နှောင်းတစ်ယောက် အိမ်ရှေ့တွင် ဆန်ဖြာနေတုံး ဟောတွေ့လိုက်ပါပြီ ချောငယ်လေးနဲ့ ရွာထဲမာ ပြဿနာရှာပြီး ပြန်လာတာထင်တယ် ထိုအချိန်တွင်။
"ဟလို ဘယ်သူလဲမသိဘူးရှင့်"
"အမနှောင်း သွယ်ပါ သွယ်သာဟန်"
"ဟယ် သွယ်လေး အမဆီကို ဆက်သွယ်လို့ပါလား"
"ဟုတ်တယ် အမနှောင်း သွယ်မေမေက ကြည်သာနဲ့ သြဇီဘက် ခနပြန်မယ်ပြောတယ် အတာသွယ်မလိုက်ချင်လို့"
"ဆိုတော့ မမနှောင်းတို့ရွာ လာလည်ချင်တယ်ပေါ့"
"ဟုတ်တယ်ရှင့်"
"အမလေး ကြိုဆိုရှက်ပါရှင် သွယ်လေးလာရင်တော့ အိမ်ကအမွှေစိန်လေးနဲ့ကတော့"
"ဘယ်သူလဲ အမ"
"ဘယ်သူရှိရပါ့မလဲ အမသမီးနှောင်းခေတ္တာမောင်ပေါ့ရှင်"
"အမနှောင်းမာ ကလေးရှိတာလား"
"ဟယ်သွယ် မသိဘူးလား ကဲထားပါ လာရင်သိမာပေါ့"
"ဒါဆ်ုဒါပဲနော် အမနှောင်း"
"ဟုတ်ကဲ့ရှင့်"
ဒေါ်နှောင်းလဲ့နွေးတစ်ယောက်ဖုန်းပြောလို့အပြီး ကိုမောင်မောင်တစ်ယောက် ဘေးမှစပ်စုနေတယ် မေမေပြောသော သွယ်ဆိုတာ ဘယ်သူလဲ ဘယ်ကလဲ ဘာလာလုပ်မာလဲ သူ့ခေါင်းထဲမာ အတွေးမှားစွာနဲ့။
"ရားး ငါနဲ့မှ မဆိုင်တာ ချောငယ်"
"ဝေ"
"သရေကွင်း သွားပစ်ရအောင်ဟာ"
"ဖြစ်ပါ့မလား ဒီတစ်ခါရန်ဖြစ်ရင် ငါပါထိပ်တုံးအခတ်ခံရမာ"
"နင်ဘာတွေကြောက်နေတာလဲ ငါ့အဘက လေပဲရှိတာ မေမေတစ်ခွန်းပြောရင် တုန်နေတာပဲ မယားကြောက်ကြီးလေ"
"မောင်မောင်"
"ဘာလဲ"
"နင့်အနောက်မှာ"
"ငါ့အနောက်မာ ဘာလဲ ငါ့အဘလား ဟားဟား"
"အေး နင့်အဖေ လွန်းမောင်ဟေ့ နင်ပြေးစမ်း မောင်မောင်"
ဦးလွန်းမောင်တစ်ယောက် ကြိမ်လုံးတစ်လုံးနဲ့ မောင်မောင်အား ကြိမ်း၀ါးနေသည်။
"ဟားဟား အဘကြိမ်လုံးလောက်ကတော့ ပြေးပြီဗျို့"
"မိမဆုံးမ မိမဆုံးမ ကလေး"
ထိုစကားကြောင့် နှောင်းအကြည့်မာ လွန်းမောင်စီကို ရောက်လာသည် မောင်မောင်ဆိုးတာ သူလက်ခံသည် တစ်ဦးထဲသော သမီးလေးမို့ အလိုလိုက်ထားသည်မဟုတ်လား အခုက မိမဆုံးဖမဆုံးကလေးဆို သူမပြောလ်ု မိမဆုံးမ မိမဆုံးမတဲ့လား။
"မောင့်"
