးနေရင်း ဆက်တွေးနေမိသည်။

ကိုကိုသာသူ့အချစ်တွေကို ဟိုးးးငယ်ငယ်လေးကတည်းက ရှာတွေ့ခဲ့ပြီး သူကိုကို့ကိုဘယ်လောက်ချစ်ကြောင်း သိနေရင်ဘယ်လောက်ကောင်း လိုက်မည်နည်း ဟူ၍

~

//2016//

ယူဂျင်းအသက် ၉ နှစ်

ကယူဗင်းအသက် ၁၁ နှစ်

"ကိုကို"

"ဗျာ ယူဂျင်း"

"သွား ကစားကြရအောင် သားလည်း အိမ်စာလုပ်လို့ပြီးပြီ ကိုကိုလည်း ပြီးပြီ အဲ့တာဆိုသွားဆော့လို့ရပြီပေါ့"

"ဆော့တာကတော့ ဟုတ်ပါပြီ ယူဂျင်းရယ် ဘာဆော့ကြမ‌ှာတုန်း"

"ဘောလုံးကန်မယ်လေ ကိုကိုကလည်း"

"ဟန်ယူဂျင်း! မိုးအဲ့လောက်ရွာနေတာကို ဖျားချင်လို့လား ဒီလို အချိန်မဟုတ်အခါမဟုတ်မိုးက မိရင်ဖျားတက်တယ် မဖျားချင်ရင်တောင် ဖျားမှာ မဆော့ဘူး!"

"ကိုကိုရယ် လုပ်ပါနော် ကိုကို"

"နိုး puppy eyes လေးတွေနဲ့လာလုပ်ပြမနေနဲ့ ဒီလိုနေရာဆို ဒါမျိုးလည်း ရင်မခုန်ဘူး လစ်"

"အဲ့တာဆိုလည်း ကိုယ့်ဘာသာကိုယ်ပဲ ဟိုဘက်အိမ်က 'ယူဂျင်းကို သဘောကျတယ်' ဆိုတဲ့သူငယ်ချင်းလေးတွေနဲ့ သွားဆော့တော့မယ်"

ခေါ်မရတော့ ရတဲ့နည်း 169 မျိုးထဲကတစ်မျိုးကို ရွေးကာ အပိုင် ပိုင်းလာခဲ့သည်။

ကိုကိုကတော့ ယူဂျင်းတကယ်မလုပ်ဘူး ဟုထင်၍ အိမ်၏အပေါ်ထပ်တွင်ကျန်ခဲ့သည်။

ဒါပေမဲ့ ဖြစ်လာမဲ့အနာဂတ်ကို ယူဂျင်းကြိုမသိခ‌ဲ့ပါ။

~

မိုးအရမ်းရွာနေတာမလို့ ယူဂျင်းလေး တကယ်ဆော့နေတာလား ဟုပြတင်းပေါက်ကနေလှမ်းကြည့်တော့ တကယ်သူ့သူငယ်ချင်းတွေကိုသွားခေါ်ပြီးဆော့နေသည်။

မိုးရေရွှဲကာ ပြန်လာသည့် ကောင်လေးကို အိမ်ပေါ်ရောက်ရင် ဘယ်လို့ ဆူရ ငေါက်ရ မလဲဟုစဉ်းစားနေချိန်...

ယူဂျင်းပြေးရင်းနဲ့လဲကြသွားတာမြင်လို့ ကယူဗင်း အိမ်ပေါ်ထပ်ကနေ ပြေးဆင်းကာ ယူဂျင်းဆီသို့ ဦးတည်လိုက်သည်။

"ရလား ယူဂျင်း"

"ဟင့် ကိုကိုနာတယ် အီးဟီး"

အဲ့လိုပြောမှ ခြေထောက်ကိုကြည့်မိတော့ သွေးတွေ

သွေးတွေအရမ်းထွက်နေတာမလို့ ကယူဗင်း ယူဂျင်းကို ချီကာ အိမ်ထဲသို့ခေါ်ခဲ့သည်။

အရင်ကဒါဏ်ရာရရင် ဆေးထည့်နည်း ဘာညာကယူဗင်းလိုက်ကြည့်ထားတာမလို့ ယူဂျင်းကို နားလည်သလောက်ဆေးထည့်ပေးပြီး

အပြင်သွားနေတဲ့ လူကြီးတွေကိုဖုန်းဆက်လို့က်သည်။

"ဖြစ်မှဖြစ်ရလေ ယူဂျင်းရယ်"