သွားပြီ ဦးလွန်းမောင်တစ်ယောက် နှောင်းရှိတာ မေ့ပီး ပြောလိုက်တာကြောင့် နှောင်းစိတ်တိုနေမှန်းသိသည်။
"ခဗျ"
"မောင့် ညက အပြင်မာအိပ်"
"မ"
"ထပ်ပြောရင် ညစာ တစ်လဖြတ်မဟ်"
"အယ် တစ်လတော့မလုပ်ပါနဲ့ မရယ် မောင့်တစ်ညပဲမလား အပြင်မာအိပ်မယ်လေနော်"
"သဘောပဲ"
__
ဒီနေ့ မေမေပြောသော ဧည့်သည့်ကို မောင်မောင်ကြိုရသော နေ့ဖြစ်သည် သို့သော် မောင်မောင်မကြိုနိုင်ပါ သူများအိမ်က ကြက်ရိုက်သတ်ပြီးချက်စားထားလို့ ကြက်ပိုင်ရှင်လာတိုင်သဖြင့် ထိပ်တုံးစာမိနေသည် ။
"ချောငယ်ပဲ ကြိုခိုင်းထားတယ်ထင်တယ်"
ထိုအပြောမဆုံးခင် အိမ်ရှေ့လှည့်ဘေးဆိုက်လာသည်။
အို ချောလိုက်တဲ့မြို့သူပဲ အသားလေးကိုဖွေးဖြူနေတာပဲ မျက်နှာကြည်ကြည်လေး မိတ်ကပ်ပါးနီးမရှိတဲ့သူ့မျက်နှာလေး ဆ်ုးဆေးမရှိတဲ့ သူ့နှုတ်ခမ်းလေး အရပ်မောင်းက မောင်မောင်ထက်ပုမယ်ထင်တယ် ပုမာပေါ့ မောင်မောင်က 5'8တောင်လေ သူ့ရှိ 5'4ပေါ့ မြန်မာရင်ဖုံးလေးနဲ့ ငေးနေတုံး မျက်လုံးခြင်း ဆုံမ်သဖြင့် မောင်မောင် ရင်ထဲ တမျိုးကြီးဖြစ်သွားသည်။
"ဟ ငါရင်ခုန်နေတာလား"
သွယ်ဒီနေ့ မမနှောင်းတို့အိမ်က လှည်းဘေးဖြင့် နွယ်ချောငယ်ဆိုသည့် ကောင်မလေးတစ်ယောက်လာကြိုသဖြင့် လိုက်လာခဲ့သည် အတော့်ကို သာယာတဲ့ရွာပဲ တောဓလေ့လေးတွေ လယ်ခင်းပြင်ကြီးတွေ အိုငေးချင်စရာ ပြောရင်းဆိုရင်း မမနှောင်းတို့အိမ်ရှေ့လာရောက်ပြီ ရောက်ရောက်ခြင်း တွေ့ရသည်က ကောင်လေးတစ်ယောက် ထိပ်တုံးခတ်ခံထားရသည် သေသေချာချာကြညါ့လိုက်တော့မှ ကောင်မလေးတစ်ယောက်ဖြစ်နေသည် ထင်ချင်စရာပဲလေ ဆံပင်က တိုတို လူကသွယ်သွယ် အသားဖွေးဖွေး ရှပ်အကျီလက်တို၀တ်သားသဖြင့် ဗလသေးသေးဘေးမြင်နေရသည် ဘယ်ထင်မလဲ ထိုအကောင်ပေါက်လေးက က်ု့ကိုငေးနေတယ်လို့ သူ့နဲ့မျက်လုံးခြင်းဆုံသွားရာ။
"အို တို့ရင်တွေခုန်နေတာလား"
ထိုအချိန် မမနှောင်းရဲ့ယောကျ်ား သူကြီး ကိုလွန်းမောင်မှ။
"သွယ် ကိုကိုတို့စီ မရောက်တာတောင်ကြာပြီပဲ လာထိုင်လေ ချောငယ် မောင်မောင်ကို ထိပ်တုံးဖြုတ်ပေးလိုက်တော့"
"ဟုတ်ကဲ့ သူကြီး"
"ကိုကို သွယ် ဘာတွေလဲအဘရာ မေမေသိရင် အဘတော့ ခြင်တောထဲမာ အိပ်ရတော့မာပဲ"
"မင်းကျေးဇူးရှင်ကွ မင်းဘာသိလဲ သူတို့အိမ်မာ နေပြီး မင်းအမေကျောင်းလာတက်လို့ ငါနဲ့ညားတာ မဟုတ်ရင်း မင်းထွက်မလာဘူး"
"မေမေ ဒီမာ ဒယ်ဒီဖားသားကြီး မမချောချောလေးတစ်ယောက်ကို ကြောင်နေတာ သရေတမျှမျှနဲ့ဗျို့"
"မောင့် ရှင်ဘာတွေ! ဟယ် သွယ်လေး"
"ရှင် မမနှောင်း"
"ရောက်တာကြာပြီလား"
"အခုပဲရောက်တာ မမနှောင်း တို့များချောတုံးလှတုံးပဲနော်"
"သွယ်ရယ် 38ရှိပြီရှင့်"
"လှတုံးရှင့် ဒါနဲ့ မမနှောင်း သူက"
"အော် ဒါမမတို့သား အယ် သမီး မဟုတ်ပါဘူး မမတို့ မောင်မောင်လေ"
"မေမေ မောင်မောင်ကိုဘယ်လိုတွေပြောနေတာလဲဗျာ ထားတော့ မင်္ဂလာပါ အမ ကျုပ်နာမည် နှောင်းခေတ္တာမောင်ပါ"
"သွယ်သာဟန်ပါရှင့်"
"လှလိုက်တာ "
"ဟိတ်ကောင် မောင်မောင်""
"ပြော ဖားသား"
"ငါလခွီးတဲ့ အခုသွယ်ကို မင်းအခန်းမာထားမှာ"
"ဒါဆို ကျုပ်က ဘယ်မာအိပ်ရမာလဲ အဘရာ"
"ခြင်တောထဲမာ"
"ဒီမာ အဘ အဘလိုအိပ်နိုင်မယ်ထင်လို့လား ကျုပ်မေမေနဲ့အိပ်မာ အဘ ဘာသာအပြင်ထွက်အိပ်"
"မင်းတော်တော့ သွယ်နဲ့တူတူအိပ်"
"ရှင်|ဗျာ"
"ဘာလို့တုန်းသွယ် အဆင်မပြေလို့လား"
"အယ်ပြေပါတယ် မမနှောင်း"
"ဒါဆို မောင်တို့သွားအိပ်ရအောင် သွယ်"
"အို မောင်မောင်"
ချောငယ်ပါ အသံထွက်လာသည် ဒီကောင်ဘယ်လိုတောင် ပြောလိုက်တာပါလိမ့် ဟိုအမမျက်နှာကြီးရဲလို့ ရှက်သွားသည်ထင်တယ် အောက်ပင်ငုံထားရသည်။
"အယ် ဟို မောင်မောင်ပြောတာက အမသွယ် မောင်မောင်တို့အတူတူအိပ်မဲ့အခန်း ပြမလို့ပါ"
"ဟိတ်ကောင် မောင်မောင် မင်းစကားကိုဘယ်လိုပြောနေတာတုန်း"
"ဟာ အဘကလည်းဗျာ အမသွယ် မောင်မောင်နောက်ပဲ လိုက်ခဲ့တော့ မဟုတ်ရင် ဖားသားကြီး ပဠာန်းရွက်တော့မာ "
"ဟုတ်ကဲ့ မောင်မောင်"