ဟု‌‌၍ ကယူဗင်း ခပ်တိုးတိုးနှင့် အထပ်ထပ်အခါခါ ပြောနေမိသည်။

~

"သက်သာလား ယူဂျင်း"

"ဟုတ် ကိုကို"

"အွန်း ရော့ ဆန်ပြုတ်နည်းနည်းသောက်ပြီး ဆေးသောက်လိုက်နော်"

"ကိုကို"

"ဗျာ ပြောလေ ကလေးလေးရဲ့"

"ကျေးဇူးပဲနော် ကိုကို"

"မလိုပါဘူးကွာ"

"ချစ်တယ်နော် ကိုကို ချစ်-"

"ကိုယ်လည်း ချစ်ပါတယ်ဗျာ ကိုယ့်ညီလေးကို"

~

ကိုကိုသာအဲ့နေ့ကကျွန်တော်ပြောနေတဲ့စကားကိုဆက်နားထောင်ပေးပြီး

ညီလေးတစ်ယောက်လိုလို့ မပြောခဲ့ရင် ကျွန်တော်ကိုကို့ကို ဘယ်လောက်ချစ်ကြောင်း အခုအချိန်ဆိုသိနေလောက်ရောပေါ့နော် ကိုကို~

'တောင်းပန်ပါတယ် ကိုကို ချစ်တယ်ဆိုတဲ့အကြောင်းကို တချိန်‌လုံး ဟိုးးငယ်ငယ်တည်းက တခါမှမပြောပြခဲ့မိလို့'

ပြီးတော့

'ချစ်တယ် ကိုကို'

'ကိုကိုနဲ့သူ(မ)ကြား တတိယလူဖြစ်ပေါ်လာစေခဲ့မိလို့လည်း တောင်းပန်ပါတယ် ကိုကို~'

~

အရမ်းချစ်တက်လွန်းတဲ့ ယူဂျင်းနဲ့

ဖော်ပြနေတာတောင် မမြင်တဲ့ ကယူဗင်းတို့ရဲ့ဇာတ်လမ်းလေးကရော

သူတို့ ဇာတ်လမ်းလေးရဲ့ အဆုံးသတ်က လှပါ့မလား ဒါမှမဟုတ် မုန်တိုင်းများ အဆုံးအထိတိုက်သွားမလား?

~

🌱Next episode: သူမကကိုကို့ကို အရမ်းချစ်တဲ့ပုံပဲနော် ကိုကို၊ ကိုကိုတောင်အရမ်းမြတ်နိုးတာဆိုတော့ ဒါပေမဲ့ တစ်ခုဆိုးတာက သူမချစ်တဲ့ အချစ်တွေထက် ယူဂျင်းကပိုပြီး ချစ်တယ်ဆိုတာပဲ ချစ်တယ် ကိုကို🌱

~

A/N: ရှင်လေးတို့စောင့်နေကြတဲ့ အပ်ပုဒိတ်လေးရပါပြီ^^ အရမ်းမခါးပါဘူးနော့် မအပ်ပဲပစ်ထားပြီး ပြန်အပ်တော့လည်း မချိုမခါးတွေအပ်လို့ တို့ကိုစိတ်ဆိုးလို့ဆိုပြီး ရည်းစားကောက်တော်လိုက်‌လို့ရတယ်နော် ><

Yujin pov ဘက်နည်းနည်းသွားလိုက်တယ် နောက်ပိုင်း ကယူလေးကပိုများမယ်ထင်လို့

ကောမန့်မရှိရင် တစ်ပတ်လောက်စိတ်ကောက်မယ် ㅠㅠ

[ပစ်ထားမိတာအတွက် စိတ်မ‌ဆိုးကြနဲ့ ချစ်တယ် 히히]

-17,Aug/2023

-1101 word

TBC.

Continue Reading

You'll Also Like

2.3K 141 15
ခင်ဗျားကြောင့်ငါခံစားခဲ့ရသလို ခင်ဗျားရဲ့ညီကိုလည်းငါ့ကြောင့်ဘဲ ခံစားရအောင်လုပ်ပြမယ် Hwang Hyunjin ငါတောင်းပန်ပါတယ် ငယ့်လိုဖြူစင်တဲ့ကလေးတစ်ယောက်အပေါ်မ...
3K 267 10
"မောင့်ကို တစ်ခါလောက်ဘဲ ထပ်ခွင့်လွှတ်ပေးပါ ထယ် " "ငါမင်းကို တစ်ခါထပ် မက အောင် ခွင့်လွှတ်ပေးခဲ့ပြီးပြီမို့ ....."
290K 8.7K 95
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...